← Chapters

အပိုင်း (၂၆၁)

Vol. 18 Ch. 261

အပိုင်း (၂၆၁)

Vol. 18 Ch. 261

ချင်ဖူတွင်  ဆန်းကြယ်သော နောက်ခံတစ်ခုရှိသည်ဖြစ်သည်။  ဝမ့်လောင်ဝူသည်ပင်လျှင်

သူ၏အကြောင်းအား သိရှိခြင်းမရရှိချေ။  သို့သော်ယင်းက ဝမ့်လောင်ဝူအနေဖြင့် ၎င်းအပေါ်၌ အာရုံစိုက်မှု

မရှိခဲ့ခြင်းကြောင့်ဟု မဆိုလိုပေ။ ချင်ဖူမှာ ဤကဲ့သို့ငယ်ရွယ်သောအသက်အရွယ်ဖြင့်  ယခုအခါ၌ ကြယ်တစ်ပွင့် အင်ပါယာနယ်ပယ်ကိုပင် ချိုးဖြတ်နိုင်ခဲ့နိုင်ပြီဖြစ်လေသည်။  ထိုတင်မကသေးဘဲ ချင်ဖူ၌  တည်ငြိမ်ပြီး ခိုင်မာသော ပင်ကိုယ်စရိုက်တစ်ခုရှိသည်ဖြစ်သည်။ ဝမ့်လောင်ဝူက ဂိုဏ်းတွင်ရှိနေသည့် အခြားသော အကြီးအကဲများအား  ချင်ဖူကဲ့သို့သော လူငယ်ပါရမီရှင်တစ်ယောက်ကို ပျိုးထောင်ပေးရန်အတွက် အမိန့်ပေးညွှန်ကြားထားသည်ဖြစ်သည်။

ချင်ဖူမှာ အနာဂတ်တွင် တတိုဂိုဏ်း၏  အကြီးအကဲတစ်ယောက်ဖြစ်

လာလိမ့်မည်ဖြစ်သည်။

ဝမ့်လောင်ဝူက  ချင်ဖူ၏ တောင်းဆိုချက်အား ကြားလိုက်ရသောအခါတွင်  ရှစ်ဖုန့်အား အေးစက်စွာကြည့်၍ ချင်ဖူကို မေးလိုက်သည်။

“မင်းနိုင်နိုင်တယ်ဆိုတာ သေချာရဲ့လား”

ဝမ့်လောင်ဝူမှာ ချင်ဖူ၏ စွမ်းအား၊ပါရမီ ၊သိုင်းတာအိုနှင့် သိုင်းပညာရပ်များအပေါ်၌ သံသယဝင်ခြင်းမရှိချေ။  သို့သော်ဝမ့်လောင်ဝူမှာ ထိုလူငယ်အား စိုးရိမ်နေဆဲဖြစ်သည်။  ၎င်းအားသတ်ဖြတ်ရန်အတွက်  နောက်ထပ်ကျင့်ကြံသူ အနည်းငယ်အား ပို၍ စေလွှတ်သင့်သည်ဟု သူခံစားရသည်။

“ဂိုဏ်းခေါင်းဆောင် ကျေးဇူးပြုပြီး ကျွန်တော့်ကို  အခွင်အရေးတစ်ခုပေးပါ”

ချင်ယု၏မျက်နှာထက်တွင် စိတ်ပိုင်းဖြတ်ထားမှုတို့ဖြင့် ပြည့်နှက်နေသည်။

ဝမ့်လောင်ဝူမှာ ချင်ဖူ၏ အတွေးများအား ဖြည်းဖြည်းချင်းနားလည်လာသည်။

ချင်ဖူက တိုက်ပွဲတစ်ခုတည်းဖြင် နမည်ကျော်ကြားလိုခြင်းဖြစ်သည်။

ထို့အပြင် ရှစ်ဖုန့်က ရို့ဖှေးဖန်းကို သတ်ပစ်ခဲ့သည့်သူဖြစ်သည်။ အကယ်၍ ချင်ဖူသာ ရှစ်ဖုန့်ကို အနိုင်ယူနိုင်ခဲ့ပြိီး သတ်နိုင်ခဲ့မည်ဆိုလျှင် ယင်းက ချင်ဖူအနေဖြင့် ရို့ဖှေးဖန်းကိုလည်း သတ်နိုင်သည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။ ဤသတင်းများသာ ပျံ့နှံ့သွားခဲ့လျှင်  ထျန်းမြောင်အင်ပါယာ၌ ချင်ဖူမှာ  နမည်ကျော်ကြားလာလိမ့်မည်ဖြစ်သည်။

ဝမ့်လောင်ဝူက ချင်ဖူကို ခေါင်းညိိမ့်ပြလိုက်ပြီး  လေးနက်သောအသံဖြင့်ပြောလိုက်သည်။

“ဂရုစိုက်ပါ..မင်းသူ့ကို အနိုင်မယူနိုင်ရင် ချက်ချင်းပြန်ဆုတ်ခဲ့…ငါကိုယ်တိုင်အားလုံးကို ဦးဆောင်ပြီးတော့ သူ့ကိုသတ်မယ်”

“ကျေးဇူးတင်ပါတယ် ဂိုဏ်းခေါင်းဆောင်”

ချင်ဖူက  ဝမ့်လောင်ဝူကိုကြည့်ကာ

ခေါင်းညိမ့်လိုက်ပြီး နောက် လှည့်၍ ရှစ်ဖုန့်ထံသို့ ဖြည်းညှင်းစွာလျှောက်သွားလိုက်သည်။

ဤအချိန်၌ ဝမ့်လောင်မှာ ကျောက်စိမ်းပြားတစ်ခုကို

အသုံးပြု၍ ချင်ဖူနှင့် ရှစ်ဖုန့်တို့ကြားရှိတိုက်ပွဲအား  မှတ်တမ်းတင်ထားရန် တတိုဂိုဏ်း၏ တပည့်များကို အမိန့်ပေးထားသည်။

အကယ်၍ မှတ်တမ်းမတင်ထားခဲ့လျှင်  ချင်ဖူကရှစ်ဖုန့်အား သတ်နိုင်ခဲ့လျှင်တောင်  သူ့အနေဖြင့်  ဤသတင်းအား ပျံ့နှံ့ခြင်းနှင့် ထျန်းမြောင်အင်ပါယာတွင်ရှိနေသော

သူများအား ချင်ဖူက  ရှစ်ဖုန့်အားသတ်ပစ်နိုင်ခဲ့သည်ကို သိခွင့်ပေးခြင်းတို့ကို ပြုလုပ်နိုင်လိမ့်မည်မဟုတ်ပေ။

အကယ်၍ ချင်ဖူ ရှုံးနိမ့်သွားခဲ့လျှင်တောင်  တိုက်ပွဲအားမှတ်တမ်းတင်ထားသည့် ကျောက်စိမ်းပြားကို  သူဖျက်ဆီးပစ်နိုင်သေးသည်ဖြစ်သည်။

ချင်ဖူက ရှစ်ဖုန့်ထံသို့ လေးနက်သောမျက်နှာထားဖြင့် ဖြည်းညှင်းစွာလျှောက်လှမ်းသွားပြီး  နက်ရှိုင်းသော အသံဖြင့်ပြောလိုက်သည်။

“တတိုဂိုဏ်းက ချင်ဖူပါ”

“ပုရွတ်ဆိတ်လေးက ဒီသခင်လေးကို တိုက်ဖို့ထိုက်တန်တယ် ထင်နေတာလား ..ငါ့အချိန်တွေကို လာပြီးဖြုန်းမနေစမ်းနဲ့…. မင်းတို့တွေအားလုံး အတူတူသာ လာခဲ့ကြ…”

ရှစ်ဖုန့်က  ချင်ဖူကိုလျစ်လျူရှုလိုက်ပြီး  တတိုဂိုဏ်းက လူများအားကြည့်လိုက်ကာ အေးအေးလူလူပင် ပြောလိုက်သည်။

“မင်း”

ရှစ်ဖုန့်က သူ့အား လုံးဝလျစ်လျူရှုထားသည်ကို မြင်တွေ့လိုက်ရသောအခါတွင်  ချင်ဖုန်း၏  မျက်နှာထက်၌ ကြမ်းကြုတ်ရက်စက်မှုလက္ခဏာတို့

ချက်ချင်းပဲ ပြသလာပြီး  သူကအော်ပြောလိုက်သည်။

“ငါ့မှာ မင်းလိုမျိုး သည်းထိပ်ရင်ဖို စွန့်စားမှုတွေ မရှိခဲဖူး ဆိုပေမဲ့  ငါ့ရဲ့ သိုင်းပါရမီကတော့ သေချာပေါက် မင်းထက်ပိုပြီး မနိမ့်ကျဘူး..ဒီနေ့မင်းက ငါ့ကိုများ ဘယ်လိုဖြစ်ပြီး လျစ်လျူရှုရဲရတာလဲ..မင်းရဲ့ အထက်စီးဆန် မာနကြီးမှုအတွက် မင်းပြန်ပြီးတော့ တန်ကြေးပေးဆပ်ရလိမ့်မယ်”

ချင်ဖူက စကားပြောရင်း အမြင့်သို့ ခုန်တက်လိုက်ကာ ရှစ်ဖုန့်ထံသို့ ဦးတည်လိုက်သည်ပြီး  သူ့လက်ထဲတွင်ရှိနေသောဓားကြီးက ချက်ချင်းပဲ မျက်စိကျိန်းလောက်စရာကောင်းသော ရွှေရောင်အလင်းတစ်ခု

တလက်လက်လင်းလက်လာကာ ခွန်အားအပြည့်ဖြင့် ရှစ်ဖုန့်ထံသို့ တရစပ် ထိုးနှက်မှုများကို ထုတ်ဖော်လိုက်ပြီး ရှစ်ဖုန့်အား ရုတ်တရက် စီးနင်းတိုက်ခိုက်လိုက်သည်။ သူကရှစ်ဖုန့်အား  ဤထက်ရှသောဓားချက်အောက်တွင်

နှစ်ပိုင်းဖြတ်ပြီး  ဤဓားချက်အောက်တွင်သေဆုံးသွားရသော ဝိညာဉ်တစ်ကောင် ဖြစ်လာစေလိုသည်။

ချင်ဖူ၏ ရွှေရောင်ဓားရောက်လာခင်  ရွှေရောင်ဓားရိပ်တစ်ခုက ရှစ်ဖုန့်၏ခေါင်းထက်၌ ရှိနေပြီး ရှစ်ဖုန့်အား လုံးဝဖုံးလွှမ်းလာသည်။

ရှစ်ဖုန့်မှာ ခေါင်းကိုဖြည်းဖြည်းချင်း

မော့လိုက်ပြီး  ချင်ဖူအား အေးအေးဆေးဆေးပင် ကြည့်ရှုနေဆဲဖြစ်သည်။ ထို့နောက်သူက သူ၏ညာလက်ကို လှုပ်ရှားလိုက်ပြီး ဓားလက်ချောင်းပုံစံအဖြစ်ဖွဲ့စည်းလိုက်ကာ သူ့ထံသို့ ဦးစွာကျဆင်းလာသော ရွှေရောင်ဓားရိပ်တည်ရှိရာ

ဟင်းလင်းပြင်ထံသို့ ထိုးညွှန်လိုက်သည်။

“ဘန်း”

ညင်သာသော အသံတစ်ခုနှင့်အတူ ရှစ်ဖုန့်၏လက်ချောင်းအောက်တွင်  ဖုံးကွယ်နေသော ရွှေရောင် ဓားရိပ်များမှာ  ချက်ချင်းပင် ပျက်သုဉ်းကုန်သည်။ ဤအခိုက်အတန့်တွင်  လူတိုင်း၏ မျက်နှာထက်၌ တုန်လှုပ်အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပြီး  စွေ့ကျန့်အပါအဝင် မင်းသမီးကျိယွင်၏ အေးစက်သောမျက်နှာထက်တွင် စိတ်ခံစားချက်လက္ခဏာများ

တစ်စွန်းတစ်စ ပေါ်ပေါက်လာသည်။

ဤအချိန်တွင် ဝမ့်လောင်ဝူက ချက်ချင်းပဲ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ချင်ဖူ မြန်မြန်ပြန်ဆုတ်…”

ဝမ့်လောင်ဝူသည်သာမကဘဲ တိုက်ပွဲအား ကြည့်နေကြသောလူအများစုသည်လည်း အနိုင်အရှုံးအား သိမြင်ကြပြီးဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့အနေဖြင့် ချင်ဖူနှင့် သိရှိကြသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ပြီး  ၎င်း၏တိုက်ခိုက်ရေးပညာရပ်များ အပေါ်၌ ရင်းနှီးကျွမ်းဝင်မှုရှိကြသောကြောင့်ဖြစ်သည်။ ချင်ဖူ၏ အစွမ်းအထက်ဆုံးသော သတ်ဖြတ်ခြင်းလှုပ်ရှားမှုမှာ အစောက ဖော်ထုတ်တိုက်ခိုက်ခဲ့သော  ရွှေရောင်ဓားရိပ်ပင်ဖြစ်လေသည်။

ဤအခိုက်အတန့်၌ ချင်ဖူ၏ မျက်နှာထက်တွင်လည်း တုန်လှုပ်အံ့အားသင့်မှု ၊ ထိတ်လန့်မှုများဖြင့်ပြည့်နှက်နေသည်။

သူက ရှစ်ဖုန့်၏ခွန်အား  အပေါ်တွင်တွေးထင်မှုတို့ရှိခဲ့သည်။ သူ့အနေဖြင့်ဤ ပါရမီရှင်၏

တိုက်ပွဲစွမ်းအားက သာမန်ကျင့်ကြံသူများနှင့် ဘယ်သောအခါမှနှိုင်းယှည်၍ ရမည်မဟုတ်သော်လည်း သူသည်လည်းသာမာန်မဟုတ်သော

ကျင့်ကြံသူဖြစ်သည်ဟု တွေးထင်ခဲ့သည်ဖြစ်သည်။ သူ့သည် လည်းပါရမီရှင်တစ်ယောက်ဖြစ်သည်။ သို့သော်သူ့တွင်ဘာစွန်းစားမှုများ

မှရှိမနေခဲ့ခြင်းကြောင့်သာ  ယခုကဲ့သို့သူဖြစ်နေရခြင်းဖြစ်သည်ဟု တွေးခဲ့သည်ဖြစ်သည်။

“ဘန်း”

ကြွပ်ဆပ်ဆပ် အသံတစ်ခုထွက်ပေါ်လာပြီး  ရွှေရောင်ဓားရိပ်မှာ ရှစ်ဖုန့်၏လက်တစ်ချောင်းကြောင့်  လုံးဝချေမှုန်းခံလိုက်ရသည်ကို  အားလုံးမြင်တွေ့လိုက်ကြရသည်။ သို့သော်နောက်ပိုင်းမှ ရှစ်ဖုန့်မှာတစ်ချိန်လုံး  ရွေ့လျားခြင်းပင်မရှိခဲ့သည်ကို လူများတွေ့လိုက်ကြရသည်။ သို့သော် ချင်ဖူ၏လက်အတွင်းရှိ ရွှေရောင်အလင်းတို့လင်းလက်

နေသောရွှေရောင်ဓားကြီးမှာ  ရုတ်တရက် နှစ်ပိုင်းကျိုးကြေသွားပြီး  ယင်းကချင်ဖူ၏ မျက်နှာအားပို၍ပင်  အံ့အားသင့်မှုတို့ ဖြစ်သွားစေခဲ့သည်။ ဤပုဂ္ဂိုလ်၏ရှေ့မှောက်တွင် သူသည်အရမ်းကို  ကူကယ်ရာမဲ့ဖြစ်နေခဲ့သည်လား။ ရွှေရောင်ဓားမည်ကဲ့သို့ ကျိုးကြေသွားရသည်ဆိုသည်အား ပါဝင်ပက်သက်နေသော ချင်ဖူကိုယ်တိုင်ပင် ရှင်းလင်းစွာ မြင်တွေ့လိုက်ရခြင်းမရှိချေ။

ဤအချိန်တွင် ရွေရောင်ဓားရိပ်ပျက်သုဉ်းသွားရပြီး ဓားကျိုးသွားခဲ့သောချင်ဖူမှာ

ဝမ့်လောင်ဝူ၏ အော်ဟစ်သံကိုကြားလိုက်ရသည်။

ရှစ်ဖုန့်ထံသို့ ကျဆင်းလာနေဆဲဖြစ်သောသူ၏ ပုံရိပ်က ရုတ်တရက်လေထဲတွင် ပြန်လည်ဆုတ်ခွာလိုက်သည်။

သို့သော်လည်း  ရှစ်ဖုန့်၏ ဓားလက်ချောင်းက သူ့အားထိုးညွှန်ထားပြီးဖြစ်သည်ကို ချင်ဖူ မြင်တွေ့လိုက်ရသည်။

“မဟုတ်ဖူး..မဟုတ်ဖူး..မဟုတ်ဖူး…

မင်းငါ့ကိုသတ်လို့မရဘူး…ငါ့အဖေက ထျန်းမြောင် အင်ပါယာရဲ့ စစ်သူကြီးတစ်ဦးဖြစ်တဲ့ ချန်ရှစ်ဟူပဲ..မင်းငါ့ကိုသတ်ရင်  ငါ့အဖေက မင်းကို သေချာပေါက် လွတ်ပေးမှာမဟုတ်ဖူး..”

ရှစ်ဖုန့်က သူ့အာထိုးညွှန်ထားသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ချင်ဖူက  အလျှင်အမြန် သူ့ဘဝသရုပ်မှန်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။ သူကတကယ့်ကို ထျန်းမြောင်အင်ပါယာ၏ စစ်သူကြီး ချင်ရှစ်ဟူ၏ သားတစ်ယောက်ဖြစ်သည်။ သို့သော်  ချင်ဖူက သူ၏သရုပ်မှန်အား မည်သူ့ကိုမျှတစ်ခါတောင်ပြောကြား

ခဲ့ခြင်းမှရှိချေ။ ယင်းမှာ သူကမပြောချင်၍ မဟုတ်ပဲ ထုတ်ပြော၍ မရနိုင်သောကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူက ချင်ရှစ်ဟူ၏ တရားမဝင်သားတစ်ယောက်ဖြစ်သည်။ ချင်ရှစ်ဟူနှင့် ဂီတမယ်တစ်ဦးတို့မှ သူ့အားမွေးဖွားလာခဲ့ခြင်းဖြစ်ပြီး  ချင်ဖူ၏ တည်ရှိမှုက ချင်မိသားစုအား တကယ့်ကို အရှက်ရစရာတစ်ခုဖြစ်စေခဲ့သည်။ ချင်မိသားစုကသူ့အား တွေ့ချင်သည့်အချိန်တိုင်းတွင် သူထံသို့ ယုံကြည်ရဆုံးသော အစေခံများကိုသာ စေလွှတ်လေ့ရှိသည်။

ချင်ဖူလေ့ကျင့်ထားခဲ့သောသိုင်း

ပညာရပ်များနှင့် သူအသုံးပြုသော ဓားပညာရပ်များမှာ တကယ့်ကို

ချင်မိသားစု၏ သိုင်းပညာရပ်များနှင့်ဓား

ပညာရပ်များဖြစ်သည်။ သို့သော် သူ့အားချင်မိသားစုက အစေခံအိုကြီးတစ်ယောက်ကိုသာ

စေလွှတ်၍ သင်ကြားပေးခြင်းဖြစ်သည်။  သူငယ်ငယ်လေးကတည်းက  သူ၏ဖခင်ဖြစ်သူအား နှစ်ကြိမ်သာ မြင်တွေ့ဖူးခြင်းရှိသည်။

ထို့ကြောင့် ချင်ဖူမှာ နမည်ကျော်ကြားလာလိုသည်။ ထျန်းမြောင်အင်ပါယာ တစ်ခုလုံးအား  အုတ်အော်သောင်းနင်းဖြစ်စေလိုသည်။ ချင်မိသားစုမှသူ့အား လေးစားမှုများ ပြန်လည်၍ ကြည့်စေလိုသည်။ ဤလူမှာ လူငယ်အဆင့်သတ်မှတ်ချက်တွင် နံပါတ်သုံးချိတ်‌သော ရို့ဖှေးဖန်းအား သတ်ပစ်နိုင်ခဲ့သူဖြစ်သည်။အကယ်၍သူသာ ၎င်းအား သတ်နိုင်ခဲ့လျှင် ထျန်းမြောင်အင်ပါယာတစ်ခွင်တွင် သူချင်ဖူ၏ နမည်မှာ ကျော်စော လာလိမ့်မည်ဖြစ်လေသည်။

သို့သော် ဤအခိုက်အတန့်တွင်  ချင်ဖူမှာ ရှစ်ဖုန့် ၏ ဓားလက်ချောင်းနှင့် ရင်ဆိုင်နေရသည်။ ဤဓားလက်ချောင်းနှင့်ရင်ဆိုင်ရချိန်တွင် ချင်ဖူမှာ သူ့အနေဖြင့်  သူ့အား အပိုင်းပိုင်းဆုတ်ဖြဲပစ်မည့် ကြမ်းကြုတ်ခက်ထန်သော ကျားတစ်ကောင်နှင့် ရင်ဆိုင်ရသလိုခံစားရပြီး အားကောင်းသော သေခြင်းအာရုံတစ်ခုက သူ၏နှလုံးသားထဲမှ ထွက်ပေါ်လာသည်။

ချင်ဖူကသူ၏ဘဝသရုပ်မှန်အား ထုတ်ဖော်ပြောကြားသောအခါတွင်  တတိုဂိုဏ်းရှိလူအားလုံးမှာ တုန်လှုပ်အံ့အားသင့်သွားကြသည်။

သူတို့နှင့် အမြဲ အတူယှဉ်တွဲရှိနေခဲ့ပြီး စကားနည်းသော ချင်ဖူဆိုသည့် ဤလူငယ်မှာ တကယ်တမ်း၌ မြင့်မားသော အဆင့်အတန်းတစ်ခုအားပိုင်ဆိုင်ထားသည့်

သူဖြစ်နေသည်။ သူက ထျန်းမြောင်အင်ပါယာ၏ စစ်သူကြီးဖြစ်သူ ချင်ရှစ်ဟူ၏ သားတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲပြီး ဤတုန်လှုပ်အံ့အားသင့်ဖွယ်ကောင်းမှုက  ချင်ဖူ၏ လုံခြုံမှုအပေါ် သူတို့၏ စိုးရိမ်နေမှုများအပေါ်၌ပင်  လွှမ်းမိုးသွားခဲ့သည်။

သို့‌သော် ထို့နောက် ၎င်းအားသူတို့ နားလည်သဘောပေါက်သွားပြီးသည့်‌ နောက်တွင်  ရှစ်ဖုန့်က ချင်ဖူထံသို့ ဓားလက်ချောင်းကို ထိုးညွှန်ထားပြီး အရမ်းကို သာမန်ကာလျှံကာဖြစ်စွာဖြင့်

လက်ချောင်းအား

အထက်အောက်ပေါ့ပေါ့ပါးပါး လွှဲယမ်းလိုက်သည်ကို သူတို့တွေ့လိုက်ကြရသည်။ ရုတ်တရက်‌ လေထဲတွင်ရှိနေသော ချင်ဖူ၏ကိုယ်ထံသို့ သိပ်သည်းသောအဖြူရောင်မျဉ်းတစ်ခုက လိုက်ပါလာပြီး  ချင်ဖူ၏တစ်ကိုယ်လုံးမှာ သိပ်သည်းသော အဖြူရောင်မျဉ်း၏အောက်တွင် ရုတ်ခြည်းဆိုသလို နှစ်ပိုင်းပြတ်သွားသည်။ ၎င်းက နှစ်ပိုင်းကွဲထွက်သွားသောကိုယ်မှ တောက်ပသော သွေးနီရောင်များပန်းထွက်လာပြီး  မြေပြင်ပေါ်သို့ကျဆင်းသွားသည်။

“ဘုတ်..ဘုတ်”

အသံနှစ်ခုထွက်ပေါ်လာပြီးနောက် ကြယ်တစ်ပွင့်အင်ပါယာ

နယ်ပါယ်ပါရမီရှင်တစ်ယောက်မှာ

မြေပြင်ပေါ်ရှိ အလောင်ပိုင်းနှစ်ခုအဖြစ် ကျဆင်းခဲ့ရပြီး တောက်ပနီရဲသော

သွေးများက ၎င်းတို့ထံမှ ဆက်လက်၍ ပန်းထွက်စီးဆင်းနေဆဲဖြစ်လေသည်။

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters