← Chapters

အပိုင်း(၂၆၈)

Vol. 18 Ch. 268

အပိုင်း(၂၆၈)

Vol. 18 Ch. 268

ရှစ်ဖုန့်က ကောင်းကင်ထဲတွင်ရှိနေသည့် သတ်ဖြတ်ခြင်း စိတ်ဆန္ဒအား

ပုအိမ်တော်၏ အဂ္ဂရိတ်ဆရာသခင်များထက် ပို၍နိုးနိုးကြားကြားဖြင့် သတိထားမိသည်ဖြစ်သည်။  သူကတကယ့်ကို၎င်းအား ပုအိမ်တော်၏ အဂ္ဂရိတ်သန့်စင်ဆရာသုံးယောက်ထက် အရင်အာရုံခံမိခဲ့ပြီး ထိုအဂ္ဂရိတ်သန့်စင်ဆရာသုံးယောက်မှာလည်း  ရှစ်ဖုန့်သတိပေးသည့်နောက်မှသာ  ၎င်းအားသတိပြုမိကြခြင်းဖြစ်သည်။

ယင်းမှာ ရှစ်ဖုန့်၏  ဝိညာဉ်ကျင့်ကြံမှုက  ပုအိမ်တော်၏ အဂ္ဂရိတ်သန့်စင်ဆရာများထက်သာ

လွန်မှုရှိသည်ကို သက်သေပြခြင်းပင်ဖြစ်လေသည်။

ဤအချိန်တွင် အားလုံးက စတင်၍ နိုးနိုးကြားကြားဖြစ်လာကြသည်။

သူတို့က ကောင်းကင်ထဲသို့ တည်ကြည်

လေးနက်သော  အမူအယာများဖြင့် ကြည့်လိုက်ကြသည်။  ယခင်သူတို့ ကြုံကြိုက်ခဲ့ရသော မမြင်နိုင်သည့် သက်ရှိများက  မြေပြင်ထက်၌ သာ လှုပ်ရှားကြခြင်းဖြစ်သည်။ ဤနေရာ၌ အခြားမမြင်နိုင်သော သက်ရှိများ ရှိနေသေးသည်များဖြစ်နိုင်မည်လော။

“ဟမ်”

ထို့နောက်မကြာခင် ယခင်ကရှိခဲ့သောသတ်ဖြတ်ခြင်း

စိတ်ဆန္ဒက ပျောက်ကွယ်သွားသည်ကို

ရှစ်ဖုန့်  အာရုံခံမိလိုက်သည်။  သို့သော်သတ်ဖြတ်ချင်းစိတ်ဆန္ဒ

ပျောက်ကွယ်သွားခြင်းက  ထိုအရာထွက်ခွာသွားသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။  ၎င်းက

ကောင်းကင်ထဲ၌ ရစ်သီရစ်သီလုပ်နေပြီး  တိုက်ခိုက်ခြင်းမရှိသေးခြင်းလည်း ဖြစ်ကောင်းဖြစ်နေနိုင်သည်။

ထို့ကြောင့်လည်း  ဘာသတ်ဖြတ်ခြင်းစိတ်ဆန္ဒကိုမှ  မထုတ်လွှတ်ခြင်းဖြစ်လိမ့်မည်ဖြစ်သည်။

မျက်မှောင်ကြုတ်ရင်းရှစ်ဖုန့်တစ်ယောက် သတိအနေအထားဖြင့်  သွေးနီရောင်ကောင်းကင်ပြင်အား စိုက်ကြည့်နေဆဲဖြစ်သည်။

ကောင်းကင်ထဲ၌ရှိနေသော

သတ်ဖြတ်ခြင်း စိတ်ဆန္ဒအား အာရုံခံမိသည့် အချိန်မှ စတင်၍  ကျင့်ကြံသူများအား အကာအကွယ်မလျော့ကျစေရန် သတိပေးလိုက်သကဲ့သို့ဖြစ်သွားပြီး   ပုမိသားစု၏ ကျင့်ကြံသူများ အားလုံး  သတိအနေအထားဖြစ်သွားကြသည်။ ထို့နောက်တွင် သတ်ဖြတ်ခြင်း

စိတ်ဆန္ဒက  ရုတ်တရက်ပျောက်ကွယ်သွားသည်။ ရှစ်ဖုန့်အနေဖြင့် ထိုအရာ၏

အသိဉာဏ်က  နိမ့်ကျင့်ခြင်းမရှိဟု

ခံစားရသည်။

သတ်ဖြတ်ခြင်းရောင်ဝါ၌ ဆန်းကြယ်သောအရာတစ်ခုလည်း

ရှိသည်ဖြစ်သည်။ ထိုသက်ရှိကကတစ်စုံတစ်ခုအား တိုက်ခိုက်ချင်သည့် ဘယ်သောအခါတွင်မဆို  ၎င်း၏  သတ်ဖြတ်ခြင်းရောင်ဝါက ထွက်ပေါ်လာလိမ့်မည်ဖြစ်သည်။

သက်ရှိများ၏ တုံ့ပြန်နိုင်စွမ်းရှိသော

ဝိညာဉ်က ဤမမြင်နိုင်သော

သတ်ဖြတ်ခြင်း စိတ်ဆန္ဒအား

ပင်ကိုအရကို  အာရုံခံနိုင်လိမ့်မည်ဖြစ်သည်။ ထိုတုံပြန့်နိုင်စွမ်းရှိသော  ဝိညဉ်များမှာ ဝိညာဉ်စွမ်းအားကိုကျင့်ကြံသော  အဂ္ဂရိတ်သန့်စင်ဆရာများနှင့်  ယေဘုယျအားဖြင့် သက်ဆိုင်သည်။ ၏

“ဆရာရှစ်  ကျုပ် ဘာသတ်ဖြတ်ခြင်း စိတ်ဆန္ဒကိုမှ ထပ်ပြီး မခံစားမိတော့ဘူး”

အဂ္ဂရိတ်သန့်စင်ဆရာတစ်ယောက်က ပြောလိုက်သည်။

“ကျုပ်ရောပဲ.”

“ကျုပ်လည်းမခံစားမိတော့ဘူး”

ထိုအဂ္ဂရိတ်သန့်စင််ဆရာပြောပြီးသည့်

နောက်တွင်  အခြားသောနှစ်ယောက်

ကလည်း တုံ့ပြန်ပြောကြားလိုက်ကြသည်။

ရှစ်ဖုန့်က ကောင်းကင်ထဲသို့ ခဏမျှစိုက်ကြည့်ပြီးသည့်နောက်တွင် ရှိနေသောလူအားလုံးအား အော်ပြောလိုက်သည်။

“အားလုံးပဲ ရှေ့ကိုတက်ကြမယ်…ဘယ်အချိန်မဆို တိုက်ခိုက်နိုင်ဖို့နဲ့ငါ့အမိန့်ကို နားထောင်ဖို့ အသင့်ပြင်ထားကြပါ”

ရှစ်ဖုန့်က မသိလိုက်ပါဘဲ ကျင့်ကြံသူများအားအမိန့်ပေးလိုက်သည်။ ကျင့်ကြံသူများမှာ ရှစ်ဖုန့်ကသူတို့အား အမိန့်ပေးခြင်းက ပုံမှန်အတိုင်းသာဖြစ်သကဲ့သို့ ဘာမှမှားယွင်းသည်ဟု မခံစားရချေ။ သူတို့က ရှစ်ဖုန့် ၏ အမိန့်အတိုင်း လိုက်ပါချီတက်လိုက်ကြပြီး   အချိန်မရွေးတိုက်ခိုက်မှုပြုလုပ်နိုင်ရန် ပြင်ဆင်ထားလိုက်ကြသည်။

ရှစ်ဖုန့်က ကျင့်ကြံသူများနှင့် အတူ ရှေ့သို့ချီတက်လိုက်သည်။

ဤအချိန်တွင် ရှစ်ဖုန့်က ရုတ်တရက်

လှည့်၍ လေထဲသို့ခုန်တက်လိုက်၏။  သူကလူအုပ်၏အလယ်ထဲသို့ ခုန်ဝင်လိုက်ပြီး  သွေးဓားကလည်းသူ့လက်ထဲတွင် ရောက်ရှိနေပြီးဖြစ်သည်။ သူကအော်ပြောလိုက်သည်။

“သတ်”

“ကျီး…”

ဤအချိန်တွင် ဟင်းလင်းပြင်ထဲမှ ထူးဆန်းသော ငှက်တစ်ကောင်၏ စူးစူးဝါးဝါးအော်ဟစ်သံကဲ့သို့  အသံတစ်ခုထွက်ပေါ်လာသည်။

ထို့နောက်တွင် တိုက်ခိုက်ရန်အသင့်ပြင်ထားပြီး

ဖြစ်ကြသော ပုအိမ်တော်၏ ကျင့်ကြံသူများက  သူတို့၏ သိုင်းပညာရပ်များအားတစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်ကြသည်။  ဆေဘာဓားချီများ၊ဓားရိပ်များ၊လျှပ်စီးများ၊ မီးလုံးများ၊ရေခဲများ.စသည့် တလက်လက်ထနေသော စွမ်းအင်စီးကြောင်းများအား ဟင်းလင်းပြင်ထဲသို့ ပစ်သွင်းလိုက်ကြပြီး ၎င်းတို့က ရှစ်ဖုန့်၏ သွေးဓာထိုးသွင်းလိုက်ရာ နေရာသို့ တစ်ဟုန်ထိုးဦးတည်သွားကြသည်။

“ကျီး…….ကျီး…..ကျီး….ကျီး……ကျီး..”

ပုမိသားစုကျင့်ကြံသူများ၏ အပြင်းအထန် တိုက်ခိုက်မှုအောက်တွင် ထူးဆန်း

သောငှက်၏  နာကျင်စွာအော်ဟစ်သံများက ထွက်ပေါ်လာသည်။  ဤအချိန်တွင် ရှစ်ဖုန့်၏ ဘယ်လက်က လက်သည်းအဖြစ်သို့ပြောင်းလဲသွား

ကာဆန့်ထုတ်လိုက်ပြီး

သူ၏ရှေ့တွင်ရှိနေသော လေထဲသို့ ဖမ်းဆုပ်လိုက်သည်။ ၎င်းမှာ သွေးဓားထိုးညွှန်ထားပြီး ပုမိသားစု၏ ကျင့်ကြံသူများက ၎င်းတို့၏တိုက်ခိုက်မှုများအား အာရုံစိုက်ပို့လွှတ်ထားရာနေရာ

ပင်ဖြစ်လေသည်။

ရုတ်ခြည်းပဲ လေထဲ၌ ဖမ်းဆုပ်ထားသောရှစ်ဖုန့်၏ ဘယ်လက်က အေးစက်သောရောင်ဝါတစ်ခုနှင့်အတူ ပြင်းထန်သောသွေးနီရောင်မီးတောက်တို့  ဟုန်းခနဲတောက်လောင်လာသည်။

“ကျီး..”

သွေးနီရောင်မီးတောက်၏ တောက်လောင်မှုအောက်တွင် ထူးဆန်းသောအော်သံက ပုံမှန်ထက်  စိတ်မချမ်းမြေ့ဖွယ်ကောင်းပြီး ကြမ်းကြုတ်သောတစ္ဆေတစ်ကောင်၏ အော်ဟစ်သံ ကဲ့သို့  ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်နေသည်။

ဖြည်းဖြည်းချင်း ထူးဆန်းသော

အော်သံက  ပျောက်ကွယ်သွားပြီး   ဟင်းလင်းပြင်ထဲတွင်ရှိနေသော သွေးနီရောင်မီးတောက်တို့က  ရှစ်ဖုန့်၏ လက်ဆီသို့ပြန်လည်လိမ့်ဝင်လာကြသည်။ ရှစ်ဖုန့်၏ ပုံရိပ်က အောက်သို့ လွင့်မျောကျလာပြီး  အောက်တွင်ရှိနေသောလူအုပ်ထဲ

