← Chapters

အပိုင်း (၂၇၀)

Vol. 18 Ch. 270

အပိုင်း (၂၇၀)

Vol. 18 Ch. 270

အကွာအဝေးတစ်ခုအတွင်းတွင်ရှိနေ

သောသစ်ပင်များက ဆက်လက်၍ လဲပြိုကျဆင်းနေသည်။ သွေးနီရောင်ဖုန်ထုထဲတွင် လေထဲ၌

ဘွားခနဲ ပေါ်လာသည့် ဧရာမ အကြည်ရောင် ခြေထောက်ကြီးတစ်ဖက်ကို ရှစ်ဖုန့် မြင်တွေ့လိုက်ရသည်၊ ခြေထောက်က လူနှစ်ယောက်စာမျှ ရှည်

လျားသည်ဖြစ်သည်။

ခြေထောက်ကဗလာဖြစ်သော်လည်း ၎င်း၏ပုံသဏ္ဍန်က အကြည်ရောင်ဖြစ်နေသည်မှလွဲ၍ သူသားတစ်ယောက်၏ ခြေထောက် ကဲ့သို့ပင်ဖြစ်သည်။

“ဘန်း”

ထို့နောက်တွင် နောက်ထပ် အကြည်ရောင် ခြေထောက်တစ်ဖက်က ဘယ်မှညာသို့  နင်းချလာပြီး  အစောပိုင်းက ရှစ်ဖုန့် မြင်တွေ့ခဲ့ရသော ညာခြေထောက်အား ကာဆီးသွားသည်။  ဤအချိန်၌ ကောင်းကင်ထဲတွင် သိပ်သည်းသော သွေးနီရောင်သစ်ရွက်များဖြင့်

ပြည့်နှက်နေပြီး  ဤအကြည်ရောင်ခြေထောက်တစ်စုံ၏ ပိုင်ရှင်ဖြစ်သူကိုပင်ရှစ်ဖုန့်

ရှင်းလင်းစွာ မြင်တွေ့နိုင်ခြင်းမရှိချေ။  ဤအချိန်၌  ရှစ်ဖုန့်မှာ ကြည့်ရှုရန်စိတ်ပျော်နေသော အနေအထားမျိုးမဟုတ်ပေ။   ထိုဘက်ခြမ်းမှထုတ်လွှတ်နေသော

ဖိအားက  ရှစ်ဖုန့်၏  နှလုံးသားထဲ၌ အစွမ်းမဲ့မှုကိုခံစားရသည့် ခံစားချက်ကို ပေးစွမ်းပြီးဖြစ်လေသည်။ အကယ်၍ ထိုခြေထောက်ကြီးကသာ သူ့အားနင်းခြေလာမည်ဆိုလျှင်

သူ့အနေဖြင့် သေချာပေါက်ရှင်သန်ရန် အခွင်အရေးရှိလိမ့်မည်မဟုတ်ပေ။

“ဒါက ပဝေသဏီအချိန်ကာလက ဘီလူးကြီးကလန်ကပဲ”

ဤအချိန်တွင် ရှစ်ဖုန့်၏ကိုယ်အတွင်း၌ရှိနေသော ကောင်းကင်မီးတောက်ကပြော

လိုက်သည်။

“သူ့ရဲ့ရောင်ဝါကို အကဲဖြတ်ရသ

လောက်တော့ အဲ့တာက ဘီလူးကြီးကလန်နဲ့ ဆက်နွယ်နေလောက်တယ်..ဒါပေမဲ့  ဘာလို့သူ့ကိုယ်က အကြည်ရောင်ဖြစ်နေရသလဲတော့  ငါလဲမသိဘူး”

“အဲ့တာက ဘယ်ကလန်ကလဲဆိုတာက အရေးမကြီးဘူး”

ရှစ်ဖုန့်ကအော်ပြောလိုက်သည်။

ယခုအချိန်၌ သူ့အနေဖြင့် ဤအရာများ၏ မူလဇစ်မြစ်အား ဂရုစိုက်နေရန် အချိန်ရှိမနေပေ။သူ့ရှေ့တွင်အခုရှိနေသော အရှိတရားက သူ့အသက်အတွက် ထွက်ပြေးရန်သာဖြစ်သည်။

တကယ်လည်းဤသွေးရောင်

တောင်ထွပ်ဆီသို့ရောက်ရှိနိုင်ရန်အတွက် လွယ်ကူခြင်းမရှိချေ။

မြေဆွဲအား၊မမြင်နိုင်သော ဆန်းကြယ်သက်ရှိများနှင့်  အကြည်ရောင်ဘီလူးကြီး  အားလုံးတို့က ဤသွေးတောင်တွင်ပေါ်လာခဲ့သည်။

ယင်းက ရှစ်ဖုန့်အား သွေးတောင်ထိပ်ပေါ်တွင်ရှိနေသော သွေးရောင်ကျောက်ပြားကြီးက  ထူးခြားမှုရှိကိုရှိရမည်ဟူသော ခံစားချက်ကို ဖြစ်ပေါ်စေသည်ဖြစ်သည်။

ဤအချိန်၌ သွေးရောင်တောင်

ထွတ်အတွင်းမှ ဖြစ်ပေါ်လာသော ပြင်းထန်သည့်လှုပ်ရှားမှုများက သွေးရောင်တောင်ထွတ်တောအုပ်အတွင်းရှိ မရေတွက်နိုင်သော ကျင့်ကြံသူများအား တုန်လှုပ်မှုတို့ကိုဖြစ်စေခဲ့ပြီးဖြစ်သည်။ ဤအချိန်တွင်သူတို့အားလုံး က သူတို့၏ဘေးတွင်ရှိနေသော သွေးရောင်သစ်ပင်များပေါ်သို့ ခုန်တက်လိုက်ကြပြီး သစ်ပင်ထိပ်ဖျားသို့ရောက်ရှိသွားကြသည်။ ဤအချိန်၌ သွေးရောင်တောင်ထိပ်ပေါ်ရှိ သွေးကျောက်ပြားအပြင်ထပ်

ပေါင်းထည့်ရလျှင် ကျောက်ပြား၏အောက်ဘက်၌ အကြည်ရောင်ဘီလူးကြီးတစ်

ကောင်လည်းရှိနေသည်ဖြစ်သည်။ ၎င်းနှင့်နှိုင်းယှဉ်လိုက်မည်ဆိုလျှင်  သူတို့က လူသားနှင့်အင်းစက်များကြားက ကွာခြားမှုကဲ့သို့ဖြစ်နေသည်။ ဘီလူးကြီးက ကိုယ်လုံးတီးဖြစ်ကာ ဧရာမ ကြမ်းတမ်းသောလူသားတစ်ယောက်ကဲ့သို့ ကြမ်းတမ်းသောအသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။

အလွန်တုန်လှုပ်အံ့အားသင့်မှုများနှင့် ထိတ်လန့်မှုများက  ကျင့်ကြံသူများ၏ မျက်နှာထက်တွင်ပေါ်လာသည်။

ဤအချိန်န်တွင်  ဘီလူကြီး၏ ဧရာမ မျက်လုံကြီးက စတင်၍ လှုပ်ရှားလာသည်။ သူသည်လည်း အောက်ဘက်ရှိ သစ်ပင်များ၏ ထိပ်ဖျား၌ရပ်နေကြသော ကျင့်ကြံသူများကို မြင်တွေ့လိုက်သည်။

ထို့နောက်တွင်သူက သူ၏ ပါးစပ်အား ဖွင့်လိုက်ပြီး  ရေထဲရှိစုပ်ဝဲတစ်ခုကဲ့သို့  လေများကိုပြင်းထန်စွာရှူသွင်းလိုက်သည်။

သွေးတောင်ထွတ်အတွင်းတွင်

ပြင်းထန်သော  လေပြင်းများကတိုက်ခတ်လာပြီး  စွမ်းအားကြီးသော စုပ်ယူအားတစ်ခုကို ဖန်တီးလာသည်။  သွေးနီရောင်သစ်ပင်များက သွေးနီရောင်သစ်ပင်ထက်မှနေ၍ အမြစ်ပါသည်အထိကျွတ်ထွက်လာပြီး ကျင့်ကြံသူများသည်လည်း   ဘီလူးကြီး၏ပါးစပ်အတွင်သို့

တစ်ယောက်ပြီးတစ်ယောက်  စုပ်ယူခံလိုက်ရကာ သူတို့၏ခန္ဓာကိုယ်များအားထိန်း

ချုပ်နိုင်စွမ်းမရှိကြချေ။

“အား…အား..အား..အား..အား..”

ကောင်းကင်နှင့်မြေကြီးကြားထဲတွင်  ကျင့်ကြံသူများ၏ ငယ်သံပါအောင်အော်ဟစ်သံများက ရုတ်တရက် ပဲ့တင်ထွက်ပေါ်လာသည်။  စွမ်းအားကြီးမားလှသောစုပ်ယူအားအောက်တွင်  ၎င်းတို့အားလုံးမှာ  ဘီလူးကြီး၏ ပါးစပ်အတွင်းသို့ စုပ်ယူခြင်းခံလိုက်ကြရသည်။  ဤကူကယ်ရာမဲ့နေကြသော

ကျင့်ကြံသူများမှာ ၎င်းတို့၏ ကံတရာအား သဘောပေါက်လိုက်ကြပြီးဖြစ်သည်။  သူတို့အနေဖြင့်ဤ ပါးစပ်ကြီး၏ အစာများဖြစ်လာကြလိမ့်မည်ဖြစ်ပြီး ၎င်းပါးစပ်ကြီးကလည်း သူတို့အား  အစာအစားကဲ့သို့သာ ဆက်ဆံလိမ့်မည်ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း ကျင့်ကြံသူဒါဇင်ပေါင်းများစွာတို့မှာ ဘီလူးကြီး၏ပါးစပ်အတွင်းသို့ စုပ်ယူခံလိုက်ရသည်။ ဤအချိန်၌ ဘီလူးကြီး၏ပါးစပ်အတွင်းတွင်  ကျင့်ကြံသူများ’၏  သနားညှာတာပေးရန် တောင်းပန်သံများဖြင့်ပြည့်နှက်နေသည်။

“ငါ့…ငါ့ကိုလွှတ်ပေးပါ..ငါ့ကိုမစားပါနဲ့”

“ဟင့်အင့် ကျုပ်ကိုမစားပါနဲ့ ….ကျုပ်သင့်ရဲ့အစေခံဖြစ်ဖို့ ဆန္ဒရှိပါတယ်… ကျုပ်ဒီမှာနေပြီးတော့ ထာဝရသင့်ရဲ့အစေခံဖြစ်ပေးပါ့မယ်”

“ဟင့်အင်း …မလုပ်ပါနဲ့”

အချို့သောကျင့်ကြံသူများမှာ ဘီလူကြီး၏ပါးစပ်က ဖြည်းဖြည်းချင်းပိတ်လာသည်ကို

တွေ့လိုက်ကြရပြီး  သူတို့အနေဖြင့် အလျှင်အမြန်နှလုံးကြေကွဲဖွယ် လက်သင့်မခံနိုင်မှုများဖြင့် အော်ဟစ်လိုက်ကြသည်။ ၎င်းကတော့ ထိုအရာအားမတွေးသကဲ့သို့  သို့မဟုတ် သူတို့ပြောနေသည်များကိုနား

မလည်သကဲ့သို့  သို့မဟုတ်မကြားချင်ယောင်

ဆောင်နေသကဲ့သို့ပင်ဖြစ်နေသည်။

၎င်းကသူတို့အားအစားအစာအဖြစ်သာမှတ်ယူထားပြီး  မည်သူကများ အစားအစာများ၏ စကားကို နားထောင်လိုစိတ်ရှိနေပါမည်နည်း။

ဘီလူးကြီး၏ပါးစပ်က ဆက်လက်၍ ကြိတ်ဝါးလိုက်သည်။မကြာခင်တွင် ဘီလူးကြီး၏ပါးစပ်ထံမှ အသံများတိတ်ကျသွားသည်။

ထို့နောက်မကြာခင်

၎င်း၏နှုတ်ခမ်းထောင့်မှ တောက်ပသော သွေးနီရောင်စီးကြောင်းတစ်ခုက စီးကျလာသည်။  ဘီလူးကြီးက ၎င်း၏ ကြီးမားသောလျှာကြီးအား ထုတ်လိုက်ပြီး  သူ၏နှုတ်ခမ်းထောင့်ကိုသတ်လိုက်သည်။  သူ့အနေဖြင့်အရမ်းကိုမှ ပျော်ရွှင်နေသည့်ပုံပေါ်သည်။

မကြာခင်တွင် ဘီလူကြီးက သူ့အတွက်လုံလောက်မှုမရှိသေးသကဲ့သို့ ၎င်း၏ပါးစပ်ကြီးအားထပ်မံ၍ ဖွင့်ဟလိုက်သည်။

ကြီးမားသောခြေထောက်

နှစ်ဖက်ကိုမြင်တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်က  သူ၏ခန္ဓာကိုယ်ရွေ့လျားမှုပညာ

ရပ်ကိုအသုံးပြု၍ လျှင်မြန်စွာထွက်ပြေးနှင့်ပြီးဖြစ်သည်။  ခရမ်းရောင်ချပ်ဝတ်အားဝတ်ဆင်ထားသည့် မင်းသမီးကျိယွင်ကလည်း  ရှစ်ဖုန့်၏နောက်မှ နီးကပ်စွာလိုက်ပါလာသည်။  သူမ၏နှလုံးသားထဲတွင် မသိလိုက်ပါဘဲ  အကယ်၍ သူမသာ ဤလူငယ်နှင့်နီးကပ်စွာရှိနေပါက

သူမနေဖြင့် လုံခြုံစွာထွက်ပြေးနိုင်လိမ့်မည်

ဟုခံစားရသည်ဖြစ်သည်။

“ဒီလူငယ်လေးနဲ့နီးကပ်နေတာနဲ့ဘဲ လုံလုံခြံခြုံထွက်ပြေးနိုင်လိမ့်မယ်လို့ ငါဘယ်လိုတောင်တွေးလိုက်ရတာလဲ… ဘယ်လိုတောင်မှ အဓိပ္ပါယ်မရှိလိုက်တာလဲ”

သူမကရှစ်ဖုန့်နှင့်ပြေးလွှားနေရင်း

သူမဟာသူမ တီးတိုးရေရွတ်လိုက်သည်။  သို့သော် ယင်းကသူမ၏နှလုံသားအတွင်းမှ ခံစားချက်သာဖြစ်လေသည်။

ရုတ်တရက်ပြေးလွှားနေသောရှစ်ဖုန့်မှာ  သူ့ပတ်ဝန်းကျင်ရှိနေရာလွတ်က နောက်တစ်ကြိမ်ထပ်မံ၍ လေပြင်းများဖြင့်ပြည့်နှက်လာသည်ကို ခံစားလိုက်ရသည်။ ထူထပ်နေသော သွေးနီရောင်သစ်ပင်များ၏  အကိုင်းအခတ်များနှင့် သစ်ရွက်များက  အဆက်မပြတ်ယိမ်းထိုးနေပြီး

နတ်ဆိုးအုပ်စုက ခပ်ကြမ်းကြမ်းကခုန်နေသကဲ့သို့ပင်ဖြစ်သည်။  ထို့နောက်တွင် အားကောင်းသော စုပ်အားတစ်ခုက  သူ၏နောက်ဘက်မှလာနေသည်ကို ရှစ်ဖုန့်ခံစားလိုက်ရသည်။  ထိုအားကောင်းသောအားက သူ့အားစုပ်ယူနေ၏။

“ထန်”

သူကပြေးနေရင်း သူ့လက်ထဲတွင်ရှိနေသောသွေးဓားအား  ရုတ်တရက်သူ့အောက်တွင်ရှိနေသော သွေးနီရောင်မြေပြင်သို့ထိုးသွင်းလိုက်သည်။  ဓား၏ဆယ်ပုံတစ်ပုံခန့်က ‌မြေကြီးအတွင်းသို့ဝင်ရောက်သွားသည်။ ရှစ်ဖုန့်၏ဘေးတွင်ရှိ်နေသော မင်းသမီးကျိယွင်ကလည်း  သူမ၏ခရမ်းရောင်ဓားရှည်အား သွေးနီရောင်မြေပြင်သို့ ရှစ်ဖုန့်ကဲ့သို့ပင်ထိုးစိုက်လိုက်သည်။

ရှစ်ဖုန့်နှင့် မင်းသမီးကျိယွင်တို့က

သူတို့၏ ဓားလက်ကိုင်များအား  တင်းကျပ်စွာဆုပ်ကိုင်ထားကြသည်။  အားကောင်းလှသောစုပ်အား၏အောက်တွင်  သူတို့၏ ခန္ဓာကိုယ်များကလေထဲသို့ လွင့်မျောနေသည်။ ရှစ်ဖုန့်က အံကိုကြိတ်၍ ဓားလက်ကိုင်အား လက်နှစ်ဖက်ဖြင်တင်းကျပ်စွာ

ဆုပ်ကိုင်ထားပြီး  အားကောင်းသောလေနှင့် အားကောင်းသောစုပ်ယူအား

အားတောင်ခံနေသည်။ သူ၏ကိုယ်က ဖျက်ဆီးခံရတော့မည့် လှိုင်းလုံများကြားထဲ၌ တုန်တုန်ရီရီဖြင့် ယိမ်းထိုးနေသောလှေငယ်လေး

တစ်စင်းကဲ့သို့ပင်ဖြစ်သည်။

ရှစ်ဖုန့်၏ကိုယ်၌ သွေးနီရောင်မီးတောက်များအား

လောင်ကျွမ်းထားသည်တောင်၎င်းတို့က  အားကောင်းသောလေနှင့်အားကောင်းသောစုပ်ယူအားကြောင့်  လျှင်မြန်စွာငြိမ်းသက်သွားသည်။

“အား..ကူ..ကူပါအုံး”

ရှစ်ဖုန့်၏ဘေးတွင်ရှိနေသောမင်း

သမီးကျိယွင်မှာ  ဖြူဖျော့လာပြီး  နှစ်လိုဖွယ်ကောင်းသောအော်သံ

တစ်ခုထွက်ပေါ်လာသည်။ အားကောင်းလှသောစုပ်ယူအား

၏အောက်တွင်သူမ၏ ညာလက်က  သူမ၏ခရမ်းရောင်ဓားလက်ကိုင်မှ  လွတ်ထွက်သွားပြီးဖြစ်သည်။  သူမကဘယ်လက်၏လက်ချောင်း

ငါးချောင်းဖြင့်တင်းကျပ်စွာဆုပ်

ကိုင်ထားဆဲဖြစ်သော်လည်း   ဘယ်လက်ကလည်း ဆုပ်ကိုင်ထားခြင်းမှ ပြေလျော့လာနေပြီဖြစ်သည်။ ဤအချိန်၌သူမ၏လက်သန်းလေးမှာ ခရမ်းရောင်ဓားလက်ကိုင်မှ လွတ်ထွက်သွားပြီဖြစ်သည်။

မင်းသမီးကျိယွင်က သူမ၏ ညာလက်အား ရှစ်ဖုန့်ထံသို့ကမ်းလိုက်သည်။ သူမ၏လှပပြီးအေးစက်သော

မျက်နှာထက်တွင် အသနားခံသည်အမူအယာတို့

ကိုပြသနေသည်။  အကယ်၍သူမ၏ဘယ်လက်သာ

လုံးဝလွတ်ထွက်သွားခဲ့သည်နှင့်  သူမ၏ကံတရားကဘာဖြစ်မည်

ဆိုသည်အား သူမသိထားပြီးသားဖြစ်သည်။  ဤကဲ့သို့ အန္တရာယ်ရှိသော အခြေအနေအတွင်းတွင် သူမအနေဖြင့်သူမ၏ပုံမှန်မာန

တရားတို့အား ခဝါချထားပြီး  မိန်းမငယ်လေးတစ်ယောက်၏

နှစ်လိုဖွယ်ကောင်းသောမျက်နှာက လှစ်ဟာထွက်ပေါ်လာသည်။

မင်းသမီးကျိယွင်၏ အသနားခံမှုအားကြားလိုက်

ရသောအခါတွင် ရှစ်ဖုန့်ကသွေးဓားထံမှ သူ၏ဘယ်လက်ကိုလွှတ်လိုက်ပြီး   မင်းသမီးကျိယွင်၏ကျောက်စိမ်း

ကဲ့သို့လက်လေးအား ဆုပ်ကိုင်လိုက်သည်။ တစ်ချိန်တည်းမှာပင်သူကသူ့

ခွန်အားကိုအသုံးပြု၍ မင်းသမီးကျိယွင်အားရှေိ့သို့

တွန်းဆွဲလိုက်သည်။ မင်းသမီးကျိယွင်၏  ခရမ်းရောင်ဓားလက်ကိုင်မှလွတ်

ထွက်လာသည့် လက်ချောင်းလေးမှာ  နောက်တစ်ကြိမ်ထပ်မံ၍ ဓားလက်ကိုင်အားဖမ်းဆုပ်မိသွားသည်။

အခြားသောကျောက်စိမ်းကဲ့သို့

လက်လေးတစ်ဖက်က ရှစ်ဖုန့်၏ လက်အားတင်းကျပ်စွာဆုပ်ကိုင်ထားသည်။

ဤကဲ့သို့အလျှင်စလိုဖြစ်နေချိန်၌ပင် နွေးထွေးသောခံစားချက်တစ်ခုက

ရုတ်တရက် မင်းသမီးကျိယွင်၏တစ်ကိုယ်လုံး

တွင်ပျံ့နှံ့လာသည်။  ဤသည်က ယောက်ျားတစ်ယောက်နှင့်နီးကပ်မှုအား  မင်းသမီးကျိယွင်အနေဖြင့် ပထမဆုံးအကြိမ်ခံစားဖူးခြင်းဖြစ်သည်။ သူမအနေဖြင့် သူ၏လက်အားဆုပ်ကိုင်လိုက်ချိန်တွင် နွေးထွေးမှုနှင့်လုံခြုံစိတ်ချမှုအား ခံစားလိုက်ရခြင်းမှာလည်း သူမအတွက်ပထမဆုံးအကြိမ်ခံစား

ဖူးခြင်းဖြစ်သည်။ ဤကဲ့သို့

အံ့ဩဖို့ကောင်းပြီး ဘယ်လိုမှန်းမသိထူးဆန်းသော

ခံစားချက်အား  သူမ၏ချစ်သူ

လင်းယွဲ့ရှင်း၏ လက်အား ဆုပ်ကိုင်သည့်အချိန်၌ပင် သူမ

မခံစားခဲ့ရဖူးချေ။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters