အပိုင်း (၂၅၉)
Vol. 18 Ch. 259
ယန်ကျုံးနှင့် သိပ်ဝေးခြင်းမရှိသော သွေးရောင် သစ်ပင်တစ်ပင်ပေါ်တွင် သစ်ပင်၏ ပင်စည်ပေါ်၌ လူငယ်တစ်ယောက်ရပ်နေသည်။ သူကအနက်ရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောပေါ်၌ အနက်ရောင် သံမဏိဓားတစ်လက်ကို သယ်ဆောင်ထားသည်။ သူက ရှစ်ဖုန့်ထွက်ခွာသွားသော
ဦးတည်ချက်ဘက်ကို ကြမ်းကြုတ်ခက်ထန်သော မျက်နှာဖြင့် ကြည့်နေပြီး သူ၏ မျက်လုံးတို့ အတွင်းတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူက သူ၏ ဘယ်လက်ကောက်ဝတ်ထံသို့ ကြည့်လိုက်သည်။ သူ၏ဘယ်လက်မှာ မရှိတော့ပြီဖြစ်သည်။
ယန်ကျုံးမှာ လူငယ်ကျင့်ကြံသူ
ရှိိနေသည်ကို သတိထားမိပြီးသား ဖြစ်သည်။ သူကလှည့်၍ လူငယ်ကျင့်ကြံသူအား ကြည့်လိုက်သောအခါတွင် လူငယ်ကျင့်ကြံသူကလည်း သူ့ကို ပြန်ကြည့်လိုက်သည်။ ထို့နောက်တွင် နှစ်ယောက်သား လှစ်ခနဲဖြစ်သွားပြီး တစ်ချိန်တည်းတွင် ပျောက်ကွယ်သွားကြသည်။
………………………….
သွေးရောင်တောင်ထွတ်၏ တောအုပ်အတွင်းတွင် ကျင့်ကြံသူများက ဖက်ထုပ်များကဲ့သို့ ဆက်လက်၍ ကျဆင်းနေသည်။ ၎င်းတို့က တောင်ထွပ်၏ နေရာအနှံ့သို့ ပြန့်ကျဲကျရောက်သွားကြသည်။ ဤကျင့်ကြံသူများအားလုံးမှာ သွေးတောင်ထွတ်ထံသို့ တစ်ခုတည်းသော အရာအား ရှာဖွေရန်အတွက် ဝင်ရောက်ခဲ့ကြသူများ ဖြစ်ကြသည်။ ဘယ်နယ်ပယ် ဘယ်အဆင့်ဖြင့် သူတို့ ဝင်ရောက်လာခဲ့ကြသည်ဖြစ်စေ တောအုပ်အတွင်းသို့
သူတို့ဝင်ရောက်မိသည်နှင့် သူတို့အနေဖြင့် ကြယ်တစ်ပွင့် ဆရာသခင်နယ်ပယ် အဆင့်ဖြစ်နေလိမ့်မည်ဖြစ်သည်။
တောအုပ်အတွင်း ဆရာသခင်နယ်ပယ်များ ပို၍ပို၍ ပေါ်လာသည်။
ကျင့်ကြံသူများသည်သာမကဘဲ နတ်ဆိုးသားရဲများလည်းပါလေသည်။ ပျံသန်းနိုင်သော နတ်ဆိုးသားရဲများမှာ ၎င်းတို့၏ အတောင်များကျိုးသွားသကဲ့သို့
၎င်းတို့၏ ပျံသန်းနိုင်သော စွမ်းရည်များကို ဆုံးရှုံးလိုက်ကြရသည်။
သွေးတောင်တန်းတောအုပ်ထဲတွင် အောင်ပွဲခံသောသူများ၊ ဒေါသထွက်နေကြသောသူများနှင့် ပြည့်နှက်နေသည်။ ကျင့်ကြံသူတစ်ယောက်မှာ တစ်ခါက သူ၏ချစ်လှစွာသော အမျိုးသမီးအား လုယူသွားသည့် အချစ်ပြိုင်ဘက်တစ်ယောက်ကို တွေ့လိုက်ရသည်။ ပင်ကိုအားဖြင့် သူ့ပြိုင်ဘက်ဖြစ်သူ၏ စွမ်းအားအရ သူ့အနေဖြင့် ဤမလိုမုန်းထားစိတ်အား ဖုံးကွယ်ထားရုံသာတက်နိုင်သည်ဖြစ်သည်။ သို့သော် ယခုအခါ၌ အားလုံးက ကြယ်တစ်ပွင့် ဆရာသခင်နယ်ပယ် ဖြစ်နေကြသည်ဖြစ်ပြီး သူက ခက်ထန်သော အမူအယာဖြင့် ရှေ့သို့ဦးတည်ပြေးဝင်သွားသည်။
အခြားကျင့်ကြံသူတစ်ယောက်မှာ သူအားနှိမ့်ချရှုမြင်ပြီး အပေါင်းအဖော်များနှင့် ပူးပေါင်းကာ အစွယ်ရှိသော သားရဲတစ်ကောင်ကဲ့သို့ သူအားတိုက်ခိုက်၍ နှိပ်စက်ညှင်းပန်းခဲ့သည့်
ပုံရိပ်လေးတစ်ခုကို တွေ့လိုက်ရသည်။
ထျန်းဟန်တိုက်ကြီးမှာ သိုင်းပညာရပ်များအပေါ်တွင်
အလေးထားသော ကမ္ဘာကြီးတစ်ခုဖြစ်သည်။ ပင်ကိုအားဖြင့် ထျန်းဟန်တိုက်ကြီးပေါ်တွင် ရှိနေကြသောသူများမှာ တစ်ယောက်ကိုယ်တစ်ယောက်
မုန်းတီးမှုများ ရှိကြသည်ဖြစ်သည်။
တဖြည်းဖြည်းနှင့် ဤတောင်ထွတ်အတွင်းတွင် သတ်ဖြတ်ခြင်းက နေရာယူလာသည်။
……………………………………
ဤတောင်ထွတ်တွင် သက်ရှိများကင်းမဲ့နေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင်နေခဲ့ပြီဖြစ်သည်။ သဘာဝပေါက်ပင်များ က သန်စွမ်းပေါက်ရောက်နေပြီး တောင်ပေါ်သို့သွားရန်အတွက် ဘာလမ်းကြောင်းမှရှိိမနေချေ။
ရှစ်ဖုန့်မှာ သူ့လက်ထဲတွင်ရှိသော သွေးဓားနှင့်အတူ တောင်ထိပ်သို့တက်ရောက်ရန်အတွက် လမ်းကြောင်းအားဆက်လက်၍ ဖော်နေသည်။
သွေးနီရောင်တောင်ထိပ်ပေါ်သို့
တက်ရောက်ပြီး သွေးကျောက်ပြားအား စူးစမ်းလေ့လာရန်အတွက် ရှစ်ဖုန့်ကဲ့သို့ လမ်းဖောက်နေကြသော လူအချို့လည်းရှိနေသေးသည်ဖြစ်သည်။
သို့သော် လူအများစုမှာ အံ့အားသင့်မှုတို့ဖြစ်နေကြသည်။
သူတို့အနေဖြင့် ဤနေရာသို့ လမ်းတစ်လျှောက်လုံး အပြင်းနှင်လာရပြီး သွေးကျောက်ပြားအား လာရောက်ရှာဖွေရခြင်းမှာ ရှားပါးသောရတနာတစ်ခု သို့မဟုတ် ပြိုင်ဘက်ကင်းကျင့်ကြံနည်းပညာရပ်တစ်ခုအား ရရှိရန်ဟူသော မျှော်လင့်ချက်ဖြင့်ဖြစ်လေသည်။ သို့သော် သူတို့သွေးတောင်ထွတ်အတွင်းသို့ ဝင်ရောက်သည့်အချိန်တွင်
သူတို့ရော အခြားသူများပါ ကြယ်တစ်ပွင့်ဆရာသခင်နယ်ပယ်အဆင့်သို့ ကျဆင်းသွားရသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် အချို့သူများ၏ မျက်လုံးများမှာ ချက်ချင်း အရောင်လက်သွားကြသည်။
ယင်းမှာ ဤတောအုပ်အတွင်းသို့ ဝင်ရောက်ပြီးသည့်နောက်တွင်
ပါရမီရှင်များနှင့် ထူးချွန်ပြောင်မြောက်သော လူငယ်များဟူ၍ ထပ်ပြီးရှိမနေတော့ဟူသည့် အဓိပ္ပါယ်ပင်ဖြစ်လေသည်။ အားလုံးမှာ ကြယ်တစ်ပွင့် ဆရာသခင်နယ်ပယ်များဖြစ်ကြပြီး နယ်ပယ်ကအတူတူပင်ဖြစ်လေသည်။ အားလုံးက ဤအချိန်တွင်
အရေအတွက်၏ တစ်ပန်းသာမှုကို လုံးဝချပြထားခြင်းပင်ဖြစ်လေသည်။
ဘာကို ကောင်းကင်နှင့်မြေကြီး၏ ပြိုင်ဘက်ကင်းရတနာနှင့် ပြိုင်ဘက်ကင်းကျင့်ကြံမှုများဖြစ်ပါသနည်း။ ၎င်းတို့အားလုံးက ထင်ယောင်ထင်မှား တည်ရှိခဲ့ခြင်းသာဖြစ်သည်။
သို့သော် ယခင်က ထိုပါရမီရှင်ဟုဆိုသောသူများနှင့် ဂိုဏ်းကြီးများ၏ တပည့်မများမှာ များစွာရှိကြသည်ဖြစ်သည်။သူတို့သည်လည်း ဤသွေးတောင်ထွတ်ဆီသို့လာခဲ့ကြလေသည်။ အချို့သောကျင့်ကြံသူများအတွက်
ဤသည်ကမှ တကယ့်အစစ်အမှန်
ရတနာများပင်ဖြစ်ကြသည်။
ဂိုဏ်းကြီးတစ်ခုမှ တပည့်တစ်ယောက်အား သူတို့ သတ်နိုင်သည်နှင့် ရိပ်သိမ်းနိုင်မည့် အကျိုးအမြတ်ပမာဏမှာ စိတ်ကူး၍ပင်ရလိမ့်မည်မဟုတ်ပေ။
ဤအချိန်တွင် တတိုဂိုဏ်းမှာ ထိုကဲ့သို့သော လူများဖြင့်ဖွဲ့စည်းထားသည်ဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်ဖြစ်သူမှာ ဝမ့်လောင်ဝူဟုခေါ်သော ထိပ်ပြောင်နှင့် လူဖြစ်သည်။စွေ့ကျန့်က ရှစ်ဖုန့်အား သူ့ကို လက်ညှိုးညွှန်ပြသည်ကို တွေ့လိုက်ရသော အခါတွင် သူက ချက်ချင်းပဲ လှည့်ထွက်၍ ထွက်ပြေးခဲ့သည်။ သို့သော် အကွာအဝေးတစ်ခုသို့ရောက်သည်အထိ ထွက်ပြေးပြီးသော အခါ၌ ရှစ်ဖုန့်နှင့် စွေ့ကျန့်တို့က သူ၏ မြင်ကွင်းမှ ရှိမနေတော့သည်ကို သူတွေ့လိုက်ရသည်။ ၎င်းတို့က သူ့နောက်သို့ လိုက်မဖမ်းကြသောကြောင့် သူပြန်လှည့်လာခဲ့သည်။
တတိုဂိုဏ်းမှာ ဟန်းရွှင်းမြို့နှင့် သိပ်မဝေးလှသောနေရာမှ ဂိုဏ်းသေးလေးတစ်ခုဖြစ်သည်။
ထို့ကြောင့်လည်း ဂိုဏ်းတွင်ရှိနေကြသော ကျင့်ကြံသူများစွာက မြို့ဆင်ခြေဖုံးရပ်ကွပ်ရှိ ဝမ့်လောင်ဝူနောက်သို့ လိုက်ကြလေသည်။ ဂိုဏ်းရှိ ငယ်ရွယ်သော ကျင့်ကြံသူများစွာတို့မှာ ဝမ့်ဝူနှင့်အတူ ဤ သွေးနီရောင် နေရာလွတ်အတွင်းသို့ စုပ်ယူခံခဲ့ကြရသည်။ ဤသွေးနီရောင် နေရာလွတ်အတွင်းသို့ ဝင်ရောက်ခဲပြီးသည့်နောက်တွင် များစွာသောသေကြေသူများရှိခဲ့သော်လည်း ၎င်းသွေးနီရောင်တောအုပ်အတွင်းသို့ ဝင်ရောက်လာသည့် ကျင့်ကြံသူများသုံးဆယ်အထက်
ရှိနေသေးသည်ဖြစ်သည်။ ဤအချိန်တွင်သူတို့က ဝမ့်လောင်ဝူနှင့်အတူ မိစ္ဆာတောအုပ်အတွင်းသို့လိုက်ပါခဲ့ကြသည်။တတိုဂိုဏ်းနှင့် မမျှော်လင့်ဘဲ ကြုံတွေ့ရသော ကျင့်ကြံသူများမှာ အထူးသဖြင့် တစ်ယောက်တည်းဖြစ်နေခဲ့လျှင် အားလုံးအသတ်ခံလိုက်ရသည်ကြီးဖြစ်သည်။
ထိပ်ပြောင်ပြောင်နှင့် ဝမ့်လောင်ဝူ၏ ပုံစံမှာ အရွယ်နှင့်မလိုက်သောပုံစံရှိသော်လည်း တကယ်တမ်းတွင် သက်လတ်ပိုင်း အရွယ်သာရှိသေးသည်ဖြစ်ပြီး တကယ်တမ်း အများကြီး အသက်မကြီးသေးပေ။ သူကအသက်နှစ်ဆယ့်ရှစ်နှစ် အရွယ်သာရှိသေးသည်ဖြစ်သည်။ သူ၏ရင့်ကျက်သောမျက်နှာက သူ၏နှစ်ပေါင်းများစွာ အတွေ့အကြုံများ၏ ရလဒ်အဖြစ်ပြသနေသည်။
ဝမ့်လောင်ဝူမှာ သူ၏မိဘများအား ငယ်စဉ်ကတည်းက ဆုံးရှုံးလိုက်ရသောသူဖြစ်သည်။ သူ့အားလမ်းဘေးကုန်ချသူများက အတင်းအဓမ္မခေါ်ဆောင်သွားခဲ့ပြီး ထျန်းမြောင်အင်ပါယာတွင်ရှိနေသော မိသားစုကြီးတစ်စုထံသို့ ရောင်းချခဲ့သည်။သို့သော် ဝမ့်လောင်ဝူက ထိုအရာအပေါ် စိတ်ကျေနပ်ခြင်းရှိမနေခဲ့ပေ။ သူ၏ကျွန်ဟူသော သရုပ်အား ဖယ်ရှားပစ်ရန်ကျိန်ဆိုခဲ့သည်။ ထို့ကြောင့် ဝမ့်လောင်ဝူကစွန့်စားမှုပြုလုပ်ခဲ့ပြီး မိသားစု၏ ကျင့်ကြံခြင်းပညာရပ်များနှင့် သိုင်းပညာရပ်များအား လျှို့ဝှက်စွာသင်ယူခဲ့သည်။ တစ်နေ့တွင်သူက သိုင်းလမ်းစဉ်ရတနာအိမ်တော်ကို ခိုးဝင်ခဲ့ပြီး မိသားစု၏အစွမ်းအထက်ဆုံးသော ကျင့်ကြံခြင်းပညာရပ်နှင့်
သိုင်းပညာရပ်များကို ခိုးယူခဲ့သည်။
ထို့နောက်ပိုင်းတွင် ဝမ့်လောင်ဝူမှာအမြဲတစ်စေ ပုန်းကွယ်နေထိုင်ခဲ့ပြီး ထျန်းမြောင်အင်ပါယာ၏ မိသားစုကြီးလေးခုထဲက တစ်ခုဖြစ်သောပုမိသားစုမှ သူတစ်ချိန်က ကျွန်အဖြစ်နေထိုင်ခဲ့သော မိသားစုကြီးအား ဖျက််ဆီးလိုက်သည်ဆိုသည့်သတင်းအား မကြားခင်အချိန်ထိ ခါးသီးစွာဖြင့်ကျင့်ကြံမှုကိုသာ လုပ်ဆောင်နေခဲ့သည်။
ထိုအရာများဖြစ်ပြီးနောက်တွင်သူက ပွင့်လင်းစွာထွက်ပေါ်နေထိုင်လာသည်။
ထိုအချိန်က မိသားစုကြီး၏ စွမ်းအားအကြီးဆုံးသော ကျင့်ကြံနည်းများနှင့်သိုင်းပညာရပ်များကို
ကျင့်ကြံနေခဲ့သည့် ဝမ့်လောင်ဝူမှာ သူထွက်ပေါ်လာသည့်အချိန်တွင် အင်ပါယာနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ အင်ပါယာနယ်ပယ်တစ်ယောက်၏ စွမ်းအားဖြင့်သူက တတိုဂိုဏ်းကို တည်ထောင်ခဲ့သည်။ သူအား လူတွေက ဝမ့်လောင်ဝူ ဆေဘာဓားကြီး ဝမ့်လောင်ဝူဟုခေါ်ကြသည်။
ယခုအချိန်၌ ဝမ့်လောင်ဝူမှာအရမ်းကို စိတ်ဝိညာဉ်တို့ တက်ကြွနေသည်။ သူ၏ ပြောင်နေသောထိပ်ကြီးမှာ မျက်လုံးကို အရမ်းပင်ဖမ်းစားလွန်းလေသည်။
သူကသူ၏ရှေ့တွင် ဆေဘာဓားကြီးကို ကိုင်ဆောင်ထားသည်။ သူ၏နောက်တွင် တတိုဂိုဏ်းမှ လူသုံးဆယ်ကျော်ရှိလေသည်။ဝမ့်လောင်ဝူ၏ အင်အားမှာ သွေးနီရောင်တောင်၏ တောအုပ်အတွင်းတွင် အင်အားကြီးတစ်ခုအဖြစ် ဖြစ်နေခဲ့ပြီးဖြစ်သည်။
ဤအချိန်တွင် ကျင့်ကြံသူများစွာတို့မှာ ဒုက္ခရောက်နေကြသည်။ ၎င်းတို့ကြားထဲတွင် ထျန်းမြောင်အင်ပါယာ၏ ဂိုဏ်းကြီးများမှ တပည့်များနှင့် မိသားစုကြီးများမှ တပည့်များလည်းပါဝင်သည်။
ဝမ့်လောင်ဝူမှာ ဆင်းရဲသောမိသားစုတစ်ခုမှ မွေးဖွားလာခဲ့သူဖြစ်သည်။ သူအမုန်းဆုံးသောသူများမှာ ဤကဲ့သို့ အဆင့်မြင့်မားသော မိသားစုများမှ မွေးဖွားလာသည့် သူများပင်ဖြစ်လေသည်။
သွေးနီရောင်တောအုပ်အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည့် အမျိုးသမီးကျင့်ကြံသူများမှာ ပို၍ပင် စိတ်မချမ်းမြေ့ဖို့ကောင်းသေးသည်ဖြစ်သည်။ သူတို့မှာ စိတ်မချမ်းမြေ့ဖွယ်ကောင်း
လောက်အောင်ကို နှိပ်စက်ညှင်းပန်းခံကြရသည်။
“ဟားဟား…မင်းသမီးကျိယွင်
မင်းလက်ထဲက ဓားလေးကို နာခံမှုရှိစွာနဲ့ ချလိုက်စမ်းပါ…နောက်ပြီးရင် ငါ့ရဲညီအကိုတွေနဲ့ ငါက မင်းကို ပျော်ရွှင်ရအောင်လုပ်ပေးမှာပါ…အဲ့တာက ပိုပြီးတော့ မကောင်းဘူးလား”
ဤအချိန်တွင် ဝမ့်လောင်ဝူမှာ ထျန်းမြောင်အင်ပါယာ၏ ချီလီဘုရင်၏သမီးဖြစ်သူ လူငယ်ပါရမီရှင့်အဆင့်တွင်
နံပါတ်နှစ်ချိတ်သာ မင်းသမီး
ကျိယွင်နှင့် တွေ့ဆုံနေသည်။
မင်းသမီးကျိယွင်က လင်းယွဲ့ရှင်းနှင့်အတူ တောင်ထိပ်ပေါ်ရှိ သွေးရောင်ကျောက်ပြားထံသို့
ပျံသန်းလာခဲ့သည်။ သို့သော် ရှစ်ဖုန့်ကဲ့သို့ပင် သူမတို့သည်လည်း ဆန်းကြယ်ပြီးစွမ်းအားကြီးမားသော မမြင်နိုင်သည့် အင်အား၏ရိုက်ခတ်မှုကိုခံရပြီး တောင်အတွင်းသို့ပြုတ်ကျလာခဲ့ခြင်းဖြစ်သည်။ သို့သော် သူမတို့နှစ်ယောက်မှာ တူညီသောနေရာတစ်ခုတည်းသို့ မကျရောက်ခဲ့ကြပေ။ ဝမ့်လောင်ဝူနှင့် တတိုဂိုဏ်းသားများကဲ့သို့မတူညီသည်မှာ သူမတို့၌ အချင်းချင်းဆက်သွယ်မှုပြုလုပ်ရန် အတွက် လျှို့ဝှက်နည်းလမ်းတစ်ခုရှိ
မနေခဲ့ခြင်းပင်ဖြစ်သည်။ ဤအခိုက်အတန့်၌ တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်စုံမက်နေကြသော အမျိုးသမီးနှစ်ယောက်တို့မှာ အချင်းချင်းဆက်သွယ်နိုင်မှုကို ဆုံးရှုံးလိုက်ရပြီဖြစ်လေသည်။
ခရမ်းရောင် ချပ်ဝတ်အား ဝတ်ဆင်ထားသော မင်းသမီးကျိယွင်က
ရဲစွမ်းသတ္တိရှိစွာဖြင့် သူမ၏ ဓားအားရှေ့သို့ထိုးညွှန်လိုက်သည်။
သူမက လူအုပ်၏ရှေ့ဆုံးတွင်ရှိနေသော ဝမ့်လောင်ဝူအား သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့်ကြည့်နေသည်။ ယခင်တုံးကဆိုလျှင် ဤကဲ့သို့သောလူမျိုးအား သူမအနေဖြင့် အလွယ်တကူပင် သတ်ပစ်လိုက်နိုင်သည်ဖြစ်သည်။
သူမအနေဖြင့် ဤကဲ့သို့သော အမှိုက်များ ၏ ခြိမ်းခြောက်မှုကိုခံရပြီး အဝိုင်းခံရလိမ့်မည်ဟု လုံးဝမျှော်လင့်ထားခဲ့ခြင်း မရှိခဲ့ချေ။
“ဝမ့်လောင်ဝူ ဒီတစ်ခါတော့
မင်းလုပ်တာ အရမ်းများသွားပြီ”
အချိန်၌ မင်းသမီး ကျိယွင်၏ဘေးတွင် ပန်းပွင့်စောင့်တစ်ဦးပေါ်လာသည်။ မင်းသမီးကျိယွင်ကဲ့သို့ပင် ဓားရှည်အား ရှေ့တွင်ရှိနေသော ဝမ့်လောင်ဝူထံသို့ တိုက်ရိုက်ပင်ထိုးညွှန်လိုက်သည်။
ဤလူမှာ ထိုအချိန်က ရှစ်ဖုန့်နှင့်
အတူတကွ လာခဲ့သော စွေ့ကျန့်ပင်ဖြစ်လေသည်။
ဆက်ရန်…
ဘာသာပြန်သူ-ARISE