အပိုင်း (၂၅၅)
Vol. 17 Ch. 255
သွေးနီရောင် ပင်လယ်ပြင်နှင့်
သိပ်မဝေးလှသော သွေးရောင်ကုန်းမြေပြင်တစ်ခုပေါ်တွင် ငယ်ရွယ်သောပုံရိပ်တစ်ခုက
မတ်တပ်ရပ်နေပြီး ရှစ်ဖုန့်၏
ထွက်ခွာသွားသော
ပုံရိပ်အားအေးစက်စွာစိုက်ကြည့်နေသည်။ ဤပုဂ္ဂိုလ်တွင်အေးစက်ပြီး ချောမောသောမျက်နှာတစ်ခုရှိ၏။ သူကယန်ကျုံးမှလွဲ၍တစ်ခြား
မည်သူဖြစ်နိုင်ပါမည်နည်း။
ဤအချိန်တွင် ယန်ကျုံး၏တစ်ခါက ပြတ်သားမှုရှိခဲ့သော မျက်နှာက ရှစ်ဖုန့်၏ပုံရိပ်ပျောက်ကွယ်သွားသော ကောင်းကင်ထံသို့ကြည့်နေသည်။
ဤအချိန်တွင် သူ၏မျက်နှာထက်၌ ခံစာချက်တို့ဖြစ်ပေါ်နေသော လက်က္ခဏာတစ်ခုရှိနေသည်။
“ဘာဖြစ်လို့လဲ ကျုံးအာ..
မင်းဒေါသထွက်တဲ့ဝေ
ဒနာကိုခံစားနေရတာလား”
ယန်ကျုံး၏လည်ပင်းထက်တွင် ချိတ်ဆွဲထားသော ကျောက်စိမ်းပြားထံမှ အိုမင်းပြီးအက်ကွဲကွဲနိုင်သော
အသံတစ်ခုကိုထုတ်လွှတ်လာသည်။
“ဆရာ ..ဒီလူရဲ့ ပါရမီစွမ်းရည်က
အရမ်းကို ကြောက်ဖို့ကောင်းတယ်…
ငရဲဘုံကိုးခုရဲ့အဆက်အနွယ်
တွေအားလုံးက အရမ်းကိုမွန်းစတားဆန်ကြတာပဲလား”
ယန်ကျုံးကမေးလိုက်သည်။
“ဒီပုဂ္ဂိုလ်ကိုက နှစ်ပေါင်း
တစ်ထောင်မှာမှ တစ်ကြိမ်သာပေါ်ပေါက်လာနိုင်တဲ့ ရှားပါးတဲ့ပါရမီရှင်တစ်ယောက်
လို့သုံးသပ်လို့ရတယ်..ငရဲဘုံကိုးခု ရဲ့မျိုးဆက်အဆက်အနွယ်
တွေထဲမှာတောင် သူ့ရဲပါရမီက ထူးခြားတယ်လို့သုံးသပ်နိုင်တယ်… သူသာဆက်ပြီးတော့ကြီးထွားလာရင် သူကနောက်ထပ်ငရဲဘုံကိုးခု
ဧကရာဇ်တစ်ပါးကိုမွေးထုတ်
လိုက်သလိုဖြစ်လာလိမ့်မယ်..”
အသံအိုပိုင်ရှင်ကပြောလိုက်သည်။
ထို့နောက်သူ၏လေသံက စိတ်ပိုင်းဖြတ်ထားမှု၊သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ဖြင့်ပြည့်နှက်နေသည်။
“ဒါကြောင့်ကျုံးအာ…ဒီငရဲဘုံကိုးခု သူတောင်းစားလေးကို ဆက်ပြီးတော့အသက်ရှင်ခွင့်
ပေးထားလို့မဖြစ်ဖူး..မင်းပိုပြီး
တော့အစွမ်းထက်သာမာလာပြီး သူ့ကိုမင်းလက်တွေနဲ့ကိုယ်တိုင်
သတ်ပစ်ရမယ်”
“သူ့ကိုသတ်ဖို့ပြောတာက လုပ်ရတာထက်ပိုပြီးတော့လွယ်တယ်”
ယန်ကျုံးက ညင်သာစွာ
သက်ပြင်းချလိုက်သည်။ ဤပုဂ္ဂိုလ်က သွေးရောင်တောင်ထွတ်ဆီသို့
သွားခြင်းကြောင့် သူ့အနေဖြင့် ရွေးချယ်စရာမရှိဘဲ ဤပုဂ္ဂိုလ်နှင့် ပက်ပင်းတိုးခြင်းမှရှောင်ကြဉ်ရန် လက်လျော့လိုက်ရသည်။
သူကရှစ်ဖုန့်နှင့်အကြိမ်ပေါင်း
များစွာတွေ့ဆုံခဲ့သော်လည်း အကြိမ်တိုင်းအကြိမ်တိုင်းထပ်
ကာထပ်ကာ ကဖျက်ယဖျက်
အလုပ်ခံခဲ့ရသည်။
အစကသူသန်မာအစွမ်းထက်
လာသည့်အချိန်တွင် ဤလူက သူ၏နောက်၌အများကြီးပြတ်
ကျန်ခဲလိမ့်မည်ဟုတွေးထင်ခဲ့မိသည်။ သူတို့ထပ်မံတွေ့ဆုံသည့်အချိန်တွင် သူ့ထက်ထပ်မံ၍အစွမ်းထက်
သန်မာနေလိမ့်မည်ဟုသူမမျှော်
လင့်ထားခဲ့မိချေ။ ပြီးတော့ယခုလည်းသူက
ကြောက်မက်ဖွယ်ကောင်း
လောက်အောင်အစွမ်းထက်
လာပြန်ပီဖြစ်သည်။
ယန်ကျုံး၏စိတ်ပျက်လက်ပျက်ဖြစ်နေမှုနှင့် ဗလာနတ္ထိစိတ်အနေအထားဖြစ်နေသောအသွင်အပြင်အားမြင်ရသောအခါ ကျောက်စိမ်းပြားအတွင်း
တွင်ရှိနေသောအိုမင်းသောအသံပိုင်ရှင်က အလျှင်အမြန်ပြောလိုက်သည်။
“ကျုံးအာ မင်းအနေနဲ့ အစွမ်းထက်သန်မာလာရမဲ့နှလုံးသားကို ဆုံးရှုံးလိုက်လို့မဖြစ်ဖူး..
မင်းကိုယ်မင်းယုံကြည်ပါ…
မင်းသူ့ကိုသတ်နိုင်မှာပါ…
မင်းရဲ့ပါရမီကသူ့ထက် ဘာမှဆိုးနေတာမဟုတ်ပါဘူး..
မင်းအရင်ကဆရာ့ကိုဘာပြောခဲ့လဲဆိုတာကို မေ့သွားပြီလား”
အိုမင်းပြီးအက်ကွဲကွဲနိုင်သောအသံရှင်၏စကားများက ယန်ကျုံ၏အမူအယာအားများ
စွာပြောင်းလဲသွားစေသည်။ ချက်ချင်းပဲယန်ကျုံး၏ ညိုးငယ်နေသော မျက်နှာမှာ သန္နိဋ္ဌာန်ချထားသည့်အသွင်
အပြင်များပြန်လည်၍ရရှိလာသည်။
“ငါ…ယန်ကျုံး ရှုံးနိမ့်တယ်ဆိုတာကို လက်မခံနိုင်ဘူး..ငါယန်ကျုံး
သိုင်းပညာလမ်းစဉ်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိပြီးတော့ ကမ္ဘာကြီးကို အပေါ်စီးကနေကြည့်နိုင်ရမယ်…ပြီးရင် ရန်သူအားလုံးကိုငါ့ရဲ့ခြေဖဝါးအောက်မှာ နင်းခြေပစ်မယ်…. ငါယန်ကျုံး ငါ့ဆရာအတွက်လက်စားချေပေးမယ်..
ငါယန်ကျုံးချင်ယူဖန်း လင်ယွဲ့ဖုန်းနဲ့ ငရဲဘုံးကိုးခုရဲ့ ပက်သက်တဲ့သူအားလုံးကိုသတ်ပစ်မယ်”
………………………………………………………………………..
ရှစ်ဖုန့်၏ပုံရိပ်က သွေးနီရောင်ဟင်းလင်းပြင်ကို ထိုးခွင်းပြီးဆက်လက်ပျံသန်းနေသည်။ သူ၏အောက်ဘက်တွင် တလိပ်လိပ်ထနေသော သွေးနီရောင်ပင်လယ်ပြင်ကရှိနေဆဲဖြစ်သည်။
“ညီအကို ..ငါ့ကိုစောင့်ပါအုံးညီအကို”
ထို့နောက်တွင် ရှစ်ဖုန့်၏နောက်ဘက်မှ အစောတလျှင်အော်သံတစ်ခု ထွက်ပေါ်လာသည်။
ရှစ်ဖုန့်ကရပ်တန့်လိုက်ပြီး
လှည့်ကြည့်လိုက်သည်။ စွေ့ကျန့်အမည်နှင့်လူက သူ့ထံသို့် တစ်ဟုန်ထိုးလာနေသည်ကို
တွေ့လိုက်ရသည်။ သူကရှစ်ဖုန့်၏ရှေ့တည့်တည့်
ရောက်ရှိခြင်းမရှိသည်အထိရပ်တန့်ခြင်းမရှိပေ။ သို့သော်စွေ့ကျန့်၏မျက်နှာမှာ အားမာန်များဖြင်ပြည့်နှက်နေပြီး သူကပင့်သက်ရှိုက်လိုက်သည်။ ရှစ်ဖုန့်အားလိုက်မီနိုင်ရန်အတွက် သူကကြယ်ခုနှစ်ပွင့်အင်ပါယာ
နယ်ပယ်ဖြစ်နေသော်လည်း သူ၏စွမ်းအင်တော်တော်များများ
ကိုအသုံးပြုခဲ့သည့်ပုံပေါ်သည်။
“ဘာဖြစ်လို့လဲ”
ရှစ်ဖုန့်ကစွေ့ကျန့်အား မေးလိုက်ပြီးမျက်မှောင်ကြုတ်လိုက်သည်။
“ဟီးဟီး”
ရှစ်ဖုန့်အားကြည့်လိုက်က စွေ့ကျန့်ရိုးသားသောအပြုံးတစ်ခုကိုပေးလိုက်သည်။ ဤအချိန်တွင် သူကရှစ်ဖုန့်အားသူနှင့်အဆင့်တူ
သောသိုင်းပညာရှင်တစ်ယောက်
အဖြစ်မဆက်ဆံတော့ပေ။ ထိုအစားသူက ရှစ်ဖုန့်၏ရှေ့တွင်အနည်းငယ်
ထိန်းချုပ်လိုက်သည်။
စွေ့ကျန့်၏မျက်နှာထက်တွင် အပြုံးများဖြင့်ဝေဆာနေပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။
“ဘာမှမဟုတ်ပါဘူး …ငါကညီအကိုနဲ့တူ လိုက်ချင်လို့ပါ …အနည်းဆုံး
ငါ့မှာအဖော်တစ်
ယောက်ရတာပေါ့”
“မင်းကကြယ်ခုနှစ်ပွင့် အင်ပါယာနယ်ပယ်တစ်ယောက်ပဲ…
မင်းကငါ့လောက်မြန်မြန် ဟင်းလင်းပြင်ကိုထိုးခွင်းပြီးတော့
ပျံသန်းနိုင်မှာမဟုတ်ဖူး… မင်ကိုစောင့်ဖို့အတွက်နဲ့ငါ့ရှိန်ကို
လျော့ချပြီးတော့ အချိန်မဖြုန်းချင်ဘူး..
ပြီးတော့ မင်းရဲ့မူလစွမ်းအင်တွေကလည်း
တော်တော်လေးကိုကုန်ဆုံးလိမ့်မယ်”
ရှစ်ဖုန့်က တဲ့တိုးပင်ပြောလိုက်သည်။ သူပြောသည်ကရှင်းသည်။ မင်းအရမ်းကိုအားနည်းသည်ဟု
ပြောလိုက်ခြင်းပင်ဖြစ်သည်။၎င်းနှင့်အတူနေခြင်းကသူ၏အချိန်များကိုဖြုန်းတီး
လိုက်သလိုသာဖြစ်နေလိမ့်မည်ဖြစ်လေသည်။
“အာ..”
စွေ့ကျန်မှာရှစ်ဖုန့်ကအရမ်း
တိုက်ရိုက်ဆန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူရုတ်တရက်အခက်ကြုံသွားရသည်.။
ထို့နောက်စွေ့ကျန့်ကပြောလိုက်သည်။
“ညီအကိုမင်းကအရမ်းအစွမ်း
ထက်တဲ့သူဖြစ်တာကြောင့် ငါ့အတွက်တစ်ယောက်ယောက်
ကိုကူညီပြီးတော့သတ်ပေးနိုင်မာလာ…
ဆုလာဘ်အတွက်ငါတို့တ
ွေပြောဆိုလို့ရပါတယ်…”
စွေ့ကျန့်ကလှည့်လိုက်သောအခါတွင် အကွာအဝေးတစ်ခုမှပျံသန်း
လာနေသောကြယ်ရှစ်ပွင့် အင်ပါယာနယ်ပယ်ကျင့်ကြံသူ
တစ်ယောက်ကိုတွေ့လိုက်ရသည်။ သူသည်ထိပ်ပြောင်ပြောင်နှင့် ကြမ်းကြုတ်သောမျက်နှာထားရှိသူဖြစ်သည်။ စွေ့ကျန့်ကထိုလူအားညွှန်ပြ
လိုက်ပြီးပြောလိုက်သည်။
“အဲ့လူက တတိုဂိုဏ်းက ဝမ့်လောင်ဝူတဲ့ …သူကငါတို့ရဲ့ရှောင်ယောင်
ဂိုဏ်းကိုအနိုင်ကျင့်ပြီးတော့ ယုတ်မာမှုမျိုးစုံနဲ့သောင်း
ကျန်းမှုတွေကိုပြုလုပ်တဲ့သူပဲ..ညီအကို သူ့ရဲ့အသွင်အပြင်ကိုကြည့်ရုံနဲ့
တင်ဒါတေကိုမင်းပြောနိုင်စွမ်းရှိသင့်ပါတယ်.
မင်းသူ့ကိုကူညီပြီးတော့သတ်
ပေးနိုင်မလား..စကားမစပ် ဒါကကောင်းကင်ဘုံရဲ့လိုအင်
ဆန္ဒတစ်ခုလည်းဖြစ်နေနိုင်တယ်လေ”
ထိပ်ပြောင်ပြောင်နှင့်ကြမ်းကြုတ်သောမျက်နှာသွင်ပြင်ရှိသည့် ဝမ့်လောင်ဝူမှာ လေကိုထိုးခွင်းပျံသန်းနေရင်း ရုတ်တရက်ရှောင်ယောင်ဂိုဏ်းမှ
စွေ့ကျန့်က အစောပိုင်းက ရို့ဖှေးဖန်းအားသတ်ပစ်ခဲ့သည့်
လူငယ်၏ဘေးတွင်ရပ်ပြီး သူ့အားညွှန်ပြနေသည်ကိုမြင်
တွေိ့လိုက်ရသည်။ထိုအခါသူ၏ အမူအယာမှာပြင်းပြင်းထန်ထန်
ကိုပြောင်းလဲသွားသည်။ ချွေးအေးများထွက်လာပြီးတုံ့ဆိုင်း
နေခြင်းအလျင်းမရှိဘဲ သူကပြန်လှည့်၍ လေကိုထိုးခွင်းကာ ထွက်ပြေးတော့သည်။
သူနှင့်စွေ့ကျန့်တို့၏ကြားထဲ၌ အာဃာတတရားတစ်ခုရှိသည်ဖြစ်သည်။ ကြီးမားသောအာဃာတတရား
တော့ရှိသည်မဟုတ်ချေ။ တစ်ခါကသူဆောင်ကြမြိုင်သို့သွားချိန်တွင် စွေ့ကျန့်ကြိုက်နှစ်သက်၍ယူထား
သောအမျိုးသမီးအားသူက
လုယူခဲ့ခြင်းဖြစ်သည်။
အဝေးသို့ပျံသန်းထွက်ပြေးသွား
သောထိပ်ပြောင်ပြောင်နှင့်
ဝမ့်လောင်ဝူအားကြည့်ကာ ရှစ်ဖုန့်ကသူ၏ခေါင်းကိုခါယမ်း
လိုက်ပြီးစွေ့ကျန့်ကိုပြောလိုက်သည်။
“မင်းတို့နှစ်ယောက်ကြားမှာရှိ
တဲ့အာဃာတတရားတွေကို မင်းတို့ရဲ့ကိုယ်ပိုင်ဓားတွေနဲ့ပဲ
ကိုင်တွယ်ဖြေရှင်းသင့်တယ်”
ထို့နောက်တွင်ရှစ်ဖုန့်က စွေ့ကျန့်အားဘာမှထပ်မံပြော
ဆိုခြင်းမရှိတော့ချေ။ သူကလှည့်လိုက်ပြီး အဝေးသို့ပျံသန်းလိုက်ကာ ကသိကအောင့်ဖြစ်နေသော
မျက်နှာထားနှင့်စွေ့ကျန့်အား
လေထဲတွင်ချန်ထားရစ်ခဲလိုက်သည်။
စွေ့ကျန့်ကသက်ပြင်းချပြီးပြောလိုက်သည်။
“အဲ့ထိပ်ပြောင်တကယ်ကံကောင်းသွားတာပဲ”
သွေးပင်လယ်ထက်တွင်မရေတွက်နိုင်သော ပုံရိပ်များကလေကိုထိုးခွင်း၍ အရှိန်အဟုန်ဖြင့်ပျံသန်းနေကြဆဲဖြစ်သည်။ အရင်ကအရိပ်ပမာဖြစ်နေခဲ့သော
သွေးတောင်ထွတ်က ဖြည်းညှင်းစွာဖြင့် ကျစ်လစ်ဖွဲ့စည်းပုံပေါ်လာသည်ကို ကျင့်ကြံသူများ ဖြည်းဖြည်းချင်းသတိထားမိလာကြသည်။ ဤတွေ့ရှိမှုကကျင့်ကြံသူများအား ကြီးစွာသောတန်လှုပ်မှုကိုဖြစ်စေပြီးနောက်ဆုံးတွင် ပျော်ရွှင်မှုများဖြင့်ပြည့်နှက်နေကြသည်။ ယင်းမှာသူတို့အနေဖြင့် သွေးနီရောင်တောင်ထွတ်သွေးနီ
ရောင်ကျောက်ပြားတို့နှင့် နီးကပ်သည်ထက်နီးကပ်လာ
သည်ဟုဆိုလိုခြင်းပင်ဖြစ်သည်။ ယင်းမှာသူတို့မြင်တွေ့နေရသောမြင်ကွင်းက အတုအယောင်မဟုတ်ပဲ အစစ်အမှန်ဖြစ်သည်ဟုဆို
လိုခြင်းလည်းဖြစ်လေသည်။
ဤအရာအားတွေးမိကြသောအခါတွင်
ကျင့်ကြံသူများမှာ သူတို့၏ရွေ့လျားမှုများကို အလောတကြီးလုပ်ဆောင်လိုက်ကြပြီး သူတို့၏ရွေ့လျားမှုပညာရပ်များကို
အရှိန်အဟုန်မြှင့်တင်၍ ပို၍မြန်ဆန်စွာဖြင့်လေကိုထိုးခွင်း
ပျံသန်းလိုက်ကြသည်။ သူတို့၏နှလုံးသားထဲတွင် စိတ်ကူးယဉ်မှုများ၊မျှော်လင့်ချက်
များဖြင့်ပြည့်နှက်နေသည်။ အချို့သောကျင့်ကြံသူများမှာ သူတို့အနေဖြင့်ရှားပါးရတနာများနှင့် ပြိုင်ဘက်ကင်းကျင့်ကြံနည်းလမ်း
များကိုရပြီးသည့်နောက်တွင် ရင်ဆိုင်ရမည့်သူတို့၏ရန်သူများ
ဖြစ်ကြသည့်မျက်နှာများကိုပင် မြင်ယောင်လာကြသည်။
ရှစ်ဖုန့်သည်လည်းကျစ်လျစ်ဖွဲ့
စည်းလာသောမြင်ကွင်းကို အလိုအလျောက်သတိထားမိသည်ဖြစ်သည်။ အခြားသောကျင့်ကြံသူများကဲ့သို့ပင် သူသည်လည်းသူ၏ပုံရိပ်အားအ
ရှိန်မြှင့်၍လေကိုထိုးခွင်းပျံသန်းလိုက်သည်။
ဖြည်းဖြည်းချင်း အစစ်အမှန်သွေးတောင်ထွတ်က သွေးရောင်ပင်လယ်ပေါ်၌ပေါ်လာသည်ကို သိုင်းပညာရှင်များတွေ့လိုက်ကြရသည်။
၎င်းကမြင့်မားခံ့ထည်ကာ ကောင်းကင်နှင့်မြေကြီးကြား၌
ရပ်နေသောဘီလူးကြီး
တစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။
ပြင်းထန်သောသွေးနီရောင်လှိုင်းများက တလိပ်လိပ်တက်လာပြီး ကြက်သွေးရောင်ကျောက်နံရံများ
အားပြေးပြေးရိုက်ကာ လေထဲတွင်သွေးနီရောင်ရေစက်
များဖွားခနဲဖြစ်ပေါ်သွားစေသည်။ ဤမြင်ကွင်းကသာမန်ဆန်ပြီး ဤသွေးနီရောင်ကမ္ဘာအတွင်းတွင် ဘာမှထူးခြားမှုရှိဟုဆိုနိုင်သော်လည်း ဤအခိုက်အတန့်တွင် သိုင်းသမားများ၏မျက်လုံးအတွင်း၌
၎င်းတို့က ထူးခြားစွာလှပနေလေသည်။ လမ်းတစ်လျှောက်လုံးအလျှင်စလိုလာခဲ့ပြီးသည့်နောက်တွင် သူတို့အနေဖြင့်နောက်ဆုံး၌ သူတို့၏ခရီးပန်းတိုင်သို့ချဉ်းကပ်
လာနိုင်ခဲ့ပြီဖြစ်လေသည်။
ရှစ်ဖုန့်က သွေးနီရောင်တောင်ထွတ်ဆီသို့
ပထမဆုံးပျံသန်းသွားသည့်သူဖြစ်သည်။
သူကပျံသန်းနေရာမှလျှင်မြန်
စွာရပ်တန့်လိုက်ပြီး သွေးနီရောင်တောင်ထွတ်နှင့်
အကွာအဝေးတစ်ခုကိုထိန်းထားလိုက်သည်။သူကဤဆန်းကြယ်ပြီးထူးဆန်းသော တောင်ထွတ်အား ဂရုတစိုက် လေ့လာနေသည်။ ထို့နောက်သူကလေထဲသို့ဖြည်းညှင်းစွာမြှင့်တက်လိုက်ပြီး ၎င်းအားစူးစမ်းလေ့လာလိုက်သည်။
ထို့နောက်တွင်ကျင့်ကြံသူများ
တစ်ယောက်ပြီးတစ်ယောက်
ရောက်ရှိလာကြသည်။ နတ်ဆိုးကဲ့သိုပုံရိပ်နှင်လူငယ်
လေးအားသူတို့မြင်တွေိ့
လိုက်ကြရသောအခါတွင် သူတို့ကအလျှင်အမြန် ခပ်လှမ်းလှမ်း၌နေလိုက်ကြသည်။ သူတို့အနေဖြင့် ၎င်းအားစော်ကားမိကာ ၎င်း၏အသတ်ခံရမည်ကိုစိုးရွံ့သောကြောင့် ၎င်းအနားသို့ကပ်ရဲခြင်းမရှိကြချေ။
ဤအချိန်၌လူတိုင်း၏စိတ်ထဲတွင် ဝမ်းနည်းဖွယ်ငိုကြွေးသံနှင့်
လွန်ကဲသောသေဆုံးခြင်းမြင်ကွင်းက ရှိနေကြသေးဆဲဖြစ်သည်။
ဆက်ရန်..
ဘာသာပြန်သူ-ARISE