← Chapters

အပိုင်း (၂၅၇)

Vol. 18 Ch. 257

အပိုင်း (၂၅၇)

Vol. 18 Ch. 257

ရှစ်ဖုန့်ရှေ့သို့ ကျရောက်လာခဲ့သောကျင့်ကြံသူက နာကျင်စွာအော်ဟစ်လိုက်သည်။  သူ၏ဘေးတွင်ရှိနေသော တောင်ပံနှင့်အဖြူရောင်ကျားကလည်း နာကျင်စွာဖြင့် ညည်းညူလိုက်သည်။ အစောပိုင်းက ကျင့်ကြံသူမှာ သူ့၏ရှေ့တွင် ခြေတစ်စုံကို မြင်တွေ့လိုက်ရသည်ဖြစ်သည်။  သူကသူ့ခေါင်းအား မပြေမပြစ်မော့ကြည့်လိုက်သည်။  လူငယ်လေး၏ မျက်နှာအားမြင်တွေ့လိုက်ရသောအခါတွင် သူကိုယ်ကရုတ်တရက်တုန်ခါသွားပြီး တစ်ကိုယ်လုံးသိမ့်သိမ်တုန်သွားသည်။

လူငယ်ကျင့်ကြံသူမှာ ဤလူငယ်အား

ယခင်က မြင်တွေ့ဖူးသည်ဖြစ်သည်။ သူက ရို့ဖှေးဖန်းနှင့်တိုက်ခိုက်ခဲ့ပြီး ကောင်းကင်ဘုံ၏ ဂုဏ်ယူရသောသားတော်ဖြစ်သည့် ရို့ဖှေးဖန်းအား အလွယ်တကူ သတ်ပစ်ခဲ့သည်ဖြစ်သည်။  ယခုချိန်ထိတိုင် သူ့အနေဖြင့်  လူတစ်ယောက်၏ဆံပင်အား အဆုံးထိထောင်မတ်သွားစေနိုင်ပြီး ရို့ဖှေးဖန်းအား ကြက်သီးမွေးညှင်းထလောင်အောင်

သတ်ပစ်ခဲ့သော အဖြူရောင်တစ္ဆေလက်သည်းကြီးကို အမှတ်ရနေဆဲဖြစ်သည်။

ရို့ဖှေးဖန်း၏ စိတ်မချမ်းမြေ့ဖွယ် နာကျင်စာငယ်သံပါအောင် အော်ဟစ်သောအသံနှင့်

ဤလူငယ်လေးမှ ရို့ဖှေးဖန်း၏ ရဲရဲတောက်နေသော သွေးတို့အားစုပ်ယူသည်မြင်ကွင်းကို သူပြန်မြင်ယောင်နေဆဲဖြစ်သည်။

ဤလူငယ်ကျင့်ကြံသူကလည်း အခြားသောကျင့်ကြံသူများကဲ့သို့ပင်

ရှစ်ဖုန့်အား မိစ္ဆာဂိုဏ်း

အဖွဲ့ဝင်တစ်ယောက်ဟု

ယေဘုယျအားဖြင့်

မှတ်ထင်နေခြင်းဖြစ်သည်။

မိစ္ဆာဂိုဏ်း အဖွဲ့ဝင်များက ပင်ကိုအားဖြင့်သွေးဆာရက်စက်တတ်ပြီး အပြစ်မဲ့သည့်သူများအား

အစုလိုက်အပြုံလိုက် ဇွတ်တရွတ်သတ်ဖြတ်တတ်

သူများဖြစ်ကြသည်။  ပြောနေစရာမလိုအောင်ပင်

ဤအချိန်၌ ရှစ်ဖုန့်က

သူ၏ရှေ့တွင်ရပ်နေပြီး သူ့အားကြည့်နေသည်။

ဤအချိန်၌ လူငယ်ကျင့်ကြံသူ၏စိတ်ထဲတွင် သူ့အနေဖြင့်  သူ၏အသက်အား အချိန်မရွေး နှုတ်ယူသွားနိုင်‌သော သေခြင်းနတ်ဘုရားတစ်ပါးမှ သူ့အားကြည့်နေသကဲ့သို့ခံစားနေရသည်။

