အပိုင်း(၂၅၆)
Vol. 18 Ch. 256
ရှစ်ဖုန့်က သွေးတောင်ထွတ်ပေါ်သို့ဖြည်း
ညှင်းစွာဆင်းသက်လိုက်သည်။ တောင်က ထူးဆန်းပြီးဆန်းကျယ်သော်လည်း ရှစ်ဖုန့်အနေဖြင့်၎င်းနှင့်ပက်သက်သည့် ဘာထူးခြားချက်ကိုမှ မြင်တွေ့နိုင်ခြင်းမရှိချေ။ ၎င်းမှာဤနေရာတွင်ရှိနေသည့်
အခြားသောတောင်တန်းများကဲ့သို့ ထပ်တူညီလုနီးပါးပင်ဖြစ်သည်။ ၎င်း၏အောက်ခြေဘက်တွင် သွေးရောင် တောင်နံရံတစ်ခုရှိသည်။ ဖြည်းဖြည်းခြင်း သိပ်သည်းသောသစ်ပင်များ အခြားသောသွေးရောင်အပင်များဖြင့် သွေးရောင်တောအုပ်တစ်ခု
ထွက်ပေါ်လာသည်။
“ဟုတ်တယ်.အသက်ပဲ ”
ရှစ်ဖုန့်ဆက်လက်၍ဆင်းသက်
လာသောအခါတွင် ၎င်းသိပ်သည်းထူထပ်သောတောအုပ်က အခြားသောတောင်တန်းများ
ကတောအုပ်များနှင့်ကွဲပြားသည်ကို ဖြည်းဖြည်းချင်းရှာဖွေတွေ့ရှိိလာသည်။ သူ့အနေဖြင့် သက်ရှိတစ်
ကောင်တစ်မြှီးမျှ၏ ရောင်ဝါ
အနည်းငယ်ကို အာရုံခံနိုင်ခြင်းမရှိပေ။
“ဟမ်”
ရှစ်ဖုန့်တောင်၏လမ်းတစ်
ဝက်သို့ရောက်သောအခါတွင် အထက်မှလာနေသောကြီးမား
သည့်ဖိအားတစ်ခုကိုသူရုတ်
တရက်ခံစားလိုက်ရသည်။ ရှစ်ဖုန့်ကကြည့်လိုက်ပြီး ရုတ်တရက် တောင်ထိပ်၌ ဘီလူးတစ်ကောင်ကဲ့သို့ထီးထီး
ကြီးရပ်တည်နေသော ကြက်သွေးရောင်ကျောက်ပြား
ကိုတွေ့လိုက်ရသည်။ ရုတ်တရက် ကြက်သွေးရောင်အလင်းတစ်ခု
ကလင်းလက်လာသည်။ ဤကြက်သွေးရောင်အလင်း
၏အောက်တွင် ရုတ်တရက် သူ့ကိုယ်အတွင်းတွင်ရှိနေသော
စွမ်းအားတိတို့က အဝေးသို့
အရှိန်အဟုန်ဖြင့် ဆုတ်ယုတ်သွားသည်ကို
ရှစ်ဖုန့်ခံစားလိုက်ရသည်။
“ဘာဖြစ်နေတာလဲ”
“ဘာဖြစ်တာလဲ”
ရှစ်ဖုန့်ရောသူ့ကိုယ်အတွင်း
တွင်ရှိနေသည့်ကောင်းကင်မီး
တောက်တို့ပါ တစ်ချိန်တည်းတွင် တုန်လှုပ်အံ့အားသင့်သွားကြသည်။ ထို့နောက်တွင် အားကောင်းသောဖိအားတစ်ခုက ကောင်းကင်ထံမှလာနေသည်ကို ရှစ်ဖုန့်ရုတ်တရက်ခံစားလိုက်ရသည်။ ဤစွမ်းအား၏အောက်တွင် သူ့အနေဖြင့်ခုခံရန်ဘာစွမ်းအား
မှရှိမနေပေ။ ၎င်းမှာမမြင်နိုင်သောကြီးမား
သည့်လက်ကြီးတစ်ခုက လေထဲတွင်ဖွဲ့စည်းလာပြီး သူ့ကိုအားဖြတ်ရိုက်လိုက်သ
ကဲ့သို့ပင်ဖြစ်လေသည်။
ထို့နောက်ရုတ်ခြည်း သူ့ခန္ဓာ
ကိုယ်တစ်လျှောက် ဖြတ်သန်း
ဖြစ်ပေါ်လာသော နာကျင်မှုကို ရှစ်ဖုန့်ခံစားလိုက်ရသည်။ သူ့ကိုယ်အား သူထိန်းချုပ်နိုင်မှု ဆုံးရှံးသွားပြီး ကြီးမားသော လက်ကြီးဖြင့် လှမ်းရိုက်ခံလိုက်ရသော ငှက်တစ်ကောင်ကဲ့သို့ ဖြစ်သွားကာ သူ့ကိုယ်က ထောင့်ဖြတ်အတိုင်းပစ်လွှတ်လိုက်သလို လွင့်သွားပြီး သွေးရောင်တောင်ပေါ်ရှိ သွေးရောင်တောအုပ်ထံသို့ ကျဆင်းသွားသည်။
ဤအချိန်တွင် ခမ်းနားကြီးကျယ်သော မြင်ကွင်းတစ်ခုက ကြက်သွေးရောင်တောင်တန်း၏ ဟင်းလင်းပြင်ဝန်းကျင်တွင် ပေါ်လာသည်။ ကြက်သွေးရောင် တောင်တန်းဆီသို့ အပြင်းနှင်လာနေကြသော
ကျင့်ကြံသူများမှာ အပေါ်စီးမှလာနေသော ကြီးမားသည့် ဖိအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး ရှစ်ဖုန့်ကဲ့သို့ပင် ဖြစ်သွားကြသည်။ သူတို့အနေဖြင့် မမြင်နိုင်သောအားဖြင့် တစ်ယောက်ပြီးတစ်ယောက် ရိုက်နှက်ခံလိုက်ကြရသည်။ ဟင်းလင်းပြင်ထဲတွင် နာကျင်မှုအပြည့်နှင့် တုန်လှုပ်အံ့အားသင့်သော အော်ဟစ်သံများထွက်ပေါ်လာသည်။
“ဘာဖြစ်နေတာလဲ…ငါ့စွမ်းအားတွေက ဆုတ်ယုတ်သွားတယ်..အား…”
“အား..”
“အား..”
“အား..”
နာကျင်မှုအပြည့်ဖြင့် အောဟစ်သော အသံများက ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထွက်ပေါ်နေသည်။ တစ်ယောက်ပြီးတစ်ယောက် မမြင်နိုင်သောအား၏ သွေးတောင်တောင်အတွင်းသို့
ရိုက်နှက်ချမှုကို ခံလိုက်ရပြီး
အစောပိုင်းက ရှစ်ဖုန့်ကဲ့သို့ပင်
သွေးရောင် တောအုပ်အတွင်းသို့ ကျဆင်းသွားသည်။
ဤနေရာသို့ အဝေးမှနေ၍ အပြင်းနှင်လာနေကြသော ကျင့်ကြံသူအချို့လည်း ရှိနေသေးသည်ဖြစ်သည်။
အခြေအနေက ကောင်းမွန်ခြင်း
မရှိသည်ကို မြင်တွေ့ရပြီး နာကျင်စွာအော်ဟစ်သော
အသံများအား ကြားလိုက်ရသောအခါတွင် ၎င်းတို့က လျှင်မြန်စွာပြန်လှည့်၍ ထွက်ပြေးလိုက်ကြသည်။ ရတနာများနှင့် ကျင့်ကြံခြင်းပညာရပ်များက သူတို့အား သွေးဆောင်မှုရှိသည် ဖြစ်ကြသော်လည်း သူတို့၏ အသက်များက ပိုမို၍ အရေးကြီးသည်ဖြစ်သည်။
ထိုထက်ပိုသည်ကား ဤအရာများမှာ တကယ်တည်ရှိနေခြင်း ဟုတ်မနေသော မရေရာသည့် ရတနာများနှင့် ကျင့်ကြံခြင်း ပညာရပ်များ ဖြစ်နေနိုင်လေသည်။
မကောင်းသော အရာများအား
ယုံကြည်ခြင်း မရှိသော
ကျင့်ကြံသူအချို့လည်း ရှိနေသေးသည်ဖြစ်သည်။
ထိုတင်သာမကဘဲ သူတို့၌ မျှော်လင့်ချက်များဖြင့်ပင် ပြည့်နှက်နေကြသေးသည်။
သဘာဝရတနာနှင့် ပြိုင်ဘက်ကင်း ကျင့်ကြံမှုပညာရပ်က သူတို့အား ရွေးချယ်ပြီးဖြစ်သည်ဟုပင် သူတို့ခံစားကြရသည်။ ထို့ကြောင်လည်းထိုကျင့်ကြံသူများက လွင့်ပျံထွက်သွားကြခြင်းဖြစ်
သည်ဟုတွေးကြသည်။
သူတို့က ဤကမ္ဘာ၏ အဓိက ဇတ်ဆောင်များဖြစ်ကြပြီး အနာဂတ်၏ အရှင်သခင်များဖြစ်ကြသည်။ သို့သော် မကြာခင်တွင် ကောင်းကင်ဘုံက တရားမျှတမှုရှိနေဆဲ ဖြစ်ကြောင်းကို တွေ့လိုက်ကြရသည်။ ယခင်
သူတို့ရှေ့က ကျင့်ကြံသူများကဲ့သို့ပင်
သူတို့၏ ကိုယ်အတွင်းရှိ စွမ်းအားများအား လျှင်မြန်စွာ ဆုံးရှုံးလိုက်ကြရသည်။ နောက်ဆုံးတွင် သူတို့သည်လည်း သူတို့၏ခန္ဓာကိုယ်များအား
မမြင်နိုင်သော အားတစ်ခုဖြင့် ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့
နာကျင်မှု အပြည့်ဖြင့်
အော်ဟစ်လိုက်ကြရပြီး သွေးနီရောင်တောအုပ်အတွင်းသို့ ကျဆင်းသွားသည်။
သွေးရောင်တောင်ထွတ်ဆီသို့ အောက်ဘက်မှနေ၍ တိုက်ရိုင်
အပြင်းနှင်သော ကျင့်ကြံသူအချို့လည်း
ရှိသေးသည်ဖြစ်သည်။
ရလဒ်အနေဖြင့်
အောက်ခြေဘက်တွင်လည်း
အာမေဍိတ်သံ လှိုင်းများ
ထွက်ပေါ်လာသည်။
“ငါ့ကိုယ်ထဲက စွမ်းအားတွေကို ဆုံးရှုံးလိုက်ရတယ်”
အံ့အားသင့်နေစရာ မလိုအပ်ပဲ ကျင့်ကြံသူများဖြစ်စေ ပျံသန်းနိုင်သော နတ်ဆိုးသားရဲများဖြစ်စေ သူတို့၏ခွန်အားများကို
အလျှင်အမြန် ဆုံးရှုံးလိုက်ရကာ သွေးရောင်တောင်ထွတ်ပေါ်သို့ ဖြတ်ရိုက်ခြင်းခံလိုက်ရသည်။
ဤအချိန်တွင် ရှစ်ဖုန့်မှာ သူ၏နောက်ကျောဘက်မှ
ပူလောင်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ၏ကိုယ်က သွေးရောင်တောအုပ်အတွင်းသို့
တစ်ဟုန်ထိုး ကျဆင်းသွားခဲ့သည်။
ထို့နောက် ရှစ်ဖုန့်၏တည်ငြိမ်မှု ရှိသောကိုယ်က လျင်မြန်စွာဆက်ခနဲ
တစ်ပတ်ကျွမ်းပစ်လိုက်ပြီး ဟင်းလင်းပြင်ထဲတွင်တည်ငြိမ်စွာ
ထိန်းညှိလိုက်သည်။ထို့နောက် သူ၏ခြေထောက်တို့အား သွေးရောင်သစ်ပင်တစ်ပင်၏
ထိပ်ဖျားပေါ်သို့ ခြေချလိုက်သည်။
သို့သော် ဤအချိန်တွင် ရှစ်ဖုန့်၏
မျက်နှာက အရမ်းကို
အကျည်းတန်လာသည်။ သူ့ကိုယ်အတွင်းရှိနေသော ကောင်းကင်မီးတောက်သည်ပင်
ဆက်လက်၍ အော်ဟစ်နေ၏။
“အား…အား…အား….အား…အား..အား..အား….ဘာတွေဖြစ်နေတာလဲ …..ဘာလို့ငါ့ခွန်အားတွေကို ဆုံးရှုံးလိုက်ရတာလဲ…အဲ့တာက
အသုံးမကျတဲ့ ဒုတိယအဆင့်
မီးတောက်တစ်ခု အထိကျဆင်းလာနေပြီ..”
ဟုတ်ပါသည်။ ဤအချိန်တွင် ရှစ်ဖုန့်၏ခွန်အားမှာ ကြယ်တစ်ပွင့် ဘိုးဘေးနယ်ပယ်အဆင့်မှ ကြယ်တစ်ပွင့် ဆရာသခင်နယ်ပယ် အဆင့်သို့ကျဆင်းသွားခဲ့သည်။
ကမ္ဘာကြီး၏ အဆီအနှစ်စွမ်းအင်အား သူမည်မျှစုပ်ယူ၍ သူ့ခွန်အားအား ပြန်လည်ဖြည့်တင်းပါစေ သူ့ကိုယ်အတွင်းရှိနယ်ပယ်အဆင့်က
ချက်ချင်း လျော့ပါးကျဆင်းလာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။
“သေစမ်း ..ငါသရဲတစ်ကောင်ကိုတွေ့ခဲ့တာပဲ”
ရှစ်ဖုန့်ကသူ့ဟာသူ တွေးလိုက်သည်။
“ငါ့ရဲ့စွမ်းအားတွေကို ဒီနေရာက ဖိနှိပ်ထားတာနဲ့တူတယ်..
ငါ့မှာကြယ်တစ်ပွင့် ဆရာသခင်နယ်ပယ်ရဲ့စွမ်းအင်
လောက်ပဲကျန်တော့တယ်”
ထို့နောက်တွင် ရှစ်ဖုန့်က သူ၏ ခန္ဓာကိုယ်အခြေအနေကို
စစ်ဆေးလိုက်သည်။ ထို့နောက်တစ်ချိန်တည်းတွင် ကောင်းကင်မီးတောက်၏ ပြောသံထွက်ပေါ်လာသည်။
“ငါအဆင်ပြေတယ်”
ဤအချိန်တွင်သူ၏
နယ်ပယ်အဆင့်များက ဖိနှိပ်ခြင်းခံထားရခြင်းသာ
ဖြစ်ကြောင်းကို သူတွေ့လိုက်ရသည်။ ပြောရလျှင်သူ၏ နဂိုကျင့်ကြံမှုနယ်ပယ်က တည်ရှိနေသေးသည်ဖြစ်သည်။ ဤနေရာမှသူထွက်ခွာနိုင်ပြီး
လုံလောက်သော ကမ္ဘာဦးကျောက်တုံးများ ၊သေခြင်းစွမ်းအင်နှင့်သွေးစွမ်းအင်တို့အပေါ်၌ မှီခိုအားထားနိုင်ခဲ့မည်ဆိုလျှင် သူ၏စွမ်းအားများအားပြန်လည်၍ ဖြင့်တင်းရရှိနိုင်လိမ့်မည်ဖြစ်သည်။
သို့သော် ယခုအချိန်တွင် စိတ်ပျက်စရာကောင်းသော ကြယ်တစ်ပွင့်ဆရာသခင်နယ်ပယ် ဖြစ်လာသည့်ကံတရားကို ရင်ဆိုင်ရန်သာတက်နိုင်သည်ဖြစ်သည်။ ထိုထက်ပိုသည်ကား သူ၏သိုင်းနယ်ပယ်ပင်ဖိနှိပ်ခြင်း
ခံရသည်မဟုတ်ပဲ သူ၏
ကာယခန္ဓာကိုယ်နှင့်
ဝိညာဉ်စွမ်းအားတို့ပင် အဆင့်နှစ်ဆရာသခင်နယ်ပယ်သို့
ရောက်သည်အထိ ဖိနှိပ်ခံရသည်ကိုရှစ်ဖုန့်တွေ့ရှိိလိုက်ရသည်။
ထို့နောက်တွင် ရှစ်ဖုန့်က သွေးဓားနှင့် သွေးချပ်ဝတ်ကို ထုတ်ယူလိုက်သည်။ ခါးသီးသောမျက်နှာတစ်ခုနှင့်အတူ
ကူကယ်ရာမဲ့ ခေါင်းခါယမ်းလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“ကြည့်ရတာ ဒီတောင်ပေါ်မှာရှိတဲ့ ထူးဆန်းပြီးဆန်းကြယ်တဲ့ အစီအရင်က ငါ့ကိုပဲဖိနှိပ်တဲ့ပုံပဲ”
သူ၏အောက်ဘက်တွင် တလိပ်လိပ်တက်နေသော သွေးနီရောင်ပင်လယ်တစ်ခုရှိနေသည်။ သူ၏လက်ရှိခွန်အားဖြင့်
ဤသွေးပင်လယ်၏ အရှိန်အဝါကိုထည့်မတွက်လျှင်ပင်
အကယ်၍ သွေးရောင်ပင်လယ်သား
ရဲတစ်ကောင်သာ ရေထဲမှ
တိုးထွက်လာခဲ့ပါက သူ့အနေဖြင့် ကြီးစွာသောအန္တရာယ်ဖြစ်လိမ့်မည်ဟု ယုံကြည်သည်။ ၎င်းကအရမ်း ဘေးအန္တရာယ်များသော အရာဖြစ်သည်။ ကြည့်ရသည်မှာ သူ့အနေဖြင့် တောင်ထိပ်ဆီသို့သာသွားပြီး သွေးကျောက်ပြားအားသွား
ရောက်၍ တစ်ချက်ကြည့်ရုံသာ
နည်းလမ်းရှိပုံပေါ်သည်။
ထို့နောက်ရှစ်ဖုန့်က သွေးရောင်သစ်ပင်၏ ထိပ်ဖျားမှ ခုန်ဆင်းလိုက်ပြီး သွေးနီရောင်တောအုပ်အတွင်းသို့ ခုန်ဝင်သွားသည်။
တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်က ပြဿနာတစ်ခုကို တွေးမိလိုက်သည်။ လက်ရှိတွင် သူ၏ကျင့်ကြံမှုနယ်ပယ်က ဖိနှိပ်ခံထားရသည်။ ထို့ကြောင့် ဤတောင်ဆီသို့လာကြသော အခြားကျင့်ကြံသူများသည်လည်း သူကဲ့သို့တူညီသော
အခြေအနေပင်ဖြစ်လိမ့်မည် ဖြစ်သည်။ ဤတောင်အတွင်းတွင် သူ့အနေဖြင့် တောင်၏တစ်ဝက်သို့
ရောက်သည်အထိ
ဘာသက်ရှိသတ္တဝါတို့၏
အသက်ရှူသံကိုမှ ခံစားရခြင်းမရှိချေ။ ထို့ကြောင့် သူအနေဖြင့်ဘာအစီအရင်
နှင့်မှတွေ့ဆုံခဲ့ခြင်းမှရှိလျှင် သူလုံလုံခြုံခြုံ ရှိလိမ့်မည်ဖြစ်လေသည်။
ထို့နောက် ရှစ်ဖုန့် အခြားသော အကြောင်းအရာတစ်ခုကို
တွေးမိလိုက်သည်။ အစောပိုင်းက သူလေထဲသို့မြင့်တက်သွားသည့်
အချိန်တွင် စွမ်းအားကြီးအားတစ်ခု၏
တားဆီးခြင်းကိုခံခဲ့ရပြီး တောင်အတွင်းသို့ပြန်ပြုတ်ကလာခဲ့သည်။ အကယ်၍သူသာတော်ပေါ်
သို့တက်ပြီးသွေးကျောက်ပြားဆီသို့
သွားခဲ့လျှင် သူ့အနေဖြင့် တူညီသောစွမ်းအားကြီးစွမ်းအားအား
ထပ်မံ၍ ကြံနိုင်မကြုံနိုင်ကို မသိနိုင်ပေ။
သို့သော် ထိုသို့ ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ သူအနေဖြင့် တောင်ထိပ်သို့သွားရမည်ဖြစ်သည်။
သူ့အတွက် ဤသည်ကား
တစ်ခုတည်းသော
နည်းလမ်းဖြစ်သည်။
“ဘန်း”
သွေးတောအုပ်တွင်း ရှစ်ဖုန့် ခြေလှမ်းအနည်းငယ်ပဲ လျှောက်လှမ်းရသေးချိန်တွင်
ရုတ်တရက် ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။
“ဘန်း”
များပြားသော ပုံရိပ်များက ရှစ်ဖုန့်၏ခြေထောက်ရှေ့သို့ ကျဆင်းလာကြသည်။
ရှစ်ဖုန့်က ချက်ချင်း သူ၏ လမ်းကြောင်းကို ရပ်တန့်လိုက်သည်။၎င်းမှာ အတောင်ပံပါအဖြူရောင်ကျားတစ်ကောင်နှင့် လူငယ်သိုင်းသမားတစ်ယောက်ဖြစ်သည်။ ထိုကျင့်ကြံသူ၏မူလနယ်ပယ်က ကြယ်သုံးပွင့်ဘုရင်နယ်ပယ်
လောက်ရှိလိမ့်မည်ဖြစ်ပြီး သားရဲကတော့အဆင့်သုံးသို့မဟုတ် အဆင့်လေးအဆင့်လောက်
ဖြစ်လိမ့်မည်ဖြစ်သည်။
သို့သော် ဤအချိန်တွင် ကျင့်ကြံသူနှင့် သားရဲတို့၏နယ်ပယ်မှာ ရှစ်ဖုန့်နှင့် အတူတူပင်ဖြစ်ပြီး ကြယ်တစ်ပွင့် ဆရာသခင်နယ်ပယ်အထိ ဖိနှိပ်ခြင်းခံထားရသည်။
ဤကိုးရို့ကားယားဖြစ်နေသော ကျင့်ကြံသူအားကြည့်ကာ ရှစ်ဖုန့်က သူမှန်သည်ဟု တိတ်တဆိတ် ခန့်မှန်းလိုက်သည်။ ဤနေရာသို့ ဝင်ရောက်လာသော သက်ရှိအားလုံးမှာ အဆင့်နှစ်ကျင့်ကြံသူ
နယ်ပယ်အဆင့်ထိကို ဖိနှိပ်ခံရလိမ့်မည်ဖြစ်လေသည်။
ဆက်ရန်..
ဘာသာပြန်သူ -ARISE