အပိုင်း(၂၆၂)
Vol. 18 Ch. 262
“သူ့ကို ငါ့အတွက သတ်ပေးကြစမ်း”
ချင်ဖူတစ်ယောက်သေဆုံးသွားသည်ကို တွေ့လိုက်ရသော အခါတွင် ဝမ့်လောင်ဝူက သူ့ဓားဖြင့် ရှစ်ဖုန့်အားထိုးညွှန်ပြီး ပြောလိုက်သည်။
ချက်ချင်းပဲ သူ့နောက်တွင်ရှိနေသော တတိုဂိုဏ်း၏ ကျင့်ကြံသူ အယောက်နှစ်ဆယ်က ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးပြေးဝင်သွားသည်။
ရှစ်ဖုန့်က ချင်ဖူကဲ့သို့ ပါရမီရှင်အား အလွယ်တကူ သတ်ပစ်ခဲ့သည်။
ဤအချိန်၌ မည်သူမျှ ရှစ်ဖုန့်အား နားလည်မှုလွှဲမှား၍ လျော့တွက်ရဲခြင်း မရှိကြချေ။ သူက ကြယ်တစ်ပွင့် ဆရာသခင်နယ်ပယ်တစ်ယောက်
ဖြစ်နေခဲ့လျှင်တောင် ၎င်းအနေဖြင့် ပုံမှန်မဟုတ်သော ကြယ်တစ်ပွင့် ဆရာသခင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်နေဆဲဖြစ်သည်။
ချင်ဖူအသတ်ခံရသောအခါတွင် ဝမ့်လောင်ဝူအနေဖြင့် အထူးအလားအလာကောင်းမွန်သော ငယ်ရွယ်သူ လက်အောက်ခံတစ်ယောကို ဆုံးရှုံးလိုက်ရသည်သာမကဘဲ ချင်ဖူ၏ ဘဝသရုပ်မှန်အား သိရှိပြီးနောက်တွင် ဝမ့်လောင်ဝူမှာ ပို၍ပင် ဒေါသအမျက်ခြောင်းခြောင်းထွက်
ရသည်ဖြစ်သည်။အကယ်၍ ရှစ်ဖုန့်သာ ချင်ဖူအားသတ်ဖြတ်ခြင်း မရှိခဲ့လျှင် တတိုဂိုဏ်း၏ ခွန်အားအတွက် သူ့အနေဖြင့် စစ်သူကြီး ချင်ရှစ်ဟူ၏ နောက်ခံအား အားကိုးအားထားပြု၍ ရနိုင်သည်ဖြစ်သည်။
တကယ်တော့ ချင်ဖူက ချင်ရှစ်ဟူ၏ တရားမဝင်သားတစ်ယောက်ဖြစ်မှန်းကို ဝမ့်လောင်ဝူသိရှိခြင်း မရှိပေ။ သူ့အတွက်ချင်ဖူအပေါ်တွင် အားကိုးအားထားပြုရန်က မဖြစ်နိုင်ပေ။
ချင်ဖူမှာ ချင်မိသားစုမှ ပြင်သို့ လေ့ကျင့်မှုများပြုလုပ်ရန် ထွက်ခွာလာခဲ့သော သားတစ်ယောက်ဖြစ်သည်ဟု ဝမ့်လောင်ဝူတွေးခဲ့သည်။ ချင်ဖူမှာ
ယခုအခါ၌ သေဆုံးသွားခဲ့ပြီဖြစ်လေသည်။ ချင်ဖူက တတိုဂိုဏ်းအား
ဝင်ရောက်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ရသည်ကို စစ်သူကြီး ချင်ရှစ်ဟူသာသိသွားခဲ့လျှင်………။ ဤအရာအား တွေးမိသည်နှင့် ဝမ့်လောင်ဝူမှာ ပို၍ တုန်လှုပ်လာမိသည်။
ဝမ့်လောင်ဟူမှာ အကယ်၍သူ့၌ သားတစ်ယောက်ရှိနေခဲ့ပြီး သူ့သားဖြစ်သူက ပြင်ပသို့လေ့ကျင့်ရန်ထွက်ခွာသွား၍ ဂိုဏ်းသေးလေးတစ်ခုအား ဝင်ရောက်ခဲ့ပြီးသည့်နောက် သေဆုံးသွားခဲ့လျှင် ဘယ်လိုအကြောင်းပြချက်ကြောင့်ပဲ
ဖြစ်နေပါစေ သူ့အနေဖြင့် ထိုဂိုဏ်းအား အရင်ဆုံးဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်ဟု ခံစားရသည်။
ချင်ဖူကသေဆုံးသွားခဲ့ပြီး သူကတော့မသေဆုံးနိုင်သေးပေ။ ၎င်း၏သေဆုံးသွားခြင်းက ဝမ့်လောင်အနေဖြင့် မကြုံးစဖူးသေရေးရှင်ရေးဘေးကျပ်နံကျပ် အသိအာရုံတစ်ခုကို ခံစားရစေသည်။ တတိုဂိုဏ်းက သူ၏လက်များဖြင့်ကိုယ်တိုင်ကိုယ်ကျ ကြိုးကြိုးစားစား တည်ဆောက်ခဲ့ရသည်
ဖြစ်ပြီး ဤဘဝတွင် သူခက်ခက်ခဲခဲ ကြိုးစားအားထုတ်ထားသောအရာက တစ်ချက်တည်းဖြင့် ဟိုးအောက်ဆုံးထိထိုးဆင်းကာ ဖျက်ဆီးခံလိုက်ရနိုင်လေသည်။
ဤအခိုက်အတန့်တွင် ဝမ့်လောင်ဝူမှာ သူ၏ အမုန်းတရားအားလုံးအား ရှစ်ဖုန့်၏
အပေါ်သို့ စုပြုံချလိုက်သည်။ အားလုံးက ဒင်းကြောင့်ဖြစ်သည်။ ဒင်းက ချင်ဖူအား သတ်ပစ်ခဲ့သည့်သူဖြစ်သည်။ တတိုဂိုဏ်းအား ဘေးကျပ်နံကျပ်ဖြစ်စေသော သူမှန်သမျှ သေရမည်။ ဤပုဂ္ဂိုလ် အနေဖြင့် သေရလိမ့်မည်ဖြစ်သည်။
သို့သော် ဝမ့်လောင်ဝူ အနေဖြင့်
နောက်ထပ် အတော်လေး အန္တရာယ်ရှိသော သူတစ်ယောက်ဖြစ်သည့် မင်းသမီးကျိယွင်အား မေ့ထားရလောက်သည်အထိတော့ စိတ်မလွတ်သေးပေ။ မင်းသမီးကျိယွင်ကိုသာ ဆက်ပြီး အသက်ရှင်ခွင့်ပြုထားလိုက်လျှင် ဝမ့်လောင်ဝူနှင့် သူ၏တတိုဂိုဏ်းမှ လူများအားလုံးမှာ ထျန်းမြောင်အင်ပါယာမှ လုံးဝ ပျောက်ကွယ်သွားရလိမ့်မည်ဖြစ်သည်။ ဤအချင်းအရာကြောင့် လည်း ဝမ့်လောင်ဝူက ရှစ်ဖုန့်အား ရင်ဆိုင်ရန်အတွက် လူနှစ်ဆယ်ကို စေလွှတ်ခဲ့ပြီး လူဆယ်ယောက်ကျော်ကိုက အကြောင်းပြချက်မရှိလျှင်
မလှုပ်ရှားစေဘဲ နောက်တွင်
ချန်ထားရစ်ခဲ့သည်။
“သွား မင်းသမီးကျိယွင်ကို ဖိနှိပ်ပြီးတော့ အောင်ပွဲခံဖို့အတွက် အသက်ရှင်လျက်ထား စွေ့ကျန့်ကိုကတော့ သတ်ပစ်လိုက်..”
စကားပြောနေသည့်အချိန်တွင် ဝမ့်လောင်ဝူက သူ၏မျက်နှာထက်၌ ကြမ်းကြုတ်ခက်ထန်ရက်စက်သော အသွင်အပြင်တစ်ခုကို ထုတ်ပြထားပြီး ၎င်း၏လက်ထဲတွင်ရှိနေသော အနက်ရောင်ဓားကြီးဖြင့် ယှဉ်တွဲလိုက်မည်ဆိုလျှင်
သူ၏ပုံစံက ပို၍ ကြမ်းကြုတ်
ခက်ထန်နေကာ မင်းသမီးကျိယွင်နှင့်စွေ့ကျန့်တို့အား မျက်နှာချင်းဆိုင် ၍ ထိုးညွှန်လိုက်ပြီး ချက်ချင်းပဲ တတိဂိုဏ်း၏ ကျင့်ကြံသူဆယ်ယောက်ကျော်အား မင်းသမီးကျိယွင်နှင့်စွေ့ကျန့်တို့အား သတ်ဖြတ်ရန် ဦးဆောင်သမှုပြုလိုက်သည်။
ရှစ်ဖုန့်၏ဘက်ခြမ်းတွင် သူက ထောင်မတ်နေသောဓားတစ်ချောင်းကဲ့သို့ ရပ်နေပြီး သူ့အားသတ်ရန်လာနေသော ကျင့်ကြံသူ နှစ်ဆယ်အား တည်ငြိမ်သော အမူအယာဖြင့် ရင်ဆိုင်နေသည်။
သို့သော် သူ၏ အေးအေးလူလူ ရှိနေသော အမူအယာအရ သူ့အနေဖြင့်ဤ ကျင့်ကြံသူအယောက်နှစ်ဆယ်အား တစ်ချိန်လုံး အလေးအနက်ထားခြင်း
မရှိသည်ကို မြင်တွေ့နိုင်ပြီး သူ၏ပုံစံမှာ ဤအချိန်၌ သူ၏ သိုင်းပညာရပ်များအား အလကားဖြုန်းတီးမှုဖြစ်နေရသကဲ့သို့ ဖြစ်ပေါ်နေသည်ဖြစ်သည်။
ကျင့်ကြံသူ အယောက်နှစ်ဆယ်က ဓားအလက်နှစ်ဆယ်ဖြင့်ဦးတည်လာသည်။ ဤအချိန်တွင် ကျင့်ကြံသူဆယ်ယောက်က ရှစ်ဖုန့်အား ဝန်းရံထားပြီး နောက်ထပ်ကျင့်ကြံသူဆယ်ယောက်က ၎င်းတို့နောက်မှနေ၍ အပေါ်သို့ခုန်လိုက်သည်။ ထို့နောက်ချက်ချင်း ကျင့်ကြံသူ
ဆယ်ယောက်က ၎င်းတို့၏ဓားများကို ဆွဲထုတ်လိုက်ပြီး သိပ်သည်းသော ရေပြင်ညီဓားရိပ်များကို
ဖြစ်ပေါ်စေလိုက်သည်။ အရောင်အသွေးစုံလင်သော ဆေဘာဓားစွမ်းအင်စီးကြောင်းတစ်ခု
ဖြစ်ပေါ်လာပြီး ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ ကောင်းကင်ထက်မှအပြင်
အရှေ့၊အနောက်၊ဝဲ၊ယာ တို့မှနေ၍
သိမ်းကျုံးဦးတည်လာသည်။
ရှစ်ဖုန့်၏ကိုယ်က လှုပ်ရှားခြင်းလုံးဝမရှိသေးပေ။
သို့သော် သူ၏နှုတ်ခမ်းထောင့်၌ လှောင်ပြုံးတစ်ခုကတော့ ရှိနေသည်။ ရုတ်ခြည်းရှစ်ဖုန့်၏ကိုယ်မှ သွေးနီရောင်မီးတောက်တစ်ခုက ဟုန်းခနဲ တောက်လောင်လာပြီး ဦးတည်ချက်အနှံ့သို့ သိမ်းကျုံးပျံ့နှံ့သွားသည်။ လှိုင်းထန်သကဲ့သို့ တစ်ဟုန်ထိုးပျံ့နှံ့လာသော သွေးရောင်မီးတောက်၏အောက်တွင် ရုတ်ခြည်းပဲ ဓားရိပ်ဓားစွမ်းအင်များမှာ တစ်ခုပြီးတစ်ခု နစ်မြုပ်သွားသည်။
ထို့နောက် ကျင့်ကြံသူ
အယောက်နှစ်ဆယ်တို့ အသက်ရှူချိန်ပင် မရလိုက်သေးခင် ၎င်းတို့အားလုံးမှာ သွေးမီးတောက်များ၏
ဝါးမျိုမှုကိုခံလိုက်ရပြီး တောအုပ်အတွင်း၌ ပြင်းထန်သော မီးတောက်အစုဝေးကြီးတစ်ခု တောက်လောင်ဖြစ်ပေါ်လာသည်။ သွေးမီးတောင်ပင်လယ်ငယ်လေး
တစ်ခုကဲ့သို့ပင်ဖြစ်သည်။
အခြားတစ်ဖက်တွင် ဝမ့်လောင်ဝူက သူ၏ညီအကို တစ်ဒါဇင်ကျော်ကို ဦးဆောင်ပြီး မင်းသမီးကျိယွင်နှင့် စွေ့ကျန့်တို့အား သတ်ဖြတ်ရန်လုပ်ဆောင်နေသည်။ ဤနေရာတွင်လည်း ဓားရိပ်ဓားချီဓားသွားများရှိနေပြီး မင်းသမီးကျိယွင်နှင့်စွေ့ကျန့်တို့အား အလယ်ဗဟိုတွင်ထား၍ ပိတ်ကာထားသည်။ မင်းသမီးကျိယွင် မှာဤကဲ့သို့ ပြင်းထန်သောတိုက်စစ်ကို ရင်ဆိုင်နေရသည်။ သို့သော်၎င်းတို့က သူမအား သတ်ဖြတ်ချင်းမရှိဘဲ သူမအားဖြည်းဖြည်းချင်း
ဖိနှိပ်ထိန်းချုပ်၍ အခြေအနေကို ကောင်းမွန်စွာထိန်းချုပ်လိုခြင်းသာဖြစ်သည်။ သို့သော် ဤအချိန်တွင်သူမအနေဖြင့် အတော်လေးကို သည်းခံနေရသည်ဖြစ်သည်။ နယ်ပယ်ချင်းတူညီမှုရှိသော
ကျင့်ကြံသူဆယ်ယောက်က ယခုအခါ၌ သူမကဲ့သို့ယခင်က
ပါရမီရှင်တစ်ယောက်အား အစွမ်းမဲ့မှုနှင့် အန္တရာယ်အသိအာရုံခံစားချက်တို့ကို ပေးစွမ်းနေသည်။
သို့သော်စွေ့ကျန့်ကတော့ လုံးဝကို ကွဲပြားခြားနားမှုတို့ရှိနေသည်ဖြစ်သည်။ ယခုအချိန်၌ သူ့အနေဖြင့် အခက်ကြုံမှုအခြေအနဖြင့်ရင်ဆိုင်နေရပြီး သူ၏အဝတ်အစားများက မရေတွက်နိုင်လောက်အောင် စုတ်ပြဲနေပြီး အကျည်းတန်သောဓားအမှတ်
အသားများအား လှစ်ဟာပြသနေကာ သူ၏တစ်ကိုယ်လုံးမှ သွေးများက တစ်စက်စက်ကျဆင်းနေသည်။
“အား”
စွေ့ကျန့်က သူခေါင်းအား ကောင်းကင်ထက်သို့မော့ကြည့်လိုက်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ဤအခိုက်အတန့်တွင် နောက်ထပ်ဓားရိပ်တစ်ခုက သူ၏နောက်ကျောကို ပိုင်းဖြတ်
လိုက်ပြီးယင်းက ယခင်သူကိုယ်ပေါ်ရှိ ပြတ်ရှရာများထက် ပို၍ ကြီးမားအကျည်းတန်ကာ သူ၏အသွေးအသားတို့အောက်
တွင်ရှိနေသော ဖြူစွတ်သည့်
အရိုးတို့ကိုပင် လှစ်ဟာထွက်ပေါ်လာစေသည်။
ဤကဲ့သို့သာဆက်သွားနေမည်ဆိုလျှင် စွေ့ကျန့်အတွက်
သေခြင်းတရား၏ အချိန်က စိုက်ရောက်လာတော့မည်ဖြစ်လေသည်။
“စွေ့ကျန့် ..ဒါက မင်း ငါဝမ့်လောင်ဝူတို့ကို ဆန့်ကျင်တိုက်ခိုက်ရင် ဘာတွေဖြစ်လာမလဲဆိုတာပဲ...
ငရဲကိုသွားလိုက်တော့”
ဝမ့်လောင်ဝူက
သွားပေါ်အောင်ပြုံးလိုက်ပြီး သူ့လက်ထဲရှိ ဓားကြီးအား ခပ်မြင့်မြင့်မြှောက်လိုက်ကာ တက်လက်တောက်ပနေသောငွေရောင်အလင်းတို့ လင်းလက်လာပြီး စွေ့ကျန့်၏ဦးခေါင်းထံသို့ မျက်နှာမူ၍ ရုတ်တရက် ခုတ်ပိုင်းချလိုက်သည်။
စွေ့ကျန့်၏လက်ရှိအခြေအနေအရ ဤဓားချက်တစ်ချက်ကိုပေးလိုက်ခြင်းက ၎င်းအားသတ်ဖြတ်ရန်အတွက် လုံလောက်သည်ဖြစ်ပြီး ထိုတစ်ချက်တည်းကပင် ၎င်းအား နှစ်ပိုင်းပြတ်သွားစေနိုင်သည်ဖြစ်သည်။
ဝမ့်လောင်ဝူ၏ ခွန်အားအပြည့် တိုက်ခိုက်မှုကို ရင််ဆိုင်ရင်း ဤအချိန်၌ စွေ့ကျန့်မှာ သူ၏တစ်ကိုယ်လုံး အစွမ်းမဲ့သွားသလို ခံစားလိုက်ရသည်။ဤအချိန်၌ သူ၏ အဆုံးသတ်အား စိတ်ကူးထားမိသကဲ့သို့ သူ၏ကံကြမ္မာလားလက်သင့်
ခံထားသကဲ့သို့ဖြစ်နေသည်။
သို့သော် ဤအခိုက်အတန့်တွင်
ရုတ်တရက် ပိုးစုန်းကြူးအစုအဝေးတစ်ခုကဲ့သို့ အဖြူရောင်အလင်းတစ်ခုက ဟင်းလင်းပြင်ကို ဖြတ်သန်းလင်းလက်လာသည်။
“ဝုန်း” ဆိုသော အသံနှင့်အတူ ၎င်းက ဝမ့်လောင်ဝူ၏ ဓားအား ထိမှန်သွားသည်။ ရုတ်တရက် ဝမ့်လောင်ဝူ၏လက်ထံသို့စွမ်းအားကြီးအားတစ်ခုရောက်လာသည်။ စွေ့ကျန့်၏ ခေါင်းထံသို့ ပိုင်းဖြတ်ရန်လာနေသော ဓားမှာ ပြင်းထန်သောအားတစ်ခုဖြင့် ထိမှန်ခြင်းခံလိုက်ရသကဲ့သို့ဖြစ်သွားပြီး တောက်ပသောငွေရောင်အလင်းမှာလည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။ ဝမ့်လောင်ဝူ၏ပုံရိပ်မှာ နောက်သို့ ဆက်တိုက်ဆိုသလို ဆုတ်ခွာလိုက်ရပြီး ငါးမီတာအကွာအဝေးသို့ မရောက်ခင်အထိ ရပ်တန့်သွားခြင်းမရှိခဲ့ချေ။
သူ၏မျက်နှာထက်တွင် တုန်လှုပ်အံ့အားသင့်မှုများ၊ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
ဝမ့်လောင်ဝူက ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် ရှစ်ဖုန့် က ဤဘက်ခြမ်းသို့
အေးအးလူလူအနေအထားဖြင့် လျှောက်လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။
ရှစ်ဖုန့်တစ်ယောက်တည်းဖြစ်နေသည်ကို မြင်တွေ့ရသောအခါတွင် ဝမ့်လောင်ဝူ တစ်စုံတစ်ခုအား ရုတ်တရက် သတိထားမိလိုက်သည်။ထိုအခါသူက ရှစ်ဖုန့်အား တုံ့ပြန်အော်ဟစ်လိုက်သည်။
“ငါ့ညီအကိုတွေ ဘယ်ကိုရောက်သွားတာလဲ”
အခြားတစ်ဖက်ခြမ်းတွင် သူ၏ညီအကိုများမှာ လုံးဝပျောက်ကွယ်သွားခဲ့ပြီး ၎င်းတို့အားလုံး ဤကမ္ဘာပေါ်မှ အငွေ့ပျံသွားသကဲ့သို့ အလောင်းများကိုပင် ရှာမတွေ့ရပေ။
ဝမ့်လောင်ဝူ၏ နှလုံးသားထဲတွင် အလွန်ဆိုးရွားသော စိတ်လေးဖင့်မှုတစ်ခုက ဖြစ်ပေါ်လာသည် ။ ထိုထက်ပိုသည်ကား သူ၏ခြေဖဝါးမှတစ်ဆင့်သူ၏
နောက်ကျောတို့ကိုဖြတ်သန်း၍ တစ်ကိုယ်လုံးကို စီးဆင်းပျံ့နှံ့သွားသော အရိုးထဲထိအေးစိမ့်သည့် အေးစက်မှုတစ်ခု သူခံစားလိုက်ရခြင်းပင်ဖြစ်လေသည်။
ဝမ့်လောင်ဝူ၏ အော်ဟစ်သံနှင့်အတူ တိုက်ခိုက်မှုအား ပြုလုပ်နေကြသော တတိုဂိုဏ်းမှ လူများအားလုံးမှာ သူတို့၏မျက်လုံးများအား လှည့်၍ကြည့်လိုက်ကြသည်။ သူတို့အားလုံးသည်လည်း
နှလုံးသားထဲမှနေ၍ ထိတ်လန့်ကြောက်ရွံ့နေကြသည်။
ဤအချိန်၌ သူတို့၏ညီအကို အယောက်နှစ်ဆယ်တို့အား ထပ်မံ၍ မြင်တွေ့ရခြင်းမရှိတော့ချေ။
သူတို့ဘယ်ကိုများ ရောက်ရှိသွားကြပါသနည်း။
ခရမ်းရောင်ချပ်ဝတ်အား ဝတ်ဆင်ထားသည့် မင်းသမီးကျိယွင်သည်ပင် သူမ၏ အနည်းငယ်ဒေါသထွက်နေသော
မျက်နှာထက်၌ တုန်လှုပ်အံ့အားသင့်သော
ပုံစံတို့ဖြစ်သွားသည်။ ဝမ့်လောင်ဝူက မေးမြန်းလိုက်သော်လည်း အားလုံးမှာသူတို့၏နှလုံးသားထဲမှနေ၍ အဖြေကိုသိရှိနေနှင့်ကြပြီး ဖြစ်လေသည်။
“ညီအကို ..ကောင်းလိုက်တာ…ဒါက ကောင်းလိုက်တာ.ငါကယ်တင်ခံရပြီ..
ညီအကိုသာရှိနေရင် ငါသေမှာမဟုတ်တော့ဘူး…..”
ဤအချိန်၌ စိတ်လှုပ်ရှားမှုအဖြစ်နေဆုံးသောသူမှာ ဓားများ၏ဝန်းရံမှုကိုခံရပြီး အန္တရာယ်ထဲ ကျရောက်နေခဲ့ပြီးဖြစ်သော စွေ့ကျန့်ပင်ဖြစ်လေသည်။
ဆက်ရန်…
ဘာသာပြန်သူ -ARISE