အပိုင်း(၂၅၂)
Vol. 17 Ch. 252
နတ်ဘုရားမရွေးချယ်မှုအပေါ်
သစ္စာဖောက်မှုအကြောင်းရှစ်ဖုန့်
ပြောသည်ကိုကြားလိုက်ရသောအခါတွင် စွေ့ကျန့်ကကိုးရိုးကားယား
ဖြင့်ချောင်းဆိုးလိုက်သည်။ ထို့နောက် သူကစိတ်ပိုင်းဖြတ်ထားသော
အမူအယာကိုမျက်နှာထက်တွင်
ဆင်မြန်းလိုက်ပြီး ပြောလိုက်သည်။
“ဒီလိုအချိန်မှာ ဧကရာဇ်ရှောင်ယောင်ရှိနေခဲ့ရင်တောင် သူ့အနေနဲ့ သေချာပေါက် ထျန်းမြောင်အင်ပါယာရဲ့နံပါတ်
တစ်ပါရမီရှင် လင်းယွဲ့ရှင်းကိုရွေး
ချယ်မယ်လို့ ငါ့ယုံကြည်တယ်”
စွေ့ကျန့်၏မျက်နှာထက်တွင်ပြတ်
သားများဖြင့်သာပြည့်နေသည်မဟုတ်ပဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုများ
ဖြင့်နှင့်လည်းပြည့်နှက်နေသည်။
“ရှောင်ယောင်သာ ဘိုးဘေးနယ်ပယ် မိန်းကလေးတစ်ယောက်ကို သူ့ရဲ့နတ်ဘုရားမအဖြစ်ရွေး
ချယ်မယ်ဆိုရင် ငါကိုယ်တိုင်သူ့ခြေထောက်တွေ
ကိုချိုးပစ်မယ်”
ရှစ်ဖုန့်ကသူ့ဟာသူတွေးလိုက်သည်။
“လင်းယွဲ့ရှင်းက ငါ့နှလုံးသားထဲက နတ်ဘုရားမလေးဆိုပေမဲ့ မင်းသမီး ကျိယွင်ကလည်း အရမ်း
ကိုလိုချင်တပ်မက်ဖို့
ကောင်းလွန်းတယ်”
စွေ့ကျန့်က လူသုံးယောက်နှင့်သွေးနီရောင်
ရေဘဝဲတစ်ကောင်တို့တိုက်ခိုက်
နေသောတိုက်ပွဲအားကြည့်ရင်း
ပြောလိုက်သည်။
“မင်းကအရမ်း ထူးကဲတယ်ဆိုပေမဲ့ ကျေးဇူးပြုပြီးငါ့ကိုခွင့်လွှတ်ပေးပါ …..ငါကြိုက်နှစ်သက်တဲ့သူက လင်းယွဲ့ရှင်းပဲ”
“လင်းယွဲ့ရှင်းက လူငယ်ပါရမီရှင်အဆင့်သတ်မှတ်
ချက်ဇယားမှာ နံပါတစ်ပါရမီရှင်ဖြစ်ပြီး သူကကြယ်ငါးပွင့် ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူပဲ မင်းသမီးကျိယွင်ကကြတော့ လူငယ်ပါရမီရှင်အဆင့်သတ်မှတ်
ချက်ဇယားမှာ ဒုတိယဖြစ်တယ်…
သူ့ဟာ ကြယ်လေးပွင့်ဘိုးဘေးနယ်ပယ်ကျွမ်း
ကျင်သူတစ်ယောက်ဖြစ်ပဲ …
ရို့ဖှေးဖန်းက လူငယ်ပါရမီရှင်အဆင့်သတ်မှတ်
ချက်ဇယားမှာ အဆင့်သုံးချိတ်ပြီး သူကလည်း ကြယ်လေးပွင့်ဘိုးဘေးနယ်ပယ်
ကျွမ်းကျင်သူတစ်ယောက်ပဲ လူငယ်ပါရမီရှင်အဆင့်သတ်မှတ်
ချက်ဇယားပေါ်က ထိပ်တန်းပါရမီရှင်သုံးယောက်ကို
ဒီနေ့မှာမြင်တွေ့ရလိမ့်မယ်လို့ငါ မမျှော်လင့်ထားခဲ့ဘူး..”
