← Chapters

အပိုင်း(၂၈၁)

Vol. 19 Ch. 281

အပိုင်း(၂၈၁)

Vol. 19 Ch. 281

ရှစ်ဖုန့်က ရှေ့သို့တည့်တည့်ကြည့်လိုက်သည်။ သူ၏လေသံက ပြောင်းလဲမှုမရှိသော်လည်း  ယင်းက မည်သူမျှ ခုခံနိုင်စွမ်းမရှိသော  ကိစ္စတစ်ခုအားသူက  အမိန့်ပေးလိုက်သကဲ့သို့ပင်ဖြစ်သည်။  အကယ်၍သူကသာ လင်းယွဲ့ရှင်းသေရမည်ဟုပြောခဲ့လျှင် သူ့အနေဖြင့် သူမအား ဆက်လက်၍ အသက်ရှင်ခွင့်ပြုလိမ့်မည်မဟုတ်ပေ။

ဤအချိန်၌ လင်းယွဲ့ရှင်းဟောင်ယွမ်နှင့်

ဝေ့ချန်တို့မှာ ရှစ်ဖုန့်၏စိုက်ကြည့်ခံရခြင်းက ကြမ်းကြုတ်ရက်စက်သော သားရဲတစ်ကောင်၏  စိုက်ကြည့်ခြင်းအားခံရသကဲ့ဖြစ်သည်ကို သဘောပေါက်ကလိုက်ကြသည်။

သူတို့၏တစ်ကိုယ်လုံး၌ ကျောချမ်းဖွယ်အေးစိမ့်မှုကို သူတို့အားလုံးခံစားလိုက်ကြရသည်။

“ဟင့်အင်း..ကျိယွင်ငါ့အတွက်

အသနားခံတာကို ခံနေရမဲ့အစား ငါလင်းယွဲ့ရှင်းက အသေပဲခံလိုက်မယ်”

လင်းယွဲ့ရှင်း၏ မျက်နှာထက်၌

ခေါင်းမာသော  ကလေးမလေးတစ်ယောက်ကဲ့သို့ အမူအယာတို့ဖြင့်ပြည့်နှက်နေသည်။ ထို့နောက်သူမက အသံနိမ့်ဖြင့်

ပြောလိုက်သည်။

“ငါလင်းယွဲ့ရှင်းက ကျိယွင်နဲ့အတူတကွ နေထိုင်သိကျွမ်းချစ်ကျွမ်းဝင်ခဲ့တယ်…

ဒါကပဲ ငါလင်းယွဲ့ရှင်းအတွက် ဒီဘဝမှာ ကျေနပ်စရာဖြစ်နေခဲ့ပြီးပြီ  ….နင်ကငါ့ကိုသေစေချင်နေမှတော့ ငါကလည်းအဲ့တာကို

လွယ်လွယ်လေးတော့ ခွင့်မပြုနိုင်ဘူး”

“ထန်”

လင်းယွဲ့ရှင်းက သူမ၏ ဇီသာပေါ်ရှိ ကြိုးတို့ကိုတီးခတ်လိုက်သည်။

“ဝေါ့”

ရုတ်တရက်လင်းယွဲ့ရှင်းက ပါးစပ်အပြည့် သွေးတစ်ပွက်ကို အန်ထုတ်လိုက်သည်။

သူမ၏ အရှိန်အဝါက  တစ်ဟုန်ထိုးစတင်မြင့်တက်လာ၏။ သူမ၏ဆံပင်ရှည်နှင့် အဖြူရောင်အဝတ်အစားတို့က ဘာလေမှတိုက်ခတ်နေခြင်းမရှိပါဘဲ

စတင်၍ တဖျပ်ဖျပ်လွင့်နေသည်။

“ထန်..တန်…ဒန်..ထန်..ထန်”

လင်းယွဲ့ရှင်း ၏ ညာလက်က ဇီသာကြိုးများအား လျှင်မြန်စွာတီးခတ်လိုက်သည်။

ဇီသာအသံက စွမ်းကြီးသောစစ်တပ်တစ်ခုကဲ့သို့ဖြစ်ပြီး အသံလှိုင်းတို့က တလိပ်လိပ်တက်လာနေသောလှိုင်းလုံးများကဲ့သို့ ရှဏ်ဖုန့်ထံ ဦးတည်လာသည်။

“ကြယ်ခြောက်ပွင့်ဘိုးဘေး

နယ်ပယ်တစ်ယောက်ရဲ့စွမ်းအား”

လင်းယွဲ့ရှင်း၏ တိုက်ခိုက်မှုက

ကြယ်ခြောက်ပွင့် ဘိုးဘေးနယ်ပယ်တစ်ယောက်

အဆင့်သို့ရောက်ရှိနေသည်ကို ရှစ်ဖုန့်အာရုံခံမိသည်ဖြစ်သည်။

လင်းယွဲ့ရှင်းက သူမ၏ အဆီအနှစ်စွမ်းအင်များအားစတင်၍ လောင်ကျွမ်းစေခဲ့ပြီးဖြစ်သည်။

ဟောင်ယွမ်နှင့် ဝေ့ချန်တို့ကလည်း တစ်ချိန်တည်းတွင် တစ်ယောက်ကိုတစ်ယောက်ကြည့်

လိုက်ကြပြီး ပြိုင်တူ

ခေါင်းညိမ့်လိုက်ကြသည်။

ထိုနောက်တွင် သူတို့၏ ပုံစံက ကြမ်းကြုတ်ဒေါသထွက်သော

အသွင်ဖြစ်လာသည်။ သူတို့က အော်ပြောလိုက်ကြသည်။

“လောင်ကျွမ်းစမ်း”

ဟောင်ယွမ်နှင့်ဝေ့ချန်တို့၏

အရှိန်အဝါက

တစ်ဟုန်ထိုးမြင့်တက်လာသည်။

ဟောင်ယွမ်၏ ညာလက်က လက်သီးတစ်ခုအသွင်ဖြစ်သွားပြီး ရှေိ့သို့ ပြင်းထန်စွာထိုးနှက်လိုက်သည်။

ဧရာမလက်သီးရိပ်ကြီးက ပေါက်ကွဲထွက်ပေါ်လာပြီး  လင်းယွဲ့ရှင်း၏ အသံလှိုင်းစွမ်းအင်အတွင်းသို့ ဝင်ရောက်သွားသည်။ ၎င်းက

အသံလှိုင်းစွမ်းနှင့်

ပေါင်းစပ်သွားပြီး ရှစ်ဖုန့်အား အတူတကွ တိုက်ခိုက်လိုက်သည်။

ဝေ့ချန်ကလည်း

သူ၏လက်ဖဝါးတို့အား

အတူတကွထားလိုက်ပြီး

သူ၏ညာလက်မှ လက်ဖဝါးပုံရိပ်တစ်ခုအား

ဖွဲ့စည်းလိုက်သည်။သူက၎င်းအား ရှေ့သို့ ရုတ်ခြည်း တွန်းထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက အသံနိမ့်ဖြင့်အော်ဟစ်လိုက်သည်။

“မီးတိမ်တိုက်လက်ဝါး”

ဝေ့ချန်၏လက်ဖဝါးအောက်တွင် ဧရာမ မီးတောက်လက်ဖဝါးကြီးတစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။

ဟောင်ယွမ်၏ ဧရာမလက်သီးကြီးကဲ့သို့ပင် ၎င်းကလည်း လင်းယွဲ့ရှင်း၏ အသံလှိုင်းစွမ်းအင်နောက်သို့လိုက်ပါသွားသည်။ သူတို့သုံးယောက်က တစ်စိတ်တည်းဖြစ်ကြပြီး တစ်ချိန်တည်းမှာပင်ရန်သူကို ခုခံနေကြရသည်။ သူတို့သုံးယောက်က ချက်ချင်းပဲ အတူတကွပေါင်းစည်းလိုက်ကြသည်။

ရှစ်ဖုန့်ကရှေ့သို့ကြည့်လိုက်သည်။ ထိုသုံးယောက်က သူတို့၏ အသက်အဆီအနှစ်စွမ်းအင်များအား လောင်ကျွမ်းစေလိုက်သည်ကို သူအာရုံခံနိုင်သည်ဖြစ်သည်။

စွမ်းအင်သုံးခုအား အတူကွပေါင်းစည်းလိုက်သောအခါ  သူတို့၏စွမ်းအားက

ကြယ်ခုနှစ်ပွင့်ဘိုးဘေး

နယ်ပယ်တစ်ယောက်အဆင့်သို့

ရောက်ရှိနေပြီဖြစ်သည်။

“ကြယ်ခုနှစ်ပွင့်ဘိုးဘေး

နယ်ပယ်တစ်ယောက်ရဲ့စွမ်းအားက နည်းနည်းလေးပြဿနာရှိတယ်ဆိုပေမဲ့လည်း ဒီသခင်လေးအတွက်အများကြီး တွေးနေစရာတော့မလိုဘူး”

ရှစ်ဖုန့်က အေးအေးဆေးဆေးပဲပြောလိုက်ပြီး သူ၏စွမ်းအင်တို့အား အသက်သွင်းလိုက်သည်။ သူ့ကိုယ်ပေါ်တွင်ရှိနေသော သွေးချပ်ဝတ်က တက်လက်လက်ထနေသော သွေးနီရောင်အလင်းတို့ နောက်တစ်ကြိမ်ထပ်မံ၍ လင်းလက်လာပြန်သည်။

သို့သော် ဤအချိန်၌ သွေးနီရောင်အလင်းက သွေးချပ်ဝတ်ပေါ်တွင် သိပ်သည်းသွားပြီး ပြင်ပသို့ ပျံနှံ့သွားခြင်းမရှိပေ။

ထို့နောက်ရှစ်ဖုန့်၏ဘယ်လက်က လက်သည်းပုံစံဖြစ်သွားပြီး ရှေ့သို့ဖမ်းဆုတ်လိုက်သည်။

“ငရဲဘုံကိုးခု တစ္ဆေလက်သည်း”

ရုတ်တရက် ဧရာမ အဖြူရောင် တစ္ဆေလက်သည်းကြီးတစ်ခုက ရှစ်ဖုန့်၏ ရှေ့တွင်ပေါ်လာပြီး သူ၏ရှေ့ရှိတစ်လိပ်လိပ်ဦး

တည်လာနေသော  စွမ်းအင်သုံးခုအား ဖမ်းဆုပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်ကသူ၏ညာလက်ထဲ

တွင်သွေးဓားအား ကိုင်ဆောင်ထားပြီး  ရှေ့သို့တက်လိုက်သည်။ သွေးဓားက

ရုတ်တရက် အဖြူရောင်တို့စွန်းထင်းသွားသည်။  ချက်ချင်းပဲ ရှစ်ဖုန့်၏ကိုယ်က ရှေ့သို့ပစ်ဝင်သွားပြီး ငရဲဘုံကိုးခု တစ္ဆေလက်သည်းနောက်သို့ လိုက်ပါလိုက်သည်။  သူ၏တစ်ကိုယ်လုံးက အဖြူရောင်အဖြစ်သို့ပြောင်းလဲသွားပြီး  ဟင်းလင်းပြင်ထဲတွင် အဖြူရောင်အရိပ်တစ်ခုကိုသာ ချန်ရစ်ထားခဲ့သည်။

“ဝုန်း”

ငရဲဘုံကိုးခု တစ္ဆေလက်သည်းက  တလိပ်လိပ်လာနေသောစွမ်းအင်သုံးခုနှင့် အရင်ဆုံး အပြင်းအထန် ထိပ်တိုက်တွေ့ဆုံသွားသည်။

ထို့နောက်တွင် စွမ်းင်သုံးခုကြောင့်

ငရဲဘုံကိုးခု တစ္ဆေလက်သည်းမှာ ဖျက်ဆီးခံလိုက်ရသည်။

မျှော်လင့်ထားသလိုပင်  ကြယ်ခုနှစ်ပွင့်ဘိုးဘေး

နယ်ပယ်တစ်ယောက်၏ စွမ်းအားက

ရှစ်ဖုန့်၏  လက်ရှိခွန်အားဖြင့် ဖက်ပြိုင်နိုင်သောအရာတစ်ခုဟုတ်မနေပေ။

ငရဲဘုံကိုးခု တစ္ဆေလက်သည်းပျောက်

ကွယ်သွားပြီးသည့်နောက်  ရှစ်ဖုန့်၏ တတိယမိစ္ဆာမျက်လုံးက ပွင့်လာပြီး   ဆူပွက်နေသော မီးခိုးရောင်မြူများကတလိပ်

လိပ်ထွက်လာသည်။

မီးခိုးရောင်မြူများက စွမ်းအင်သုံးခုထံသို့ တစ်လိပ်လိပ်ဆက်လက်ဦးတည်သွားသည်။ ထို့နောက်ရှစ်ဖုန့်၏ကိုယ်မှ သွေးနီရောင်မီးတောက်တို့ ဟုန်းခနဲထွက်ပေါ်လာသည်။

၎င်းတို့က မီးခိုးရောင်မြူတို့အနှင့်အတူ ရှေ့သို့ဦးတည်ပျံ့နှံ့သွားသည်။  ရှစ်ဖုန့်၏ကိုယ်ကလည်းပြင်း

ထန်သောစွမ်းအင်များအတွင်းသို့ တစ်ဟုန်ထိုးဦးတည်သွားသည်။

ထို့နောက်ချက်ချင်းပဲ တိုက်စားခြင်းမြူပင်လယ်မှာ ပြင်းထန်သောစွမ်းအင်တို့၏ အောက်တွင်ပျောက်ကွယ်သွားရပြီး သွေးနီရောင်မီးတောက်များမှာလည်း  စွမ်းအင်တို့အောက်တွင် ဖြည်းဖြည်းချင်း ကွယ်ပျောက်လာသည်။

သို့သော် ရှစ်ဖုန့်၏ အဆက်မပြတ်သောတိုက်ခိုက်မှု

များအောက်တွင်  သုံးယောက်ပေါင်းစပ်ထားသော စွမ်းအား၏တစ်ဝက်ကျော်တို့မှာ ဖျက်ဆီးခံလိုက်ရသည်။

ဤအချိန်တွင် ရှစ်ဖုန့်က အဖြူရောင်ဖြစ်နေသော သွေးဓားကိုကိုင်ဆောင်ထားပြီး သွေးချပ်ဝတ်ကသူ့အား ကာကွယ်ပေးထားသည်။

ရှစ်ဖုန့်၏ကိုယ်က ပေါင်းစပ်စွမ်း

အင်သုံးခုက တိုက်ရိုက်ပင် အပိုင်းပိုင်းဆုတ်ဖြဲလိုက်သည်။

သူက လမ်းကြောင်းအားချိုးဖျက်

ထိုးခွင်းဖြတ်သန်းပြီး  သူ့ရှေ့တွင်ရှိနေသောပါရမီရှင်သုံးဦးထံသို့ လျှင်မြန်စွာချဉ်းကပ်လိုက်သည်။

“သူချိုးဖျက်သွားခဲ့တယ်”

ပါရမီရှင်သုံးယောက်မှာ  သူတို့ထံသို့ တစ်ဟုန်ထိုးဦးတည်လာနေသော ပုံရိပ်အား ဗလာနတ္ထိ စိုက်ကြည့်နေမိကြသည်။ သူတို့သုံးဦးက အတူတကွပူးပေါင်းခဲ့ကြပြီး သူတို့၏ အစွမ်းအထက်ဆုံးသော သိုင်းပညာရပ်များကို ထုတ်ဖော်ရန်အတွက်  သူတို့၏ အသက်အဆီအနှစ်စွမ်းအင်များအား လောင်ကျွမ်းစေခဲ့ရသည်။ သူတို့သုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုက ကြယ်ခုနှစ်ပွင့် ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်၏ တိုက်ခိုက်မှုနှင့် ညီမျှသည်ဖြစ်သည်။

သို့သော် ၎င်းက ဤမွန်းစတား၏ ချိုးဖျက်ခြင်းကိုခံခဲ့ရသည်ဖြစ်သည်။

ဤအချိန်၌ သူတို့၏အဆီအနှစ်စွမ်းအင်

များအားလောင်ကျွမ်းစေပြီးသည့်နောက်တွင်  ပါရမီရှင်သုံးယောက်၏ မျက်နှာမှာဖြူဖျော့နေပြီး သူတို့အနေဖြင့် အတော်လေးကိုအားနည်းလာပြီဖြစ်သည်။ ရှစ်ဖုန့်ရောက်ရှိလာသောအခါတွင်

သူတို့၌ ပြန်တိုက်ခိုက်ရန် ခွန်အားရှိမနေတော့ပေ။ သူတို့အနေဖြင့်စွမ်းအင်ပြန်

လည်ဖြည့်တင်းဆေးလုံးများအား အသုံးပြုခဲ့လျှင်တောင် သူတို့၏ကျင့်ကြံမှုအဆင့်က ကြယ်တစ်ပွင့်လျော့ကျသွားခဲ့ပြီဖြစ်သည်။ သူတို့အနေဖြင့် နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ဖြစ်သော ရှစ်ဖုန့်အား ပြန်လည်၍ ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းမရှိကြချေ။

သူတို့၏အဆီအနှစ်စွမ်းအင်

များအားလောင်ကျွမ်းစေပြီး ကြယ်တစ်ပွင့်လျော့ကျခံကာ တိုက်ခိုက်မှုအားထုတ်ဖော်ခြင်းက သေခြင်းရှင်ခြင်း နှင့်သက်ဆိုင်သော ကိစ္စတစ်ခုဖြစ်သည်။ ယင်းကပါရမီရှင်သုံးယောက်

အနေဖြင့်သူတို့၏ ကျင့်ကြံမှုအား လျော့ကျစေလို၍ မဟုတ်ပေ။

သို့သော်သူတို့၏ လက်ရှိစွမ်းအားဖြင့်  သူတို့၏ အဆီအနှစ်စွမ်းအင်များအားဆက်လက်၍လောင်ကျွမ်းစေခဲ့လျှင်တောင့် သူတို့တိုက်ခိုက်နိုင်သောစွမ်းအားများက အတူတူပင်ဖြစ်နေလိမ့်မည်ဖြစ်သည်။ သူတို့တိုက်ခိုက်နိုင်သောစွမ်းအားကသူတို့၏ အကန့်အသတ်သို့ရောက်ရှိနေခဲ့ပြီဖြစ်သည်။

“မဟုတ်ဖူး”

မင်းသမီးကျိယွင်က ငယ်သံပါအောင်အော်ဟစ်လိုက်သည်။

ရှစ်ဖုန့်က သူ့လက်ထဲရှိသွေးဓားဖြင့်ပျံသန်း

လာသည်ကိုတွေ့လိုက်ရသောအခါတွင် သူမကချက်ချင်းပဲ  လင်းယွဲ့ရှင်း၏ ရှေ့သို့ဝင်ရောက်လိုက်သည်။

သူမကလက်မောင်းတို့အားဖွင့်ဟာ၍ သူမရှေ့ရှိရှစ်ဖုန့်အား ကြည့်ကာ သူမနောက်တွင်ရှိနေသောလင်းယွဲ့ရှင်းအား ဒိုင်းတစ်ခုအဖြစ်ကာပေးထားသည်။

သို့သော်ရှစ်ဖုန့်ဆိုသည်မှာ အရိုင်းသဘာဝနှင့်ရက်စက်

သောသူဖြစ်သည်။သူ့အနေဖြင့် လှပသောဆန့်ကျင်ဘက်လိင်အတွက် ဘာသနားညှာတာခြင်းမှရှိမနေပေ။ မင်းသမီးကျိယွင်နှင့်နီးကပ်

လာသောအခါတွင်သူက ဘယ်လက်အား ရှေ့သို့တွန်းထုတ်လိုက်ပြီး

မင်းသမီးကျိယွင်၏ ကိုယ်အား အဝေးသို့ဖယ်ထုတ်တွန်းပို့လိုက်သည်။ ချက်ချင်းပဲ လင်းယွဲ့ရှင်း၏

အဖြူရောင်ပုံရိပ်က ရှစ်ဖုန့်၏ ရှေ့တွင်ပေါ်လာသည်။ရုတ်ခြည်း

ကျီစယ်သော အပြုံးတစ်ခုက ရှစ်ဖုန့်၏ မျက်နှာထက်တွင်ပေါ်လာ၏။

“ငါတစ္ဆေသရဲဖြစ်သွားခဲ့ရင်တော့ နင့်ကို မလွှတ်ပေးဖူး”

ရှစ်ဖုန့်မျက်နှာထက်ရှိ ကျီစယ်ပြုံးအားကြည့်ကာ ရှစ်ဖုန့်ကသူမအား မလွှတ်ပေးသည်ကို လင်းယွဲ့ရှင်းသိလိုက်သည်။ ချက်ချင်းပဲ သူမ၏လှပသောမျက်နှာလေးက ရှုံ့မဲ့ပြီး

ကြမ်းကြုတ်ခက်ထန်လာသည်။

သူမကရှစ်ဖုန့်အား သရဲတစ်စ္ဆေတစ်ကောင်ကဲ့သို့ အော်ဟစ်ပြောဆိုလိုက်သည်။ ယင်းမှာအကယ်၍သူမ

သေဆုံးသွားပြီးနောက် တစ္ဆေသရဲတစ်ကောင်ဖြစ်လာခဲ့လျှင်

သူမ ၏ ကြမ်းကြုတ်သောအသွင်

အပြင်ကိုဖော်ပြပြီး ဤကဲ့သို့အော်ဟစ်မည်ဖြစ်သည်ကို ပြသနေသကဲ့သို့ဖြစ်နေသည်။

သို့သော်ရှစ်ဖုန့်က သူမအား ဆက်လက်၍ ကျီစယ်ပြုံးကိုပြုံးပြနေသည်။သူက လင်းယွဲ့ရှင်းအား အေးအေးဆေးဆေးပင်ပြောလိုက်သည်။

“ငါသာမင်းကိုသတ်ချင်ရင် မင်းအနေနဲ့ သရဲတစ္ဆေဖြစ်ဖို့တောင်အခွင့်အရေးမရှိဘူး”

စကားပြောနေရင်း ရှစ်ဖုန့်၏ ဓားက ခုခုံနိုင်စွမ်းမဲ့နေသော လင်းယွဲ့ရှင်း၏ ရင်ဘက်ထံသို့ ရုတ်တရက်ထိုးဖောက်စိုက်ဝင်သွားသည်။

ဤအချိန်တွင် သွေးနီရောင်မီးတောက်တို့က ရှစ်ဖုန့်၏ ကိုယ်မှ ဟုန်းခနဲထွက်ပေါ်လာပြီး ဘေးနှစ်ဖက်လုံးသို့ ဦးတည်ပျံ့နှံ့သွားသည်။ ဟောင်ယွမ်နှင့်ဝေ့ချန်တို့မှာ တုန်လှုပ်အံ့အားသင့်စွာဖြင့်သူတို့၏ မျက်လုံးများက ပြူးကျယ်နေသည်။

သူမှာ ချက်ချင်းပဲသွေးနီရောင်မီးတောက်၏ ဝါးမျိုမှုကိုခံလိုက်ရသည်။ သူတို့အနေဖြင့်သွေးနီရောင်မီးတောက်တို့၏ သတ်ဖြတ်ခြင်းကိုမခံရင် အော်ရန်ပင်အချိန်မရလိုက်ပေ။

ဟို့ယွင်ဂိုဏ်း၏နံပါတ်တစ်ပါရမီရှင်ဖြစ်သော ကြယ်လေးပွင့်ဘိုးဘေးနယ်

ပယ်ကျွမ်းကျင်သူဖြစ်ည့် ဝေ့ချန်မှာကြယ်လေးပွင့်မှ ကြယ်သုံးပွင့်အဆင့်သို့ကျဆင်း

သွားခဲ့ရပြီးနောက်  သေဆုံးသွားခဲ့ရပြီဖြစ်သည်။

ဟောင်ကလန်၏ နံပါတ်တစ်ပါရမီရှင်ဖြစ်သောကြယ်လေးပွင့်ဘိုးဘေးနယ်ပယ် ကျွမ်းကျင်သူ ဟောင်ယွမ်မှလည်း ကြယ်လေးပွင့်မှ ကြယ်သုံးပွင့်သို့ကျဆင်းသွားခဲ့ပြီး

နောက်သေဆုံးသွားခဲ့သည်။

နှလုံးအားဓားဖြင့်ထိုးစိုက်ခြင်းကိုခံထားရသောလင်းယွဲ့ရှင်းမှာ  သူမကိုယ်အတွင်းရှိသွေးတို့က ရုတ်တရက် ဆူပွက်လာသည်ကို ခံစားလိုက်ရသည်။

ဆက်ရန်..

ဘာသာပြန်သူ-ARISE

All Chapters