“အား..ငါ့ကို မသတ်ပါနဲ့ …ငါ့ကိုမသတ်ပါနဲ့…”

လူငယ်ကျင့်ကြံသူက ရှစ်ဖုန့်အားကြည့်၍ လျှင်မြန်စွာဖြင့် သနားညှာတာပေးပါရန် တောင်းပန်သည်။

“ဝေါင်း”

လူငယ်ကျင့်ကြံသူ၏ နောက်တွင်

လဲနေသော

အဖြူရောင်ကျား နတ်ဆိုးသားရဲက သူ့သခင်ဖြစ်သူ၏ စိတ်ခံစားချက်များကို အာရုံခံမိလိုက်သည်။ ၎င်းက ကြမ်းကြုတ်ခက်ထန်သော

မျက်နှာအား လျှင်မြန်စွာပြသပြီး ရှစ်ဖုန့်အားဟိန်းဟောက်လိုက်သည်။

ကျားဖြူ၏ ကြမ်းကြုတ်ခက်ထန်စွာ ဟိန်းဟောက်လိုက်ခြင်းက လူငယ်ကျင့်ကြံသူအား လန့်ဖျပ်သွားစေသည်။ ဤအခိုက်အတန့်တွင် သူအနေဖြင့် သူ၏သားရဲအား သူ့လက်ဖြင့်ကိုယ်တိုင်

သတ်ပစ်ချင်မိနေသည်။  သူကလျှင်မြန်စွာအော်ပြောလိုက်သည်။

“တိတ်စမ်း တိရစ္ဆာန်ကောင်”

တစ်ခါမှတွေ့ဆုံမြင်တွေ့ခံစားဖူးခြင်းမရှိသော လူငယ်ကျင့်ကြံသူအား ကြည့်၍

ရှစ်ဖုန့် ကူကယ်ရာမဲ့စွာဖြင့်  သူ၏ခေါင်းအားခါယမ်းလိုက်သည်။ ဘယ်အချိန်ကများ သူက အရမ်း ထိတ်လန့်ဖွယ်ဖြစ်လာရပါသနည်း။

ပြောရလျှင် ဤဘဝတွင်ရှိသောသူ၏ရုပ်ရည်က ချောမောသည်ဟုသုံးသပ်၍ရနိုင်သည်ဖြစ်သည်။

ရှစ်ဖုန့်က ထိုကျင့်ကြံသူကို လျစ်လျူရှုလိုက်ပြီး သူနားဝန်းကျင်သို့သွားလိုက်သည်။ ရှစ်ဖုန့်အနေဖြင့် သူ၏ကိုယ်ပိုင်အတွေးများအား

အတည်ပြုရန်အတွက် တောင်ထိပ်ပေါ်သို့ အပြင်းနှင်လိုစိတ်သာရှိလေသည်။

သူ့အနေဖြင့်တောင်ထိပ်ပေါ်တွင်

ပုန်းကွယ်နေသော သွေးရောင်ကျောက်ပြား၌ မည်ကဲ့သို့လျှို့ဝှက်ချက်များ

ရှိနေမည်ဆိုသည်ကိုလည်း  သိချင်မိသည်။

ရှစ်ဖုန့်က သူ၏ခြေထောက်တို့အား ရွေ့လျားလိုက်သည့်အချိန်တွင်  လူငယ်ကျင့်ကြံသူမှာ  အလိုအလျောက် တုန်လှုပ်သွားသည်။ ထိုအချိန်၌ သူ၏မျက်လုံးများဖြင့်ကိုယ်တိုင် မြင်တွေ့ခဲ့ရသော ရို့ဖှေးဖန်း၏ စွမ်းအားပြည့်တိုက်ခိုက်မှုနှစ်ခုအား ဖျက်ဆီးပစ်ခဲ့သည့် ရှစ်ဖုန့်၏ခြေထောက်များ

ကိုပြန်မြင်ယောင်နေသည်။

ရို့ဖှေးဖန်းမှာ ဒုတိယအကြိမ်၌  ကြယ်ငါးပွင့်ဘိုးဘေးနယ်ပယ်

တစ်ယောက်အဖြစ်အဆင့်တက်လှမ်းပြီး ခွန်အားပြည့်သတ်ဖြတ်ခြင်း လှုပ်ရှားမှုကိုထုတ်ဖော်ခဲ့သည်ဖြစ်သည်။

သူ၏ကိုယ်ပိုင်ပိန်သွယ်ပြီး အားနည်းလှသောခန္ဓာကိုယ်ကိုမဆိုထားဘိ ရှစ်ဖုန့်၏ခြေထောက်တို့က ထူးခြားသောတိုက်ခိုက်မှုတို့ကိုပင် နင်းခြေပစ်နိုင်သည်ဖြစ်သည်။

လူငယ်ကျင့်ကြံသူက တစ်စုံတစ်ခုအားပြောရန်ပြင်လိုက်စဉ်  ရှစ်ဖုန့်၏ခြေထောက်တို့က သူ၏အသက်အားနှုတ်ယူရန်အတွက် နင်းခြေခြင်းမပြုပဲ ထိုအစား  သူ့ကိုကျော်ဖြတ်သွားပြီး

ဖြည်းဖြည်းချင်းရှေ့သို့

လျှောက်လှမ်းထွက်သွားသည်ကို

ရုတ်တရက် သူတွေ့လိုက်ရသည်။

ရှစ်ဖုန့်၏ ပုံရိပ်က အကွာအဝေးတစ်ခုအတွင်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လူငယ်ကျင့်ကြံသူမှာ စိတ်သက်သာရာရစွာဖြင့် တိတ်တဆိတ်သက်ပြင်းချလိုက်မိသည်။

“အာ”

သို့သော် ထို့နောက်ရုတ်ခြည်း ပြဿနာတစ်ခုကိုသူ ရှာဖွေတွေ့ရှိသွားသည်။ သူအံ့အားသင့်စွာဖြင့်တိုးလျသော အာမေဋိတ်သံတစ်ခုကိုထွက်လိုက်သည်။ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသော

ပုံရိပ်မည်းက ကြယ်တစ်ပွင့်ဆရာသခင်

နယ်ပယ်အဆင့်ကိုသာ လှစ်ဟာပြထားသည်ကိုသူတွေ့လိုက်ရသည်။  ထို့နောက်ရုတ်ခြည်း လူ၏ကိုယ်ပိုင်ကျင့်ကြံမှုကလည်း ကြယ်တစ်ပွင့်ဘုရင်နယ်ပယ်အဆင့်မှ ကြယ်တစ်ပွင့်ဆရာသခင်အဆင့်သို့ ကျဆင်းသွားသည်ကို သူတွေ့လိုက်ရသည်။

ထို့နောက်တွင် သူ့ဘေးတွင်ရှိနေသော အတောင်ပံနှင့်အဖြူရောင်ကျားကိုလည်း ရုတ်တရက်မြင်တွေ့လိုက်သည်။ ၎င်းမှာအတူတူပင်ဖြစ်လေသည်။

“ငါနားလည်ပြီ…ငါနားလည်သွားပြီ..

ဒီနေရာမှာ ကျင့်ကြံမှုနယ်ပယ်တွေက ဖိနှိပ်ခံရမှုအဖြစ်ပြောင်းလဲသွားတာပဲ”

လူငယ်ကျင့်ကြံသူက သူ၏နှလုံးသားထဲကနေဟစ်အော်လိုက်သည်။

“သူကငါ့ကိုမသတ်ချင်တာမဟုတ်ပဲ…

ငါ့ကိုကြောက်သွားတာ..သူကကြယ်တစ်ပွင့် ဆရာသခင် နယ်ပယ်အဆင့်ပဲရှိပြီးတော့ တစ်ယောက်တည်းသမား..ငါကကြယ်တစ်ပွင့် ဆရာသခင်နယ်ပယ်အဆင့်ပေမဲ့

ငါ့ဘေးမှာငါ့ရဲ့ အတောင်ပံကျားဖြူရှိနေတယ်”

