← Chapters

အပိုင်း (၂၈၃)

Vol. 19 Ch. 283

အပိုင်း (၂၈၃)

Vol. 19 Ch. 283

ဟန်ရွှမ်းမြို့ အပြင်ဘက်တွင် ကလန်ကြီးသုံးခုသည်သာမကဘဲ  ဂိုဏ်းအသီးသီး၏ အရေးကြီးသောပုံရိပ်များ

တွင်လည်း  ဝမ်းနည်းပူဆွေးသောမျက်နှာ

များဖြစ်နေကြသည်။ ၎င်းမှာ

အလွန်အမင်းကို ဝမ်းနည်းပူဆွေးသောက

ရောက်နေကြခြင်းဖြစ်သည်။

ဖျောင်ရှဂိုဏ်း၏ ဒုခေါင်းဆောင်ဖြစ်သူ လင်ထျန်းရန်မှာ  သူ၏ သားနှစ်ယောက်ဖြစ်ကြသော လင်ဟောင်နှင့်လင်စာတို့သွေး

ရောင်တွင်းပေါက်ထဲသို့ ဝင်ရောက်ပြီးသေဆုံးသွားခဲ့သည့်အပြင် ဂိုဏ်း၏နံပါတ်တစ်ပါရမီရှင်ဖြစ်သူ လင်ယွဲ့ရှင်း၏ ဝိညဉ်ကျောက်တုံးသည်လည်း

ကွဲကြေသွားသည်ဟု အစောပိုင်းကလေးတင် သတင်းရရှိခဲ့သည်။ ဖျောင်ရှဂိုဏ်း၏ အထူးချွန်ဆုံးသော လူငယ်ပါရမီရှင်သုံးယောက်မှာ အားလုံးသေဆုံးသွားကြပြီဖြစ်သည်။ ဖျောင်ရှဂိုဏ်းအတွက် ဤအရာက မထင်မှတ်ထားသည့် အံ့အားသင့်ဖွယ်ရာများအဖြစ် အားလုံး၏နှလုံးသားအားထိ

ခတ်သွားစေသည်။

“ဘာတွေဖြစ်နေတာလဲ..ဘာတွေဖြစ်နေတာလဲကွာ….အထဲမှာ ဘာရှိနေတာလဲ..အား..”

ဟို့ယွင်ဂိုဏ်းခေါင်းဆောင်ဖြစ်သူ မီးတိမ်တိုက်မစ္ဆာနတ်ဘုရားက ဒေါသအမျက်ခြောင်းခြောင်းထွက်ကာ ပြင်းပြင်းထန်ထန်ကို အော်ဟစ်လိုက်သည်။  သူ၏ကိုယ်က ပြင်းထန်သောရဲရဲတောက်မီးတောက်များကို ထုတ်လွှတ်နေပြီး  သူ့ကိုယ်ပေါ်ရှိ အရှိန်အဝါကလည်း  ပေါက်ကွဲထွက်ပေါ်လာသည်။

အောက်ဘက်မှကြည့်နေကြသော ကျင့်ကြံသူများမှာ  ရုတ်တရက်

ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ထိုစွမ်းအားကြီးသော ဖိအားအောက်တွင်  သူတို့၏

နှလုံးသားများက တစ်ဆတ်ဆတ်တုန်ယင်နေပြီး  အသက်ရှူရန်ကိုပင် ခက်ခဲသလိုခံစားရသည်။ ယင်းမှာတောင်တစ်လုံးက  ကောင်းကင်ထက်၌ ရုတ်တရက်ပေါ်လာပြီး  သူတို့၏အပေါ်သို့ ကျဆင်းလာသကဲ့သို့ပင်ဖြစ်သည်။ မီးတိမ်တိုက်မိစ္ဆာနတ်ဘုရား၏ ကိုယ်ပေါ်ရှိမီးတောက်များက သူတို့အား ပြာအဖြစ်သို့လောင်ကျွမ်းသွား

စေရန်အတွက် မီးပွားလေးများကိုသာ ဖိတ်စင်စေဖို့လိုအပ်သည်ကို သူတို့အနေဖြင့် သံသယဝင်ကြခြင်းမရှိကြချေ။

ကြယ်ရှစ်ပွင့်ဘိုးဘေးနယ်ပယ်

တစ်ယောက်၏  စွမ်းအား  ဤကျင့်ကြံသူများအနေဖြင့် ရိုးရိုးလေးပင် စိတ်ကူးကြည့်၍ မရနိုင်သော အရာဖြစ်သည်။

ဟို့ယွင်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သူမှာလည်း  လင်ထျန်းရန်ကဲ့သို့ပင်ဖြစ်သည်။ သိပ်မကြာသေးခင်ကမှ

သူ့အနေဖြင့်ဂိုဏ်းထံမှ သတင်းဆိုးများကို ရရှိခဲ့သည်။ ကြယ်လေးပွင့်ဘိုးဘေးနယ်ပယ် ပါရမီရှင်တပည့်ဖြစ်သောဝေ့ချန်၏ ဝိညာဉ်ကျောက်တုံးက ကွဲကြေသွားသည်ဟုဆို၏။

ယခင်ကလည်းပါရမီကောင်းသော တပည့်ခြောက်ယောက်

သေဆုံးသွားခဲ့ရသည်။ ပါရမီရှင်တပည့်ဖြစ်သူ ချီလီသေဆုံးသွားခဲ့ရသည်မှာ

သိပ်မကြာသေးပေ။ယခုဝေ့ချန်ပင်

သေဆုံးသွားခဲ့ရသည်ဖြစ်သည်။  ဤကဲ့သို့သော အခြေအနေအောက်တွင်  မီးတိမ်တိုက်မိစ္ဆာ နတ်ဘုရားအနေဖြင့် မည်ကဲ့သို့ ဒေါသအိုးမပေါက်ကွဲပဲ နေနိုင်ပါမည်နည်း။ ဤအခိုက်အတန့်တွင်  သူ့အနေဖြင့်သူ၏မီးတောက်များအား  သွေးနီရောင်တွင်းပေါက်အတွင်း

သို့လောင်ကျွမ်းပစ်နိုင်ပြီး  ၎င်းအတွင်းရှိသက်ရှိအားလုံးအား ဘာမှကျန်ရစ်ခြင်းမရှိသည်အထိ လောင်ကျွမ်းသွားစေလိုသော ဆန္ဒသာရှိနေသည်။

ဤအခိုက်အတန့်တွင်  ဖျောင်ရှဂိုဏ်း၏ အင်ပါယာနယ်ပယ် ကျင့်ကြံသူတစ်ယောက်က ဟန်ရွှမ်းမြို့ပေါ်မှ လျှင်မြန်စွာ ပျံသန်းလာသည်။ သူကဖျောင်ရှဂိုဏ်းဒုခေါင်းဆောင်ဖြစ်သူ၏  ရှေ့၌ရပ်တန့်လိုက်ပြီး သတင်းပို့လိုက်သည်။

“ဂိုဏ်းဒုခေါင်းဆောင် သွေးနီရောင်အပေါက်ထဲကို ဝင်သွားခဲ့တဲ့ ကျွန်တော်တို့ဂိုဏ်းက

တပည့်တစ်ယောက်က ချင်းဖျင်မြို့မှာပေါ်လာတယ်လို့ အခုပဲသတင်းရရှိခဲ့ပါတယ်”

ချင်းဖျင်မြို့၏ ဟင်းလင်းပြင်ထဲတွင် သေးနီရောင်တွင်းပေါက်တစ်ခုပေါ်လာခဲ့သည်။ သွေးနီရောင်တွင်းပေါက်အတွင်းသို့ ဝင်ရောက်သွားကြသော ကျင့်ကြံများစွာ ထွက်ပေါ်လာကြသည်။ ထိုသွေးနီရောင်တွင်းပေါက်၌ အသက်အရွယ်ကန့်သတ်ချက်

လည်းရှိမနေသလို ဘာစုပ်ယူအားမှလည်းရှိမနေပေ။  ကျင့်ကြံသူများစွာမှာ လောလောဆယ်တွင် ချင်းဖျင်မြို့သို့ဝင်ရောက်လာကြသည်။

တပည့်ဖြစ်သူ၏ တင်ပြချက်အား ကြားလိုက်ရသောအခါတွင်

လင်ထျန်းရန်က အော်ပြောလိုက်သည်။

“ချင်းဖျင်မြို့ကိုသွားကြစို့”

