← Chapters

အပိုင်း (၂၆၄)

Vol. 18 Ch. 264

အပိုင်း (၂၆၄)

Vol. 18 Ch. 264

တတိုဂိုဏ်း၏ကျင့်ကြံသူများမှာ

မှင်သေနေရာမှ နိုးကြားလာကြပြီး   လျှင်မြန်စွာသူတို့၏လက်အတွင်းတွင်ရှိနေသော ဓားများအားပစ်ချလိုက်၍  ဝမ့်လောင်ဝူနှင့် သိပ်မဝေးလှသောနေရာတွင်ရှိနေသည့် ရှစ်ဖုန့်ထံသို့ ဒူးထောက်ချလိုက်ပြီး

ပြိုင်တူ အော်ပြောလိုက်ကြသည်။

“ကျွန်ုပ်တို့ လက်အောက်ခံတွေက  ဂိုဏ်းခေါင်းဆောင်ကို ဂါရဝပြုပါတယ်”

ကျန်ရှိနေသောကျင့်ကြံသူကိုးယောက်က  ဒူးထောက်ချလိုက်သည်ကို မြင်တွေိ့လိုက်ရသောအခါတွင်

ဝမ့်လောင်ဝူက ခေါင်းကိုလှည့်လိုက်သည်။ သူမမူလက ခံညားသောမျက်နှာမှာ

ဤအချိန်၌ ချက်ချင်းပဲ ပြောင်းလဲသွားသည်။ သူက နိမ့်ကျသော အပြုးတစ်ခုကို မျက်နှာထက်တွင်ဆင်မြန်းပြီး

ရှစ်ဖုန့်ထံသို့ ပြုံး၍

ခေါင်းမော့ကြည့်လိုက်သည်။

“ဂိုဏ်းခေါင်းဆောင်”

သူ၏ပုံစံမှာ ချမ်းသောသော ဧည့်သည်တော်တစ်ယောက်ရှေ့တွင် ဒူးထောက်နေသော ပြည့်တန်ဆာတစ်ယောက်က ခေါင်းမော့၍ “ဧည့်သည်တော်စိတ်တိုင်းကျပါ” ဟု တီးတိုးပြောနေသကဲ့သို့ပင်ဖြစ်လေသည်။

သူ၏ဤကဲ့သို့သော အသွင်အပြင်အရ ရှစ်ဖုန့်သာ ဝမ့်လောင်ဝူအား

တောင်းဆိုခဲ့လျှင် နိမ့်ကျသောအပြုံးတစ်ခုနှင့်အတူ

၎င်းအား   လက်သင့်ခံနိုင်သည့်သဘောရှိလေသည်။

“တတိုဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်တဲ့လား…မင်းကြီးတော်ကြီးကို ဂိုဏ်းခေါင်းဆောင်ပါ့လား”

ဤအချိန်တွင်ရှစ်ဖုန့်မှာသူ၏

တစ်ကိုယ်လုံးမှ ကြက်သီးမွှေးညှင်းများ တစ်ဖြန်းဖြန်းထသွားမှုကိုပင် ခံစားလိုက်ရသည်။ သူက ထျန်းမြောင်အင်ပါယာတစ်ခုလုံးအား အပေါ်စီးမှနေ၍ ကြည့်ရှုနိုင်သည့် ထိပ်တန်းအဆင့်ကျွမ်းကျင်သူ

ငရဲဘုံကိုးခု ဧကရာဇ်ဖြစ်သည်။

လူများက ငရဲဘုံကိုးခု ဧကရာဇ်က တတိုဟုခေါ်သောဂိုဏ်းလေး၏‌ ခေါင်းဆောင်ဖြစ်သည်ဟု သိသွားကြမည်ဆိုလျှင် သူ့အား ရယ်ပင်ရယ်ကြလိမ့်မည်ဖြစ်လေသည်။  ထိုသို့ဆိုပါက အနာဂတ်တွင် သူ့ခေါင်းအား မည်ကဲ့သို့ မော့၍နေရပါတော့မည်နည်း။

အခြားတစ်ဖက်တွင်စွေ့ကျန့်မှာ

တတိုဂိုဏ်း၏  ပုံစံကိုကြည့်ရှုပြီး စိတ်လှုပ်ရှားမှုကိုခံစားနေရသည်။အစက ဝမ့်လောင်ဝူမှာ သေဆုံးသွားလိမ့်မည်ဟု သူထင်ခဲ့သည်။သို့သော် ဝမ့်လောင်ဝူက ဖြည်းညှင်းစွာဒူးထောက်ချလိုက်ပြီး ၎င်း၏ ဂိုဏ်းခေါင်းဆောင်ရာထူးအား  လက်လျော့လိမ့်မည်ဟုတော့ သူမထင်ထားခဲ့မိချေ။

ဤလူငယ်လေးအနေဖြင့်  တတိုဂိုဏ်း၏  ခေါင်းဆောင်ဟူသော မက်လုံအား တောင့်ခံနိုင်ခြင်းမရှိမည်ကို သူကြောက်မိသည်။

တတိုဂိုဏ်း၏ အင်အားက ရှောင်ယောင်ဂိုဏ်းထက် အများကြီးပို၍ အားကောင်းသည်ဖြစ်သည်။ အကယ်၍ဝမ့်လောင်ဝူကသာ သူ့အား တတိုဂိုဏ်း၏ အာဏာကို

ပေးအပ်မည်ဆိုလျှင် သူ့နေဖြင့် သေချာပေါက်ထိုမက်လုံးအား တောင့်ခံနိုင်ခြင်းရှိလိမ့်မည်မဟုတ်ဟု  စွေ့ကျန့်ခံစားရသည်။  ထိုထက်ပိုသည်ကား  တတိုဂိုဏ်းထဲတွင် ဝမ့်လောင်ဝူက မိန်းမလှလေးများစွာအား လုယူထားခြင်းပင်ဖြစ်သည်။

အကယ်၍ သူသာ ထိုမိန်းမလှလေးများဖြင့် ပျော်ပါးရမည်ဆိုလျှင်…….

ဤအရားတွေးမိသောအခါတွင်

စွေ့ကျန့်၏ မျက်နှာထက်တွင် ချက်ချင်းစိတ်ပိုင်းဖြတ်မှုများဖြင့် ပြည့်နှက်လာပြီး တရားနည်းလမ်းကျသည့်ပုံစံဖြင့်  ပြောလိုက်သည်။  သူကသူ့ကိုယ်ပေါ်တွင်ရှိနေသော ဒဏ်ရာဒဏ်ချက်များမှာ နာကျင်မှုအား  တောင့်ခံရင်း ရှစ်ဖုန့်အား အော်ပြောလိုက်သည်။

“ညီအကို ……….ဝမ့်လောင်ဝူက

ယုတ်မာတဲ့ အရာအားလုံးကို လုပ်ဆောင်တဲ့သူပဲ… သူကမုဒိန်း

ကျင့်တာရော လုယက်တာတွေကိုပါ အကုန်လုပ်တာ..ပြီးတော့သူက အသက်ရှစ်နှစ်အရွယ်နဲ့ သုံးနှစ်အရွယ် ကောင်မလေးနှစ်ယောက်ကို တောင် အလွတ်မပေးဘူး… ညီအကို တရားမျတမှုအတွက်  မင်းဓားကို မြန်မြန်ထုတ်ပြီးတော့ ဒီလူယုတ်မာကို ကမ္ဘာပေါ်က နေ သုတ်သင်ပစ်လိုက်ပါ”

“စွေ့ကျန့် မင်းဘာမဟုတ်တမ်းတရားတွေကို လျှောက်ပြောနေတာလဲ ..ဘယ်အချိန်က ငါဝမ့်လောင်ဝူက ရှစ်နှစ်အရွယ်နဲ့ သုံးနှစ်အရွယ် ကောင်မလေးတွေကို အလွတ်မပေးဘဲထားခဲ့လို့လဲကွ…”

