အပိုင်း(၂၇၈)
Vol. 19 Ch. 278
“ထန်”
ရုတ်တရက် သစ်သားဇီသာ
ဒုံမင်းတစ်မျိုးက လင်းယွဲ့ရှင်း၏ လက်တို့ထဲတွင်ပေါ်လာသည်။
ဇီသာအသံက ကျယ်လောင်ပြီး
ရှင်းလင်း၏။ ၎င်းက လင်းယွဲ့ရှင်း၏ လက်သင့်မခံနိုင်မှုများနှင့် ဒေါသတရားများကိုကိုယ်စား
ပြုသည်ဖြစ်သည်။ သူမအနေဖြင့် သူမချစ်ရသူအား ထိုလူ၏ အဝေးသို့ ခေါ်ဆောင်သွားခြင်းကို ဘယ်သောအခါမှ ခွင့်ပြုလိမ့်မည်မဟုတ်ပေ။
“မဟုတ်ဖူး အမယွဲ့ရှင်း မလုပ်ပါနဲ့”
သစ်သားဇီသာဒုံမင်းပေါ်လာသည်ကို တွေ့ရသောအခါတွင် မင်းသမီးကျိယွင်က စိုးရိမ်တကြီး အော်ပြောလိုက်သည်။
သို့သော် သူမ၏စကားမပြီးဆုံးခင်မှာပင်
သူမအနေဖြင့် လင်းယွဲ့ရှင်း၏ ကြားဖြတ်ဟန့်တားမှုကိုခံလိုက်ရသည်။
“ကျိယွင် သူ့အတွက်နင် ဖျောင်းဖျနေစရာမလိုဘူး ..ဒီနေ့သူသေရလိမ့်မယ်”
လင်းယွဲ့ရှင်းက စကားပြောပြီး
သည့်နောက်တွင် မင်းသမီးကျိယွင်အား လျစ်လျူရှုလိုက်သည်။ သစ်သားဇီသာအား ကိုင်ဆောင်ပြီး တောင်ထိပ်ပေါ်ရှိ ရှစ်ဖုန့်ရှိရာသို့ပျံသန်းသွားသည်။
“အမယွဲ့ရှင်း”
လင်းယွဲ့ရှင်း၏ ပုံရိပ်အားကြည့်ရင်းမင်းသမီးကျိယွင်၏ မျက်နှာထက်၌ စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။ ဤအချိန်၌
သူမအေနေဖြင့် သူတို့ထဲကတစ်ယောက်ထိခိုက်
သွားမည်အား မြင်တွေ့လိုခြင်းမရှိပေ။
“ကြည့်အဲ့တာ လင်းယွဲ့ရှင်းပဲ..သူမက တောင်ထိပ်ကိုပျံသန်းသွားနေတယ်”
“အဲ့ကျင့်ကြံသူတွေက…သူတို့က ..ထျန်းမြောင်အင်ပါယာက
တုန်းဖန်းကလန် ဟော်ကလန်နဲ့ ကျိကလန်တို့ကပဲ…ကလန်သုံးခုရဲ့ ပါရမီရှင်တွေဖြစ်ကြတဲ့ တုန်းဖန်းကျွင်း ဟော်ယွမ်နဲ့ ကျိတူကြွယ် တို့ရဲ့ဦးဆောင်မှုအောက်မှာ
သူတို့တွေကလည်း တောင်ထိပ်ဆီကိုဦးတည်
ပျံသန်းနေကြတယ်…
များပြားလှတဲ့ပါရမီရှင်တွေရဲ့ အတူတူကြိုစားအားထုတ်လုပ်
ဆောင်မှုနဲ့ဆိုရင် အကယ်၍ အဲ့ ကောင်စုတ်လေး သွေးနီရောင်ကျောက်ပြားကို
ရသွားခဲ့ရင်တောင် အဲ့တာက သူ့အတွက် ကပ်ဘေးဒုက္ခတွေပဲဖြစ်စေလိမ့်မယ်”
“ကောင်းကင်ဘုံရဲ့ ပြိုင်ဘက်ကင်းရတနာဆိုတာက မင်းရချင်တယ်ဆိုတာနဲ့ပဲ မင်းနဲ့ သက်ဆိုင်သွားတာမဟုတ်ဖူး…
မင်းအနေနဲ့အဲ့တာကို အသုံးပြုဖို့ အသက်ရှင်နေဖို့လည်းလိုသေးတယ်”
သွေးနီရောင်ကျောက်ပြားအား
ရှစ်ဖုန့်ရရှိသွားခြင်းအတွက် မနာလိုဖြစ်နေသောကျင့်ကြံသူတစ်ယောက်က အေးစက်စွာ နှာခေါင်းရှုံလိုက်သည်။ သူ၏အမြင်၌ သွေးကျောက်ပြားအား သူယခင်ကတစ်ခါမှ မြင်တွေ့ဖူးခြင်းမရှိသော ဤလူငယ်ကျင့်ကြံသူထက် ကျော်ကြားသောပါရမီရှင်များ
ရရှိသွားခြင်းက ပို၍ကောင်းသည်ဟု ထင်နေသည်။
“အဲ့လူ..အဲ့လူက ဟို့ယွင်ဂိုဏ်းက ဝေ့ချန်ပဲ…ဘုရားရေ..ငါအရင်
တုံးကတော့ဒါကို မသိခဲ့ဖူး.. ဒါပေမဲ့ ထျန်းမြောင်အင်ပါယာရဲ့ ပါရမီရှင်တွေအားလုံးက ဒီသွေးရောင်တောအုပ်ထဲမှာ ရှိနေလိမ့်မယ်လို့ငါလုံးဝ မမျှော်လင့်ထားခဲ့ဘူး…တုန်းဖန်းကလန်က တုန်းဖန်းကျွင်း…ဟောင်ကလန်က ဟောင်ယွမ်…..ကျိကလန်က ကျိတူကြွယ်နဲ့ ဟို့ယွင်ဂိုဏ်းက ဝေ့ချန်….သူတို့အားလုံးက ကြယ်လေးပွင့်ဘိုးဘေးနယ်ပယ် အဆင့်တွေကြီးပဲ..ထျန်းမြောင်အင်ပါယာရဲ့ နံပါတစ်ပါရမီရှင် လင်းယွဲ့ရှင်းက ကြယ်ငါးပွင့် ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ပဲ”
“ငါသာဒီလူငယ်လေးနေရာမှာဆိုရင်.
ဒီသွေးကျောက်ပြားကိုစွန့်ခွာပြီးတော့ ဒီပါရမီရှင်တွေကို သူတို့ဟာသူတို့ပြန်ပြီး တိုက်ခိုက်စေတယ်…အဲ့နည်းလမ်းနဲ့ဆို ငါလည်း လူထုရဲ့ပြစ်မှာဖြစ်လာပြီး အပိုင်းပိုင်းဖျက်ဆီးခံရတော့မှာမဟုတ်ဖူး”
“အမှန်ပဲ အကယ်၍ ဘီလူးကြီးသာဒီမှာရှိနေခဲ့ရင်တော့
ဘယ်သူကမှ အဲ့ကလေးဆီကနေ သွေးကျောက်ပြားကို လုယက်ရဲမှာမဟုတ်ဖူး..အခု
ဘီလူးကြီးကလည်း သူ့ကိုစွန့်ပယ်ထွက်ခွာသွားပြီ …သူဘာလုပ်ရမယ်ဆိုတာကို မသိသေးဘူးဆိုရင်တော့သူသေ
ဖို့ထိုက်တန်တယ်”
ကျင့်ကြံသူများကတစ်ယောက်ပြီး တစ်ယောက်ပြောလိုက်ကြသည်။
“ဝမ်းကွဲ…တို့တွေဘယ်ရွေးချယ်
မှုလုပ်ကြမလဲ”
ဤအချိန်၌ ပုယွင်ရွှမ်းနှင့်နှင့် ပုမိသားစု၏ကျင့်ကြံသူများက သွေးနီရောင်သစ်ပင်များထိပ်၌ ရပ်နေကြဆဲဖြစ်ပြီး တောင်ထိပ်ပေါ်သို့ ကြည့်နေကြသည်။ ပုယွင်ရွှမ်း၏ အနားတွင်ရပ်နေသော ကျင့်ကြံသူတစ်ယောက်က မေးလိုက်သည်။
“စောင့်ကြည့်ကြတာပေါ့”
ပုယွင်ရွှမ်းကဤစကားတို့ကိုသာ ပြောပြီး တိတ်ဆိတ်သွားသည်။သူဘာကိုစီစဉ်နေသည် သို့မဟုတ် ဘာကိုစဉ်းစားနေသည်အား မည်သူမျှ မသိကြချေ။ သူတို့တေွက တိတ်တဆိတ်ဖြင့် ဆက်လက်၍ စောင့်ကြည့်နေကြသည်။
သွေးနီရောင်ဟင်းလင်းပြင်ထဲတွင် ရှစ်ဖုန့်ထံသို့တစ်ဟုန်ထိုးထိုးနှက်ကျဆင်းလာသည့် သွေးကျောက်ပြားကရုတ်တရက် ရှစ််ဖုန့်ထံသို့ကျလာရင်း အရှိန်အဟုန်ဖြင့် ကျုံ့လာသည်။ အစောပိုင်းက ဧရာမကြီးဖြစ်နေခဲ့သော
သွေးကျောက်ပြားမှာ ရှစ်ဖုန့်၏စိတ်ဖြင့်ထိန်းချုပ်
မှုအောက်တွင် လက်ချောင်းတစ်ချောင်းအရွယ်
အစားဖြစ်သွားပြီး ရှစ်ဖုန့်၏ ဘယ်လက်ဖဝါးအတွင်းသို့ပြုတ်ကျလာသည်။
ရှစ်ဖုန့်၏ ဘယ်လက်ဖဝါးပေါ်တွင် လက်မအရွယ်အစားခန့်ရှိသော သွေးကျောက်ပြား ပုံစံငယ်လေးရှိနေသည်။ သူ့အနေဖြင့် သွေးနတ်ဆိုးသင်ကြာပေးခဲ့သော ဆန်းကြယ်သန့်စင်နည်းကိုအသုံးပြု၍ သွေးကျောက်ပြားအား အပြည့်အဝသန့်စင်ခဲ့ပြီးဖြစ်သည်။
ယခုအချိန်၌ သွေးကျောက်ပြားအား သူ၏စိတ်ဖြင့် အသက်သွင်းနိုင်ပြီဖြစ်၏။
သို့သော် သူ့အနေဖြင့် သွေးကျောက်ပြားအား သုံးကြိမ်သာ အသက်သွင်းနိုင်သည်ဖြစ်သည်။ တကယ်တမ်းတွင် ရှစ်ဖုန့်က ၎င်းအား အသုံပြုရန် ဝန်လေးနေသည်။ သူကသူ၏ခေါင်းအားအနည်းငယ်ငုံ့၍ အောက်သို့ကြည့်လိုက်သည်။ သူကအားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် တိုက်ခိုက်ခြင်းစိတ်ဝိညာဉ်တို့ ပေါက်ကွဲထွက်ပေါ်နေသော သူ့ထံသို့တစ်ဟုန်ထိုးဦးတည်
လာနေကြသည့် ကျင့်ကြံသူအုပ်စုလိုက်အား
တွေ့လိုက်ရသည်။
၎င်းတို့က အနည်းဆုံးကျင့်ကြံသူ လေးဆယ် ငါးဆယ်ခန့်ရှိသည်ဖြစ်သည်။
ဤကျင့်ကြံသူများကြားထဲတွင် အားအနည်းဆုံးမှာ အင်ပါယာနယ်ပယ်ဖြစ်သည်။ အားအကောင်းဆုံးက ကြယ်ငါးပွင့် ဘိုးဘေးနယ်ပယ်ဖြစ်သည်။ အဖြူရောင်ဝတ်ဆင်အားဝတ်ဆင်ထားပြီး သစ်သားဇီသာအား ကိုင်ဆောင်ထားသည့် ဖျောင်ရှဂိုဏ်း၏ ပါရမီရှင့် လင်းယွဲ့ရှင်းအား ရှစ်ဖုန့် တွေ့ထားပြီးသားဖြစ်သည်။
လင်းယွဲ့ရှင်းက ရှစ်ဖုန့်အားကြည့်ချိန်တွင် သူမ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများအား အပြည့်အဝ ဖော်ပြထားသည်။
“ပါရမီရှင်တွေအများကြီးပဲ..
သူတို့အားလုံးကိုသာသတ်လိုက်ရရင် ဒါကကောင်းတဲ့အရာတစ်ခုပဲ..”
ကျင့်ကြံသူ ရာဂဏန်းခန့်က
သူ့ထံသို့ တစ်ဟုန်ထိုးလာ
နေသည်ကိုကြည့်ပြီး ရှစ်ဖုန့်၏ နှုတ်ခမ်းကတွန့်ကွေးသွား၍ လှောင်ပြုံးပြုံးလိုက်သည်။ သွေးဓားကသူ၏လက်အတွင်း၌ ပေါ်လာခဲ့ပြီးဖြစ်၏။
“ပါရမီရှင်တွေအများကြီးပဲ..
ငါသာသူတို့ရဲ့သွေးကိုသောက်သုံး သေခြင်းစွမ်းအင်ကိုစုပ်ယူပြီး ဝိညာဉ်စွမ်းအားကိုဝါးမျိုလိုက်ရင်
ငါအနေနဲ့ ကြယ်နှစ်ပွင့်ဘိုးဘေး
နယ်ပယ်ကို ရောက်နိုင်လောက်တယ်…ငါ့ရဲ့ ဝိညာဉ်စွမ်းအားကလည်း အဆင့်ခြောက်ကို ချိုးဖြတ်နိုင်လောက်တယ်”
ယခုရှစ်ဖုန့်က ဘိုးဘေးနယ်ပယ်သို့ရောက်ရှိနေပြီဖြစ်ပြီး သူ့အတွက ကျင့်ကြံမှုအဆင့်
တိုးမြှင့်ရန်အတွက် ခက်ခဲမှုက တိုးမြင့်လာခဲ့ပြီဖြစ်သည်။ စွမ်းအင်လိုအပ်မှုပမာဏက
လည်းတိုးမြင့်လာခဲ့၏။
“သတ်”
ရှစ်ဖုန့်က အော်ပြောလိုက်သည်။ ကျင့်ကြံသူပါရမီရှင်များစွာက သူ့ထံသို့ပျံသန်းလာနေသည်ကို တွေ့ရသောအခါတွင် သူက နောက်သို့ဆုတ်မသွားရုံသာမကဘဲ လူအုပ်ထံသို့ပင် တစ်ဟုန်ထိုးဦးတည်သွားလိုက်သည်။ လူများစွာကသူ့အားသူတို့၏
သေခြင်းတရားကိုလာပို့ပေးပြီး သူ့အား စွမ်းအင်များလာထောက်ပံ့ပေး
နေသည်ကိုတွေ့ရသောအခါတွင်
သူ့အနေဖြင့် ရတနာများနှင့်ပြည့်နေသော ရတနာသိုက်တစ်ခုအား တွေ့လိုက်ရသကဲ့သို့ ခံစားရသည်။
“ထန်…ထန်..တန်..ဒန်..ထန်”
ဇီသာအသံက ထွက်ပေါ်လာသည်။ လင်းယွဲ့ရှင်းက သူမ၏ဘယ်လက်ထဲတွင် ဇီသာအား ကိုင်ထားပြီး ညာလက်ဖြင့် ကြိုးများအား ဆက်လက်၍ တီးခက်နေသည်။ ဟင်းလင်းပြင်ထဲတွင်လေတို့မှာ အသံလှိုင်းများနှင့်အတူ ရုတ်တရက် တုန်ခါလာသည်။ ထို့နောက်မကြာခင် ဖောက်ထွင်းမြင်နိုင်သော ဓားများ၊ဆေဘာဓားများ၊ လှံများ၊ပုဆိန်ရဲတင်းများ နှင့်
အခြားအရာများက တစ်ခုပြီးတစ်ခု သိပ်သည်းဖွဲ့စည်းလာသည်။ လက်နက်ဆယ့်ရှစ်မျိုးက သိပ်သည်းထူထပ်ပြွတ်သိပ်စွာဖြင့် ရှစ်ဖုန့်ထံသို့သိမ်းကျုံးဦးတည်လာ၏။
“သတ်”
“သတ်”
“သတ်”
“သတ်”
လင်းယွဲ့ရှင်း၏ တိုက်ခိုက်မှုနောက်
သို့လိုက်ပါ၍ “သတ်” ဟူသော
အော်သံများက ရုတ်ခြည်းထွက်ပေါ်လာသည်။
ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် သူတို့၏ သိုင်းပညာရပ်များကိုအသုံးပြု၍ စတင်တိုက်ခိုက်လိုက်ကြသည်။ သူတို့အနေဖြင့် ရှစ်ဖုန့်အားအရင်ဆုံးသတ်ဖြတ်၍ နောက်မှသာသွေးကျောက်ပြားအား သိမ်းဆည်းရမည်ကို နည်းဗျူဟာကို နားလည်ကြသည်ဖြစ်သည်။
ဧရာမ ဆေဘာဓားရိပ်များ၊ဓားရှည်ရိပ်များ၊ လှံရိပ်များ၊မီးတောက်မီးလျှံများ၊ မိုးသီးများ၊ လေပြင်းများနှင့် လျှပ်စီးများ စသည့် ပြင်းထန်သောတိုက်ခိုက်မှုများက တလက်လက်ထနေပြီး စွမ်းအင်ပင်လယ်တစ်ခုအဖြစ် အရောင်အသွေးစုံလင်လှသော
စွမ်းအင်များက အတူတကွစုစည်းကာ ရှစ်ဖုန့်ထံသို့သိမ်းကျုံးဦးတည်လာသည်။
သွေးတောင်ထိပ်ပေါ်တွင် လှုပ်ရှားမှုပြုလုပ်ကြခြင်းမရှိသော ကျင့်ကြံသူများက ဟင်းလင်းပြင်ထဲ၌ သိပ်သည်းကာပေါက်ကွဲထွက်လာသော စွမ်းအင်များကိုကြည့်နေကြသည်။
သူတို့ထဲကအများစုမှာ
ကြောက်ရွံ့မှုကြောင့် တုန်ရင်နေကြပြီး အသက်ရှူရန်ပင်ခက်ခဲနေသည်
ကိုတွေ့ရသည်။ ဤစွမ်းအားများ၏ သက်ရောက်မှုအောက်တွင် အဆင့်မြင့် ဘိုးဘေးနယ်ပယ်တစ်ယောက်ပင်လျှင် ဖျက်ဆီးခံရလိမ့်မည်ဖြစ်သည်။
“ဟမ့်”
အောက်သို့ပျံသန်းလာသောရှစ်ဖုန့်က အာရာအားလုံးအား ဝါးမျိုဖျက်ဆီး
နိုင်ပုံရသည့် ဟင်းလင်းပြင်ထဲရှိ စွမ်းအင်လှိုင်းတို့အား မျက်နှာချင်းဆိုင်၍ အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ရုတ်တရက်သူ့ကိုယ်ပေါ်တွင်ရှိနေသော သွေးနီရောင်ချပ်ဝတ်က အလွန်ပြင်းထန်အားကောင်းသော သွေးနီရောင်အလင်းတန်းကိုထုတ်လွှတ်ပြီး ၎င်းကဦးတည်ချက်အနှံ့သို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားသည်။
ဧကရာဇ်အဆင့်ချပ်ဝတ်၏
ဆီးလ်များက ကျိုးပျက်သွားခဲ့သည်ဖြစ်သော်လည်း ရှစ်ဖုန့်မှာသူ၏ လက်ရှိစွမ်းအားဖြင့်
ချပ်ဝတ်၏ စွမ်းအားအား အပြည်အဝ အသုံးပြုနိုင်ခြင်းမရှိချေ။
ထိုသို့ဆိုလျှင်တောင်
ထျန်းမြောင်အင်ပါယာ၏ ဤလူငယ်ကျင့်ကြံသူများအား
ရင်ဆိုင်ရာတွင် အစွမ်းထက်ဆုံးက ကြယ်ငါးပွင့်ဘိုးဘေးနယ်ပယ်
အဆင့်သာဖြစ်သည်။ ယင်းက
သူ့အတွက် မရှုံးနိမ့်နိုင်ရန်အတွက်
လုံလောက်သည်ဖြစ်သည်။
ပထမဆုံးရောက်ရှိလာသည့်
တိုက်ခိုက်မှုက လင်းယွဲ့ရှင်း၏ အသံလှိုင်းများထံမှလာသော အသံလှိုင်းလက်နက်များဖြစ်သည်။
သို့သော် ဤအသံလှိုင်းလက်နက်များမှာ ချက်ချင်းပဲ သွေးနီရောင်အလင်း၏လွမ်းခြုံမှု
ကိုခံလိုက်ရသည်။
လူအုပ်၏ရှေ့ဆုံးမှနေ၍ ပျံသန်းလာသောလင်းယွဲ့ရှင်းမှာ
ရုတ်ခြည်း သူမ၏မျက်နှာထက်၌ အလွန်ထိတ်လန့်သောအမူအယာတို့ ဖြစ်ပေါ်လာသည်။
ဆက်ရန်……
ဘာသာပြန်သူ-ARISE