အပိုင်း(၂၇၃)
Vol. 19 Ch. 273
ယန်ကျုံးတစ်ယောက်တည်းသည်သာမကဘဲ အနက်ရောက်သံမဏိဓားအား ကျောထက်တွင်သယ်ဆောင်ထားသော အနက်ရောင်ဝတ်တိုက်ခိုက်ရေးဝတ်စုံနှင့် လက်ကောက်ဝတ်တစ်ဖက်တည်းသာရှိသော လူငယ်တစ်ယောက်ကလည်း
ဘီလူးကြီး၏ ကျောထက်တွင်ရှိနေသော အနက်ရောင်ပုံရိပ်အား မကျေမချမ်းမှုများဖြင့်စိုက်ကြည့်နေသည်။ ဤအချိန်၌ သူတို့နှစ်ဦးသားမှာ ရှစ်ဖုန့်အားအတူတကွသတ်ဖြတ်ရန်အတွက် သဘောတူညီမှုတစ်ခု ယူထားသည့်အနေအထား
သို့စိုက်ရောက်နေ၏။ ဤပုဂ္ဂိုလ်အား သူတို့အနေဖြင့် သေချာပေါက် အသက်ဆက်ရှင်ခွင့်ပြုလိုက်၍မဖြစ်ပေ။
ဘီလူးကြီး၏အခွင်းအရေးပေးမှု
ဘာညာဆိုသည်အား ရှစ်ဖုန့်အနေဖြင့်တကယ်တမ်းတွင် အများကြီးဂရုစိုက်မနေပေ။ သူကအန္တရာယ်အနားသတ်ပေါ်တွင် ယခုအချိန်၌ လျှောက်လှမ်းနေခြင်းဖြစ်သည်။ အကယ်၍သူသာ ကျောက်ပြား၏လျှို့ဝှက်ချက်အား
ရှာတွေ့ခဲ့လျှင် နောက်ပိုင်း၌ ဘာပြဿနာမှာ တက်လိမ့်မည်မဟုတ်ပေ။ သို့သော်အကယ်၍ ထို့သို့မဟုတ်ခဲ့ပါက သူ့အနေဖြင့် နောက်ပိုင်း၌ ဘီလူးကြီး၏ပြင်းထန်သောတိုက်ခိုက်မှုအား ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်တို့တောင်ပေါ်သို့ပြေးတက်နေရင်း ရုတ်တရက် သူ၏တစ်ကိုယ်လုံးကတင်းကျပ်လာပြီး အားကောင်းသော မြေဆွဲအားတစ်ခုက အပေါ်မှနေ၍ ဖိကျဆင်းလာသည်။ သူ၏လက်ရှိအနေအထားအရ
ရှစ်ဖုန့်အနေဖြင့် မြေဆွဲအား အဆသုံးဆယ်အောက်သို့ရောက်
ရှိနေခဲ့ပြီဖြစ်သည်။
သို့သော်အဆသုံးဆယ်ဆိုသည်ကား ရှစ်ဖုန့်လက်သင့်ခံနိုင်သောအတိုင်း
အတာအတွင်းရှိလေသည်။ သို့သော်
ထို့နောက် အဆသုံးဆယ်အားလျှင်မြန်စွာဖြတ်
ကျော်သွားပြီး ရှစ်ဖုန့်၏ကိုယ်ပေါ်သို့ မြေဆွဲအား အဆလေးဆယ်က ဖိနှိပ်ကျဆင်းလာ၏။ ဖိအားအောက်တွင် ရှစ်ဖုန့်၏ကိုယ်က ဖြည်းဖြည်းချင်းကွေးညွတ်ကျလာသည်။
“ကြည့်လိုက်အုံး..အနက်ရောင်
သေခြင်းနတ်ဘုရားကို”
ကျင့်ကြံသူတစ်ယောက်၏အမြင်အာရုံက သာမန်လူတစ်ယောက်ထက်ကို
ပင်ကိုယ်အားဖြင့်သာလွန်သည်ဖြစ်သည်။ ဤအချိန်၌ အချို့သောကျင့်ကြံသူများက ရှစ်ဖုန့်၏ ကွေးညွှလာသောကိုယ်ကိုမြင်တွေ့လိုက်ရပြီး တောင်၏တစ်ဝက်သို့ဝင်ရောက်လာခဲ့ပြီးဖြစ်ကြသောကျင့်ကြံသူများက ရုတ်ခြည်းတစ်စုံတစ်ခုအား
တွေးမိသွားကာ နှစ်ထောင်းအားရကျေနပ်စွာ
ဖြင့်ပြောလိုက်သည်။
“ဟားဟား..ဟုတ်တာပေါ့ ဒီတောင်အမြင့်ပိုင်းပိုရောက်လာလေ မြေဆွဲအားကပိုကောင်းလာလေပဲဖြစ်လိမ့်မယ်..အခုချိန် ဒီကောင့်ပေါ်မှာကျရောက်နေတဲ့ မြေဆွဲအားက အနည်းဆုံးအဆသုံးဆယ်လောက်ဖြစ်လောက်တယ်….ဟမ့် ….အဆသုံးဆယ်ကနေ သူအပေါ်ထပ်ရောက်တာနဲ့ အဆလေးဆယ်ဖြစ်မှာပဲ..အဆငါးဆယ် အဆခြောက်ဆယ်…ဟမ့် သူဘယ်လောက်ထိကြာကြ
ထိန်းထားနိုင်မလဲဆိုတာကို ကြည့်ကြတာပေါ့”
“သူ့ကိုခြေမွပစ်…သူ့ကိုသေတဲ့အထိခြေမွပစ်”
အချို့သောကျင့်ကြံသူများက ရှစ်ဖုန့်အနေဖြင့် ဘီလူးကြီး၏အခွင့်အရေးပေးမှုအားရသွားသည်ကိုမြင်တွေ့ရသောအခါတွင် မနာလိုမှုများဖြင့်ပြောလိုက်ကြသည်။
“သေအောင်ခြေမွပစ်လိုက်စမ်း”
ယန်ကျုံးသည်ပင် သူ၏လက်သီးများအားခပ်တင်းတင်းဆုပ်၍ ကျိန်ဆဲလိုက်သည်။
“ဂရုစိုက်ပါ”
မင်းသမီးကျိယွင်သည်လည်း ရှစ်ဖုန့်၏ အခြေအနေအားသတိထားမိသည်ဖြစ်သည်။ အဘယ့်ကြောင်မှန်းမသိသော်လည်း သူမနှင့်သိတာကြာမြင့်သေးခြင်းမရှိသော ဤလူငယ်လေးအတွက်သူမ အနေဖြင့် စိုးရိမ်ပူပန်မှုဖြစ်မိသည်။ ထို့နောက်မင်းသမီးကျိယွင်ကသူမကိုယ်သူမ ပြန်၍ မေးခွန်းထုတ်မိလိုက်သည်။
“ငါတကယ်ပဲ သူ့အပေါ်မှာ ခံစားချက်တွေ ဖြစ်နေတာများဖြစ်နိုင်မလား…ဒါက..ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…သူက
ယောက်ျားတစ်ယောက်ပဲဟာ…”
မြေဆွဲအားအဆလေးဆယ်၏ ဖိအားအောက်တွင် ရှစ်ဖုန့်၏ကွေးညွှတ်ကျသွားသောကိုယ်က လျှင်မြန်စွာပြန်လည်ထောင်မတ်လာသည်။ သို့သော် မြေဆွဲအားအဆငါးဆယ်က လျှင်မြန်စွာရောက်ရှိလာသည်။ ရှစ်ဖုန့်၏ ပါးစပ်အတွင်းတွင် သူ၏မူလစွမ်းအင်းများအားပြန်လည်၍ ဖြည့်တင်းနိုင်သော ဆေးလုံးများဖြင့် ပြည့်နှက်နေပြီးဖြစ်သည်။
သူ၏စွမ်းအင်တော်တော်များများအား ကုန်ဆုံးလုနီးပါးဖြစ်ပြီးသည့်နောက်တွင် သူကဆေးလုံးများအားလျှင်မြန်
စွာမျိုချလိုက်သည်။
သူ၏ကိုယ်တွင် သွေးနီရောင်မီးတောက်တို့စတင်တောက်လောင်လာပြီး သူက ငရဲဘုံကိုးခု အမှောင်စွမ်းအင်ကိုအသက်သွင်း၍ အဆက်မပြတ်လှည့်ပတ်လိုက်ပြီး ကျဆင်းလာသောမြေဆွဲအားအား ခုခံလိုက်သည်။ ထို့နောက်သူက မြေအောက်အခန်းမှသူရရှိခဲ့သည့် သွေးရောင်ချပ်ဝတ်ကိုလည်း သူ့အားကာကွယ်မှုပြုလုပ်ရန်အတွက် အသုံးပြုလိုက်သည်။
“အဲ့ချပ်ဝတ်”
ရှစ်ဖုန့်ကသွေးချပ်ဝတ်အား အသုံးပြုလိုက်သောအခါတွင် အနက်ရောင်သံမဏိဓားကြီးအား ကျောထက်တွင် သယ်ဆောင်ထားသောလူငယ်၏
မျက်နှာထက်၌ ဒေါသအမျက်ခြောင်းခြောင်းထွက်သော အမူအယာတို့ထွက်ပေါ်လာသည်။ ဤချပ်ဝတ်က မူလကသူ၏ပစ္စည်းဖြစ်သော်လည်း နောက်ဆုံးတွင် သူ့အနေဖြင့်၎င်းအားမရရှိခဲ့ရုံသာမကဘဲ ၎င်းကြောင့် သူ၏လက်တစ်ဖက်ကိုပင် ဆုံးရှုံးခဲ့ရသည်။ ယခုအခါ၌သူ၏
ဘယ်လက်မှာ ဘာမှမရှိတော့ပြီဖြစ်လေသည်။
“အား”
ဒေါသတရားတို့ကြောင့် အနက်ရောင်သံမဏိဓားနှင့်လူငယ်မှာ ကောင်းကင်ထဲသို့မော့ကြည့်လိုက်ပြီး သားရဲရိုင်းတစ်ကောင်ကဲ့သို့အော်
ဟစ်လိုက်သည်။ အော်သံကကောင်းကင်နှင့်မြေကြီးကြား၌ ပဲ့တင်ထပ်သွားသည်။
“အာ..မင်းကဘာလို့ သရဲတစ်ကောင်လိုမျိုး အော်ဟစ်နေရတာလဲ”
ရုတ်တရက် အနက်ရောင်သံမဏိဓားပိုင်ရှင်
လူငယ်လေးရှိရာနှင့်သိပ်မဝေးလှသော သွေးနီရောင်သစ်ပင်တစ်ပင်ပေါ်ရှိ ဘီလူးကြီး၏ အခွင့်အရေးပေးမှုကိုရသွားသော ရှစ်ဖုန့်အား မနာလိုဖြစ်နေသည့် ကျင့်ကြံသူတစ်ယောက်က တစ်စုံတစ်ယောက်၏ ရုတ်ခြည်း အရူးကဲ့သို့ထအော်သံကိုကြားလိုက်ရသည်။ သူကအလျှင်အမြန်ပဲ စိတ်မရှည်စွာဖြင့်ပြောလိုက်သည်။
“ဘာလဲ မင်းရူးသွားတာလား”
“ဟုတ်တယ်”
အသံအားကြားလိုက်ရသောအခါတွင် အနက်ရောင်သံမဏိဓားနှင့်လူငယ်က သူ၏ဒေါသထွက်နေသောမျက်
လုံးများဖြင့်လှည့်၍ ထိုကျင့်ကြံသူအား ကြမ်းကြုတ်သောသားရဲတစ်ကောင်ကဲ့သို့ စိုက်ကြည့်လိုက်သည်။
ဒေါသတကြီးစိုက်ကြည့်ခံလိုက်
ရသောအခါတွင် ထိုကျင့်ကြံသူ၏ နှလုံးသားထဲ၌ အေးစိမ့်မှုကိုခံစားလိုက်ရသည်။ သို့သော် ထို့နောက်သူကတွေးလိုက်သည်။
“ငါတို့နှစ်ယောက်လုံးက ဆရာသခင်နယ်ပယ်မှာပဲဟာ ..ဘာလို့ငါကသူ့ကိုကြောက်ရမှာလဲ…”
ဤအရာအားတွေးမိသောအခါတွင် လူငယ်ကျင့်ကြံသူက အထင်သေးမှုအပြည့်ဖြင့်ပြောလိုက်သည်။
“ဘာလဲ ..မင်းက လက်သင့်မခံနိုင်ဘူးလား”
အနက်ရောင်သံမဏိဓားနှင့်လူငယ်က သွေးနီရောင်သစ်ပင်ထိပ်မှ လျှင်မြန်စွာခုန်ချလိုက်သည်။ သူက ထိုကျင့်ကြံသူရှိရာသစ်ပင်ဆီသို့ခုန်လိုက်၏။ တစ်ချိန်တည်းမှာပင် “ထန်” ဆိုသောအသံနှင့်အတူ သူ့နောက်ကျောတွင်ရှိသော အနက်ရောင်သံမဏိဓားအား ဓားအိမ်မှထုတ်လိုက်သည်။ သူကသူ၏ညာလက်ဖြင့်ဓားအား
တင်းကျပ်စွာဆုပ်ကိုင်ပြီး လူငယ်ကျင့်ကြံသူထံသို့ ဦးတည်၍ ခပ်မြင့်မြင့်မြှောက်လိုက်သည်။ ထို့နောက်အောက်သို့ပြင်းထန်စွာ
ခုတ်ပိုင်းချလိုက်၏။ျ
“သေစမ်း…ခွေရူးကောင်”
အနက်ရောင်သံမဏိဓားက ကျဆင်းလာသည်အားတွေ့
လိုက်ရသောအခါတွင် လူငယ်ကျင့်ကြံသူကရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ချက်ချင်းပဲ သူ၏လက်အတွင်း၌ ဓားရှည်တစ်ချောင်းကပေါ်လာ၏။ သူခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်အားလုံးအားအသုံးပြုလိုက်ပြီး ဓားရှည်က အဖြူရောင်အလင်းတို့ တလက်လက်လင်းလက်လာသည်။ သူက၎င်းအား သူ့ခေါင်းထက်၌ ရေပြင်ညီအတိုင်း မြှောက်လိုက်ပြီး ခုတ်ပိုင်းကျဆင်းလာသော အနက်ရောင်သံမဏိဓားအား တားဆီးလိုက်သည်။
“သေလိုက်စမ်း”
အနက်ရောင်သံမဏိဓားနှင့်လူငယ်က ဒေါသတကြီးအော်ဟစ်လိုက်သည်။ အနက်ရောင်သံမဏိဓားက ရုတ်တရက် အဖြူရောင်အလင်းတို့လင်းလက်နေသော ဓားရှည်ပေါ်သို့ကျရောက်သွားသည်။ ထို့နောက်တွင် “ထန်”ဆိုသောအသံနှင့်အတူ လူငယ်ကျင့်ကြံသူ၏ ထိတ်လန့်တုန်လှုပ်နေသော
မျက်နှာအောက်၌ ဓားရှည်မှာကျိုးသွားခဲ့သည်။ အနက်ရောင်သံမဏိဓားက သူ၏မျက်လုံးအတွင်း၌ ဖြည်းဖြည်းချင်း ကြီးမားလာပြီး သူ၏မျက်နှာအားခုတ်ပိုင်းသွားသည်။
“မဟုတ်ဖူး”
ကြောက်ရွံ့မှုနှင့် လက်သင့်မခံနိုင်သော အော်ဟစ်သံတစ်ခုနှင့်အတူ အနက်ရောင်သံမဏိဓားကြီးကြောင့် သွေးဓားမှာ နှစ်ပိုင်းပြတ်သွားခဲ့သည်။ နီရသောသွေးများက နေရာအနှံ့ပျံ့ကြဲသွားပြီး ၎င်း၏ အလောင်းအပိုင်းနှစ်ခုက မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။
“အား”
အနီးအနားတွင်ရှိနေကြသော ကျင့်ကြံသူအချို့မှာ တစ်စုံတစ်ယောက်က ရုတ်တရက် စိတ်လွတ်လက်လွတ်ထ၍ သတ်ဖြတ်နေသည်ကိုမြင်တွေ့လိုက်ကြရသည်။ အနက်ရောင်သံမဏိဓားနှင့်လူငယ်၏ မျက်နှာမှာ ကြမ်းကြုတ်ခက်ထန်နေပြီး မျက်နှာထက်တွင်သွေးများဖြင့်စွန်းထင်းနေသည်။ သူ၏ပုံစံမှာ တစ္ဆေမိစ္ဆာတစ်ပါးကဲ့သို့ဖြစ်၏။သူတို့က သစ်ပင်များပေါ်မှ လျှင်မြန်စွာခုန်ချလိုက်ပြီး ဤမိစ္ဆာ၏လက်မှ အဝေးသို့ထွက်ပြေားလိုက်ကြသည်။
ဤအချိန်၌ ရှစ်ဖုန့်မှာ သာမန်မြေဆွဲအား၏ အဆခြောက်ဆယ်ကို ကြုံတွေ့ခံစားနေရပြီဖြစ်၏။ မူလက သူ၏လက်ရှိခွန်အားဖြင့်ဆိုလျှင် သူ၏တစ်ကိုယ်လုံးက သာမန်မြေဆွဲအားအဆခြောက်ဆယ်ကို ဖိကျခံစားရလိမ့်မည်ဖြစ်သည်။ သို့သော် သွေးနီရောင်မီးတောက်နှင့် သွေးချပ်ဝတ်တို့၏ကာကွယ်မှုအောက်တွင် အခြေအနေကတော်တော်လေး
တိုးတက်သွားခဲ့သည်။ ထိုသို့ဆိုလျှင်တောင်သူ့အနေဖြင့် ပုံမှန်ထက်ပို၍ အင်တိုက်အားတိုက်လုပ်ဆောင်ရမှု
ကိုခံစားရဆဲဖြစ်သည်။
ထို့နောက်တွင် မြေဆွဲအားက အဆခုနှစ်ဆယ်ဖြစ်လာသည်။ ရှစ်ဖုန့်၏ ထင်မြင်ယူဆချက်အရ
ဤအကွာအဝေးမှနေ၍ အကယ်၍သူသာ တောင်ထိပ်သို့ရောက်ရှိခဲ့လျှင် မြေဆွဲအားက အနည်းဆုံး အဆတစ်ရာခန့်ရောက်ရှိလိမ့်မည်ဖြစ်သည်။
“မြေဆွဲအား အဆတစ်ရာ..သောက်ချီးပဲ”
အကယ်၍သူ၏ကျင့်ကြံမှုနယ်
ပယ်သာဖိနှိပ်ခြင်းမခံထားရဘူးဆိုလျှင် မြေဆွဲအားအဆတစ်ရာမပြောနှင့် မြေဆွဲအား အဆနှစ်ရာဆိုလျှင်တောင်
သူ၏အဆင့်ငါး ကာယခန္ဓာနှင့် ကြယ်တစ်ပွင့်ဘိုးဘေးနယ်ပယ်စွမ်းအားတို့ဖြင့် ယင်းမြေဆွဲအား၏ သုံးလေးဆိုပင် သူ ရပ်တည်နိုင်လိမ့်မည်ဖြစ်သည်။ သို့သော် ယခုက…..
မျက်စိတစ်မှိတ်အတွင်း ဘီလူးကြီးက ရှစ်ဖုန့်အား မြေဆွဲအား အဆရှစ်ဆယ်နယ်ပယ်အတွင်း
သို့ခေါ်ဆောင်လာခဲ့သည်။ သွေးနီရောင်မီးတောက်လူသား
အဖြစ်ပြောင်းလဲထားသောရှစ်ဖုန့်၏ ကိုယ်က ပြင်းထန်စွာဖိနှိပ်ခံလိုက်ရပြီး ခါးကုန်းကုန်းနှင့် မီးတောက်လူသားတစ်ယောက်ကဲ့သို့ဖြစ်နေသည်။ သွေးနီရောင်မီးတောက်အတွင်းရှိ ရှစ်ဖုန်ဖုန့်၏မျက်နှာက ပိုပြီးခက်ထန်လာသည်။ သူကသူ၏လက်သီးအား တင်းတင်းကျပ်ကျပ် ဆုပ်ထားပြီး သူ၏ ကိုယ်က စတင်၍ အနည်းငယ် တုန်ယင်လာသည်။ သူ၏ပါးစပ်အတွင်းထည့်သွင်းထားသော မူလစွမ်းအင်ပြန်လည်ဖြည့်တင်းဆေးလုံးများအားတစ်ခုပြီးတစ်ခု ရှစ်ဖုန့်မျိုချလိုက်သည်။
မြေဆွဲအားအဆရှစ်ဆယ်က ရှစ်ဖုန့်အတွက်လုံလောက်နေပြီဖြစ်သည်။ ရှစ်ဖုန့်အား စောင့်စားနေသည့်အရာက မြေဆွဲအား အဆကိုးဆယ်သို့မဟုတ် မြေအဆွအား အဆတစ်ရာပင်ဖြစ်လေသည်။
“အား”
ရှစ်ဖုန့်ကခပ်ကြမ်းကြမ်းပဲအော်ဟစ်လိုက်သည်။ သွေးနီရောင်မီးတောက်အတွင်းရှိနေသော ငယ်ရွယ်သည့်မျက်နှာလေးက ရှုံးနိမ့်မှုအား ဝန်ခံရန် လက်သင့်မခံနိုင်ဖြစ်နေသည်။ ထို့နောက်သူက အံကိုတင်းတင်းကြိတ်လိုက်ပြီး သူ၏ ကိုင်းညွှတ်နေသောကိုယ်အား အတင်းအကျပ် တည့်မတ်လိုက်သည်။
“မြေဆွဲအား အဆရှစ်ဆယ်..မြေဆွဲအားအဆ
ရှစ်ဆယ်ဖြစ်တော့ရောဘာဖြစ်သေးလဲ…ငါ့မှာငါ့ရဲ့ကိုယ်ကိုကာကွွယ်ဖို့အတွက် သွေးနီရောင်မီးတောက်နဲ့ သွေးချပ်ဝတ်ရှိနေတယ်..မြေဆွဲအား
အဆရှစ်ဆယ်လောက်က ငါ့ကိုမသတ်နိုင်ဘူး…အား..”
အံကိုတင်းတင်းကြိတ် လက်သီးကိုတင်းတင်းဆုပ်ထားပြီး သူ၏ ခန္ဓာကိုယ်က တန်ယင်နေသည်။ ရှစ်ဖုန့်က သူ၏ကွေးညွှတ်နေသောကိုယ်အား အတင်းအကျပ်ပြန်တည့်မတ်လိုက်ပြီး အော်ဟစ်လိုက်သည်။
“လူသားလေး ..မင်းအဆင်ပြေရဲ့လား “
ဤအချိန်၌ ပြေးလွှားနေသောဘီလူးကြီးက တစ်ခုခုမှားယွင်းနေသည်ကို သတိပြုမိသွားပြီး ပြေးနေရာမှ ရပ်တန့်လိုက်ကာ ရှစ်ဖုန့်အား မိုးခြိမ်းသံကဲ့သို့ အသံကြီးဖြင့်မေးလိုက်သည်။ ရှစ်ဖုန့်ကသူ၏မျှော်လင့်ချက်ဖြစ်သည်။
ထို့ကြောင့်သူ့အနေဖြင့် ဂရုစိုက်ရမည်ဖြစ်၏။
ဆက်ရန်…
ဘာသာပြန်သူ-ARISE