အပိုင်း(၂၈၀)
Vol. 19 Ch. 280
“မဟုတ်ဖူး ..မဟုတ်ဖူး…
ငါတုန်းဖန်းကျွင်းက တုန်းဖန်းကလန်ရဲ့ ရှားပါးပါရမီရှင်တစ်ယောက်ပဲ..ငါက တုန်းဖန်းကလန်ရဲ့ အနာဂတ်ဆက်ခံသူပဲ…
မင်းငါ့ကိုသတ်လို့မရဘူး…
မင်းငါ့ကိုသတ်လို့မရဘူး..မဟုတ်ရင် ထျန်းဟန်တိုက်ကြီးရဲ့ ဘယ်နေရာမှာပဲမင်းရှိနေပါစေ..မင်းကို တုန်းဖန်းကလန်က လွှတ်ပေးမှာမဟုတ်ဖူး..မင်းသာ
ငါ့ကိုလွှတ်ပေးမယ်ဆိုရင် တုန်းဖန်းကလန်
ကနေ ကမ္ဘာဦးကျောက်တုံး
ဆယ်သန်းကိုပေးဖို့ ဆန္ဒရှိပါတယ်”
တုန်းဖန်းမိသားစု၏ နံပါတ်တစ် ကျင့်ကြံသူဖြစ်သောတုန်းဖန်းကျွင်းမှာ သူ၏မျက်စိရှေ့မှောက်၌
တုန်းဖန်းမိသားစု၏ ကျင့်ကြံသူများက သွေးဓားကြောင့် အပိုင်းပိုင်းဖြစ်သွားရသည်ကို မြင်တွေ့လိုက်ရသည်။ ထို့နောက်တွင် သွေးဓားက သူ့ထံသို့ အရှိန်အဟုန်ဖြင့် ထိုးသွင်းလာသည်ကိုသူမြင်တွေ့လိုက်ရသည်။သူအလျှင်အမြန်ဆုတ်ခွာလိုက်သည်။
ဤဓားနှင့်ဓားပိုင်ရှင်ဖြစ်သူအား ရင်ဆိုင်ရသောအခါတွင် တုန်းဖန်းမိသားစုမှ ရာစုနှစ်တစ်ခု၏ ရာစုနှစ်တစ်ခု၌ တစ်ကြိမ်သာပေါ်ထွန်းသော
ပါရမီရှင်ဖြစ်သည့်
တုန်းဖန်းကျွင်းတစ်ယောက် ကြောက်ရွံ့နေမိဆဲဖြစ်သည်။
တုန်းဖန်းကျွင်းအနေဖြင့်သူ
သာမသေဆုံးခဲ့ပါက အနာဂတ်တွင်သေချာပေါက် တုန်းဖန်းမိသားစု၏ ဦးဆောင်သူတစ်ယောက်ဖြစ်
လာလိမ့်မည်ဖြစ်သည်။ သွေးဓားရှည်က ချဉ်းကပ်လာသကဲ့သို့ တုန်းဖန်းကျွင်း၏ နှလုံးသားထဲ၌ ကြီးစွာသောနောင်တတရား
တို့ဖြင့်ပြည့်နှက်နေသည်။ သွေးရောင်ကျောက်ပြားအတွက်နှင့် အမြင်ကန်းခဲ့သည့်အတွက် သူနောင်တရနေခဲ့သည်။ ပြိုင်ဘက်ဖြစ်သူ၏ ခွန်အားအားသိရှိခြင်းမရှိဘဲ တုန်းဖန်းကလန်အား အနေရာသို့ ဦးဆောင်လာခဲ့မိသည့်အတွက် သူနောင်တရနေခဲ့သည်။ သို့သော်ထိုပြိုက်ဘက်ဖြစ်နေ
သောတစ်ဖက်မှ ဤလူငယ်လေးက
အရမ်းကို ကြောက်မက်ဖို့ကောင်း
နေလိမ့်မည်ဟု မည်သူကများ ထင်ထားပါမည်နည်း။
သို့သော် ဤကမ္ဘာပေါ်၌
နောင်တတရားအတွက် ကုသနိုင်သော ဆေးဟူ၍ ရှိမနေပေ။ ရှစ်ဖုန့်၏ မျက်နှာက ရေခဲကဲ့သို့အေးစက်နေသည်။ တုန်းဖန်းကျွင်းနားသို့ချဉ်း
ကပ်လာသောအခါတွင် အနည်းငယ်သောခံစားချက်ကိုပင် ထုတ်ဖော်ပြသခြင်းမရှိချေ။သူ့အနေဖြင့် ကြက်ကလေးသို့မဟုတ် ဝက်လေးတစ်ကောင်အား
သတ်နေရသကဲ့သို့သာဖြစ်သည်။ များစွာသောခြားနားခြင်းတို့ရှိမနေပေ။ ငရဲဘုံဓားချက်အောက်တွင် တုန်းဖန်းကျွင်း၏ရှေ့၌ရှိနေသော ခရမ်းရောင်လျှပ်စီး ဒိုင်းကာမှာ ကျယ်လောင်သော ပေါက်ကွဲသံ
တစ်ခုနှင့်အတူ ကွဲကြေသွားခဲ့သည်။ တုန်းဖန်းကျွင်း၏ မှင်တက်နေသောအမူအယာအောက်တွင် ငရဲဘုံဓားချက်က ၎င်း၏လည်ချောင်းထံသိုထိုးဝင်သွားသည်။
“စွပ်”
ထျန်းမြောင်အင်ပါယာ၏ ကလန်ကြီးလေးခုမှတစ်ခုဖြစ်သော တုန်းဖန်းကလန်၏ ပါရမီရှင်ဖြစ်သူ ကြယ်လေးပွင့်ဘိုးဘေးနယ်ပယ် တုန်းဖန်းကျွင်းတစ်ယောက် ကျဆုံးသွားခဲ့ပြီဖြစ်သ်။
“နတ်ဆိုး….နတ်ဆိုး ….
မလုပ်ပါနဲ့….အား….”
“ငါထပ်ပြီးတော့ မတိုက်နိုင်တော့ဘူး..ငါထပ်ပြီး
မတိုက်ခိုက်နိုင်တော့ဘူး… ငါ့မှာ အကြမ်းမခံနိုင်တဲ ခန္ဓာကိုယ်ပဲရှိတယ်..ပြီးတော့
ငါတို့တိုက်ခိုက်မှုတွေအားလုံးကလည်း သူ့အပေါ်မှာ အားလုံး မသက်ရောက်ဘူး…ဒီလိုသာဆက်သွားနေရင် ငါတို့အားလုံးသေသွားနိုင်တယ်….အား”
အစောပိုင်းက သေစမ်းဟုပြောခဲ့သည့် ကျင့်ကြံသူတစ်ယောက်မှာ အဖြူရောင်ဓားချီတစ်ခုက သူ၏ကိုယ်အား အပိုင်းပိုင်းဆုတ်ဖြဲသွားခဲ့သည်။
“ကျိကလန်က ဒီတိုက်ပွဲကနေ ဆုတ်ခွာဖို့ ဆန္ဒရှိပါတယ်”
ကျိမိသားစု၏ ပါရမီရှင် ကျိတူကြွယ်က ရှစ်ဖုန့်က အရှိန်အဟုန်ဖြင့်လာနေသည်ကို မြင်လိုက်ရသောအခါတွင် အလျှင်အမြန်ပဲ ရှစ်ဖုန့်အား အော်ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် ကျိမိသားစု၏ ကျင့်ကြံသူများအား တိုက်ပွဲပြင်သို့ထွက်ခွာရန်ဦး
ဆောင်လိုက်သည်။
သို့သော်ရှစ်ဖုန့်က ၎င်းတို့အား စိတ်ရှိသလို ဝင်ထွက်သွားလာခွင့် မည်ကဲ့သို့ ခွင့်ပြုနိုင်ပါမည်နည်း။
“မင်းတို့က ငါ့ကိုသတ်ဖို့ ဒီကိုလာခဲ့ပေမဲ့ မင်းတို့ငါ့ကိုမနိုင်ဘူးလို့ သဘောပေါက်တဲ့အချိန်ကြမှ ထွက်သွားချင်တယ်လို့လာပြောနေတာလား… ဘယ်လိုတောင် အဓိပ္ပါယ်မရှိိလိုက်သလဲ..ဒီသခင်လေးက ကျွမ်းကျင်မှုတွေအများကြီးမရှိဘူးဆိုပြီး အလွွယ်တကူ အနိုင်ကျင့်လို့ရမယ်လို့ မင်းတို့တွေ တကယ်ထင်ခဲ့ကြတာလား”
“ဝုန်း”
ရှစ်ဖုန့်၏ ကိုယ်မှာ ပြင်းထန်သောမီးတောက်တို့
ဟုန်းခနဲထွက်ပေါ်လာပြီး ဦးတည်ချက်အနှံ့သို့ပျံ့နှံ့သွားသည်။ သူလက်အတွင်းရှိနေသောသွေးဓားဖြင့် ငရဲဘုံခုတ်ပိုင်းချက်ကို ထုတ်ဖော်လိုက်သည်။
“ငရဲဘုံကိုးခု ခုတ်ပိုင်းချက်”
ရုတ်ခြည်း အလွန်ကြီးမားသော ကြောက်မက်ဖွယ် အဖြူရောင်
ဓားချီတစ်ခုက ဟင်းလင်းပြင်အားဆုတ်ဖြဲပေါ်လာပြီး ရုတ်တရက် ကျိကလန်၏ ကျင့်ကြံသူများပေါ်သို့ကျရောက်လာသည်။
“အား..အား..အား..အား..”
ပြင်းထန်သော သွေးနီရောင်မီးတောက်များ၏အောက်တွင် အင်ပါယာနယ်ပယ် ကျင့်ကြံသူများအားလုံးမှာခု
ခံနိုင်ခြင်းမရှိကြချေ။ သွေးနီရောင်မီးတောက်ထဲတွင် သူတို့က နာကျင်မှုအပြည့်ဖြင့် စူးစူးဝါးဝါးအော်ဟစ်ကြပြီးနောက် သူတို့အနေဖြင့် သွေးနီရောင်မီးတောက်၏ ပြာများဖြစ်သည်အထိ လောင်ကျွမ်းခြင်းကို ခံလိုက်ကြရသည်။ သွေးနီရောင်စွမ်းအင်များသာကျန်ရစ်ခဲ့ပြီး ရှစ်ဖုန့်၏ ကိုယ်အတွင်းသို့ သွေးနီရောင်မီးတောက်တို့နှင့်အတူ ပြန်လည်ဝင်ရောက်လာသည်။
ရှစ်ဖုန့်၏ဓားချက်အောက်တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုက တစ်ဖက်သက်ဖြစ်နေသည်။ ဤကျင့်ကြံသူများက ရှစ်ဖုန့်အား ရင်ဆိုင်နေကြရသည်။ ရှစ်ဖုန့်၏ ခုခံမှုက အံ့ဖွယ်ဖြစ်နေရုံသာမက
သူ့အနေဖြင့် ကျော်လွှား၍မရနိုင်သော
အခြေအနေတစ်ခုဖြစ်နေပုံပေါ်သည်။ သူ၏တိုက်ခိုက်မှုတို့ကလည်း အရမ်းအစွမ်းထက်လှ၏။ သွေးနီရောင်မီးတောက်များ၊ တလိပ်လိပ်ဖြစ်ပေါ်နေသော
မီးခိုးရောင်မြူများ ၊ ငရဲဘုံကိုးခု အကြွင်းမဲ့ မိစ္ဆာဆီးလ် စသည်ဖြင့် သူ၏ သိုင်းပညာရပ်များနှင့်ဓား
ပညာရပ်များအားလုံးက
သာမန်ထက်ကို ထူးခြားလွန်းနေသည်။
“အား”
ငရဲဘုံကိုးခုခုတ်ပိုင်းချက်အောက်တွင် ကျိကလန်၏ပါရမီရှင်
ကျိတူကြွယ်က သူ၏ သိုင်းပညာရပ်များအား တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်သည်။ ရွှေရောင်အလင်းတို့လက်နဲ
တောက်ပလာပြီး ရွှေရောင်ဓားရိပ်များ၊ ရွှေရောင်လက်ဖဝါးရိပ်များ က အတူတကွသိပ်သည်းသွားပြီး ကျဆင်းလာနေသော ဧရာမအဖြူရောင်ဓားချီအား
ကြိုဆိုသမှုပြုလိုက်သည်။ သို့သော်သူခင်းကျင်းပြသခဲ့သော ကြယ်လေးပွင့်ဘိုးဘေးနယ်
ပယ်တစ်ယောက်၏ အားကောင်းသည့်စွမ်းအားတို့က အဖြူရောင်ဓားချီ၏အောက်တွင် ဖျက်ဆီးသုတ်သင်ခံလိုက်ရပြီး ပျောက်ကွယ်သွားခဲ့သည်။
အဖြူရောင်ဓားချီကသူ့ထံသို့
ဆက်လက်၍ တစ်ဟုန်ထိုးကျဆင်းလာသည်။ ကျိတူကြွယ်၏ မျက်နှာထက်တွင် တုန်လှုပ်အံ့အားသင့်မှုများဖြင့်
ပြည့်နှက်နေပြီး သူကလက်
သင့်မခံနိုင်စွာဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းအနေဖြင့် ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင်ဓားချီ၏ လွှမ်းခြုံသွားမှုကိုခံလိုက်ရသည်။
ထျန်းမြောင်အင်ပါယာ၏ ကလန်ကြီးလေးခုမှတစ်ခုဖြစ်
သောကျိကလန်မှ ကြယ်လေးပွင့်ဘိုးဘေးနယ်ပယ် ကျိတူကြွယ်တစ်ယောက် ကျဆုံးသွားခဲ့ရပြီဖြစ်သည်။
ရှစ်ဖုန့်၏ ပြင်းထန်လှသော သွေးနီရောင်မီးတောက်များအောက်တွင် အင်ပါယာနယ်ပယ်ကျင့်ကြံသူများအားလုံး ရှစ်ဖုန့်၏ သုတ်သင်မှုကိုခံလိုက်ရသည်။ ဘိုးဘေးနယ်ပယ်ကျင့်ကြံသူ
သုံးယောက်သာ ရပ်လျက်ကျန်ရစ်ခဲ့ပြီး သွေးနီရောင်နတ်ဆိုးတစ်ပါး
နှင့်တူညီသောရှစ်ဖုန့်အား စိုးရိမ်တကြီးဖြင့် စိုက်ကြည့်နေကြသည်။
သူတို့သုံးဦးမှာ နံပါတစ်ပါရမီရှင်ဖြစ်သော ဖျောင်ရှဂိုဏ်း၏ လင်းယွဲ့ရှင်း၊
ဟို့ယွင်ဂိုဏ်း၏ နံပါတစ်ပါရမီရှင် ဝေ့ချန်နှင့် ထျန်းမြောင်အင်ပါယာ၏
ကလန်ကြီးလေးခုထဲမှ တစ်ခုဖြစ်သော ဟောင်ကလန်၏ နံပါတ်တစ်ပါရမီရှင် ဟောင်ယွမ်တို့ဖြစ်ကြသည်။
ပါရမီရှင်သုံးယောက်က အတူတကွရပ်နေကြသည်။ သူတို့မျက်နှာထက်ရှိ လေးနက်တို့မှလွဲလျှင် စိုးရိမ်ပူပန်နှင့်တုန်လှုပ်အံ့အားသင့်မှုတို့ကိုလည်း တစ်ချက်ကြည့်ရုံဖြင့်မြင်နိုင်သည်ဖြစ်သည်။ ရှစ်ဖုန့်က အရမ်းစွမ်းအားကြီးလွန်းသည်။ သူတို့စိတ်ကူးထားသည်ထက်
အများကြီးကျော်လွန်၍ စွမ်းအားကြီးလွန်းသည်။
သူတို့အနေဖြင့်၎င်းအားမရင်
ဆိုင်နိုင်သည်ကိုသိထားပြီးသာဖြစ်ကြသည်။ သူတို့အနေဖြင့်ဆုတ်ခွာချင်ကြသော်လည်း သူတို့ဆုတ်ခွာလိုက်သည့်အချိန်တိုင်းတွင် ရှစ်ဖုန့်၏ တိုက်ခိုက်မှုက ရောက်ရှိလာပြီး သူတို့ဆုတ်ခွာရာလမ်းကြောင်း
ကိုပိတ်ပင်ထားသည်ဖြစ်သည်။
ရှစ်ဖုန့်၏ထက်ရှသောဝိညာဉ်စွမ်းအားနှင့် ပေါကြွယ်လှသောတိုက်ပွဲအတွေ့
အကြုံတို့အား ပေါင်းစပ်လိုက်လျှင်
ယင်းက မြင်ကွင်းဖြစ်ရပ်အားလုံးမှာ
သူ၏ထိန်းချုပ်မှုအောက်၌ ရှိနေသည်ဟုဆိုလိုခြင်းပင်ဖြစ်သည်။
ယခုသူ့၌ သာလွန်သော စွမ်းအားတို့ရှိနေသည်။ဤငတုံးများအား သူ၏လက်အတွင်းမှ မည်ကဲ့သို့ လွတ်မြောက်ခွင့်ပြုနိုင်ပါမည်နည်း။
ယခုရှစ်ဖုန့်က အမှိုက်အဖြစ်ဆုံးသောသူများ
အားရှင်းလင်းပြီးဖြစ်သည်။ အေးအေးဆေးဆေးဖြစ်နေ
သောမျက်နှာနှင့်အတူ ရှစ်ဖုန့်က ဟင်းလင်းပြင်အားလွှားခနဲဖြတ်သန်း၍ ပါရမီရှင်သုံးဦးထံသို့ဦးတည်လိုက်သည်။
ဤအချိန်တွင်ခရမ်းရောင်ချပ်ဝတ်အား ဝတ်ဆင်ထားသည့်မင်းသမီးကျိယွင်က ကောင်းကင်အားထိုးခွင်ပျံသန်းလာကာ လင်းယွဲ့ရှင်းဘေးသို့ရောက်လာသည်။
ရုတ်တရက်ရောက်ရှိလာသော မင်းသမီးကျိယွင်အားကြည့်ကာ ရှစ်ဖုန့်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး အေးစက်စွာအော်ပြောလိုက်သည်။
“ဘာလဲ…မင်းကလဲသေချင်နေတာလား”
ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် မင်းသမီးကျိယွင်ကသူမခေါင်းအား
ခါယမ်းလိုက်ပြီးစိတ်ရင်း
အတိုင်းပြောလိုက်သည်။
“ကျွန်မဒီကိုရှင်နဲ့ ရန်သူဖြစ်ဖို့ ရောက်လာတာမဟုတ်ဖူး… ရှင့်ကိုရင်မဆိုင်နိုင်ဖူးဆိုတာကိုလည်း ကျွန်မသိထားပြီးသား ..ကျွန်မဒီကိုရောက်လာတာ
အမယွဲ့ရှင်းကို လွှတ်ပေးဖို့အတွက်ပါ”
မင်းသမီးကျိယွင်က သူ့အမတွက် ရှစ်ဖုန့်အား အသနားခံနေသည်ကိုကြားရသောအခါတွင် လင်းယွဲ့ရှင်းက အလျှင်အမြန်အော်ပြောလိုက်သည်။
“ကျိယွင် သူ့ကိုမတောင်းပန်နဲ့”
“အမယွဲ့ရှင်း…ဒါပေမဲ့..”
မင်းသမီးကျိယွင်က သူမခေါင်းကိုလှည့်၍ လင်းယွဲ့ရှင်းအား ကြည့်လိုက်ပြီး ခါးသီးစွာပြောလိုက်သည်။
လင်းယွဲ့ရှင်းက ကောင်းကင်ပြင်အားထိုးခွင်းပျံသန်း၍ အနေနေရာသို့လာခဲ့ခြင်း၏ တစ်စိတ်တစ်ဒေသမှာ
ရှစ်ဖုန့်လက်အတွင်းရှိ
သွေးကျောက်ပြားအား ငမ်းငမ်းတက်လိုချင်၍ ဖြစ်ပြီး ကျန်သည့် တစ်စိတ်တစ်ဒေသက သူမအတွက်ဖြစ်သည်။
“ကျွန်မရှင့်ကိုတောင်းပန်ပါတယ်…
အမယွဲ့ရှင်းကိုသွားခွင့်ပေးလိုက်ပါ..
အမယွဲ့ရှင်းကိုသွားခွင့်ပေးလိုက်တာနဲ့ ကျွန်မက ရှင့်အပိုင်ပါပဲ”
မင်းသမီးကျိယွင်က ရှစ်ဖုန့်အားထပ်မံ၍ တောင်းပန်လိုက်သည်။
မင်းသမီးကျိယွင်၏ စကားတို့က
လင်းယွဲ့ရှင်း၏ နားထဲသို့ လုံးဝမထင်မှတ်စွာရောက်ရှိလာခဲ့သည်။ လင်းယွဲ့ရှင်းမှာ သူမ၏ နှလုံးသားအားဓားဖြင့်
လှီးဖြတ်ခြင်းခံနေရသကဲ့သို့ခံစားရသည်။ သူမ၏လှပနူးညံ့သောမျက်နှာလေး
ထက်တွင်ခါးခါးသီးသီးဖြစ်မှု၊ လက်သင့်မခံနိုင်မှု၊စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ရှင်းလင်းသော မျက်ရည်စီးကြောင်းနှစ်ခုက သူမ၏ ပါးပြင်ထက်သို့ကျဆင်းလာ
ပြီးပြောလိုက်သည်။
“မဟုတ်ဖူးကျိယွင်…သူ့ကိုမတောင်းပန်နဲ့..
နင်ငါ့ကိုစွန့်ပစ်ပြီးတော့ ဒီလူကိုရွေးချယ်လို့မရဘူး…
ဒီကမ္ဘာပေါ်မှာ ကောင်းတဲ့ယောက်ျားဆိုတာမရှိဘူး…
သူနဲ့ဆိုရင် နင်ပျော်ရွှင်ရမှာမဟုတ်ဖူး..
နင်သာမရှိရင် ငါဟာလမ်းလျှောက်နေတဲ့ အသေကောင်အလောင်းတစ်ခုပဲဖြစ်နေမှာ..
အဲ့တာက ငါသေတာရှင်တာနဲ့ဘာမှ ကွာခြားမှုမရှိဘူး”
“ဘာ”
လင်းယွဲ့ရှင်း၏ စကားတို့က ရှစ်ဖုန့်အပါအဝင်ရှိနေသော ယောက်ျားသားသုံးယောက်တို့အား ပြင်းထန်စွာတန်ယင်သွားစေသည်။ ဤလူနှစ်ယောက်က တကယ့်ကို ချစ်သူများဖြစ်နေကြ၏။ တစ်ယောက်ကအေးစက်သော
အလှလေးဖြစ်ပြီး တစ်ယောက်က နူးညံ့သိမ်မွေ့သော အလှလေးဖြစ်သည်။နတ်ဆိုးကဲ့သို့လူငယ်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်
မှုအားခံနေရသည့် ဟောင်ယွမ်နှင့် ဝေ့ချန်တို့ပင် မည်သို့မျှတက်နိုင်ခြင်းမရှိဘဲ သူတို့စိတ်ထဲ၌ ကာမရာဂ နှိုးဆွသော အညှီအဟောက်မြင်ကွင်းများကို စိတ်ကူးမိလိုက်ကြသည်။ ၎င်းအားတွေးကြည့်ရုံဖြင့်ပင် သူတို့၏သွေးများဆူပွက်လာ၏။
ကျိယွင်ကတောင်းပန်သလို လင်းယွဲ့ရှင်းကလည်းပြန်လည်၍ ပြောဆိုသော်လည်း ရှစ်ဖုန့်၏
မျက်နှာကတော့ ပြောင်းလဲခြင်းမရှိပေ။ သူကအေးအေးဆေးဆေးပင် ပြောလိုက်သည်။
“ဒီအမျိုးသမီးကသေရလိမ့်မယ်…
မင်းငါ့ကိုသေစေချင်ပြီဆိုတာနဲ့ မင်းအတွက်လည်း အသက်ရှင်ဖို့ဆိုတာ ဖြစ်နိုင်ချေမရှိဘူး”
ဆက်ရန်….
ဘာသာပြန်သူ-ARISE