← Chapters

အပိုင်း(၂၇၅)

Vol. 19 Ch. 275

အပိုင်း(၂၇၅)

Vol. 19 Ch. 275

ဤအချိန်တွင် လူတိုင်း၏

မျက်လုံးအောက်၌ပင် ရှစ်ဖုန့်မှာသွေးရောင်ကျောက်

ပြားအတွင်းသို့စုပ်ယူခံလိုက်ရသည်။

သူကဘာသဲလွန်စမှ ကျန်ရစ်နေခဲ့ခြင်းမရှိဘဲ ပျောက်ကွယ်သွားခြင်းဖြစ်သည်။

“မဟုတ်ဖူး..မဟုတ်ဖူး..မဟုတ်ဖူး.

.မဟုတ်ဖူး……..”

ရှစ်ဖုန့်က သွေးရောင်ကျောက်

ပြားအတွင်းသို့ စုပ်ယူခံလိုက်ရသည်ကို တွေ့လိုက်ရသောအခါတွင်

ကျင့်ကြံသူများမှာ ရုတ်တရက် တစ်စုံတစ်ခုကိုတေွးမိလိုက်ကြသည်။ သူတို့က နာကျင်မှုအပြည့်ဖြင့် အလျှင်အမြန်‌ အော်ပြောလိုက်ကြသည်။ အကယ်၍သူတို့သာ တောင်ထိပ်ပေါ်သို့တက်နိုင်ပြီး သွေးကျောက်ပြားအားထိနိုင်ခဲ့မည်ဆိုလျှင် သူတို့သည်လည်း ကျောက်ပြားကြီး၏ ရွေးချယ်ခြင်းကိုခံရမည်ဟုခံစားကြရသည်။

သို့သော်သူတို့၌ ထိုသို့လုပ်ဆောင်ရန် အခွင့်အရေးလေးပင်မရလိုက်ကြချေ။

သောက်ဘီလူးကြီး။ သူတို့ဤဘီလူးကြီးအား စတင်၍ မုန်းတီးလာကြသည်။ ၎င်းက အာဏာရှင်လိုလူယုတ်မာ မိစ္ဆာမျိုးကိုမှ ကူညီခဲ့သော တော်တော်လေး

ကိုရက်စက်သည့် ဘီလူးကြီဖြစ်သည်ဟု သူတို့ခံစားရသည်။

ထျန်းဟန်တိုက်ကြီးပေါ်တွင်

ကျိုးဟူသော နမည်နှင့် ကြီးမြတ်သောဧကရာဇ်တစ်ပါးရှိခဲ့ဖူးသည်။ ၎င်းက ဧကရာဇ်တစ်ပါး

ဖြစ်သော်လည်း ရက်စက်ကာ အပြစ်မဲ့သောသူများကိုသတ်ပစ်ခဲ့သည်။

“သူကတကယ့်ကို တစ်ခြားသူတွေနဲ့ ကွဲပြားတဲ့သူပဲ”

ဤအချိန်၌ မင်းသမီးကျိယွင်မှာ  ရှစ်ဖုန့်နှင့်သူမအတူရှိနေခဲ့သော သွေးနီရောင်သစ်ပင်ပေါ်၌

ရပ်နေဆဲဖြစ်သည်။  သူမကခေါင်းမော့၍   တောင်ထိပ်ပေါ်သို့မှင်တွေစွာကြည့်နေသည်။ သူမက သွေးကျောက်ပြားအားထိပြီးနောက် သဲလွန်စပင်မကျန်ပဲ

ပျောက်ကွယ်သွားသည့်  ပုံရိပ်အားကြည့်နေခဲ့သည်။

ဤအချိန်တွင် တစ်စုံတစ်ယောက်က သူမ၏နောက်ဘက်မှနေ၍ ချဉ်းကပ်လာသည်ကို သူမရုတ်တရက်ခံစားလိုက်ရသည်။

သူမက ချက်ချင်းပဲ ခေါင်းကိုလည့်ကြည့်လိုက်ရာ အဖြူရောင်ပုံရိပ်တစ်ခုက သူမရှိသောသစ်ပင်ထိပ်ဖျားပေါ်သို့ ခုန်တက်လာသည်ကို တွေ့လိုက်ရသည်။  မင်းသမီးကျိယွင်လှည့်ကြည့်သောအခါတွင်  လှပသောမျက်နှာလေးထက်၌ အပြုံးတစ်ခုပေါ်လာသည်။

၎င်းမှာ လင်းယွဲ့ရှင်းပင်ဖြစ်သည်။

သို့သော် အကြောင်းပြချက်အချို့ကြောင့် လင်းယွဲ့ရှင်းနှင့် အမြဲတွေ့ချင်နေခဲ့သော မင်းသမီးကျိယွင်မှာ လင်းယွဲ့ရှင်းအား မြင်လိုက်ရသောအခါတွင်  ရင်းနှီးမှုနှင့်နွေးထွေးသောခံစားချက်ကို သူမခံစားရခြင်းမရှိချေ။

ထိုအစား ကွဲပြားသောခံစားချက်တစ်ခုက

သူမ၏နှလုံးသားထဲတွင် ဖြစ်ပေါ်နေသည်။  လင်းယွဲ့ရှင်းအားသူမမြင်တွေ့လိုက်ရချိန်တွင် သူမစိတ်ကူးယဉ်ထားသကဲ့သို့ ပျော်ရွှင်မနေခဲ့ပေ။

…………..

အားလုံး၏မျက်လုံးများရှေ့မှ ပျောက်ကွယ်သွားခဲ့သော

ရှစ်ဖုန့်မှာသူ့အနေဖြင့်  အဆုံမရှိမှောင်မိုက်နေသော နေရာတစ်ခုသို့ရောက်ရှိနေသည်ဟု ခံစားလိုက်ရသည်။

သူ၏တစ်ကိုယ်လုံးက အမှောင်ထုထဲတွင် ဆိုင်းငံ့မျောလွင့်နေသည်။ဤနေရာ၌ အမှောင်ထုအပြင် အခြားမည်သည့်အရာမျှရှိနေခြင်းမရှိချေ။

“ဒါက ဘယ်နေရာလဲ.. ဒါက သွေးကျောက်ပြားရဲ့

အတွင်းပိုင်းနေရာလား”

ရှစ်ဖုန့်က ဘေးပတ်ဝန်းကျင်အားကြည့်၍ တိုးဖျော့စွာတီးတိုးရေရွတ်လိုက်သည်။  သူကဖြည်းဖြည်းချင်း မျက်မှောင်ကြုတ်လိုက်သည်။

သူ့အနေဖြင့် သူ့အားတစ်စုံတစ်ခုကခေါ်နေသည်

ဟုခံစားခဲ့ရသည်။ ထို့ကြောင့်  သူကသွေးကျောက်ပြား၏ စုပ်ယူမှုနောက်ကိုလိုက်ခဲ့ပြီး ဤနေရာသို့လာခဲ့ခြင်းဖြစ်သည်။

“မင်းရောက်လာပြီပဲ”

ဤအချိန်၌ ကွဲပြားခြင်းမရှိသော

အသံတစ်ခုက  အမှောင်ထုထဲရှိကောင်းကင်ထက်မှ ထွက်ပေါ်လာသည်။  ရှစ်ဖုန့်ကမော့ကြည့်လိုက်သောအခါတွင်  ဟင်းလင်းပြင်ထဲ၌ ပုံရိပ်တစ်ခု

ပေါ်လာသည်ကို  တွေ့လိုက်ရသည်။

၎င်းမှာ သက်လတ်ပိုင်းအရွယ်လူကြီး

တစ်ယောက်ဖြစ်ပြီး  ရှည်လျားသော အနီရောင်ဆံပ်ထို့က လေနှင့်တူ တစ်ဖျပ်ဖျပ်လွင့်နေသည်။ သူက

သာလွန်ပြီး ရှေးကျသော

အရှိန်အဝါတစ်ခုအား ထုတ်လွှတ်နေသည်။  သူက ခေါင်းကိုအနည်းငယ်ငုံ့၍  ရှစ်ဖုန့်အားကြည့်လိုက်သည်။

ဤလူကလည်း ရှစ်ဖုန့်ကဲ့သို့ တူညီသည့် သွေးချပ်ဝတ်ကို ဝတ်ဆင်ထားသည်။

သို့သော်  ဤလူ၏ကိုယ်ပေါ်တွင်ရှိနေသော  ချပ်ဝတ်က  တံလျှပ်တစ်ခုသာဖြစ်သည်ကို ရှစ်ဖုန့်ပြောနိုင်သည်။၎င်းက အစစ်အမှန်မဟုတ်ပေ။   ၎င်းမှာ ဝိညာဉ်ဖြင့်ဖွဲ့စည်ထားခြင်းသာဖြစ်သည်။

“အကြွင်းအကျန် ဝိညာဉ်”

ရှစ်ဖုန့်က သက်လတ်ပိုင်း

လူ၏တည်ရှိမှုအား တစ်ချက်ကြည့်ရုံဖြင့်သိလိုက်သည်။

သူက အကြွင်းအကျန်ဝိညာဉ်

တစ်ခုသာဖြစ်သည်။

သူ၌ ခံ့ညားသော အသွင်အပြင်ရှိသော်လည်း သူကအရမ်းအားနည်းနေခဲ့ပြီး ဖြစ်သည်ကို ရှစ်ဖုန့်ပြောနိုင်သည်။ ၎င်းက အချိန်မ‌ရွေး မီးစာကုန်ဆီခမ်း ဖြစ်သွားနိုင်သော မီးအိမ်တစ်ခုကဲ့သို့ပင်ဖြစ်သည်။

“သွေးနတ်ဆိုး”

ရှစ်ဖုန့်ကသူ၏ခေါင်းကို

မော့၍ ထိုလူ၏ သရုပ်မှာအားထုတ်ဖော်

ခေါ်ဆိုလိုက်သည်။

“မင်းကငါ့နမည်ကို တပ်ပြီးခေါ်လိုက်တာပဲ..မင်းက

သွေးနတ်ဆိုး ကလန်ရဲ့အဖွဲ့ဝင်တစ်ယောက်ဟုတ်ပုံမရဘူး.

.ဒါပေမဲ့ ငါ့လိုမျိုးအတူတူပဲ”

စကားပြောနေစဉ် သွေးနတ်ဆိုးက  စိတ်ပျက်သောအမူအယာဖြင့် မချိပြုံးကိုသွားပေါ်အောင်ပြုံးလိုက်သည်။  ထို့နောက်သူက ဆက်ပြောသည်။

“သွေးပန်းခက်ကလန်မှာ ငါ့အမေအပြင်  အခြားလူသားမျိုးနွယ်နဲ့ ပက်သက်တဲ့သူရှိနေလိမ့်အုံးမယ်လို့ ငါမမျှော်လင့်ထားခဲ့မိဘူး..”

သွေးနတ်ဆိုး၏ စကားများအားကြားလိုက်

ရသောအခါတွင် ရှစ်ဖုန့်ချက်ချင်းပဲ နားလည်သွားခဲ့သည်။ စန်းယွဲ့မြို့ရှိ ဟိုင်ကလန်တွင်ရှိနေခဲ့သော

မြေအောက်ခန်းထဲမှ သွေးပန်းခက်မျိုးနွယ် အရိုးစု၏ ရိုးတွင်းချဉ်ဆီအား သူစုပ်ယူပြီးသောအခါတွင် သူ့၌ လူသားမျိုးနွယ်၏ အရှိန်အဝါသည်သာမကဘဲ သွေးပန်းခက်မျိုးနွယ်၏အရှိန်အဝါများ

ပါ ရှိနေခဲ့သည်။ သို့သော် သွေးနတ်ဆိုးသည်လည်းသူ့အား  လူသားနှင့်သွေးပန်းခက်မျိုးနွယ်မှ ပေါင်းဖက်မွေးဖွားလာသောသား

တစ်ယောက်ဖြစ်သည်ဟု မှားယွင်းစွာတွေးနေပြန်သည်။

ကြည့်ရသည်မှ သွေးနတ်ဆိုးဝိညဉ်အကြွင်းအကျန်က သူ့အားဤနေရာသို့ ဆင့်ခေါ်ရသည့် အကြောင်းပြချက်ကလည်း ယင်းကြောင့်ဖြစ်ပုံရသည်။

“အား..”

ဟင်းလင်းပြင်ထဲတွင် ဝင့်ကြွား

စွာရပ်နေသော သွေးနတ်ဆိုး၏ဝိညာဉ်အကြွင်း

အကျန်ကိုကြည်၍ ရှစ်ဖုန့်က ဟန်ဆောင်သက်ပြင်းချက်လိုက်သည်။ ထို့နောက်သူကသွေးနတ်ဆိုးကဲ့

သို့ဟန်ဆောင်လိုက်ပြီး ခါးသီးစွာမချိပြုံးပြုံးလိုက်သည်။

သူကပြောလိုက်၏။

“ဒီကမ္ဘာပေါ်မှာ ကျုပ်ကို နားလည်ပေးနိုင်မဲ့သူ ခင်ဗျားတစ်ယောက်ပဲ ရှိနေမှာတောင် ကျုပ်ကြောက်မိတယ်”

“လူလိမ်..မင်းကလူလိမ်ကောင်..

မင်းထပ်ပြီးတော့ လိမ်ပြန်ပြီ..မင်းက မြင့်မြတ်တဲ့သွေးပန်းခက် ကလန်ကလူ ဘယ်တုံးကမှ မဟုတ်ခဲ့ဖူးကွ…မင်းမှာ သွေးပန်းခက်ကလန်ရဲ့ မျိုးဆက်သွေးတောင်ရှိမနေဘူး”

အတိတ်တုံးက ဤလူငယ်လေး၏ လှည့်ဖျားမှုအား ခံခဲ့ရသည်ကို သူတွေးမိသွားသောအခါတွင် ကောင်းကင်မီးတောက်မှာ မကျေမချမ်းနိုင်ဖြစ်နေခဲ့ရသည် ။

ယခု ရှစ်ဖုန့်၏အသွင်အပြင်အားမြင်

လိုက်ရသောအခါတွင်  သူ့အနေဖြင့်ရူးသွပ်လုနီးပါးဖြစ်သွားရသည်။

“အရူးလိုလုပ်နေတာရပ်စမ်းပါ”

ရှစ်ဖုန့်ကသူ၏ဝိညာ်မှတစ်ဆင့် ကောင်းကင်မီးတော်ကိုပြောလိုက်သည်။

“ဟုတ်တယ်.မင်းနဲ့တူညီတဲ့

ကံကြမ္မာတစ်ခုကို မျှဝေထားကြတာ..ငါမင်းကိုဘယ်

လိုလုပ်ပြီးတော့နားမလည်ပဲနေမှာလဲ”

သွေးနတ်ဆိုးက အောက်ရှိ ရှစ်ဖုန့်အားခေါင်းညိမ့်ပြလိုက်သည်။

“ငါဒီကမ္ဘာကြီးကနေ ပျောက်ကွယ်လုနီးနီးဖြစ်နေရတဲ့အချိန်မှာ  ငါက သွေးနတ်ဆိုးကလန်က မျိုးဆက်နဲ့ တွေ့ရလိမ့်မယ်လို့ထင်ထားခဲ့ပေမဲ့ ငါ့နဲ့ ကံတရားတူတဲ့ မင်းနဲ့တော့တွေ့

ရလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့မိဘူး”

“သွေးပန်းခက်ကလန်က တကယ့်ကို စက်ဆုပ်ဖို့ကောင်းတယ်.. ကျုပ်တစ်ဘဝလုံးကို အဲ့မျိုးနွယ်ကို တိုက်ခိုက်ဖို့ပဲ လုပ်မှာ…သွေးနတ်ဆိုး ခင်ဗျားက မီးစာကုန်ဆီခမ်းနေတဲ့ သူဖြစ်နေပြီ  ခင်ဗျားကြာကြာ နေရတော့မှာမဟုတ်ဖူး…

ဘာလို့ခင်ဗျားမှာရှိတဲ့ အရာအားလုံးကိုကျုပ်ကိုလွှဲပေးပြီးတော့ အဲ့မိစ္ဆာမျိုးနွယ်စုကို  အမြစ်ဖျက်ဖို့အတွက် ကျုပ်ကို ခင်ဗျားမကူညီရတာလဲ..”

ရှစ်ဖုန့်၏မျက်နှာက ပြတ်သားမှု တည်ကြည်မှုတို့ဖြင့် ပြည့်နေသည်။သူ၏အသံက သွေးနတ်ဆိုးအားတစ်ခွန်းပြောလိုက်တိုင်း ထည်ဝါပြီး စွမ်းအားပြည့်လှသည်။

“လူလိမ်ကောင်…ဒီအမူအယာ..ဒါက ဇွဲကောင်းတယ်ဆိုတဲ့ အသွင်အပြင်ကို ဟန်ဆောင်တာပဲကွ…အဲ့အချိန်တုံးက ဒီအရှင်လည်း  အဲလိုမျိုးနဲ့လှည့်စားခံလိုက်ရတာပဲ”

ကောင်းကင်မီးတောက်က ရှစ်ဖုန့်၏စကားတို့ကိုကြားရပြီး အမူအယာအားမြင်တွေ့လိုက်ရ

သောအခါတွင်ပြောလိုက်သည်။

“ဟူး”

ရှစ်ဖုန့်၏စကားတို့အား ကြားလိုက်ရသောအခါတွင်

သွေးနတ်ဆိုးက သက်ပြင်းချလိုက်သည်။

“တစ်ချိန်တုံက ငါလည်း မင်းလိုမျိုးပဲ အတွေးရှိခဲ့ဖူးတယ်.. သူတို့က ငါ့အဖေကိုသတ်ပစ်ပြီးတော့ ငါ့အမေကိုတော့ ထိန်းချုပ်ခဲ့တယ်..အဲ့နေ့တုံးကငါဟာ သွေးပန်းခတ်ကလန်တစ်ခုလုံးကို သုတ်သင်ပစ်ပြီးတော့ ထျန်းဟန်တိုက်ကြီးကနေ အမြစ်ဖျက်ဖယ်ရှား ဖို့  ဆန္ဒရှိခဲ့တယ်.. ဒါပေမဲ့ သွေးပန်းခက်ကလန်က အရမ်းကို အားကောင်းအစွမ်းထက်လွန်းတယ်"

“ငါဟာ ဒီသွေးကျောက်ပြားနဲ့

သွေးချပ်ဝတ်ကို တည်ဆောက်ခဲ့တယ်…ငါဟာ

သွေးနတ်ဆိုးကလန်ကို သွေးပန်းခက်ကလန်နဲ့သေသည်အထိတိုက်ခိုက်ဖို့ ငါဖန်တီးခဲ့တဲ့ ဒီကမ္ဘာထဲကိုဦးဆောင်လာခဲ့တယ်…ဒါပေမဲ့…သွေးပန်းခက်ကလန်ဘက်ကနေ လူတစ်ယောက်တည်းပဲလာခဲ့တယ်…

တိုက်ပွဲအတွင်း ငါ့ရဲ့မျိုးနွယ်တွေဟာ ကြီးစွာသောသေကြေပျက်စီးမှုတွေ တွေ့ကြုံခံစားခဲ့ရတယ်…

အဲ့လူရဲ့ဓားချက်အောက်မှာ ငါ့လူတွေသေဆုံးရတာကို ငါ့မျက်စိတွေနဲ့ကိုယ်တိုင်ကြည့်

နေခဲ့ရတယ်…သူတို့ရဲ့သွေးတွေကခမ်းခြောက်တဲ့အထိ စုပ်ယူခံရပြီး သူတို့တွေဟာ ခြောက်သွေ့တဲ့ အလောင်းတွေအဖြစ်ပြောင်း

လဲသွားခဲ့တယ်”

ထိုမြင်ကွင်းများအားပြန် အမှတ်ရမိသောအခါတွင် သွေးနတ်ဆိုးအကြွင်းအကျန်မှာ ဝမ်းနည်းပူးဆွေးမှုအပြည့်ဖြည့်

ပြောလိုက်သည်။

“ဒီသွေးကျောက်ပြားက အဲ့တိုက်ပွဲ အတွင်းမှာ ထိခိုက်သွားခဲ့တယ်…အကယ်၍

မင်းဒါကိုသုံးကြိမ်ထက်ပိုပြီး အသက်သွင်းတာနဲ့ ဒါကပျက်စီးသွားလိမ့်မယ်…ဒါပေမဲ့ အဲ့သုံးကြိမ်ရဲ့ တစ်ကြိမ်စီတိုင်းက

ကြယ်တစ်ပွင့် ဧကရာဇ်တစ်ပါးရဲ့

ခွန်အားပြည့် တိုက်ခိုက်မှုနဲ့ ညီမျှတယ်… မင်းကအခုအရမ်းကိုအားနည်းလွန်းသေးတယ်… ဒီသုံးကြိမ်က  မင်းအသက်ကိုကယ်တင်ဖို့အတွက် အသုံးပြုနိုင်တယ်..အခုငါက ဒီကျောက်ပြားကိုအသက်သွင်းတဲ့ လျှို့ဝှက်နည်းလမ်းကို မင်းဆီကိုလွှဲပြောင်းပေးမယ်”

သွေးနတ်ဆိုးအကြွင်းအကျန်ဝိညာဉ်က စကားပြောပြီးသည့်နောက်တွင် ရှေးကျပြီးဆန်းကြယ်သောဂါထာတစ်ခုက ရှစ်ဖုန့်၏စိတ်ထဲတွင်ပဲ့တင်ထွက်ပေါ်လာသည်။ ထို့နောက်တွင် ရှေးဟောင်းစာလုံးများက တစ်ခုပြီးတစ်ခုပေါ်လာ၏။  ဂါထာအားနားထောင်ပြီး ရှေးဟောင်းစာလုံးများအားကြည့်

ကာရှစ်ဖုန့်က အလျှင်အမြန်ပဲ  ၎င်းတို့အား မှတ်တမ်းတင်လိုက်သည်။ သုံးကြိမ်…ကြယ်တစ်ပွင့်ဧကရာဇ်တစ်ပါး၏  ခွန်အားပြည့်စွမ်းအားဖြင့် တိုက်ခိုက်မှုမျိုးဖြစ်သည်။  လက်ရှိရှစ်ဖုန့်အတွက် ယင်းက အေးစက်လှေသော ဆောင်းရာသီဥတုအတွင်းသူ့အား မီးသွေးလာပေးလိုက်သည်နှင့်

တူညီသည်ဖြစ်သည်။

သူ၏လက်ရှိကျင့်ကြံမှုနှင့်အတူ သုံးကြိမ်အသက်သွင်း၍ရသော ဤသွေးကျောက်ပြားဖြင့်ဆိုပါက

သူ့အနေဖြင့် ထျန်းမြောင်အင်ပါယာရှိ ဖျောင်ရှဂိုဏ်းသို့သွားရန်  အရည်အချင်းမှီပြီဖြစ်သည်။

ရှစ်ဖုန့်အားဂါထာနှင့် ရှေးဟောင်းစာလုံးတို့အားလွှဲပေးပြီးသည့်နောက်တွင်  သွေးနတ်ဆိုးအကြွင်းအကျန်ဝိညာဉ်မှာ ဤအချိန်၌  ပို၍ မှိန်ဖျော့လာသည်။

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters