အပိုင်း(၂၇၇)
Vol. 19 Ch. 277
ရှစ်ဖုန့်က ဘီလူးကြီးအား
ဘာမှပြောကြားခြင်း မရှိခဲ့ချေ။
ထိုအစား သူက ဘီလူးကြီးအား ဘာလုပ်ရန်လိုသည်ဆိုသည်အား သူ၏လုပ်ဆောင်ချက်ဖြင့်ပြင် ပြောကြားခဲ့သည်။ သူ၏ညာလက်က လက်ဖဝါးပုံစံဖြစ်သွားပြီး သူ၏လက်ဖဝါးအား ကြီးမားသော သွေးကျောက်ပြားဖြင့် မျက်နှာချင်းဆိုင်လိုက်သည်။
ရုတ်တရက် တောင်ထိပ်ပေါ်ရှိသွေးကျောက်ပြားက
စတင်၍ ပြင်းထန်စွာ တုန်ခါလာပြီး
တုန်ဟီမှု မြည်ဟိန်းမှု နှင့် ဟိန်းဟောက်မှုများဖြစ်လာသည်။ ကျောက်ပြားကြီးကလှုပ်ခါနေသကဲ့သို့ မြေငလျှင်တစ်ခု လှုပ်လာသကဲ့သို့ သွေးရောင်တောင်တစ်ခုလုံးကလည်း ပြင်းထန်စွာ လှုပ်ခါလာသည်။
ထို့နောက်တွင် သွေးကျောက်ပြားက လှုပ်ခါလာသကဲ့သို့ ကျယ်လောင်သောပေါက်ကွဲသံ
တစ်ခုကလည်း ထွက်ပေါ်လာသည်။
“ဝုန်း”
ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာ၏။ ကြီးမားသောသွေးရောင်ကျောက်ပြားကြီးက မြေပြင်မှ ရုတ်တရက်မြင့်တက်လာပြီး ကောင်းကင်ထက်သို့ထိုးတက်သွားသည်ကို အားလုံးမြင်တွေ့လိုက်ကြရသည်။
ကျောက်ပြားကြီးက လှုပ်ရှားလာသကဲ့သို့ ကောင်းကင်ထဲသို့ပျံတက်သွားပြီး သွေးတောင်တန်းပေါ်တွင် သွေးနတ်ဆိုးကလန်က တပ်ဆင်ထားသည့် ဆီးလ်နှင့် အစီအရင်တို့မှာလည်း ရုတ်တရက်ပျောက်ကွယ်သွားသည်။
“ငါ…ငါ့ရဲ့ ကျင့်ကြံမှု အခြေခံကိုပြန်ပီးတော့ရပြီ”
“အား…ကျောက်ပြား..အနက်ရောင်
သတ်ဖြတ်ခြင်းနတ်ဘုရားက သွေးကျောက်ပြားကိုရသွားပြီ..ငါ့ရဲ့ ကျောက်ပြား…ငါ့ရဲ့ ကျောက်ပြားကွ”
“သတ်ကြ”
အချို့သောကျင့်ကြံသူများက သူတို့၏ ကျင့်ကြံမှုများအား ပြန်လည်၍
ရရှိလာသည်ကို အာရုံခံမိကြသည်။ သူတို့ကအလျှင်အမြန်ပဲ သူတို့၏စွမ်းအင်များအား ပြန်လည်၍ ပြည့်တင်းလာစေရန်အတွက် ကမ္ဘာဦးကျောက်တုံးများကိုသအသုံးပြု၍ ဆေးလုံးများကို ဝါးမျိုလိုက်ကြသည်။
သူတို့က ကောင်းကင်ထဲ၌ အော်ဟစ်၍ ပျံသန်းကာ ရှစ်ဖုန့်နှင့်သွေး
ကျောက်ပြားအား စိုက်ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများထဲတွင် လောဘတရားများဖြင့် ပြည့်နှက်နေသည်။
“ဂါး..ဂါး..ဂါး…ဂါး…”
ဘီလူးကြီးမှာ သွေးရောင်တောင်ထိပ်၏ ပြောင်းလဲမှုများအား အာရုံခံမိသည်။ သူအနေဖြင့် ဆီးလ်များနှင့်
အစီအရင်များက တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည်ကို အာရုံခံမိသည်။ သူ၏ကိုယ်က ဖြည်းဖြည်းချင်း အကြည်ရောင်ဖြစ်နေရာမှသာမန်
လူသားတစ်ယောက်ကဲ့သို့ သွေးအသားများအဖြစ်ပြောင်းလဲလာသည်။ ဘီလူးကြီးက စိတ်လှုပ်ရှားစွာဖြင့် သူ၏ခေါင်းကိုကောင်းကင်ထဲသို့
မော့လိုက်ပြီး နားကွဲမတက်
အလွန်ကျယ်လောင်
စွာအော်ဟစ်လိုက်သည်။ သူကသူ၏လက်သီးတို့အား လက်သီးများအဖြစ်ဆုပ်လိုက်ပြီး သူ၏စိတ်လှုပ်ရှားမှုတို့အား
ဖော်ပြရန်အတွက် သူ၏ရင်ဘက်အား တစ်ဘုန်းဘုန်းနှင့်ထုနှက်လိုက်သည်။
သူတို့၏ကျင့်ကြံမှုများအား ပြန်လည်၍ရရှိနေပြီး သွေးကျောက်ပြားအတွက် လောဘတက်နေကြသော
ကျင့်ကြံသူများမှာ ဘီလူးကြီးအား မြင်တွေ့လိုက်ရသောအခါတွင် ငြိမ်ကျသွားသည်။ ထိုဘီလူးကြီး၏ အရှိန်အဝါက ယခင်ထက်ပို၍ အားကောင်းလာသည်ကို သူတို့အာရုံခံမိကြသည်ဖြစ်သည်။
ဘီလူးကြီး၏ အကြည်ရောင်ကိုယ်က မူလအခြေအနေသို့ပြန်လည်၍ ဖြစ်ပေါ်လာသောအခါတွင်
သူ၏ကိုယ်က ရေများအားစုပ်ယူနေသောဝဲတစ်ခုနှင့်
တူပြီး ဤကမ္ဘာ၏ စွမ်းအင်များအား စုပ်ယူနေသည်။ သူ၏ အရှိန်အဝါကလည်း အရှိန်အဟုန်ဖြင့်ကြီးထွားလာပြီး အရိုန်အဟုန်ဖြင့် ပိုမို၍ အစွမ်းထက်သန်မာလာသည်။
ကျင့်ကြံသူများက ဘီလူးကြီးအားမြင်တွေ့ရသောအခါတွင် သူတို့အနေဖြင့် အကန့်သတ်မဲ့ သမုဒ္ဒရာတစ်ခုအား ကြည့်နေရသကဲ့သို့ဖြစ်သည်။ သူတို့အနေဖြင့် ဘီလူးကြီး၏ အဆုံးသတ်ကို
မမြင်တွေ့နိုင်ကြပဲ ၎င်း၏ကျင့်ကြံမှုက မည်မျှရှိသည်ကိုလည်း ပြောနိုင်ကြခြင်းမရှိချေ။ သို့သော် ဘီလူးကြီး၏ရှေ့တွင်သူတို့က ပုရွတ်ဆိတ်တစ်ကောင်လောက်
သာရှိသည်ဟု သူတို့ခံစားရသည်ဖြစ်သည်။ ဘီလူးကြီးကသာသူတို့အား သတ်ချင်သည်ဆိုလျှင် သူ့လက်ချောင်းအားတောက်
လိုက်ရသကဲ့လို့ လွယ်ကူလိမ့်မည်ဖြစ်၏။
“ဟားဟားဟားဟား”
ဘီလူးကြီးကသူ့ကိုယ်ရှိစွမ်းအားများ
တစ်ဟုန်ထိုးမြင့်တက်လာနေသည်
ကိုအာရုံခံမိပြီး ကောင်းကင်ထက်သို့မော့ကြည့်၍ ဟက်ဟက်ပက်ပက်ရယ်မော
လိုက်သည်။ထို့နောက်မကြာခင်သူ၏ ကြီးမားသောကိုယ်ကြီးကလည်း သွေးနီရောင်ကျောက်ပြားကဲ့သို့ ကောင်းကင်ထဲသို့ ပစ်လွှတ်သလိုတက်သွားသည်။ သူက သူ၏ဧရာမလက်သီးအား
ကျစ်ကျစ်ပါအောင်ဆုပ်၍
စွမ်းအားပြည့် ထိုးချက်တစ်ခုအား သွေးနီရောင်ကောင်းကင်ထံသို့ ထိုးသွင်းလိုက်သည်။
“ဖန်း”
အလွန်ကျယ်လောင်သော
အော်သံတစ်ခုက သွေးနီရောင်ဟင်းလင်းပြင်
အားဖြတ်သန်း၍ မိုးချုန်းသံကဲ့သို့ ထွက်ပေါ်လာစေသည်။ ရုတ်ခြည်းပဲ ဘီလူးကြီး၏ လက်သီးချက်အောက်တွင် အာကသဟင်းလင်းပြင်က အစိတ်အမွှာမွှာကွဲကြေသွားသည်ကို အားလုံးမြင်တွေ့လိုက်ကြရသည်။ သွေးရောင်အက်ကွဲကြောင်းများက
ပေါ်လာခဲ့ပြီး ဦးတည်ချက်အနှံ့သို့ ပင့်ကူအိမ်များကဲ့သို့ပျံ့နှံ့သွားသည်။
“ဖန်း”
ပထမလက်သီးချက်ပြီးသည့်နောက်တွ၍ ဘီလူးကြီးက နောက်ထပ်လက်သီးချက်အား လိုက်ပါ၍ ထိုးနှက်လိုက်သည်။
ဒုတိယ လက်သီးချက်၏အောက်တွင် ဟင်းလင်းပြင်ထဲရှိ
အက်ကွဲကြောင်းများမှာ မှန်စများကဲ့သို့ကွဲကြေသွားသည်။ ဟင်းလင်းပြင်ထဲတွင် ဧရာသွေးနီရောင် တွင်းပေါက်ကြီးတစ်ခုပေါ်လာသည်။ ဘီလူးကြီးက ကိုယ်က အပေါ်သို့တစ်ဟုန်ထိုးဦးတည်လိုက်ပြီး သွေးနီရောင်တွင်းပေါက်ကြီးအတွင်းသို့ ဝင်ရောက်သွားသည်။
“ဘယ်လိုတောင် အကြင်နာမဲ့လိုက်တဲ့ကောင်လဲ…
ဒီအတိုင်းပဲ ထွက်သွားတယ်”
ဘီလူးကြီးပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။ အတွေးတစ်ချက်ဖြင့် ကောင်းကင်ထဲတွင်ရှိနေသော သွေးရောင်ကျောက်ပြားက အရှိန်အဟုန်ဖြင့် အောက်ခြေရှိတောင်ထိပ်ပေါ်သို့ လျှင်မြန်စွာရောက်ရှိလာသည်။
“သတ်”
ဘီလူးကြီးပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသောအခါတွင်
သူ၏နှလုံးသားထဲရှိ လောဘတရားအား ဖိနှိပ်နိုင်စွမ်းမရှိသော
ကျင့်ကြံသူတစ်ယောက်က သွေးနီရောင်တောင်ထွပ်ထိပ်ပေါ်သို့ တစ်ဟုန်ထိုးဦးတည်လိုက်သည်။
ဤအချိန်တွင် ကမ္ဘာဦးကျောက်တုံးများနှင့် ဆေးဝါးများ၏ အကူအညီဖြင့် သူ၏ခွန်းအားတို့က ပြန်လည်၍ ပြည့်တင်းလာခဲ့ပြီဖြစ်သည်။ သူ၏ကျင့်ကြံမှုကလည်းပြန်
လည်ကောင်းမွန်လာခဲ့ပြီဖြစ်၏။
မကြာခင်တွင် နောက်ထပ်ကျင့်ကြံသူများကလည်း တောင်ထိပ်ပေါ်သို့ တစ်ဟုန်ထိုးဦးတည်လာကြသည်။
“သွားစို့..သွားကြစို့ အားလုံး
ရှားပါးရတနာကို ရနိုင်တယ်..”
မင်းသမီးကျိယွင်၏ ဘေးတွင်ရှိနေသော လင်းယွဲ့ရှင်းက သူမအားပြောလိုက်သည်။
သို့သော်ဤအချိန်တွင် မင်းသမီးကျိယွင်က သူမ၏ခေါင်းအား ခါယမ်းလိုက်ပြီး ပြောလိုက်သည်ကို သူမမြင်တွေ့လိုက်ရသည်။
“ညီမသူနဲ့ ထပ်ပြီးမတိုက်ခိုက်ချင်တော့ဘူး”
ဤသို့ပြောပြီးသည့်နောက်
မင်းသမီးကျိယွင်က သူမအား အာရုံစိုက်ခြင်းမရှိတော့သည်ကို လင်းယွဲ့ရှင်းမြင်တွေ့လိုက်ရသည်။ ထိုအစားသူမက တောင်ထိပ်ပေါ်ရှိ ပုံရိပ်ထံသို့ကြည့်နေသည်။
“ကျိယွင်….နင်”
လင်းယွဲ့ရှင်းမှာ ဤအရာအား မြင်တွေ့လိုက်ရသောအခါတွင်
ထူးဆန်းမှုနှင့် ဝမ်းနည်းမှုကိုခံစားလိုက်ရသည်။ မင်းသမီးကျိယွင်၏မျက်လုံးများထံမှ တစ်စုံတစ်ခုမှားယွင်းနေသည်ကိုသူမ မြင်နိုင်သည်ဖြစ်သည်။
“ကျိယွင် နင်ဒီလူကို ချစ်မိသွားတာလား”
လင်းယွဲ့ရှင်းက အော်ပြောလိုက်သည်။
လင်းယွဲ့ရှင်း၏စကားတို့အား ကြားလိုက်ရသောအခါတွင်
မင်းသမီးကျိယွင်က ရှစ်ဖုန့်ထံမှ
အကြည့်ကို ဖယ်ခွာလိုက်ပြီး လင်းယွဲ့ရှင်းထံသို့လှည့်လိုက်သည်။
“အမယွဲ့ရှင်း ညီမ..ညီမသူ့ကို ချစ်မိသွားပြီလို့ထင်တယ်”
“နင်..နင်…ဒါကဘယ်လိုဖြစ်နိုင်မှာလဲ….
ကျိယွင် နင်ကဒီလူကိုဘယ်လိုဖြစ်ပြီးတော့ ချစ်နိုင်ရမှာလဲ..”
မင်းသမီးကျိယွင်၏ စကားအားကြားလိုက်ရသောအခါတွင် လင်းယွဲရှင်းမှာ ဝမ်းနည်းမှုကိုပင်ခံစားလိုက်ရသည်မဟုတ်ပဲ စိတ်ပျက်မှုကိုပါခံစားလိုက်ရသည်။ သူမအနေဖြင့် မြတ်နိုးတန်ဖိုးထားအပ်သော အဖိုးထိုက်တန်သည့် တစ်စုံတစ်ခုအား ဆုံးရှုံးလိုက်ရသကဲ့သို့ ခံစားလိုက်ရခြင်းဖြစ်သည်။
စကားပြောနေရင်း သူမ၏လှပပြီး
နူးညံ့သော မျက်နှာထက်တွင် ခံစားချက်များဖြင့်ပြည့်နှက်နေသည်။
“အမယွဲ့ရှင်း…ညီမတို့သာ အတူတူဆက်ရှိနေရင် ဘာမှ ရလဒ်ကောင်းထွက်မလာနိုင်ဘူးလို့ အမပဲပြောခဲ့တယ် မဟုတ်ဖူးလား”
မင်းသမီးကျိယွင်က လင်းယွဲ့ရှင်း
ထံသို့ကြည့်၍ လေးနက်စွာပြောလိုက်သည်။
“……”
လင်းယွဲ့ရှင်း ပြောစရာစကားမဲ့သွားခဲ့သည်။ သူမအနေဖြင့် ကျိယွင်အားတကယ်ထိုကဲ့သို့
ပြောခဲ့သော်လည်း…..။ သူမကယင်းမှာကျိယွင်၏ကောင်းကျိုးအတွက်ဟု တွေးခဲ့သော်လည်း သူတို့သာ ဤကဲ့သို့ဆက်သွားခဲ့လျှင် ပျော်ရွှင်စရာအဆုံးတစ်ခုရမလာနိုင်ဟု သူမခံစားခဲ့ရသော်လည်း ကျိယွင်အား သူမလက်မလွတ်နိုင်ပေ။
“ပြောစမ်းပါ ကျိယွင် နင်ဘာလို့ သူ့ကိုကြိုက်တာလဲ…
နင်ဘာလို့ဒီယောက်ျားကို ကြိုက်ရတာလဲ”
လင်းယွဲ့ရှင်းမှာ ဤသို့ပြောနေရင်း မျက်ရည်စီးကြောင်းနှစ်ခုက သူမ၏ပါးပြင်ထက်သို့ ယိုစီးကျလာသည်။ သူမ၏မူလကလှပပြီးနှစ်လို
ဖွယ်ကောင်းသောမျက်နှာလေးက ပို၍ သနားဖို့ကောင်းလာ၏။
“ဘာလို့သူ့ကိုကြိုက်တာလဲ”
မင်းသမီးကျိယွင်က လင်းယွဲ့ရှင်း၏ စကားများအား ရေရွတ်လိုက်သည်။မသိလိုက်ပါဘဲ
သူမ၏ခေါင်းအားဖြည်းညှင်းစွာလှည့်၍ သွေးနီရောင်ပုံရိပ်ထံသို့ကြည့်လိုက်သည်။
ရှစ်ဖု့န့်က သွေးနီရောင်တောင်ထိပ်ပေါ်တွင်ရပ်နေပြီး ကောင်းကင်ထဲသို့ကြည့်နေသည်။
သူ၏ဆံပင်ရှည်တို့က
လေထဲတွင်ကခုန်နေပြီး သွေးနီရောင်ချပ်ဝတ်နောက်ရှိ သွေးနီရောင်ဝတ်ရုံသည်လည်း လေထဲတွင်ကခုန်နေသည်။
ဤအချိန်၌
မင်းသမီးကျိယွင်၏မျက်လုံးတို့ထဲတွင် ရှစ်ဖုန့်ကသွေးနီရောင်နတ်ဆိုး
တစ်ပါးကဲ့သို့ဖြစ်သည်။ ဤအချိန်၌
ကမ္ဘာပေါ်ရှိ အားလုံး၏ အကြည့်တို့က ဤပုံရိပ်ထံ၌ စူးစိုက်ထားသည်ကို မင်းသမီးကျိယွင်သိလိုက်သည်။
ဤသည်ကား အရမ်းကိုထူးခြားသာလွန်ပြီး အာရုံစိုက်မှုများစွာအားဆွဲဆောင်နိုင်သည့် ယောက်ျားတစ်ယောက်ဖြစ်လေသည်။
သူမနှလုံးသားထဲရှိ အဖြေတစ်ခုနှင့်အတူ မင်းသမီးကျိယွင်က လင်းယွဲ့ရှင်းကိုပြောလိုက်သည်။
“အမယွဲ့ရှင် အတိတ်တုံးက ညီမက ယောက်ျားတွေကိုမကြိုက်နှစ်
သက်ဖူးဆိုတာ ညီမမြင်တွေ့ရတဲ့ ယောက်ျားတွေက အရမ်းကိုနိမ့်ကျတဲ့သူတွေဖြစ်
လို့ဖြစ်လိမ့်မယ်…ညီမတို့ထျန်းမြောင်
အင်ပါယာထဲမှာ ဘယ်ယောက်ျားကမှ သူနဲ့နှိုင်းယှဉ်လို့ မရနိုင်ဘူးလို့ ညီမခံစားရတယ်… အခုချိန်မှာ သူကဘာမှမဟုတ်တဲ့သူဖြစ်ချင်ဖြစ်မယ်.. ဒါပေမဲ့ သိပ်မကြာခင်မှာ သူ့နမည်ကိုကမ္ဘာတစ်ခွင် ဖြတ်သန်းသိကြလိမ့်မယ်လို့ ညီမယုံကြည်တယ်..သူ့မှာ အဲ့လိုမျိုးလုပ်ဆောင်နိုင်တဲ့ စွမ်းရည်တွေရှိတာကို ညီမယုံကြည်တယ်”
“မဟုတ်ဖူး သူ့မှာ အခွင့်အရေးမရှိဘူး”
လင်းယွဲ့ရှင်းမှာ မင်းသမီးကျိယွင်၏ စကားတို့အား ကြားပြီးသည့်
နောက်တွင် သူမ၏ မျက်နှာက
ဖြည်းဖြည်းချင်း အေးစက်မှုအဖြစ်သို့ပြောင်းလာပြီး အေးစက်စွာပင်ပြောလိုက်သည်။
လင်းယွဲ့ရှင်း၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒက သူမ၏မျက်နှာထက်တွင်ပေါ်လာခဲ့ပြီးဖြစ်သည်။
“မကြာခင် ဒီလူက ဒီနေရာကနေထွက်သွား
လို့ရမှာမဟုတ်တော့ဘူး..ကျိယွင်
ငါနင့်ကို ဒီလူဆီကနေ ပြန်ပြီးတော့ယူမယ်..အခုချိန်မှာ
ငါသတိတာက နင်မရှိရင် နင့်ကိုငါဆုံးရှုံးလိုက်ရရင် ငါနှလုံးတွေကွဲကြေသွား
လိမ့်ရမယ်တစ်ခုတည်းဆိုတာပဲရှိတယ်…”
ဆက်ရန်…
ဘာသာပြန်သူ-ARISE