အပိုင်း(၂၅၈)
Vol. 18 Ch. 258
ယဲ့မင်က မောင်းနှင်လာသော သူ့အောက်ရှိ ကျားဖြူအား ပြေးနေရာမှ ရပ်တန့်စေလိုက်သည်။ သူကလက်ထဲတွင်ရှိနေသော ဓားရှည်ဖြင့် ရှစ်ဖုန့်အား ထိုးညွှန်လိုက်၏။ အခြေအနေအားလုံးက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ သူ၏ စိတ်ဝိညာဉ်မှာ အမြင့်ဆုံးသို့ရောက်ရှိနေသည်။ သူသည် ရှစ်ဖုန့်အား မြေပြင်ထက်တွင် သနားညှာတာပေးပါရန် တောင်းပန်ခဲ့စဉ်ကအချိန်နှင့် လုံးဝခြားနားသောသူတစ်ယောက် ဖြစ်သွားခဲ့ပြီဖြစ်သည်။
ရှစ်ဖုန့်က သိပ်မဝေးကွာလှသော နေရာတွင် ရှိနေသည့် ယဲ့မင်ကို ကြည့်၍ အထင်သေးမှုအပြည့်ဖြင့် ရယ်မောလိုက်သည်။
“မင်းက ငါ့ကို သတ်ချင်တာလား..မင်းနဲ့ရော ထိုက်တန်တယ် ထင်လို့လား”
ရှစ်ဖုန့်က အမှန်တရားအား ပြေားနေခြင်းဖြစ်သည်။
သို့သော် ထိုစကားအားကြားရသောအခါတွင် ယဲ့မင်က ဒေါသထွက်ရမည့်အစား ရယ်ပင်ရယ်မောလိုက်သေးသည်။
သူက ပြောလိုက်သည်။
“မင်းကအရမ်းကို အစွမ်းထက်တယ်ဆိုတာကို ငါဝန်ခံပါတယ်…ရို့ဖှေးဖန်းတောင် မင်းသတ်တာကို လွယ်လွယ်လေး ခံလိုက်ရတာ…ဒါပေမဲ့ အဲ့တာက အတိတ်တုံးပဲ…. အခုမင်းက အစွယ်တွေသွားတွေမရှိတဲ့ ကျားတစ်ကောင်ဖြစ်နေပြီ…
ငါ ယဲ့မင်ကလည်း မင်းထက်ပါရမီ နည်းတဲ့သူမဟုတ်ဖူး… ငါ့မှချို့တဲ့နေတာဆိုလို့ မင်းလိုမျိုးစွန့်စားတတ်တာလေးပဲရှိတာ…
ဒါပေမဲ့ မင်းကိုသတ်နိုင်ပြီးတော့ မင်းရဲ့ လျှို့ဝှက်ချက်တွေကို ရရှိသွားတာနဲ့ ငါဟာသေချာပေါကမင်းထက်ပိုပြီး သန်မာအစွမ်းထက်လာလိမ့်မယ်လို့ ယုံကြည်တယ်…အနာဂတ်မှာ ငါဟာ မင်းထက်တောင်ပိုပြီးတော့ ဝေးဝေးကို ခရီးပေါက်လိမ့်အုံးမယ်”
ဤစကားများအား ပြောသောအချိန်တွင် ယဲ့မင်၏မျက်နှာထက်၌ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။
“အမှိုက်လို ကျင့်ကြံသူတစ်ယောက်ကများ ဒီလိုမျိုးစကားတွေကို အရှက်မရှိပြောရဲတယ်တဲ့လား…
ဒီလိုအမှိုက်မျိုးရဲ့ ဖိနှိပ်တာကို ငါတကယ်ခံရမယ်ဆိုရင်
ငါလူသားဘဝအဖြစ်နဲ့
နှစ်ဘဝရှင်သန်ခဲ့တာက အလကားပဲ.”
ဤအရာများအားကြားရသောအခါတွင် ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။ အနည်းငယ်ရယ်စရာကောင်းသည်ဟုပင် သူခံစားရသည်။ ဤလူက ထိုအချိန်တုံးက သူ၏ခြေဖဝါးအောက်တွင် လဲလျောင်းခဲ့သည်ဖြစ်သည်။ သူသာ၎င်းအားသတ်ချင်ခဲ့ပါက ပုရွတ်ဆိတ်တစ်ကောင်အား နင်းခြေသတ်ရသည်ထက်ပင် ပိုလွယ်ကူသည်ဖြစ်လေသည်။
ရှစ်ဖုန့်၏လှောင်ပြုံးနှင့် သူကဲ့သို့ရန်သူကြီးအားရင်ဆိုင်ရချိန်၌ပင် ပြောင်းလဲခြင်းမရှိမှုတို့အား တွေ့ရသောအခါ ယဲ့မင်တစ်ယောက် စတင်၍ ဒေါသထွက်လာသည်။ သူ့မျက်နှာက ဖြည်းဖြည်းချင်း အေးစက်မှုအဖြစ်သို့ပြောင်းလဲသွားပြီး အော်ပြောလိုက်သည်။
“အခု မင်းရယ်ချင်သလောက် ငါရယ်ခွင့်ပေးထားအုံးမယ်…
နောက်ဆို မင်းမှာ ငိုဖို့ အချိန်တောင် ရှိမှာမဟုတ်ဖူး”
ယဲ့မင်အော်ပြောပြီးသည့်နောက်တွင် သူ့အောက်တွင်ရှိနေသောကျားဖြူက သူ့သခင်ဖြစ်သူ၏ ရည်ရွယ်ချက်တို့အား အာရုံခံမမိပုံရသည်။၎င်းက ၎င်း၏ကြီးအားသောကိုယ်ကြီးအားလှမ်းခုန်လိုက်ပြီး ၎င်း၏အစွယ်နှင့်လက်သည်းများကို လှစ်ဟာပြ၍ ရှစ်ဖုန့်ပေါ်သို့ ရုတ်တရက် ခုန်အုပ်လိုက်သည်။
“ဝေါင်း”
ကြမ်းကြုတ်ခက်ထန်မှုနှင့်အတူ ၎င်းက ဟိန်းဟောက်လိုက်သည်။ ရုတ်တရက် ကြမ်းကြုတ်ပြင်းထန်သောလေတို့တိုက်ခတ်လာသည်။ ထက်ရှသောလေဓားများက ၎င်း၏ရှေ့တွင်ပေါ်လာပြီး ရှစ်ဖုန့်ထံသို့ သိမ်းကျုံးဦးတည်သွားသည်။
ကျားဖြူ၏ ကျောပေါ်တွင်ရှိနေသော ယဲ့မင်သည်လည်း လှုပ်ရှားလိုက်သည်။ သူ့လက်ထဲတွင်ရှိနေသော ဓားရှည်က အားကောင်းသော
အပြာရောင်အလင်းတစ်ခုကို
ထုတ်လွှတ်နေ၏။ သူကရှစ်ဖုန့်ထံသို့ ထိုးသွင်းလိုက်ပြီး ထက်ရှသော အပြာရောင်ဓားချီး ရှစ်ဖုန့်၏ခေါင်းထံသို့ ထိုးဝင်လာသည်။
ဤအချိန်တွင် ရှစ်ဖုန့်၏ ခြေထောက်က လုံးဝရွေ့လျားခြင်း မရှိပေ။ဓားလက်ချောင်း
အဖြစ်ပုံဖော်ထားသော သူ၏ညာလက်ကိုသာ အနည်းငယ်လှုပ်ရှားလိုက်သည်။ သူက၎င်းအား သူ့၏ရှေ့တွင်ရေပြင်ညီအတိုင်းလွှဲယမ်းလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ရေပြင်ညီအဖြူရောင် ဓားချီတစ်ခုက ပေါ်လာသည်။ ထို့နောက်တွင် ၎င်းက ရုတ်တရက်ရှေ့သို့ပစ်ဝင်သွားသည်။
အဖြူရောင်ဓားချီဖြတ်သန်းသွားရာ နေရာတိုင်းရှိ ရှေ့တွင်ရှိနေသောထက်ရှသည့်
လေဓားများမှာ ရုတ်ခြည်းဆိုသလို ကွဲကြေကုန်သည်။ထို့နောက်တွင် အဖြူရောင်ဓားချီက ချက်ချင်းပဲ အတောင်ပံပါကျားဖြူ၏ ကြိးမားသော ကိုယ်ကြီးအား ခုတ်ပိုင်းဖြတ်သန်းသွားသည်။
ဤအခိုက်အတန့်၌ အပြာရောင်
ဓားရိပ်တစ်ခုက ရှစ်ဖုန့်၏ခေါင်းထံသိုကျဆင်းလာသည်။ ရှစ်ဖုန့်က သူ့ဘယ်လက်ကိုလှုပ်ရှားလိုက်ပြီး သူ၏လက်ချောင်းဖြင့်တောက်လိုက်သည်။ ထိခတ်သံခပ်သဲ့သဲ့ထွက်လာပြီး ကျဆင်းလာသော အပြာရောင်ဓားချီမှာ ရှစ်ဖုန့်၏ လက်ချောင်းဖြင့် တောက်ခံရမှုအောက်တွင် ရုတ်ခြည်းဆိုသလို ပျက်သုဉ်းသွားခဲ့သည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
သူနှင့်ကျားဖြူတို့၏ ပူးပေါင်းတိုက်ခိုက်မှုက မျက်စိတစ်မှိတ်အတွင်း ဤပုဂ္ဂိုလ်ကြောင့် အလွယ်တကူ ဖျက်ဆီးခံလိုက်ရသည်ကို ယဲ့မင်မြင်တွေ့လိုက်ရသည်။ သူ၏ မျက်နှာထက်တွင် တုန်လှုပ်အံ့အားသင့်မှုများ၊
လက်သင့်မခံနိုင်မှုများဖြင့် ပြည့်နှက်နေသည်။သူတို့နှစ်ဦးလုံးမှာ ကြယ်တစ်ပွင့် ဆရာသခင်နယ်ပယ်များ
ဖြစ်ကြသည်ဖြစ်သည်။ အဘယ်ကြောင့် သူတို့နှစ်ဦး၏ကြားထဲတွင် ကွာခြားချက်က အရမ်းကို ကြီးမားနေရပါသနည်း။ အဘယ်ကြောင့်နည်း။
အဘယ်ကြောင့် သူက အရမ်းကို အားကောင်းအစွမ်းထက်နေရပါသနည်း။
“ဝေါင်း”
ဤအချိန်တွင် ယဲ့မင်၏အောက်၌ရှိနေသော အတောင်ပံနှင့်ကျားဖြူက ရုတ်တရက် နာကျင်မှုအပြည့်ဖြင့်ဟိန်းဟောက်လိုက်သည်။ ထို့နောက် အဖြူရောင်ဓားချီဖြင့် ပိုင်းဖြတ်ခြင်းခံလိုက်ရသော ကျားဖြူ၏ကိုယ်မှာ ရုတ်တရက် နှစ်ပိုင်းကွဲထွက်သွားသည်။ တောက်ပသော အနီရောင်သွေးများက လွန်လွန်ကဲကဲကို ပန်းထွက်လာသည်။ လေထဲတွင်တန်းလန်းကြီးဖြစ်နေသော ကျားဖြူ၏ ခန္ဓာကိုယ်နှစ်ပိုင်းမှာ ရုတ်တရက် မြေပြင်ပေါ်သို့ ပြင်းထန်စွာကျဆင်းသွားသည်။
တစ်ချိန်တည်းမှာပင် ကျားဖြူ၏ကျောပေါ်၌စီးနင်းထားသော ယဲ့မင်မှာလည်း ကျားဖြူ၏ ခန္ဓာကိုယ်နှစ်ပိုင်းနှင့်အတူ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ သူက အလွန်စိုးရိမ်ဖွယ် အခြေနေဖြင့် ပြုတ်ကျသွားခြင်းဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးမှာ မြေပြင်ပေါ်တွင် ထပ်မံလဲလျောင်းလိုက်ရပြန်သည်။
“ဘာလို့လဲ…ဘာလို့လဲ..”
ယခုချိန်ထိတိုင် ယဲ့မင်က ဘာလို့လဲဟူ၍ တီးတိုးရေရွတ်နေသည်။
နယ်ပယ်တူညီသော သူနှင့်ကျားဖြူတို့မှာ နယ်ပယ်အတူတူပင်ဖြစ်သော ရှစ်ဖုန့်အား ရှုံးနိမ့်နေဆဲဖြစ်သည်။ ရှစ်ဖုန့်က တစ်ချိန်လုံးရွေးလျားခြင်းပင် မရှိခဲ့ပေ။
၎င်းက ၎င်း၏ လက်အား အကြိမ်အနည်းငယ်ခန့် သာမန်ကာလျှံကလွှဲယမ်းခဲ့ပြီး သူ့အားမြေပြင်ပေါ်သို့ ကျဆင်းသွားစေခဲ့သည်။ ဤသည်ကား သူ့အတွက် တကယ်ကို လက်သင့်ခံနိုင်ရန် ခက်ခဲလေသည်။
အတိတ်တုံးက သူသည် အဆင့်တူခြင်းတွင် ကျော်လွှား၍ မရနိုင်သောသူဖြစ်ခဲ့သည်။
သူက သူ့ထက်နယ်ပယ်အဆင့်တစ်ခု ပိုမြင့်သောသူကိုပင် စိန်ခေါ်ခဲ့သေးသည်။ ဤအချိန်တွင် သူ၏ အစစ်အမှန် ကျင့်ကြံသူတစ်ယောက်ကဲ့သို့သော ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ပြင်းထန်မှုများ ရှစ်ဖုန့်၏ဖျက်ဆီးခြင်းကို လုံးဝခံလိုက်ရသည်။
ထို့နောက်တွင် ပေါ့ပါးသော ခြေလှမ်းသံများက ယဲ့မင်၏ နားအတွင်းသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာသည်။ ရုတ်တရက် ယဲ့မင်တစ်စုံတစ်ခုကို
သဘောပေါက်လိုက်ပြီး သူ့ခေါင်းအား မပြေမပြစ်မော့ကြည့်လိုက်သည်။
ဤပုံစံအနေအထားဖြင့် ငယ်ရွယ်ပြီး ပြောင်းလဲမှုမရှိသော မျက်နှာအား နောက်တစ်ကြိမ် ထပ်မံ၍ သူကြည့်လိုက်သည်။
ထို့နောက်တွင် ယဲ့မင်မှာ လူတစ်ယောက်၏ ခြေထောက်တစ်ဖက်က မြောက်တက်လာသည်ကို တွေ့လိုက်ရသည်။
“ဟင့်အင်း….ငါ့ကိုမသတ်ပါနဲ့..ငါမှားမှန်း ငါသိပါပြီ..ငါမင်းရဲ့ အစေခံဖြစ်ဖို့ ဆန္ဒရှိပါတယ်..အခုကစပြီးတော့ ငါကမင်းရဲ့ အစေခံတစ်ယောက်ပါပဲ”
ယဲ့မင်က နောက်တစ်ကြိမ်ထပ်မံ၍ ရှစ်ဖုန့်အား သနားညှာတာပေးရန် တောင်းပန်သည်။ ဤမြင်ကွင်းက သူ့အတွက် အရမ်း ရင်းနှီးနေ၏။ ယင်းက သူပထမအကြိမ်မြေပြင်ပေါ်၌ လဲနေစဉ်တွင် စိတ်ကူးခဲ့သော မြင်ကွင်းမျိုး မဟုတ်ပါလော။ ထိုအချိန်တုံးက ခြေထောက်နှစ်ဖက်မှာ သူ၏ အဝေးကို ဖယ်ခွာသွားခဲ့သည်ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ သူယခင်က စိတ်ကူးထားသကဲ့သို့ ခြေထောက်တစ်ဖက်က မြှောက်တက်လာပြီး သူ၏ခေါင်းအား ရုတ်တရက်ဆောင့်နင်းချလိုက်သည်။
သူ့ထံသို့ဦးတည်မြောက်တက်လာသော ညာခြေထောက်အားကြည့်ရင်း ယဲ့မင်၏ မျက်လုံးတို့ကပြူးကျယ်နေသည်။ သူ့မျက်နှာထက်တွင် တုန်လှုပ်အံ့အားသင့်မှုများထက် သူ့နှလုံးသားအတွင်းရှိ နောင်တတရားတို့ဖြင့်လည်း ပြည့်နှက်နေသည်။ သူအနေဖြင့် တော်တော်လေးကို နောင်တရမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ သူ့အနေဖြင့် ဖယ်ရှားလို့ရနေပါလျက်နှင့် အဘယ်ကြောင့် ၎င်းဂြိုလ်ဆိုးအား စော်ကားမိခဲ့ပါသနည်း။
ယဲ့မင်မှာနှလုံးသားထဲတွင် မကျေမချမ်းမှုများဖြင့်လည်း
ပြည့်နှက်နေသည်။ ဤအရာအားလုံးမှာ ထို အသုံးမကျသည့် ကျားဖြူကြောင့်ဖြစ်သည်။ ဤကျားဖြူအတွက်သာမဟုတ်ခဲ့လျှင်
သူ့အနေဖြင့် ဤပုဂ္ဂိုလ်အား စော်ကားရန် သတ္တိပင်ရှိလိမ့်မည်မဟုတ်ခဲ့ပေ။
သို့သော် ဤကမ္ဘာပေါ်တွင်
နောင်တတရားအား ကုစားရန် အတွက် ဆေးဟူသည်ကား ရှိမနေပေ။
“မင်းလို အမှိုက်မျိုးက ဒီသခင်လေးရဲ့ အစေခံဖြစ်ဖို့ဆိုတာကိုထားအုံး ဒီသခင်လေးရဲ့ ခွေးဖြစ်ဖို့တောင် မထိုက်တန်သေးဘူး… “
ညင်သာသော အသံတစ်ခုက ပဲ့တင်ထပ်သွားသည်။ ထို့နောက်တွင် ရှစ်ဖုန့်၏ ညာခြေထောက်က တုန်လှုပ်အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်နေပြီး တစ်စုံတစ်ခုအား ပြောချင်နေပုံရသော
ယဲ့မင်၏မျက်နှာထက်သို့ ရုတ်တရက် ဆောင့်နင်းချလိုက်သည်။ပြင်းထန်သော အားအောက်တွင် ရှစ်ဖုန့်၏ခြေထောက်က ယဲ့မင်၏ မျက်နှာပေါ်သို့ ဆောင့်နင်းချလိုက်ပြီး ၎င်း၏ ဦးခေါင်းတစ်ခုလုံးမှာ ဖရဲသီးတစ်လုံးကဲ့သို့
ကွဲကြေထွက်သွားသည်။
“ဘန်း”
ကြယ်တစ်ပွင့် ဘုရင်နယ်ပယ် လူဖျင်းတစ်ယောက် ဖြစ်သော ယဲ့မင်မှာ သေဆုံးသွားခဲ့ရပြီဖြစ်လေသည်။
ရှစ်ဖုန့်မှာ တကယ့်ကို ပုရွက်ဆိတ်တစ်ကောင်အား နင်းခြေလိုက်သကဲ့သို့ပင်ဖြစ်သည်။
သူ၏မျက်နှာက လုံးဝ ပြောင်းလဲခြင်း အလျဉ်းရှိမနေပေ။ သူကပြန်လှည့်လိုက်ပြီး တောင်ထိပ်ဆီသို့ ဆက်လက်၍ လျှောက်လှမ်းသွားလိုက်သည်။
ရှစ်ဖုန့်၏ ပုံရိပ်ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသောအခါတွင် ငယ်ရွယ်သော ပုံရိပ်တစ်ခုက ယဲ့မင်၏ ဦးခေါင်းမဲ့ ကိုယ်နှင့် သိပ်မဝေးလှသော သွေးနီရောင် သစ်ပင်တစ်ပင်၏ နောက်ကွယ်မှနေ၍ ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာသည်။ သူ၏မျက်လုံးတို့က အေးစက်နေပြီး ရှစ်ဖုန့် ပျောက်ကွယ်သွားသော ဦးတည်ချက်ဘက်သို့ ကြည့်နေသည်။ ထို့နောက်သူက တီးတိုးရေရွတ်လိုက်သည်။
“ငါတို့နှစ်ယောက်လုံးက ကြယ်တစ်ပွင့် ဆရာသခင်နယ်ပယ်ဖြစ်နေတာတောင် ငါတို့ကြားက တိုက်ခိုက်ရေးခွန်အားကွာခြားချက်က အရမ်းကိုကြီးကြီးမားမား ကွာခြားနေသေးတယ်လို့ ငါခံစားရတယ်”
လူငယ်က အကွာအဝေးတစ်ခုတွင်ပုံးကွယ်နေခဲ့ခြင်း ဖြစ်သည်။ လျှို့ဝှက်ဖုံးကွယ်ခြင်း ပညာရပ်တစ်ခု၏အကူအညီဖြင့် သူကရှစ်ဖုန့်နှင့် ယဲ့မင်တို့အား စောင့်ကြည့်နေခဲ့သည်။ ထိုဖုံးကွယ်ခြင်းပညာရပ်၏အောက်တွင် ရှစ်ဖုန့်ပင် ၎င်းအားသတိမထားမိခဲ့ပေ။
ထို့နောက်တွင် လူငယ်၏လည်ပင်း၌ ချိတ်ဆွဲထားသော ကျောက်စိမ်းပြားထံမှ အိုမင်းပြီး အက်ရှရှအသံတစ်ခု ထွက်ပေါ်လာသည်။
“ကျုံးအာ ဒီလူရဲ့ စွမ်းအားကြောင့် မင်းရဲ့ သိုင်းပညာအပေါ် ယုံကြည်ချက်တွေ ထပ်ပြီးတော့ လှုပ်ခါလာပြန်ပြီလား.”
“ မဟုတ်ဖူး ဆရာ …”
ယန်ကျုံးက နှိုင်းယှဉ်၍ မရသော ခိုင်မာမြဲမြံသည့် မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။ ထို့နောက် သူကပြောလိုက်သည်။
“ကျွန်တော်က ကျွန်တော်တို့ရဲ့ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားကို ဆန်းစစ်ကြည့်ရုံတင်ပါ”
“ဟမ်”
ယန်ကျုံးက ဤကဲ့သို့ပြောလိုက်သော
အခါတွင် ကျောက်စိမ်းပြားအတွင်းရှိ အိုမင်းပြီးအက်ရှရှအသံပိုင်ရှင်က ကျေနပ်မှုရှိသော လက္ခဏာတစ်စွန်းတစ်စ ကို လှစ်ဟာပြလိုက်သည်။ ထို့နောက်သူက ပြောလိုက်သည်။
“ငရဲဘုံကိုးခု သိုင်းပညာရပ်တွေဟာ ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းပဲဆိုတာကိုတော့ ငါတို့တွေဝန်ခံရလိမ့်မယ်.. ဒါပေမဲ့ကျုံးအာ ကျောက်စိမ်းပြားထဲက မင်းရရှိထားတဲ့ သိုင်းပညာရပ်ကို သင်ယူနိုင်ပြီး ဆရာလိုမျိုးတွေးခေါ်စဉ်းစားတတ်လာတာနဲ့ အဲ့တာ ငရဲဘုံကိုးခု သိုင်းပညာရပ်တွေထက် ဆိုးဝါးတဲ့အရာတော့ ဖြစ်လာမှာမဟုတ်ဖူး”
ဆက်ရန်….
ဘာသာပြန်သူ-ARISE