← Chapters

အပိုင်း(၂၈၄)

Vol. 19 Ch. 284

အပိုင်း(၂၈၄)

Vol. 19 Ch. 284

ရှစ်ဖုန့်အနေဖြင့် ထိုသွေးနီရောင်

တွင်းပေါက်က  ချင်းဖျင်မြို့နှင့်ဆက်သွယ်ထားသည်ကို  သိရှိခြင်းမရှိချေ။ သူ့အား ကြီးမားသော အဖွဲ့အစည်းများစွာက ထွက်ပေါက်၌  စောင့်ဆိုင်းနေကြပြီး သတ်ဖြတ်ခြင်းအစီအရင်အားပြင်

ဆင်ထားကြသည်ကို လည်းသူသိရှိခြင်းမရှိချေ။သူ၏ပုံရိပ်က သွေးနီရောင်ဟင်းလင်းပြင်အား ဆက်လက်၍ ထိုးခွင်းပျံသန်းနေဆဲဖြစ်သည်။ အချိန်ခဏမျှကြာမြင့်အောင်

ပျံသန်းပြီးသည့်နောက်တွင်

ရှစ်ဖုန့်၏ပုံရိပ်က အောက်သို့ထိုးဆင်းလိုက်ပြီး  သွေးရောင်တောင်ထွတ်တစ်ခု၏ အောက်ခြေဘက်သို့  တစ်ဟုန်ထိုး ဦးတည်လိုက်သည်။ ဖျက်ခနဲလင်းလက်သွားသော အဖြူရောင်အလင်းနှင့်အတူ  ဟင်းလင်းပြင်ထဲတွင် အဖြူရောင် ပုံရိပ်တစ်ခုကိုသာ ချန်ရစ်ထားခဲ့သည်။ သူ၏တကယ့်ကိုယ်ကတော့ မြေပြင်ပေါ်သို့ဆင်းသက်

ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ရှစ်ဖုန့်သွေးရောင်ကျောက်ထံရံ၌ တပ်ဆင်ထားခဲ့သော

ပုံရိပ်ယောင်အစီအရင်က ထိုနေရာတွင် ခြေရာလက်ရာမပျက်ရှိနေဆဲဖြစ်သည်။ ပြင်ပမှလာသူတစ်ယောက်ကသာ အပေါ်စီးမှကြည့်လိုက်လျှင်  သွေးနီရောင်ကျောက်ထရံကိုသာ မြင်တွေ့ရလိမ့်မည်ဖြစ်သည်။

ထိုနေရာ၌  ဂူဝင်ပေါက်တစ်ခုရှိနေသည် သို့မဟုတ် လူလုပ်ဂူတစ်ခုရှိ

နေသည်ကိုသူတို့ သိကြလိမ့်မည်မဟုတ်ပေ။

ရှစ်ဖုန့်ဂူထံသို့လျှောက်သွားလိုက်သည်။ ဂူဝင်ပေါက်အား သူဖြတ်ကျော်

သည့်အချိန်တွင်  သူ၏ဓားပညာရပ်အား အသက်သွင်းထားခဲ့သည်။ ဂူဝင်ပေါက်၌ ထိုးသွင်းထားခဲ့သော

ဓားဆယ့်ရှစ်ချောင်းက ပျံသန်းလာပြီး

သူ၏ သိုလှောင်လပ်စွပ်အတွင်းသို့ ပြန်လည်၍ဝင်ရောက်လာသည်။ ယခု သူက ၎င်းတို့အား အဝေးသို့ခေါ်ဆောင်သွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သောကြောင့် ဤဓားအစီအရင်က ထွက်ပေါက်၌ ရှိနေရန် ထပ်ပြီး မလိုအပ်တော့ချေ။

ရှစ်ဖုန့်ဂူအတွင်းသို့လျှောက်

လှမ်းဝင်လာသောအခါတွင်  မိန်းမလှလေးသုံးယောက်က  သူချန်ရစ်ထားခဲ့သော ဓားအမှတ်အသားဘေးတွင် တိတ်ဆိတ်စွာတင်ပျဉ်ခွေထိုင်နေသည်ကို သူမြင်တွေ့လိုက်ရသည်။သူမတို့က ဆိတ်ငြိမ်စွာဖြင့် ကျင့်ကြံပြီး နားလည်သဘောပေါက်ရန်

ဆင်ခြင်နေကြသည်။

လုံမုန့်က သူထွက်သွားကာနီးအချိန်

တွင်ကြယ်ခြောက်ပွင့်ဘုရင်

နယ်ပယ်အဆင့်မှ ယခုအခါ၌ ကြယ်ခုနှစ်ပွင့်ဘုရင်နယ်ပယ်အဆင်သို့ ခြေလှမ်းချနေပြီဖြစ်သည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။  သူမ၏ညာလက်ဖဝါးတွင်

မီးဓာတ်အခြေပြု သွေးပုတီးစေ့ကိုကိုင်ဆောင်ထားပြီး  ၎င်းအတွင်းမှစွမ်းအင်တို့ကို စုပ်ယူနေ၏။

ဟုန်ယွဲ့နှင့်စံပယ်လေးတို့မှာလည်း   အဆင့်ချိုးဖျက်လုနီးနီး

အခြေအနေသို့ရောက်ရှိနေသည်။

ဟုန်ယွဲ့မှာ မူလက ကြယ်ငါးပွင်ဘုရင်နယ်ပယ်အဆင့်မှ ကြယ်ခြောက်ပွင့်ဘုရင်နယ်ပယ်သို့ ချိုးဖျက်တော့မည်ဖြစ်ပြီး စံပယ်လေးက  ကြယ်သုံးပွင့် ဘုရင်နယ်ပယ်သို့ခြေချနိုင်နေပြီဖြစ်၏။

သူမတို့နှစ်ယောက် အဆင့်ချိုး

ဖျက်တော့မည်ကို တွေ့လိုက်ရသော

အခါတွင် ရှစ်ဖုန့်က  သူမတို့အား နှောက်ယှက်ခြင်းမရှိပေ။

ဟုန်ယွဲ့၏ကိုယ်က အဖြူရောင်အလင်းတစ်ချက်လင်း

လက်လာပြီး  ကြယ်ငါးပွင့်ဘုရင်နယ်ပယ်အဆင့်မှ ကြယ်ခြောက်ပွင့်ဘုရင်နယ်ပယ်အဆင့်သို့ ချိုးဖျက်သွားပြီးနောက်  သူမက သူမ၏ မျက်လုံးများအား ဖြည်းညှင်း

စွာဖွင့်လိုက်သည်။ သူမမျက်လုံးဖွင့်ပြီးသည့်အခိုက်အတန့်တွင်  သူမခေါင်းအားအနည်းငယ်မော့

ကြည့်လိုက်သောအခါ ရင်းနှီးမှုရှိပြီး ငယ်ရွယ်ချောမော၍ သူမအတွေ့ချင်ဆုံးဖြစ်သော

မျက်နှာတစ်ခုအား သူမမြင်တွေ့လိုက်ရသည်။

မကြာခင်တွင်သူမဘေးတွင်ရှိနေသော စံပယ်လေးကလည်း  မျက်လုံးများကိုမှိတ်ထားဆဲဖြစ်ပြီး  အဆင့်ချိုးဖျက်လုနီးနီးဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူမအလျှင်အမြန်ပဲ ရှစ်ဖုန့်အား “ရှူး”ဟု  လက်ဟန်ခြေဟန်ပြလိုက်သည်။

ရှစ်ဖုန့်ကခပ်ယဲ့ယဲ့ပြုံးပြလိုက်ပြီး ခေါင်းညိမ့်ပြလိုက်သည်။

သိပ်မကြာလိုက်ခင် စံပယ်လေး၏ကိုယ်သည်လည်း  အဖြူရောင်အလင်းတစ်ခု

လင်းလက်သွားသည်။ သူမသည်လည်း ကြယ်သုံးပွင့်ဘုရင်နယ်ပယ်အဆင့်သို့ အောင်မြင်စွာချိုးဖျက်တက်လှမ်းနိုင်ခဲ့သည်။ စံပယ်လေး၏ မျက်နှာသေးသေးလေးတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပြီး  သူမ၏မျက်လုံးတို့အားဖွင့်လိုက်သောအခါ ရှစ်ဖုန့်က ရောက်နှင့်နေသည်ကို တွေ့လိုက်ရသည်။ သူမဘေးတွင်ရှိနေသော စီနီယာအမဟုန်ယွဲ့ကလည်း  သူမအား စိုက်ကြည့်နေသည်။

စံပယ်လေးက သူမ၏ရှေ့တွင်ရှိနေသော ရှစ်ဖုန့်အား ပဟေဠိဆန်သော

အမူအယာဖြင့် ကြည့်လိုက်သည်။ ထို့နောက်သူမက သူမဘေးတွင်ထိုင်နေသော ဟုန်ယွဲ့အားကြည့်လိုက်ပြီး မေးလိုက်သည်။

“ဘာဖြစ်လို့လဲ…ညီမလေး

မျက်နှာမှတစ်ခုခုရှိနေလို့လား

ဘာလို့အမတို့ ညီမလေးကို ဆက်ပြီးစိုက်ကြည့်နေကြတာလဲ”

ဟုန်ယွဲ့က ပြုံး၍ ပြောလိုက်သည်။

“တစ်ခုမှ မဟုတ်ဖူး….အဆင့်ချိုးဖျက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် ဂျူနီယာ ညီမလေး”

“ဟီးဟီး ဒါတွေအားလုံးက

သူ့ကျေးဇူးကြောင့်ပဲ မဟုတ်ဖူးလား”

စံပယ်လေးက ပျော်ရွှင်စွာဖြင့် ပြုံးလိုက်သည်။ ထို့နောက်သူမက ခေါင်းလေးကိုရှစ်ဖုန့်ထံသို့

လှည့်၍ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

“ကျေးဇူးပါ”

ဟုန်ယွဲ့ကလည်းရှစ်ဖုန့်အား

ကြည့်လိုက်ပြီး  နူးညံ့ညင်သာပျော့ပျောင်းစွာ

ပြောလိုက်သည်။

“မင်းတို့တွေ အရမ်းကြီးယဉ်ကျေးနေစရာမလိုပါဘူး..

မင်းတို့ကငါ့အသက်ကိုကယ်တင်ခဲ့တာ ..အဲ့တာထက်ပိုတာက မင်းတို့ကို အဆင့်ချိုးဖျက်နိုင်ဖို့ကူညီတယ်ဆိုတာ ငါ့အတွက် ကိစ္စသေးသေးလေးပဲရှိတယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။ မိန်းကလေးနှစ်ယောက်မှာ

သူချန်ရစ်ထားခဲ့သည့် သိုင်းတာအို ဓားစိတ်ဆန္ဒအား နားလည်သဘောပေါက်သွားနိုင်ခဲ့သည်။၎င်းမှာ သူမတို့ဘုရင်နယ်ပယ်အား

ချိုးဖျက်နိုင်ရန်အတွက် အချိန်တစ်ခုသာလိုအပ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်က မျက်လုံးတို့အားမှိတ်ထားပြီး

ဆက်လက်၍ ကျင့်ကြံနေဆဲဖြစ်သော လုံမုန့်အား ကြည့်လိုက်သည်။

သူ၏ ဝိညာဉ်ကို အသုံးပြု၍ နူးညံ့ညင်သာစွာခေါ်လိုက်သည်။

“ကောင်မလေး”

နူးညံ့သော အသံတစ်ခုက ရုတ်တရက်  လုံမုန့်၏ စိတ်ထဲတွင်ပေါ်လာသည်။

ရှစ်ဖုန့်၏အသံအားကြား

လိုက်ရသောအခါတွင် လုံမုန့် အနည်းငယ်မျက်မှောင်ကြုတ်

လိုက်သည်။ထို့နောက်၎င်းတို့က ဖြည်းဖြည်းချင်းပြေလျော့သွားပြီး  သူမ၏ မျက်လုံးတို့အား ဖြည်းညှင်းစွာဖွင့်

လိုက်သည်။  သူမမျက်လုံးအား ဖွင့်လိုက်သောအခိုက်အတန့်တွင် ရှစ်ဖုန့်၏ရင်းနှီးသော မျက်နှာအားတွေ့လိုက်ရသည်။

လုံမုန့်က ချက်ချင်းပဲ ပြုံးလိုက်ပြီး ချိုသာစွာခေါ်လိုက်သည်။

“ကိုကြီးရှစ်ဖုန့်”

သူမ၏အသံက အော်ရီရယ်ငှက်တစ်ကောင်ကဲ့သို့ ရှင်းလင်းပြီးသာယာကြည်နူးဖွယ်ဖြစ်သည်။

“ငါတို့သွားသင့်ပြီ”

ရှစ်ဖုန့်က လုံမုန့်အားပြောလိုက်သည်။ ထို့နောက်သူက

မိန်းကလေးသုံးယောက်လုံးကို တစ်ပြိုင်တည်းပြောလိုက်သည်။

“ဒီကမ္ဘာကနေ ထွက်သွားရမဲ့

လမ်းကြောင်းက ပေါ်လာခဲ့ပြီး အဲ့တာက ဖြည်းဖြည်းချင်းပိတ်နေပြီ.

ငါတို့တွေဒီနေရာကနေ ဖြစ်နိုင်သမျှ မကြာခင်ထွက်သွားဖို့လိုတယ်…

အဲ့လိုမှမဟုတ်ပဲ လမ်းကြောင်းက နောက်တစ်ကြိမ်ပိတ်သွားတာနဲ့  ဒီနေရာမှာ အခြားထွက်ပေါက်တစ်ခ

ရှိနိုင်မရှိနိုင်ကိုငါတို့တွေ မသိနိုင်ဘူး” ၏

“အင်း”

မိန်းကလေးသုံးယောက်က တစ်ချိန်တည်းတွင် ခေါင်းပြိုင်တူညိမ့်၍တုံ့ပြန်လိုက်ကြသည်။

ထို့နောက်ရှစ်ဖုန့်က  သူ၏ဘယ်လက်အား မိန်းကလေးသုံးယောက်ထံသို့ ဆန့်ထုတ်လိုက်သည်။ ရှစ်ဖုန့်၏ဘယ်လက်ဖဝါးပေါ်တွင်လက်ချောင်းတစ်ချောင်းစွာအရွယ်အစားရှိသော သွေးနီရောင်ပုံစံငယ်လေးတစ်ခုကို  မိန်းကလေးသုံးယောက်မြင်

တွေ့လိုက်ကြရသည်။  ထို့်နောက်တွင် သွေးနီရောင်ပုံစံငယ်လေးက ရုတ်တရက် လင်းလက်လာပြီး မိန်းကလေးသုံးယောက်ပေါ်သို့ အလင်းမျာဖြာကျသွားသည်။ သွေးနီရောင်မီးတောက်၏ ထွန်းလင်းမှုအောက်တွင်

အစောပိုင်းလေးက မှ မြေပြင်ပေါ်တွင်ထိုင်နေကြသော မိန်းကလေးသုံးယောက်မှာ ရုတ်တရက်ပျောက်ကွယ်သွားကြသည်။

“ဒါကဘယ်နေရာလဲ.”

အကန့်သတ်မဲ့သော အမှောင်ထုထဲတွင် မိန်းကလေးသုံးယောက်က လေထဲတွင်လွင့်မျောနေ၏။ စံပယ်လေးက အံ့အားသင့်စွာဖြင့်အော်ဟစ်လိုက်သည်။

ဤမှောင်မိုက်နေသောကမ္ဘာက သွေးနီရောင်ကျောက်ပြား၏

ကမ္ဘာဖြစ်သည်။ ထိုအချိန်က ရှစ်ဖုန့်သည်လည်းသွေးနတ်ဆိုး အကြွင်းအကျန်ဝိညာဉ်၏ ဆင့်ခေါ်ခြင်းကိုခံခဲ့ရပြီး  ဤနေရာ၌ ၎င်းနှင့်တွေ့ဆုံခဲ့သည်။ ဤအချိန်တွင် ရှစ်ဖုန့်သည်လည်း   မိန်းကလေးသုံးယောက်အား  အမှောင်ကမ္ဘာအတွင်းသို့ စုပ်ယူခဲ့သည်။ ထို့မှသာသူလည်း ဤနေရာမှထွက်ခွာသွား

နိုင်မည်ဖြစ်လေသည်။

ပြင်ပကမ္ဘာတွင် ရှစ်ဖုန့်ကအတွေးတစ်ချက်တွေး

လိုက်သောအခါ သွေးကျောက်ပြားက သူ၏ဘယ်လက်ထံမှ ပျံသန်းထွက်လာသည်။ သို့သော် ကျောက်ပြား၏အရွယ်အစားက  ရှစ်ဖုန့်လက်ဖဝါး၌ရှိနေခဲ့သော အရွယ်အစားပင်ဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်က အတွေးတစ်ချက်ဖြင့်လှုပ်ရှားလိုက်ပြီး  သွေးနီရောင်ကျောက်ပြား

နောက်တစ်ကြိမ်ထပ်မံ၍ သွေးနီရောင်အလင်းတို့ဖြာ

ထွက်တောက်ပလာသည်။  ၎င်းက ရှစ်ဖုန့်၏ကိုယ်အား

လွှမ်းခြုံသွားပြီး ရှစ်ဖုန့်အား  အကန့်သတ်မဲ့ ‌ အမှောင်ထုအတွင်းသို့ စုပ်ယူသွားခဲ့သည်။

မိန်းကလေးသုံးယောက်မှာ

ဤအမှောင်ကမ္ဘာက မည်သည့်နေရာဖြစ်သည်ကိုစူးဆန်းနေကြစဉ် ရုတ်တရက်ရှစ်ဖုန့်က သူမတို့ဘေး၌ ပေါ်လာသည်ကို သူမတို့မြင်တွေ့

လိုက်ရသည်။ ထို့နောက်ရှစ်ဖုန့်၏ အသံကထွက်ပေါ်လာသည်။

“ဒါက ငါ့လက်နက်ရဲ့ အတွင်းကမ္ဘာတစ်ခုပဲ..

မင်းတို့တွေဒီမှာနေပြီးတော့ အခုကစပြီးကျင့်ကြံနေလို့ရပြီ..

ဒီနေရာကနေထွက်သွားပြီးတဲ့အခါကြရင်

ငါမင်းတို့ကို ခေါ်လိုက်မယ်”

ရှစ်ဖုန့်စကားပြောပြီးသည့်နောက်တွင် အရောင်အသွေးမျိုးစုံရှိသော သိုလှောင်လက်စွပ်များက  သူ၏လက်ပေါ်ရှိသိုလှောင်

လက်စွပ်အတွင်းမှ  ရုတ်တရက် ပျံသန်းထွက်လာသည်။

၎င်းတို့အားလုံးက ပြွတ်သိပ်နေပြီး အမှောင်ထုဟင်းလင်းပြင်ထဲတွင် ဝဲပျံနေကြသည်။

ဤအမှောင်ကမ္ဘာမှာ

ရှစ်ဖုန့်သန့်စင်ခဲ့သာ သွေးကျောက်ပြား၏  ကမ္ဘာဖြစ်သည်။ထို့ကြောင့် ဤနေရာ၌ရှိနေသောအရာ

အားလုံးက ရှစ်ဖုန့်၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည်။

ရှစ်ဖုန့်မှာ ဤကမ္ဘာငယ်လေး၏ အုပ်ချုပ်သူ နတ်ဘုရားတစ်ပါးကဲ့သို့ပင်ဖြစ်သည်။

အတွေးတစ်ချက်ဖြင့်  ဝဲပျံနေသောသိုလှောင်

လက်စွပ်များအတွင်းမှ ကမ္ဘာဦးကျောက်တုံးများက ရေတံခွန်တစ်ခုကဲ့သို့ သွန်းလောင်းကျဆင်းလာသည်။  ကမ္ဘာဦးကျောက်တုံးများ တစ်ခုပြီးတစ်ခုပေါ်လာခဲ့သည်။

“ဘန်း..ဘန်း..ဘန်း..ဘန်း..ဘန်း..”

ရုတ်တရက်ကြီး လက်စွပ်များကပေါက်ကွဲကုန်သည်။

သန့်စင်ပြီး အလွန်များပြားလှသော မူလစွမ်းအင်များက လွင့်မျောထွက်လာပြီး ဤအမှောင်ကမ္ဘာအတွင်းစီးဆင်းသွားသည်။

“ဘန်း…ဘန်း..ဘန်း..ဘန်း…ဘန်း..”

သိုလှောင်လက်စွပ်အတွင်းရှိ ကမ္ဘာဦးကျောက်တုံးများက ဆက်လက်သွန်းလောင်းကျဆင်းနေပြီး ပေါက်ကွဲနေသည်။အသံများက မစဲနိုင်ဖြစ်နေသည်။ အစောပိုင်းက မူလစွမ်းအင်များကင်းမဲ့နေသော ဤအမှောင်ကမ္ဘာမှာ ယခုအခါ၌ မူလစွမ်းအင်များဖြင့် ပြည့်လျှံနေသည်။

သူ၏ယခင်ဘဝမှ မှတ်ဉာဏ်များနိုးထလာခဲ့သည့်

အချိန်မှစ၍ ရှစ်ဖုန့်ကိုယ်တိုင်ပင် သူ့ကိုယ်သူလူမည်မျှအား

သတ်ဖြတ်ခဲ့သည်ကို မေ့နေခဲ့ပြီဖြစ်သည်။ သူ့အနေဖြင့်ယခုချိန်ထိတိုင်အောင်တစ်ချိန်လုံးတွင်သတ်ဖြတ်နေခဲ့သည်ကိုသာသိပြီး  ရပ်နားသည်ဟူ၍ အချိန်အနည်းငယ်သာရှိခဲ့သည်။

အမှောင်ထုအတွင်း၌

လွင့်မျောဆိုင်းငံ့နေသော ဤသိုလှောင်လက်စွပ်များက

တိုက်ပွဲအတွင်း ရိတ်သိမ်းဆွတ်ခူးခဲ့သည့်အရာများဖြစ်ပြီး ထိုအချိန်မှစ၍ ယခုတိုင်အောင် လူများအားသတ်ဖြတ်ခဲ့သော သက်သေများပင်ဖြစ်လေသည်။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters