အပိုင်း (၂၇၄)
Vol. 19 Ch. 274
ရှစ်ဖုန့်ကသူ၏ကိုယ်အား တည့်မတ်ရုံရှိသေးသည်
ဘီလူးကြီး၏ မိုးခြိမ်းသံကဲ့သို့ အော်သံအားကြားလိုက်ရသည်။ ရှစ်ဖုန့်ကဘီလူးကြီးအား
အော်ပြောလိုက်သည်။
“စကားများမနေနဲ့ ..တောင်ပေါ်ကိုသာဆက်ပြီးတက်စမ်းပါ”
ကျယ်လောင်သောအော်ဟစ်သံနှင့် “စကားများမနေနဲ့”ဟူသော စကားတစ်ခွန်းက ဘီလူးကြီးအား အနည်းငယ်ကြက်သေသေသွားစေသည်။
စဉ်းစားကြည့်လျှင်သူက လူသေးသေးလေး၏ အပြစ်တင်သည့်လေသံဖြင့် အော်ဟစ်ခြင်းအား ခံခဲ့ရခြင်းဖြစ်သည်။ အရင်တုံးကဆိုလျှင် ဤလူပိစိမျိုးနွယ်စုက သူ့အတွက်အစားအစာထက်
ဘာမှပိုခြင်းမရှိချေ။ ထိုလူပိစိလေးက ဤနေရာမှထွက်ခွာသွားနိုင်မည်ဟူ
သောမက်လုံးအားပေးထားခြင်း
ကြောင့်သာမဟုတ်ခဲ့လျှင် သူ့အနေဖြင့်၎င်းအားသေသည်
အထိဖြတ်ရိုက်လိုက်ပြီး တကြွတ်ကြွတ်ဝါးစားပစ်လိုက်ပြီဖြစ်သည်။
သူ့အနေဖြင့် မပျော်မရွှင်ဖြစ်သွား
ရသော်လည်း ဘီလူးကြီးမှာ ရှစ်ဖုန့်အားသေသည်အထိရိုက်နှက်ပြီး သူ၏မျှော်လင့်ချက်လေးအား ကွယ်ပျောက်သွားစေနိုင်သည့် ပြင်းပြသော ဆန္ဒကို ခုခံတွန်းလှန်လိုက်သည်။
“ဟမ့်”
ထို့နောက်တွင်မာနကြီးသော ဘီလူးကြီးက မိုးခြိမ်းသံကဲ့သို့အသံတစ်ခုကို အော်ဟစ်လိုက်သည်။ ဒေါသထွက်စွာဖြင့်သူက တောက်ထိပ်ပေါ်သို့တစ်ဟုန်ထိုး
ထပ်မံသွားလိုက်သည်။
“ဘန်း.ဘန်း..ဘန်း..ဘန်း..”
ဘီလူးကြီးကပြေးလွှားနေရင်း
ကြည့်ရှုခြင်းပင်မရှိချေ။ သူ၏လမ်းကြောင်းတွင်တည်ရှိနေ
သောအရာမှန်သမျှ အဝေးသို့ကန်ထုတ်ခံလိုက်ရပြီး ကန်ချက်တစ်ချက်တည်းဖြင့် အပိုင်းပိုင်း ကြေမွပျက်စီးသွားခဲ့သည်။
မကြာခင်တွင် ဘီလူးကြီးကရှစ်ဖုန့်အာ မြေဆွဲအားအဆကိုးဆယ် နေရာသို့ခေါ်သွားခဲ့သည်။ ရုတ်တရက်မြေဆွဲအားက ဆယ်ဆတိုးများလာခဲ့သည်။ ရှစ်ဖုန့်ကမြေဆွဲအားဆယ်ဆ၌
သူ၏ကိုယ်အား တည့်မတ်နေရန် အပြင်းအထန်းရုန်းကန်လှုပ်ရှားခဲ့
သော်လည်း သူ့အနေဖြင့်ထပ်မံ၍ မြေဆွဲအား၏ဖိကျဆင်းလာမှုကိုခံ
လိုက်ရပြန်သည်။ ဤအချိန်၌ သူ့နေဖြင့် အလွန်ကြီးအားလေးလံသော တောင်ကြီးတစ်လုံးက သူ၏ကျောပေါ်သို့ ရောက်ရှိနေသလိုခံစားရသည်။ ရှစ်ဖုန့်၏ ကိုယ်မှာ အပိုင်းပိုင်းဖြစ်ရန် ခြေမွခံလာရပြီဖြစ်၏။
“ဟ”
ရှစ်ဖုန့်ကကောင်းကင်ထက်သို့မော့၍ အော်လိုက်သည်။ သွေးနီရောင်မီးတောက်အတွင်းရှိနေသော သူ၏မျက်နှာက မှတ်မိနိုင်စွမ်းထက်ကျော်လွန်အောင်
ရှုံ့မဲ့နေခဲ့ပြီဖြစ်သည်။
“ဟစ်.ခရက်..ခရက်..ခရက်..”
သူ၏အသွေးအသားတို့၏အပိုင်းပိုင်း
ဆုတ်ပြဲသံနှင့် ပဲစေ့များကွဲကြေသကဲ့သို့သူ၏အရိုး
များကွဲအက်သံတို့က ထွက်ပေါ်လာသည်။
“ငရဲဘုံကိုးခုက ဘယ်တော့မှဖျက်ဆီးမခံရဘူး..
ထာဝရတည်ရှိနေမှာ”
ရှစ်ဖုန့်က အသံနိမ့်ဖြင့်အော်ဟစ်
လိုက်စဉ်တွင် သူ၏လက်တို့ကလည်း ထူးဆန်းပြီး နက်နဲသော ဆီးလ်တစ်ခုအဖြစ်ဖွဲ့စည်းပြီးဖြစ်သည်။ ထို့နောက်၌ အံ့ဖွယ်ကောင်းလောက်အောင်များ
ပြားလှသောကုသရေးဆေးလုံးများအား သူ၏ပါးစပ်အတွင်းသို့မျိုချ၍ သူ၏ဒဏ်ရာများအား ကုသလိုက်သည်။
“ဟမ်”
ရုတ်တရက် ဆန်းကြယ်သောခံစားချက်တစ်ခုက ရှစ်ဖုန့်၏ ကိုယ်အထက်မှလာသည်ကိုခံစား
လိုက်ရသည်။ ထို့နောက်တွင်ရှစ်ဖုန့်၏ တစ်ကိုယ်လုံးသက်တောင့်သက်
သာဖြစ်သွားပြီး သူ၏ကိုယ်ပေါ်ရှိမြေဆွဲအားမှာလည်း ပျောက်ကွယ်သွားသည်။
“ဘီလူးကြီးကငါ့ကို မြေဆွဲအားကွင်းပြင်ဘက်ကို ခေါ်ထုတ်လာတာများဖြစ်နိုင်မလား..
အဲ့လိုမဟုတ်သေးဘူး……..ငါကတောင်ထိပ်နဲ့ အကွာအဝေးတစ်ချို့မှာပဲရှိနေသေးတယ်….
ယထာဘူတာကျကျပြောရမယ်ဆိုရင် ငါဝင်ရောက်လာခဲ့တယ် ဒီနေရာဧရိ ယာက မြေဆွဲအား အားအကောင်းဆုံးဧရိယာဖြစ်သင့်တာ “
“အဲ့အစောပိုင်းတုန်းက ခံစားချက်”
ရှစ်ဖုန့်က စိတ်ကူးယဉ်ဆန်ပြီး ဆန်းကြယ်သည့်ခံစားချက်အား ပြန်အမှတ်ရလိုက်ကာ ချက်ချင်းပဲ တောင်ထိပ်ပေါ်တွင်ရှိနေသည့် သွေးကျောက်ပြားကို
မော့ကြည့်လိုက်သည်။ ထိုခံစားချက်က သွေးကျောက်ပြားထံမှာ လာပုံရသည်။ ဤအချိန်၌ သွေးကျောက်ပြားထံသို့သူကြည့်
လိုက်သောအခါတွင် ရှစ်ဖုန့်၌ အံ့ဖွယ်ကောင်းသော ခံစားချက်တစ်ခုရှိနေသည်။
“မဖြစ်နိုင်တာကြီး..သွေးကျောက်ပြားက ဒီမှာ သခင်ဖြစ်သူကိုရွေးချယ်ဖို့စောင်နေ့ပြီး ဒီသခင်လေးက ရွေးချယ်ခဲ့ရတဲ့အထိ ဒီသခင်လေးရဲ့ကံဇာတာက အရမ်းတွေကောင်းနေတာများဖြစ်နိုင်မလား..”
ရှစ်ဖုန့်က အံ့အားသင့်မှုအချို့ဖြင့်ပြောလိုက်သည်။ ထူးဆန်းသောရတနာများက သူတို့၏သခင်ဖြစ်သူအားရွေးချယ်သည့် ဇတ်လမ်းများက နေရာအနှံ့၌ ပျံ့နှံ့ရှိနေပြီးသားဖြစ်သည်။ သို့သော် ရှစ်ဖုန့်ကထိုကဲ့သို့သော အရာများအား ယုံကြည်ခြင်းမရှိပေ။ အကယ်၍ လူတစ်ယောက်က ထူးဆန်းသောရတနာများအတွက် တိုက်ခိုက်လိုလျှင် သူတို့အနေဖြင့်သူတို့၏ ကိုယ်ပိုင်ခွန်အားအပေါ်တွင်သာ မှီခိုအားထားမှုပြုရလိမ့်မည်ဖြစ်သည်။
ထိုအချိန်က အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က သူ့အားရွေးချယ်ခဲ့သော်လည်း ထိုအရာက သူ့အတွက်အသုံးပြုရန်မဟုတ်ဘဲ သူ၏ ရတနာလည်းဖြစ်မလာခဲ့ပေ။
ထိုအစား၎င်းက သူ၏ကိုယ်အတွင်းတွင် နေထိုင်နေပြီး သူ့အနေဖြင့် ၎င်းအားအဝေးသို့မည်ကဲ့သို့
မောင်းထုတ်ရမည်ကိုလည်း သူမသိချေ။
ထိုအချိန်ကသူ့အား အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က
ရွေးချယ်ခဲ့ခြင်းမှာ သူကအရမ်းကိုစွမ်းအားကြီး
နေခဲ့သောကြောင့်သာဖြစ်သည်။
သို့သော်ယခုအခါတွင်တော့ ရှစ်ဖုန့်အနေဖြင့် သွေးနီရောင်ကျောက်ပြားမှ အံ့ဩဖို့ကောင်းသောခံစားချက်ကို ခံစားရသည်ဖြစ်သည်။
“ဘန်း..ဘန်း..ဘန်း..ဘန်း..ဘန်း..”
ဘီလူးကြီးက သွေးနီရောင်တောင်တန်းအတွင်း၌ ဆက်လက်၍ ပြေးလွှားနေဆဲဖြစ်သည်။ သွေးနီရောင်ကျောက်ပြားနားသို့
ရှစ်ဖုန့်နီးကပ်လာလေ ခံစားချက်က ပို၍ ရှင်းလင်းလာလေဖြစ်သည်။ အဆုံးသတ်၌ ရှစ်ဖုန့်က သူ၏ကိုယ်ပေါ်၌ တောက်လောင်နေသော သွေးနီရောင်မီးတောက်များအား
ရိုးရှင်းစွာပင် ရုတ်သိမ်းလိုက်သည်။
“ဘန်း”
နောက်ဆုံး၌ ကျယ်သော်သောမြည်ဟိန်းသ
ံကြီးတစ်ခုထွက် ပေါ်လာသည်။ ဘီလူးကြီးက တောင်ထိပ်နှင့်နီးကပ်လာသောအခါတွင် ၎င်း၏ဧရာမကိုယ်ကြီးအား လှမ်းခုန်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာဆင်းသက်လိုက်သည်။ ဘီလူးကြီး၏ ဆက်ခနဲလှုပ်ခတ်
မှုအောက်တွင် တောင်တစ်ခုလုံးမြည်ဟိန်းသွားပြီး နောက်တစ်ကြိိမ်ပြင်းထန်စွာလှုပ်
ခါသွားရသည်။
ဘီလူးကြီး၏နောက်သို့လိုက်ပါ၍
နောက်ဆုံး၌ ရှစ်ဖုန့်မှာတောင်ထိပ်ပေါ်သို့
ရောက်ရှိသွားခဲ့သည်။ ဤအချိန်၌
သူ့အနေဖြင့် သွေးကျောက်ပြားဖြင့်လည်းနီး
ကပ်နေခဲ့ပြီဖြစ်၏။ အံ့ဖွယ်ကောင်းသောခံစားချက်က သွေးကျောက်ပြားထံမှလာနေခြင်း
ဖြစ်ကြောင်း ရှစ်ဖုန့်သေချာသည်ဖြစ်သည်။
“ကျုပ်ကို ဒီကျောက်ပြားကို
ချိုးဖျက်ဖို့အတွက် အရင်ဆင်းခွင်ပေး”
ရှစ်ဖုန့်ကဘီလူးကြီးကိုပြောလိုက်သည်။
“အိုး”
ဘီလူးကြီးက သူ၏ခေါင်းကြီးအားညိမ့်ပြလိုက်သည်။ ထို့နောက် သူ၏ကြီးမားသောလက်ကြီး
အားဆန့်ထုတ်၍ ရှစ်ဖုန့်အား ညင်သာစွာဆုပ်ကိုင်လိုက်သည်။ ထို့နောက်ကိုယ်ကိုကိုင်းညွတ်ပြီး ဂရုတစိုက်ဖြင့်ရှစ်ဖုန့်အား မြေပြင်ပေါ်သို့ချပေးလိုက်သည်။
ဘီလူးကြီးက မလိုလားအပ်
သောစကားများ သို့မဟုတ် ခြိမ်းခြောက်စကားများကိုပြော
ကြားခြင်းမရှိချေ။ သူကရှစ်ဖုန့်အား လျင်မြန်စွာငုံ့ကြည့်လိုက်သည်။ သူ့အနေဖြင့် ကျောက်ပြားအား ဖျက်ဆီးနိုင်ခဲ့လျှင် အကောင်းဆုံးဖြစ်သည်။ ထိုသို့မဟုတ်ပါက သူ့အနေဖြင့် ဒီလူပိစိလေးအား သေသည်အထိ တိုက်ရိုက်ရိုက်သတ်ရလိမ့်မည်ဖြစ်သည်။
သွေးနီရောင်မြေပြင်ထက်တွင်ရပ်ပြီး
ရှစ်ဖုန့်က ဧရာမ သွေးကျောက်ပြားထံသို့ချဉ်းကပ်လိုက်သည်။ သွေးနီရောင်နှင့်ဧရာမဖြစ်နေသည်မှလွဲ၍ ကျောက်ပြားနှင့်ပက်သက်ပြီး ဘာမှ ထူးခြားခြင်းမရှိပေ။ ၎င်းအပေါ်၌ ဘာအင်းစာလုံးများ အစီအရင်များလည်းရှိမနေပေ။ သို့သော် ၎င်းနားသို့အရမ်းနီးကပ်လာသောအခါတွင် ထူးဆန်းသောခံစားချက်က ပုံမှန်ထက်ပို၍ ရှင်းလင်းလာပြီး သိသာလာသည်။
ယင်းမှ တစ်စုံတစ်ခုက အခြားတစ်စုံတစ်ခုအားဆင့်ခေါ်
နေသကဲ့သို့ဖြစ်သည်။
“ခင်ဗျားတစ်ခုခုကို ရှာတွေ့တာ ဒါမှမဟုတ် အာရုံခံမိတာရှိလား”
ရှစ်ဖုန့်က သူ၏ဝိညာဉ်စွမ်းအား
ကိုအသုံးပြု၍ ကောင်းကင်မီးတောက်အား
ဆက်သွယ်မေးမြန်းလိုက်သည်။
“ဟင့်အင်း”
ကောင်းကင်မီးတောက်က ပြန်ဖြေလိုက်သည်။
“ကောင်လေး ဒီအရှင်ခုဏကလည်းပြောခဲ့တယ် မင်းကမင်းပြဿနာကို မင်းဟာမင်းမီးခွက်ထွန်းရှာနေတာလို့…
ဒီကျောက်ပြားပေါ်မှာ ဒီအရှင်ဘာထူးချက် ဒါမှမဟုတ် စိတ်ဝိညာဉ်အစီအရင်ကိုမှ မမြင်နိုင်ဘူး…မင်းအနေနဲ့ အချိန်မရွေးထွက်ပြေးနိုင်ဖို့ကိုပြင်ဆင်ထားသင့်တယ်..အဲ့လိုမှမဟုတ်ပဲ အဲ့ဘီလူးက ဒီကျောက်ပြားကို အပိုင်းပိုင်းဖြစ်အောင်ထုရိုက်ရင် ဒီအရှင်ပါ သေရလိမ့်မယ်”
“ခင်ဗျားမမြင်နိုင်ဘူးဆိုတိုင်း ဒီသခင်လေး
က မမြင်နိုင်ဘူးလို့ဆိုလိုတာမဟုတ်ဖူး”
ရှစ်ဖုန့်ကပြောလိုက်သည်။ထို့နောက်
သူကနောက်ထပ်ခြေတစ်လှမ်းတိုးလိုက်ပြီး သွေးကျောက်ပြားနှင့်နီးနီးသို့
ချဉ်းကပ်လိုက်သည်။ ထို့နောက်ရှစ်ဖုန့်ကသူ၏လက်အား
ဆန့်ထုတ်လိုက်ပြီး သွေးနီရောင်ကျောက်ပြားပေါ်သို့
ဖိကပ်လိုက်သည်။
ရှစ်ဖုန့်၏လက်က သွေးကျောက်ပြားအားထိလိုက်သည့် အခိုက်အတန့်တွင်..
“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း.”
ရုတ်တရက်သွေးကျောက်ပြားက ပြင်းထန်စွာလှုပ်ခါလာပြီး ကျယ်လောင်သောမြည်ဟိန်းသံများက အတွဲလိုက်ထွက်ပေါ်လာသည်။
ဘီလူးကြီးကအရင်ဆုံးတုန်လှုပ်
အံ့အားသင့်သွားခဲ့သည်။ ထို့နောက်သူ၏ ကြမ်းတမ်းသောမျက်နှာထက်၌ စိတ်လှုပ်ရှားပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။
“သူ..သူတကယ်ကြီး ကျောက်ပြားကို ချိုးဖျက်နိုင်တယ်…သူတကယ်လုပ်နိုင်တယ်..
နောက်ဆုံးတော့ငါအိမ်ပြန်နိုင်ပြီ..
နောက်ဆုံးတော့ ငါအိမ်ပြန်နိုင်ပြီကွ..”
ဘီလူးကြီးက သွေးကျောက်ပြားနား နှစ်ပေါင်းများစွာ ထိုးနှက်ရိုက်
နှက်ခဲ့သော်လည်း ကျောက်ပြားက တစ်ခါမျှ လှုပ်ရှားခြင်းမရှိခဲ့ချေ။ သို့သော် ဤလူပိစိလေးက ကျောက်ပြားပေါ်သို့ တစ်စုံတစ်ခုဖြင့် ထိခဲ့ပုံရပြီး ၎င်းအား တုန်ခါအောင်ပြုလုပ်ခဲ့သည်။
သွေးရောင်တောင်ထွတ်ပေါ်တွင် ဤနေရာသို့လာခဲ့ကြသောကျင့်ကြံသူများမှာ အားလုံးက တောင်ထိပ်ပေါ်ရှိလှုပ်ရှားမှုများကို အာရုံစိုက်နေကြသည်ဖြစ်သည်။ ဤအချိန်၌ ရှစ်ဖုန့်က ကျောက်ပြားအား ထိလိုက်သည်ကို မြင်တွေ့လိုက်ကြရသောအခါတွင် သူတို့က နှလုံးကြေကွဲဖွယ်အသံများဖြင့် အော်ဟစ်လိုက်ကြသည်။
“မဟုတ်ဖူး..ကောင်းကင်ဘုံရတနာက ငါ့ဟာ ….ဘယ်သူမှအဲ့တာကိုမထိရဘူး..ဘယ်သူမှကွ…မြန်မြန်မင်းလက်ကို ခပ်ဝေးဝေးဖယ်လိုက်ကွ..”
“ငါက ဒီကမ္ဘာကြီးရဲ့ အဓိကဇတ်ကောင်ကွ….ဒီကောင်းကင်
ဘုံရတနာကငါ့ဟာ…ဘီလူကြီး ဘာလို့မင်းက ငါနဲ့ မိတ်ဆွေဖြစ်လာပြီးတော့ ငါ့ကို တောင်ထိပ်ဆီမခေါ်သွားရတာလဲ…
ငါမင်းကိုမုန်းလိုက်တာကွာ”
“အနက်ရောင်သေခြင်းနတ်ဘုရားက မကောင်းတဲ့လူကွ…ဘယ်လိုဖြစ်ပြီး သူ ကဒီရတနာနဲ့ ထိုက်တန်ရတာလဲ….ဘယ်လိုဖြစ်ပြီးသူဖြစ်နေရတာလဲ..ဒီလိုလူယုတ်မာမျိုးကသာ အဲ့တာကိုရသွားရင် ငါတို့ရဲ့ ထျန်းမြောင်အင်ပါယာက တစ်ရက်လေးတောင်မှ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေရမှာ မဟုတ်တော့ဘူး”
မကျေချမ်းနိုင်သော အော်သံများ ကထွက်ပေါ်လာသည်။ ယင်းမှာတစ်စုံတစ်ယောက်က ၎င်းတို့အား မုဒိန်းတက်ကျင့်သွားသကဲ့သို့ပင်ဖြစ်သည်။ သူတို့၏အသံများ၌ ဝမ်းနည်းမှုများဖြင့်ပြည့်နှက်နေ၏။
ယန်ကျုံးမှာ တောင်ထိပ်အားတိတ်
ဆိတ်စွာဖြင့် ကြည့်နေပြီး ဘာမှအော်ဟစ်ခြင်းမရှိချေ။သို့သော် သူ၏တစ်ကိုယ်လုံးကတော့ ပြင်းထန်စွာတုန်ယင်နေပြီး သူ၏မျက်နှာထက်တွင် လက်သင့်မခံနိုင်မှုများဖြင့်ပြည့်နှက်နေ၏။ ဘာလို့များဒင်းက အကျိုးအမြတ်မှန်သမျှအား ရရှိနေရပါသနည်း။
ဆက်ရန်…..
ဘာသာပြန်သူ-ARISE