အပိုင်း(၂၈၂)
Vol. 19 Ch. 282
သိပ်မဝေးလှသောနေရာမှ ရှစ်ဖုန့်၏ တွန်းထုတ်ခြင်းအားခံလိုက်ရသည့် မင်းသမီးကျိယွင်မှာ လေထဲ၌
သူမကိုသူမ တည်ညိမ်မှုရှိစေရန် ထိန်းညှိလိုက်သည်။ရှစ်ဖုန့်၏ သွေးဓားက လင်းယွဲ့ရှင်း၏ ရင်ဘက်အာ ထိုးစိုက်သွားသည်ကို မြင်တွေ့
ရသောအခါတွင် သူမ၏မျက်လုံးတို့က မယုံကြည်နိုင်မှုတို့ဖြင့်ပြူးကျယ်သွားရသည်။ လင်းယွဲ့ရှင်းမှာဓားဖြင့် ထိုးသွင်းခံလိုက်ရသည်။သူမအနေဖြင့် အိမ်မက်တစ်ခုအား မက်နေရသကဲ့သို့ ခံစားရသည်။ သူမနှင့်လင်းယွဲ့ရှင်းတို့ကြားထဲတွင် ဖြစ်ပျက်ခဲ့သောအရာအားလုံးက သူမ၏စိတ်ထဲ၌ ပိတ်ကားထက်က ဇတ်ဝင်ခန်းများလိုဖျက်ခနဲပေါ်လာခဲ့သည်။
“မဟုတ်ဖူး..မဟုတ်ဖူး…အမယွဲ့ရှင်း”
မင်းသမီးကျိယွင်၏မျက်နှာထက်၌ ပူးဆွေးသောကရောက်မှုများ
ဖြင့်ပြည့်နှက်နေပြီး နှလုံးကြေကွဲဖွယ်အသံဖြင့်သူမက ငယ်သံပါအောင်အော်ဟစ်လိုက်သည်။
သူမက ချက်ချင်းပဲ ရှစ်ဖုန့်နှင့်
လင်းယွဲ့ရှင်းထံသို့ ပျံသန်းသွားလိုက်သည်။
လင်းယွဲ့ရှင်းမှာမူ ရှစ်ဖုန့် ၏ဓားက သူမ၏ရင်ဘက်အားထိုးသွင်းထားသောကြောင့် သူမ၏ မျက်နှာထက်တွင် နာကျင်မှုများဖြင့်ပြည့်နှက်နေသည်။ ထို့နောက်တွင် ယောက်ျားများစွာအားသူမနှင့်
အတူအိပ်စက်ခွင့်ရရန်ဆွဲဆောင်သောသူမ၏နှစ်လိုဖွယ်ကောင်းသော
ကိုယ်လေးက လျှင်မြန်စွာဖြင့် လေလျော့သွားသောပူဖောင်းတစ်လုံးကဲ့သို့ ရှုံ့တွသွားသည်။
“အား..အား..အား..အား…အား..”
သွေးနီရောင်တောအုပ်အတွင်းတွင် အချို့သောကျင့်ကြံသူများမှာ ရူးသွပ်စွာဖြင့် ငယ်သံပါအောင်အော်ဟစ်လိုက်ကြသည်။ သူတို့နေ့နေ့ညညစိတ်ကူးယဉ်ခဲ့ရသော သူတို့၏နှလုံးသားအတွင်းရှိ နတ်ဘုရားမလေး၏ လှပသောခန္ဓာကိုယ်က သည်လိုမျိုးဖြင့် ရှုံ့တွခြောက်သွေ့သွားခဲ့ရသည်။ ယင်းကသူတို့အတွက် ထိုအရာအား လက်သင့်ခံနိုင်ရန်ခက်ခဲစေသည်။
“နှမြောစရာပဲ နှမြောစရာကောင်းလိုက်တာကွာ.. ဒီသကောင့်သားက တကယ့်ကို အရမ်းရက်စက်အကြင်နာမဲ့ပြီး သွေးဆာတာပဲ… သူက လှပတဲ့ ဆန့်ကျင်ဘက်လိင်နဲ့ဘယ်လို
ချစ်မြတ်နိုးရမယ်ဆိုတာကိုမသိဘူး… ဒီလိုမျိုး ကြော့မော့တင့်တယ်တဲ့ ခန္ဓာကိုယ်နဲ့ လှပတဲ့အမျိုးသမီးတစ်ယောက်ကိုကွာ…
သူမကိုမသတ်ခင် ဘာလို့များ ငါနဲ့ခဏလောက်လေး ပေးပြီး မပျော်ပါးစေရတာလဲ..
မင်းသူ့ကိုမသတ်ခင် ဘာလို့ငါနဲ့ အရင်ဆုံးပျော်ပါးခွင့်မပေးရတာလဲ..
ဘယ်သူသိနိုင်မှာလဲ
အဲ့လိုသာလုပ်ပေးခဲ့ရင် ငါသူ့ကို စိတ်ထဲကနေကိုသစ္စာရှိသွား
ဖို့ကျိန်ဆိုမိမလားဆိုတာကို..”
“အား…နတ်ဘုရားမလေး…
ငါ့ရဲ့နတ်ဘုရားမလေး.. ငါ့ရဲ့ လှပတဲ့မျက်နှာလေးနဲ့လှပတဲ့ကိုယ်လေးက ထပ်ပြီး ရှုံ့တွခြောက်သွေ့တဲ့ အလောင်းဖြစ်သွားရပြန်ပြီ..
သူတောင်းစား..သူကလုံးဝ
ကိုသူတောင်းစားပဲကွ…”
လင်းယွဲ့ရှင်း၏ လှပသောမျက်နှာနှင့် ကြော့မော့တင့်တယ်သောကိုယ်လေးက ရုတ်တရက်ရှုံ့တွခြောက်သွေ့သွားသည်အား အချို့သောကျင်ကြံသူများက မြင်တွေ့လိုက်ရသည်။ သူမအနေဖြင့် နှစ်ထောင်ပေါင်းများစွာနေထိုင်ခဲ့သော အမျိုးသမီးအိုကြီးတစ်ဦး
ကဲ့သို့ဖြစ်သွားခြင်းဖြစ်သည်။ သူတို့အတွက်သူတို့၏နတ်ဘုရားမလေးက ဤကဲ့သို့ဖြစ်သွားခြင်းအား လက်သင့်ခံနိုင်ရန်ခက်ခဲနေသည်။ သူတို့အနေဖြင့်ရူးသွပ်သွားရသကဲ့သို့ အော်ဟစ်လိုက်ကြသည်။
“တုန်းဖန်းကျွင်းလည်းသေပြီ ဟောင်ယွမ်လည်းသေပြီ
ဝေ့ချန်လည်းသေပြီ ပြီးတော့ ဒီမွန်းစတားရဲ့လက်ထဲမှာ ထျန်းမြောင်အင်ပါယာရဲ့ ပါရမီရှင်လူငယ်အများကြီး
သေဆုံးသွားရပြီ ..အခု လင်းယွဲ့ရှင်းတောင်မှ…..ဒါက သူဟာ ပြိုင်ဘက်ကင်းမွန်းစတား
တစ်ကောင်ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလေးပြသနေတာပဲ..သူသာအနာဂတ်မှာ ဆက်ပြီးကြီးထွားလာမယ်ဆိုရင် ထျန်းမြောင်အင်ပါယာမှာ သူ့ကိုယှဉ်နိုင်မဲ့သူ တစ်ယောက်မှ မရှိတော့မှာ
တောင်ဖြစ်ကောင်း ဖြစ်နေနိုင်တယ်.. အနာဂတ်မှာ ထျန်းမြောင်
အင်ပါယာကတောင် သူ့ကိုပြန်ပြီး လေးလေးစားစားနဲ့ဆက်ဆံရမှာ ဖြစ်ကောင်းဖြစ်နိုင်တယ်”
“အဲ့လူကဘယ်သူလဲ..သူက
ဘယ်ကနေလာခဲ့တာလဲ”
အချို့သောကျင့်ကြံသူများမှာ သူတို့၏နှလုံးသားများထဲ၌ သံသယများဖြစ်နေကြသည်။
သူတို့အနေဖြင့် ဤကဲ့သို့သော မွန်းစတားပါရမီရှင်မျိုးအား ယခင်က လုံးဝကြားဖူးခြင်းမရှိချေ။
လင်းယွဲ့ရှင်း၏ သေခြင်းစွမ်းအင်၊သွေးနှင့် ဝိညာဉ်စွမ်းအင်တို့အား ဝါးမျိုပြီးသည့်နောက်တွင် ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအင်က အဆင့်ခြောက်သို့ရောက်ရှိသွားသည်။ မူလကသူ၏ကျင့်ကြံမှု နယ်ပယ်မှာ
ကြယ်နှစ်ပွင့် ဘိုးဘေးနယ်ပယ်အဆင့်သို့
ရောက်ရှိသင့်သည်ဖြစ်သည်။ သို့သော်ကံမကောင်းစွာဖြင့် လင်းယွဲ့ရှင်း၊ဟောင်ယွမ်နှင့် ဝေ့ချန်တို့က နောက်ဆုံးအခိုက်အတန့်တွင် သူတို့၏ အသက်စွမ်းအင်အဆီအနှစ်တို့အား လောင်ကျွမ်းစေခဲ့သည်။ ရလဒ်အနေဖြင့် သူတို့၏ သိုင်းကျင့်ကြံမှုနယ်ပယ်က ကြယ်တစ်ပွင့်လျော့ကျသွားခဲ့ပြီး ရှစ်ဖုန့်၏ပို၍ပို၍ လိုအပ်လာသောစွမ်းအင်များအတွက် အဆင်ပြေအောင်စွမ်းဆောင်
နိုင်စွမ်းမရှိတော့ပေ။
သွေးဓားအား လင်းယွဲ့ရှင်း၏ ရင်ဘက်မှနှုတ်ယူလိုက်ပြီးနောက် ရှုံ့တွနေသောခန္ဓာကိုယ်မှာ မြေဆွဲအား၏ သက်ရောက်မှုကိုခံရပြီး မြေပြင်ထက်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားသည်။ ဤအချိန်တွင် ခရမ်းရောင်ပုံရိပ်က လေးညှို့မှပစ်လွှတ်လိုက်သောမြှားလို ရောက်ရှိလာပြီး ရှုံတွခြောက်သွေ့နေသော
ခန္ဓာကိုယ်အား ပွေ့ဖက်၍ သူမ၏ လက်မောင်းတို့အတွင်းဆွဲသွင်းလိုက်သည်။
“အမယွဲ့ရှင်း….အမယွဲ့ရှင်း”
အတော်လေးအကျွမ်းတဝင်မရှိတော့ပဲ မှတ်မိဖို့ပင်မဖြစ်နိုင်လောက်
သည်အထိဖြစ်သွားသော
သူမ၏လက်အတွင်းမှ ခြောက်သွေ့ရှုံ့တွနေသည့် အလောင်းအားကြည့်ရင်း
မင်းသမီးကျိယွင်က သူမဤခွန်အားအားလုံးအား
စုစည်းလိုက်ပြီး နောက်တစ်ကြိမ်ထပ်မံ၍ နှလုံးကြေကွဲဖွယ် ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးလိုက်သည်။ သူမက ဖော်ပြ၍မရနိုင်သော နှလုံးကြေကွဲမှုမျိုးဖြင့်
ငိုကြွေးနေခြင်းဖြစ်သည်။
“မဟုတ်ဖူး”
သူမ၏အသံက စူးစူးဝါးဝါးဖြစ်နေပြီး ၎င်းကကောင်းကင်နှင့်မြေပြင်
အားဖြတ်သန်း၍ ပဲ့တင်ထပ်သွားစေသည်။ ရှင်းလင်းသောမျက်ရည်စီးကြောင်းနှစ်ခုက သူမ၏ ပါးမို့နှစ်ဖက်ပေါ်သို့စီးကျလာ၏။ သူမတို့သည် တစ်ချိန်က တစ်ယောက်နှင့်တစ်ယောက်
သိကျွမ်းခဲ့ကြသလို ချစ်ကျွမ်းလည်းဝင်ခဲ့ကြသည်။ အဆုံးတွင်သူမက ရက်ရက်စက်စက်လင်းယွဲ့ရှင်း
အပေါ်၌သစ္စာဖောက်ခဲ့ပြီး ယောက်ျားတစ်ယောက်အား ချစ်ကြိုက်မိသွားခဲ့၏။ ထိုချစ်ကြိုက်မိသောယောက်ျားကပင် သူမတစ်ချိန်ကချစ်ခဲ့ဖူးသူအား အဆုံးသတ်ပေးခဲ့သည့်သူဖြစ်နေသည်။
တိုက်ပွဲက အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။ ရှစ်ဖုန့်က သွေးနီရောင်ဟင်းလင်းပြင်ထဲတွင် ဝင့်ကြွားစွာရပ်နေသည်။ သူ၏
ဆံပင်ရှည်နှင့် သူ့ချပ်ဝတ်နောက်ရှိ သွေးနီရောင်ဝတ်ရုံရှည်တို့က လေထဲတွင်ကခုန်နေသည်။ သူ၏ပုံစံက ခံ့ညားထည်ဝါပြီး သွေးနီရောင် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်ဖြစ်သည်။ မင်းသမီးကျိယွင်၏ ဝမ်းနည်းဖွယ်ရာ ငိုကြွေးသံအပါအဝင် ဖြစ်ပျက်သမျှအရာအားလုံးနှင့်ပက်ပြီး ရှစ်ဖုန့်ကတော့ထူးထူးခြားခြား
ပြောင်းလဲသွားခြင်းမရှိချေ။
သူကသူ၏လက်ဖြင့်မန္တရား
တစ်ခုကိုပုံဖော်လိုက်သည်။ သွေးနတ်ဆိုးသူ့အားသင်ကြား
ပေးခဲ့သောနည်းလမ်းကိုအသုံးပြု၍ သွေးဓားအားသန့်စင်လိုက်သည်။ မန္တရားအားပုံဖော်လိုက်ချိန်တွင် သွေးဓားကလျှင်မြန်စွာကျုံ့ဝင်သွားပြီး ယခင်ကသွေးကျောက်ပြားကဲ့သို့ဖြစ်သွားသည်။၎င်းက လက်ချောင်းတစ်ချောင်းစာ အရွယ်အစားဖြစ်သွားပြီး ရှစ်ဖုန့်ညာလက်၏ လက်ခလယ်အတွင်းသို့ဝင်ရောက်ပျောက်ကွယ်သွားသည်။ ရှစ်ဖုန့်၏လက်ခလယ်ထိပ်တွင် သွေးဓား၏အမှတ်အသားတစ်ခုက ပေါ်လာသည်။
ထို့နောက်တွင် ရှစ်ဖုန့်က သွေးချပ်ဝတ်အား ထပ်မံ၍ စတင်သန့်စင်လိုက်သည်။
မကြာခင် သွေးချပ်ဝတ်ပေါ်မှ သွေးနီရောင်အလင်းတစ်ခု
လင်းလက်လာပြီး ရှစ်ဖုန့်၏ ခန္ဓာကိုယ်အတွင်းပျောက်ကွယ်သွားသည်။ ရှစ်ဖုန့်၏ အနက်ရောင်ဝတ်ရုံက
သူ၏ကိုယ်ပေါ်တွင် ပြန်လည်၍ ပေါ်လာပြီး လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။
တိုက်ပွဲက အဆုံးသတ်သွားပြီဖြစ်သည်။ သတ်သင့်သူမှန်သမျှမှာလည်း
အသတ်ခံလိုက်ရပြီဖြစ်သည်။ ရှစ်ဖုန့်ကသူ့ခေါင်းထက်
ရှိသွေးနီရောင်တောင်ထွတ်
ကိုကြည့်လိုက်သည်။ ထိုနေရာတွင် ဘီလူးကြီး၏ လက်သီးချက်ဖြင့်
ဖန်တီးခဲ့သော ဧရာသွေးနီရောင်တွင်းပေါက်ကြီးရှိနေသည်။ ယခုအခါတွင် ထျန်းဟန်တိုက်ကြီးဆီသို့ ပြန်လည်၍ ဖြတ်သန်းသွားလာနိုင်သော လမ်းကြောင်းတစ်ခုပေါ်လာပြီဖြစ်သည်။
သို့သော် အပေါက်က ပြန်လည်၍ကောင်းမွန်လာနေသည်ကို ရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။ ၎င်းကအရမ်းနှေးကွေးသော်လည်း အပေါက်လုံးဝ ပြန်လည်၍ကောင်းမွန်ရန်အတွက် အချိန်အကြာကြီးယူရလိမ့်မည်မဟုတ်ပေ။ ထိုအချိန်သို့ရောက်လာခဲ့လျှင်သူ့အတွက် ဤနေရာမှထွက်ခွာသွားရန် ဒုက္ခရောက်ရလိမ့်မည်ဖြစ်သည်။ ထိုထက်ပိုသည်က ဤကမ္ဘာ၌ အခြားသောထွက်ပေါက်တစ်ခု ရှိမရှိကို သူမသိခြင်းပင်ဖြစ်သည်။
အကယ်၍သူသာ သွေးကျောက်ပြားအားအသက်သွင်းပြီး ကြယ်တစ်ပွင့်ဧကရာဇ်နယ်
ပယ်တစ်ယောက်၏ ခွန်အားဖြင့်ဆိုလျှင် သူ့အနေဖြင့် ဤနေရာ၌ နောက်ထပ်ထွက်ပေါက်တစ်ခုအား ဖန်တီးနိုင်လိမ့်မည်ဖြစ်သည်။ သို့သော် သွေးကျောက်ပြားကသုံးကြိမ်သာ အသက်သွင်း၍ရနိုင်သည်ဖြစ်သည်။ ယခုအချိန်၌ ၎င်းအား အသုံးပြုရန်အတွက် ရှစ်ဖုန့် ဘယ်လိုလုပ်ဆန္ဒရှိပါမည်နည်း။
အကယ်၍ အနာဂတ်၌ သူ၏ပါရမီရှင် တပည့်တစ်ယောက်ဖြစ်သော ရှောင်းထျန်းယီနှင့်တွေ့ဆုံခဲ့လျှင် သူ့နေဖြင့်၎င်းအားသွေးကျောက်ပြားကိုပေး၍ ၎င်းအားလုံးဝပြုပြင်ရန်ဖြစ်နိုင်မည်လားဆိုသည်ကို တစ်ချက်ကြည့်ခိုင်းရမည်ဟု တွေးမိသည်။
ယခုကျောက်ပြားက ထိခိုက်ထားသည်။ ရှစ်ဖုန့်အနေဖြင့်၎င်း၏ အဆင့်အတိအကျအား မြင်တွေ့နိုင်ခြင်းမရှိပေ။ သို့သော်၎င်းအား ကြယ်တစ်ပွင့်ဧကရာဇ်နယ်
ပယ်တစ်ယောက်၏ စွမ်းအားအား သုံးကြိမ်အထိအသက်သွင်းနိုင်ဆဲဖြစ်သည်။ ယင်းက ဤသွေးကျောက်ပြားက သာမန်ထက်သာလွန်ထူးခြားသည်ကို မြင်နိုင်စေသည်ဖြစ်သည်။ ၎င်းက အနည်းဆုံးအဆင့်ကိုး ဧကရာဇ်နယ်ပယ်လက်နက်
တစ်ခုဖြစ်ခဲ့လိမ့်မည်ဖြစ်သည်။
၎င်းက အံဖွယ် ဧကရာဇ်နယ်ပယ်ကျင့်ကြံသူ
ကဲ့သို့ပင်ဖြစ်လိမ့်မည်ဖြစ်၏။
ရှစ်ဖုန့်ဤနေရာ၌ ဆက်လက်၍ နေခြင်းမရှိတော့ချေ။ သူ၏ပုံရိပ်က ရွေ့လျားသွားပြီး သွေးနီရောင်တောင်ထွတ်
အပေါ်ရှိလေကိုထိုးခွင်းပျံသန်းလိုက်သည်။ သို့သော် ရှစ်ဖုန့်က ဘီလူးကြီး ဖန်းတီးထားခဲ့သောထွက်ပေါက်ဘက်သို့ ပျံသန်းသွားခြင်းမရှိပေ။ ထိုအစား သူကသွေးနီရောင်ပင်လယ်
ဘက်သို့ဦးတည်သွားပြီး သူလာခဲ့သောနေရာသို့ပြန်လည်၍ ပျံသန်းသွားလိုက်သည်။
လုံမုန့် ဟုန်ယွဲ့နှင့် စံပယ်လေးတို့က သူစီစဉ်ပေးထားခဲ့သည့် ဂူအတွင်းတွင် ရှိနေကြသေးသည်ဖြစ်သည်။
အကယ်၍ရှစ်ဖုန့် ဤနေရာမှ ထွက်သွားချင်ခဲ့သည်ဆိုလျှင်တောင် သူ့အနေဖြင့် အရင်ဆုံးသူနှင့်အတူ ခေါ်ဆောင်သွားရန် မိန်းကလေးသုံးယောက်အား
သွားရောက်၍ ခေါ်ယူရမည်ဖြစ်သည်။
…………………………………………………………
ပြင်ပကမ္ဘာဖြစ်သောထျန်းမြောင်အင်ပါယာ၏ ဟန်ရွင်းမြို့တွင်ဖြစ်သည်။ ဤအချိန်၌ အရေးကြီးသော ပုဂ္ဂိုလ်များက သွေးနီရောင်တွင်းပေါက်၏ အပြင်ဘက်တွင်ပို၍ပို၍ စုစည်းလာကြသည်။ထျန်းမြောင်အင်ပါယာ ကလန်ကြီးလေးခုမှ ပုကလန်၏ မိသားစုခေါင်းဆောင်မှလွဲ၍ အခြားသော မိသားစုခေါင်းဆောင်များအားလုံး ရောက်ရှိနေကြပြီဖြစ်သည်။
တုန်းဖန်းမိသားစု၏ တုန်းဖန်းကျွင်း၊ ဟောင်မိသားစု၏ ဟောင်ကြွယ်နှင့် ကျိမိသးစု၏ ကျိတူကြွယ်တို့မှာ
မိသားစုသုံးစု၏ ခေါင်းဆောင်
များအားလုံးက အနာဂတ်၏ ဆက်ခံသူများအဖြစ် အချင်းချင်းဖွင့်ပြောရန်ပင်မလိုအပ်ပဲ သဘောတူထားကြပြီးဖြစ်သည်။ သူတို့၏ ပါရမီစွမ်းရည်များက မိသားစုအတွင်းတွင် ပြိုင်ဘက်ကင်းဖြစ်သည်။ မိသားစုသုံးခု၏ ခေါင်းဆောင်ကြီးများကိုယ်တိုင်ပင် သူတို့နှင့်နှိုင်းယှဉ်၍ မရနိုင်ပေ။
သို့သေ်၎င်းက တိတ်တဆိတ်ဖြစ်သော တိုက်ဆိုင်မှုတစ်ခုဖြစ်သည်။ ထျန်းမြောင်အင်ပါယာ၏
ကလန်ကြီး လေးခုက ကလန်တစ်ခုစီ၌ ဤကဲ့သို့ပါရမီရှင်တစ်ယောက်မျိုး မွေးထုတ်ဖို့ကို သဘော
တူညီခဲ့ကြပုံရလေသည်။ သို့သော် ယခုအခါတွင် ပုကလန်၏
ပုယွင်ရွှမ်းမှလွဲ၍ အခြားသော ကလန်ကြီးသုံးခု၏ ပါရမီရှင်သုံးယောက်မှာ တိုင်ပင်ထားကြသည့်အလား သူတို့၏ဝိညာဉ်ကျောက်တုံး
များကထပ်တူကျလုနီးပါး
တစ်ချိန်တည်းတွင် ကွဲကြေသွားကြသည်။
မူလက အနာဂတ်၌သူတို့ ကြီးပြင်းတိုးတက်လာကြသောအခါတွင် မိသားစုအနေဖြင့် ပို၍ မြင့်မားသောဂုဏ်ကျတ်သရေများကို ဆောင်ကြဉ်းနိုင်လိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း ကံမကောင်းစွာဖြင့် ဤပါရမီရှင်သုံးယောက်မှာ ဤကဲ့သို့ဘာမှန်းမသိရဘဲ ဆန်းကြယ်
သော သွေးနီရောင်ကမ္ဘာအတွင်း၌ အားလုံးသေဆုံးသွားခဲ့ကြရသည်။
ဆက်ရန်…..
ဘာသာပြန်သူ-ARISE