အပိုင်း(၂၇၉)
Vol. 19 Ch. 279
လင်းယွဲ့ရှင်း၏ အသံလှိုင်း
တိုက်ခိုက်မှုများက သွေးနီရောင်အလင်း၏ဝါးမျိုမှု
ကိုခံလိုက်ရသည်။ သွေးနီရောင်
အလင်းကြောင့် သူမ၏တိုက်ခိုက်မှုများက ဖျက်ဆီးခံလိုက်ရသည်ကို သူမချက်ချင်းအာရုံခံမိလိုက်၏။ လင်းယွဲ့ရှင်းတစ်ယောက် တုန်လှုပ်မှုကိုထိန်းမထားနိုင်ဘဲ မှင်တက်မိသွားရသည်။
သူမသည်ကောင်းကင်ဘုံ၏ ဂုဏ်ယူရသောသမီးတစ်ယောက်ဖြစ်သည်။ သူမသည် ထျန်းမြော်အင်ပါယာ၏ ပါရမီရှင်လူငယ်စာရင်းတွင် နံပါတ်တစ်ဖြစ်သည်။
“ဟင့်အင်း…ကျိယွင်ငါ့ဘက်
ကိုပြန်ရောက်လာဖို့အတွက်.
နင်သေရမယ်..နင်သေရမယ်”
လင်းယွဲ့ရှင်းက ရှုံးနိမ့်သွားမှုအားဝန်ခံရန် လက်သင့်မခံနိုင်ပေ။ သူမ၏ညာလက်အား သစ်သားဇီသာအား ရုတ်တရက်ကစားလိုက်သည်။
“ထန်”
ရုတ်တရက် ကောင်းကင်တစ်ခွင်လုံး၌ ဇီသာသံများဖြင့် ပြည့်နှက်သွားသည်။ထို့နောက်
ရှစ်ဖုန့်၏အထက်တွင် အသံလှိုင်းများကြောင့် ဧရာမလျှပ်စီးကြောင်းကြီး ဖြစ်ပေါ်လာပြီး ရှစ်ဖုန့်ထံသိုပစ်ချကျဆင်းလာသည်။
သို့သော် ဟင်းလင်းပြင်ထဲတွင် ကျင့်ကြံသူများ၏ မျက်နှာထက်၌
ထိတ်လန့်မှု၊ တုန်လှုပ်မှု နှင့် မယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။ သူတို့အနေဖြင့် ၎င်းအားလက်သင့်ခံနိုင်ရန်ခက်ခဲနေကြ၏။
လူများစွာ၏အတူတကွပူးပေါင်း
တိုက်ခိုက်မှုဖြင့်ဆိုလျှင် ကြယ်ခြောက်ပွင့်ဘိုးဘေးနယ်ပယ်
ကျင့်ကြံသူတစ်ယောက်ပင်
ရွေးချယ်စရာမရှိဘဲ တိုက်ခိုက်မှုအောက်၌ သေဆုံးရလိမ့်မည်ဟု သူတို့ရုတ်တရက်ခံစားရသည်။ သို့သော် ပြင်းထန်ပြီး စွမ်းအားကြီးသော
စွမ်းအင်များက သွေးနီရောအလင်း၏ ချိုးဖျက်မှုကိုခံလိုက်ရရုံသာမက ၎င်းတို့အားလုံး သွေးနီရောင်အလင်း၏ ဖျက်ဆီးမှုကိုခံလိုက်ရသည်။
“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ..
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
“ဘာတွေဖြစ်နေတာလဲ…ဒီလူရဲ့ ကျင်ကြံမှုနယ်ပယ်က ဘယ်လောက်လဲ”
“အဲ့တာကျောက်ပြားပဲ …သူခုဏလေးတင် သွေးနီရောင်ကျောက်ပြားထဲကိုစုပ်ယူခံခဲ့ရတာ.. သူ့အနေနဲ့ စိတ်ကူးမရနိုင်တဲ့ စွန့်စားမှုနဲ့ ကြီးမားတဲ့ အခွင့်အရေးတစ်ခုကို ရခဲ့တာပဲဖြစ်ရမယ်..အားလုံးပဲ အတူတူ ကြိုးစားလိုက်ကြရအောင် ငါတို့တွေဒီလူကိုသတ်ပြီးတော့ သူ့ရခဲ့တဲ့ လျှို့ဝှက်ချက်တွေကို
အတူတူမျှဝေကြတာပေါ့”
“သတ်..”
“သတ်..”
“သတ်..”
“သတ်..”
ကျင့်ကြံသူများက ထပ်မံ၍ အော်ဟစ်လိုက်ကြသည်။ သိုင်းပညာရပ်များနှင့်တိုက်ခိုက်မှုများအား ထုတ်ဖော်ရန်အဆင့်သင့်ပြင်လိုက်ကြသည်။ အစောပိုင်းက ရှစ်ဖုန့်အား
သတ်ပြီးသည့်နောက် သွေးကျောက်ပြားအတွက်
တိုက်ခိုရန်စွမ်းအားများအား
ချွေတာထားကြသည့် သူတို့၏ စွမ်းအားအပြည့်အဝအားအသုံး
မပြုခဲ့ကြသည့် ကျင့်ကြံသူများက
ယခုအခါ၌ ထပ်ပြီးထိန်ချန်ထား
ခြင်းမရှိတော့ပဲ သူတို့၏ စွမ်းအားကို အပြည့်အဝအသုံးပြုလိုက်ကြသည်။
ပြင်းထန်ပြီးတလက်လက်ထနေ
ကာအရောင်အဝါတောင်ပသော သာမန်ကျင့်ကြံသူတစ်ယောက်အား တစ်ဆက်ဆက်တုန်သွားစေနိုင်သည့် စွမ်းအားများက နောက်တစ်ကြိမ်ထပ်မံ၍ ထုတ်လွှတ်လာပြီး ရှစ်ဖုန့်အား မုန့်မုန့်ညက်ညက်ကြေစေချင်သကဲ့သို့ ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးသိမ်းကျုံးဦးတည်လာသည်။
သွေးနီရောင်ချပ်ဝတ်ပေါ်ရှိ သွေးနီရောင်အလင်းက ပို၍ တောက်ပသည်ထက်တောက်ပလာသည်။ ရှစ်ဖုန့်၏ အမူအယာက
ပြောင်းလဲခြင်းမရှိချေ။ ဧရာမအသံ
လှိုင်းကြီးနှင့် မိုးကြိုးတို့က သူ၏အပေါ်မှလာနေသည်ကို
အာရုံခံမိသည်တောင် သူကအေးဆေးတည်ငြိိမ်နေဆဲဖြစ်သည်။ ထို့နောက် လင်းယွဲ့ရှင်း၏ တိုက်ခိုက်မှုက သွေးနီရောင်အလင်းအား ထပ်မံ၍ ထိမှန်လာသည်။
သို့သော်လင်းယွဲ့ရှင်းမှာ ရုတ်တရက် ကူကယ်ရာမဲ့သည့် အာရုံကိုခံစားလိုက်ရသည်။ သူမ၏အစွမ်းထက်ဆုံးသိုင်းပညာရပ်၊ သူမ၏ အစွမ်းထက်ဆုံးသောတိုက်ခိုက်မှု၊ သူမ၏ မိုးကြိုးလျှပ်စီး အသံလှိုင်းက သွေးနီရောင်အလင်းကြောင့် နောက်တစ်ကြိမ်ထပ်မံ၍ ချေမှုန်းသုတ်သင်ခံလိုက်ရသည်။
ဤအချိန်၌ လင်းယွဲ့ရှင်းမှာ ဆုတ်ခွာရန်ကိုတွေးထားပြီးဖြစ်သည်။ ထို့ကြောင့်သူမကသိုသိုသိပ်သိပ်ဖြင့် ဆုတ်ခွာလိုက်သည်။
နောက်ထပ် ပြင်းထန်သောစွမ်းအင်လှိုင်းများအား ရင်ဆိုင်ရင်း ရှစ်ဖုန့်က ဆက်လက်၍ လူအုပ်ထံသို့ တစ်ဟုန်ထိုး
ချဉ်းကပ်လိုက်သည်။ ဤအချိန်၌ ဘာချွင်းချက်မှရှိမနေပေ။ သွေးချပ်ဝတ်မှထုတ်လွှတ်နေသော သွေးနီရောင်အလင်းက နောက်တစ်ကြိမ်ထပ်မံ၍ ပြင်းထန်ပြီး မျက်စိကျိန်းလောက်စရာကောင်းသော စွမ်းအားများအား အကုန်သုတ်သင်ရှင်းလင်းပစ်လိုက်သည်။
ဤအချိန်၌ ရှစ်ဖုန့်၏ ပုံရိပ်က လှစ်ခနဲဖြစ်သွားပြီး သိုးအုပ်ထဲသို့ ဝင်ရောက်လာသော
ဝံပုလွေတစ်ကောင်ကဲ့သို့ ကျင့်ကြံသူအုပ်စုအတွင်းသို့ ဖျက်ခနဲရောက်ရှိသွားသည်။ ချက်ချင်းပဲ လူအုပ်အတွင်း၌ သိပ်သည်းသော အဖြူရောင်ဓားရိပ်များဖြင့်
ရှုပ်ယှက်ခတ်သွားပြီး
ထို့နောက်မှလိုက်ပါ၍ ကျင့်ကြံသူလူအုပ်အတွင်းမှ စိတ်မချမ်းမြေ့ဖွယ်ကောင်းသော အော်ဟစ်သံများထွက်ပေါ်လာသည်။
“အား.”
“အား”
“မဟုတ်ဖူး..အားလုံးမြန်မြန်လေး အတူတူတိုက်ကြရအောင် ဒီလူကအလျှင်လိုနေတယ်..သတ်..အားလုံး သူ့ကိုမြန်မြန်သတ်ကြ..သူသေရမယ်…အား..”
လူအုပ်ထဲမှအော်ပြောလိုက်
သောကျင့်ကြံသူတစ်ယောက်
မှာရုတ်တရက် သူ၏လည်ပင်း
ထံမှအေးစိမ့်မှုကို ခံစားလိုက်ရသည်။သွေးနီရောင်
တောက်ပနေသောသွေးဓားတစ်ချောင်းက သူ၏လည်ပင်းအားထိုးဝင်သွားသည်။ ရုတ်တရက် သူ၏ကိုယ်အတွင်း
ရှိသွေးတို့က ပြောင်းပြန်စီးဆင်းလာသည်ကို သူခံစားလိုက်ရသည်။ သူ၏ကိုယ်က လေလျော့သွားသောပူဖောင်းတစ်လုံးကဲ့သို့ဖြစ်သွားပြီး လျှင်မြန်စွာရှုံ့တွခြောက်သွေ့သွားသည်။
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကဆက်လက်၍ ဖြစ်ပေါ်နေသည်။ ကျင့်ကြံသူများ၏ စူးစူးဝါးဝါးအော်ဟစ်သံများက ဘယ်လိုပင် အော်နေပါစေသို့မဟုတ် ဘယ်လိုပင် သူတို့နာကျင်ခံစားနေကြပါစေ သူ၏အသက်အား လိုချင်နေကြသည့် ဤကျင့်ကြံသူများအား ရှစ်ဖုန့်က လုံးဝသနားညှာတာနေခြင်းအလျဉ်းမရှိချေ။
သူ၏ရတနာများအား ငမ်းငမ်းတက်နေပြီး သူ၏အသက်ကိုလိုချင်နေကြ
သောသူတို့အနေဖြင့်ခွေးများဝက်များကဲ့သို့ အစုလိုက်အပြုံလိုက်အသတ်ခံ
ရန်အတွက်လည်း စိတ်ပိုင်းဆိုင်ရာများအရ ပြင်ဆင်ထားကြရမည်ဖြစ်သည်။သူ၏စွမ်းအားကြောင့်သာမဟုတ်ခဲ့လျှင် ဤလောဘကြီးသော ကျင့်ကြံသူများက သူတို့၏လက်နက်များနှင့် သိုင်းပညာရပ်များကိုအသုံးပြု၍ သူ၏ကိုယ်အား အပိုင်းပိုင်းဆုတ်ဖြဲပစ်ကြလိမ့်
မည်သာဖြစ်သည်။
“ဒါ..ဒါကအမှန်ပဲလား…အခု ပါရမီရှင်အများကြီးက ဘာမှထိန်းချုပ်ခြင်းမရှိဘဲ လူအုပ်ထဲကိုတစ်ဟုန်ထိုးဝင်လာတဲ့
ဒီလူရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်
မှုကိုခံနေရတယ်…”
သွေးရောင်တောင်ထွတ်ပေါ်တွင် အချို့သောကျင့်ကြံသူများမှာဟင်းလင်းပြင်ထဲသို့ ဗလာနတ္ထိကြည့်နေမိကြသည်။ဤကဲ့သို့ အလွန်အမင်းကိုယုတ္တိမတန်သည့် မြင်ကွင်းအားကြည့်ကာ သူတို့အနေဖြင့် အလွန်ကိုယုတ္တိမတန်သော
အိမ်မက်တစ်ခုအား မက်နေရသကဲ့သို့ခံစားရသည်။ ထျန်းမြောင်အင်ပါယာ၏ ဤကျော်ကြားလှသောလူများ၏ကိုယ်များမှာ ဖက်ထုပ်များကဲ့သို့ တစ်ဘုတ်ဘုတ်ပြုတ်ကျနေပြီး ကျဆင်းလာနေသောသူတို့၏ ကိုယ်များက ရှုံတွခြောက်သွေ့နေပြီးဖြစ်ကာ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီးဖြစ်သော ခြောက်သွေ့သောအလောင်းများ
ကဲ့သို့ဖြစ်နေသည်။
“သေခြင်းနတ်ဘုရား…
အနက်ရောင်သေခြင်းနတ်ဘုရား…
ဒါကတကယ့်ကို သေခြင်းနတ်ဘုရားပဲ…ကောလဟာလတွေကအမှန်ပဲ..ဒီလူက ရက်စက်ပြီး တော့သွေးဆာတယ်…အခုသူက သူ့ဓားကိုအသုံးပြုပီးတော့ ပါရမီရှင်တွေရဲ့အသက်တွေကို အကြင်နာမဲ့ ရိတ်သိမ်းသတ်ဖြတ်နေတယ်…
အင်အားစုကြီးများစွာက ပါရမီရှင်များစွာကျဆုံးသွားပြီ …ထျန်းမြောင်အင်ပါယာကတော့ ပြောင်းလဲတော့မယ်လို့ ငါခန့်မှန်းတယ်”
“နတ်ဆိုး..ဒါရိုးရိုးလေးပြေရရင် နတ်ဆိုးပဲ..အရမ်းကြောက်ဖို့ကောင်းတယ်”
“အဲ့တာသူပဲ”
ဤအချိန်၌ မင်းသမီးကျိယွင်မှာ ကျင့်ကြံသူများ၏အသက်များ
အားရိတ်သိမ်းနေသည့် ဟင်းလင်းပြင်ထဲရှိပုံရိပ်အား စိုက်ကြည့်နေမိသည်။ ရုတ်တရက်သူမ အသိပြန်ဝင်လာသည်။လင်းယွဲ့ရှင်းက ထိုနေရာတွင်ရှိနေဆဲဖြစ်သည်။ အမယွဲ့ရှင်း..သူမထိုသို့ဖြစ်သွား၍ မဖြစ်ပေ။
ပုမိသားစု၏ကျင့်ကြံသူများမှာ ပုယွင်ရွှမ်း၏ဦးဆောင်မှုအောက်တွင် ကောင်းကင်ထဲသို့ကြည့်နေကြဆဲဖြစ်သည်။ သူတို့အားလုံးကြက်သေသေနေကြသည်။ သူတို့နှင့်တစ်ကြိမ်အတူခရီးသွားလာဖူးသည့် ဤလူက ယခုအချိန်၌ တက်ကို့ အရမ်းစွမ်းအားကြီးနေသည်။
ငရဲဘုံကိုးခု ၏ အမွေဆက်ခံသူ ဧကရာဇ်ကျိုးယို၏အဆက်အနွယ် က တကယ့်ကို သာမန်ထက်လွန်ကဲစွာထူးခြား
သောသူဖြစ်သည်။
ပုယွင်းရွှမ်းက သူတို့အား ဟင်းလင်းပြင်ထဲသို့သွား၍ အခြားကျင့်ကြံသူများနှင့်ပူးပေါင်း ကာကျောက်ပြားအားရယူရန် အမိန့်မပေးခဲ့ခြင်းအပေါ် အချို့ကျင့်ကြံသူများက ကံကောင်းသည်ဟုစတင်ခံစားလာကြရသည်။ ကြောက်ရွံ့နေကြသောကျင့်ကြံသူအချို့ပင် ရှိနေကြသေးသည်ဖြစ်သည်။
ဤလူက သွေးနီရောင်ကျောက်ပြားအား
ရရှိသွားသည့် အချိန်တွင်သူတို့အနေဖြင့် စိတ်၏လှုံ့ဆော်မှုလောဘတရားတို့အား ခံစားခဲ့ရသေးသည်ဖြစ်သည်။
ကံကောင်းစွာဖြင့် သူတို့ကိုယ်သူတို့ ထိန်းသိမ်းနိုင်ခဲ့သည်။
သွေးနီရောင်တောအုပ်အတွင်းရှိ သွေးနီရောင်သစ်ပင်ထိပ်တွင် ယန်ကျုံး၏ရင်ဘက်ပေါ်၌ရှိနေသော ကျောက်စိမ်းပြားထံမှ အိုမင်းသောအသံတစ်ခုထွက်ပေါ်လာသည်။
“ကျုံးအာ သွားကြစို့”
“အင်း”
အိုမင်းသောအသံအား ကြားလိုက်ရပြီးသည့်နောက်တွင်
ယန်ကျုံးက ကောင်းကင်ထဲရှိတိုက်ပွဲအားကြည့်လိုက်ပြီး အနည်းငယ်ခေါင်းညိမ့်လိုက်သည်။ ဤအချိန်၌ ယန်ကျုံးမှာ ပုံမှန်ထက်ကိုတည်ငြိမ်နေသည်။ သူကသူ့ကိုယ်သူပြောလိုက်သည်။
“ရှစ်ဖုန့် မင်းစောင့်နေစမ်းပါ…တစ်နေ့ကျရင် ငါယန်ကျုံးမင်းကို သေချာပေါက်
ဖိနှိပ်ပြမယ်”
ထို့နောက်တွင် ရှစ်ဖုန့်အားသူရင်မဆိုင်နိုင်သည်ကို ယန်ကျုံးသိသည်ဖြစ်သည်။ သွေးကျောက်ပြားကရှစ်ဖုန့်၏ ယူဆောင်ခြင်းကိုခံလိုက်ရသည်။
ဤနေရာတွင် ကြာကြာထပ်နေခြင်းက အဓိပ္ပါယ်မရှိိတော့ပေ။ သူ၏ပုရိပ်က ကောင်းကင်ပြင်အားထိုးခွင်းသွားပြီး သွေးနီရောင်တောင်ထွတ်၏ ပြင်ပ ဟင်းလင်းပြင်ထံသို့ ဦးတည်ပျံ
သန်းလိုက်သည်။
လက်တစ်ဖက်အားဆုံးရှုံးထားရပြီး ဓားကြီးတစ်ချောင်းနှင့် အခြားလူငယ်တစ်ယောက်ကလည်း ကောင်းကင်ထဲရှိတိုက်ပွဲအား
လက်သင့်မခံနိုင်မှုများဖြင့် ကြည့်လိုက်သည်။ထို့နောက်
ယန်ကျုံးကဲ့သို့ပင် ကောင်းကင်ကိုထိုးခွင်းပျံသန်းသွားပြီး သွေးနီရောင်တောင်ထွတ်မှ
ထွက်ခွာသွားသည်။
ဟင်းလင်းပြင်ထဲတွင် ရှစ်ဖုန့်ကသူ၏ဓားအားဆက်လက်၍ လွှဲယမ်းနေပြီး ငယ်သံပါအောင်အော်သံများကလည်း ဆက်လက်၍ထွက်ပေါ်နေဆဲဖြစ်ကာ အစုလိုက်အပြုံလိုက်သတ်မှုက
လည်းဆက်၍ ဖြစ်ပေါ်နေသည်။ရှစ်ဖုန့်သည်
လည်းတိုက်ခိုက်မှုများအား တစ်ခုပြီးတစခု ခံရသည်ဖြစ်သည်။ သို့သော် ယခုရှစ်ဖုန့်မှာသံမဏိနှင့်ပြု
လုပ်ထားသကဲ့သို့ဖြစ်နေပြီး သွေးချပ်ဝတ်အားဝတ်ဆင်
ထားခြင်းကြောင့် ကျင့်ကြံသူများ
ကသူ့ကိုယ်အာ မည်မျှတိုက်ခိုက်ပါစေ သွေးနီရောင်အလင်းကတောက်
ပလာပြီးကျရောက်လာသော သူ့ကိုယ်ပေါ်ရှိတိုက်ခိုက်မှုများအား လုံးဝဖြေရှင်းပေးကာ မကျော်လွှားနိုင်သော အခြေအနေတစ်ခုသို့ဝင်ရောက်
သကဲ့သို့ဖြစ်ပေါ်စေသည်။
ဆက်ရန်…
ဘာသာပြန်သူ-ARISE