လူငယ်ကျင့်ကြံသူ၏ နှလုံးသားထဲတွင် ရုတ်တရက် ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်သွားသည်။  ငါးတစ်ကောင်ကဲ့သို့သူ့ကိုယ်သူ အပေါ်သို့တစ်ပတ်လှည့်လိုက်ပြီး မြေပြင်ပေါ်မှထရပ်လိုက်သည်။

“ဝေါင်း”

သူ့ဘေးတွင်ရှိနေသော ကျားဖြူကလည်း ၎င်း၏ကြီးမားသောကိုယ်နှင့်အတူ ထရပ်လိုက်သည်။ဤအချိန်တွင် လူငယ်ကျင့်ကြံသူက သူ့ဘေးတွင်ရှိနေသောကျား

ဖြူကိုကြည့်လိုက်ပြီး သူဘယ်လိုပဲကြည့်နေပါစေ ၎င်းက ချစ်ဖို့ကောင်းနေသည်ဟုခံစားရသည်။

ထို့နောက်သူက တောအုပ်အတွင်း ဝေးသည်ထက်ဝေးစွာဖြည်းဖြည်းချင်း ရွေ့လျားသွားသော ပုံရိပ်မည်းအား ကြည့်လိုက်သည်။  သူ၏မျက်နှာထက်တွင် ရက်စက်မှုနှင့်အတူ လောဘတရားတို့အား လှစ်ဟာပြထား၏။ သူ့အတွက်  သူ၏အခွင့်အရေးလာနေပြီဖြစ်သူဟု ခံစားရသည်။ ကောင်းကင်ဘုံက သူ

ယဲ့မင်အား ကောင်းမွန်စွာဆက်ဆံသည်ဟု ခံစားရသည်။

ဤပုဂ္ဂိုလ်က ပါရမီရှင်များအား

ဤကဲ့သို့သော အသက်ငယ်ငယ်လေးဖြင့်ပင် သတ်ဖြတ်နိုင်သူဖြစ်သည်။ သူက သာမန်ထက်လွန်ကဲစွာထူးခြား

နေခဲ့သည်ဆိုလျှင် သူ့၌ ကြီးမားသော လျှို့ဝှက်ချက်ကြီးတစ်ခု ရှိရမည်ဖြစ်သည်။သို့သော် အဲ့တောရာဘာဖြစ်ပါသနည်း။

ဤအချိန်၌ ၎င်းမှာ သူကဲ့သို့ပင် ကြယ်တစ်ပွင့်ဆရာသခင်နယ်ပယ် အဆင့်သာရှိသည်ဖြစ်သည်။ သူသည်လည်ကြယ်တစ်ပွင့်ဆရာသခင် နယ်ပယ်အဆင့်ဖြစ်သော်လည်း

သူ၏ဘေး၌ ကျားဖြူတစ်ကောင်ရှိနေသည်ဖြစ်သည်။

နတ်ဆိုးသားရဲတစ်ကောင်၏ခွန်အားက သာမန်ကျင့်ကြံသူတစ်ယောက်နှင့်

နှိုင်းယှဉ်၍ ရသောအရာမဟုတ်ပေ။ ၎င်းတို့နှစ်ဦး တူညီသောကျင့်ကြံမှုနယ်ပယ်၌ ရှိနေခဲ့မည်ဆိုလျှင် နယ်ပယ်တူညီသော နတ်ဆိုးသားရဲတစ်ကောင်က နတ်ဆိုးသားရဲတစ်ကောင်၏ သာလွန်သောခွန်အားကို အသားပေး ထုတ်ဖော်နိုင်စွမ်းရှိလိမ့်မည်ဖြစ်သည်။

ထိုထက်ပိုသည်ကား  ၎င်းယဲ့မင်ဟုခေါ်သော ကျင့်ကြံသူမှာ လမ်းတစ်လျှောက်တွင် သန်မာအစွမ်းထက်သော ရန်သူများနှင့်တော်တော်လေး ကြုံတွေ့ခဲ့ရသည်ဖြစ်သည်။ ယခင်က ကျင့်ကြံသူများစွာမှာ

သူ၏ဓားချက်အောက်တွင် လိုအင်ဆန္ဒမရှိဘဲနှင့်သေဆုံး

ခဲ့ကြရသည်ဖြစ်သည်။ ယဲ့မင်တစ်ယောက်သူ၏ဇာတိမြို့

လေးတွင်ရှိစဉ်အခါက သူ့အနေဖြင့် ပါရမီရှင်တစ်ယောက်ဟု ဂုဏ်ပြုသမုတ်ခံခဲ့ရသည်ဖြစ်သည်။

ကျင့်ကြံမှုနယ်ပယ်တူညီသူများထဲတွင် သူသည်ကျော်လွှား၍မရနိုင်သောသူ

ဖြစ်ခဲ့သည်။  သူက သူ့ထက်အဆင့် တစ်ဆင့်ပိုမြင့်မားသော သူများကိုပင် စိန်ခေါ်ခဲ့သေးသည်။ သူ၏ကြယ်တစ်ပွင့်ဘုရင်နယ်ပယ်

ခွန်အားဖြင့် ကြယ်နှစ်ပွင့်ဘုရင်နယ်ပယ်

တစ်ယောက်ကိုပင် သတ်ပစ်ခဲ့သည်။

နယ်ပယ်အဆင့်တူခြင်းတွင် ယဲ့မင်အနေဖြင့် သူမည်သူ့ကိုမျှ ရှုံးနိမ့်လိမ့်မည်မဟုတ်ဟု ယုံကြည်ထားသည်။

ချက်ချင်းပဲ ယဲ့မင်တစ်ယောက် ဆက်လက်ဂရုမထားပဲနေရဲတော့ဘဲ အဖြူရောင်ကျား၏ကျောပေါ်သို့ ခုန်တက်လိုက်သည်။အစက ကျားဖြူမှာ သူ့သခင်ဖြစ်သူ၏အမိန့်အား လက်ခံရရှိခဲ့ပြီးနောက် ၎င်း၏တောင်တို့ကို ဖြန့်ကျက်၍  အနက်ရောင်ပုံရိပ်နောက်သို့ လိုက်ဖမ်းလိုခဲ့သည်။သို့သော်

ကျားဖြူမည်မျှပဲ ၎င်း၏အတောင်တို့အား ခတ်သည်ဖြစ်စေ ၎င်း၏ကိုယ်က ပျံသန်းနိုင်ခြင်းမရှိသည်ကို ယဲ့မင်ရော ကျားဖြူပါ တွေ့လိုက်ကြရသည်။ နောက်ပိုင်းတွင် ၎င်းမှာဖြည်းဖြည်းချင်း လက်လျော့လာသည်။

ဤသို့ဖြစ်ရခြင်းမှာ ဤနေရာနှင့်သက်ဆိုင်လိမ့်မည်ဟု

ယဲ့မင် တွက်ဆလိုက်သည်။ သို့သော် ကျားဖြူးမပျံသန်းနိုင်ခြင်းက သူ့အတွက်တော့ အများကြီး အရေးမပါလှပေ။  ယခုအချိန်၌ အရေးကြီးဆုံးသောအရာမှာ

ထွက်ခွာသွားသည့် သက်ရှိရတနာပင်ဖြစ်သည်။

“လိုက်ဖမ်း”

ယဲ့မင်က အော်ပြော၍ ကျားဖြူ၏ဝမ်းဗိုက်အားကန်လိုက်သည်။  ကျားဖြူက ယဲ့မင်၏အမိန့်ကို လက်ခံရရှိပြီး ၎င်း၏ခြေလေးချောင်းအား အလျှင်အမြန်ရွေ့လျားလိုက်သည်။

“ဝေါင်း”

၎င်းက လွန်လွန်ကဲကဲကို ပြေးလွှားပြီး  လေပြင်းတစ်ခုတိုက်ခတ်သကဲ့သို့ ရှစ်ဖုန့်နောက်လိုက်ဖမ်းလိုက်သည်။

ကျားဖြူ၏ကျောပေါ်တွင်

ထိုင်နေသောယဲ့မင်မှာ ထက်ရှသောဓားရှည်တစ်ချောင်းအား

ဓားအိမ်မှ ထုတ်ထားပြီးဖြစ်သည်။  သူ၏နှုတ်ခမ်းထောင့်တို့က တွန့်ကွေးနေပြီး သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။  သူအရမ်းပျော်ရွှင်နေမိသည်။  ရှစ်ဖုန့်အားသတ်နိုင်ခဲ့ပြီး ၎င်း၏လျှို့ဝှက်ချက်များအား

ရရှိသည်နှင့် သူ၏ပါရမီဖြင်ဆိုလျှင် သူသည်၎င်းထက်ဆိုးသော

လူတစ်ယောက်ဖြစ်လာလိမ့်မည်ဟု

ခံစားရသည်။  ဤလျှို့ဝှက်ချက်ကြီးအား

ရပြီးသည့်နောက်တွင် သူကရှစ်ဖုန့်ထက်ပင်ပို အစွမ်းထက်သည့်သူတစ်ယောက်

ဖြစ်ကောင်းဖြစ်လာနိုင်သည်။ ယခုမှစတင်၍ ယဲ့မင်၏နမည်မှာ ထျန်းမြောင်အင်ပါယာ၏ လူငယ်အဆင့်သတ်မှတ်ချက် တွင် နေရာယူလာနိုင်လိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်တစ်ယောက်လမ်းလျှောက်နေစဉ် ပြင်းထန်သောလေများက သူ့နောက်မှ တိုက်ခတ်လာသည်ကို ရုတ်တရက်ခံစားလိုက်ရသည်။  သူ့ဝိညာဉ်စွမ်းအား၏  ထိုးထွင်းသိမြင်မှုအောက်တွင် သိသာသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကို ခံစားလိုက်ရသည်။ချက်ချင်းပဲ ရှစ်ဖုန့်၏ နှုတ်ခမ်းထောင့်က  တွန့်ကွေးသွားပြီး ယဲ့မင်ကဲ့သို့ပင် လှောင်ပြုံးပြုံးလိုက်သည်။

“နောက်ထပ် သေခြင်းတရားကိုတမ်းတနေတဲ့

သူတစ်ယောက်ပဲ… ဒီလူတွေက  ငါ့အသက်ကိုပဲလိုချင်နေကြတာ…

သူတို့ကိုယ်သူတို့ ယုံကြည်မှုတွေ ဘယ်ကနေရလာတာလဲဆိုတာကို ငါမသိဘူး”

ရှစ်ဖုန့်က ဖြည်းဖြည်းချင်းလှည့်လိုက်ပြီး  သူ့ထံသို့ပြေးလာနေသော ကျားဖြူတစ်ကောင်နှင့် အပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ယောက်တို့က ရန်လိုမှုအပြည့်ဖြင့် တစ်ဟုန်ထိုး

လာနေသည်ကို တွေ့လိုက်ရသည်။

ရှစ်ဖုန့်က ထိုလူအား တိတ်တဆိတ်ကြည့်နေသည်။

ရှစ်ဖုန့်က သူ၏ဓားကိုပင် အသုံးပြုခြင်းမရှိပေ။  သူ၏ညာလက်အားဓား

လက်ချောင်းပုံစံလုပ်လိုက်သည်။ ကျားဖြူ၏ကျောထက်တွင်

ထိုင်နေသော ယဲ့မင်က သူ့အားရှစ်ဖုန့်ကလှည့်ပြီး

ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူ၏ မျက်နှာထက်တွင် အရာအားလုံးကသူ၏

ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ လှောင်ပြောင်သောအသွင်အပြင်တစ်ခုကိုပြသထားသည်။  သူကရှစ်ဖုန့်အား သူ့လက်ထဲရှိဓားရှည်ဖြင့် ထိုးညွှန်ပြီး ပြောလိုက်သည်။

“ကောင်လေး …မင်းရဲလျှို့ဝှက်ချက်ကို လွှဲပေးစမ်း…အဲ့တာဆိုရင် မင်းကို  မြန်မြန်သေခွင့်ပေးမယ်”

ဆက်ရန်…..

ဘာသာပြန်သူ-ARISE

All Chapters