အပိုင်း (၂၇၆)
Vol. 19 Ch. 276
သွေးနတ်ဆိုးကရှစ်ဖုန့်အား သွေးကျောက်တုံးအားအသက်သွင်းသည့် ဂါထာနှင့် လျှို့ဝှက် ပညာရပ်ကို သင်ကြားပေးပြီးသည့်နောက်တွင် သူ၏မျက်လုံးများကရှစ်ဖုန့်၏ အပေါ်၌ ကျရောက်နေသေးဆဲဖြစ်သည်။ သူကရှစ်ဖုန့်ကိုယ်ပေါ်ရှိ သွေးချပ်ဝတ်အားတစ်ချက်
ကြည့်လိုက်ပြီး သက်ပြင်းချ၍
သူ့ခေါင်းကို ခါယမ်းလိုက်သည်။
“မင်းက ဒီချပ်ဝတ်ကိုရရှိခဲ့ပြီ
ဖြစ်တာကြောင့် မင်းအနေနဲ့
အဲ့နတ်ဆိုးရဲ့ နှလုံသားကို လွှတ်ပေးလိုက်ပြီဖြစ်ရမယ်…
ငါအဲ့ချပ်ဝတ်ကိုသွန်းလုပ်ခဲ့တုံးက အဲ့နတ်ဆိုးနဲ့ရင်ဆိုင်ဖို့အတွက် လျှို့ဝှက်ပညာရပ်တစ်ခုကို
အဲ့ချပ်ဝတ်ပေါ်မှာ ထားထားခဲ့တယ်..အနာဂတ်မှာ
မမျှော်လင့်ပဲ အဲ့နတ်ဆိုးနဲ့
မင်းကြုံတွေ့ခဲ့ရင် မင်းအနေနဲ့ အဲ့တာကို ကောင်းကောင်းအသုံးပြုလိမ့်မယ်
လို့ငါမျှော်လင့်တယ်..အခုတော့ ငါ့မှကျန်နေသေးတဲ့ စွမ်းအားနည်းနည်းလေးကိုအသုံး
ပြုပြီးတော့ ဒီချပ်ဝတ်ပေါ်က ကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို့ကူညီပေးမယ်”
သွေးနတ်ဆိုးက စကား
ပြောနေသကဲ့သို့ သူ၏လက်တို့ဖြင့် ဆီးလ်တံဆိပ်တစ်ခုကို ပေါ်ဖော်လိုက်ပြီးဖြစ်သည်။
ထို့နောက်တွင် ထူးဆန်းသော
မျဉ်းများနှင့် တွန့်ကွေးနေသော သွေးရောင်အင်းစာလုံးများက သူ၏လက်တို့ထံမှာပျံဝဲ၍ထွက်လာသည်။ ၎င်းတို့ကကခုန်နေသောစကားလုံးများကဲ့သို့ထူထဲသိပ်သည်းနေပြီး ရှစ်ဖုန့်၏သွေးရောင်ချပ်ဝတ်
ပေါ်သို့ကျလာခဲ့သည်။
ချက်ချင်းပဲ သွေးရောင်ချပ်ဝတ်
ပေါ်၌ ရှိနေသော သွေးနတ်ဆိုး၏ဆီးလ်တစ်ဝက်မှာ
ရှေးကျပြီး ဆန်းကြယ်သော
အင်းစာလုံးများက ၎င်းပေါသို့ကျရောက်လာသောအခါတွင် လုံးဝဖယ်ရှားခံလိုက်ရသည်က ရှစ်ဖုန့် အာရုံခံမိလိုက်သည်။ ချပ်ဝတ်တစ်ခုလုံးက နတ်ဆိုးဆန်သော သွေးနီရောင်
အလင်းတစ်ခုကို ထုတ်လွှတ်နေသည်။
ဆီးလ်မရှိတော့သောအခါတွင် ဤသွေးချပ်ဝတ်က အဆင့်ကို လက်နက်တစ်ခုဖြစ်နေသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။ ၎င်းမှာ လက်ရှိထျန်းဟန်တိုက်ကြီးပေါ်တွင် ပြိုင်ဘက်ကင်းသော လက်နက်တစ်ခုဖြစ်ပြီးနေပြီဖြစ်သည်။ လက်ရှိထျန်းဟန်တိုက်ကြီး
ပေါ်၌ရှိနေသော အမြင့်ဆုံးအဆင့် အဂ္ဂရိတ်သန့်စင်ဆရာမှာ အဆင့်ရှစ်အဂ္ဂရိတ်သန့်စင်သူ
သာဖြစ်သည်ကိုသိထားသင့်သည်။ သွေးနတ်ဆိုးက ဤချပ်ဝတ်အားသွန်းလုပ်နိုင်ခြင်းကြောင့် ၎င်း၏ အဂ္ဂရိတ်သန့်စင်အဆင့်မှာ
အနည်းဆုံး အဆင့်ကိုးသို့မဟုတ်
ထိုထက်ပို၍ မြင့်မားလိမ့်မည်ဖြစ်သည်။
ထို့နောက်တွင် ရှစ်ဖုန့်က သွေးနတ်ဆိုးပြောကြားချက်အား စဉ်းစားလိုက်သည်။ ထိုနေ့ကသူမြေအောက်အခန်း၌ ရှိနေသောအခါတွင် နှလုံးခုန်သံတစ်ခုကို သူကြားခဲ့ရသည်။ ၎င်းက နတ်ဆိုးနှလုံးထံမှ လာခြင်းပဲဖြစ်ရမည်။သူတွေးထားခဲ့သလိုပင် သွေးချပ်ဝတ်က ထိုဆန်းကြယ်မိစ္ဆာအား ဖိနှိပ်ထိန်းချုပ်ရန်အတွက် အသုံးပြုခဲ့ခြင်းဖြစ်သည်။
သွေးနတ်ဆိုး၏ အဆိုအရ နောက်ထပ်နတ်ဆိုးတစ်ကောင်
ရှိနေလိမ့်မည်ဖြစ်သည်။ သူကနတ်ဆိုး၏နှလုံးကိုသာ
ဖိနှိပ်ထိန်းချုပ်ခဲ့သည်။ သူနှင့်အတူမြေအောက်ခန်းထဲ
တွင်အတူရှိနေခဲ့သောဖြူရောင်
နှင့်လူငယ်၏ကိုယ်က နတ်ဆိုးနှလုံး၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်လိမ့်မည်ဖြစ်သည်။
“နတ်ဆိုးနှလုံး.ဒါမှမဟုတ် အဲ့နတ်ဆိုး အဲ့တာကဘာ လဲ”
ရှစ်ဖုန့်ကသူ၏ခေါင်းအား
မော့ထားဆဲဖြစ်ပြီး သွေးနတ်ဆိုးကိုမေးလိုက်သည်။
“အဲ့ကစွမ်းအားကြီးတဲ့ ရှေ့ဦးတည်ရှိမှုတစ်ခုပဲ..အဲ့နေ့က ငါဟာ သေွးပန်းခက်ကလန်နဲ့ပူးပေါင်းပြီးတော့ အဲ့အရာကိုဖိနှိပ်ဖို့လုပ်ခဲ့တယ်…
ငါကအခုအချိန်မှာ အရမ်းအားနည်းနေတယ်…
ငါ့မှာမင်းကိုဒါတွေအားလုံး
ကိုပြောပြနိုင်တဲ့ခွန်အားမရှိဘူး…
ငါအိပ်ပျော်တော့မယ်”
သွေးနတ်ဆိုးအကြွင်းအကျန်
ဝိညာဉ်၏အသံက ပင်းပန်းနွမ်းနယ်နေပြီး အားနည်းနေသည်။ ထို့နောက် ရှစ်ဖုန့်၏အကြည့်အောက်တွင်ပင် သွေးနတ်ဆိုး၏မျက်နှာထက်ရှိ
မျက်လုံးတို့က ဖြည်းဖြည်းချင်းအသက်မဲ့လာသည်။
သူကသူ့မျက်လုံအား ဖြည်းညှင်းစွာပိတ်လိုက်ပြီးသည့်နောက်တွင် သွေးနတ်ဆိုး၏ကိုယ်မှာဖြည်းဖြည်း
ချင်းမှိန်ဖျော့လာပြီး ဖောက်ထွင်းမြင်ရသကဲ့သို့ဖြစ်လာသည်။ အဆုံးသတ်တွင် ဤမှောင်မိုက်သောနေရာ၌ မြူခိုးတစ်ခုကဲ့သို့ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
သွေးနတ်ဆိုးဝိညာဉ်အကြွင်း
အကျန်ပျောက်ကွယ်သွားပြီး
သည့်နောက်တွင် ၎င်း၏ဝိညာဉ်က
ဤကမ္ဘာမှ လုံးဝပျောက်ကွယ်သွားခဲ့ပြီးဖြစ်
ကြောင်းကိုရှစ်ဖုန့်သိလိုက်သည်။ျ
“မင်းကအရမ်း စက်ဆုပ်ဖို့ကောင်းတာပဲ…
ငါသည်းမခံနိုင်တော့ဘူး”
ဤအချိန်တွင် ကောင်းကင်မီးတောက်က ရှစ်ဖုန့်အား နောက်တစ်ကြိမ်ထပ်မံ၍ ပြောလိုက်သည်။
“ဒီသွေးနတ်ဆိုးက နှစ်ပေါင်းအများကြီး နေထိုင်ခဲ့တာတောင် မင်းလှည့်စားတာကိုခံရသေးတယ်…
သူကသူ့ရဲ့တစ်ဘဝလုံးတကယ်
ခွေးတစ်ကောင်လို နေထိုင်ခဲ့တာပဲ”
“ခင်ဗျားဒီသခင်လေးရဲ့စကားတွေကို ယုံကြည်ခဲ့တဲ့ အချိန်တုံးကရော ခင်ဗျားတစ်ဘဝလုံး ခွေးတစ်ကောင်လိုမျိုးနေခဲ့တာမို့လို့လား”
ရှစ်ဖုန့်က လှောင်ပြောင်ပြောဆိုလိုက်သည်။ သူ၏လေသံအားကြားလိုက်ရသောအခါတွင် ဤလူက လုံးဝအရှက်မရှိသောသူဖြစ်သည်ဟု ကောင်းကင်မီးတောက်ခံစားလိုက်ရသည်။ ၎င်းကစပ်ဆုပ်ဖို့ကောင်းလောက်အောင်ပင် အရေထူသောသူဖြစ်သည်။
သူကစက်ဆုပ်ဖို့ကောင်းတော့ရော
ဘာဖြစ်သေးသနည်း။ ရှစ်ဖုန့်အနေဖြင့် ဤအရာအားလုံးနှင့်ပက်သက်ပြီး ရှက်ခြင်းလုံးဝမရှိပေ။ အကျိုးအမြတ်များအားရယူခြင်းကသာ သူ့အတွက် အရေးကြီးဆုံးအရာဖြစ်သည်။ ဤတစ်ကြိမ် ဤသွေးကျောက်ပြား
အတွင်းသို့ ဝင်ရောက်ပြီးသည့်နောက်တွင် သူတော်တော်များများကိုရရှိခဲ့သည်။ သွေးချပ်ဝတ်ပေါ်တွင်ရှိနေသော ကန့်သတ်ချက်များအား ဖြည်နိုင်ခဲ့ရုံ
သာမက ကြယ်တစ်ပွင့်ဧကရာဇ်နယ်
ပယ်တစ်ယောက်၏ခွန်အားပြည့်တိုက်ခိုက်မှုကိုသုံးကြိမ်ဖော်ထုတ်နိုင်စွမ်းရှိသော ဤသွေးကျောက်ပြားကိုလည်းသူရရှိခဲ့သည်။
ထျန်းမြောင်အင်ပါယာတွင်
သူသတ်ချင်သည့် မည်သူ့ကိုမဆို သူသတ်နိုင်သည်ဖြစ်သည်။ သူလုပ်ချင်တာအကုန်လုံးအား လုပ်ဆောင်နိုင်သည်ဖြစ်သည်။
“ဟမ့်..ငါက ခဏလောက် နားဝေတိမ်တောင်ဖြစ်သွားခဲ့တာ အဲ့တာကြောင့်မင်းရဲ ဝေဆာနေတဲ့စကားလုံးတွေနဲ့
ဟန်ဆောင်တဲ့ အသွင်အပြင်တွေမှာ ညှို့ယူခံလိုက်ရတာ..”
ကောင်းကင်မီးတောက်က အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ ထို့နောက်မကြာခင် သွေးနတ်ဆိုးကလည်း တူညီသောအရာကိုခုဏကပြုလုပ်ခဲ့
သည်ကို အမှတ်ရလိုက်သည်။
ထို့ကြောင့်လည်း သူတိတ်တိတ်
သာနေလိုက်ပြီး ဘာကိုမှထပ်မံ၍ ပြောကြားခြင်းမရှိတော့ချေ။
“ခင်ဗျားအဲ့သွေးနတ်ဆိုးပြောတဲ့ နတ်ဆိုးဆိုတာကိုကြားဖူးလား”
ရှစ်ဖုန့်က ကောင်းကင်မီးတောက်အား
မေးလိုက်သည်။ ထိုနတ်ဆိုးအတွက် တစ်ဖက်နှင့်တစ်ဖက်မပြေနိုင်သည့် ရန်ဘက်များဖြစ်ကြသော
သွေးနတ်ဆိုးနှင့် သွေးပန်း
ခက်ကလန်တို့ပင် ပူးပေါင်းခဲ့ရသည်။ ထိုနတ်ဆိုးက မည်မျှထိ ခြိမ်းခြောက်နိုင်ကြောင်းကို
စိတ်ကူးကြည့်၍ ရနိုင်သည်ဖြစ်သည်။ အဆုံးသတ်၌ ၎င်းတို့မှာ
နတ်ဆိုးနှလုံးအား ဖိနှိပ်ရန်တစ်ခု
တည်းကိုသာ
တက်နိုင်ခဲ့သည်။
“ဟင့်အင်း မမြင်ဖူးဘူး”
ကောင်းကင်မီးတောက်က ဘုဆတ်ဆတ်ဖြင့်ပြန်ဖြေလိုက်သည်။
“ဒါဆိုလည်မေ့ထားလိုက်တော့”
ရှစ်ဖုန့်ကပြောလိုက်သည်။ထိုမိုရှင်း….ရှစ်ဖုန့်က သူ့အားတိုက်ခိုက်ခဲ့သည့် မိုရှင်းဟုခေါ်သော အဖြူရောင်ဝတ်စုံနှင့်လူငယ်အား ပြန်၍ တွေးမိလိုက်သည်။ ၎င်းထုတ်လွှတ်ခဲ့သော အရှိန်အဝါက လီလျိုရှင်း၊
လုံအောင်နှင့် လီရူ၏ ကိုယ်အားပိုင်ဆိုင်ထားသည့် မိစ္ဆာသတ္တဝါတို့နှင့်အတူတူ
ပင်ဖြစ်လေသည်။ထိုဖြစ်ကတတ်
ဆန်းနိုင်သောလီလျိုရှင်းက တစ်စုံတစ်ခုအားသိနေသည်ဖြစ်နိုင်သည်။
ထို့နောက်တွင်ရှစ်ဖုန့်က သူ၏လက်တို့ဖြင့် သင်္ကေတစ်ခုကိုလုပ်ဆောင်လိုက်ပြီး ထိုတေသွးနတ်ဆိုး အစောပိုင်းကသူ့အားသင်ပေးခဲ့သည့် ရှေးကျပြီးဆန်းကျယ်သောဂါထာ
အားအာဂုံဆောင်လိုက်သည်။
ရုတ်တရက်သွေးနီရောင်အင်း
စာလုံးလေးများက သူ၏ မုဒြာပုံစံလက်သင်္ကေတမှတစ်ဆင့် ပျံသန်းထွက်လာသည်။ ၎င်းတို့က သိပ်သည်းထူထပ်နေပြီး အနက်ရောင်နယ်မြေထဲတွင် အမှောင်ထုထဲ့၌ကူးခတ်နေသော ဖားလောင်းလေးများကဲ့သို့
လွင့်မျောနေသည်။
အချိန်များဖြည်းညှင်းစွာကုန်
ဆုံးသွားခဲ့သော်လည်း ရှစ်ဖုန့်၏ လက်သင်္ကေတများနှင့် သံပြိုင်ရွတ်ဆိုသံတို့ကတော့
ရပ်တန့်ခြင်းမရှိသေးပေ။ အတိုင်းမသိကျယ်ပြောသော
အမှောင်ထုထဲတွင် လေထဲ၌ သွေးရောင်အင်းစာလုံးများက ပို၍ပို၍ လွင့်မျောဝဲပျံလာပြီး ပို၍ပို၍ သိပ်သည်းလာကာ ဦးတည်ချက်အနှံ့သို့ပျံ့နှံ့ထွက်လာသည်။
ခဏအကြာတွင် အမှောင်ထုဧရိယာ၌ ရှစ်ဖုန့်အား ဗဟိုပြု၍ သွေးနီရောင်အင်းစာလုံးပင်လယ်
တစ်ခုနီးပါးဖြစ်လာခဲ့သည်။ နောက်ဆုံး၌ ရှစ်ဖုန့်က ဂါထာရွတ်ဆိုမှုကိုရပ်တန့်လိုက်ပြီး ရှစ်ဖုန့်၏မုဒြာလက်ဟန်ကိုလည်း ဖြည်းဖြည်းချင်းရုတ်သိမ်းလိုက်သည်။
ရှစ်ဖုန့်၏လှုပ်ရှားမှုများနှင့်အတူ နေအလင်းဖြင့်ထွန်းလင်းထားသကဲ့သို့ ဖြစ်နေသည့် မြူပင်လယ်ကဲ့သို့ သွေးရောင်အင်းစာလုံးများမှာ
အကန့်သတ်မဲ့ အမှောင်ထုနှင့်အတူ ဖြည်းညှင်းစွာပျောက်ကွယ်သွားခဲ့သည်။
ရှစ်ဖုန့်အတွက်မူ သူ၏နှလုံးသားက ပြင်ပကမ္ဘာထဲ၌ သွေးနီရောင်ကျောက်ပြားနှင့်
ဆက်သွယ်သွားသကဲ့သို့ ချက်ချင်းခံစာလိုက်ရသည်။ ၎င်းမှာ အရမ်းကိုဆန်းကြယ်သော
ခံစားချက်ဖြစ်သည်။ အတွေးတစ်ချက်ဖြင့်ရှစ်ဖုန့်က ခြေတစ်လှမ်းစာလှုပ်ရှားလိုက်သည်။ ရုတ်တရက်ရှစ်ဖုန့်၏ရှေ့တွင်ရှိနေသော မြင်ကွင်းတို့ပြောင်းလဲသွားခဲ့သည်။
မူလက မှောင်မိုက်နေခြင်းမှ သွေးနီရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူကသူ၏မူလနေရာဖြစ်သော သွေးတောင်ထိပ်ပေါ်သို့ ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။
မြင့်မားပြီး အကြည်ရောင်ဖြစ်သောဘီလူးကြီးက သွေးရောင်တောင်ထိပ်ပေါ်၌ ရပ်နေဆဲဖြစ်သည်ကို
ရှစ်ဖုန့်တွေ့လိုက်ရသည်။
၎င်းကသူ့အား၎င်း၏ ကြီးမားသော မီးအိမ်ကဲ့သို့ မျက်လုံးများဖြင့် ငုံ့ကြည့်နေဆဲဖြစ်သည်။ ဘီလူးကြီး၏ကြမ်းတမ်းသောမျက်နှာ၌ ရှစ်ဖုန့်အားမြင်တွေ့ရသောအခါတွင် စိတ်လှုပ်ရှားမှုတို့အား ဖုံးကွယ်နိုင်ခြင်းမရှိသည်ကို
ရှစ်ဖုန့် သည်လည်း မြင်တွေ့လိုက်ရသည်။
“ဘယ်…ဘယ်လိုလဲ”
ရှစ်ဖုန့်အား ထပ်မြင်တွေ့လိုက်ရသော
အခါတွင် ဘီလူးကြီး မိုးခြိမ်းသကဲ့သို့ အသံမျိုးဖြင့် ထပ်မံ၍ မေးလိုက်သည်။
“ခင်ဗျားဘယ်လိုထင်လဲ”
ရှစ်ဖုန့်က သူ၏လက်တို့အား နောက်တွင်ပစ်ထားပြီး ဘီလူးကြီးကိုကြည့်၍ ဝင့်ကြွားစွာပြောလိုက်သည်။
“ခင်ဗျားဘယ်လိုထင်လဲ…”
“ခင်ဗျားဘယ်လိုထင်လဲ…”
“ခင်ဗျားဘယ်လိုထင်လဲ…”
ဤစကားလုံးများက ဘီလူးကြီး၏မျက်နှာထက်တွင့် ပဲ့တင်ထပ်နေသကဲ့သို့ဖြစ်နေပြီး
မကြာခင်တွင် ဘီလူးကြီး၏ စတ်လှုပ်ရှားနေသောမျက်နှာထက်၌ ပျော်ရွှင်မှုတို့ပေါ်လာခဲ့သည်။
“ဒီတော့ ဒါက တကယ်ဖြစ်နိုင်တာပေါ့”
ဆက်ရန်…
ဘာသာပြန်သူ-ARISE