အပိုင်း(၂၅၄)
Vol. 17 Ch. 254
စွေ့ကျန့်အားသိကြသောသိုင်းသမား
များကစွေ့ကျန့်ထံသို့လျှင်မြန်စွာ
ပျံသန်းသွားလိုက်ကြပြီး သူ့ဘေးတွင်ဆင်းသက်လိုက်ကြသည်။
စွေ့ကျန့်ကသူ၏ခေါင်းအားထပ်
မံ၍ခါယမ်းလိုက်ပြီးသက်ပြင်းချလိုက်သည်။
“အား…ငါ့ရဲ ညီအကိုရေ…ငါမင်းအကြောင်း
ကိုဘာတွေပြောသင့်လဲ…သူကအရမ်းကိုနှလုံးသားနူးညံ့တာပဲ….
ရို့ဖှေးဖန်းကိုသူတစ်ချက်တည်း
နဲသတ်လို့ရရဲ့သားနဲ့
အသက်ရှင်ခွင့်အကြာကြီး
ပေးထားသေးတယ်..အား…
သူကအရမ်းဇွတ်တရွတ်နိုင်တဲ့သူပဲကွာ…”
“စွေ့ကျန့် အဲ့တာမင်းရဲ့ညီအကိုလား”
လူငယ်အင်ပါယာနယ်ပယ်တစ်ယောက်က စွေ့ကျန့်ထံသို့လာပြီးမေးလိုက်သည်။
ထိုလူ၏စကားအားကြား
လိုက်ရသောအခါတွင်
စွေ့ကျန့်က သူခေါင်းကိုခါယမ်းလိုက်ပြီး
ခနဲတဲ့တဲ့အပြုံးနှင့်ပြောလိုက်သည်။
“မင်းတို့တွေတွေ့နေပြီပဲမဟုတ်ဖူးလား..”
ထို့နောက်စွေ့ကျန့်က
သူ၏ခေါင်းကိုဝင့်ကြွားစွာ
မော့၍ပြောလိုက်သည်။
“ဟုတ်တဲ့ ဒါကငါတို့ရဲ့ညီအ
ကိုကောင်းလေးပဲ..
ငါတို့ကကျမ်းကျိန်ဆိုမှုကိုပြု
လုပ်ထားကြတဲ့ညီအကိုတွေ”
“အဲ့လူကကဘယ်သူလဲ…
သူကအရမ်းကိုအစွမ်းထက်တာပဲ…
သူ့နမည်ကဘာတဲ့လဲ…”
တစ်စုံတစ်ယောက်ကမေးလိုက်သည်။ စွေ့ကျန့်၏ဘေးသို့လာခဲ့ကြသော
သူများမှာအတင်းအဖျင်းပြောဆို
ရန်ကြိုက်နှစ်သက်ကြသူများဖြစ်ကြသည်။
သူ့အနေဖြင့်ယခုချိန်ထိတိုင်
အောင်ထိုလူ၏နမည်အားမေး
မြန်းရခြင်းမရှိသေးသည်ကို
စွေ့ကျန့်သဘောပေါက်လိုက်သည်။ သူ့အနေဖြင့်၎င်း၏နမည်အား
မသိသော်လည်း၎င်း၏သရုပ်မှန်
ကိုတော့သူ့အနေဖြင့်သူ့အားပြော
ရလိမ့်မည်ဖြစ်သည်။
“ကောင်းပြီ……….မင်းတို့တွေ
ငါ့ညီအကိုရဲ့ခွင့်ပြုချက်မရဘဲနဲ့
မေးမြန်းမှုတွေကိုမလုပ်ကြပါနဲ့ …မင်းတို့တွေအသတ်ခံရလိမ့်မယ်”
စွေ့ကျန့်က၎င်းတို့အားလေးနက်
သောမျက်နှထားဖြင့်ပြောလိုက်သည်။
“ရှှီး”
လူအများအပြားမှာ လေအေးများကိုတစ်ချိန်တည်း
တွင်ရှူသွင်းလိုက်ကြသည်။ သူ၏နောက်ခံနှင့်နမည်အားမေး
မြန်သည်လောက်နှင့်ပင် သူတို့အနေဖြင့်ဆိုးရွားသောကပ်
ဘေးတစ်ခုအား ဆွပေးသလိုဖြစ်နိုင်သည်ဖြစ်သည်။ ဤလူကကမ္ဘာတွင်မည်ကဲ့သို့လူစား
မျိုးဖြစ်ပါသနည်း။
သူတို့ကသူတိ့ကိုယ်သူတို့အတွက်
တွေးမိကြပြီး အသတ်ခံရနိုင်
သောကြောင့် စွေ့ကျန့်အားနောက်ထပ်မေးခွန်း
များမေးမြန်းခြင်းမပြုကြတော့ချေ။
………………………………………………
ရို့ဖှေးဖန်း၏ပင်မဓားကရှစ်ဖုန့်၏ ခြေဆောင့်ချက်ကြောင့်ကျိုးသွားပြီး
နောက်တွင် သူ၏လည်ချောင်းအတွင်းမှ ချိုမြသောအရာတစ်ခုကိုခံစားလိုက်ရပြီး ပါးစပ်အပြည့်သွေးတစ်ပွက်ကို
အန်ထုတ်လိုက်သည်။
ဤဓားကသူနှင့်အတူယှဉ်တွဲရှိနေ
သည်မှာနှစ်ပေါင်းများစွာရှိ
နေပြီဖြစ်ပြီး ၎င်းပေါ်၌ သူ၏ဝိညာဉ်အမှတ်အသားအား
ရိုက်နှိပ်ထားမှာကြာမြင့်နေပြီဖြစ်သည်။ ထို့ကြောင့်သူ့အနေဖြင့်၎င်းအား
စိတ်ရှိသလိုထိန်းချုပ်
နေနိုင်ခြင်းဖြစ်သည်။ ယခု၎င်းမှာဖျက်ဆီးခြင်းကိုခံလိုက်
ရသည်။ထို့ကြောင့်ရို့ဖှေးဖန်းမှာလည်း တန်ပြန်ရိုက်ခတ်မှုဝေဒနာ
ကိုခံစားလိုက်ရ၏။
ရှစ်ဖုန့်၏ဘယ်လက်က လက်သည်းတစ်ခုပုံစံဖြစ်သွားပြီး အောက်သို့ဖမ်းဆုပ်လိုက်သည်။
“ငရဲဘုံကိုးခု တစ္ဆေ လက်သည်း”
ရုတ်တရက် ဧရာမအဖြူရောင်တစ္ဆေလက်
သည်းကြီးတစ်ခုက ရို့ဖှေးဖန်း၏ခေါင်းထက်
တွင်ပေါ်လာသည်။ လင်းယုန်ငှက်က ကြက်ပေါက်လေးအားထိုး
သုတ်ဖမ်းယူသကဲ့သို့ ၎င်းက ရို့ဖှေးဖန်းအားဖမ်းဆုပ်လိုက်ပြီး
မတင်လိုက်သည်။
“အား..အား..ငါ့ကိုလွှတ်စမ်း..
လွှတ်ပေးစမ်း…သူတောင်းစား”
အဖြူရောင်တစ္ဆေလက်သည်းများက သူ့၏ကိုယ်အားကုတ်ခြစ်နေသည်။
ရို့ဖှေးဖန်းကတစ်စ္ဆေလက်သည်းအတွင်းတွင် ပြင်းပြင်းထန်ထန်ရုန်းကန်လှုပ်ရှားနေပြီး လွန်လွန်ကဲကဲ့ကိုအော်ဟစ်နေသည်။
သို့သော် သူ့အနေဖြင့်အဖြူရောင
်တစ္ဆေလက်သည်း၏ ဖျစ်ညှစ်ထားမှုကိုခံထားရပြီး
သူ၏ခွန်အားအားလုံးအား ပျော့ကျသွားစေသောနှိုင်းယှဉ်၍မရသည့် အေးစက်ပြီးမှုန်မှိုင်းသော ရောင်ဝါတစ်ခုက သူ့အားဝန်းရံထားသည်ကို သူသိလိုက်ရသည်။
အပြင်းအထန်ရုန်းကန်လှုပ်ရှားနေသော ရို့ဖှေးဖန်းအား ကြည့်ကာရှစ်ဖုန့်ကသရော်လိုက်သည်။
အခြားသူများအတွက်မှာမူ သူတို့၏မျက်နှာထက်တွင် ထိတ်လန့်မှုများဖြင့်ပြည့်နှက်နေပြီး အေးစက်သောလေအေးများကိုရှူ
သွင်းမိလိုက်ကြသည်။ ထျန်းကျန့်မဟာမိတ်အဖွဲ့၏ ကျော်ကြားသောပါရမီရှင် ရို့ဖှေးဖန်းမှာဤအချိန်၌ တကယ့်ကို သနားစဖွယ်အခြေအနေသို့
ကျရောက်နေသည်။ သူက စွမ်းအားကြီးတိုက်ခိုက်မှုနှစ်ခုကို
ဆက်တိုက်ဆိုသလိုထုတ်ဖော်ခ
ဲ့သော်လည်း ၎င်းတို့အားလုံးက လူငယ်လေး၏ခြေဆောင့်ချက်
အောက်တွင်ပျက်သုဉ်းသွားခဲ့သည်။ ဤအချိန်တွင်သူအနေဖြင့် အဖြူရောင်လက်သည်းဖြင့်ဆုပ်
ကိုင်ခြင်းကိုခံထားရသော ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ဖြစ်နေပြီး ကျယ်လောင်စွာဖြင့်ငယ်သံပါအောင်
အော်ဟစ်နေသည်။ သူ့၌ နမည်ကျော်ဇောသောကျွမ်းကျင်
သူတစ်ယောက်၏ ကိုယ်
နှုတ်အမူအယာများ ရှိမနေတော့ချေ။
“ဒါကတကယ်ပဲ ရို့ဖှေးဖန်းလား..
သားရေမျက်
နှာဖုံးတစ်ခုကိုဝတ်ဆင်ထားနိုင်တဲ့ တစ်စုံတစ်ယောက်များဖြစ်နေမလား”
အချို့သောသိုင်းပညာများမှာ မယုံကြည်နိုင်ကြပဲ ဤသို့တွေးတောနေကြသည်။
“အဲတာ…ရို့ဖှေးဖန်းက အသုံးမကျလို့မဟုတ်ဖူး…အဲ့ပုဂ္ဂိုလ်က အရမ်းကို..သန်မာအစွမ်းထက်လွန်းနေတာ..”
တစ်စုံတစ်ယောက်က သရော်ပြုံးနှင့်ရှစ်ဖုန့်အားကြည့်၍ တီးတိုးရေရွတ်လိုက်သည်။ သူတို့သည်သာထိုသို့တွေးတောနေ
ကြခြင်းမဟုတ်ပေ။ ပင်လင်ပြင်ထက်တွင်ရပ်နေဆဲဖြစ်သော လင်းယွဲ့ရှင်းနှင့် မင်းသမီးကျိယွင်တို့ပင် တူညီသောအတွေးများရှိကြသည်ဖြစ်သည်။
ထိုထက်ပိုသည်ကား ရို့ဖှေးဖန်းကကြယ်လေးပွင့်ဘိုး
ဘေးနယ်ပယ်ရို့ဖှေးဖန်းမဟုတ်
တော့ချင်းပင်ဖြစ်သည်။ သူသည်ခုဏလေးတင်ကမှ ကြယ်ငါးပွင့်ဘိုးဘေးနယ်ပယ်
သို့ဝင်ရောက်ခဲ့သည်ဖြစ်သည်။ ယင်းကသူ၏လက်ရှိတိုက်ပွဲခွန်အားမှာ လင်းယွဲ့ရှင်းနီးပါးရှိသည်ဟု
ပြောနိုင်သည်ဖြစ်သည်။
ငရဲဘုံကိုးခုလက်သည်းက ရို့ဖှေးဖန်းအားရှစ်ဖုန့်၏ဦးခေါင်း
ထက်သို့မတင်လိုက်သည်။
ထို့နောက်တွင် တစ္ဆေလက်သည်းက ခပ်ကြမ်းကြမ်းဖိညှစ်လိုက်သည်။
“အား”
အဖြူရောင်တစ္ဆေလက်သည်း
အတွင်းတွင်ရှိနေသောရို့ဖှေးဖန်း၏မျက်နှာမှာ ကြမ်းကြုတ်ခက်ထန်မှုတို့ဖြစ်လာပြီး စူးစူးဝါးဝါးဖြင့်ငယ်သံပါအောင်
အော်ဟစ်လိုက်သည်။ထို့နောက် လက်သည်းအတွင်းရှိနေသောရို့ဖှေးဖန်းမှာ အပိုင်းပိုင်းဖြစ်သည်အထိခြေမွခံလိုက်ရသည်။ တောက်ပသောအနီရောင်သွေးများက အဖြူရောင်တစ္ဆေလက်သည်းမှ
စီးဆင်းလာပြီး ရှစ်ဖုန့်ပေါ်သို့တစ်စက်စက်ကျ
ဆင်းလာသည်။ သွေးများကရှစ်ဖုန့်အားထိသွားချင်းချင်း ရှစ်ဖုန့်ခန္ဓာကိုယ်၏စုပ်ယူခြင်း
ကိုခံလိုက်ရသည်။
ထျန်းကျန့်မဟာမိတ်အဖွဲ့၏
ပါရမီရှင်ဖြစ်သူ ကြယ်ငါးပွင့်
ဘိုးဘေးနယ်ပယ်
ကျွမ်းကျင်သူ ရို့ဖှေးဖန်းမှာသေဆုံးသွားခဲ့ပြီဖြစ်သည်။
ရို့ဖှေးဖန်းသေသည်အထိ ခြေဖွခံရသောသွေးစွန်းသော
မြင်ကွင်းမှစ၍ လူများကအနက်ရောင်ဝတ်ရုံ
နှင့်လူငယ်အား ဆက်လက်ကြည့်ရှုနေကြသည်။ သူတို့အနေဖြင့်သူတို့၏
ကျောရိုးများအထိတိုင်အေးစိမ့်မှု
ကိုခံစားလိုက်ရပြီးသူတို့၏ အမွှေးအမျှင်များပင် အဆုံထိထောင်မတ်သွားသည်။ နတ်ဆိုး..ဤသည်မှသွေးဆာ
သည့်နတ်ဆိုးတစ်ကောင်ပင်ဖြစ်လေသည်။
ဖြည်းဖြည်းချင်းသွေးနီရောင်
ရေဘဝဲကြီးက ရှုံ့တွခြောက်သွေ့သွားခဲ့သည်ကိုပြန်လည်၍ အမှတ်ရလာကြသည်။
ယင်းမှာဤပုဂ္ဂိုလ်မှ ၎င်း၏သွေးများအားလုံးအားစုပ်ယူ
လိုက်ခြင်းကြောင့် ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။
ဤလူ၏နောက်ခံအားမေးမြန်းခြင်း
မပြုရန်စွေ့ကျန့်၏သတိပေးမှု
ကိုခံရသည့်သိုင်းသမားများမှာ
စွေ့ကျန့်အား ကျေးဇူးအထူးတင်နေကြသည်။
ဤလူမှာသွေးဆာသောသူဖြစ်သည်။ သူသည်မိစ္ဆာဂိုဏ်းတစ်ခု၏အဖွဲ့
ဝင်တစ်ယောက်ဖြစ်ရမည်ဖြစ်သည်။
မိစ္ဆာဂိုဏ်းများ၏အဖွဲ့ဝင်များက သွေးဆာပြီးရက်စက်သည်ဟုပြောကြသည်။
သူတို့သာ၎င်း၏သရုပ်မှန်နှင့်
၎င်းသိရှိခွင့်မရှိသောလျှို့ဝှက်ချက်တို့အား သိသွားခဲ့လျှင် သူတို့၏မိသားစုတစ်ခုလုံအ
သတ်ခံရပြီး နောက် သူတို့၏
မျိုးဆက်ကိုးခုတိုင်
သုတ်သင်ခြင်းခံရလိမ့်မည်ဖြစ်သည်။
ဤအခိုက်အတန့်တွင်စွေ့ကျန့်က အခြားသူများ၏ အကြည့်များနှင့် အမူအယာများအားသတိပြုမိခြင်းမရှိချေ။
ဤအခိုက်အတန့်တွင်သူ၏
မျက်လုံးများက ပြူးကျယ်နေပြီး
သူ၏ပါးစပ်က ဝလုံးကဲ့သို့ ကျယ်လောင်စွာပွင့်ဟနေသည်။ ၎င်းမှာအရမ်းကိုစိတ်ဝင်
စားနေခဲ့ခြင်းဖြစ်သည်။
“သေစမ်း”
သူ့သည်ဤပုဂ္ဂိိုလ်နှင့် သာမန်ကာလျှံကာသာတွေ့
ဆုံခဲ့ပြီးစကားများပင်ဖလှယ်ခဲ့သေးကာ သူ့ကိုညီအကိုဟုပင်ခေါ်ဝေါ်ခဲ့
သေးသည်ဖြစ်သည်။ ၎င်းကဤကဲ့သို့သောလူမျိုး
တစ်ယောက်ဖြစ်နေလိမ့်မည်
ဟုမည်သူက ထင်ပါမည်နည်း။
ဤအချိန်တွင် လူတိုင်း၏မျက်လုံးများကသူ့အပေါ်၌ အာရုံစိုက်နေသည်ကို သဘောပေါက်ပြီးဖြစ်သည်။ ဤအခိုက်အတန့်တွင် သူသည်ဤကမ္ဘာ၏ အဓိကဇတ်ဆောင်တစ်ယောက် ဖြစ်လာခဲ့သည်ဖြစ်သည်။ သူ့ပတ်ဝန်းကျင်တွင်ရှိနေသော သိုင်းသမားများအားကြည့်
လိုက်ပြီးနောက် ရှစ်ဖုန့်ကသူတို့အားလျစ်
လျူရှုလိုက်ပြီး သူ၏ခေါင်းကိုလှည့်၍ နက်ရှိင်းသောသွေးပင်လယ်ထံ
သို့ကြည့်လိုက်သည်။ သူက သွေးတောင်ထွတ်နှင့်
သွေးကျောက်ပြားရှိရာ ဦးတည်ချက်သို့ ဆက်လက်ပျံသန်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း
သူကသိုင်းသမားများ၏
မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားသည်။
“အား”
ရှစ်ဖုန့်သူတို့၏မြင်ကွင်း
မှပျောက်ကွယ်မသွားခင်အချိန်လေးတွင် သိုင်းသမားများစွာမှာ သူတို့၏အသိများပြန်ဝင်လာကြသည်။
သူတို့က သွေးနီရောင်တောင်
ထွတ်ရှိရာ ဦးတည်ချက်သို့ အလျင်အမြန်တစ်ဟုန်ထိုးဦး
တည်လိုက်ကြသည်။
သွေးပင်လယ်၏အထက်တွင်
လင်းယွဲ့ရှင်းနှင့် မင်းသမီးကျိယွင်တို့က တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်ကြည့်လိုက်ကြပြီး ပြုံးပြလိုက်ကြသည်။ သူတို့က ငွားငွားစွင့်စွင်ဖူးပွင့်နေကြသော ပန်းလေးများကဲ့သို့ပင်ဖြစ်သည်။ မင်းသမီးကျိယွင်ကအရင်ဆုံး
စကားပြောလိုက်သည်။
“အမယွဲ့ရှင်း မတွေ့ရတာကြာပြီနော်”
“မတွေ့ရာတာကြာပြီညီမလေးကျိယွင်”
လင်းယွဲ့ရှင်းက ခေါင်းညိမ့်လိုက်ပြီး ပြုံးပြလိုက်သည်။ ထို့နောက်တွင်အမျိုးသမီးနှစ်ယောက်က အကွာအဝေးတစ်ခုအတွင်းတွင်ရှိနေသော သွေးတောင်ထွတ်ကိုကြည့်လိုက်ကြသည်။ လှပသောပုံရိပ်လေးနှစ်ခုက လေထဲတွင်လျှင်မြန်စွာပျံသန်းသွားကြသည်။
ပျံသန်းနေရင်းလင်းယွဲ့ရှင်းကမေးလိုက်သည်။၊
“ချီလီဘုရင်က စစ်တလင်းပြိုင်ကွင်းတစ်ခုကိုပြင်ဆင်ပြီးတော့ ညီမလေးအတွက်ကြင်ဖက်ရှာပေးဖို့ သိုင်းပြိုင်ပွဲတစ်ခုကျင်းပမယ်လို့ပြောကြတယ်.. တော်တဲ့ သားမက်တစ်ယောက်ကိုရှာဖွေဖို့လား…. “
လင်းယွဲ့ရှင်း၏စကားများအားကြား
လိုက်ရသောအခါတွင် မင်းသမီးကျိယွင်က သက်ပြင်းချပြီးပြောလိုက်သည်။
“ဘယ်လိုလုပ်ပြီးညီမအဖေက ညီမကိုနားလည်နိုင်မှာတဲ့လဲ..
ကမ္ဘာပေါ်က ဒီအပုပ်နံ့ထွက်နေတဲ့ ယောက်ျားတွေက အမယွဲ့ရှင်းနဲ့ဘယ်လိုလုပ်ပြီး
တော့နှိုင်းယှဉ်လို့ရနိုင်မှာတဲ့လဲ…
ကျွန်မတို့တွေပက်သက်ပြီးတဲ့
နေ့ကတည်းက ညီမစိတ်ထဲမှာ အမယွဲ့ရှင်းရဲ့ပုံရိပ်က ညတိုင်းလိုပေါ်လာခဲ့တယ်”
“အာ..”
ကျိယွင်၏စကားများအားကြား
လိုက်ရသောအခါတွင် လင်းယွဲ့ရှင်းသည်လည်း
သက်ပြင်းချလိုက်ပြီးပြောလိုက်သည်။
“ကျိယွင် ညီမလေးအနေနဲ့ အမကိုမေ့ပစ်လိုက်တာပိုကောင်းမယ်…
တို့နှစ်ယောက်ကြားမှာ အဆုံးသက်ကြဘာရလဒ်မှ ရှိမှာမဟုတ်ဖူးဆိုတာကို ညီမလေးသိသင့်တယ်…
ဒီလိုများဒုက္ခဝေဒနာတွေကို
ဆက်ပြီးခံစားနေမဲ့အစား ဘာလို့တို့တွေတစ်ယောက်နဲ့တစ်ယောက် လုံးဝမေ့ပစ်လိုက်ကြပြီးတော့ တကယ့်အစစ်အမှန်မိန်းမ
တွေမဖြစ်နိုင်ရတာလဲ”
မမျှော်လင့်ထားဘဲ ထျန်းမြောင်အင်ပါယာ၏ နံပါတစ်နှင့်နံပါတ်နှစ်ဖြစ်ကြသော အလှပဂေလေးနှစ်ယောက်ဖြစ်ကြသည့် ချစ်ခြင်းတရားကိုလက်ကိုင်
ထားကြသောချစ်သူစုံတွဲဖြစ်နေလေသည်။
ဆက်ရန်….
ဘာသာပြန်သူ-ARISE