အပိုင်း(၂၆၆)
Vol. 18 Ch. 266
တောင်ထိပ်ပေါ်သို့သွားရာ
လမ်းကြောင်းက သေချာပေါက် လွယ်ကူလိမ့်မည်တော့မဟုတ်ပေ။ ထိုထက်ပိုသည်ကာ ယင်းမှာ ပို၍ပင် အန္တရာယ်များနိုင်သည်ဖြစ်သည်။
ရှစ်ဖုန့် သူအပြင်၌ ရှိနေစဉ် အာရုံခံကြည့်ခဲ့စဉ်တုံးက ဤတောင်တန်းတောအုပ်အတွင်းတွင် သက်ရှိနေရောင်ဝါကို
အနည်းငယ်မျှပင် မခံစားခဲ့ရပေ။ ဤတောင်တန်းတောအုပ်အတွင်းတွင် ဝင်ရောက်လာသော ကျင့်ကြံသူများမလွဲ၍ သူ့အနေဖြင့် ဘာသက်ရှိသတ္တဝါပုံစံကိုမှ မမြင်တွေ့ခဲ့ရသလို အင်းစက်များကို တွေ့ခဲ့ရခြင်းမရှိပေ။
အကယ်၍ မူမမှန်သော အရာတစ်ခုခု ရှိနေခဲ့မည်ဆိုလျှင် ယင်းက နတ်ဆိုးတစ်ကောင်ရှိနေခြင်းပင် ဖြစ်ရမည်ဖြစ်သည်။ ဤတောင်တန်းတောအုပ်အတွင်းရှိ သက်ရှိအားလုံးအား မျိုးတုန်းသွားစေခဲ့သော တစ်စုံတစ်ခုရှိနေလိမ့်မည်ဖြစ်သည်။
ဤသွေးနီရောင်ကမ္ဘာအတွင်းတွင် နတ်ဆိုးသားရဲများစွာလည်းရှိနေသည်
ဖြစ်သည်။ ယခင်က ဤနေရာသို့ဝင်ရောက်ခဲ့သော နတ်ဆိုးသားရဲအချို့ရှိရမည်
ဖြစ်သော်လည်း ၎င်းတို့အားလုံးသုတ်သင်ခံခဲ့ရသည်
သာဖြစ်လိမ့်ပေမည်။ ၎င်းတို့၏ အလောင်းများပင် ကျန်ရစ်နေခဲ့ခြင်းမရှိပေ။
ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေသည်။ သူ၏ကိုယ်ပိုင်ခြေလှမ်းသံများမှလွဲ၍ အခြားဘာအသံကိုမျှ ရှစ်ဖုန့်ကြားရခြင်း မရှိချေ။ သူက မြေဆွဲအားဆယ််ဆကိုဆန့်ကျင်၍ တောင်ထိပ်ပေါ်သို့ ဆက်လက် လျှောက်လှမ်းသွားလိုက်သည်။
သွေးဓားအတွက်မူ ယင်းက
၎င်း၏စွမ်းအားအား ဖြုန်းတီးသလိုပင်ဖြစ်နေသည်။ ထျန်းမြောင်အင်ပါယာ၏ ကျင့်ကြံသူများမျက်လုံးထဲတွင် ပြိုင်ဘက်ကင်းအဆင့်ခြောက်လက်နက်အဖြစ် ရှုမြင်သောလက်နက်အား ရှစ်ဖုန့်က လမ်းဖောက်ဖို့ အသုံးပြုနေသည်။ ဤအချင်းအရာကြောင့် ကောင်းကင်မီးတောက်က ရှစ်ဖုန့်အား တော်တော်ကြာသရော်ခဲ့ပြီး ဤကဲ့သို့ပြောခဲ့သည်။
အကယ်၍ရှစ်ဖုန့်က အထွတ်အထိပ်မြင့်မြတ်ဓားအား သစ်ခုတ်ဓားတစ်ခုကဲ့သို့ခုတ်ပိုင်း
နေသည်ကို သွေးပန်းခက်မျိုးနွယ်၏ဘိုးဘေးသာ
သိရှိခဲ့လျှင် ၎င်း၏သေခြင်းမှပြန်နိုးထလာကာ ခေါင်းတလားအား ဖွင့်၍ တိုးထွက်လာလောက်သည်အထိ
၎င်းအနေဖြင့် အရမ်းကို ဒေါသထွက်နေလိမ့်မည်ဖြစ်သည်ဟု ဆို၏။
“ဟမ်”
မြေဆွဲအားအား ဆန့်ကျင်၍ ရှေ့သို့ချီတက်နေသောရှစ်ဖုန့်မှာရုတ်တရက် သူ၏နောက်ဘက်မှ လူသတ်ရောင်ဝါတစ်ခု လာနေသည်ကိုခံစားလိုက်ရသည်။ သူကချက်ချင်းပဲလှည့်၍ သွေးဓားဖြင့်ထိုးသွင်းလိုက်သည်။ သို့သော် သွေးဓားအားသူထိုးသွင်းလိုက်သည့်
အချိန်တွင် သူ့နောက်၌ ဘာမှရှိမနေခဲ့ချေ။ သူဘာကိုမှလည်းမြင်မတွေ့ခဲ့ရပေ။
ရှစ်ဖုန့်၏ မျက်ခုံးတို့ ဖြည်းညှင်းစွာကျုံ့သွားသည်။ ခဏမျှကြာပြီးနောက် သူကဖြည်းညှင်းစွာလှည့်၍ ဆက်လက်လျှောက်သွားလိုက်သည်။
သို့သော် ရှစ်ဖုန့်လှည့်လိုက်ပြီး သိပ်မကြာခင်တွင် လူသတ်ရောင်ဝါက ထပ်မံ၍ပေါ်လာပြန်သည်။ရှစ်ဖုန့်က
လှည့်မကြည့်ဘဲ အတွေးတစ်ချက်ဖြင့် သူ၏ကိုယ်မှ သွေးနီရောင်မီးတောက်အား ရုတ်တရက် ဟုန်းခနဲထွက်ပေါ်လာစေကာ ဦးတည်ချက်အနှံ့သို့ ပျံ့နှံ့စေလိုက်သည်။ ရှစ်ဖုန့်အား အလယ်ဗဟိုတွင်ထား၍ နယ်မြေတစ်ဝိုက်မှာ ရုတ်ခြည်းသွေးနီရောင်မီးတောက်
ပင်လယ်တစ်ခုအဖြစ်ပြောင်းလဲသွားသည်။
“ကျွိ…ကျွိ..”
ရုတ်တရက်သူ့နောက်တွင်ရှိနေသော သက်ရှိသတ္တဝါထံမှ ကြွက်တစ်ကောင်ကဲ့သို့ တကျွီကျီဖြင့်စူးစူးဝါးဝါးအော်သံကို ကြားလိုက်ရသည်။ သို့သော်ရှစ်ဖုန့် လှည့်လိုက်သောအခါတွင် ဘာရူပခန္ဓာကိုယ်တည်ရှိနေမှုကိုမှ သူမြင်တွေ့ရခြင်းမရှိပေ။
“သဘာဝအတိုင်း အကြည်ရောင်ဖြစ်နေတဲ့ သက်ရှိတစ်ကောင်များဖြစ်နေနိုင်မလား”
ရှစ်ဖုန့်က သူ့ဟာသူ တီးတိုးရေရွတ်လိုက်ရင်း သွေးနီရောင်မီးတောက်အတွင်းရှိ သွေးပျက်ဖွယ် အော်ဟစ်သံများကို နားထောင်နေသည်။ သို့သော် ထိုအရာ၏ရောင်ဝါအနည်းငယ်လေးမျှကိုပင် ရှစ်ဖုန့် မြင်တွေ့ရခြင်းမရှိပေ။
ဤအရာက တစ္ဆေသရဲကဲ့သို့ဆင်တူသည်ဖြစ်သည်။
သို့သော် တစ္ဆေသရဲများ၏
အစစ်အမှန်ပုံစံအား သူ၏လက်ဖဝါး
လက်ဖမိုးလို သိရှိသည့် ငရဲဘုံကိုးခု ဧကရာဇ်ဖြစ်သောသူ့အနေဖြင့် ဤအရာက တစ္ဆေသရဲများနှင့် တူညီမှုမရှိသည်ကိုသိလေသည်။
“ဒီတည်ရှိနေတဲ့ အရာကများ
ဒီတောအုပ်ထဲက တစ်ခြားသက်ရှိတွေကို သုတ်သင်ပစ်ခဲ့တာများဖြစ်နိုင်မလား…
ဒီလိုသာဆိုရင် စကြဝဠာထဲမှာဒီလိုမျိုးသက်ရှိတွေ ဘယ်လောင်တောင်များရှိနေလိမ့်မလဲ…”
အကယ်၍ ဤအရာကသာ ဤတောအုပ်အတွင်းရှိ
သက်ရှိအားလုံးအား သုတ်သင်ပစ်ခဲ့သည်ဆိုလျှင်
သေချာပေါက် တစ်ကောင်ထက်ပိုပြီးတော့ ရှိနေလိမ့်မည်ဖြစ်လေသည်။ အကယ်၍ သူ၏ဝိညာဉ်ကသာ ၎င်း၏သတ်ဖြတ်ခြင်းစိတ်ဆန္ဒအား အာရုံခံနိုင်သည်အထိ စူးရှထက်မြက်မှုရှိမနေခဲ့လျှင်
သူ့အနေဖြင့် တိုက်ခိုက်ခြင်းအား ခံစားရလောက်ပြီးဖြစ်လောက်သည်။
မကြာခင် သွေးပျက်ဖွယ် အော်ဟစ်သံက ရပ်တန့်သွားသည်။ ထိုအရာမှာသွေးနီရောင်မီးတောက်၏ မီးရှို့ဖျက်ဆီးမှုကိုခံလိုက်ရကြောင်း ရှစ်ဖုန့်သိလိုက်သည်။
ဦးတည်ချက်အနှံ့သို့ ပျံ့နှံ့သွားခဲ့သော သွေးနီရောင်မီးတောက်တို့မှာ ရှစ်ဖုန့်၏ ကိုယ်အတွင်းသို့ ပြန်လည်၍ဝင်ရောက်လာသည်။
ဤမမြင်တွေ့နိုင်သောသက်ရှိ
များ၏တည်ရှိ်နေမှုနှင့် ၎င်းတို့အများကြီးရှိနေကြောင်း
ကိုသိရသောအခါတွင် ရှစ်ဖုန့်ပို၍ပင် သိချင်စိတ်တို့ဖြစ်ပေါ်လာပြီး တောင်ထိပ်ဆီသို့ တစ်ဟုန်ထိုးဆက်လက်ဦးတည်လိုက်သည်။
“အား”
ဤအချိန်တွင် တောအုပ်ရှေ့နားလေးမှ ကျင့်ကြံသူတစ်ယောက်၏ ကျယ်လောင်စွာအော်ဟစ်သံကို ရှစ်ဖုန့်ကြားလိုက်ရသည်။ ရှစ်ဖုန့် အလျှင်အမြန််ပြေးသွားလိုက်သောအခါတွင် ကျင့်ကြံသူ၏ကိုယ်က လေထဲ၌ လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။ သူ၏အဝတ်များက အပိုင်းပိုင်းစုတ်ပြဲနေပြီး သူ၏တစ်ကိုယ်လုံမှ သွေးများက
တစ်စက်စက် စီးကျနေသည်။ ဤအချိန်၌ ကျင့်ကြံသူ၏ကိုယ်မှာ အလောင်းတစ်ခုဖြစ်သွားပြီးဖြစ်
သည်ကိုလည်းရှစ်ဖုန့် အာရုံခံမိနိုင်သည်ဖြစ်သည်။
ထို့နောက် ရှစ်ဖုန့်၏ မျက်စိရှေ့မှောက်တွင်ပင် ခန္ဓာကိုယ်က လျှင်မြန်စွာ သွေးစွန်းသော ကမောက်ကမအခြေအနေတစ်ခုဖြစ်သွားသည်။ မျက်စိတစ်မှိတ်စွာအချိန်အတွင်း လျှင်မြန်စွာဖြင့် အလောင်းမှာ အဖြူရောင်အရိုးပုံတစ်ခုအဖြစ်
သို့ပြေင်းလဲသွားသည်။ အဆုံးသတ်၌ အရိုးများပင် အပိုင်းပိုင်းကျိုးပျက်သွားသည်။ မှော်ဆန်သကဲ့သို့ပင် အရိုးပုံမှာလည်း လုံးဝပျောက်ကွယ်သွားသည်။ ၎င်းမှာကမ္ဘာပေါ်မှာ လုံးဝ အငွေ့ပျံသွားသကဲ့သို့ပင် ဖြစ်လေသည်။
ကျင့်ကြံသူ၏ကိုယ်က ဆန်းကြီးပြီး မမြင်နိုင်သာတည်ရှိမှု၏ ဝါးမျိုခြင်းအား လုံးဝခံလိုက်ရသည်ကို ရှစ်ဖုန့် မြင်တွေ့နိုင်သည်ဖြစ်သည်။
ထို့နောက်သူ၏ဝိညာဉ်မှတစ်ဆင့် သတ်ဖြတ်ခြင်း ရောင်ဝါတစ်ခုက သူ့ထံသို့တစ်ဟုန်ထိုးဦးတည်
လာနေသည်ကို ရှစ်ဖုန့်
အာရုံခံမိလိုက်သည်။ အနည်းဆုံး တစ်ဒါဇင်ခန့်ရှိသောဆန်းကြယ်သက်ရှိများက သူထံသို့ တစ်ဟုန်ထိုးဦးတည်လာနေသည်။
“လောင်ကျွမ်းစမ်း”
ရှစ်ဖုန့်က တိုက်ရိုက်အကျဆုံးနှင့် အထိရောက်ဆုံးသော နည်းလမ်းကို အသုံးပြုခဲ့သည်။ ရေခဲကဲ့သို့ အေးစက်သော သွေးနီရောင်မီးတောက်က သူ၏ကိုယ်မှ ထွန်းလင်းတောက်လောင်လာပြီး ရှေ့သို့ တစ်ဟုန်ထိုးပျံ့နှံ့သွားကာ ၎င်း၏လမ်းကြောင်းအတွင်းရှိနေသော အရာအားလုံးအားဝါးမျိုသွားခဲ့သည်။
သို့သော် ဤအခိုက်အတန့်တွင် သူ၏သွေးနီရောင်မီးတောက်က
သူ့ထံသို့ တစ်ဟုန်ထိုးဦးတည်
လာနေသော သက်ရှိများအားလောင်ကျွမ်းသွား
လိမ့်မည်ဟု တွေးခဲ့သော်လည်း
မီးတောက်က ဘာသက်ရှိကိုမှ လောင်ကျွမ်းခြင်းမရှိသည်ကို သူတွေ့လိုက်ရသည်။ အခြားစကားဖြင့်ပြောရမည်ဆိုလှျင် သူ့မီးတောက်လောင်ကျွမ်းလာသည့်
အချိန်၌ သူ့ထံသို့ တစ်ဟုန်ထိုးဦးတည်လာနေသည့်
ဆန်းကြယ်သော သက်ရှိများမှာ
လျှင်မြန်စွာဖြင့် ပြန်လည်၍ ဆုတ်ခွာသွားကြခြင်းဖြစ်လေသည်။
အတွေးတစ်ချက်ဖြင့် သွေးနီရောင်မီးတောက်တို့ကရှစ်ဖုန့်ထံသို့ ပြန်လည်၍ ရောက်ရှိလာသည်။ ရှစ်ဖုန့်က သူရပ်နေခဲ့သောနေရာ၌ပင် ရှိနေဆဲဖြစ်ပြီး သူ့ပတ်ဝန်းကျင်ရှိလှုပ်ရှားမှုများအား သူ၏ဝိညာဉ်ဖြင့် ဂရုတစိုက်အာ
ရုံခံလိုက်သည်။ ဤရှာဖွေရခက်သော အရာများက သူ၏အသက်ကိုပင် ခြိမ်းခြောက်နိုင်သောကြောင့် ရှစ်ဖုန့်ပင် အနည်းငယ်မှှျစိတ်သက်သာရာ ရစွာဖြင့်နေရဲခြင်းမရှိပေ။ သူစိတ်ချလက်ချနေလိုက်သည်နှင့် ထိုအခိုက်အတန့်တွင် ယင်းအရာများက၎င်းအားအခွင့်
ကောင်းယူပြီး သူ့ကို တိုက်ခိုက်နိုသည်ဖြစ်ကောင်းဖြစ်နိုင်သည်။
ခဏမျှရပ်နေခဲ့ပြီး ဘာလူသတ်ရောင်ဝါကမှသူ့ထံသို့
တစ်ဟုန်ထိုး ဦးတည်လာခြင်း
မရှိတော့သည်ကို ခံစားရမှသာ ရှစ်ဖုန့်ထွက်သွားရန်ပြင်ဆင်လိုက်သည်။ ဤအချိန်တွင်သူ၏နောက်ဘက်
မှခြေလှမ်းသံများကို ရှစ်ဖုန့်ကြားလိုက်ရသည်။
လှည့်ကြည့်လိုက်သောအခါတွင် ကျင့်ကြံသူနှစ်ဆယ်ခန့်ရှိသောအုပ်စုတစ်စုက သူ့ထံသို့ဦးတည်လျှောက်လှမ်းလာနေသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ ရှေ့မှ လျှောက်လှမ်းလာနေသည့်တစ်ယောက်မှာ အေးစက်ပြီး လှပသောမျက်နှာရှိသည့် ရင်းနှီးသော ခရမ်းရောင်ပုံရိပ်တစ်ခုဖြစ်သည်။ ၎င်းမှာမင်းသမီးကျိယွင်ပင်ဖြစ်လေသည်။
ခရမ်းရောင်ချပ်ဝတ်အားဝတ်ဆင်ထားသည့် မင်းသမီးကျိယွင်မှလွဲ၍
အခြားသောသူများက အဖြူရောင်
ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။
မင်းသမီးကျိယွင်က ရှစ်ဖုန့်၏ရှေ့မှ လျှောက်လှမ်းထွက်ခွာခဲ့သော်လည်း သူမက ရှစ်ဖုန့်နှင့်မတူညီသောလမ်းကြောင်းကို ရွေးချယ်ခဲ့သည်။ ယခုအချိန်၌ ရှစ်ဖုန့် ကသူမ၏ရှေ့တွင်ရောက်ရှိနေသည်မှာ ပုံမှန်သာဖြစ်လေသည်။
ထိုကျင့်ကြံသူများကရှစ်ဖုန့်အား မြင်တွေ့လိုက်ရသောအခါတွင် မင်းသမီးကျိယွင်၏မျက်နှာက အေးစက်ပြီး ခံစားချက်မပါမှုကိုဖော်ပြထား
သော်လည်း မင်းသမီးကျိယွင်၏
ဘေးမှလျှောက်
လှမ်းလာသော အဖြူရောင်ဝတ်ရုံနှင့် ချောမောသည့်လူငယ်က ရှစ်ဖုန့်အား စိတ်ဝင်စားစွာဖြင့်ကြည့်လိုက်သည်။ ထို့နောက်သူက ပျင်းရိလေးတွဲ့သောအသံဖြင့်ပြောလိုက်၏။
“ငါသာမမှားဘူးဆိုရင် မင်းက အနက်ရောင်သေခြင်းနတ်ဘုရားမလား”
“မင်းလူမှားနေတာပဲ”
ရှစ်ဖုန့်ကလည်းလူငယ်အား ထူးမခြားနားပင်ပြန်ပြောလိုက်သည်။ ထို့နောက်သူက၎င်းတို့အား လျစ်လျူရှုလိုက်ပြီး လှည့်လိုက်ကာ ဆက်လက်၍ တောင်ထိပ်ပေါ်သို့လျှောက်
လှမ်းသွားလိုက်သည်။
“ခဏလေးနေပါအုံး”
ဤအချိန်တွင် လူငယ်လေး၏ အသံက
ထပ်မံ၍ ထွက်ပေါ်လာသည်။
“ဘာဖြစ်လို့လဲ”
ရှစ်ဖုန့်က ခေါင်းလှည့်ပြီး လူငယ်အား ရင်းနှီးဖော်ရွေမှု မရှိသော မျက်နှာဖြင့် ကြည့်လိုက်သည်။ လမ်းတစ်လျှောက်တွင်သူ့အား စိတ်ဝင်စားသောလူများစွာရှိခဲ့ပြီး ထိုလူများအားလုံးမှာလည်း ဤနေရာတွင် ထာဝရ ကျန်ရစ်ခဲ့ကြရသည်ဖြစ်သည်။ ဤလူများကလည်း၎င်းတို့အတွက် ဘာကကောင်းသည်ဆိုသည်အား မသိဘူးဆိုလျှင် သူ့အနေဖြင့် ၎င်းတို့ကိုလည်း ယခင်လူများ၏ လမ်းကြောင်းအတိုင်း
ပို့ပေးရန် စိတ်ရှိနေမည်မဟုပေ။
ရှစ်ဖုန့်၏ မျက်နှာက သိပ်ပြီးရင်းနှီးဖော်ရွေမှုမရှိသည်ကို တွေ့လိုက်ရသောအခါတွင် လူငယ်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး မကျေမနပ်ဖြစ်မှု အနည်း
ငယ်ဖြစ်သွားမှုကို ဖော်ပြလိုက်သော်လည်း ၎င်းကလျှင်မြန်စွာဖြင့်လွင့်ပါးသွားပြီး နောက်သူကရှစ်ဖုန့်ကိုပြောလိုက်သည်။
“မင်းက ဒီနေရာမှာတွေ့ရတဲ့နောက်ဆုံး
လူအဖြစ် ထည့်တွက်လို့ရနိုင်တယ်..
အခြေအနေတွေကိုလည်း မင်းနည်းနည်းတော့နားလည်နေမှာပဲ
..ဒီနေရာမှာ ငါတို့မျက်လုံးနဲ့မမြင်တွေ့နိုင်တဲ့
သက်ရှိတစ်မျိုးရှိနေတယ်….ဒါပေမဲ့ ငါတို့ကြားထဲမှာ အဂ္ဂရိတ်ဆရာသုံယောက်ပါတယ်..သူတို့က အဲ့ဆန်းကြယ်သက်ရှိတွေဆီကနေလာတဲ့ သတ်ဖြတ်ခြင်းရောင်ဝါတွေကို အာရုံခံနိုင်ကြတယ်..”
ဆက်ရန်……
ဘာသာပြန်သူ-ARISE