← Chapters

အပိုင်း(၂၆၉)

Vol. 18 Ch. 269

အပိုင်း(၂၆၉)

Vol. 18 Ch. 269

ရှစ်ဖုန့်အတွက် မြေဆွဲအား အဆနှစ်ဆယ်က  အများကြီးသက်ရောက်မှုရှိခြင်းတော့

ရှိမနေပေ။  ယွင်လိုင်အင်ပါ ယာမှာသူရှိစဉ်တုံးက

လုံချန်ကသူ့အတွက် မြေဆွဲအား

ဂူတစ်ခုကို ဖန်တီးပေးခဲ့ဖူးသည်ဖြစ်သည်။ ထိုအချိန်တုံးက  ရှစ်ဖုန့်၏ ဒန်တန်မှာကွဲကြေနေခဲ့သော်လည်း  သူ၏ကာယခွန်အားက  ဆရာသခင်နယ်ပယ်တစ်ယောက်

အဆင့်သို့ရောက်ရှိနေခဲ့သည်။ သူက မြေဆွဲအားငါးဆယ့်ငါးဆ

အခန်းအတွင်းတွင် အမွှေးတိုင်သုံးတိုင်စာကုန်ဆုံး

ချိန်အထိ နေထိုင်ခဲ့သည်ဖြစ်သည်။

ထိုထက်ပိုသည်ကား  သူ၏ဒန်တန်မှာ ပကတိအတိုင်းရှိနေဆဲဖြစ်ပြီး

သူက ၎င်းအား ကောင်းကင်မီးတောက်နှင့် ပေါင်းစည်းခဲ့သည်။ ထို့ကြောင့်သူ၏ သိုင်းခွန်အားမှာ  သာမန်ဆရာသခင်နယ်ပယ်များထက်

ပိုမို၍ သန်မာနေပြီးဖြစ်လေသည်။

မြေဆွဲအားအဆနှစ်ဆယ်က

ပုမိသားစု၏ ကျင့်ကြံသူများ အပေါ်၌ အများကြီးတော့သက်ရောက်မှုရှိမနေပေ။ သို့သော် ရှေ့တွင်ရှိသော လမ်းခရီးက ပို၍ပို၍ ခက်ခဲလာမည်ကိုတော့ သူတို့သိကြသည်ဖြစ်သည်။

ဆယ်ဆမှ အဆနှစ်ဆယ်သို့ပြောင်းလဲသွားသော လက်ရှိမြေဆွဲအားကို အခြေခံ၍

၎င်းက ပို၍ပင် တိုးမြင့်လာလိမ့်မည်ဖြစ်သည်။  သို့သော်မည်မျှအထိ တို့မြင့်လာနိုင်မည်လဲဆိုသည်ကိုကား သူတို့သိရှိကြခြင်းမှရှိချေ။

ထိုထက်ပိုသည်ကား  သူတို့၏မျက်စိရှေ့တွင် ငမ်းငမ်းတက်ဖြစ်နေကြသော မမြင်တွေ့နိုင်သည့် ဆန်းကြယ်သက်ရှိများလည်း ရှိနေသေးသည်ဖြစ်သည်။

လေးနက်မှုနှင့်စိုးရိမ်ပူပန်မှု

အမူအယာများက သူတို့၏

မျက်နှာထက်တွင် ပေါ်လာသည်။ သူတို့၏ ကျင့်ကြံမှုအားဖိနှိပ်ထားသည့် ဤကမ္ဘာအားသူတို့မုန်းမိကြသည်။  ထိုသို့သာမဟုတ်ပါက သူတို့အနေဖြင့်

ဤမျှထိ ခက်ခက်ခဲခဲ လုပ်ဆောင်နေရလိမ့်မည်မဟုတ်ပေ။  ဆိုးရွားသောခံစားချက်တစ်ခုက မမြင်ကွယ်ရာမှနေ၍ ပျံ့နှံ့လာသည်။

“သွားစို့”

ပုယွင်ရွှမ်းက ညင်သာစွာ

ပြောလိုက်သည်။  ပုယွင်ရွှမ်း၏ စကားတို့အားကြားပြီးသည့်နောက်တွင်  ပုမိသားစု၏ ကျင့်ကြံသူများက ချက်ချင်းပဲ သူတို့ကိုယ်သူတို့  အားတင်းလိုက်ပြီး ရှေ့သို့ဆက်သွားလိုက်ကြသည်။

ထို့နောက်တွင် သူတို့၏ရှေ့တွင်ရှိနေသော အနက်ရောင်ပုံရိပ်အား မသိလိုက်ပါဘဲ ကြည့်မိလိုက်ကြ၏။အဘယ့်ကြောင့်

ဆိုသည်အား သူတို့မသိကြသော်လည်း  ဤပုံရိပ်အား သူတို့ မြင်တွေ့

ရသောအခါတွင် သူတို့အနေဖြင့် ပို၍ တည်ငြိမ်အေးဆေးမှုနှင့် လုံခြုံမှုကို ခံစားကြရသည်ဖြစ်သည်။

“ဂျိ..ဂျိ..ဂျိ..ဂျိ”

ရုတ်တရက် ပရမ်းပတာဖြစ်နေသောအသံများက  ရှေ့ဘက်မှနေ၍ အပြေးအလွှားရောက်လာသည်။ ပရမ်းပတာအသံများမှတစ်ဆင့်

ယင်းတို့က ကြွက်များအုပ်လိုက်ပြေးလာ

သကဲ့သို့ဖြစ်ပြီး  ပုမိသားစု၏

ကျင့်ကြံသူများမှာ လွန်စွာတုန်လှုပ်သွားကြသည်။  အဂ္ဂိရိတ်သန့်စင်ဆရာများကတော့  ကွဲပြားစွာဖြင့် ကြွက်များ၏

အရေအတွက်က စိတ်ကူး၍မရနိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိနေသည်ကို အာရုံခံနိုင်ကြသည်ဖြစ်သည်။

မကြာခင် ဖရိုဖရဲအသံများက  ပုမိသားစု၏ကျင့်ကြံသူများထံသို့  တစ်ဟုန်ထိုးချဉ်းကပ်လာသည်။  အသံများအားသူတို့တွေးကြည့်

မိသောအခါတွင် ကြွက်တစ်သောင်းခန့်လောက်က ဒီရေကဲ့သို့တလိပ်လိပ်တက်လာ

နေသည်ကို သူတို့စိတ်ကူးကြည့်၍ရနိုင်သည်ဖြစ်သည်။

“လောင်ကျွမ်းစမ်း”

ရှစ်ဖုန့်က အသံနိမ့်ဖြင့်အော်

ပြောလိုက်သည်။ သွေးနီရောင်မီး

တောက်များက သူ၏တစ်ကိုယ်လုံးမှာ ရုတ်တရက် ဟုန်းခနဲတောက်လောင်လာသည်။  သို့သော် မီးတောက်များက သူ၏ရှေ့သို့သာသိမ်းကျုံးဦးတည်သွားပြီး အခြားနေရာများသို့တော့

ပျံ့နှံ့သွားခြင်းမရှိပေ။  ဤအချိန်တွင်

ရှစ်ဖုန့်က ပုမိသားစု၏ကျင့်ကြံသူများ ဘာလုပ်နေသည်ဆိုသည်အား ဂရုစိုက်ခြင်းမရှိပေ။ သူ့ကိုယ်သူခုခံကာကွယ်ဖို့အတွက်

ကသာပို၍ အရေးကြီးသည်ဖြစ်လေသည်။ ထိုသို့မဟုတ်ပဲ အကယ်၍ သူကသွေးနီရောင်မီးတောက်များအား ကျယ်ပြန့်စွာဖြန့်ကျတ်လိုက်ပြီး

၎င်းတို့အား တလိပ်လိပ်တက်လာသော မမြင်နိုင်သည့်သက်ရှိများကိုခုခံနိုင်

အောင်ကူညီခဲ့လျှင်  သူ၏စွမ်းအင်တော်တော်များများ ကုန်ဆုံးသွားရလိမ့်မည်ဖြစ်သည်။ ထိုထက်ပိုသည်ကား  သူသည်လည်းဆရာသခင်နယ်

ပယ်သို့ကျဆင်းသည်အထိ သူ၏စွမ်းအားတော်တော်များများအား ဆုံးရှုံးထားရသည်ဖြစ်သည်။ ၎င်းတို့အားကူညီရန်အတွက် စွမ်းမည်သူအသုံပြုနိင်ပါမည်နည်း။

“အားလုံးပဲ ညီအကိုရှစ်ရဲ့နောက်ကနေ တန်းစီပြီးတော့ တိုက်ခိုက်မှုကို ခုခံကြ..”

ပုယွင်ရွှမ်းကအော်လိုက်ပြီး သူ့နောက်တွင်ရှိနေသော ပုမိသားစု၏ လူငယ်ကျင့်ကြံသူများကို

အမိန့်ပေးလိုက်သည်။  ယခုသူတို့က အုပ်စုလိုက်အဖြစ်ရပ်နေကြခြင်းဖြစ်ပြီး  အလယ်တွင်ရှိနေသောသူများက တိုက်ခိုက်နိုင်ခြင်းမရှိကြချေ။

ပုယွင်ရွှမ်း၏ အမိန့်အောက်တွင်

ပုမိသားစု ၏ ကျင့်ကြံသူ အယောက်နှစ်ဆယ်ခန့်က ချက်ချင်းပဲ အတန်းရှည်တစ်ခုအဖြစ်စီတန်း

လိုက်ကြသည်။ သူတို့လက်ထဲတွင်ရှိနေသော

လက်နက်များက တောက်ပသောအလင်းများ တလက်လက်ထနေပြီးဖြစ်လေသည်။

သွေးနီရောင်မီးတောက်၏တောက်

လောင်မှုအောက်တွင် စိတ်မချမ်းမြေ့ဖွယ် စူးစူးဝါးဝါး အော်သံလှိုင်းများက

ရှစ်ဖုန့်၏ရှေ့၌ ထွက်ပေါ်လာသည်။ သို့သော်ရှစ်ဖုန့်၏နောက်တွင်မူ ပုမိသားစု၏ ကျင့်ကြံသူများက သူ့နောက်၌ အတန်းရှည်အဖြစ်စီတန်းထားကြသော်လည်း သူတို့အနေဖြင့် အဆက်မပြတ်

အော်ဟစ်ကာ နာကျင်စွာ ဟစ်ကြွေးနေကြရသည်။  ဤအချိန်၌ သူတို့၏လက်များအတွင်းခုခံမှု

အားပြုလုပ်ရန်အတွက် လက်နက်များကိုကိုင်ဆောင်

ထားကြသော်လည်း သူတို့အနေဖြင့် ဘာကိုမှတော့ မြင်တွေ့နိုင်ခြင်းမရှိကြချေ။ သူတို့အနေဖြင့် လေထဲသို့ကြုံရာကျပန်းသာ

တိုက်ခိုက်နိုင်ကြသည်။ ဓားရိပ်များ၊ဆေဘာဓားရိပ်များ၊ရေခဲချီများ၊

ပြင်းထန်သောမီးတောက်များနှင့် ရှုပ်ယှဉ်ခက်နေသည်။ ၎င်းတို့ထဲကအချို့ကထိခိုက်ဒဏ်ရာရပြီး အချို့က သွေးပျက်ဖွယ်အော်ဟစ်နေသည်

ကိုကြားရသော်လည်း ပုမိသားစု၏ကျင့်ကြံသူများထံသို့ တလိပ်လိပ်ဦးတည်လာနေသည့် မမြင်နိုင်သောသက်ရှိများက များစွာရှိနေဆဲဖြစ်သည်။

ပုမိသားစု၏ အချို့သော ကျင့်ကြံသူများက သူတို့၏မီးတောက်နှင့်ရေခဲများကို လောင်ကျွမ်းထုတ်ဖော်အသုံး

ချကြသော်လည်း  သူတို့၏ စွမ်းအင်များက ကောင်းကင်မီးတောက်နှင့် မည်ကဲ့သို့ နှိုင်းယှဉ်၍ ရနိုင်ပါမည်နည်း။  မမြင်နိုင်သောသက်ရှိများ၏  ပြင်းထန်သောတိုက်ခိုက်မှုများ

အောက်တွင် ၎င်းတို့ထဲမှ အချို့၏ စိတ်မချမ်းမြေ့ဖွယ်အော်ဟစ်သံ

များရှိသော်လည်း ကျင့်ကြံသူတို့၏မီးတောက်များမှာ လျင်မြန်စွာပျောက်ကွယ်သွားရသည်။ ထို့်နောက်တွင်ပုမိသားစု၏ကျင့်ကြံသူမှာ နာကျင်စွာဖြင့်ဟစ်အော်လိုက်သည်။ သူ၏မျက်နှာထက်တွင် နာကျင်မှု လက်သင့်မခံနိုင်မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူ၏တစ်ကိုယ်လုံးမှာ

သူ့နောက်တွင်ရှိနေသော အဖော်များ၏ မြင်ကွင်းမှာ သိပ်မကြာလိုက်ပဲ

ဤကမ္ဘာပေါ်မှ လုံးဝပျောက်

ကွယ်သွားသကဲ့သို့ ကွယ်ပျောက်သွားသည်။

“ပြန်ဆုတ်..အချိန်ရှိတုံးပြန်ဆုတ်ကြ”

ပုယွင်ရွှမ်းက အဖြူရောင်လှံရှည်တစ်ချောင်းအား သူ၏လက်နှစ်ဖက်ဖြင့်ကိုင်ထားပြီး ရှေ့သို့တစ်ဟုန်ထိုးထိုးသွင်းနေသည်။ လှံရိပ်များကတစ်ခုပြီးတစ်ခုပေါ်လာပြီး အော်သံများကလည်း သူ၏ရှေ့မှထွက်ပေါ်လာသည်။

ပုယွင်ရွှမ်းမှာ ရှစ်ဖုန့်၏ဘေးတွင်ရပ်နေပြီး သူ၏ကိုယ်က ရှစ်ဖုန့်နှင့်နီးကပ်စွာရှိနေသည်။ သွေးနီရောင်မီးတောက် က ဆန်းကြယ်သက်ရှိများ၏တိုက်ခိုက်မှုကို အများဆုံးကာဆီးတားခြင်းကြောင့်

ပုမိသားစု၏ အခြားသောကျင့်ကြံ

သူများနှင့်ယှဉ်လိုက်လျှင် သူ့အပေါ်ကျရောက်နေသော

ဖိအားကနည်းပါးလေသည်။သို့သော် နောက်ဘက်တွင်ရှိနေသော ပုမိသားစုမှ ကျင့်ကြံသူများ၏ အော်သံက  ပုယွင်ရွှမ်းအားဆုတ်ခွာမိန့်ပေးရန် အကြောင်းဖန်လာစေ၏။

ဤအချိန်တွင် မင်းသမီးကျိယွင်ကလည်း ခရမ်းရောင်ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။ သူမကပုယွင်ရွှမ်း၊ရှစ်ဖုန့်တို့နှင့်လမ်းလွှဲ၍  ရှစ်ဖုန့်၏ ဘေးအခြားတစ်ဖက်ခြမ်း၌ရပ်နေသည်။  ခရမ်းရောင်ဓားချီက သူမ၏ဓားရှည်မှ ပစ်လွှတ်သလိုထွက်လာပြီး  ခရမ်းရောင်ဓားရိပ်များ က ပျံ့နှံ့ဖြစ်ပေါ်လာသည်။

သို့သော် ပုယွင်ရွှမ်းကဲ့သို့ပင်

သက်ရှိများ၏ တိုက်ခိုက်မှုများစွာအား သွေးနီရောင်မီးတောက်က ကာဆီးထားသည်ကိုသာသူမ

လည်းခံရသည်ဖြစ်သည်။

ပုယွင်ရွှမ်း၏ အမိန့်အော်တွင် ပုမိသားစု၏ကျင့်ကြံသူများက ၎င်းတို့၏ ရွေ့လျားမှုပညာရပ်များကို စတင်အသုံးပြုလိုက်ကြသည်။

သူတို့ကတစ်ချိန်တည်းတွင်

တိုက်ခိုက်ခြင်းနှင့် ဆုတ်ခွာခြင်းကို အပြင်းအထန်လုပ်ဆောင်လိုက်ကြသည်။ ဤကျင့်ကြံသူများ၏  ရွေ့လျားမှုပညာရပ်များမှာ ပုမိသားစု၏ ရှေးဟောင်းစာအုပ်များမှ ဆင်းသက်လာခြင်းဖြစ်သည်။

ယခုအခါ၌ အားလုံက အဆင့်တူများဖြစ်ကြသောကြောင့် သူတို့၏အမြန်နှုန်းက အများကြီးတော့ ကွာခြားမှုမရှိကြချေ။ သူတို့၏ဖွဲ့စည်းပုံကလည်း ရှုပ်ယှဉ်ခက်မနေပေ။ ရုတ်တရက်သူတို့က အဖြူရောင်အရိပ်များပါဝင်သော မျဉ်းဖြောင့်တစ်ခုကိုရေးဆွဲလိုက်ကြသည်။ သူတို့က နောက်သို့တစ်ဟုန်ထိုးပျံသန်း

သွားသကဲ့သို့ပင်ဖြစ်သည်။ ပုယွင်ရွှမ်းမှာဤကျင့်ကြံသူများ၏ ဖွဲ့စည်းပုံအတွင်းသို့  ရောက်ရှိနေပြီးဖြစ်သည်။

ဤအချိန်၌ တိုက်ပွဲမြေပြင်ထက်တွင်

ရှစ်ဖုန့်နှင့် မင်းသမီးကျိယွင်တို့သာ

ကျန်ရစ်နေခဲ့သည်။ မင်းသမီးကျိယွင်က သွေးနီရောင်မီးတောက်လူသားအဖြစ်သို့ပြောင်းထားသော  ရှစ်ဖုန့်၏ နောက်ဘက်၌ တိုက်ရိုက်ပင်ရပ်လိုက်သည်။  သူမရှစ်ဖုန့်အားကျောပေးထား၏။ ခရမ်းရောင်ဓားချီများက ရှေ့သို့လွတ်လပ်စွာပင် ဆက်လက်ချီတက်သွားပြီးလေထဲသို့ပစ်ဝင်သွားသည်။ခရမ်းရောင်ဓားရိပ်များ သူမ၏ရှေ့ဘက်နှင့် ဝဲ၊ယာတို့ရှိလေထဲတွင် ပြည့်နှက်နေသည်။၎င်းတို့က သူမ၏ကိုယ်အားကာကွယ်ခြင်းနှင့် တိုက်ခိုက်ခြင်းတို့ တစ်ချိန်တည်းတွင် လုပ်နိုင်သည်ဖြစ်သည်။သို့သော် မင်းသမီးကျိယွင်၏ လှပပြီးအေးစက်သောမျက်နှာထက်၌ အားစိုက်ထုတ်ရသောအမူအယာ

တစ်ခုကိုလှစ်ဟာပြထားသည်။  သူမ၏ပုလဲဖြူရောင် သွားလေးများကိုပင်းတင်းတင်း

ကြိတ်ထားသည်။ဤအချိန်

၎င်းကသူမအတွက် လွယ်ကူခြင်းမရှိသည်မှာသိသာ

သည်ဖြစ်သည်။

သွေးနီရောင်မီးတောက်အတွင်းတွင် ရှစ်ဖုန့်၏အမူအယာမှာ ပို၍ လေးနက်လာသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ထံသို့တစ်ရှိန်ထိုးဦးတည်လာနေသေ ဆန်းကြယ်သက်ရှိများက  သူတို့၏နောက်ဘက်သို့ ကျော်ဖြတ်သွားပြီးသည့်နောက်တွင် ၎င်းတို့ကသူတို့အား ပြန်လှည့်၍ တိုက်ခိုက်ခြင်းမရှိသောကြောင့်ဖြစ်သည်။  အစောပိုင်းက ပုမိသားစု၏ကျင့်ကြံသူများ

သူ့နောက်တွင်ရှိနေစဉ်ကလည်း ထိုကဲ့သိုပင် ၎င်းတို့ပြုမူခဲ့ကြသည်။  ဤဆန်းကြယ်သက်ရှိများ၏ အခြေအနေက သူတို့အာ ဖြတ်သွားခြင်းနှင့်ပို၍ တူညီသည်။ သို့သော် ဖြတ်သွားခြင်းဟုဆိုရမည်ထက် ၎င်းတို့၏ ဖရိုဖရဲဖြစ်နေသောဖွဲ့စည်းပုံက ၎င်းတို့အနေဖြင့် ၎င်းတို့၏ အသက်အတွက် ထွက်ပြေးလာရသည်နှင့်ပို၍ပင်တူညီနေ၏။

ဤအရာမှတစ်ဆင့် ဤဆန်းကြယ်သက်ရှိများက

သူတို့၏ရှေ့တွင် ပို၍စွမ်းအားကြိီးမားသော သက်ရှိနှင့်တွေ့ဆုံခဲ့ခြင်း ဖြစ်နိုင်ချေပိုကြီးမားကြောင်းကို မြင်ရနိုင်သည်ဖြစ်သည်။ ၎င်းတို့၌  များပြားလှသောအရေအတွက်

ရှိနေလျက်နှင့်တောင် ထိုအရာအား ၎င်းတို့ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်း

မရှိကြချေ။

“ဂါး”

ရုတ်တရက် ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခုက ကောင်းကင်နှင့်မြေပြင်ကို ဖြတ်သန်း၍ ပဲ့တင်ထွက်ပေါ်လာသည်။  ဤကျယ်လောင်သော ဟိန်းဟောက်သံ၏အောက်တွင် သူတို့၏ ခြေထောက်အောက်တွင်ရှိနေသောမြေပြင်မှာ ပြင်းထန်စွာတုန်ခါလာပုံရသည်။ အားကောင်းသော ရောင်ဝါတစ်ခုနှင့် အားကောင်းသောဖိအားတစ်ခုက နယ်မြေတစ်ခုလုံးအား ရုတ်တရက် လွှမ်းခြုံသွားသည်။

ထို့နောက်ချက်ချင်းပဲ သူ့ရှေ့ရှိအကွာအဝေးတစ်ခု

တွင်ရှိနေသော ထူထပ်သိပ်သည်းသည့် သွေးနီရောင်သစ်ပင်များက စတင်ရုတ် ပေါက်ကွဲသကဲ့သို့ဖြစ်လာသည်ကို ရှစ်ဖုန့်တွေိ့လိုက်ရသည်။ သွေးနီရောင်ဖုန်မှုန့်များက သူ့ရှေ့တွင်ရှိနေသောတောင်

တန်းနှင့်တောအုပ်အတွင်းတွင် စတင်ပျံ့နှံလာသည်။

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း”

ကျယ်လောင်သောဆူညံသံတို့က တောင်ထဲတွင်ပဲ့တင်ထွက်ပေါ်လာသည်။

၎င်းကစည်းချက်ကျကျဖြစ်သကဲ့သို့ ရှစ်ဖုန့်ဘက်သို့ချဉ်းကပ်လာသည်။ အသံကိုကြားလိုက်ရသည့် အချိန်တိုင်းတွင် တောင်ထိပ်ပေါ် ဧရာမခြေထောက်ကြီးတစ်ခုက နင်းခြေလျှောက်လှမ်းရာမှ ထွက်ပေါ်လာသောအသံတစ်ခုကဲ့သို့ တောင်ထိပ်မှာလည်း အသံနှင့်အတူ လှုပ်ခါမှုများဖြစ်သွားရသည်။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters