← Chapters

အပိုင်း (၂၆၅)

Vol. 18 Ch. 265

အပိုင်း (၂၆၅)

Vol. 18 Ch. 265

ရှစ်ဖုန့်က စွေ့ကျန့်အား ဘာအာရုံစိုက်ခြင်းမှ မရှိသကဲ့သို့ ၎င်းနှင့်လည်း အချိန်ဖြုန်းချင်စိတ်ရှိမနေပေ။ ထိုထက်ပိုသည်ကား သူ၏ အသွင်အပြင်အမူအယာကြောင့်  သူ့အား ရှစ်ဖုန့်အနေဖြင့် ဝမ့်လောင်ဝူ၏ဓားသွားအောက်မှ ကယ်တင်ထားခဲ့ပြီးဖြစ်သည်။

ယင်းက သူဘက်ကပေးစွမ်းထားသော ရက်ရောမှုကြီး ဖြစ်နေခဲ့ပြီဖြစ်သည်။ ထို့ကြောင့်ရှစ်ဖုန့်အနေဖြင့် စွေ့ကျန့်အား ဘာမျှအာရုံထားမနေတော့ပေ။

ရှစ်ဖုန့်က စွေ့ကျန့်နှင့် ရင်းနှီးခြင်းလည်းမရှိပေ။  စွေ့ကျန့် သေသည် ရှင်သည်က သူနှင့်သက်ဆိုင်သော

အလုပ်လည်းမဟုတ်ပေ။  စွေ့ကျန့်ကသူကြိုက်သောမိန်းကလေး

အတွက်ရပ်တည်ပေးသောအခါတွင် သူ့အနေဖြင့်  သူ့နှင့်သက်ဆိုင်လာမည့်  အကျိုးဆက်များအားလုံးကို  တွေးထားခဲ့သင့်သည်ဖြစ်လေသည်။

ထို့နောက် စွေ့ကျန့်၏  အသနားခံသော မျက်လုံးများအောက်တွင်  ရှစ်ဖုန့်က ၎င်းအား မင်းသမီးကျိယွင်ကဲ့သို့ပင်  ချန်ရစ်ထားခဲ့သည်။

“ညီ..ညီအကို ….”

စွေ့ကျန့်က အော်ခေါ်လိုက်သော်လည်း  ရှစ်ဖုန့်က သူ့အား ဘာအာရုံစိုက်မှုမှ ပေးမနေတော့ပေ။  သူ၏ ပုံရိပ်အား ဖြည်းဖြည်းချင်း သွေးနီရောင်သစ်ပင်တစ်ပင်က ကာဆီးသွားပြီးနောက်တွင်  စွေ့ကျန့်၏ မြင်ကွင်းမှ ဖြည်းညှင်းစွာပျောက်ကွယ်သွားတော့သည်။

“မင်း..”

ရှစ်ဖုန့်ပျောက်ကွယ်သွားခဲ့သော ဦးတည်ချက်ဘက်သို့ကြည့်ကာ

စွေ့ကျန့်၏ မျက်နှာထက်တွင်  မကျေမချမ်းမှုများဖြင့်ပြည့်နှက်နေသည်။  အကယ်၍ အခြားသောကျင့်ကြံသူများသာ တကယ်ပေါ်လာခဲ့ပြီး သူ၏အသက်အားအဆုံးသတ်သွားခဲ့လျှင်  အားလုံးက ရှစ်ဖုန့်၏ အမှားကြောင့်ဟု သူယုံကြည်ထားသည်။

“အဲ့လိုသာတကယ်ဖြစ်သွားရင် ငါမင်းကို သရဲဖြစ်သွားတာတောင် အလွတ်မပေးဘူး”

‌

စွေ့ကျန့်၏ မျက်နှာကား  ကြမ်းကြုတ်ခက်ထန်နေ၏။  သူက ရှစ်ဖုန့်ထွက်ခွာသွားသော

ဦးတည်ချက်ဘက်သို့ ကြည့်နေဆဲဖြစ်ပြီး  ပြင်းပြင်းထန်ထန်ကိုပြောဆိုလိုက်သည်။  သူ့အနေဖြင့် ဝမ့်လောင်ဝူ၏ ဆေဘာဓားချက်အောက်၌ သေဆုံးရတော့မည်အချိန်တွင် သူ့အပေါ်ရှစ်ဖုန့်ပြုလုပ်ခဲ့ပေးသည်များအား လုံးဝကို မေ့သွားခဲ့ပြီဖြစ်လေသည်။

……………………………

သွေးနီရောင်တောင်တန်းတောအုပ် အတွင်းတွင် ကျင့်ကြံသူများက ပို၍ပို၍ စုစည်းလာကြသည်။ သတ်ဖြတ်မှုများ၊သွေးထွက်သံယိုများနှင့် ငိုကြွေးဟစ်အော်သံများက သွေးနီရောင်တောင်တန်းတောအုပ်အတွင်း၌ အဆက်မပြတ်ဆိုသလို  ပြင်းထန်စွာဖြစ်ပေါ်နေသည်။

တောင်ထိပ်သို့သွားရာလမ်းတစ်လျှောက်တွင် ရှစ်ဖုန့်အနေဖြင့် အမြင်ကန်းကာ လောဘကြီးပြီး ဝမ့်လောင်ဝူကဲ့သို့သူတို့ကိုယ်သူတို့ ယုံကြည်ချက်မြင့်အားနေကြသော ကျင့်ကြံသူ သိုင်းသမား များစွာကို ကြုံတွေ့ခဲ့ရသည်။ အဆုံးသတ်တွင်ဘာချွင်းချက်မှ ရှိနေခြင်းမရှိဘဲ  သူတို့အားလုံးအေးစက်သော အလောင်းများ သို့မဟုတ်  ပြာများအဖြစ်သို့ သွေးနီရောင်တောင်တန်းတောအုပ်အတွင်း ပြောင်းလဲသွားကြရသည်။

အချို့သောကျင့်ကြံသူများကလည်း  တောင်ထိပ်သို့သွားရောက်၍  သွေးရောင်ကျောက်ပြားအား စူးစမ်းလေ့လာလိုကြသည်ဖြစ်သည်။

သို့သော်  သူတို့ထဲက အများစုက ရှစ်ဖုန့်နှင့်တွေ့ဆုံမိပြီး   ရှစ်ဖုန့်၏ စွမ်းအားအောက်၌ ငိုကြွေးအော်ဟစ်ကာ သေဆုံသွားကြရသူများဖြစ်လာကြသည်။ သွေးများက နေရာအနှံ့ပြန့

်ကျဲနေသော်လည်း ရှစ်ဖုန့်၏

မျက်နှာကတော့ ပြောင်းလဲခြင်းမရှိအေးစက်မြဲ

အေးစက်ဆဲပင်ဖြစ်သည်။

ဖြည်းဖြည်းချင်း တောအုပ်အတွင်းရှိ အနက်ရောင်သေခြင်းနတ်ဘုရား၏

ကောလဟာလက ပျံ့နှံ့လာသည်။ အနက်ရောင်သေခြင်းနတ်ဘုရားက  အေးစက်သောမျက်နှာနှင့် လူမဆန်စွာရက်စက်သူဖြစ်လေသည်။ သူကလူများအား  သူ၏  လက်ဖျောက်ကို တစ်ချက်တီးရုံဖြင့် သတ်ဖြတ်ပစ်ခဲ့သည်။

တစ်ယောက်မှဆယ်ယောက် ဆယ်ယောက်မှသည်တစ်ရာ  ဖြည်းဖြည်းချင်းဖြင့်  အနက်ရောင်ဝတ်သေခြင်းနတ်ဘုရား၏ ကောလဟာအား ကျင့်ကြံသူများ ပို၍ပို၍  ကြားသိလာကြသည်။

“အနက်ရောင်ဝတ်ကောက်ရိတ်သမား (သေမင်း) ဒီတောအုပ်ထဲမှာပေါ်လာတာကို မင်းကြားပြီးပြီလား”

“အနက်ရောင်ဝတ်ကောက်ရိတ်သမား

ဟုတ်လား…အဲ့တာကဘာကြီးလဲ”

“အနက်ရောင်သေခြင်းနတ်ဘုရားလေ..သူ့ရဲ့ သိုင်းပညာရပ်တွေက  အတိုင်းမသိဘဲ  …သူက သွေးတောအုပ်ရဲ့ထက်မှာရပ်နေပြီးတော့  အလောင်းတွေကလည်း နေရအနှံ့ကို ကြဲပြန့်နေတယ်”

“အနက်ရောင်ဝတ်ကောက်ရိတ်သိမ်းသူ…မိစ္ဆားဂိုဏ်းက တစ်ယောက်ယောက်များဖြစ်နေမလား”

“အဲ့လိုဖြစ်နိုင်တယ်…ဒီလူက အပြစ်မဲ့တဲ့သူတွေကို အတင်းသတ်တာရော သွေးဆာတာ လူယက်တာ မုဒိန်းကျင့်တာ လူမဆန်တာ အဲ့လိုမျိုး

မကောင်းမှုအားလုံးကို အတင်းအဓမ္မ ကျူးလွန်တဲ့သူပဲ..ဒါကြောင့်သူက ဒီလိုမျိုး ယုတ်မာတဲ့ မိစ္ဆာဂိုဏ်းက လာတာမဟုတ်ရင် ဘယ်နေရာကလာတဲ့သူဖြစ်ရမှာလဲ…

သူနဲ့ထျန်းကျန့်မဟာမိတ်ဂိုဏ်းက ပါရမီရှင် ရို့ဖှေးဖန်းတို့ရဲ့ တိုက်ပွဲကို ငါမျက်မြင်တွေ့ဖူးတယ်”

“ဒီလူက ပါရမီရှင်လူငယ်အဆင့်မှာ တတိယချိတ်တဲ့ ရို့ဖှေးဖန်းနဲ့တောင် တိုက်ခဲ့တာလား..ဒါဆိုဘယ်လိုဖြစ်ပြီးတော့ သူကအသက်ရှင်နေရသေးတာလဲ… “

လူအုပ်ထဲမှ တစ်စုံတစ်ယောက်က တုန်လှုပ်အံ့အားသင့်စွာဖြင့်မေးလိုက်သည်။

အစောပိုင်းက ပြောသောသူက သူ့အဖော်ဖြစ်သူ၏ စကားအားကြားလိုက်ရသောအခါတွင် သူ့ခေါင်းကို ခါယမ်းလိုက်သည်။ သူ၏မျက်နှာထက်တွင် အထင်သေးသောအမူအယာတစ်ခုရှိနေပြီး သူကပြောလိုက်သည်။

“သူကရို့ဖှေးဖန်းကိုသတ်ခဲ့တာတင်မကဘူး..

သတ်တာမှ လွယ်လွယ်ကူကူနဲ့ကိုသတ်ပစ်ခဲ့တာ  သူကသူ့ရဲ့နတ်ဆိုးပညာရပ်နဲ့  အဖြူရောင်တစ္ဆေလက်သည်းကြီးကိုဖွဲ့စည်းပြီး  ရို့ဖှေးဖန်းကို သေတဲ့အထိကို ခြေမွပစ်လိုက်တာဗျား…  အဲ့နောက်သူက ရို့ဖှေးဖန်းရဲ့ကိုယ်ကို ခြောက်သွေ့တဲ့အထိ သွေးတွေစုပ်ယူလိုက်သေးတယ်”

“ဘာ”

ထိုကျင့်ကြံသူ၏ ဇတ်ကြောင်းပြန်ပြောပြမှုအား ကြားလိုက်ရသောအခါတွင်  အားလုံးမှာ တုန်လှုပ်အံ့အားသင့်ကုန်ကြသည်။  ရုတ်တရက်သူတို့၏ တစ်ကိုယ်လုံးတွင် ကြက်သီးမွှေးညှင်းထမှုနှင့် ကျောရိုးထဲအထိ စိမ့်တက်သွားသော အေးစိမ့်မှုတို့ကို ခံစား လိုက်ရသည်။

“ဟင့်အင်း..ကျေးဇူးပြုပြီး  ငါ့ကို မသတ်ပါနဲ့”

ရုတ်တရက် ကျင့်ကြံသူ အုပ်စုမှာ သိပ်မဝေးလှသော နေရာမှ သနားညှာတာပေးရန်အတွက် တောင်းပန်‌သော အသံတစ်ခုကိုကြားလိုက်ရသည်။

အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က တုတ်ခိုင်သောလူငယ်တစ်ယောက်အား သူ၏ညာလက်ဖြင့် လည်မျိုမမှနေ၍

ဆွဲမကာ အပေါ်သို့ ပင့်မြှောက်ထားသည်ကို တွေ့လိုက်ရသည်။ လူငယ်၏ မျက်နှာက အေးစက်နေပြီး သူ၏ နှုတ်ခမ်းထောင့်တွင်  သရော်ပြုံးတစ်ခုက တွဲခိုနေသည်။

ကျင့်ကြံသူ အုပ်စုက လူငယ်အား မြင်တွေိ့လိုက်ရသော အခါတွင် ချက်ချင်းပဲ အစောပိုင်းကအသံနှင့် ဆက်စပ်မိသွားသည်။  ရုတ်ခြည်း လူငယ်ကျင့်ကြံသူ၏ လည်မျိုအားဆွဲညှစ်ထားသော အနက်ရောင်ဝတ်လူငယ်၏ညာလက်မှ ရုတ်တရက် ပြင်းထန်ပြီး နတ်ဆိုးဆန်သော သွေးနီရောင်မီးတောက်တစ်ခု ဟုန်းခနဲ ထွက်ပေါ်လာသည်ကို  သူတို့တွေ့လိုက်ကြရသည်။

“အား..အား..အား..”

ရုတ်တရက်  သွေးနီရောင်မီးတောက်တို့က လူငယ်ကျင့်ကြံသူ၏ တစ်ကိုယ်လုံးအား ဝန်းရံသွားသည်။  မီးတောက်အတွင်းမှ ကျင့်ကြံသူ၏ စူးစူးဝါးဝါး ငယ်သံပါအောင် အော်ဟစ်သောအသံကို သူတို့ကြားနိုင်သည်ဖြစ်သည်။  ရှစ်ဖုန့်က သူ့အား ထိခိုက်စေလိုသောသူမှန်သမျှအား ဘယ်တုံးကမှ သနားညှာတာပေးခြင်းမရှိပေ။

“အား…အဲ့တာသူပဲ..သူပဲဟ …

ပြေး ….အနက်ရောင်ဝတ် သေခြင်းနတ်ဘုရားဟ..”

၎င်းအကြောင်းအားသူတို့ပြောနေရုံရှိသေးသည် သူတို့အနေဖြင့် ၎င်းနှင့်မမျှော်လင့်ပဲ ပက်ပင်းကြုံနေရလေသည်။ အနက်ရောင်သေခြင်းနတ်ဘုရား အကြောင်းအား  သူ၏ အဖော်ကို ဖော်ပြပြောဆိုခဲ့သည့်  ကျင့်ကြံသူမှာ  သူအနေဖြင့် ထင်ယောင်ထင်မှား မြင်နေရသည်ဟု တွေးမိနေသည်။ ဤအခိုက်အတန့်တွင် ရုတ်တရက်သူ နိုးကြားအသိဝင်လာပြီး  သူ့ဘေးရှိ အဖော်လေးယောက်အား  အလန့်တကြားအော်ပြောလိုက်သည်။

ချက်ချင်းပဲ သူကလည့်၍ ထွက်ပြေးတော့သည်။

“အား..အား..အား..”

အခြားသောကျင့်ကြံသူလေးယောက်မှာလည်း စူးစူးဝါးဝါး အော်သံနှင့် အဖော်ဖြစ်သူ၏  အလန့်တကြားအော်သံတို့မှ ရုတ်တရက် အသိပြန်ဝင်လာသည်။လေးယောက်သား တစ်ချိန်တည်းတွင် ပြိုင်တူ လှည့်လိုက်ကြပြီး အလန့်တကြားအော်ဟစ်လိုက်ကြသည်။ သူတို့တစ်ဘဝလုံးသင်ယူခဲ့ရသမျှထဲမှ အမြန်ဆန်ဆုံးသော ရွေ့လျားမှုပညာရပ်အား အသုံးပြုကာ  သူတို့၏ ကိုယ်အတွင်းရှိနေသော မူလစွမ်းအင်အားလုံးအား အသုံးပြု၍ သူတို့၏ အသက်များလွတ်မြောက်မှုရရှိရန်အတွက် သွေးရူးသွေးတန်းထွက်ပြေးလိုက်ကြသည်။

အနက်ရောင်သေခြင်းနတ်ဘုရား ဤသည်ကား အနက်ရောင်သေခြင်းနတ်ဘုရားဖြစ်သည်။ မည်မျှထိတ်လန့်ကြောက်ရွံ့

ဖို့ကောင်းလှပါသနည်း။

ပြေးလွှားနေရင်း  သူတို့ထဲကအချို့က သူတို့၏ခေါင်းများကိုလှည့်၍  သူတို့အသက်ကိုနှုတ်ယူရန်အတွင် အကယ်၍များ သေခြင်းနတ်ဘုရားက သူတို့ကို နောက်မှလိုက်ဖမ်းမည်လားဆိုသည်အား အကြိမ်ကြိမ် ကြည့်မိကြသည်။

မာနလာကြီးပြနေသော ကျင့်ကြံသူအား သတ်ဖြတ်ပြီးသည့်နောက်တွင်  ငယ်သံပါအောင်အော်ဟစ်၍

ရှိသမျှအသားကုန် အားစိုက်ထွက်ပြေးသွားကြသော ကျင့်ကြံသူငါးယောက်အား ရှစ်ဖုန့်ကြည့်လိုကသည်။ ဘာကြောင့်မှန်းဆိုသည်အား သူမသိသော်လည်း

တီးတိုးရေရွတ်လိုက်သည်။

“ဘယ်လိုတောင်ထူးဆန်းထဲ့လူအုပ်စုလဲ…”

ဤအချိန်၌  ရှစ်ဖုန့်မှာသူ၏နမည်က သွေးတောင်တန်းတောအုပ်အတွင်းတွင် ပျံ့နှံ့နေပြီးဖြစ်သည်ကို သိရှိခြင်းမရှိချေ။

ကျင့်ကြံသူများက သူ့အား အနက်ရောင်သေခြင်းနတ်ဘုရားအဖြစ်ပင် နမည်ပြောင်ပေးထားသေးသည်ဖြစ်သည်။

သူ၏ခေါင်းအား အနည်းငယ်ခါယမ်းလိုက်ပြီးနောက်

ရှစ်ဖုန့်က ထိုလူများအားထပ်ပြီး အာရုံစိုက်ခြင်းရှိမနေတော့ပေ။  သူကတောင်ပေါ်သို့ ဆက်လက်၍ လျှောက်လှမ်းသွားလိုက်ပြီး  မကြာခင်တွင် တောင်၏ဆင်ခြေလျောသို့ ရောက်ရှိတော့မည်ဖြစ်သည်။ထိုအချိန်က သူပြင်ပကောင်းကင်မှ ဆင်းသက်သည့်အချိန်တွင် အထက်မှနေ၍ ကြီးမားသောဖိအားတစ်ခုက ရောက်ရှိလာခဲ့ပြီး သူ၏နယ်ပယ်အား ဖိနှိပ်ခဲ့သည်ဖြစ်သည်။   မမြင်နိုင်သောအားတစ်ခု ပေါ်လာခဲ့ပြီးသူ့အား ဤတောင်တန်းတောအုပ်အတွင်းသို့ ရိုက်နှက်ချလိုက်သည်။

ယခုသူတောင်ဆင်ခြေလျောသို့

ရောက်ရှိသည့်အချိန်တွင် သူ့အနေဖြင့် တူညီသေအခြေအနေတစ်ခုအား တွေ့ရမည်မတွေ့ရမည်ဆိုသည်ကို မသိပေ။  ကြီးမားသောဖိအားနှင့်

မမြင်နိုင်သောအားက သူ၏လမ်းကြောင်းကို တားဆီးထားလိမ့်မည်လား။

ခြေတစ်လှမ်း..

နှစ်လှမ်း.သုံးလှမ်း..

ငါးဆယ့်ငါးလှမ်း…

ကိုးဆယ့်ရှစ်လှမ်း..

ရှစ်ဖုန့်၏ခြေလှမ်း ကိုးဆယ့်ရှစ်လှမ်းသို့ရောက်ရှိသောအခါတွင် မြေဆွဲအားတစ်ခုက အပေါ်စီးမှပေါ်လာပြီး ရုတ်တရက် အောက်သိုဖိကျဆင်းလာသည်။

“မြေဆွဲအားလား”

တစ်စုံတစ်ယောက်က ဤနေရာ၌ မြေဆွဲအားကွင်းပြင်တစ်ခုအား ဖန်တီးထားခဲ့သည်ကို ရှစ်ဖုန့်

ရုတ်တရက် သဘောပေါက်လိုက်သည်။   ၎င်းမှာတစ်ခါက သူ၏ကိုယ်အား ဖိအားပေးရန်အတွက် ဝင်ရောက်ခဲ့သော မြေဆွဲအားအခန်းနှင့် အတူတူပင်ဖြစ်လေသည်။  သို့သော် ရှစ်ဖုန့်၏ကိုယ်ပေါ်သို့ ကျရောက်နေသော မြေဆွဲအားဖိအားက သာမန်မြေဆွဲအားထက်ဆယ်

ဆပိုများပြားလေသည်။ ယခင်သူဆရာသခင်နယ်ပယ်မှာရှိစဉ်တုံးက မြေဆွဲအားငါးဆယ့်ငါးဆအား ရပ်တည်တောင့်ခံနိုင်ခဲ့သည်ဖြစ်သည်။ ထို့ကြောင့် မြေဆွဲအားဆယ်ဆလောက်က သူ့အတွက်ဘာမှမဟုတ်ပေ။

ချက်ချင်းပဲ ရှစ်ဖုန့်က ဆူးလေပင်များဆူးခြုံများအား သူ့လက်ထဲရှိသွေးဓားဖြင့် ဆက်လက်၍ ခုတ်ဖြတ်လိုက်သည်။ သူကလမ်းအသစ်တစ်ခုကိုဖောက်လိုက်ပြီး တောင်ထိပ်ပေါ်သို့ ဆက်လက်၍ လျှောက်လှမ်းသွားလိုက်သည်။

ယခုသူတောင်ဆင်ခြေလျောသို့

ရောက်ရှိနေပြီဖြစ်သော်လည်း  မမြင်နိုင်သောအားနှင့်ဖိအားတို့ကတော့ မပေါ်လာသေးပေ။  ထိုအစား ဤသွေးတောင်တန်းတောအုပ်အတွင်း မြေဆွွဲအားဆယ်ဆ ကိုသာ ပြင်ဆင်ထားခဲ့သည်။သို့သော်

တောင်ပေါ်သို့ သူဆက်တက်လှမ်းလိုက်သောအခါတွင် ဤနေရာ၌ တပ်ဆင်ထားသည့် မြေဆွဲအားဆယ်ဆက  သာမန်မြေဆွဲအားဆယ်ဆထက်ကို နှစ်ဆ ပို၍များပြားသည်ဟု ခံစားရသည်။

တောင်ထိပ်ဆီသို့သွားရမည့်လမ်းခရီးက သေချာပေါက်တော လွွယ်ကူနေလိမ့်မည်မဟုတ်ပေ။

ဆက်ရန်….

ဘာသာပြန်သူ -ARISE

All Chapters