အပိုင်း(၂၇၂)
Vol. 19 Ch. 272
“ကျွန်မတို့တွေ ဒီနေရာမှာကျွန်မတို့ရဲ့ တစ်ဘဝလုံး နေထိုင်သွားကြရ
တော့မှာလား… ဒီဘီလူးကြီးနဲ့နေ့တစ်ဒူဝ ကျွန်မတို့တွေ့ ကြောင်နဲ့ကြွက်လို ကစားနေကြရတော့မှာလား…
ကျွန်မတို့တွေက သနားစရာကြွက်လေးတွေဖြစ်လာပြီးတော့ နောက်ပိုင်းကြရင် ကြောင်ကြီးရဲ့ အစာပဲဖြစ်လာလိမ့်မယ်..”
မင်းသမီးကျိယွင်က လက်သင့်မခံနိုင်မှုများနှင့်အတူ တောင်ထိပ်ဆီသို့ကြည့်လိုက်သည်။
ရှစ်ဖုန့်က ဘာကိုမျှပြောကြားခြင်းမရှိပေ။ ထိုအစား သွေးနီရောင်ကျောက်ပြားနှင်
ဒေါသအိုးပေါက်ကွဲ သည့်အနေအထားဖြစ်နေပြီဖြစ်သော ဘီလူးကြီးအားကြည့်လိုက်သည်။ ကြည့်ရသည်မှာ သွေးရောင်ကျောက်ပြားက ဤနေရာမှ ထွက်ခွာသွားရန်အတွက် သော့ချက်ဖြစ်ပုံရသည်။ ဤတောင်တန်း၏ အံ့ဖွယ်ကောင်းသော အရာများအား ဤကျောက်ပြားက ဖန်တီးထားသည်ပုံပေါ်သည်။
သို့သော်အကယ်၍ သူ့အနေဖြင့် ဤကျောက်ပြားထိနိုင်ခဲ့လျှင်တောင် ဤနေရာမှသူထွက်ခွာသွားနိုင်သည်ဟု သူ့ကိုယ်သူ ယုံကြည်ချက်ရှိမနေပေ။ သူအနေဖြင့်သူ၏မျှော်လင့်ချက်
များအားလုံးအား ကောင်းကင်မီးတောက်ပေါ်တွင်သာ ထားရှိနိုင်သည်ဖြစ်သည်။ ဤသွေးကျောက်ပြားအား သွေးနတ်ဆိုးကလန်က စိုက်ထူထားခဲ့ခြင်းဖြစ်နိုင်လောက်သည်။ သွေးနတ်ဆိုးကလန်နှင့်သွေးပန်း
ခက်ကလန်တို့က ခွဲမရသောဆက်နွယ်မှုတစ်ခုရှိသည်ဖြစ်သည်။
ရှစ်ဖုန့်က ချက်ချင်းပဲ သူ၏ကိုယ်အားလှုပ်ရှားလိုက်ပြီး သွေးနီရောင်သစ်ပင်တစ်ခု၏
ထိပ်ပေါ်သို့ခုန်တက်လိုက်သည်။
မင်းသမီးကျိယွင်က ဤအရာအား မြင်တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်အားစိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။ ရှစ်ဖုန့်ဘာလုပ်ချင်နေသည်ဆိုသည်အား သူမနားလည်ခြင်းမရှိချေ။ သို့သော် သူမကရှစ်ဖုန့်နောက်သို့လိုက်ပါ၍ သွေးနီရောင်သစ်ပင်ထိပ်သို့
ခုန်တက်လိုက်သည်။ သူမက သူ၏ဘေးတွင်ရပ်လိုက်သည်။
ရှစ်ဖုန့်က တောင်ထိပ်နှင့် ဘီလူးကြီးအားစိုက်ကြည့်နေသည်။
သူကသူ၏ ဝိညာဉ်စွမ်းအားကိုအသုံးပြု၍ ဘီလူးကြီးထံသို့ သတင်းစကားတစ်ခုကို ပို့လွှတ်လိုက်သည်။
“ဟေ့ကောင်ကြီး..ခင်ဗျား ဒီနေရာကနေထွက်သွားချင်လား….”
ရှစ်ဖုန့်၏ အသံက ဘီလူးကြီးခေါင်းထဲ၌ တိုက်ရိုက်ပင်ပဲ့တင်ထပ်သွားသည်။
“ဂါး”
တောင်ထိပ်ပေါ်၌ ဒေါသအိုးပေါက်ကွဲနေသေ ဘီလူးကြီး၏ ဧရာမကိုယ်ကြီးက ရုတ်တရက်လှုပ်ခါသွားသည်။ ဒီနေရမှထွက်သွားရမည်။ ဒီနေရာမှထွက်သွားရမည်။ ၎င်းမှာနှစ်ပေါင်းမရေတွက်နိုင်
အောင်ကြာမြင့်နေခဲ့ပြီဖြစ်သည်။
၎င်းအနေဖြင့် ဤနေရာမှ အမြဲတမ်းထွက်ခွာသွားချင်ခဲ့၏။ တစ်ခါတစ်ရံတွင် ၎င်းအနေဖြင့် ဤနေရာမှထွက်ခွာသွားရပြီး ဆွေးမျိုးညှာတိ ကလန်တူလူများဖြင့် တွေ့ဆုံရသည်ဟူသော အိမ်မက်တို့အားမက်ခဲ့သည်။
“အင်း..မင်းကဘယ်သူလဲ”
ဘီလူးကြီးက ၎င်း၏ပါးစပ်ကိုဖွင့်ဟ၍ မိုးခြိမ်းသံကဲ့သို့သောအသံဖြင့် အော်ပြောလိုက်သည်။ ၎င်း၏မီးအိမ်ကဲ့သို့မျက်လုံးများက သွေးနီရောင်တောင်ပေါ်သို့စတင်၍ လှည့်ပတ်ကြည့်ရှုလာသည်။
“ကောင်လေး မင်းကိုယ်မင်း ပြဿနာမီးခွက်ထွန်းရှာမနေနဲ့ ..သွေးကျောက်ပြားကို စိုက်ထူထားတာက သွေးနတ်ဆိုးကလန်ကဆိုပေမဲ့ သွေးနတ်ဆိုးကလန်ဆိုတာ သွေးပန်းခက်ကလန်မဟုတ်ဖူး..
မင်းသာအဲ့တာကိုမခွဲပစ်နိုင်ပဲ ဘီလူးရဲ့ဒေါသကိုဆွသလိုပဲဖြစ်နေရင် မင်းသေသွားတာက ကိစ္စမရှိဘူးဆိုပေမဲ့ ငါ့ကိုပါဒုက္ခရောက်စေလိမ့်မယ်”
ဤအချိန်တွင် ရှစ်ဖုန့်၏ကိုယ်အတွင်း၌ ရှိနေသောကောင်းကင်မီးတောက်က စတင်၍ စကားပြောလိုက်သည်။
“အဆင်ပြေပါတယ်..အဲ့ကောင်ကြီးက ဒီသခင်လေးရဲ့အသက်ကိုလိုချင်
တယ်ဆိုရင်တောင် အဲ့လောက်တောလွယ်ကူမှာမဟုတ်ဖူး”
ရှစ်ဖုန့်ကပြောလိုက်သည်။
ဘီလူးကြီး၏ မီးအိမ်ကဲ့သို့မျက်လုံးများက ဆက်လက်၍လှည့်ပတ်လာပြီး ရှစ်ဖုန့်အားရှာဖွေနေသည်။
မင်းသမီးကျိယွင်မှာ ဘီလူးကြီး၏ မီးအိမ်ကဲ့သို့မျက်လုံးများကသူမအား စိုက်ကြည့်လာသည်ကိုတွေ့
လိုက်ရသောအခါတွင် သူမတုန်လှုပ်အံ့အားသင့်သွားခဲ့သည်။ ကြီးမားသောဖိအားတစ်ခုက
သူမ၏အပေါ်သို့ကျသည်ကိုခံစားလိုက်ရပြီး ယင်းကသူမအား အသက်ရှူရန်ပင်ခက်ခဲသွားစေသည်။ သူမ၏အမူအယာကသိသိသာသာကို
ပြောင်းလဲသွားပြီး သူမကရှစ်ဖုန့်အား အလျှင်အမြန်ပြောလိုက်သည်။
“သူကျွန်မတို့ကို ကြည့်နေတယ် ပြေးကြရအောင်”
ဤအနေအထားမျိုးဖြင့် အကယ်၍ ဘီလူးကြီးကသာသူမတို့အား
ရုတ်တရက်စုပ်ယူလိုက်ပါက သူမထပ်မံ၍လွင့်ပျံသွားရမည်အား မင်းသမီးကျိယွင်သံသယဝင်ရဲခြင်းမရှိပေ။
“အဆင်ပြေပါတယ်…”
သူကမင်းသမီးကျိယွင်အားပြောလိုက်သည်။ သူ၏အသံက ဝိညာဉ်မှတစ်ဆင့်ဖြတ်သန်း၍ ဘီလူကြီး၏စိတ်ထဲသို့ကူးသန်းသွားသည်။ ပင်ကိုအားဖြင့် မင်းသမီးကျိယွင်ကသူပြောသည်အားမကြားနိုင်ပေ။ သို့သော် ရှစ်ဖုန့်က သူအနေဖြင့် ဝိညာဉ်စွမ်းအားကိုဖြတ်သန်းအသုံးချ၍ ဘီလူးကြီးနှင့်ဆက်သွယ်သောအခါတွင် ဘီလူးကြီး၏ကိုယ်ကရုတ်တရက်
တုန်ခါသွားသည်ကိုသူသဘော
ပေါက်လိုက်သည်။ ၎င်းအနေဖြင့် ဤနေရာမှထွက်ခွာသွားရမည့်စွဲဆောင်
မှုမက်လုံးအား တောင့်ခံနိုင်ခြင်းမရှိပုံရသည်။
“မင်းကိုး”
ဘီလူးကြီး၏မီးအိမ်ကဲ့သို့ မျက်လုံးတစ်စုံက ရှစ်ဖုန့်၏အပေါ်၌စူးစိုက်ထားလိုက်သည်။ နောက်တစ်ကြိမ်ထပ်မံ၍ ၎င်းက မိုးခြိမ်းသကဲ့သို့အသံမျိုးဖြင့် လူသားဘာသာစကားကိုပြောလိုက်သည်။
“ဟမ်”
ဘီလူးကြီးက သူမရှိရာဦးတည်ချက်ဘက်သို့ကြည့်၍ “မင်းကိုး”ဟု ပြောလိုက်သည်ကိုကြားလိုက်ရ
သောအခါတွင် မင်းသမီးကျိယွင်ကရှစ်ဖုန့်အား ထူးဆန်းစွာကြည့်လိုက်သည်။
ရှစ်ဖုန့်က ဘီလူးကြီးအားခေါင်းညိမ့်ပြပြီး သူ၏ဝိညာဉ်စွမ်းအာဖြင့်ပြောလိုက်သည်။
“ကျုပ်ပဲ”
ဤအချိန်၌ ထူးဆန်းသည်ဟုခံစားရသည်က မင်းသမီးကျိယွင်တစ်ယောက်တည်း
ဟုတ်မနေပေ။ သွေးရောင်တောင်တန်းပေါ်၌ရှိနေကြသော ကျင့်ကြံသူများအားလုံးက ဘီလူးကြီး၏အသံအားကြား
နိုင်ကြသည်ဖြစ်သည်။ သို့သော်သူတို့က ရှစ်ဖုန့်၏ဘေး၌ရပ်နေသော မင်းသမီးကျိယွင်ကဲ့သို့မဟုတ်ကြချေ။ ဘီလူးကြီး မည်သူ့အားပြောနေသည်ကို သူတို့မသိကြချေ။
“ငါဒီနေရာကထွက်သွားဖို့ကို
မင်းကူညီနိုင်လား”
ဘီလူးကြီး၏မျက်နှာထက်တွင် စိတ်လှုပ်ရှားပျော်ရွှင်မှုအချို့ကိုဖော်ပြ၍ မေးလိုက်သည်။
ရှစ်ဖုန့်ကသူလုပ်နိုင်သည်မလုပ်နိုင်သည်အား ဖြေဆိုခြင်းမရှိပေ။ ထိုအစား ဘီလူးကြီးကို သူ၏ဝိညာဉ်ဖြင့်တိုက်ရိုက်ပင်
ပြောဆိုလိုက်သည်။
“ဆင်းလာပြီးတော့ကျုပ်ကို တောင်ထိပ်ပေါ်ကိုခေါ်သွားပေး”
“အိုး”
ဘီလူးကြီးကခေါင်းညိမ့်လိုက်သည်။
ဤနေရာမှ ထွက်သွားရမည်ဟူသော စွဲဆောင်ချက်က သူ့အား ရှစ်ဖုန့်၏ အမိန့်များအား လျှင်မြန်စွာဖြင့်လိုက်ပါလုပ်ဆောင်စေပြီး တောင်ထိပ်ပေါ်မှ ခုန်ချလာစေသည်။
“ဘန်း…ဘန်း.ဘန်း..”
ယင်းမှာ ဘီလူးကြီးအနေဖြင့် ရှစ်ဖုန့်အားယုံကြည်ခြင်းသို့မဟုတ် ရှစ်ဖုန့်၏စကားတို့အား သံသယဝင်ခြင်းမရှိခြင်း
တို့ကြောင့်မဟုတ်ပဲ ဤနေရာမှ ထွက်သွားနိုင်မည်ဟူသော စွဲဆောင်မှုမက်လုံးက အရမ်းကို ကြီးမားလွန်းနေသောကြောင့်ဖြစ်လေသည်။ သူ့အနေဖြင့် ဘီလူးမျိုးနွယ်ပိုနက်သို့ပြန်၍ သူ၏မျိုးနွယ်တူများ မိသားစုများကိုတွေ့မြင်ရခြင်းတို့အား အမြဲစဉ်းစားနေခဲ့သည်ဖြစ်သည်။
အကယ်၍ ရှစ်ဖုန့်ကသူ့အား လိမ်ညာသည်ကိုသာရှာဖွေတွေ့ရှိခဲ့ပါက သူ့နေဖြင့်၎င်းအား သေချာပေါက်ကို
ချက်ချင်းပဲ အပိုင်းပိုင်းချေမွေပစ်ရလိမ့်မည်ဖြစ်သည်။
“ဟူး”
ရှစ်ဖုန့်၏ကိုယ်အတွင်း၌ရှိနေသော ကောင်းကင်မီးတောက်က တိုးဖျော့စွာသက်ပြင်းချလိုက်သည်။ ဘီလူးကြီး၏ဤနေရာ၌ ပိတ်မိနေပြီး လွတ်လပ်မှုအားဆုံးရှုံးရသည့်
ခံစားချက်အား ဤနေရာတွင်ရှိနေသာလူအား
လုံးထက်သူက ပို၍နားအလည်ဆုံးဖြစ်သည်။ တစ်ခါကသူသည်လည်း ကောင်းကင်ဘုံရေခဲအပြစ်ပေးအစီအရင်မှ လွတ်မြောက်ရန်အတွက် မျှော်လင့်ခဲ့ရဖူးသည်ဖြစ်သည်။ ထို့နောက် စိတ်လိုက်မာန်ပါလေးပြုလုပ်မိ
လိုက်သည့်အခိုက်အတန့်လေးတွင်
သူ့အနေဖြင့် ရှစ်ဖုန့်၏အရူးလုပ်ခြင်းကိုခံလိုက်ရပြီး ဤကဲ့သို့အခြေအနေဖြင့် အဆုံးသတ်ခဲ့ရလေသည်။ သူမှားယွင်းနေသည်ဟုခံစား
ရသောအချိန်တွင် ဤငတိလေးက အကျိုးအမြတ်ထွက်သွားခဲ့ပြီဖြစ်သည်။
ရှစ်ဖုန့်က တုံ့ဆိုင်းနေခြင်းမရှိဘဲ ဘီလူးကြီး၏ ကြီးမားကျယ်ပြန့်ပြီး အကြည်ရောင်ရှိသော လက်ဖဝါးထံသို့လျှောက်သွားလိုက်သည်။ မင်းသမီးကျိယွင်ကသည်လည်း ဘီလူးကြီး၏ လက်ဖဝါးထက်သို့ လျှောက်လှမ်းတော့မည့် အချိန်တွင် ရှစ်ဖုန့်က သူ၏ဝိညာဉ်စွမ်းအားဖြင့် လျှင်မြန်စွာ ပြောလိုက်သည်။
“မသွားနဲ့ ဒါကအန္တရာယ်များတယ်”
အကယ်၍ရှစ်ဖုန့်က သူတစ်ယောက်တည်းသာသွားခဲ့လျှင် သူ့အနေဖြင့်သွေးကျောက်ပြားအား ချိုးဖျက်နိုင်ခြင်းမရှိလျှင်တောင် သူ့အနေဖြင့် လွတ်မြောက်နိုင်စွမ်းရှိသည်ဟု သူ့ကိုယ်သူ ယုံကြည်ချက်ရှိသေးသည်ဖြစ်သည်။ သို့သော် မင်းသမီးကျိယွင်ပါလာလျှင်ကတော့ ပြဿနာဖြစ်လိမ့်မည်သာဖြစ်၏။
“အိုး”
ရှစ်ဖုန့်၏စကားအားကြားလိုက်ရသောအခါတွင် မင်းသမီးကျိယွင်က ခေါင်းညိမ့်လိုက်ပြီး သူမ၏ခြေလှမ်းတို့ကိုရုတ်သိမ်းလိုက်သည်။
ထို့နောက်တွင်ဘီလူးကြီးက ရှစ်ဖုန့်အား သူ၏ပခုံးထက်တွင်ထားလိုက်ပြီး သွေးရောင်တောင်ထိပ်ပေါ်သို့
ဆက်လက်၍ ပြေးလွှားသွားလိုက်သည်။
“ဘန်း..ဘန်း..ဘန်း…ဘန်း..ဘန်း”
သွေးတောင်တန်းတောအုပ်အတွင်းတွင် အချို့သောကျင့်ကြံသူများက ဘီလူးကြီး၏လှုပ်ရှားမှုများအပေါ်၌ ဆက်လက်၍ အာရုံစိုက်စောင့်ကြည့်နေကြသည်။
ရုတ်တရက် အနက်ရောင်ပုံရိပ်တစ်ခုက ဘီလူးကြီး၏ ပခုံးထက်၌ပေါ်လာသည်ကို သူတို့တွေ့လိုက်ပြီး တစ်စုံတစ်ယောက်ကအော်ပြောလိုက်သည်။
“အဲ့တာကဘယ်သူလဲ..ဘာလို့သူက ဘီလူးကြီးရဲ့ ပခုံးပေါ်မှာရပ်နေရတာလဲ…ဘီလူးကြီးက ခုဏတုံးကသူ့ကိုခေါ်ဖို့ ဆင်းလာခဲ့ပြီး အခုသူတို့က တောင်ထိပ်ကိုပြေးနေကြတာမလား”
“အဲ့တာသူပဲ…အနက်ရောင်ကောက်ရိတ်သူ အနက်ရောင်သေခြင်းနတ်ဘုရား”
တစ်စုံတစ်ယောက်က တုန်လှုပ်အံ့အားသင့်စွာဖြင့် အလန့်တကြား အော်လိုက်သည်။
“သူလည်းငါတို့လိုပဲ…ခုဏလေးကမှ ဒီသွေးတောင်ထွတ်ပေါ်ကို
ရောက်လာခဲ့တာ…ဘယ်လိုဖြစ်ပြီးတော့ သူကဘီလူးကြီးနဲ့သိနေရတာလဲ…ဘာလို့ ဘီလူးကြီးကလည်း သူ့အပေါ်အရမ်းသဘောကောင်းနေပြီး သူ့ကိုကြပခုံးပေါ်မှာထားနေချိန် ငါတို့လို အခြားကျင့်ကြံသူတွေကိုကြ အစားအစာအဖြစ်မှတ်ယူပြီး
တော့သူ့ပါးစပ်ထဲကိုစုပ်ယူ
ကြိတ်ဝါးရတာလဲ”
“အနက်ရောင်သေခြင်းနတ်ဘုရားက ဘီလူးကြီးရဲ့ တရားမဝင်သားများဖြစ်နေတာလား”
“ဘာလို့လဲ..ဘာလို့ဒီလိုဖြစ်ရတာလဲ…”
သွေးနီရောင်သစ်ပင်တစ်ပင်
ပေါ်တွင်ရပ်နေသောယန်ကျုံးက
ဘီလူးကြီး၏ ပခုံးထက်ရှိ အနက်ရောင်ပုံရိပ်အားကြည့်ရင်း
တိုးဖျော့စွာ တီးတိုးရေရွတ်လိုက်သည်။
“မီးတောက်နယ်မြေမှာတုံးကသူက ချော်ရည်မီးတောက်ကို နောက်ဆုံးမှာယူဆောင်သွားတယ်.
.ဒီနေရာကိုဝင်လာတော့လည်း သွေးနီရောင်ရေအားလုံးကိုသူရသွားတယ်.
.အခု လည်းသူက ဘီလူးကြီးရဲ့ သဘောကောင်းမှုကိုရရှိပြီးတော့ သွေးတောင်ထွက်ဆီကိုသွားနေပြန်ပြီး …သူရှိတဲ့ဘယ်နေရာကိုပဲရောက်ရောက် ငါယန်ကျုံးက သူ့ရဲ့ ဖျက်လို့ဖျက်ဆီးလုပ်တာကိုပဲ ခံရတယ်လို့ ခံစားရတယ်…သူကတကယ်ပဲ ဒီနေ့ခေတ် ကောင်းကင်ဘုံအောက်က ပါရမီအရှိဆုံးလူတစ်ယောက်ပဲလား…
ငါယန်ကျုံးကလည်း တစ်ဘဝလုံးကို သူဖိနှိပ်တာကိုပဲ ခံနေရတော့မှာလား”
ယန်ကျုံးက သူ၏လက်သီးများအားလက်သင့်
မခံနိုင်မှုများဖြင့် တင်းကျပ်စွာဆုပ်ထားသည်။ သူ၏မျက်နှာကဖြည်းဖြည်းချင်းရှံ့မဲ့ ကြမ်းကြုတ်ခက်ထန်လာပြီး သူကိုယ်က အနည်းငယ်စတင်၍ တုန်ယင်လာသည်။
ဆက်ရန်..
ဘာသာပြန်သူ-ARISE