သို့ဆင်းသက်လိုက်သည်။

ထို့နောက်ရှစ်ဖုန့်က လူအုပ်ရှေ့သို့ပြန်သွားလိုက်ပြီး  ကျင့်ကြံသူများကို အော်ပြောလိုက်သည်။

“သွားကြစို့”

“ညီအကိုရှစ်  မင်းကတကယ့်ကို

ငရဲဘုံကိုးခု ဆက်ခံသူပါပဲ… မင်းကတကယ့်ကိုမှ ထူးခြားတဲ့သူပဲ ….အစတုံးက ပုမိသားစုကပဲမင်းကို

ဂရုစိုက်မှု လုပ်ရလိမ့်မယ်လို့ ငါတွေးထားခဲ့တာ..ညီအကိုရှစ်ဖုန့်က ပုမိသားစုကိုပြန်ပြီး ဂရုစိုက်ရလိမ့်မယ်လို့

ငါ မမျှော်လင့်ထားခဲ့ဘူး…”

ပုယွင်ရွှမ်းက သူ၏ခေါင်းကိုလှည့်၍

ရှစ်ဖုန့်အား စိတ်ရင်းအတိုင်းပြောလိုက်သည်။ သူ၏စကားလုံးများက သူ၏နှလုံးသားအောက်ခြေမှလာသော စကားလုံးများဖြစ်သည်။  ဟင်းလင်းပြင်ထဲမှလာသော သတ်ဖြတ်ခြင်းရောင်ဝါအား ရှစ်ဖုန့်အာအာရုံခံနိုင်ခဲ့မှုကြောင့်သာ မဟုတ်ခဲ့လျှင်  ပုမိသားစုအနေဖြင့် လုံးဝ သုတ်သင်ခံလိုက်ရနိုင်ကြောင်းကိုလည်း

သူသိသည်ဖြစ်သည်။  ထိုသို့မဖြစ်ခဲ့လျှင်

တောင် အနည်းဆုံး  ကျင့်ကြံသူများစွာတော့ သေဆုံးကြရလိမ့်မည်ဖြစ်သည်။

“ငါတို့က တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်ရုံပဲ”

ရှစ်ဖုန့်က ပုယွင်ရွှမ်းအား ထူးမခြားနား

ကြည့်၍ ပြောလိုက်သည်။  သူ့အတွက် ပုကလန်မှလူများနှင့် လှည့်လည်သွားလာခြင်းက ပူးပေါင်းဆောင်ရွက်မှုတစ်ခုသာဖြစ်သည်။

ရှစ်ဖုန့်၏ စကားလုံးများကိုကြားရပြီး ခြားနားမှုရှိသောအမူအယာအား မြင်တွေ့လိုက်ရသောအခါတွင် ပုယွင်ရွှမ်း၏ နွေးထွေးသောအပြုံးတို့မှာ ကွယ်ပျောက်သွားရသည်။ ဤပုဂ္ဂိုလ်ကသူနှင့် မိတ်ဆွေမဖြစ်လိုသော ရည်ရွယ်ချက်ရှိပုံပေါ်သည်။ အကယ်၍ အတိတ်တုံးကသာဆိုလျှင် သူ၏ သရုပ်မှန်အားသိရှိသော ထျန်းမြောင်အင်ပါယာအတွင်း၌ရှိနေသည့်

လူတိုင်းက  သူနှင့်မိတ်ဆွေဖြစ်လိုခြင်း သို့မဟုတ် သူ့အား မျက်နှာလိုမျက်နှာရ လုပ်ခြင်းတို့အား ပြုလုပ်ကြလိမ့်မည်ဖြစ်သည်။  သို့သော် ဤပုဂ္ဂိုလ်ကတော့ကွဲပြားလေသည်။ သူသည် ငရဲဘုံကိုးခု အဆက်အနွယ်ဖြစ်သည်။  ဤကဲ့သို့အဆင့်အတန်းမျိုးဖြင့် ပုယွင်ရွှမ်းမှာ သူ၏ ရှေ့၌ ဘာမှဟုတ်မနေပေ။ အခြားသူများ၏ မျက်လုံးထဲတွင် မြင့်မားပြီး အရှိန်အဝါကြီးမားသည့် ပုကလန်က  သူ့ရှေ့တွင်ဘာမှဟုတ်မနေသည်လည်း ဖြစ်ကောင်းဖြစ်နေနိုင်သည်။

ရှစ်ဖုန့်ကသူနှင့် မိတ်ဆွေမဖြစ်လို

သောကြောင့် ပုယွင်ရွှမ်းကလည်း အရေထူသောသူတစ်ယောက်တော့ ဟုတ်မနေပေ။ ထို့ကြောင့် သူကရှစ်ဖုန့်အား ထပ်မံ၍ ဘာမှပြောကြားခြင်းမရှိတော့ပေ။

နှစ်ဆယ်ထက်ပိုသော ကျင့်ကြံသူများက တောင်ထိပ်ပေါ်သို့ ဆက်လက်၍ တက်လိုက်ကြသည်။ လမ်းတစ်လျှောက်တွင်သူတို့ အနေဖြင့် မမြင်နိုင်သော သက်ရှိများ၏  ချောင်းမြောင်းတိုက်ခိုက်မှုကို အကြိိမ်များစွာ ခံခဲ့ရသည်။  သို့သော် အကြိမ်တိုင်းတွင် ချီတက်လာသော အန္တရာယ်အား  ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားက အာရုံခံမိပြီး အန္တရာကိုရှောင်လွှဲနိုင်ခဲ့သည်။

ရှစ်ဖုန့်၏တည်ရှိမှုက ပုမိသားစု၏  အဂ္ဂရိတ်သန့်စင်ဆရာသုံးယောက်အား အသုံးမဝင်ဖြစ်သွားစေသည်။ ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားက ၎င်းတို့နှင့် နှိုင်းယှဉ်၍မရပေ။ သတ်ဖြတ်ခြင်းရောင်ဝါအား သူတို့အာရုံခံမိသည့်အချိန်တိုင်တွင်း ရှစ်ဖုန့်အား ၎င်းအား အာရုံခံမိသည်မှာ ကြာမြင့်နေပြီးဖြစ်သည်ချည်းပင်ဖြစ်သည်။

ထို့နောက်တွင်ရှစ်ဖုန့်က ဦးဆောင်ပြီး အခြားကျင့်ကြံသူများက

နောက်မှလိုက်ကာ မမြင်နိုင်သော ဆန်းကြယ်သက်ရှိများအား သတ်ပစ်ကြသည်။နောက်ပိုင်းတွင် မမြင်နိုင်သောသက်ရှိများက ကြွက်နှစ်ငှက်များအော်သံကဲ့သို့သာမကဘဲ  ကျားဟိန်းသံများ၊ ကြောင်အော်သံများ၊ ဝံပုလွေအူသံများနှင့်အခြားသော ယခင်သူတို့တစ်ခါမှာကြားဖူးခြင်းမရှိသည့် အသံများပ ါ ထွက်ရှိလာသည်ကို ကျင့်ကြံသူများသိရှိလာကြသည်။ မမြင်နိုင်သောသက်ရှိများတွင်လည်း မတူညီသော မျိုးစိတ်များရှိနေသည့်ပုံပေါ်သည်။

ရှစ်ဖုန့်ကသူ၏စွမ်းအားများအား ထပ်ကာထပ်ကာပြသခဲ့သည်။

ယခုအခါ၌ ကျင့်ကြံသူများ၏ သူ့အပေါ်ကြည့်သောအကြည့်က ယခင်နဲ့လုံးဝကိုကွဲပြားသွားခဲ့ပြီဖြစ်သည်။ သူတို့ထဲမှ အချို့ဆိုလျှင် ကြည်ညိုသော အကြည့်များဖြင့်ပင်ကြည့်ကြသည်။

ယခင်ပုယွင်ရွှမ်းက သူတို့နှင့်အတူလိုက်ပါရန်ရှစ်ဖုန့်

အားဖိတ်ခေါ်စဉ်တွင်  ရှစ်ဖုန့်ကထူးမခြားနားသာတုံ့ပြန်ခဲ့ပြီး  ပုယွင်ရွှမ်းကိုကျေးဇူးတင်ခြင်းလည်း

မရှိခဲ့ချေ။ ထို့အချိန်က ကျင့်ကြံသူများမှာ ရှစ်ဖုန့်အား  လူကောင်းတစ်ယောက်အဖြစ် မည်ကဲ့သို့ပြုမူရမှန်းမသိသူဟုခံစားခဲ့ရပြီး  ယခုအခါ၌ ရှစ်ဖုန့်၏ စွမ်းရည်များက သူတို့အားပါးဖြတ်ရိုက်လိုက်သကဲ့သို့ပင်ဖြစ်နေသည်။ အကယ်၍ရှစ်ဖုန့်သာ ဤနေရာ၌ ရှိမနေခဲ့လျှင်  သူတို့ထဲက အချို့မှာဤနေရာ၌ ထာဝရနေခဲ့ကြရပြီး  ထို့နေခဲ့ရသောသူများက သူတို့ကိုယ်တိုင်ဖြစ်နေနိုင်သည်ကို  အားလုံးကောင်းစွာသိကြသည်ဖြစ်သည်။

“ဒီလူက တကယ့်ကိုမှာထူးခြားတဲ့သူပဲ..

သူကဧကရာဇ်ကျိုးယိုရဲ့ ဆက်ခံသူဖြစ်နေတာကို မအံ့ဩတော့ပါဘူး…ရို့ဖှေးဖန်း

သူ့လက်ထဲမှာ သေသွားရတာကို မအံ့ဩတော့ပါဘူး..ကံဆိုးတာက သူကငါ့နဲ့မိတ်ဆွေဖြစ်ချင်တဲ့ ရည်ရွယ်ချက် ရှိမနေတဲ့ပုံပဲ”

လမ်းလျှောက်နေရင်း ပုယွင်ရွှမ်းက သူ့ဘေးတွင်ရှိနေသောရှစ်ဖုန့်အား ကြည့်လိုက်ပြီး  သူ့ဟာသူတွေးလိုက်သည်။

ထို့နောက်ရုတ်ခြည်း  လျှောက်လှမ်းနေကြသောကျင့်ကြံသူများမှာ  ရုတ်တရက် သူတို့၏ကိုယ်က ပိုပြီးတင်းကျပ်မှုဖြစ်လာပြီး  ပို၍ စွမ်းအားကြီးသော မြေဆွဲအားက သူတို့ပေါ်သို့ကျဆင်းလာသည်ကို ခံစားလိုက်ရသည်။ အကာအကွယ်လျော့သွားသောကြောင့်  ပုမိသားစု၏ ကျင့်ကြံသူများစွာတို့မှာ သူတို့၏ကိုယ်အား ဖြည်းဖြည်းချင်းပြန်တည့်မ

မတ်နိုင်ခင်အထိ အတင်းအကျပ် ကွေးညွှတ်ကျမှုတို့ဖြစ်သွားရသည်။

“သေချာတယ်”

သူ့ကိုယ်ပေါ်ရှိ မြေဆွဲအားအား အာရုံခံပြီးနောက် ရှစ်ဖုန့်က သူ့ဟာသူပြောလိုက်သည်။ သူတွေးထားသည့်အတိုင်းသေချာ

သည်ဖြစ်သည်။  တောင်ထိပ်ပေါ်သို့သူသွားလေ သူကြုံတွေ့ရမည့်အခက်အခဲကပို၍  ကြီးမားလာလေဖြစ်လိမ့်မည်ဖြစ်သည်။  ယခုအခါ၌ မြေဆွဲအားက အဆနှစ်ဆယ်သာရှိသေးသော်လည်း   တောင်ထိပ်သို့သူချဉ်းကပ်သည့်အခါ၌  မြေဆွဲအားမည်မျှထိ သက်ရောက်မှုရှိနိုင်ကြောင်းကို သူမသိပေ။

ဆက်ရန်…………

ဘာသာပြန်သူ-ARISE

All Chapters