အပိုင်း (၂၆၃)
Vol. 18 Ch. 263
ရှစ်ဖုန့်က ဝမ့်လောင်ဝူအား
ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
“အားလုံး သေကုန်ပြီ”
နားလည်မှုလွဲမှားခြင်းမရှိဘဲ
အရမ်းကို သာမန်ဆန်လွန်းသောအားလုံး
သေပြီဟူသည့်စကားက ရှစ်ဖုန့်အနေဖြင့် လူများအားသတ်ဖြတ်ခြင်းမဟုတ်ပဲ ကြက်ပေါက်ကလေး အကောင်နှစ်ဆယ်အား သတ်ပစ်လိုက်သကဲ့သို့ ပုံစံဖြစ်ပေါ်စေနေသည်။
အားလုံး၏နှလုံးသားထဲတွင် အဖြေကို သိထားနှင့်ကြပြီး ဖြစ်သော်လည်း ယင်းစကားက အားလုံးအားပိုမို၍ တုန်လှုပ်အံ့အားသင့်မှုနှင့် ထိတ်လန့်မှုတို့ကို ဖြစ်ပေါ်စေသည်။ အစောလေးတင်ကမှ သူတို့မျက်လုံးအောက်တွင် သက်ရှိထင်ရှားရှိနေခဲ့ကြသော ညီအကို အယောက်နှစ်ဆယ်တို့မှာ မျက်စိတ်တစ်မှိတ်အတွင်း သုတ်သင်ခံလိုက်ကြရသည်ဖြစ်သည်။ သူကအားလုံးအားသတ်ဖြတ်ခဲ့သည်ဖြစ်သည်။ ၎င်းကလူရော ဟုတ်ပါ၏လော။ ၎င်းက ကြယ်တစ်ပွင်ဆရာသခင်နယ်ပယ်သို့
ကျဆင်းခဲ့သည့် သူတို့နှင့် နယ်ပယ်ချင်းတကယ်တူညီမှုရှိသောသူ ဟုတ်ပါ၏လော။
“အားလုံးသေပြီ…အားလုံးသေပြီ”
ဝမ့်လောင်ဝူမှာ ခေတ္တခဏမျှ မိန်းမောနေပုံရပြီး အထက်ပါစကားအား တိုးဖျော့စွာဖြင့် တီးတိုးရေရွတ်နေသည်။
ဤ ကျင့်ကြံသူအယောက်နှစ်ဆယ်တို့က နှစ်ပေါင်းများစွာသေအတူ ရှင်မကွာ အတူရှိခဲ့ကြသောသူ၏ ညီအကိုများ ဖြစ်ရုံသာမကဘဲ ဤသွေးတောင်တန်းတောအုပ်အတွင်း သူ၏မျှော်လင့်ချက်များလည်းဖြစ်လေသည်။ ဤတို့နှင့်ဆိုလျှင် သူ့အနေဖြင့် ဤတောအုပ်အတွင်း၌ ကျားများကဲ့သို့ ပြုမူနိုင်ပြီး သက်ရှိရတနာများဖြစ်ကြသည့် ထိုပါရမီရှင်များဟု ခေါ်ကြသော ဂိုဏ်းကြီးများနှင့် မိသားစုကြီးများမှ ကလေးများကို သတ်နိုင်လိမ့်မည်ဖြစ်လေသည်။
သို့သော် ဤအချိန်၌ ဝမ့်လောင်ဝူနှင့် တတိဂိုဏ်းမှလူများမှာ တစ်လှမ်းချင်းလျှောက်လှမ်းလာနေသော ဤကဲ့သို့သောနတ်ဆိုးနှင့်မှ ရင်ဆိုင်ကြုံတွေ့နေရသည်။
“ကျ..ကျွန်တော် တောင်းပန်ပါတယ်..ဂိုဏ်းခေါ်င်းဆောင်”
ချဉ်းကပ်လာသော ရှစ်ဖုန့်၏ခြေသံအား ကြားနေရသော တတိုဂိုဏ်း၏ ကျင့်ကြံသူတစ်ယောက်မှာ
ထိုခြေသံများက သူ၏နှလုံးသားထဲမှနေ၍ တိုက်ရိုက်လာနေသကဲ့သို့ ခံစားရသည်။ သူ့အနေဖြင့် ထိုအရာအား ရင်ဘက်ထဲတွင် တင်းကျပ်စွာဖိနှိပ်ထားနိုင်ခြင်းမရှိချေ။ ထိုကျင့်ကြံသူညီအကိုနှစ်ယောက်
ကြုံတွေ့ခဲ့ရသော အကြောက်တရားများက ရုတ်တရက် ပေါက်ကွဲထွက်လာသကဲ့သို့ သူအနေဖြင့် ထိန်းထားနိုင်ခြင်းမရှိတော့ပဲ လှည့်၍ အဝေးကိုထွက်ပြေးလိုက်သည်။
သို့သော် ထိုအချိန်တွင် မီးချောင်းအလင်း
ကဲ့သသို့ မှုန်ဖျဖျအဖြူရောင်အလင်းတစ်ခုက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး ဟင်းလင်းပြင်၌ လှပသောစက်ဝန်းပြတ်တစ်ခုကို ရေးဆွဲသွားကာ ချက်ချင်းပဲ
ထွက်ပြေးနေသော ကျင့်ကြံသူ၏ဦးခေါင်းထံသို့ တိုက်ရိုက်ကျရောက်သွားသည်။ ကျင့်ကြံသူမှာ သူ့အနေဖြင့် လွန်စွာပြင်းထန်သောနာကျင်မှုကို ခံစားရသကဲ့သို့ စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး သူ၏ကိုယ်မှာလည်းတိမ်းစောင်းသွား၍ မြေပြင်ပေါ်သို့ပစ်ကျသွားကာ သေဆုံးသွားခဲ့သည်။
“သူသေသွားပြီ..ဒီလိုမျိုးနဲ့ပဲ သူသေသွားပြီ”
တတိုဂိုဏ်း ၏ ကျင့်ကြံသူများမှာ သူတို့၏ညီအကိုဖြစ်သူက မြေပြင်ပေါ်သို့ လဲကျ၍ သေဆုံးသွားသည်ကို မြင်တွေ့လိုက်ရသောအခါတွင်
ပင့်သက်ကိုယ်စီ ရှိုက်မိလိုက်ကြသည်။ ဤနတ်ဆိုးက သက်ရှိအသက်တစ်ခုအား လက်လေးတစ်ချက်လှုပ်ရုံဖြင့် သတ်ပစ်ခဲ့သည်ဖြစ်သည်။
၎င်း၏မျက်နှာထက်ရှိ ထူးမခြားနားသောအပြုံးနှင့်အတူ ၎င်း၏ထူးမခြားနားသော အသံက ဤသွေးတောင်တန်းတောအုပ်အတွင်းတွင် ပဲ့တင်ထွက်ပေါ်လာသည်။
“မင်းတို့ကဒီသခင်လေးရဲ့ အသက်ကိုလိုချင်တာကြောင့် ဒီနေ့မှာမင်းတို့ထဲက တစ်ယောက်တောင် အသက်ရှင်ခွင့်မရဘူး… မင်းတို့လို
ငစနူတွေသာ ဒီသခင်လေးလက်ထဲကနေ လွတ်သွားမယ်ဆိုရင် ဒီသခင်လေးရဲ့သိုင်းပညာကျင့်ကြံမှုတွေက ခွေးတစ်ကောင်လို ကျင့်ကြံခဲ့လို့ပဲ ဖြစ်သွားလိမ့်မယ်”
ရှစ်ဖုန့် ၏ပြောင်းလဲမှုမရှိပဲ ခပ်ပေါ့ပေါ့ ပြောဆိုလိုက်သော စကားတို့က ဤတတိုဂိုဏ်းမှကျင့်ကြံသူများ၏ သေဆုံးခြင်းအားဆုံးဖြတ်ပေး
လိုက်သကဲ့သို့ပင်ဖြစ်သည်။
ဤအချိန်တွင် ဝမ့်လောင်ဝူကရှစ်ဖုန့်အားကြည့်လိုက်ပြီး ရှစ်ဖုန့်ထံသို့ တစ်လှမ်းချင်းလျှောက်
လှမ်းသွား၍ ရှစ်ဖုန့်၏ရှေ့၌ ရပ်လိုက်ကာ ခိုင်မာမြဲမြံစွာဖြင့်ပြောလိုက်သည်။
“မင်းငါ့ကိုသတ်လိုက်ပါ..ဒါပေမဲ့ ငါ့ရဲ့ဒီကျန်ရှိနေတဲ့ ညီအကိုတွေကိုတော့ သွားခွင့်ပေးပါ”
ဝမ့်လောင်ဝူက လူများအားပြုံး၍ သတ်ဖြတ်နိုင်စွမ်းရှိသော စွမ်းအားကြီးမားသည့်ရှစ်ဖုန့်နှင့် မျက်နှာချင်းဆိုင်၍ သူ၏နှလုံးသားထဲ၌ လောင်းကြေးထပ်လိုက်သည်။ သူငယ်စဉ်အချိန်တုံးက လက်ဖက်ရည်ဆိုင်တစ်ခုတွင် သူ့အနေဖြင့် ဇတ်လမ်းတစ်ခုအားကြားဖူးသည်ဖြစ်သည်။ ဇတ်လမ်း၏ ဇတ်ဆောင်ဖြစ်သူမှာ ကျင့်ကြံသူများစွာ၏ ဝိုင်းထားခြင်းကိုခံထားရသော လူငယ်တစ်ယောက်လည်းဖြစ်သည်။ အဆုံးသတ်တွင် လူငယ်က
ကျင့်ကြံသူများအား တစ်ယောက်ပြီးတစ်ယောက်ကို
အနိုင်ယူခဲ့၏။ သို့သော် ထိုကျင့်ကြံသူများ၏ခေါင်းဆောင်ဖြစ်သူက ပြတ်ပြတ်သားသားပင်ရှေ့သို့ လျှောက်လှမ်းထွက်လာခဲ့သည်။ ထိုခေါင်းဆောင်သည်လည်း ထိပ်ပြောင်ကြီးဖြစ်ပြီး သူ၏မျက်နှာထက်တွင် ခိုင်မာမြဲမြံသော အသွင်အပြင်တစ်ခုကို ဆင်မြန်းထားလျက် သူက လူငယ်လေးကို ပြောလိုက်သည်။
“ငါ့ကိုသတ်လိုက်ပါ..ဒါပေမဲ့ ငါ့ညီအကိုတွေကိုတော့ သွားခွင့်ပေးပါ”
ဤသည်ကား ယင်းအချိန်တွင် ခေါင်းဆောင်ပြုလုပ်ခဲ့သောအရာဖြစ်သည်။ နောက်ပိုင်းတွင် လူငယ်ဖြစ်သူက ခေါင်းဆောင်ဖြစ်သူ၏ သစ္စာရှိမှုကို လေးစား သဘောကျသွားသောကြောင့် သူကလူအုပ်စုတစ်ခုလုံးကို သွားခွင့်ပေးခဲ့သည်။
သူ၏စိတ်ကူးအတိုင်းလိုက်ပါ၍ ဝမ့်လောင်ဝူက စိတ်ပိုင်းဖြတ်ထားသော အမူအယာများအား တိုးမြှင့်ကာ ရှစ်ဖုန့်ထံသို့ ကြည့်လိုက်သည်။
“ဂိုဏ်းခေါင်းဆောင်”
ဤအချိန်တွင် တတိုဂိုဏ်း၏ ကျင့်ကြံသူများမှာ ဝမ့်လောင်ဝူက ရှေ့သို့ ရဲဝင့်စွာဖြင့် တက်သွားသည်ကို မြင်တွေ့လိုက်ရပြီး သူတို့အားလုံးက စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်ကြသည်။ သူတို့၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သူက သူတို့၏ အသက်များအတွက် သူ၏ အသက်ကို စတေးပစ်ဖို့ ဆန္ဒရှိနေသည်။ ယင်းက သူတို့အနေဖြင့် သူတို့ဂိုဏ်းခေါင်းဆောင်၏ နှလုံးသာထဲတွင် အရမ်းကို အရေးပါသူများအဖြစ် နေရာယူထားခြင်းပင်ဖြစ်လေသည်။
တကယ်တော့ရှစ်ဖုန့်မှာ ဝမ့်လောင်ဝူ၏ ဇတ်လမ်းအတွင်းမြောပါသွားရလောက်သည်အထိ ဦးနှောက်မဲ့နေသူမဟုတ်ပေ။ ရှစ်ဖုန့်၌ အမြဲတစေ စည်းမျဉ်းတစ်ခုရှိသည်ဖြစ်သည်။ လူတွေသူအားမစော်ကားသ၍ သူကလည်းလူများအား စော်ကားမှုတို့ ပြုလုပ်လိမ့်မည်မဟုတ်ပေ။ အကယ်၍လူများက သူ့အားစော်ကားလာခဲ့လျှင်တော့ သူတို့ အနေဖြင့် သေဆုံးသင့်သည်သာဖြစ်သည်။
ရှစ်ဖုန့်၏ ညာလက်ချောင်းက ဝမ့်လောင်ဝူထံသို့ အနည်းငယ်ကွေးညွှတ်လိုက်သည်။
ဤအချိန်၌ ဝမ့်လောင်ဝူမှာ သူ၏ အာရုံအားလုံးအား ရှစ်ဖုန့်အပေါ်၌ စုပြုံထားသည်။ ရှစ်ဖုန့်၏ ညာလက်ချောင်းက ကွေးညွတ်လာသည်ကို မြင်တွေ့လိုက်ရသောအခါတွင် လှစ်ခနဲထွက်ပေါ်လာခဲ့သော မီးချောင်းကဲ့သို့ အဖြူရောင်အလင်းအစုအဝေးကို ချက်ချင်းပဲ သူတွေးမိသွားသည်။ သူကအရမ်းကြောက်လန့်သွားသောကြောင့် ဆက်တိုက်ဆိုသလို နောက်သို့ဆုတ်လိုက်သည်။
“အား…မဟုတ်ဖူး…ငါ့ကို မသတ်ပါနဲ့”
ဤအချိန်တွင် ဝမ့်လောင်ဝူမှာ သူ၏ညီအကိုများအတွက် သူ့အားသတ်ရန် ရှစ်ဖုန့်အားတောင်းဆိုခဲ့သည် ဆုံးဖြတ်ချက်ခိုင်မာသောလူတစ်ယောက်
အဖြစ်မှ လုံးဝကို ကွဲထွက်ပြောင်းလဲသွားသည်။
ဝမ့်လောင်ဝူ၏ အပြုအမူများက တတိုဂိုဏ်းမှကျင့်ကြံသူများအား ကြက်သေသေသွားစေသည်။ သူတို့၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သူက သူတို့၏အသက်များအတွက် အလဲအလှယ်ပြုလုပ်ရန်အတွက် သူ့အသတ်အားသတ်ရန် ဤလူငယ်လေးအားရှေ့ထွက်၍ တောင်းဆိုခဲ့ခြင်းမဟုတ်လော။
အဘယ်ကြောင့် ယခုအချိန်၌ သနားညှာတာပေးရန်တောင်းပန်ပြီး
ပြန်လည်၍ ဆုတ်ခွာလာရပါသနည်း။
ဤအချိန်တွင် ရှစ်ဖုန့်က သူ၏ ညာလက်ချောင်းအား
လှစ်ခနဲလုပ်လိုက်သည်။ ယခင်ကကဲ့သို့ပင် အဖြူရောင်အလင်းအစုအဝေး တစ်ခုက လှစ်ခနဲထွက်ပေါ်လာသည်။ ၎င်းကလေထဲတွင် လှပသာ စက်ဝန်းပြတ်တစ်ခုကိုရေးဆွဲလိုက်ပြီး ဝမ့်လောင်ဝူပေါ်သို့ ကျရောက်သွားသည်။
“အား”
ဝမ့်လောင်ဝူက ကျဆင်းလာသော စက်ဝန်းပြတ်အလင်းအား ထိတ်လန့်မှုအပြည့်ဖြင့်ကြည့်နေသည်။ ဤအချိန်တွင် သူက တတိုဂိုဏ်းမှာကျင့်ကြံသူတစ်ယောက်ဘေးသို့ ဆုတ်ခွာရင်းရောက်ရှိလာသည်။အဘယ့်ကြောင့် ဂိုဏ်းခေါင်းဆောင်၏ လက်ရှိ
အသွင်အပြင်က သူစိတ်ကူးထားသည့် သေခြင်းတရားအားပြတ်သားစွာရင်ဆိုင်သည့် ပုံစံနှင့် ကွဲပြားနေရသလဲဟု ထိုကျင့်ကြံသူက ဆက်လက်၍ သိချင်စိတ်ဖြစ်နေဆဲဖြစ်သည်။ ဤအချိန်တွင် ထိုကျင့်ကြံသူ သတိမထားမိလိုက်သည်ကား သူ့အနေဖြင့် တုတ်ခိုင်သန်မာသော လက်ကြီးနှစ်ဖက်ဖြင့် ဖမ်းဆွဲခံလိုက်ရပြီး သူ၏တစ်ကိုယ်လုံးက အမြင့်သို့မြောက်တက်သွားသည်
ကိုပင်ဖြစ်သည်။
ထို့နောက် ချက်ချင်း အဖြူရောင်အလင်းအစုအဝေးက ကျဆင်းလာကာ ထိုကျင့်ကြံသူ၏ ရင်ဘက်အားထိမှန်သွားသည်။
“အား”
ကျင့်ကြံသူက နာကျင့်မှုအပြည့်ဖြင့် ဟစ်အော်လိုက်သော်လည်း သူ၏ အသံက မကြာခင်တွင်ရပ်တန့်သွားသည်။ သူအနေဖြင့်သူ၏ သက်ဝင်ခြင်း အာရုံတို့ကို ဆုံးရှုံးလိုက်ရပြီး အေးစက်သောအလောင်းတစ်ခုဖြစ်လာသည်။
ကျင့်ကြံသူ၏ ကိုယ်အားဆွဲမြှောက်လိုက်သည့်သူက သူတို့၏အသက်များအားချမ်းသာပေးရန်တွက် လူငယ်အားတောင်းပန်ကာသူတို့အတွက် သေပေးဖို့ ဆန္ဒရှိနေသော ဂိုဏ်းခေါင်းဆောင်ဝမ့်လောင်ဝူဖြစ်နေသည်ကို အားလုံးမြင်တွေ့လိုက်ကြရသည်။
ဤကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားမှုက တတိုဂိုဏ်းမှလူများအား ပို၍ပင်လက်သင့်ခံနိုင်ရန်ခက်ခဲသွားစေ၏။ အစောပိုင်းက သူတို၏နှလုံးသားထဲတွင် ခိုင်မာစွာနေရာယူထားသော ဒေါင်မြင့်မြင့် ထိပ်ပြောင်ပြောင် ပုံရိပ်ကြီးက ကျယ်လောင်သောအသံနှင့် တစ်စစီပြိုကွဲသွားတော့သည်။
ဝမ့်လောင်ဝူအနေဖြင့် ဤအချိန်၌ သူ့ညီအကိုများ၏ သူ့အပေါ်ကျရောက်နေသော ထူးဆန်းသည့် အကြည့်များအား မြင်တွေ့ရန် နောက်လှည့်နေစရာပင်မလိုအပ်ပေ။
“အဟက်”
အလောင်းအားခပ်မြင့်မြင့်ကိုင်
မြှောက်ထားသော ဝမ့်လောင်ဝူအား ကြည့်၍ အစောပိုင်းက ပြောင်းလဲခြင်းလုံးဝမရှိခဲ့သော ရှစ်ဖုန့်ပင် မနေနိုင်ပဲ ရယ်လိုက်မိသည်။
“သေစမ်း..ဒီသခင်လေးက သူ့ကို ညီအကိုတွေအတွက်တောင် သူ့ကိုယ်သူစတေးရဲတဲ့ ခပ်ကြမ်းကြမ်းလူတစ်လောက်လို့ တွေးနေခဲ့တာ….သူက သေခြင်းတရားကိုကြောက်တဲ့ အလိုကြီးတဲ့သူအဖြစ်ပြောင်းသွားရတယ်လို့ .မင်းလိုသောက်ထိပ်ပြောင်က အရမ်းရယ်ဖို့ကောင်းပါလားကွာ”
ဝမ့်လောင်ဝူ၏ ခိုင်မာမြဲမြံပြီး စိတ်ပိုင်းဖြတ်ထားသော အမူအယာ အသွင်အပြင်နှင့် သူ၏သေခြင်းတရားအတွက် ခယတောင်းပန်မှုတို့အား တေးမိသောအခါတွင် ရှစ်ဖုန့်အနေဖြင့် ရယ်စရာတစ်ခုအားရှာတွေိ့လိုက်ရသ
လိုဖြစ်သွားရသည်။
ဝမ့်လောင်ဝူ၏ မျက်နှာမှာ ရှက်ကိုးရှက်ကန်း ကသိကအောက် အခက်ကြုံမှုများဖြင့် နီရဲနေသည်။ ချက်ချင်းပဲ လူအုပ်၏စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ဒေါင်မြင့်မြင်တုတ်ခိုင်ခိုင်
ထိပ်ပြောင်ပြောင်နှင့်လူက အလောင်းအားကိုင်ထားဆဲဖြစ်သည်ကို သူတို့တွေ့လိုက်ကြရသည်။ သူ၏ဒူးတို့ မြေပြင်ပေါ်သို့ပြုတ်ကျသွားကာ သူကလူငယ်လေးရှေ့တွင်
ဒူးထောက်ချလိုက်သည်။ သူက ဖြူဖျော့သောမျက်နှာဖြင့်အသနားခံ
တောင်းပန်လိုက်သည်။
“ကျေးဇူးပြုပီး ငါ့ကိုမသတ်ပါနဲ့ ..ငါမင်းအတွက် ဒီတတိုဂိုဏ်းကညီအကိုတွေကို ဦးဆောင်ပေးဖို့ဆန္ဒရှိပါတယ်”
ဤအသွင်အပြင်က စောပိုင်းက ခပ်ကြမ်းကြမ်း အနေအထားနှင့်ပြဒါးတစ်လမ်း
သံတစ်လမ်းလိုဖြစ်နေသည်။
၎င်းမှာ ညီအကိုများအတွက် သူ့ကိုယ်သူပင်စတေးရဲသော တတိုဂိုဏ်းခေါင်ဆောင်ဝမ့်လောင်ဝူနှင့် ယခုဝမ့်လောင်ဝူဟူ၍ နှစ်ယောက်ဖြစ်နေသကဲ့သို့ပင်ဖြစ်သည်။
၎င်းမှာ ဇာတိသရုပ်နှစ်ခုဖြစ်နေသော စိတ်ကစဉ့်ကလျားဖြစ်နေသည့် သူတစ်ယောက်ကဲ့သို့ပင်ဖြစ်သည်။
ဤအချိန်တွင် ဝမ့်လောင်ဝူက ခေါင်းကိုလှည့်လိုက်ပြီး သူ၏ဖြူဖျော့နေသောမျက်နှာက
ချက်ချင်းပင် ယခင်အရှိန်အဝါကြီးမားသော ပုံစံအဖြစ်ပြောင်းလဲသွားကာ ကြက်သေသေနေကြဆဲဖြစ်သော
ကျန်ရှိနေသည့် တတိုဂိုဏ်းမှ ကျင့်ကြံသူများအား အော်ပြောလိုက်သည်။
“မင်းတို့က ဘာကိုကြက်သေသေနေကြတာလဲ..
မြန်မြန်လေး ငါတို့တတိုဂိုဏ်းရဲ့ ခေါင်းဆောင်အသစ်ကိုလာပြီးတော့ မနှုတ်ဆက်ကြသေးဘူးလား”
ဆက်ရန်…
ဘာသာပြန်သူ- ARISE