စွေ့ကျန့်၏ အော်သံအားကြားလိုက်ရသော အခါတွင် ဝမ့်လောင်ဝူက လျှင်မြန်စွာလှည့်၍  စွေ့ကျန့်အား အော်ပြောလိုက်သည်။

“ညီအကို မင်းဒီလူယုတ်မာကို

ကမ္ဘာပေါ်ကနေ ဖယ်ရှားပစ်မှရမယ်…”

စွေ့ကျန့်က ဝမ့်လောင်ဝူအား လျစ်လျူရှုထားလိုက်သည်။

သူ့မျက်နှာကပို၍ သွေးရောင်သန်းလာပြီး  ပို၍မှန်ကန်ဖြောင့်မတ်သောသူ

တစ်ယောက်ပုံစံဖြစ်လာသည်။

ဤအချိန်တွင်  စွေ့ကျန့်မှာ

တရားမျှတမှုအား လွန်စွာလိုလားမှုရှိသော ကျင့်ကြံသူတစ်ယောက်၏ ပုံစံကဲ့သို့ ဖြစ်နေ၏။

သို့သော် ဝမ့်လောင်ဝူက မည်ကဲ့သို့ လူစားမျိုးဖြစ်နေသည်ဖြစ်စေ

ရှစ်ဖုန့်အနေဖြင့် အားလုံးကို စိတ်ဝင်စားခြင်းမရှိပေ။  သူ၏ညာလက်ခလယ်အား သူ၏လက်မပေါ်သို့ဖိချလိုက်သည်။  ဝမ့်လောင်ဝူက စွေ့ကျန့်အားအော်ပြောပြီးသည့်နောက် ခေါင်းကိုလှည့်၍  အမှုမထားသော မျက်နှာထားအပြည့်ဖြင့်ရှစ်ဖုန့်အား ကြည့်လိုက်သည်။ သို့သော်ရှစ်ဖုန့်၏ညာလက်က  ကွေးသွားသည်ကို သူမြင်တွေ့လိုက်ရသောအခါတွင်  အရမ်းကိုကြောက်လန့်သွားပြီး သူငယ်အိမ်ထဲမှနေ၍ ခုန်ပေါက်ထွက်လတော့မည်သကဲ့သို့  မျက်လုံးတို့ပြူးကျယ်လာသည်။

ထို့နောက်တွင်ရှစ်ဖုန့်က သူ၏

လက်ခလယ်အား ဝမ့်လောင်ဝူ၏

မျက်နှာထံသို့  မလိုက်သည်။

ရှစ်ဖုန့်က တူညီသောအရာတစ်ခုကိုပင် ပြောခဲ့သည်ဖြစ်သည်။ သူ့ထံသို့ မကောင်းသောရည်ရွယ်ချက်များဖြင့် ဦးတည်လာသည့်သူမှန်သမျှ သေဆုံးကြရမည်ဖြစ်သည်။

“အား..မလုပ်ပါနဲ့”

ဝမ့်လောင်ဝူ၏ မျက်နှာမှာရှုံ့မဲ့သွားပြီး ထိတ်လန့်စွာဖြင့် အော်ပြောလိုက်သည်။  သူမသေချင်သေးပေ။  သူတကယ်ကို မသေချင်သေးပေ။ သူဝမ့်လောင်ဝူမှာ တတိုဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်ဖြစ်သူ

ဝမ့်လောင်ဝူအား ဂိုဏ်း၏ အင်အားတစ်ခုအဖြစ်မှတ်ယူနိုင်သည်ဖြစ်သည်။  တတိုဂိုဏ်းထဲတွင် ပျော်ပါးရန်အတွက် သူပြန်အလာကို စောင့်နေကြသော  လှပပြီးနှစ်လိုဖွယ်ကောင်းသည့် မိန်းမလှလေးများစွာရှိနေသေးသည်ဖြစ်သည်။

“မဟုတ်ဖူး”

ဝမ့်လောင်ဝူက လက်သင့်မခံနိုင်စွာဖြင့် အော်ဟစ်လိုက်သည်။  သူ့အနေဖြင့် သူ၏ကိုယ်ကိုအသုံးပြု ၍ အဖြူရောင်အလင်းအစုအဝေးအား တားဆီးချင်သော်လည်း   အလင်းတန်းက  ဝမ့်လောင်ဝူထက်ကိုမြန်ဆန်နေသည်။  ဝမ့်လောင်ဝူသူ၏လက်များအား လှုပ်ရှားရုံရှိသေးသည်  အဖြူရောင်အလင်းတန်းအစုအဝေးက  ဝမ့်လောင်ဝူ၏ နဖူးထံသို့ တိုက်ရိုက်ပစ်ဝင်သွားပြီး

သူ၏နဖူးထက်တွင် အပေါက်သေးလေးတစ်ခုကိုသာ

ချန်ထားရစ်ခဲ့သည်။  တောက်ပသောသွေးနီရောင်များက  အပေါက်အတွင်းမှ ဖြည်းဖြည်းချင်းစီးဆင်းထွက်လာသည်။

ထို့နောက်ဝမ့်လောင်ဝူ၏ မျက်နှာမှာ

ရှုံ့မဲ့နေပြီး ထိတ်လန့်မှု၊ မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေသည်။  သူကသူ၏ခေါင်းထင်  ကိုင်မြှောက်ထားခဲ့သော အလောင်းကဲ့သို့ပင် မြေပြင်ပေါ်သို့ လဲကျသွားသည်။ တတိုဂိုဏ်း၏ခေါင်းဆောင်ဖြစ်သူ ကြယ်ရှစ်ပွင့်အင်ပါယာနယ်ပယ်

ကျွမ်းကျင်သူ ဆေဘာဓားကြီး ဝမ့်လောင်ဝူတစ်ယောက် သေဆုံးသွားခဲ့ပြီဖြစ်သည်။

ထို့နောက်တွင်ရှစ်ဖုန့်၏ ညာလက်က စိတ်အာရုံလှည့်စားသောပုံရိပ်ယောင်

ကဲ့သို့ထပ်ကာထပ်ကာ  လှုပ်ရှားပြီး  အဖြူရောင်အလင်းအစုအဝေးတန်းများကသူ၏ကိုယ်မှာ အရှိန်နှင့် ထွက်ပေါ်လာသည်။ ရုတ်တရက် တောအုပ်အတွင်း စူးစူးဝါးဝါးငယ်သံပါအောင် အော်ဟစ်သံများထွက်ပေါ်လာသည်။  မျက်တောင်တစ်ခတ်စာမျှအချိန်အတွင်း  တတိုဂိုဏ်း၏ ကျန်ရှိနေသောကျင့်ကြံသူကိုးယောက်

တို့မှာလည်း  အဖြူရောင်အလင်းအစုအဝေးတို့၏ ထိမှန်ခြင်းကိုခံလိုက်ကြရပြီး  မြေပြင်ပေါ်သို့လဲကျကာသေဆုံး

သွားကြသည်။

“ညီအကို မင်းကတကယ်တော်တာပဲ”

တတိုဂိုဏ်း၏ ကျင့်ကြံသူများ သတ်ဖြတ်ခြင်းခံလိုက်ရသည်ကို တွေ့ရသောအခါမှသာ စွေ့ကျန့်တစ်ယောက်နောက်ဆုံးတွင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနိုင်သည်။  ထို့နောက်သူက သူ၏သိုလှောင်လက်စွပ်အတွင်းမှ

ကုသရေး သက်စောင့်ဆေးကို

ထုတ်ယူလိုက်ပြီး  မျိုချလိုက်သည်။ ထိုနောက်တွင် သူက သူ၏အာရုံအား သူ့ဘေးတွင်ရှိနေသော

နတ်ဘုရားမလေးထံသို့ ပြောင်းလဲလိုက်သည်။

ဤအခိုက်အတန့်တွင်  မင်းသမီးကျိယွင်မှာ ရဲဝင့်သောအသွင်တို့ရှိဆဲဖြစ်သည်။

သူမ၏  လှပသေမျက်နှာ၌  မာနကြီးမှုနှင့်အေးစက်မှုတို့ကို ဆင်မြန်းထားသည်။

ဤအရာအား အခွင့်ကောင်းယူပြီး

စွေ့ကျန့်က နတ်ဘုရားမလေးအား နှစ်ယောက်တည်းသာကြားနိုင်‌သော အသံဖြင့်ပြောလိုက်သည်။

“မင်းသမီး..ဒါက ကျုပ်ရဲ့ ညီအကိုကောင်းပဲ… ကျုပ်တို့က သေခြင်းရှင်ခြင်းကို အတူတူကျော်ဖြတ်ကြပါမယ်လို့ ကျိန်ဆိုထားကြတာ ….မင်းသမီးကျိယွင် ဒုက္ခရောက်နေတာကို ကျုပ်တွေ့လိုက်ရလို့  ချက်ချင်းပဲ ကျုပ်ညီအကိုကို အချက်ပြပြီး  ဒီကိုလာပြီးကယ်ဆယ်ပေးဖို့ အကူအညီတောင်းခဲ့တာလေ…

အခု ကြည့်ရတာ သူက ကျုပ်ကို စိတ်မပျက်စေခဲ့ဖူးပဲ…..”

“အင်း”

မင်းသမီးကျိယွင်က စွေ့ကျန့်အား  ထူးမခြားနားပုံစံဖြင့် ခေါင်းညိမ့်ပြလိုက်ပြီး သူမလက်အတွင်းရှိ ခရမ်းရောင်ဓားရှည်အား   သိုလှောင်လက်စွပ်အတွင်းသို့

ထည့်လိုက်ကာ ၎င်းအားလျစ်လျူရှုလိုက်ပြီး  ရှစ်ဖုန့်ထံသို့ တစ်လှမ်းခြင်း လျှောက်လှမ်းသွားလိုက်သည်။

မင်းသမီးကျိယွင် ချဉ်းကပ်လာသည်ကို  တွေ့ရသောအခါတွင် ရှစ်ဖုန့်က သူ၏မျက်လုံးတို့အား  ဤလှပခက်ထန်ရဲဝံ့သော အမျိုးသမီးဆီသို့ ပြောင်းရွေ့လိုက်သည်။ ထို့နောက်တွင် မင်းသမီးကျိယွင်၏ တောက်ပနီရဲသော ချယ်ရီဖူးကဲ့သို့  နှုတ်ခမ်းလေးက  ပွင့်ဟလာပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

“မလိုပါဘူး”

ရှစ်ဖုန့်က ပြောင်းလဲခြင်းမရှိ

တုံ့ပြန်လိုက်သည်။  သူ့အနေဖြင့် ဤအမျိုးသမီးအား သိရှိခြင်းမရှိဘဲ သူမ၏ သေခြင်းရှင်ခြင်းကလည်း သူနှင့်ဘာမှသက်ဆိုင်ခြင်းမရှိပေ။  သူအနေဖြင့်သူမအား  ကယ်တင်ရန်ရည်ရွယ်ချက်လည်း

ရှိမနေပေ။  ဝမ့်လောင်ဝူနှင့်သူ၏ အစွယ်အပါးများက သူ့အပေါ် မလိုမုန်းထားသော ရည်ရွယ်ချက်များရှိနေခြင်းကြောင့်သာ  အလွွယ်တကူ သူသတ်ဖြတ်ပစ်ခဲ့ခြင်းဖြစ်သည်။

ကျေးဇူးတင်စကားအား ပြောဆိုပြီးသည့်နောက်တွင်  မင်းသမီးကျိယွင်က လှည့်ထွက်လိုက်ပြီး သူမရှေ့တွင်ရှိနေသော တောအုပ်အတွင်းသို့  လျှောက်လှမ်းထွက်ခွာသွားသည်။

ဝမ့်လောင်ဝူနှင့်အခြားသူများအား  သတ်ဖြတ်ပြီးသည့်နောက်တွင်

ရှစ်ဖုန့်ကလည်း  ထပ်ပြီးဤနေရာ၌ နေလိုစိတ်မရှိတော့ပဲ မင်းသမီးကျိယွင်သွားသောဦးတည်

ချက်ဘက်သို့ ထွက်ခွာသွားလိုက်သည်။

ယင်းမှာ သူ့အနေဖြင့် ထိုအမျိုးသမီးနောက်သို့ လိုက်ပါသွားလိုခြင်းကြောင့်မဟုတ်ပေ။  သူတို့၏ရည်ရွယ်ချက်ကတူညီနေပြီး သူတို့၏ပန်းတိုင်က တောင်ထိပ်ပေါ်တွင်စိုက်ထူထားသော သွေးကျောက်ပြားကြီး၏ လျှို့ဝှက်ချက်အား စူးစမ်းရှာဖွေရန်ဖြစ်သောကြောင့်ဖြစ်သည်။

“ညီအကို…”

ဤအချိန်တွင် အခြားတစ်ဖက်တွင်ရှိနေသော စွေ့ကျန့်က  မြေပြင်ထက်တွင် တင်ပျဉ်ခွေထိုင်နေပြီး  သူ၏ဒဏ်ရာများအား စတင်ကုသနေသည်။ ရှစ်ဖုန့် ခြေလှမ်းအနည်းငယ် မလှမ်းရသေးခင်မှာပင် စွေ့ကျန့်က သူ့အားလှမ်းအော်လိုက်သည်။

စွေ့ကျန့်၏ အော်သံအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က သူ၏လမ်းကြောင်းကို ရပ်တန့်လိုက်ပြီး  သူ၏ခေါင်းကိုလှည့်၍  ၎င်းအားကြည့်ကာ မေးလိုက်သည်။

“ဘာကိစ္စရှိသေးလို့လဲ”

“ညီအကို ငါ အခု  ဒီလိုမျိုး

ထိခိုက်မိထားတာ  …မင်းငါ့ကို

စောင့်ပြီးတော့ ကာကွယ်မှုလေးများ လုပ်ပေးနိုင်မလား…ငါ့ရဲ့ဒဏ်ရာတွေ

ပြန်ကောင်းလာမှထွက်သွားပါ. မဟုတ်ရင် ဝမ့်လောင်ဝူလိုမျိုး လူဆိုးတွေနဲ့ ငါထပ်ပြီးတွေ့တဲ့အခါကျရင်  ညီအကို ငါအန္တရာယ်ထဲ ကျရောက်သွားလိမ့်မယ်”

စွေ့ကျန့်က ရှစ်ဖုန့်အား မေတ္တာရပ်ခံလိုက်သည်။သူ၏

ဒဏ်ရာများက ပြင်းထန်သော်လည်း စွေ့ကျန့်မှာ ကျင့်ကြံသူများထံမှ  အဆင့်လေးကုသရေးသက်စောင့်ဆေးကို အခွင့်အရေးရတုံးရယူနိုင်ခဲ့သောကြောင့်  သူ့အသက်ကအန္တရာယ် မရှိနိုင်တော့ပေ။

သို့‌သော်  ထိခိုက်ဒဏ်ရာများက  သူ၏တိုက်ခိုက်ရေးစွမ်းအားကို ဆုံးရှုံးသွားစေသည်။  ဤတောင်တန်းတောအုပ်အတွင်း အခြားကျင့်ကြံသူများနှင့်သာ သူထပ်မံ၍ တွေ့ဆုံခဲ့လျှင် သူအနေဖြင့် အလွယ်တကူ အတွယ်ခံရနိုင်သည်ဖြစ်သည်။

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters