အပိုင်း (၂၆၀)
Vol. 18 Ch. 260
စွေ့ကျန့်က မင်းသမီး ကျိယွင်၏ ဘေးတွင်ရပ်လိုက်ပြီး သူ၏ဓားဖြင့် ရှေ့သို့ထိုးညွှန်လိုက်သည်။ သူ၏မျက်နှာထက်တွင် တရားမျှတသမာဓိရှိမှုများဖြင့် ပြည့်နှက်နေသည်။ယခုအခါတွင် လင်းယွဲ့ရှင်းမှာ ဤနေရာတွင်ရှိမနေသောကြောင့် မင်းသမီးကျိယွင်က သူ၏ အိမ်မက်ဖြစ်ပြီး
သူ၏ နတ်ဘုရားမလည်းဖြစ်လေသည်။ ထိုထက်ပိုသည်ကား သူသည် ကျိုးသင့်ကြောင်းသင့် အာရုံရှိသော ယောက်ျားတစ်ယောက်ဖြစ်သည်ဖြစ်သည်။ သူမအားမလေးမစား လုပ်ချင်းလုပ် သူကပဲလုပ်ရလိမ့်မည်ဖြစ်သည်။
“ဟားဟား စွေ့ကျန့် ဒီနေ့က ငါတို့နှစ်ယောက်ကြားမှာရှိနေတဲ့ အာဃာတတရား အသစ်တွေကော အဟောင်းတွေကိုပါ ကိုင်တွယ်ရမဲ့ အချိန်ပဲ…ခုဏတုံးက အပြင်မှာ ငါ့ကိုသတ်ဖို့အတွက် အဲ့လူငယ်လေးကို မင်းသွေးထိုးတာကို ငါမသိဘူးများထင်နေတာလား…လာစမ်းပါ…အဲ့လူငယ်လေးကို အခုခေါ်ထုတ်လိုက် ငါကလည်း ဒီလိုမျိုးပါရမီရှင်တစ်ယောက်ရဲ့ လျှို့ဝှက်ချက်တွေကိုမှ ရှာဖွေနေဲ့သူ …”
“ဝမ့်လောင်ဝူ မင်းဘယ်လိုတောင် အရမ်းကို စိတ်ကြီးဝင်ရဲနေတာလဲ…ငါတို့တွေဒီနေရာက ထွက်သွားတာနဲ့ ငါ့ညီအကိုတွေက မင်းကိုလွှတ်ပေးမှာမဟုတ်ဖူး…”
စွေ့ကျန့်က အေးစက်စွာပြောလိုက်သည်။
“ဟမ့်..ငါ ဝမ့်လောင်ဝူကူ ဘယ်သူ့ကိုမှ ငါ့ဘဝမှာ တစ်ခါတောင် မကြောက်ဖူးဘူး…….ဒီနေတော့ မင်းသောရမယ်.ပြီးရင် မင်းသမီးကျိယွင်က ငါ့ မိန်းမဖြစ်လာရမယ်………ဟားဟားဟား”
ဝမ့်လောင်ဝူက သူ၏စကားအဆုံးသတ်တွင် ရယ်မောလိုက်သေးသည်။ သူ့ဘဝတွင်မည်သူကိုမျှ မကြောက်ဖူးဘူးဟူသောစကားအား ပြောသည့်အချိန်တွင် သိပ်မကြာသော အချိန်လေးတွင်ကမှ စွေ့ကျန့်က ရှစ်ဖုန့်အား သူ့ကိုလက်ညှိုးထိုးပြသည့် အခါ၌
သူ့အနေဖြင့် ချက်ချင်း ခိုက်ခိုက်တုန်သွားရပြီးသူမဟုတ်သကဲ့သို့ ထွက်ပြေးခဲ့ရသည့် မြင်ကွင်းကို ပြန်အမှတ်ရလိုက်သည်။
“ငါတစ်ခါမှ မထင်ထားမိခဲ့ဘူး..ငါဝမ့်လောင်ဝူက အထက်တန်းလွှာပါရမီရှင်တစ်ယောက်နဲ့ အထက်တန်းလွှာမင်းသမီးတစ်ယောက်ကို ငါ့ဘဝမှာ အရသာခံရလိမ့်မယ်လို့”
“ရွံစရာကောင်းလိုက်တဲ့လူ”
မင်းသမီးကျိယွင်က ဝမ့်လောင်ဝူ၏ စက်ဆုပ်ဖို့ကောင်းသော အပြုံးနှင့်မျက်နှာကိုကြည့်လိုက်ပြီး သူမ၏မျက်နှာထက်ရှိ သတ်ဖြတ်ခြင်း စိတ်ဆန္ဒက ပိုမို၍ အရှိန်ပြင်းထန်လာသည်။
ဤအချိန်တွင် ဝမ့်လောင်ဝူက သူ့လက်နောက်ထဲတွင်ရှိနေသော ဆေဘာဓားကြီးဖြင့် ထိုးညွှန်လိုက်ပြီး သူ့နောက်တွင်ရှိနေသော တတိုဂိုဏ်း၏ တပည့်များအား စိတ်ခွန်အားတက်ကြွစွာဖြင့်
အော်ပြောလိုက်သည်။
“ညီအကိုတို့ သွားကြစို့ …ဒီလူ လုံလုံလောက်လောက်ပျော်ပါးပြီးတာနဲ့ မင်းတို့တွေပျော်ရွှင်ရမဲ့ အလှည့်လည်းရောက်လာလိမ့်မယ်”
“ဟားဟားဟား ကောင်းတယ်…ဂိုဏ်းခေါင်းဆောင်ရဲ့ ချစ်ခြင်းတရားတွေက အရမ်းကိုများနေတာကြောင့် ငါတို့တွေဂိုဏ်းခေါင်းဆောင်ကို ကောင်းကောင်း ငါတို့တွေ ဝန်ဆောင်မှုပေးသင့်တယ်…
ညီအကိုတို့ သွားကြစို့ “
ဝမ့်လောင်ဝူ၏ နောက်တွင်ရှိနေသော တတိုဂိုဏ်းမှ တပည့်တစ်ယောက်က တုံ့ပြန်လိုက်ပြီးနောက် ကျန်နေသည့် တပည့်များကလည်း လိုက်ပါလိုက်ကြသည်။
“ဟားဟားဟား ဂိုဏ်းခေါင်းဆောင်က အင်းအားကြီးတယ်”
“ဂိုဏ်းခေါင်းဆောင်က အင်အားကြီးတယ်”
တတိုဂိုဏ်းမှ ကျင့်ကြံသူများက သူတို့၏ ဓားများအား တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်သည်။ တတိုဂိုဏ်း၏ ကျင့်ကြံသူများအားလုံး ကိုင်ဆောင်သည့်ဓားများမှာ အရောင်အသွေးအတူတူပင်ဖြစ်သည်။ ဤအချိန်တွင် ဓားအလက်ပေါင်းသုံးဆယ်ကျော်က မျက်စိကျိန်းလောက်စရာ အလင်းနှင့် တလက်လက် တောက်ပနေပြီး ၎င်းတို့အားလုံးက တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။
“ဒီသခင်လေး လမ်းတစ်လျှောက်လုံး ဘယ်သူနဲ့မတွေ့ခဲ့ရပေမဲ့ ဒီနေရာမှာတော့ တော်တော်လေးကို အသက်ဝင်လှုပ်ရှားနေပါလား”
ဤအချိန်၌ တတိုဂိုဏ်း၏ ကျင့်ကြံသူများ၏ စိတ်ဓာတ်မှာ အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေသည်။ သူတို့အားလုံးက
စွေ့ကျန့်ကို အရင်သတ်ဖြတ်ပြီး မင်းသမီးကျိယွင်အား ဖမ်းဆီးရန်အတွက် ရှေ့သို့ ချီတက်ရန် ပြင်ဆင်ထားကြသည်။ သို့သော် ငယ်ရွယ်ပြီး သာယာသော အသံတစ်ခုကထိုအချိန်တွင် ထွက်ပေါ်လာပြီး သူတို့အားလုံးအား အသံလာရာဆီသို့ ကြည့်စေလိုက်သည်။
“အာ..ညီအကို….”
ရှစ်ဖုန့်အားမြင်တွေ့လိုက်ရသောအခါတွင် စွေ့ကျန့်က ပျော်ရွင်မှုပြည့်နှက်စွာဖြင့် အလျှင်အမြန်အော်ခေါ်လိုက်သည်။
“အာ..မင်းကိုး”
ဝမ့်လောင်ဝူမှာ ဤလူအားမြင်တွေ့လိုက်ရသောအခါတွင် မသိလိုက်ပါဘဲ တုန်လှုပ်အံ့အားသင့်မိသွားသည်။
ဝမ့်လောင်ဝူ၊စွေ့ကျန့်နှင့် အခြားသောကျင့်ကြံသူ အားလုံးတို့မှာ
ရှစ်ဖုန့်က ရို့ဖှေးဖန်းအား ချက်ချင်းပဲ တုံ့ပြန်သတ်ဖြတ်ခဲ့သည်ကို မြင်တွေ့ခဲ့ကြသည်ဖြစ်သည်။ ဤတောအုပ်အတွင်းတွင်
အားလုံးမှာ ကြယ်တစ်ပွင့် ဆရာသခင်နယ်ပယ်များဖြစ်ကြသည်။ အားလုံး၏ နယ်ပယ်နှင့် ခွန်အားတို့မှာ အတူတူပင်ဖြစ်သည်။
သူတို့ဘက်တွင် လူအရေအတွက်က များစွာရှိသည်ဖြစ်သညသ်။ ထို့ကြောင့် သူတို့အနေဖြင့် ဘာကိုများကြောက်နေရပါမည်နည်း။
ဤအရာအားတွေးမိသောအခါတွင် အနည်းငယ်အားလျော့သွားခဲ့သော ဝမ့်လောင်ဝူ၏ကိုယ်မှာ လျှင်မြန်စွာဖြင့် နောက်တစ်ကြိမ်ထပ်မံ၍ ရင်ကော့ခေါင်းမော့ဖြစ်လာသည်။
“အာ..ညီအကို ငါ့ဘေးကို လာပြီးတော့ ရန်သူတွေကို ငါနဲ့အတူတူ တိုက်ခိုက်ပါ”
ရှစ်ဖုန့်က သူကဲ့သို့ ကြယ်တစ်ပွင့်ဆရာသခင်နယ်ပယ်
သာဖြစ်သော်လည်း ဤအချိန်၌ လူတစ်ယောက်တိုးလာခြင်းက ပို၍ အစွမ်းတိုးလာသလိုဖြစ်သည်ဟု စွေ့ကျန့်ခံစားရသည်။ ထို့ကြောင့်လည်းသူက ရှစ်ဖုန့်အား အလျှင်အမြန်အော်ပြောလိုက်သည်။
ဤအခိုက်အတန့်တွင် ရှစ်ဖုန့်က
စွေ့ကျန့်အား ခေါင်းခါပြလိုက်ပြီး ပြောလိုက်သည်။
“ငါပြောခဲ့သလိုပဲ …မင်းရဲဓားအပေါ်ကိုပဲ မင်းမှီခိုအားထားသင့်တယ်”
“ဟား..ဟား…ဟား… “
ဤအချိန်တွင် ဝမ့်လောင်ဝူက လွတ်လွတ်လပ်လပ်ကို ရယ်မောလိုက်သည်။ သူကရှစ်ဖုန့်အား ကြောက်လန့်မှုကင်းမဲ့စွာဖြင့် မျက်နှာချင်းဆိုင်လိုက်ပြီး အပြုံးတစ်ခုနှင့်ပြောလိုက်သည်။
“ကောင်းတယ်..အရမ်းကောင်းတယ်…
ငါကမင်းပေါ်လာတာကို စောင့်နေတာ …မင်းကတကယ်ပေါ်လာခဲ့တာပဲ…ဒီလောက်ဆိုလုံလောက်တယ်…နတ်ဘုရားက ငါပြောတာကိုကြားပြီးတော့ မင်းကို ငါ့ဆီလွှတ်လိုက်တာပဲ… ဟား..ဟား..ဟား..ဟား..”
အခြေအနေအားမသိကြသူများဆိုလျှင် ဝမ့်လောင်ဝူ၏နောက်ဆုံးစကားနှစ်ခွန်းအား ကြားလိုက်ရပါက သူနှင့်ရှစ်ဖုန့်တို့၏
ကြားထဲ၌ နားလည်ရခက်သေ ဆက်ဆံရေးတစ်ခု ရှိနေလိမ့်မည်ဟုပင် တွေးကြလိမ့်မည်ဖြစ်သည်။
ဝမ့်လောင်ဝူ၏ စကားတို့အား ကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က သူ၏ခေါင်းအား ဖြည်းညှင်းစွာလှည့်လိုက်ပြီး ၎င်းအားတိုက်ရိုက်ပင်ကြည့်လိုက်သည်။ သူကထူးမခြားနားသောလေသံဖြင့် ပြောလိုက်၏။
“ငါမင်းကိုထပ်ပြီးတော့ တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူ..ထိပ်ပြောင်…ဘာဖြစ်လို့လဲ..မင်းလည်း ဒီသခင်လေးရဲ့ လျို့ဝှက်ချက်အတွက်နဲ့ ဒီသခင်လေးကို ဆန့်ကျင်ဖို့ ဆုံးဖြတ်ချက်ချတဲ့ သတ္တိတွေရှိလာပြီလား”
“ဟား ဟား ကောင်လေး…မင်းလက်ရှိအခြေ အနေကို နားမလည်သေးဘူးမလား… မင်းကိုယ်မင်းများ သွေးကြီးမွေးကြီးနဲ့ ပါရမီရှင်တစ်ယောက်လို့ ထင်နေသေးတာလား… ဟားဟားဟား.. မင်းရဲ့လက်ရှိ ကျင့်ကြံမှု နယ်ပယ်ကိုလည်း ဂရုတစိုက်လေးနဲ့ အာရုံခံကြည့်လိုက်အုံး…”
ဝမ့်လောင်ဝူက ရှစ်ဖုန့်မှာသူ၏သိုင်းကျင့်ကြံမှု ဖိနှိပ်ခံထားရသည်ကို နားမလည်သေးဟုတွေးမိသည်။ ထို့ကြောင့်သူက ၎င်းအားပြုံး၍ သတိပေးလိုက်သည်။ ထို့နောက်သူက ပြေတည်တည်မျက်နှာထားဖြင့် ရှစ်ဖုန့်၏ပြောင်းလဲလာမည့်အမူအယာများအား သူမြင်တွေ့ရမည့်အချိန်ကို မျှော်လင့် စောင့်စားနေသည်။ ဝမ့်လောင်၏စိတ်ထဲတွင် ရှစ်ဖုန့်ကသူ့အား တုန်လှုပ်အံ့အားသင့်မှု၊ ထိတ်လန့်မှု၊ကြောက်ရွံ့မှုများဖြင့် ကြည့်မည့် မြင်ကွင်းကိုပင် ကြိုတင်၍ စိတ်ကူးထားပြီးဖြစ်သည်။
ဤကဲ့သို့သော ပါရမီရှင်တစ်ယောက်က
သူ့အား ကြောက်ရွံ့စွာ ကြည့်လာမည်ကို ဝမ့်လောင်ဝူစောင့်စားနေခဲ့သည်။ ထိုအရာအား တွေးတောရုံလေးကတင် သူ့အားစိတ်လှုပ်ရှားစေသည်ဖြစ်သည်။
“ဘယ်သူက ဖှေးဖန်းကိုဂရုစိုက်မှာလဲ…
ဘယ်သူကလင်းယွဲ့ရှင်းကို ဂရုစိုက်မှာလဲ…ဘ ယ်သူက မင်းသမီးကျိယွင်ကို ဂရုစိုက်မှာလဲ..ဤလူငယ်ပါရမီရှင်ကိုရော ဘယ်သူက ဂရိုစိုက်မှာလဲ…ဒီနေရာမှာ ငါဝမ့်လောင်ဝူကသာ ဒီတောအုပ်ရဲ့ ဘုရင်တစ်ယောက်ပဲ”
သို့သော် ဝမ့်လောင်ဝူမြင်တွေ့
လိုက်ရသည်ကား ရှစ်ဖုန့်မှာသူ့အား ပြောင်းလဲမှုမရှိသော အမူအယာဖြင့် ကြည့်နေဆဲဖြစ်နေသည်ကိုပင်ဖြစ်သည်။ သူ၏မျက်နှာထက်တွင် စိုးစဉ်းမျှသော ပြောင်းလဲမှုကလေးပင်ရှိမချေ။ သူက ဝမ့်လောင်ဝူအားထူးမခြားနား
ပြောဆိုလိုက်သည်။
“အဲ့တော့ ဘာဖြစ်လဲ”
“အဲ့တော့ဘာဖြစ်လဲတဲ့လား…ဒီကောင်လေး ငါ့ရှေ့မှာရှိနေတဲ့ အခြေအနေကိုနားမလည်ဘူးလား……..
ငါ့နောက်မှာ လူတွေအများကြီး ရပ်နေတာကို သူမမြင်ဘူးလား…’
“ငါနဲ့နယ်ပယ်အဆင့်ခြင်း အတူတူပဲဖြစ်တဲ့ တတိုဂိုဏ်းရဲ့ ကျင့်ကြံသူတွေမှ အများကြီးရှိနေတာ …
ဒီကောင်အရူးလားဟ ….”
“မဖြစ်နိုင်ဘူး…အရူးတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့
ကျင့်ကြံခြင်းလောကမှ ဒီလိုမျိုးအောင်မြင်မှုတွေကို ရနိုင်မှာတဲ့လဲ…ငါကြောက်မယ်ထင်ပြီးတော့ သူ့ကိုယ်သူ တည်ငြိမ်ဟန်ဆောင်နေတာပဲ ဖြစ်ရမယ်..ဟားဟား…..ဒီလိုလှည့်ကွက်လေးက အရမ်း ရိုးလိုက်တာ”
ထို့နောက် ဝမ့်လောင်ဝူက ရှစ်ဖုန့်ကို ပြောလိုက်သည်။
“ကောင်လေး ငါ့ရှေ့မှာလာပြီးတော့ ဟန်ဆောင်ပြမနေနဲ့….ဟားဟားဟား…
မင်းက ငါ့ကိုကြောက်စေလိမ့်မယ်လို့ ထင်နေတာလား..မင်းကအရမ်းနုံပါသေးတယ်ကွာ”
ရှစ်ဖုန့်၏ အတွေးများအား သူဖောက်ထွင်းမြင်နိုင်သည်ဟု တွေးမိပြီး ဝမ့်လောင်ဝူ၏ မျက်နှာက ပို၍ပင် ဘဝင်ခိုက်လာကာ သူ၏လှောင်ပြုံးမှာလည်း ပို၍ပင် အသံထွက်လာသည်။
ဝမ့်လောင်ဝူက ရှစ်ဖုန့်၏ အတွေးများကို သူဖောက်မြင်နိုင်သောကြောင့် ပြောင်းလဲလာမည့် ရှစ်ဖုန့်၏ အမူအယာအားစောင့်ဆိုင်းနေသည်။ သို့သော်ရှစ်ဖုန့်ထံမှ သူရရှိခဲ့သည်ကား ပြောင်းလဲခြင်းမရှိသော စကားတစ်ခွန်းသာဖြစ်သည်။
“အရူး”
ဝမ့်လောင်ဝူမှာ သူစိတ်ကူးထားသကဲ့သို့ ရှစ်ဖုန့်၏ ကြောက်ရွံ့မှုတို့နှင့်ပြည့်နှက်နေသော အမူအယာကိုမြင်တွေ့ရခြင်း မရှိခဲ့ချေ။
ထိုအစား စကားတစ်ခွန်းကိုသာ ရှစ်ဖုန့်ထံမှ သူရရှိခဲ့သည်။ ဝမ့်လောင်ဝူ၏အမူအယာမှာ ပြင်းပြင်းထန်ထန်ကို ပြောင်းလဲသွားခဲ့ပြီး ဒေါသတကြီးဖြင့်အော်ပြောလိုက်သည်။
“မင်း..မင်းတော့ သေချင်နေတာပဲ”
“ဂိုဏ်းခေါင်းဆောင်”
ရုတ်တရက် ငယ်ရွယ်သောအသံတစ်ခုက ဝမ့်လောင်ဝူ၏ နောက်ဘက်မှထွက်ပေါ်လာသည်။ ထို့နောက်တွင် အသက်ဆယ့်လေးဆယ့်ငါးနှစ်အရွယ်ရှိသော ကောင်လေးတစ်ယောက် ဝမ့်လောင်ဝူ၏ နောက်ဘက်မှ လျှောက်လှမ်းထွက်လာ၏။ သူက ပြောင်းလဲမှုမရှိသောအမူအယာဖြင့် ဝမ့်လောင်ဝူ၏ ရှေ့သို့လျှောက်လာပြီး ဝမ့်လောင်ဝူကို ပြောလိုက်သည်။
“ဂိုဏ်းခေါင်းဆောင် ကျွန်တော့်အနေနဲ့ ခေါင်းဆောင်အတွက် တိုက်ခိုက်ပေးဖို့
ဆန္ဒရှိပြီး ဒီ မာနကြီးနေတဲ့ ကောင်ကို ကူညီသတ်ဖြတ်ပေးချင်ပါတယ်”
“အဲ့တာ ချင်ဖူမလား …..
ဒီကောင်ကပုံမှန်ဆိုရင် စကားအများကြီးမပြောတတ်ပါဖူး ဒါပေမဲ့ သူကအခုတော့ရှေ့တွေထွက်လို့ပါလား…”
ဝမ့်လောင်ဝူ၏ဘေးတွင်ရှိနေသေ ကျင့်ကြံသူတစ်ယောက်က
လူငယ်လေးအား မြင်တွေ့လိုက်ရသောအခါတွင် သူ့ဘေးတွင်ရှိနေသောသူအား ပြောလိုက်သည်။
“အခြားကျွမ်းကျင်သူတွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ချင်ဖူရဲ့ တိုက်ခိုက်ရေးစွမ်းအားက အလယ်အလတ်အဆင့်မှာပဲ ရှိတယ်…
ဒါပေမဲ့ မင်းဒါကိုတော့ သေချာလေး မတွေးမိဘူးမလား.ဒီနှစ်မှာ သူ့အသက်က ဘယ်လောက်ပဲရှိသေးလို့လဲ.. သူကဆယ့်ငါးနှစ်ပဲရှိသေးတာ..
ကြယ်ရှစ်ပွင့် ဘုရင်နယ်ပယ်အဆင့်ကို ဝင်ရောက်နေခဲ့ပြီးပြီ ..ချင်ဖူဆရာသခင်နယ်ပယ်မှာ ရှိတဲ့အချိန်တုံးက သူထက်ကြယ်နှစ်ပွင့်ပိုပြီးအဆင့်မြင့်တဲ့ သူကိုစိန်ခေါ်နိုင်စွမ်းရှိတယ်လို့ ငါကြားဖူးတယ်”
ဆက်ရန်….
ဘာသာပြန်သူ-ARISE