ဤအချိန်၌  သွေးနီရောင်တွင်း

ပေါက်ဝန်းကျင်၌ ကြီးမားသော ရိုက်ချက်တို့အားခံစားနေရသည့် ဟို့ယွင်ဂိုဏ်းအပါအဝင်  ထျန်းကျန့်မဟာမိတ်အဖွဲ့၊ လင်ရွှယ်ဂိုဏ်း ၊စစ်သူကြီး ချင်ရှစ်ဟူနှင့်  မိသားစုကလန်ကြီးသုံးခုသည်လည်း  ဖျောင်ရှဂိုဏ်းမှတပည့်ဖြစ်သူ၏ စကားများအားကြားလိုက်ကြသည်။  ထို့နောက်လင်ထျန်းရန်ကဲ့သို့ပင် သူတို့သည်လည်း ဟန်ရွှမ်းမြို့အတွင်းသို့လျှင်မြန်စွာ

ပျံသန်းသွားကြသည်။ ရုတ်တရက် အလင်းတန်းများက ကောင်းကင်အားထိုးခွင်းဖြတ်သန်းသွားပြီး ဟန်ရွှမ်းမြို့အတွင်း၌ရှိနေသော ကူးသန်းသွားလာရေးအစီအရင်ရှိရာသို့ တည့်တည့်ပင် ဦးတည်သွားကြသည်။

ချင်းဖျင်မြို့နှင့်ဟန်ရွမ်းမြို့ကြားထဲတွင်  မြို့သုံးမြို့ခြားသည်ဖြစ်သည်။

အကယ်၍ လူတစ်ယောက်ကသာပျံသန်း

၍သွားမည်ဆိုလျှင် အချိန်အချို့ယူရလိမ့်မည်ဖြစ်သည်။

သို့သော်  အကယ်၍ ကူးသန်းသွားလာရေးအစီအရင်

အားအသက်သွင်းလိုက်မည်ဆိုလျှင်  သူတို့အနေဖြင့် မြို့သုံးမြို့အားဖြတ်သန်းသွားရုံ

သာလိုလေသည်။ မြို့သုံးမြို့၏ ကူးသန်းသွားလာရေးဂိတ်ဝအား ဖြတ်သန်းပြီးသည့်နောက်တွင်

ချင်းဖျင်မြို့သို့ ချက်ချင်းရောက်နိုင်သည်ဖြစ်သည်။ ထိုထက်ပိုသည်ကား အရေးကြီးသောပုဂ္ဂိလ်အများ

အပြားတစ်ချိန်တည်းတွင်ပေါ်

လာခဲ့ခြင်းကြောင့်  မြို့တိုင်းရှိကူးသန်းပို့ဆောင်ရေး

ဂိတ်အား   စော‌င့်ကြပ်နေကြသော စစ်သားများအနေဖြင့် သေချာပေါက် ပေါ့ပေါ့ဆဆလုပ်ရဲလိမ့်မည်မဟုတ်ပေ။  သူတို့အနေဖြင့်သေချာပေါက်

ဂိတ်များအား အသုံးပြုရန်အတွက် ဦးစားပေးရလိမ့်မည်ဖြစ်သည်။

ချင်းဖျင်မြို့၏ ကူးသန်းပို့ဆောင်ရေးဂိတ်ဝဘေးတွင်  များပြားလှသောကျင့်ကြံသူများက ထိုနေရာတွင်  အကြာကြီးစောင့်ဆိုင်းနေကြသည်။ ဤအချိန်တွင် ကူးသန်းပို့ဆောင်ရေးအစီအရင်

ပလ္လင်ထက်၌  အဖြူရောင်အလင်းတစ်ခု လက်ခနဲဖြစ်လာသည်။  ပလ္လင်ထက်၌ စွမ်းအားကြီးသောအရှိန်အဝါနှင့် ဖိအားတို့အားထုတ်လွှတ်နေ၏။ ဂုဏ်သရေရှိပြီး တည်ကြည်လေးနက်သော မျက်နှာများစွာက တစ်ခုပြီးတစ်ခုပေါ်လာခဲ့သည်။ တစ်ချက်ကြည့်ရုံဖြင့် ဤလူများက  သာမန်မဟုတ်သိကိုသိသိသာသာ

သိရှိနိုင်သည်ဖြစ်သည်။

ကူးသန်းပို့ဆောင်‌ရေးဂိတ်ဝ

အနီး၌ရှိနေကြသော ကျင့်ကြ့သူများမှာ ဘာတွေဖြစ်ပျက်နေသည်ကိုမသိကြချေ။  စွမ်းအားကြီးဖိအားလှိုင်းများ

စွာအားသူတို့ခံစားလိုက်ရချိန်တွင်   သူတို့ရုတ်တရက် တုန်လှုပ်အံ့အားသင့်သွားကြသည်။ အချို့လူများဆိုလျှင် ရန်သူများကတိုက်ခိုက်မှုပြုလုပ်ရန် ကျွမ်းကျင်သူများအားစေ

လွှတ်လိုက်သည်ဟုပင် တွေးမိကြသည်။

“ဂိုဏ်းဒုခေါင်းဆောင်”

ဤအချိန်တွင် ကူးသန်းပို့ဆောင်ရေးဂိတ်

နား၌စောင့်ဆိုင်းနေသောဖျောင်ရှဂိုဏ်း၏ တပည့်ဖြစ်သူက က လူအုပ်ထဲရှိ လင်ထျန်းရန်အား တွေ့လိုက်

ရသောအခါတွင် အလျင်အမြန်ခေါ်လိုက်သည်။

ဤလူမှာအစောပိုင်းကလေးတင်ကမှ သွေးနီရောင်တွင်းပေါက်အတွင်း

မှထွက်လာခဲ့သော ဖျောင်ရှဂိုဏ်း၏တပည့်ဖြစ်သူဖြစ်သည်။

ဤလူမှာလင်စာ၏နောက်သို့ လိုက်ပါလာခဲ့သည့်သူလည်းဖြစ်လေသည်။ လင်စာအသတ်ခံရပြီးသည့်

နောက်တွင်သူက လင်ဟောင်နောက်သို့လိုက်ခဲ့သည်။

ထိုအချိန်က ရှစ်ဖုန့်နှင့်လင်ဟောင်တို့

တိုက်ခိုက်နေကြချိန်ဖြစ်သည်။  အဆုံးသတ်တွင် လင်ဟောင်ကရှစ်ဖန့်၏သတ်ဖြတ်ခြင်းအား ခံလိုက်ရသည်ကို သူတွေ့

လိုက်ရသောအခါတွင်  သူကချက်ချင်းပဲလေကို

ထိုးခွင်းဖြတ်သန်း၍ ထွက်ပြေးခဲ့သည်။

ဤအချိန်၌သူသည် နောက်ဆုံးတွင် ဘီလူကြီးဖန်တီးခဲ့သောသွေး

နီရောင်တွင်းပေါက်အတွင်းမှ

ထွက်လာနိုင်ခဲ့ပြီး အသက်ရှင်လျက် ဤနေရာသို့ ပြန်ရောက်လာနိုင်ခဲ့သည်။

“အဲ့မှာဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို မြန်မြန်ပြောစမ်း..ဘယ်လိုစွမ်း

အားကြီးတဲ့သက်ရှိမျိုးအဲ့မှာ ရှိနေတာလဲ..ယွဲ့ရှင်း ဟောင်အာ..စာအာ..သူတို့ဘာနဲ့မ

မျှော်လင့်ပဲ ကြုံကြိုက်ခဲ့ရတာလဲ..”

လင်ထျန်းရန်က ဤလူအားမြင်တွေ့လိုက်ရသောအခါတွင် အလျှင်အမြန်ပဲမေးလိုက်သည်။

“ဂိုဏ်းဒုခေါင်းဆောင် စီနီယာမလင် နဲ့ စီနီယာအကိုနှစ်ယောက်တို့ဟာ အဲ့နေရာမှာပေါ်လာခဲ့တဲ့ သက်ရှိရဲ့သတ်ဖြတ်ခြင်းကိုခံခဲ့

ရတာမဟုတ်ပါဘူး…သူတို့ကိုသတ်ခဲ့တဲ့သူက ဘယ်နေရာကနေ ရောက်လာခဲ့မှန်းမသိရတဲ့ ဆယ့်ငါးနှစ်အရွယ်လူငယ်လေး

တစ်ယောက်ပါ…သူကစီနီယာ

အကိုလင်နဲ့အခြားသူတွေကို

သတ်ခဲ့ရုံသာမကဘူး..သူက ထျန်းကျန့်မဟာမိတ်အဖွဲ့က

ရို့ဖှေးဖန်း၊ဟို့ယွင်ဂိုဏ်းက ဝေ့ချန်၊ တုန်းဖန်းကလန်က တုန်းဖန်းကျွင်း၊ဟောင်ကလန်

ကဟောင်ယွမ်နဲ့လင်ရွှယ်ဂိုဏ်းက တင်းယုတို့ကိုလည်းသတ်ပစ်ခဲ့တယ်… သူတို့အားလုံးကို အဲ့လူက ကျွန်တော်တို့မျက်စိအောက်မှာတင် သတ်ပစ်ခဲ့တာ”

ဖျောင်ရှဂိုဏ်း၏တပည့်ဖြစ်သူက

ပြန်လည်၍ ဖြေကြားလိုက်သည်။

“ဘာ”

“ဘာ”

“ဘာ”

ဖျောင်ရှဂိုဏ်းမှတပည့်ဖြစ်သူ၏

စကားလုံးများက  ထိတ်လန့်မှုနှင့် အော်ဟစ်သံလှိုင်းများအား ရုတ်ခြည်းဖြစ်ပေါ်သွားစေသည်။ ထူးချွန်သောပါရမီရှင်ပေါင်းများစွာက  အသက်ဆယ့်ငါးနှစ်အရွယ်

လူငယ်လေးတစ်ယောက်၏ လက်ထဲ၌ သေဆုံးသွားကြရသည်။

“မင်းငါ့သား ချင်အောင်ကို

ရောတွေ့မိသေးလား”

ဤအချိန်တွင် ထျန်းမြောင်အင်ပါယာ၏ စစ်သူကြီး ချင်ရှစ်ဟူက  ဖျောင်ရှဂိုဏ်း၏တပည့်ဖြစ်သူက သူ့သားဖြစ်သူချင်အောင်၏နမည်အား ခေါ်ဆိုခြင်းမရှိသည်ကိုကြား

လိုက်ရသောအခါတွင် အသံနိမ့်ဖြင့်မေးလိုက်သည်။

“ဟင့်အင်း”

ဖျောင်ရှဂိုဏ်း၏တပည့်ဖြစ်သူက  သူ့ခေါင်းအားခါယမ်းပြပြီးပြောလိုက်သည်။

“အကယ်၍ လူငယ်ဗိုလ်ချုပ် ချင်ရဲ့  ဝိညာဉ်ကျောက်တုံးက ကွဲသွားခဲ့ပြီဆိုရင်  သူအဲ့နေရာမှာ အဲ့လူနဲ့တွေ့ခဲ့တာပဲဖြစ်နိုင်လောက်မယ်…

အဲ့ကမ္ဘာထဲမှာ နတ်ဆိုးသားရဲတွေက ကြောက်ဖို့မကောင်းဘူး… တကယ်ကြောက်ဖို့ကောင်းတဲ့အရာက အဲ့လူငယ်လေးပဲ …အဲ့ကမ္ဘာမှာကျင့်ကြံသူတွေက သူ့ကိုခေါ်ကြတာ အနက်ရောက်ကောက်ရိတ်သမား (ဝါ) အနက်ရောင်သေခြင်းနတ်ဘုရားတဲ့”

“အခြေခံအားဖြင့်သူနဲ့တွေ့တဲ့သူမှန်သမျှက အသက်မရှင်နိုင်ဘူး..သူလူ

ဘယ်လောက်ထိတောင်သတ်ခဲ့လဲဆိုတာကို ဘယ်သူမှမသိကြဘူး… အဲ့တာထက်ပိုတာက သူကနတ်ဆိုးဂိုဏ်းရဲ့ မိစ္ဆာပညာရပ်ကိုကျင့်ကြံပြီးတော့ အကြင်နာမဲ့ရက်စက်ပြီး သွေးဆာတဲ့သူပဲ….သူသတ်

တာကိုခံလိုက်ရတဲ့လူတိုင်းရဲ့

ကိုယ်ကသွေးတွေက သူ့ကိုယ်ထဲကိုခြောက်သွေ့တဲ့

အထိစုပ်ယူခံရပြီး သူတို့ရဲ့ခန္ဓာကိုယ်တွေက  ရှုံ့တွခြောက်သွေ့တဲ့‌ အလောင်းတွေဖြစ်သွားလိမ့်မယ်”

“ဒီကလေး..သေစမ်း”

ဟို့ယွင်ဂိုဏ်းခေါင်းဆောင်ဖြစ်သူ မီးတိမ်တိုက်မိစ္ဆာနတ်ဘုရားက  ကောင်းကင်ထပ်သို့မော့၍ အော်ဟစ်လိုက်သည်။

“ငါတို့တွေသူ့ကို အပိုင်းပိုင်း

ဆုတ်ဖြဲပစ်ရမယ်”

ထျန်းကျန့်မဟာမိတ်အဖွဲ့

ခေါင်းဆောင်ဖြစ်သူ  ယွဲ့ချင်းထျန်းသည်လည်း သတ်ဖြတ်ခြင်းအရှိန်အဝါတို့အား ထုတ်လွှတ်လိုက်သည်။သူ့ကျော

ထက်တွင်ရှိနေသော ဓားရှည်က  ယွဲ့ချင်းထျန်း၏ စိတ်ခံစားချက်များအား အာရုံခံမိပုံရပြီး  ပြင်းထန်စွာတုန်ခါနေပြီဖြစ်သည်။

“ငါ့သားရဲ့ဝိညာဉ်ကိုကောင်း

ကင်ဘုံမှာပူဇော်နိုင်ဖို့အတွက်  အဲ့ကောင်ကို တုန်းဖန်းကလန်ကလည်းသတ်ပစ်ရမယ်”

တုန်းဖန်းကလန်၏ တုန်းဖန်းပါက သူ၏လက်သီးတို့အားတင်းကျပ်စွာဆုပ်၍ တစ်ကိုယ်လုံးတုန်ယင်စွာဖြင့်

အော်ဟစ်လိုက်သည်။  တုန်းဖန်းကျွင်းမှာသူ့ဘဝတွင် ဂုဏ်ယူအရဆုံးသောသား

တစ်ယောက်ဖြစ်သည်။

…………………………………..

မကြာခင်တွင် ထျန်းမြောင်အင်ပါယာ၏ အရေးကြီးသောပုံရိပ်များက   နောက်တစ်ကြိမ်ထပ်မံ၍ အလင်းတန်းများအဖြစ်သို့ပြောင်းလဲသွားပြီး တက်လက်လက်တောက်ပ

နေသောဉက္ကာခဲများကဲ့သို့

ကောင်းကင်ပြင်အားထိုးခွင်း၍ ချင်းဖျင်မြို့၏ မြောက်ဘက်ဂိတ်ဆီသို့ဦးတည်လိုက်သည်။ ၎င်းမှာဘီလူးမျိုးနွယ်မှ ဘီလူးကြီးကြောင့်  ပေါက်ကွဲဖြစ်ပေါ်လာသော  သွေးနီရောင်ကမ္ဘာနှင့်ဤနေရာအား ဆက်သွယ်ပေးထားသည် သွေးနီရောင်တွင်းပေါက်ရှိရာ

နေရာဖြစ်လေသည်။

ဤအချိန်၌  ဤသာမန်ကျင့်ကြံသူများအတွက်    ဤလူများက ရှားရှားပါးပါးမြင်ရသော ကြုံတောင့်ကြုံခဲဖြစ်စဉ်တစ်ခုဖြစ်သည်။ ၎င်းတို့အားလုံးက ထွက်လမ်းအားပိတ်ဆို့ထားပြီး  သတ်ဖြတ်ခြင်းအစီအရင်တစ်ခုအား ပူးပေါင်းပြင်ဆင်ကြကာ ပေါ်လာသည်နှင့် အပိုင်းထောင်ပေါင်းများစွာ ပိုင်းဖြတ်၍ သတ်ဖြတ်ပစ်သင့်သော ထိုငတိလေးပေါ်အလာအား   စောင့်ဆိုင်းနေကြသည်။

ဆက်ရန်…………..

ဘာသာပြန်သူ-ARISE

All Chapters