စွေ့ကျန့်က သွေးနီရောင်ရေဘဝဲ
နှင့်တိုက်ခိုက်နေသော လူသုံးဦးအားကြည့်ကာထပ်မံ၍
သက်ပြင်းချလိုက်သည်။ ဤပါရမီရှင်များအားမြင်တွေ့
နိုင်ရန်မှာခဲယဉ်းသည်ဖြစ်သည်။
ယနေ့တွင် သူတို့အား ဤသွေးနီရောင်ကမ္ဘာထဲတွင်
သူမြင်တွေ့ခဲ့ရသည်။
ရှစ်ဖုန့်သည်လည်း လူသုံးယောက်အားကြည့်လိုက်သည်။ တကယ်တမ်းတွင် မင်းသမီး ကျိယွင်နှင့် ရို့ဖှေးဖန်းတို့၏ကြား၌ ကွားခြားချက် ကအများကြီးရှိမနေပေ။
သို့သော် သူတို့နှစ်ဦးလုံးက ကြယ်လေးပွင့်ဘိုးဘေးနယ်
ပယ်များဖြစ်ကြသည်။
ဤလူနှစ်ယောက်က တကယ့်ကို ပုံမှန်မဟုတ်သော ယဲ့ရှီကျောက်နှင့် လျှပ်စီးဓာတ်အခြေပြုသိုင်း
ပညာရပ်အားလေ့ကျင့်သော မြေအောက်ခန်းမှဝတ်စုံဖြူနှင့်
လူငယ်တို့ထက်အနည်းငယ်ပို
၍အစွမ်းထက်ကြသည်ဖြစ်သည်။
ကြယ်ငါးပွင့်ဘိုးဘေးနယ်ပယ်
ကျွမ်းကျင်သူတစ်ယောက်နှင့် ကြယ်လေးပွင့်ဘိုးဘေးနယ်ပယ်
ကျွမ်းကျင်သူနှစ်ယောက်တို့၏
ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ကြယ်လေးပွင့်ဘိုဘေးနယ်ပယ်
တစ်ယောက်နည်းပါးအဆင့်ရှိသော ရေဘဝဲကြီးမှာ ဖိနှိပ်ခံရလာသည်။ ၎င်း၏ကြီးမားသောသွေးနီရောင်
လက်တံများမှာ ဖြတ်တောက်ခံရခြင်းနှင့်အပိုင်း
ပိုင်းဖြစ်သွားခြင်းတို့ဖြစ်လာသည်။
“အချိန်ကျပြီ”
ရှစ်ဖုန့်ကထိုနေရာတွင်ရှိနေသော
တိုက်ပွဲအားကြည့်လိုက်ပြီး လေထဲတွင်ပျံသန်းလိုက်သည်။
“အာ”
သူ၏ဘေးတွင်ရှိနေသောစွေ့ကျန့်က ရှစ်ဖုန့်ရုတ်တရက်ရှေ့သို့ဦးတည်
သွားသည်ကိုတွေ့လိုက်ရသောအခါ အလန့်တကြားအော်လိုက်သည်။ ထို့နောက်မကြာခင် သူ၏အသိ
တို့ရုတ်ခြည်း ပြန်ဝင်လာပြီး ရှစ်၏နောက်ကျောမှနေ၍ ကျယ်လောင်စွာအကြံပေးစကား
ဆိုလိုက်သည်။
“ညီအကို..ညီအကို …မင်းဘာလုပ်နေတာလဲ….
အဲ့သွေးမိစ္ဆာရဲ့ကိုယ်ပေါ်ကရတနာတွေအတွက်လောဘကြီးမနေနဲ့ ……
မင်းနောက်မှသာနေပါ …အမှားအယွင်းဖြစ်ပြီးတော့
မင်းကိုသတ်သွားဖို့ဆိုတာက
လွယ်လွယ်လေးနော်”
ပြင်းထန်သောစွမ်းအင်များက အခြားတစ်ဖက်တွင်အကြီး
အကျယ်ပေါက်ကွဲ၍ ကသောင်းကနင်းဖြစ်ကုန်သည်။
စွေ့ကျန့်မှာ ထိုအရာအားကြည့်ရင်း အနည်းငယ်စိုးရမ်ကြောင့်ကြဖြစ်နေမိသည်။ သူသာတစ်ရှိန်ထိုးပြေးဝင်သွား
မည်ဆိုလျှင် ပြင်းထန်သောစွမ်း
အင်အောက်၌ သူ့အနေဖြင့်ခြေမွခံရမှာသေချာ
ပေါက်သံသယဝင်နေစရာမလိုပေ။ သူနှင့်အဆင့်တူဖြစ်သော
လူငယ်ဆိုလျှင်တော့ထည့်
ပြောနေစရာပင်လိုတော့မည်မဟုတ်ချေ။
“ဟူး”
ရှစ်ဖုန့်အားဖျောင်းဖျရမရသည်
ကိုတွေ့လိုက်ရသောအခါတွင် စွေ့ကျန့်ကသူ့ခေါင်းအားခါယမ်း
လိုက်ပြီးသက်ပြင်းချလိုက်သည်။
“ဒီနေ့ခေတ်လူငယ်တွေက
ရတနာအတွက်နဲ့ သူတို့ရဲ့အသက်တွေကိုစွန့်စား
ဖို့ဆန္ဒရှိကြတာပဲ….သွေးရေဘဝဲနားကို နီးကယ်ဖို့ဆိုတာကိုထားလိုက်အုံး … သွေးရေဘဝဲကသူ့ကိုလွှတ်ပေးမှာမဟုတ်ဖူး… သူတို့သုံးယောက်အတူ
တကွပူးပေါင်းပြီး ခက်ခက်ခဲခဲနဲ့ သွေးရေဘဝဲကိုသတ်နိုင်ခဲ့ရင်တောင်
သူတို့က သူ့ကိုရတနာတွေရခွင့်ပြုမှာမဟုတ်ဖူး…
ငါကရေဘဝဲကိုနှစ်သက်နေလို့တော့
မဟုတ်ပေမဲ့..သူရေဘဝဲတစ်ရဲ့
တစ်ချက်တည်းနဲ့သတ်တာကိုခံ
ရလိမ့်မယ်”
“အာ..အဲ့လူ..သူကဘယ်သူလဲဟ …သူဘာလို့အဲ့ကိုတစ်ရှိန်ထိုးသွားနေတာလဲ”
အဝေးမှနေ၍ ပါရမီရှင်သုံးယောက်နှင့် သွေးရေဘဝဲတို့တိုက်ခိုက်နေကြသည်
ကိုစောင့်ကြည့်နေကြသော သိုင်း
သမားများမှာ ရုတ်တရက်ထူးဆန်း
သောလူငယ်
တစ်ယောက်က ထိုနေရာသို့တစ်ဟုန်ထိုးဦး
တည်သွားနေသည်ကိုတွေ့လိုက်ရသည်။
“ငါလည်းအဲ့ကောင်ကိုမသိဘူး… သွေးရေဘဝဲက သေတော့မှာကိုသူတွေ့သွား
တာဖြစ်နိုင်လောက်တယ်…. ဒါကြောင့်သူရတနာတွေကိုရရှိ
ဖို့သွားတာဖြစ်နိုင်တယ်…
ဘယ်လိုအရူးလဲကွာ.. သူတို့သုံးယောက်က သွေးရေဘဝဲကိုသတ်နိုင်ခဲ့တာ ဒါကြောင့် သူတို့က ဘယ်လိုလုပ်ပြီးတော့သူ့ကို ရတနာတွေရယူခွင့်ပြုမှာတဲ့လဲ”
တစ်စုံတစ်ယောက်ကရှစ်ဖုန့်
ကိုကြည့်လိုက်ပြီး အထင်အမြင်
သေးစွာဖြင့်ပြောလိုက်သည်။ သူ့တွင်လည်းစွေ့ကျန့်ကဲ့သို့
တူညီသောစဉ်းစားမှုရှိသည်ဖြစ်သည်။
“ဟမ်…သူကကကြယ်ခုနှစ်ပွင့် အင်ပါယာနယ်ပယ်လေးတစ်ယောက်ပဲ …. သူရတနာတွေကိုရယူချင်တယ်ဆိုရင်တောင် …ဒါကဘယ်လိုဟာသမျိုးလဲဟ ငါတော့သူ့ကိုသူတို့သုံးယောက်က ဓားတစ်ချက်စာပဲကျွေးမယ်လို့ထင်တယ်”
“ဟားဟားဟား..”
ထိုလူ၏စကားများက လူများအားပွဲကျသွားစေသည်။ အားလုံးကရှစ်ဖုန့်အားလူပြက်
တစ်ကောင်ကိုကြည့်နေရသကဲ့
သို့ကြည့်နေကြသည်။
ပင်လယ်ပြင်ထက်ရှိတိုက်ပွဲတွင် သွေးရောင်လှိုင်းများက တလိပ်လိပ်နှင့် တစ်ရှိန်ထိုးတက်နေသည်။ ဓားရိပ်များမှာနေရာတိုင်းတွင်ရှိနေပြီး ခရမ်းရောင်လျှပ်စီးများကလည်း
ကောင်းကင်ထဲတွင်ပြည့်နှက်နေသည်။
“ဒန်..ထန်…တန်…..ထန်..ဒန်…”
ဟင်းလင်းပြင်ထဲတွင် ဇီသာဒုံမင်း သံစဉ်တစ်ခုက ပေါက်ကွဲ
ထွက်ပေါ်လာသည်။
လင်းယွဲ့ရှင်းက သစ်သားဇီသာဒုံမင်းတစ်ခု
ကိုကိုင်ထားပြီး ဟင်းလင်းပြင်ထဲတွင် ဝံ့ကြွားစွာရပ်နေသည်။ သူ၏ညာလက်က ကြိုးများအား အဆက်မပြက် တီးခတ်နေသည်။သံစဉ်အောက်
တွင်နေရာလပ်များမှာတုန်ခါလာပြီး သွေးရေဘဝဲလက်တံများမှာ
တစ်ခုပြီးတစ်ခု ပေါက်ကွဲကုန်သည်။
ဤအချိန်၌ သွေးရေဘဝဲကြီးမှာပါရမီရှင်
လူငယ်သုံးယောက်၏
တိုက်ခိုက်မှုအောက်တွင် နောက်ဆုံပျံသန်းနိုင်သော အဆုံးသတ်ကိုရောက်နေသည့် မြှားတစ်စင်းကဲ့သို့ သွေးရေဘဝဲကြီးမှာ ဖြစ်လာသည်။
“အမ်”
ရုတ်တရက် မြင့်မားသောအမြန်နှုန်းဖြင့် ပုံရိပ်တစ်ခုက သူ့တို့ထံသို့
ပျံသန်းလာသည်ကို
သုံးယောက်သားမြင်တွေ့
လိုက်ရသည်။ သူတို့ထိုလူအားရှင်းရှင်းလင်း
လင်းမြင်တွေ့လိုက်ရချိန်တွင် သူတို့သုံးယောက်လုံးက၎င်း
အားလေးနက်နက်မှတ်
ယူမထားကြပေ။ သူသည်ကြယ်ခုနှစ်ပွင့်အင်ပါယာ
နယ်ပယ်တစ်ယောက်သာဖြစ်သည်။ အဖြူရောင်ဝတ်ရုံနှင့်လူငယ်၏ပုံစံက ထူးခြားနေသည်။ သူ၏မျက်နှာ
ထက်တွင်အထင်
သေးမှုများဖြင့်ပြည့်နှက်နေ၏။
“ဘယ်လိုဖြစ်ပြီးဒီလိုမျိုးအမှိုက်
တစ်ယောက်က ဒီနေရာကိုလာရတာလဲ”
ရို့ဖှေးဖန်းက အထင်သေး
စွာဖြင့်တီးတိုး
ရေရွတ်လိုက်သည်။
သူကသူ၏ဓားလက်ချောင်း
ကိုလှုပ်ရှားလိုက်ပြီး ဓားရိပ်တစ်ခုကဟင်းလင်းပြင်ထဲတွင် ချက်ချင်းပေါ်လာကာ ရှစ်ဖုန့်ထံသို့ထိုးသွင်းလိုက်သည်။
ဤဓားချီက ကြယ်ခုနှစ်ပွင့်ဘိုး
ဘေးနယ်ပယ် အမှိုက်တစ်ယောက်ကို သတ်ရန်လုံလောက်သည်ဟု
ရို့ဖှေးဖန်းက တွေးထားခဲ့သည်။
ရှစ်ဖုန့်ကပျံသန်းလာရင်းသွေး
ဓားကသူ၏လက်ထဲတွင်
ပေါ်လာသည်။ ရုတ်တရက် ဓားရိပ်တစ်ခုကသူ့ထံသို့ပစ်ဝင်လာ၏။ ရှစ်ဖုနု့်၏မျက်နှာကရုတ်တရက်
အေးစက်သွားသည်။ သူကသူ့လက်ထဲရှိဓားဖြင့်
သာမန်ကာလျှံကာ တိုက်ခိုက်လိုက်ပြီး လာနေသောဓားရိပ်မှာလည်း ဘာမှကျန်ရစ်ခြင်းမရှိတော့သည်
အထိပြောင်းလဲသွားသည်။
ထို့နောက်တွင် ရှစ်ဖုန့်က ပြင်းထန်သောစွမ်းအင်များ
ဖြင့်ပြည့်နှက်နေသည့် တိုက်ပွဲမြေပြင်သို့ရောက်ရှိလာသည်။
“အမ်”
ရို့ဖှေးဖန်းက သူ၏ဓားချီမှာဤလူငယ်လေး၏
ဘာမှကျန်ရစ်ခြင်းမရှိသည်
အထိဖျက်ဆီးခံလိုက်ရသည်ကို တွေ့လိုက်ရသောအခါတွင်ရုတ်တရက် အလန့်တကြားဖြစ်သွားသည်။
ကြယ်ခုနှစ်ပွင့် အင်ပါယာနယ်ပယ်ကိုအသာထား ကြယ်တစ်ပွင့်ဘိုးဘေးနယ်ပယ်
တစ်ယောက်ပင် ဤဓားရိပ်အား ချိုးဖျက်နိုင်ရန်အတွက်လွယ်
ကူလိမ့်မည်မဟုတ်ပေ။
ရို့ဖှေးဖန်းသည်သာမကဘဲ
လင်းယွဲ့ရှင်းနှင့် မင်းသမီးကျိယွင်တို့ပါရှစ်ဖုန့်အား ထူးဆန်းစွာကြည့်လိုက်ကြသည်။
သို့သော် သူတို့ကသူတို့အကြည်အား
ချက်ချင်းရုတ်သိမ်းလိုက်ကြသည်။ နောက်တိုက်ခိုက်မှုလှိုင်းအနည်း
ငယ်ခန့်ပြုလုပ်ပြီးသည့်နောက်တွင် ၎င်းရေဘဝဲအားသတ်နိုင်
လိမ့်မည်ဖြစ်လေသည်။
ရှစ်ဖုန့်က ရို့ဖှေးဖန်းအား အေးစက်စွာကြည့်လိုက်ပြီး
ပြောလိုက်သည်။
“မင်း..အရမ်းကောင်းတယ်”
ထို့နောက်ရှစ်ဖုန့်ကရို့ဖှေးဖန်း
ကိုလျစ်လျူရှုလိုက်ပြီး သွေးနီရောင်ရေဘဝဲထံသို့ တစ်ဟုန်ထိုးဦးတည်လိုက်သည်။
ပါရမီရှင်သုံယောက်၏ ပြင်းထန်သည့်တိုက်ခိုက်မှုများ
အောက်တွင် အစပိုင်းကဟင်းလင်းပြင်အား
ကာဆီးထားသော လက်တံများအားလုံးမှာကျိုးပျက်ကုန်သည်။ ဤအခိုက်အတန့်တွင်
တစ်စုံတစ်ယောက်က
သူ့လက်အတွင်းရှိဓားဖြင့် အောက်သို့ထိုးဆင်းလာသည်ကို မြင်တွေ့လိုက်ရပြီးရေဘဝဲကြီးက အလျင်အမြန်၎င်း၏
ကြီးမားနက်ရှိုင်းသော
သွေးနီရောင်ပါးစပ်ကြီး
ကိုဖွင့်ဟလိုက်သည်။ရုတ်ခြည်း
သိပ်သည်းသော
အနက်ရောင်မြူခိုးများက တစ်လိပ်လိပ်ထွက်ပေါ်လာပြီး
မျက်စိတစ်မှိတ်အတွင်း ၎င်းက ရှစ်ဖုန့်အားလုံးဝဝါးမျိုသွားသည်။
ဤအချိန်တွင် ရှစ်ဖုန့်၏အေးစက်သော
မျက်နှာအားမြင်တွေ့ပြီးသည့်နောက် ကြက်သေသေနေသောရို့ဖှေးဖန်းမှာ ရုတ်တရက်သူ၏အသိ
တို့ပြန်ဝင်လာသည်။
အဘယ့်ကြောင့်မှန်းသူ
မသိသော်လည်း ထိုလူငယ်လေးကသူ့အား
စိုက်ကြည့်လိုက်သည့်အချိန်တွင် ကြမ်းကြုတ်သောသားရဲကြီး
တစ်ကောင်ကသူ့အား
စိုက်ကြည့်လိုက်သကဲ့သို့
သူခံစားလိုက်ရသည်။ ယင်းကသူ့အားခဏတာမျှ
စိတ်လွတ်သွားစေသည်။ သူအသိပြန်ဝင်လာသည့်အခါတွင်
ရို့ဖှေးဖန်းက သွေးနီရောင်ရေဘဝဲအား
တိုက်ခိုက်နေသည့် သူ၏ထိန်းချုပ်မှုအောက်
တွင်ရှိနေသော ဒေါင်လိုက်နှင့်ရေပြင်ညီ
ဓားရိပ်များကိုရပ်တန့်လိုက်ပြီး ၎င်းတို့အားလုံးအား သိပ်သည်းသောအနက်
ရောင်မြူခိုးများထံသို့ဦး
တည်လွှဲပြောင်းပေးလိုက်သည်။ သူ့အားအေးစက်သောမျက်နှာ
ထားဖြင့်စိုက်ကြည့်ရဲသော
ဤလူငယ်လေးအား
သတ်ပစ်ချင်နေသည်။
“ဝုန်း”
သိပ်သည်းသော မြူခိုးနက်ပင်လယ်အတွင်းတွင်ရုတ်တရက် သွေးနီရောင်မီးတောက်တစ်ခုက ဟုန်းခနဲတောက်လောင်လာပြီး ဦးတည်ချက်အနှံ့သို့တစ်
ဟုန်ထိုးပျံ့နှံ့သွားသည်။
ရေဘဝဲ၏ အနက်ရောင်မြူခိုးများမှာ သွေးနီရောင်မီးတောက်၏
လောင်ကျွမ်းမှုကို
ရုတ်ခြည်းခံလိုက်ရသည်။
ထူးခြားသော ဝတ်စုံဖြူနှင့်လူငယ်၏
မျက်နှာထက်တွင် နောက်တစ်ကြိမ်တုန်လှုပ်
အံ့အားသင့်မှုများဖြင့်ပြည့်နှက်သွားသည်။ သူလွှဲပြောင်းပို့လွှတ်လိုက်သော ဓားရိပ်များသည်လည်း သွေးနီရောင်မီးတောက်၏
အောက်တွင်ဘာမှကျန်ရစ်ခြင်း
မရှိတော့သည်အထိလောင်
ကျွမ်းခြင်းခံလိုက်ရသည်ဖြစ်လေသည်။
ဆက်ရန်..
ဘာသာပြန်သူ -ARISE