အပိုင်း(၂၅၁)
Vol. 17 Ch. 251
အောက်ဘက်ရှိမြေပြင်တွင်
သိုင်းသမားများပို၍ ပို၍ ပေါ်လာသည်။ သူတို့အားလုံးတွင်တူညီသော
ပန်းတိုင်တစ်ခုရှိနေပြီးယင်းက သွေးနီရောင်တောင်ထွပ်ထံသို့ တစ်ဟုန်ထိုးဦးတည်သွားရန်ဖြစ်သည်။
စွေ့ကျန့်၏စကားများအား
ကြားပြီးသည့်နောက်တွင် ရှစ်ဖုန့်ကပြောလိုက်သည်။
“မင်းကမိုရှောင်ယောင်အ
ပေါ်မှာအရမ်းကို တမ်းတမှုတွေဖြစ်နေတာလား…
ငရဲဘုံကိုးခုဧကရာဇ်ရဲ့တပည့်တွေထဲမှာ လေးစားဖို့အကောင်းဆုံးသူတစ်ယောက်က လက်ရှိမော်ကြွားဓားအိမ်တော်ရဲ့ အရှင်သခင်ဖြစ်တဲ့ ယွမ်ရီမုံ့ ဒါမှမဟုတ် ကမ္ဘာ့နံပါတ်တစ်ဆေးဝါးဖော်စပ်သူ ချင်ယူဖန်းလို့ငါတော့ထင်တယ်”
ယွမ်ရီမုံ့မှာ မော်ကြွားဓားအိမ်တော်တွင်
မွေးဖွားခဲ့သော်လည်း သူကလေးဘဝကတည်းက မော်ကြွားဓားအိမ်တော်၏အ
မှိုက်တစ်ခုအဖြစ်မှတ်ယူခံခဲ့ရ
သည်ဖြစ်သည်။ သို့သော်၏နှလုံးသားကတော့သန်
မာသောကျင့်ကြံသူတစ်ယောက်
ကဲ့သို့ရှိပြီး ဘယ်တော့မှပြောင်းလဲခြင်းမရှိချေ။
လောင်ပြောင်သရောမှုများကို ထပ်တလဲလဲခံခဲ့ရသော်ငြား သူ၏သန်မာသောသိုင်းစိတ်ဆန္ဓက ဘယ်သောအခါမှာပျက်စီးသွားခြင်းမရှိခဲ့ချေ။ တစ်နေ့သ၌လူများကသူ့အား
သစ်လွင်သောအလင်းရောင်
တစ်ခုအဖြစ်ကြည့်ကြရလိမ့်မည်ဟု သူယုံကြည်ခဲ့သည်။
နောက်ပိုင်းတွင်သူသည်
ငရဲဘုံကိုးခုဧကရာဇ်နှင့် တွေ့ရန်အခွင့်အရေးရခဲ့ပြီး ငရဲဘုံကိုးခုဧကရာဇ်၏
တပည့်ဖြစ်လာခဲ့သည်။သူ၏
ခိုင်မာသောစိတ်နှင့် လုံလဝီရိယရှိစွာကြိုးစားအား
ထုတ်မှုတို့ကြောင့် သူထိုအရာအားလုပ်ဆောင်နိုင်ခဲ့ပြိီး ထျန်းဟိုက်တိုက်ကြီးတွင် မြင့်တက်လာသောကြယ်
တစ်ပွင့်ဖြစ်လာခဲ့သည်။
ထျန်းဟန်တိုက်ကြီးတစ်ခုလုံး
ကသူ့အားအလင်းသစ်တစ်ခုအဖြစ် ကြည့်ရှုအောင်သူလုပ်ဆောင်ခဲ့သည်။ သူ့အားမော်ကြွားဓားအိမ်တော်
တစ်ခုလုံးက အလင်းသစ်တစ်ခုအ
ဖြစ်ကြည့်
အောင်လုပ်ခဲ့သည်။ သူသည်မော်ကြွားဓားအိမ်တော်တွင် အစွမ်းအထက်ဆုံးဖြစ်လာခဲ့ပြီး အိမ်တော်၏အရှင်သခင်နေရာကို
အမွေဆက်ခံခဲ့သည်။
………………………………
ချင်ယူဖန်းငယ်စဉ်ဘဝကသူ၏ ရာသက်ပန်အိမ်မက်မှာ ဂုဏ်သိက္ခာကြီးမားသောသန့်
စင်သူတစ်ယောက်ဖြစ်လာရန်ဖြစ်သည်။ သို့သော်သူ၏အကန့်အသတ်
များဖြင့်ဖြစ်နေပြီး ဆေးဝါးဖော်စပ်သူတစ်ဦးသာ
ဖြစ်လာနိုင်ခဲ့သည်။ သို့သော် သူ့တွင်ဆေးဝါးဖော်စပ်ခြင်းနှင့်
ပက်သက်၍ပါရမီရင့်သန်သည်ကိုသဘောပေါက်ခဲ့ပြီး လုံ့လဝီရိယရှိစွာဖြင့် အပတ်တကုတ်ကြိုးပမ်းအားထုတ်မှုကြောင့် ကမ္ဘာကြီးတွင်နံပါတ်တစ်ဆေး
ဝါးဖော်စပ်သူတစ်ယောက်ဖြစ်လာခဲ့သည်။ သူကလူတိုင်းမော်၍ကြည့်၍သော တည်ရှိိမှုမျိုးဖြစ်လာခဲ့သည်။ သူကအာလုံးကနှိမ့်ချရှုမြင်ကြ
သောဆေးဝါးဖော်စပ်သူများအတွက် လမ်းကြောင်းသစ်တစ်ခုကိုဖွင့်လှစ်ပေးခဲ့သည်။ သူက၎င်းတို့အတွက်လမ်းကြောင်းသစ် မျှော်လင့်ချက်သစ်တို့ကိုဖွင့်
လှစ်ပေးခဲ့ပြီး သူတို့အား ဂုဏ်ယူရသောဆေးဝါးဖော်စပ်
သူများဖြစ်လာစေခဲ့သည်။
…………………………..
ရှစ်ဖုန့်၏စကားများအားကြား
ပြီးသည့်နောက်တွင် စွေ့ကျန့်က ပြုံးလိုက်ပြီးသူ့ခေါင်းကိုခါယမ်းလိုက်သည်။ သူကရှစ်ဖုန့်ကိုပြောလိုက်သည်။
“မင်းကငယ်သေးတာကြောင့် ယောက်ျားတွေအကြောင်း
အများကြီးမသိတာဖြစ်နိုင်တယ်”
“ဖြစ်နိုင်လောက်ပါတယ်”
ရှစ်ဖုန့်ကကပြုံးလိုက်ပြီးဘာမှ
တော့ထပ်မပြောတော့ပေ။
လူငယ်သိုင်းသမားများကရှေ့
သို့ဆက်လက်ချီတက်ကြသည်။ သို့သော်သူတို့၏အောက်ဘက်၌ သွေးနီရောင်ပင်လယ်တစ်ခုကိုသူ
တို့ဖြည်းဖြည်းချင်းရှာတွေ့လာသည်။ လှိုင်းများက ပြင်းထန်စွာတလိပ်လိပ်လူးလွန့်နေ၏။ ပျံသန်းခြင်းကိုပြုလုပ်နိုင်ကြသော
အင်ပါယာနယ်ပယ်များနှင့် ပျံသန်းရေးသားရဲများအားဖမ်းဆီး
နိုင်ကြသောသူတို့မှာ ဘာမှခံစားကြရခြင်းမရှိကြချေ။
သို့သော် အင်ပါယာနယ်ပယ်အောက်တွင်ရှိ
နေကြသောသိုင်းသမားများမှာ တော့လက်လျော့ရန် လက်သင့်မခံနိုင်ဖြစ်နေကြသည်။
သူတို့က ပျံသန်းရေးနတ်ဆိုးသားရဲများကို
ဖမ်းဆီးရန်အတွက်နည်းလမ်းများ
ကိုစဉ်းစားနေကြသည်။ အချို့ကောင်းကင်ထက်သို့မော့
ကြည့်ပြီးပျံသန်းနိုင်သောသူတို့
၏မိတ်ဆွေများ သို့မဟုတ် စီနီယာများအားတွေ့ဆုံနိုင်ရန်
မျှော်လင့်နေသည်။
“အား…အား..အား..အား…အား..”
ဤအချိန်တွင် စူးစူးဝါးဝါးအော်ဟစ်သံများနှင့်
ငယ်သံပါအောင်အော်ဟစ်သံများက ရှေ့ဘက်မှထွက်ပေါ်လာသည်။ ရှစ်ဖုန့်ကသူ၏မျက်လုံးများအား
အာရုံစိုက်၍ကြည့်လိုက်သော
အခါတွင် ကျင့်ကြံသူများစွာက သူရှိရာနောက်ဘက်သို့အရှိန်အ
ဟုန်ဖြင့် လွင့်ပျံလာသည်ကို အကွာအဝေးတစ်ခုမှနေ၍ မြင်တွေ့လိုက်ရသည်။ ဤကျင့်ကြံသူများ၏နောက်
ဘက်တွင် တောင်ထွတ်တစ်ခု
စာအရွယ်
အစားရှိသော သွေးနီရောင်
ရေဘဝဲကြီးတစ်
ကောင်က ရှေ့ရှိလမ်းကြောင်းအားပိတ်
ဆို့ထားလေသည်။
လေထဲတွင်ရှိနေသော ရှပ်ယှက်ခက်နေသည့် ရေဘဝဲလက်တံများက လေထဲတွင် ဧရာမသွေးနီရောင်ပိုက်ကွန်ကြီးတစ်ခုကဲ့သို့လူးလွန့်ကခုန်နေသည်။ တစ်ဒါဇင်ထက်ပိုသော ရေဘဝဲလက်တံများက တစ်ဒါဇင်ခန့်ရှိသောကျင့်ကြံသူများအား ထွေးပတ်ထားသည်။ဤကျင့်ကြံသူများမှာ ဤသွေးနီရောင်ရေဘဲဝဲကြီး၏ရှေ့မှောက်တွင် အစွမ်းမဲ့နေကြသည်။ သူတို့အားလုံးအား ရေဘဝဲ၏ဧရာမဂူကြီးကဲ့သို့ပါးစပ်အတွင်း ပို့လွှတ်ခံလိုက်ရသည်။
ဧရာမသွေးနီရောင်ရေဘဝဲကြီးအားကြည့်ရင်း ရှစ်ဖုန့်က ရှေ့သို့ချီတက်နေရာမှ ရပ်တန့်လိုက်သည်။ ဤအချိန်တွင် ရှောင်ယောင်ဂိုဏ်းမှစွေ့ကျန့်ဟု အမည်ရသောသူကလည်း ရှစ်ဖုန့်ထံပျံသန်းလာပြီးပြောလိုက်သည်။
“ညီအကိုညာဘက်ကနေပျံသန်းပြီးတော့ အဲ့တာကိုပတ်သွားကြစို့..ဒီရေဘဝဲက အရမ်းကိုကြီးမားပြီးတော့ သူ့ရဲ့ခွန်အားကလည်းတွေးဆလို့မ
ရနိုင်လောင်အောင်ကြီးမားတယ်”
၎င်းကအရွယ်အစားကြီးမားသော်လည်း ၎င်း၏ခွန်အားကတော့ ကြယ်လေးပွင့်ဘိုးဘေးနယ်ပယ်ခန့်
ရှိလိမ့်မည်ဖြစ်သည်။ သို့သော် ကောင်းကင်ထဲရှိလက်တံများဖြင့်အ
တူတကွ တိုက်ခိုက်မည်ဆိုလျှင်
၎င်းက များပြားလှသောကြယ်လေးပွင့်
ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူများ
တိုက်ခိုက်သကဲ့သို့ဖြစ်နေလိမ့်မည်ဖြစ်သည်။ ယင်းက၎င်းအားရင်ဆိုင်ရန် သေချာပေါက်မလွယ်ကူးခြင်းပင်
ဖြစ်သည်။အဆင့်ခြောက် နတ်ဆိုး
သားရဲ၏ အသိဉာဏ်က သာမန်လူတစ်ယောက်ထက်နိမ့်
ကျခြင်းမရှိပေ။
သို့သော်ဤရေဘဝဲမှရရှိမည့်အ
ကျိုးကျေးဇူးများကများပြားသည်ဖြစ်သည်။ ဤကဲ့သို့ကြီးမားသောခန္ဓာကိုယ်
နှင့်ဆိုလျှင့်ရှစ်ဖုန့်အတွက်ဝါးမျိုနိုင်
ရန်သွေးပမာဏတော်တော်များများ
ရရှိလိမ့်မည်ဖြစ်သည်။
ဓားရှည်တစ်ခုအားကျောတွင်သယ်
ဆောင်ထားသော အဖြူရောင်ဝတ်စုံနှင့်လူတစ်ယောက်က ဧရာမသွေးနီရောင်ရေဘဝဲထံသို့ ပျံသန်းသွားနေသည်ကိုရှစ်ဖုန့်တွေ့
လိုက်ရသည်။
သူကအဖြူရောင်ဝတ်ရုံကိုဝတ်ဆင်
ထားပြီး ကျောထက်တွင်ဓားရှည်တစ်ချောင်း
ကိုသယ်ဆောင်ထား၏။ သူ၏အဖြူရောင်ဝတ်ရုံက လူငယ်ဓားအင်မော်တယ်တစ်
ယောက်ကဲ့သို့ တဖျပ်ဖျပ်လူးလွန့်
နေသည်။ သူကသူ၏ညာလက်အားဓားလက်
ချောင်းပုံစံလုပ်လိုက်ပြီး သူ့နောက်ကျောတွင်ရှိနေသော
ဓားရှည်က “ချွင်”ဆိုသောအသံ
နှင့်အတူ ဓားအိမ်ထဲမှထွက်လာသည်။ သူလေထဲတွင်အရှိန်အဟုန်ဖြင့်
စက်ဝိုင်းသဏ္ဍန်ပျံသန်းလိုက်သည်။ သူဘယ်နေရာသို့ဖြတ်သန်းသွား
သည်ဖြစ်စေ ဓားရိပ်များကျန်ရစ်နေခဲ့သည်။ ထို့နောက်တွင်အဖြူရောင်ဝတ်ရုံနှင့်လူက သူ၏ဓားလက်ချောင်းအား သွေးနီရောင်ရေဘဝဲထံသို့ထိုး
ညွှန်လိုက်သည်။ အဖြူရောင်ဝတ်ရုံလူ၏ထိန်းချုပ်
မှုအောက်တွင် ဓားရိပ်များအားလုံးက သွေးနီရောင်ရေဘဝဲထံသို့ဦးတည်သွားသည်။
“အဲ့လူ”
ဤအခိုက်အတန့်တွင် ရှစ်ဖုန့်၏ဘေးတွင်ရှိနေသောစွေ့
ကျန့်သည်လည်းအလန့်တကြား
အော်ပြောလိုက်သည်။ အဘယ့်
ကြောင့်ဆိုသော် နောက်ထပ်ခရမ်းရောင်ပုံရိပ်တစ်ခုက သွေးနီရောင်ရေဘဝဲထံသို့ပျံသန်း
သွားသောကြောင့်ဖြစ်သည်။
၎င်းမှာခရမ်းရောင်ချပ်ဝတ်ကို
ဝတ်ဆင်ထားသော မိန်းမငယ်လေးတစ်ယောက်ဖြစ်ပြီး ခရမ်းရောင်ဓားရှည်တစ်ချောင်း
ကိုကိုင်ဆောင်ထားသည်။ သူမကဒေါင်မြင့်မြင့်နှင့်ဖြူသော
အသားအရည်ကိုပိုင်ဆိုင်ထားသည်။ သူမ၏အမူအယာက မာနကြီးပြီး သူမ၏အသွင်အပြင်က အေးစက်စက်နှင့်လှပသည်ဖြစ်သည်။ သူမကရဲစွမ်းသတ္တိရှိပြီး ဖြုံလောက်စရာကောင်းသော ခံစားချက်ကိုပေးစွမ်းသည်ဖြစ်သည်။
“ကြည့်လိုက်..အဲ့မိန်းကလေးက ငါ့တို့ထျန်းမြောင်အင်ပါယာချီလင်
ဘုရင် ရဲသမီး မင်းသမီး ကျိယွင်မလား “
စွေ့ကျန့်က ရှစ်ဖုန့်ကိုမေးလိုက်သည်။သူကရှစ်
ဖုန့်အားထျန်းမြောင်အင်ပါယာ
သားဟုထင်နေခြင်းဖြစ်သည်။
ရှစ်ဖုန့်က စွေ့ကျန့်ကိုခေါင်းခါယမ်းပြပြီး ပြောလိုက်သည်။
“ငါက ထျန်းမြောင်အင်ပါယာကမဟုတ်ဖူး……….
ငါ့သူ့ကိုမသိဘူး”
“အိုး..အိုး..ဒီတော့မင်းကထျန်း
မြောင်အင်ပါယာကမဟုတ်ဖူးပေါ့ ဟုတ်တယ်..အဲ့လိုပဲဖြစ်ရမယ်.အဲ့ဒီမိန်းကလေးက မင်းသမီးကျိယွင်ပဲဖြစ်ရမယ် ….ငါသူမရဲ့ပုံတူပန်းချီကိုအရင်ကမြင်ဖူးတယ်…သူမကယောကျ်ားပေါင်းများစွာရဲ့ အိမ်မက်ပဲ …နောက်ဆုံတော့ဒီနေ့မှာငါသူ့ကိုတွေ့ရပြီ….သူမကငါ့နှလုံးသားထဲက
နတ်ဘုရားမလေးပဲ”
စွေ့ကျန့်က ခရမ်းရောင်ချပ်ဝတ်ကို
ဝတ်ဆင်ထားသော ပုံရိပ်အားကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။
ရှစ်ဖုန့်က ခရမ်းရောင်ချပ်ဝတ်နှင့်မိန်းက
လေးကိုကြည့်လိုက်သည်။ သူမ၏ပါရမီကမဆိုးပေ။ သူမအသက်ဆယ့်ခုနှစ်နှစ်ဆယ့်
ရှစ်နှစ်သာရှိသေးသော်လည်း ကြယ်လေးပွင့်ဘိုးဘေးနယ်ပယ်သို့
ရောက်ရှိနေပြီဖြစ်သည်။ ခရမ်းရောင်
ဓားရှည်က ရုတ်တရက် မျက်စိကျိန်းလောက်စရာကောင်း
သောခရမ်းရောင်အလင်းများ
ပေါက်ကွဲထွက်ပေါ်လာသည်။ မိန်းမငယ်လေးကသူမ၏ဓား
အားလွဲယမ်းလိုက်သကဲ့သို့ ခရမ်းရောင်ဓားအလင်းတစ်ခု
ကလည်း သွေးနီရောင်ရေဘဝဲထံသို့ ပစ်လွှတ်သလိုဝင်ရောက်သွားသည်။
“ဒါ..ဒါ…ဒါ…ဒါ..ဒါက ဖျောင်ရှဂိုဏ်းရဲ့နံပါတ်တစ်
တပည့်ဖြစ်တဲ့ လင်းယွဲ့ရှင်းပဲ …သူကဖျောင်ရှဂိုဏ်းရဲ့
မငြင်းပယ်နိုင်တဲ့ အနာဂတ် ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပဲ
…သူကလည်းယောက်ျားတိုင်းရဲ့
အိမ်မက်ပဲ…သူကငါ့နှလုံသားထဲ
ကနတ်ဘုရားမလေးပဲကွာ….”
ဤအချိန်တွင်သူ့ဘေးတွင်ရှိနေသော စွေ့ကျန့်၏အလန့်တကြား
အော်ပြောသံကို ရှစ်ဖုန့်ကြားလိုက်ရသည်။
အခြားဘက်အခြမ်းတွင် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသော နောက်ထပ် မိန်းကလေးတစ်ယောက် က သွေးနီရောင် ရေဘဝဲထံသို့ပျံသန်းလာသည်။ သူမ၏မျက်နှာကနူးညံ့ပြီး နှစ်လိုဖွယ်ရှိကာ ယောက်ျားများအားသူမအတွက် ပြေး၍ကာကွယ်ပေးချင်စိတ်ကို
တဖွားဖွားဖြစ်ပေါ်စေသည်။
သို့သော်ဤကဲ့သိုနူးညံ့သိမ်မွေ့
သောမျက်နှာနှင့် နူးညံ့သိမ်မွေ့
သောခန္ဓာကိုယ်
၏အောက်တွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်
ကောင်းသောခွန်အားတစ်ခု
ရှိနေသည်ကို သူမကိုသိကြသောသူတိုင်းသိ
နားလည်ကြသည်ဖြစ်သည်။
“မင်းသမီးကျိယွင်က ယောက်ျားတိုင်းရဲ့အိမ်မက်လို့
မင်းခုဏတင်ပြောခဲ့တာမဟုတ်ဖူးလား.. သူမကရောမင်းရဲ့နတ်ဘုရားမလေးပဲလား”
ရှစ်ဖုန့်ကသူ့ဘေးတွင်ရှိနေသော စွေ့ကျန့်ကိုမေးလိုက်သည်။ အချိန်တိုလေးအတွင်း
စွေ့ကျန့်ကသူ့ကိုယ်သူ အ
ရမ်းလျှင်မြန်စွာ သစ္စာဖောက်နေသည်။
“အဟွတ်..အဟွတ်…”
ရှစ်ဖုန့်၏စကားအားကြားပြီး
သည့်နောက်တွင် စွေ့ကျန့်က ကိုးရိုးကားရားချောင်းနှစ်ကြိမ်
ဆိုးလိုက်ပြီး နောက်သူ၏မျက်နှာက မြဲမြံခိုင်မာသော ပုံစံအဖြစ်
ပြောင်းလဲသွားသည်။
ဆက်ရန်…
ဘာသာပြန်သူ-ARISE