အပိုင်း (၂၆၇)
Vol. 18 Ch. 267
ထိုလူငယ်၌ ဘာမကောင်းသော
ရည်ရွယ်ချက်မှ ရှိမနေသည်ကို ရှစ်ဖုန့်သိလိုက်ရသည်။ ၎င်းကသူ့အား ဖိတ်ခေါ်ချင်ရုံသက်သက်သာဖြစ်သည်။ သို့သော် ဆန်းကြယ်သက်ရှိများအား ရင်ဆိုင်ရန်အတွက် သူတို့ကြားထဲတွင် အဂ္ဂရိတ်သန့်စင်သူ ဆရာသုံးယောက်ရှိနေသည်။ အဂ္ဂိိရိတ်သန့်စင်သူများ၌ ထက်ရှသောဝိညာဉ်များရှိကြ
သည်ဖြစ်သည်။ အားလုံး၏
နယ်ပယ်များက ဖိနှိပ်ခြင်းခံထား
ရသောကြောင့် အဂ္ဂိရိတ်သန့်စင်သူ ဆရာသုံးယောက်မှာလည်း သူကဲ့သို့
တူညီသော တစ်ပန်းသာမှုများရှိလိမ့်မည်ဖြစ်သည်။
“ဘယ်လိုလဲ..မင်းငါ့တို့နဲ့တူတူ ပူးပေါင်းဖို့ စိတ်ဝင်စားလား…”
လူငယ်က ရှစ်ဖုန့်မျှော်လင့်ထားသည့်
အတိုင်းပဲ မေးလိုက်သည်။ သူစကားပြောနေသည့်အချိန်တွင်
အခြားသော သူများက ဘာမှဝင်ပြောကြားခြင်းမရှိသောကြောင့် ဤလူငယ်က အဖြူရောင်ဝတ်ကျင့်ကြံသူများ၏ ခေါင်းဆောင်ဖြစ်သည်မှာ သိသာသည်ဖြစ်သည်။
“ဒါပေါ့”
ရှစ်ဖုန့်က တည်ငြိမ်စွာပင်ပြောလိုက်သည်။ သူတို့နှင့်အတူသွားခြင်းအတွက် ဘာထိခိုက်နစ်နာမှုမှရှိမနေပေ။
သို့သော် ရှစ်ဖုန့်၏ အဖြေက
အဂ္ဂရိတ် သန့်စင်သူ ဆရာသခင်များစွာအား မပျော်မရွှင်ဖြစ်စေသည်။ သူတို့အနေဖြင့် သခင်လေးဖြစ်သူ၏ ရည်ရွယ်ချက်အားနားလည်သည်ဖြစ်သည်။ ဤပုဂ္ဂိုလ်က ထူးခြားသောသူဖြစ်
သောကြောင့် သခင်လေးအနေဖြင့် ၎င်းအားဖိတ်ခေါ်လိုခြင်းဖြစ်သည်။
သို့သော် ဤပုဂ္ဂိုလ်က မည်ကဲ့သို့ အဆင်ပြေအောင်နေရမည်ကို မသိချေ။ သူတို့ဘက်တွင် အဂ္ဂရိတ်ဆရာသခင် သုံးယောက်ရှိသည်ဖြစ်သည်။
သူတို့အနေဖြင့် ပြန့်ပွားလာသော
အန္တရာယ်ကို အာရုံခံနိုင်ကြပြီး အကြွင်းမဲ့ တစ်ပန်းသာမှု ရှိသည်ဖြစ်သည်။သို့သော် ဤပုဂ္ဂိုလ်၏ အမူအယာက အေးစက်စက်ဖြင့် “ဒါလည်းအဆင်ပြေတယ်” ဟုပြောလိုက်သေးလေသည်။ ယင်းမှာသခင်လေးက ၎င်းအား လိုက်ပါရန်တောင်းပန်ခယသောကြောင့် သူကအင်တင်တင်ဖြင့် လိုက်ပါရန်သဘောတူလိုက်ရသကဲ့သို့ ဖြစ်နေသည်။
လက်ရှိ ရှိနေသော လူများထဲတွင် မင်းသမီးကျိယွင်တစ်ယောက်ကသာ ရှစ်ဖုန့်မည်မျှ ထိ ထူးခြားသည်ကိုမြင်
တွေ့ခဲ့ရပြီး ရှစ်ဖုန့် ၏ စွမ်းရည်များက သာမန်ထက်လွန်ကဲသည်ကိုသိသည်ဖြစ်သည်။ တိုက်ပွဲစွမ်းအားများအရဆိုလျှင် လက်ရှိရှိနေသောလူအားလုံး ပေါင်းစည်းထားသည်ထက်ပင် သူကပို၍ အစွမ်းထက်လိမ့်မည်ဖြစ်သည်။
“ငါက ပုအိမ်တော်က ပုယွင်ရွှမ်းပါ ..မင်းနမည်ကရော ဘယ်လိုခေါ်လဲ”
သူ့နောက်တွင်ရှိနေသောလူအုပ်အားခေါင်းဆောင်သည့် လူငယ်က ရှစ်ဖုန့်ထံသို့လာပြီး ဝင့်ကြွားစွာဖြင့် သူ့မိသားစုနောက်ခံနှင့်ဇစ်မြစ်ကို ဖော်ပြလိုက်သည်။
သူ့မိသားစု၏ နောက်ခံအားထုတ်ပြောလိုက်သည်နှင့် သူကထျန်းမြောင်အင်ပါယာမှဆိုသည်အား ပြောရန်လုံလောက်မှုရှိသည်ဖြစ်သည်။ ထျန်းမြောင်အင်ပါယာတွင် ပုအိမ်တော်အား မသိသောသူ မည်သူများရှိပါသနည်း။ ကလန်ကြီးလေးခုမှ တစ်ခုဖြစ်သော ပုကလန်အား မည်သူများမသိရှိပဲ
နေပါသနည်း။ ၎င်းမှာထျန်းမြောင်အင်ပါယာတွင် သေချာပေါက်ကို ကြီးမားထင်ရှားသောအရာဖြစ်သည်။
ပုယွင်ရွှမ်းမှ “ပုမိသားစု” ဟူသောစကားလုံးအားပြောလိုက်သည့်
အချိန်တွင် နောက်တွင်ရှိနေကြသော ကျင့်ကြံသူများမှာ ၎င်းတို့၏
ရင်ဘက်များအား ဝင့်ကြွားစွာကော့၍ ရှစ်ဖုန့်၏အမူအယာဖြစ်ပျက်မှုတို့အား အဓိပ္ပါယ်ရှိရှိကြည့်နေကြသည်။
ဤ “ပုမိသားစု” ဟူသော စကားလုံးတို့အား ကြားပြီးသည့်နောက်တွင် ရှစ်ဖုန့်၏ အမူအယာက မည်ကဲ့သို့ ဖြစ်ပျက်သွားမည်ကို သူတို့မြင်တွေ့လိုကြသည်။
သို့သော်ရှစ်ဖုန့်က ခံစားချက်မဲ့နေသကဲ့သိုပင်ဖြစ်လေသည်။ ဘာကိုပုအိမ်တော်နည်း။ ဘာကိုထျန်းမြောင်အင်ပါယာနည်း။ ၎င်းတို့အားလုံးက သူ၏မျက်လုံးထဲ၌ ဘာမှမဟုတ်ပေ။ ရှစ်ဖုန့်က အေးအေးဆေးဆေးပင် ပုယွင်ရွှမ်းကို ပြန်ဖြေလိုက်သည်။
“ရှစ်ဖုန့်”
ပုယွင်ရွှမ်းက သူ့အား ၎င်း၏နမည်ကိုပြောပြခဲ့သည်။ သို့သော် ရှစ်ဖုန့်၌ ပုအိမ်တော်နှင့်ပက်သက်၍ အထင်အမြင်အနည်းငယ်ရှိလေသည်။
လုံရှင်းက အင်ပါယာအမိန့်ပြန်တမ်းနှင့် ယွင်လိုင်အင်ပါယာသို့လာခဲ့စဉ်အချိန်က အတူပါလာခဲ့သည့် မာနကြီးပြီး မတူမတန်ကြောင်းပြသခဲ့သည့်
သခင်လေးမှာ ပုအိမ်တော်မှ ဖြစ်ပုံရသည်။
“ရှစ်ဖုန့်”
ပုယွင်ရွှမ်းတီးတိုးရေရွတ်လိုက်သည်။ ဤနမည်အား တစ်နည်းနည်းဖြင့်သူရင်းနှီးနေသော်လည်း ယခင်ဘယ်နေရာ၌ကြားဖူးသည်ကို သူပြန်အမှတ်မရဖြစ်နေသည်။ ဤနမည်က အရမ်းရိုးရှင်းပြီး မှတ်ရလွယ်ကူသောကြောင့် သူ့အား ဝေဝေဝါးဝါးဖြစ်စေခြင်းလည်း ဖြစ်ကောင်းဖြစ်နေနိုင်သည်။
