အပိုင်း(၂၅၃)
Vol. 17 Ch. 253
သွေးနီရောင်မီးတောက်များက ဉီးတည်ချက်အနှံ့သို့ သဲကြီးမည်းကြီးဆက်လက်
ဦးတည်သွားပြီး အနက်ရောင်မြူခိုးများနှင့် ဓားရိပ်များကိုလောင်ကျွမ်းလိုက်သည်။
သွေးနီရောင်မီးတောက်ပင်လယ်
တစ်ခုဖြစ်သွားပြီးသည့်နောက်တွင် မီးတောက်ပင်လယ်က အားအင်ကုန်းခမ်းနွမ်းနယ်နေသော ရေဘဝဲထံသို့သိမ်းကျုံးဦးတည်သွားပြီး မျက်စိတစ်မှိတ်အတွင်း၎င်းအား
ဝါးမျိုသွားသည်။
သွေးနီရောင်မီးပင်လယ်၏အထက်တွင် ပါရမီရှင်သုံးယောက်ကလွင့်
မျောလျက်ရှိနေကြသည်။
ဤအခိုက်အတန့်တွင် သွေးနီရောင်မီးတောက်ပင်လယ်က ကြီးစိုးခြယ်လှယ်လျက်ရှိသည်။
သူတို့သုံးယောက်လုံးက ဧရာမ
ရေဘဝဲကြီးအား တိုက်ခိုက်
နေမှုကိုရပ်တန့်
လိုက်ကြပြီး မီးတောက်ပင်လယ်ထံသို့
တည်ကြည်လေးနက်သောမျက်နှာထားများဖြင့်ကြည့်လိုက်ကြသည်။
သူတို့အနေဖြင့် မီးတောက်ပင်လယ်ထံမှ ဆန်းကြယ်ပြိးပုံမှန်မဟုတ်
သောစွမ်းအားတစ်ခုကိုခံစားရသည်။
အထူးသဖြင့် လေထဲတွင်တစ်ဖျပ်ဖျပ်လွင့်နေ
သောအဖြူရောင်ဝတ်ရုံနှင့်
ရို့ဖှေးဖန်းပင်ဖြစ်သည်။ ထိုစွမ်းအားကသူ့ထက်နိမ့်ကျခြင်း
မရှိသည်ကိုသူခံစားရသည်။ သူက မီးတောက်ပင်လယ်အား
သူ၏မျက်လုံးအတွင်းရှိ အေးစက်သောသတ်ဖြတ်ခြင်း
စိတ်ဆန္ဒများဖြင့်စိုက်ကြည့်နေသည်။
“ဒါက…”
ကောင်းကင်ယံ၏အခြားတစ်ဖက်ခြမ်းတွင် စွေ့ကျန့်မှာဗလာနတ္ထိစိုက်ကြည့်နေသည်။ သေဖို့အတွက်တစ်ဟုန်ထိုး
ဦးတည်သွားသည်ဟုသူထင်ထား
သည့်လူငယ်လေးကမသေသေး
ရုံသာမကဘဲ နေရာတစ်ခုလုံးအား သိမ်းကျုံးဖြတ်သန်း၍ ပြင်းထန်သော နီးတောက်တစ်ခုကိုပင်ထုတ်
လွှတ်လိုက်သေးသည်။ သူ၏မျက်လုံးများမှာပြူးကျယ်
နေပြီးကူကယ်ရမဲ့ဖြစ်နေသည်။
သူ့အနေဖြင့်သေချာသောအကွာ
ဝေးတစ်ခုအား ထိန်းထားသော်လည်း သွေးနီရောင်မီးတောက်မှထုတ်လွှတ်
သောစွမ်းအားက ၎င်းအားသူထိမိသည်နှင့် သူ့အားမီးရှို့ပြာချက်ပစ်ရန်
လုံလောက်သည်မှာ သူ့အနေဖြင့်သံသယဝင်နေ
ရန်ပင်မလိုအပ်ပေ။
“ဒါက..”
“အဲ့လူကတကယ်ရောကြယ်
ခုနှစ်ပွင့်အင်ပါယာနယ်ပယ်ဟုတ်ရဲ့လား ဘယ်လိုဖြစ်ပြီးတော့အရမ်း
အစွမ်းထက်နေရတာလဲ”
ရှစ်ဖုန့်အားအစောပိုင်းကဟာ
သလုပ်နေကြသောသိုင်းသမား
များမှာလည်း သူတို့၏မျက်နှာ
ထက်တွင်စိတ်
ဝင်စားသောအမူအယာများ
ဖြစ်ပေါ်နေကြသည်။ စွေ့ကျန့်ကဲ့သို့ပင် မီးပင်လယ်၏စွမ်းအားကသူ
တို့အားလုံးအားလုံးဝဖျက်ဆီး
ပစ်နိုင်သည်ကိုသူတို့ခံစားရသည်ဖြစ်သည်။
“အာ…ငါသူ့ကိုခုဏကဟာသ
လုပ်ခဲ့ပြီးတော့ အရူးလို့ပြောခဲ့တယ်..သူထပ်ပြီး
တော့အသက်ဆက်မရှင်ချင်တော့ဘူး
လို့ငါပြောမိခဲ့တယ်”
အချို့သောကျင့်ကြံသူများမှာသူတို့
၏မိန်းမောနေမှုများမှ ရုတ်တရက်နိုးထလာကြသည်။ ချက်ချင်းပဲ ခုဏကရှစ်ဖုန့်အားဟာသ
လုပ်ခဲ့ကြသောအချို့ကျင့်ကြံသူများမှာ ရှစ်ဖုန့်ကသူတို့အားလက်တုံ့ပြန်
မည်ကိုကြောက်ရွံ့သွားကြပြီး အလျှင်အမြန်ဤနေရာမှထွက်ခွာ
သွားကြကာလေကိုထိုးခွင်း၍
ပျံသန်းပြေးသွားကြသည်။
သူတို့အနေဖြင့် သူတို့အတွက်ယာယီပုန်းခိုနိုင်မည့် လုံခြုံသောနေရာတစ်ခုအား ရှာဖွေလိုကြသည်။
မီးတောက်ပင်လယ်အတွင်းတွင် ရှစ်ဖုန့်က သွေးနီရောင်ရေဘဝဲ၏ခန္ဓာကိုယ်အားသူ့လက်အတွင်းရှိထက်ရှသောဓားဖြင့်ထိုးခွဲပြီး သွေးနီရောင်ရေဘဝဲ၏ကိုယ်အတွင်း
သို့အရှိန်အဟုန်ဖြင့်ဝင်
ရောက်လိုက်သည်။ ရုတ်ခြည်း ကောင်းကင်ထဲတွင်ရှိနေ
သောမီးပင်လယ်က ရေဘဝဲကြီး၏နဖူးထက်ရှိလူသား
အရွယ်အစားရှိသည့် သွေးစွန်းနေသောအပေါက်အ
တွင်းသိမ်းကျုံးဝင်ရောက်သွား
သည်။ဒေါမာန်ဟုန်ပြင်းစွာဖြင့်
လောင်ကျွမ်းနေသောမီးတောက်
ကဲ့သို့ ၎င်းက ဧရာမ သွေးနီရောင်ရေဘဝဲ၏ကိုယ်အတွင်းတွင် လောင်ကျွမ်းတော့သည်။
များပြားလှသောသူများမှာ ဤမြင်ကွင်းကိုမြင်တွေ့ကြပြီး သွေးရောင်ရေဘဝဲကြီးက တကယ့်ကိုလူသားတစ်
ယောက်ကဲ့သို့နာကျင်မှုအမူအ
ယာကိုလှစ်ဟာပြသနေသည်။ ထို့နောက်ချက်ချင်း သွေးနီရောင်ရေဘဝဲ၏ ကြီးမားသောခန္ဓာကိုယ်ကြီးမှာ လေလျော့သွားသောပူဖောင်း
တစ်လုံးကဲ့သို့ဖြစ်လာသည်။ ၎င်းကလျှင်မြန်စွာပိန်ပါးလာပြီး နေခြောက်လှမ်းခြင်းကိုခံထား
ရသောရေဘဝဲတစ်ကောင်ကဲ့
သို့ဖြစ်လာသည်အထိရှုံတွလာသည်။
ထို့နောက်တွင် ရေဘဝဲ၏ခေါင်းထိပ်မှ ပုံရိပ်တစ်ခုကတစ်ဟုန်ထိုးထွက်လာပြီး ဟင်းလင်းပြင်ထဲသို့တည့်
တည့်ထိုးတက်သွားသည်။
လူတိုင်း၏မျက်လုံးများက တစ်ဟုန်ထိုးထွက်လာသော
ပုံရိပ်၏အပေါ်တွင်အာရုံစိုက်
ထားကြသည်။ ရှုံ့တွခြောက်သွေ့
သွားသောရေ
ဘဝဲကြီးမှာပင်လယ်အတွင်းဖြည်း
ညှင်းစွာနစ်ဝင်သွားသော်လည်း
သူတို့အနေဖြင့် ထိုအရာအား သတိပြုမိခြင်းမရှိကြချေ။
ရှစ်ဖုန့်ကဟင်းလင်းပြင်ထဲတွင်
ရပ်တန့်လိုက်ပြီးအောက်သို့ငုံ့ကြည့်လိုက်သည်။ဤအခိုက်အတန့်တွင် လူငယ်လေး၏ရောင်ဝါက ယခင်နှင့်မတူညီတော့သည်ကို လူတိုင်းတွေ့လိုက်ကြသည်။ ဤပုဂ္ဂိုလ်အားကြည့်ကာ ထျန်းမြောင်အင်ပါယာ၏နံပါ
တစ်လူငယ်ပါရမီရှင်အဆင့်ချိတ်သူ လင်းယွဲ့ရှင်းပင် ဖော်ပြ၍မရနိုင်သောခံစား
ချက်ကိုခံစားလိုက်ရသည်။ သို့သော် သူမ၏သိုင်းပညာ ပင်ကိုယ်ဗီဇက ဤပုဂ္ဂိုလ်ကအရမ်းအန္တရာယ်
များသောသူတစ်ယောက်ဟု
သူမအားပြောနေသည်။
ဤအချိန်တွင် ရှစ်ဖုန့်မှာအစောပိုင်း
အခိုက်အတန့်နှင့်နှိုင်းယှဉ်လျှင်လုံးဝကွာ
ခြားသွားပြီဖြစ်လေသည်။ သူ့အနေဖြင့်ကမ္ဘာဦးခေတ်
ကတည်းကအိပ်မောကျနေ
သောသားရဲတစ်ကောင်က
ရုတ်တရက်နိုးထလာသကဲ့သို့ဖြစ်သည်။
သွေးနီရောင်ရေဘဝဲကြီး၏
သေခြင်းစွမ်းအင်၊ဝိညာဉ်စွမ်းအင်နှင့် များပြားလွန်းလှသော
သေွးများအားဝါးမျိုပြီးသည့်နောက်တွင် ရှစ်ဖုန့်မှာ ကြယ်ခုနှစ်ပွင့်အင်ပါယာ
နယ်ပယ်အဆင့်မှ ကြယ်တစ်ပွင့်ဘိုးဘေး
နယ်ပယ်အဆင့်သို့ ချိုးဖျက်တက်လှမ်းနိုင်ခဲ့သည်။
ဘိုးဘေးနယ်ပယ်နှင့်အင်ပါယာ
နယ်ပယ်အားနှိုင်းယှဉ်ရမည်ဆို
လျှင်သူ၏ရောင်ဝါက ယခင်ကနှင့်လုံးဝခြားနားသွား
ခဲ့ပြီဖြစ်လေသည်။
ဤအချိန်တွင် သွေးနီရောင်ရေဘဝဲအား
သတ်ဖြတ်ခဲ့သည့်လူငယ်လေးမှာ ဟင်းလင်းပြင်ထဲတွင်ဝံ့ကြွား
စွာရပ်နေပြီး အောက်တွင်ရှိ
နေသောသူများအား ငုံ့ကြည့်နေပြီး သူကဤကမ္ဘာ၏ အဓိကဇတ်ဆောင်တစ်
ယောက်ဖြစ်လာခဲ့သည်။
သူ၏ထင်ပေါ်ကျော်ကြားမှုက အောက်တွင်ရှိနေသော ပြိုင်ဘက်ကင်းပါရမီရှင်သုံးယောက်အား လွှမ်းမိုးသွားသည့်ပုံပေါ်လေသည်။
ဤအချိန်တွင်ရှစ်ဖုန့်၏မျက်
လုံးတို့ကအေးစက်နေပြီး သူ့အား အလစ်အငိုက်တိုက်ခိုက်ခဲ့သော ရို့ဖှေးဖန်းအားစိုက်ကြည့်နေသည်။
ဤလူအနေဖြင့်ယနေ့တွင်
သေရလိမ့်မည်ဖြစ်သည်။
“ချလွမ်”
ဓားအိမ်အတွင်းမှ ဓားတစ်ချောင်းထွက်လာ
သည်အသံထွက်ပေါ်လာသည်။ ရို့ဖှေးဖန်း၏ဓားလက်ချောင်း
အောက်တွင် သူ၏နောက်ကျောဘက်တွင်ရှိ
နေသောဓားရှည်မှာရုတ်တ
ရက်ဓားအိမ်မှထပ်မံ၍ထွက်
လာပြီးကောင်းကင်ထဲတွင်ရှိ
နေသောရှစ်ဖုန့်ထံသို့တိုက်ရိုက
်ပစ်ဝင်သွားသည်။ ဓားရှည်ဖြတ်သန်းသွားရာနေရာတိုင်းတွင် ဓားရိပ်များပေါ်လာပြီး ထိုဓားရိပ်များက သိပ်သည်းစွာဖြင့်ပင်မဓားနှင့်
အတူတကွစုစည်းသွားသည်။ ၎င်းတို့က သိပ်သည်းသောဓားပင်လယ်တစ်ခုကဲ့သို့ ရှစ်ဖုန့်အား၎င်းတို့အတွင်း
နစ်မြုပ်သွားစေရန်ကြိုးစားကြသည်။
ဓားပင်လယ်က အောက်ဘက်မှတစ်ဟုန်ထိုး
တက်လာသော်လည်း ရှစ်ဖုန့်မှာအထင်သေးမှုများ
ဖြင့်ပြည့်နှက်နေသည်။ သူကရုတ်တရက်သူ၏ခြေ
ထောကိုဆောင့်နင်းလိုက်ပြီး စွမ်းအားကြီးလှိုင်းတစ်ခုက ရှစ်ဖုန့်၏ခြေဆောင့်ချက်
အောက်တွင်ဖြစ်ပေါ်လာသည်။ ရုတ်ခြည်းဆန်စွာဖြင့် သိပ်သည်းသောဓားပင်လယ်
မှာရုတ်တရက်ဆိုသလို
ပျောက်ကွယ်သွားသည်။ ရို့ဖှေးဖန်း၏ပင်မဓားပင် ရှစ်ဖုန့်ခြေထောက်
ကြောင့်ပြန်ကန်ထုတ်ခံလိုက်ရပြီး ရို့ဖှေးဖန်းထံသို့ တစ်ဟုန်ထိုးပြန်လည်လွင့်ပျံသွားသည်။
“ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ရို့ဖှေးဖန်း၏မျက်လုံးတို့မှာ
ပြူးကျယ်နေသည်။ ရှစ်ဖုန့်ယခင်ကသတ်ဖြတ်ခဲ့
သောမရေတွက်နိုင်သည့်
ပါရမီရှင်များကဲ့သို့ပင် သူသည်လည်းမယုံကြည်နိုင်
သောအမူအယာတစ်ခုကိုပြသနေသည်။
သူ့ရှိသမျှအားလုံးဖြင့်တိုက်
ခိုက်ခဲ့သော်လည်း ၎င်းမှာအလွယ်တကူရှုံးနိမ့်
သွားခဲ့ရသည်။ရို့ဖှေးဖန်းမှာ ယင်းအားယုံကြည်ရန်နှင့်
လက်ခံနိုင်ရန်ခက်ခဲနေသည်။ သူသည်ပါရမီရှင်တစ်ယောက်ဖြစ်သည်။ သူကထျန်းကျန့်မဟာမိတ်အဖွဲ့၏ပါရမီရှင် ရို့ဖှေးဖန်းဖြစ်လေသည်။
“အား”
ရို့ဖှေးဖန်းတစ်ယောက်ကောင်း
ကင်ထက်ကိုမော့၍ အော်ဟစ်လိုက်သည်။ ရို့ဖှေးဖန်း၏အချိန်အကြာကြီး
တစ်ဆို့ကြန့်ကြာနေခဲ့သော သူ၏ပြဿနာမှာဤအချိန်၌
ကျိုးပျက်သွားပြီး ကြယ်ငါးပွင့်
ဘိုးဘေးနယ်ပယ်
သို့ခြေလှမ်းချနိုင်သွားသည်။
ရို့ဖှေးဖန်းထံသို့ တစ်ဟုန်ထိုးပြန်လည်လွင့်ပျံလာသော ပင်မဓားမှာ သူ၏ဓားလက်ချောင်းဖြင့်အ
ပေါ်တည့်တည့်သို့ထိုးညွှန်လိုက်ချိန်တွင် လျှင်မြန်စွာရပ်တန့်သွားသည်။ ရို့ဖှေးဖန်းကသူဓားလက်ချောင်းဖြင့် လေထဲတွင်စက်ဝိုင်းတစ်ခုကိုရေးဆွဲလိုက်ပြီး ထို့နောက် အပေါ်သို့ထိုးညွှန်လိုက်သည်။
ဓားရှည်ကရုတ်ချည်း အရှိန်အဟုန်ဖြင့်စတည်လည်ပတ်လာပြီး သိပ်သည်းသောဓားရိပ်အလွှာ
များကိုဟင်းလင်းပြင်ထဲတွင်
ချန်ထားရစ်ခဲ့သည်။ ထိုဓားရိပ်များကလည်ပင်မဓားနှင့်အတူ ရူးသွပ်စွာလည်ပတ်လာသည်။ မျက်စိတ်တစ်မှိတ်အတွင်း ဟင်းလင်းပြင်ထဲတွင်ဓားရိပ်များ
ဖြင့်ဖွဲစည်းထားသောမုန်တိုင်း
တစ်ခုဖြစ်ပေါ်လာသည်။
၎င်းကအရာအားလုံးအားဖျစ်
ညှစ်ဖျက်ဆီးပစ်နိုင်စွမ်းရှိသော ရောင်ဝါတစ်ခုကိုသယ်ဆောင်ထားပြီး ရှစ်ဖုန့်ထံသို့သိမ်းကျုံးဦးတည်လာသည်။
“ဟမ့်”
ရှစ်ဖုန့်ကနှာခေါင်းရှုံ့လိုက်ပြီး
အထင်သေးစွာဖြင့်ပြောလိုက်သည်။
“မင်းကဒါကိုလက်သင့်မခံချင်တာလား.
.မင်းကကြယ်ငါးပွင့်ဘိုးဘေး
နယ်ပယ်ဆိုတော့ရောဘာဖြစ်လဲ….”
ထို့နောက်ယခင်ကကဲ့သို့ပင် ရှစ်ဖုန့်က သူ၏ခြေထောက်ဖြင့် သိမ်းကျုံးဦးတည်လာနေသော
ဓားမုန်တိုင်းထံသို့ဆောင့်နင်းချလိုက်သည်။
“ဘန်း”
ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာသည်။
လူအုပ်ကြီး၏တုန်လှုပ်အံ့အားသင့်
နေသောအကြည့်တို့အောက်တွင်
ရှစ်ဖုန့်က ထပ်မံခြေဆောင့်နင်း၍ ရို့ဖှေးဖန်း၏ဓားမုန်တိုင်းပင်လယ်
ကိုဖျက်ဆီးလိုက်သည်။ အဓိကဇတ်ဆောင်ဖြစ်သော ရို့ဖှေးဖန်းပင်ဤတစ်ကြိမ်၌ ရှစ်ဖုန့်၏ခြေဆောင့်ချက်ကြောင့် ထိခိုက်မှုဖြစ်သွားခဲ့သည်။
ဓားပင်လယ်မုန်တိုင်းပင်လယ်မှာ
ပျောက်ကွယ်သွားပြီး အနက်ရောင်ဝတ်ရုံအားဝတ်ဆင်
ထားသည့်ရှစ်ဖုန့်က ဟင်းလင်းပြင်ထဲတွင်ဝံ့ကြွားစွာ
ရပ်နေသည်။ သူကအောက်ကိုအေးစက်သာ
မျက်နှာဖြင့်ငုံ့ကြည့်နေ၏။
သူ၏ဆံပင်ရှည်တို့က လေထဲတွင်တဖျပ်ဖျပ် လူးလွန့်နေပြီး နတ်ဆိုးတစ်ပါးမွေးဖွားလာသ
ကဲ့သို့ပင်ဖြစ်သည်။
“ဒါက..အဲ့လူကဘယ်သူလဲ…
ငါတို့ထျန်းမြောင်အင်ပါယာမှာဘယ်အချိန်ကဒီလိုမျိုးပါရမီရှင်တစ်ယောက်ပေါ်လာခဲ့ရတာလဲ..”
အချို့ကျင့်ကြံသူများမှာနတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ ဗလာနတ္ထိစိုက်ကြည့်နေမိကြသည်။ ရုတ်တရက်သူတို့၏အသိတို့ပြန်ဝင်လာသည်။ သူတို့အနေဖြင့်ဤလူအား တစ်ခါမှမြင်တွေ့ဖူးခြင်းသို့မ
ဟုတ်ကြားဖူးခြင်းမရှိကြချေ။
“ကြည့်လိုက်အဲ့တာစွေ့ကျန့်ပဲ ..ငါအဲ့လူကိုအဲ့အချိန်တုံးက
တွေ့လိုက်တယ်….သူကစွေ့
ကျန့်နဲ့အတူ ခရီးထွက်လာတဲ့ပုံပဲ…
စွေ့ကျန့်တော့သူ့ကိုသိလိမ့်မယ်”
စွေ့ကျန့်သည်လည်းသိပ်မဝေးလှသော
နေရာမှစကားများအားကြားသည်ဖြစ်ပြီး ဝင့်ကြွားစွာရပ်တည်နေသော
အနက်ရောင်ပုံရိပ်အားကြည့်ကာ သူ၏ရင့်ကိုဝင့်ကြွားစွာကော့၍ ဤသူကသူနှင့်တကယ့်သေတူရှင်မကွာ မိတ်ဆွေများဖြစ်သကဲ့သို ပြုမူလိုက်သည်။
ဆက်ရန်….
ဘာသာပြန်သူ-ARISE