ထို့နောက်တွင်ရှစ်ဖုန့်က ပုယွင်ရွှမ်း ၏ ဘေးသို့သွားလိုက်ပြီး ပုအိမ်တော်၏ အဂ္ဂိရိတ်သန့်စင်သူ ဆရာသခင်များ
နှင့်အတူ တောင်ပေါ်သို့ အတူတကွတက်လိုက်သည်။ ရှစ်ဖုန့်အတွက်တော့ ဤ ပုအိမ်တော်၏ အဂ္ဂရိတ်သန့်စင်ဆရာများက တစ်ယောက်နှင့်တစ်ယောက်ပူးပေါင်း ဆောင်ရွက်ရုံသာဖြစ်သည်။ သို့သော်ပုအိမ်တော်၏ အဂ္ဂရိတ်သန့်စင်ဆရာများ
ထိုသို့မတွေးကြချေ။ ဤနေရာ၌ မမြင်တွေ့နိုင်သောသက်ရှိများစွာရှိနေပြီး သူတို့ကြားထဲတွင် အဂ္ဂရိတ်သန့်စင်ဆရာ သုံးယောက်ရှိသည်ဖြစ််သည်။ ရှစ်ဖုန့်အတွက် ယင်းက သူတို့သခင်လေးကပေးသည့် ကြီးမားသည့် လက်ဆောင်ပင်ဖြစ်လေသည်။
သွေးတောအုပ်အတွင်းတွင် မြေဆွဲအားဆယ်ဆက
ရှိနေဆဲဖြစ်သော်လည်း ယင်းက ဤအဂ္ဂရိတ်သန့်စင်ဆရာများအား များစွာသက်ရောက်မှုမရှိပေ။
ရှစ်ဖုန့်အတွက်မူ တိုက်ခိုက်မှုစွမ်း
ရည်အရကော လှုပ်ရှားမှုအရပါ ၎င်းက အများကြီး သက်ရောက်မှုမရှိပေ။
ရှစ်ဖုန့်အနေဖြင့် ဤလူများ
နှင့်ရှိနေသော်လည်း သူ၏အာရုံအား လျော့ချထားရဲခြင်းမရှိချေ။ သူကအခြားသူများအကြောင်းကိုလည်း ဂရုမိစိုက်ပေ။ ၎င်းတို့သေသည်ဖြစ်စေရှင်သည်ဖြစ်စေ ထိုအရာက သူအလုပ်မဟုတ်ပေ။သူ၏
ကိုယ်ပိုင်အသက်ကသာလျှင်
အဖိုးအတန်ဆုံးဖြစ်သည်။ ယင်းက မြင့်မားပြီးအရှိန်အဝါကြီးမားသော
ငရဲဘုံကိုးခု ဧကရာဇ် ၏ ဝိညာဉ်ဖြစ်သည်။
“ညီအကိုရှစ်ဖုန့်………မင်းက
ရို့ဖှေးဖန်းကို သတ်ခဲ့တယ်လို့ ငါကြားခဲ့တယ်…ငါသိချင်မိတယ် …
မင်းအနေနဲ့ ဘယ်အင်အားစု ဒါမှမဟုတ် ဘယ်ကျောင်းတော်ကနေများလာခဲ့တာလဲ”
လမ်းလျှောက်နေရင်း ပုယွင်ရွှမ်းက
ရှစ်ဖုန့်အား ရုတ်တရက်မေးလိုက်သည်။
“ငရဲဘုံကိုးခု”
ရှစ်ဖုန့်က အေးအေးဆေးဆေးပင်ပြန်ဖြေလိုက်သည်။
“ငရဲဘုံကိုးခုလား”
ရှဏ်ဖုန့်၏စကားအားကြားလိုက်
ရသောအခါတွင် ပုယွင်ရွှမ်းက ဤစကားလုံးတို့အား တီးတိုးရေရွတ်လိုက်သည်။ ထို့နောက်တွင်ပုယွင်ရွှမ်း ၊ ပုယွင်ရွှမ်း၏ဘေးတွင်ရှိနေသော မင်းသမီးကျိယွင်နှင့် ပုအိမ်တော်မှာ
အခြားသော အဂ္ဂရိတ်သန့်စင်သူ ဆရာများမှာ ရှစ်ဖုန့်၏ စကားအားကြားလိုက်ရပြီးနောက် သူတို့၏ အမူအယာများအားလုံး ပြောင်းလဲကုန်ကြသည်။
“ငရဲဘုံကိုးခု …မင်းက ငရဲဘုံကိုးခု
ဧကရာဇ် ကျိုးယိုရဲ့ အမွေဆက်ခံသူလား”
“ဟုတ်တယ်..”
ရှစ်ဖုန့်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။ထျန်းဟန်
တိုက်ကြီးပေါ်တွင်
သူ၏အမည်နာမအား မသိသောဟူ၍ မရှိပေ။လွန်ခဲ့သောဆယ့်ငါးနှစ်ခန့်လောက်က သူသေဆုံးသွားခဲ့သော်လည်း ငရဲဘုံကိုးခု ဧကရာဇ် ကျိုးယိုဟူသော သူ၏ နမည်က လူတိုင်း၏ နှလုံးသားထဲ၌ အရိုးစွဲသည်အထိ နက်ရှိုင်းစွာ ရှိနေခဲ့ပြီးဖြစ်လေသည်။ ၎င်းတို့အတွက် ရှစ်ဖုန့်က အထင်ကရ ဒဏ္ဍာရီပုံရိပ်တစ်ခုဖြစ်လေသည်။
အားလုံးက “ငရဲဘုံကိုးခု” ဟူသော စကားကြောင့် ငရဲဘုံကိုးခု ဧကရာဇ်အား တွေးမိကာ တုန်လှုပ်အံ့အားသင့်သွား
ကြသော်လည်း ရှစ်ဖုန့်၏ စကားတို့အားကြားပြီးသည့်နောက်တွင် အားလုံးကရှစ်ဖုန့်အား လုံးဝကွာပြားခြားနားသော နည်းဖြင့်ကြည့်လိုက်ကြသည်။ ၎င်းတို့ကသူတို့ကိုသူတို့ ပုအိမ်တော်မှ အဖွဲ့ဝင်များအဖြစ် ဟန်ကြီးပန်ကြီး တွေးခဲ့ကြသောလည်း
ငရဲဘုံကိုးခုဧကရာဇ် ၏ ရှေ့တွင်တော့ပုအိမ်တော်ဆိုသည်ကား ဘာမှဟုတ်မနေတော့ချေ။
“ဒီတော့ ညီအကိုရှစ်ဖုန့်က ငရဲဘုံကိုးခု ဧကရာဇ် ရဲ့ ဆင်းသက်လာသူပေါ့ ..မင်းနဲ့တွေ့ဆုံရတာတကယ်ကို ဝမ်းမြောက်စရာပါပဲ”
ပုယွင်ရွှမ်း၏ရှစ်ဖုန့်အား ပြောဆိုသော လေသံက လုံးဝကိုပြောင်းလဲသွားသည်။
သို့သော် ဤအချိန်တွင်တော့ ပုအိမ်တော်၏ အဂ္ဂရိတ်သန့်စင်ဆရာများ၏ စိတ်ထဲတွင် ဤအရာက ဘာမှမှားယွင်းခြင်းရှိမနေဟု ခံစားရသည်။ ရှစ်ဖုန့်က သူတို့အား သူသည် ငရဲဘုံကိုးခု ဧကရာဇ် ကျိုးယို၏ အဆက်အနွယ်ပြောခဲ့သည်ဖြစ်သည်။
အကယ်၍ သူတို့နှင့်အတူလျှောက်လှမ်း
နေသောသူက သူတို့အတွက်
နတ်ဘုရားကဲ့သို့ တည်ရှိမှုမျိုးဖြစ်သည့် ဧကရာဇ်ကျိုးယိုဆိုသည်ကိုသိသွားကြလျှင် မည်ကဲ့သို့များဖြစ်သွားကြမည်နည်း။
“ငရဲဘုံကိုးခု ဧကရာဇ် ကျိုးယို အဆက်အနွယ်…ဒီတော့သူက ဧကရာဇ်ကျိုးယိုရဲ့ အဆက်အနွယ်ပေါ့ သူအရမ်းအစွမ်းထက်နေတာကို မအံ့ဩတော့ပါဘူး… ဧကရာဇ်ကျိုးယိုက သိုင်းပညာရပ်တွေကို သူကိုယ်တိုင် ဖန်တီးခဲ့တယ်လို့ ငါ့ကြားဖူးတယ်…တကယ်တော့
ငါတို့တွေက သူနဲ့ နှိုင်းယှဉ်လို့တောင် မရနိုင်ဘူး”
မင်းသမီးကျိယွင်က ရှစ်ဖုန့်အား လုံးဝခြားနားသော ပုံစံဖြင့်
ကြည့်လိုက်သည်။ သူ၏မျက်လုံးများအတွင်းတွင် ထူးခြားသောလက္ခဏာတစ်ခုပင် လျှပ်ပြေးနေသေး၏။
“သူကရို့ဖှေးဖန်းကို သတ်ခဲ့တာကို မအံ့ဩတော့ပါဘူး… သူက ထျန်းကျန့်မဟာမိတ်အဖွဲ့ကို စော်ကားဖို့အတွက်
ကြောက်မှမကြောက်တာ”
“နေအုံး”
ရှစ်ဖုန့်က ပုယွင်ရွှမ်း၏
စကားများအား ပြန်မတုံ့ပြန်ခဲ့ပေ။
ထိုအစား ရုတ်တရက်သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ပုယွင်ရွှမ်း၏ လမ်းကြောင်းကို တားဆီးလိုက်သည်။
ရှစ်ဖုန့် ၏ ဆင်းသက်လာမှုကိုသိရှိပြီးသည့်နောက်တွင် ပုယွင်ရွှမ်းအနေဖြင့် ယခု အချင်းအရာအား မကျေမနပ်မဖြစ်မိပေ။ ထိုအစား သူက ရှစ်ဖုန့်ကို လေးနက်စွာဖြင့်ပင်မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
ရှစ်ဖုန့်က ပုယွင်ရွှမ်းအား ပြန်လည်ဖြေဆိုခြင်းမရှိသေးပေ။ ထိုအစားသူက ခေါင်းမော့၍ သွေးနီရောင်ဟင်းလင်းပြင်ထဲ
ကိုကြည့်လိုက်သည်။
ဤနယ်မြေတစ်ဝိုက်က တောအုပ်အတွင်းရှိအခြားသော နေရာများနှင့်ကွဲပြားသည်ဖြစ်သည်။
၎င်းမှာ ကျတ်တီးမြေ တစ်ခုဖြစ်နေသည်။အချင်းဝက်မီတာ
သုံးဆယ်မှ လေးဆယ်ပတ်လည်
အတွင်းတွင် ဘာသွေးနီရောင်အပင်မျှကြီး
ထွားရှင်သန်ခြင်းရှိမနေပေ။
“သတိထားပါ..တစ်ခုခုက ငါတို့ကို
အပေါ်ကနေ စောင့်ကြည့်နေတယ်”
ရှစ်ဖုန့်က ပုအိမ်တော်၏ အဂ္ဂရိတ်သန့်စင်ဆရာများအား အော်ပြောလိုက်သည်။ ထို့နောက် သတ်ဖြတ်ခြင်းရောင်ဝါတစ်ခုက သူတို့၏ အပေါ်မှနေ၍ တစ်ဟုန်ထိုးဦးတည်လာနေသည်။
ဤအချိန်တွင် ပုအိမ်တော်၏ အဂ္ဂရိတ်သန့်စင်ဆရာများထဲမှ
တစ်ယောက်က ပြောလိုက်သည်။
“သခင်လေးရှစ်ပြောတာမှန်တယ်..အထက်မှာ သတ်ဖြတ်ခြင်းရောင်ဝါတစ်ခုရှိနေတယ်…
ကျုပ်အဲ့တာကို ခံစားလို့ရနိုင်တယ်”
ရှစ်ဖုန့်၏ အဆက်အနွယ်အား သိရှိပြီးသည့်နောက်တွင် ပုအိမ်တော်၏ အဂ္ဂရိတ်သန့်စင်ဆရာများမှာ
သူ့အားစတင်၍ သခင်လေးရှစ်ဟုခေါ်လာကြသည်။
“ကျုပ်လည်းခံစားမိတယ်”
“ကျုပ်ရောပဲ”
ဤလူများက တစ်ချိန်တည်းတွင်တုံ့ပြန်လိုက်ကြသည်။ ဤလူသုံးယောက်မှာ ပုအိမ်တော်၏ အဂ္ဂရိတ်သန့်စင်ဆရာများဖြစ်ကြသည်။ ထို့နောက်တွင်သူတို့က ရှစ်ဖုန့်အား အလွန်အံ့ဩစွာဖြင့်ကြည့်လိုက်ကြသည်။
အထက်တွင်ရှိိနေသော
သတ်ဖြတ်ခြင်းရောင်ဝါအား အစောပိုင်းကသူတို့သုံးယောက် အာရုံမခံနိုင်ခဲ့သော်လည်း ရှစ်ဖုန့်က အာရုံခံနိုင်ခဲ့ပြီး သူတို့အား သတိပေးခဲ့သည်။ ထို့ကြောင့်သူ သူတို့သည်လည်း
ထိုအရာအား အာရုံခံမိကြခြင်းဖြစ်သည်။
ဆက်ရန်….
ဘာသာပြန်သူ-ARISE