← Chapters

အပိုင်း (၂၈၅)

Vol. 19 Ch. 285

အပိုင်း (၂၈၅)

Vol. 19 Ch. 285

အဆင့်နိမ့်မှအဆင့်မြင့်အထိ အရွယ်အစားမျိုးစုံသော ကမ္ဘာဦးကျောက်တုံးများမှာ  ဆက်လက်၍သွန်းလောင်းကျဆင်းနေပြီး  ပေါက်ကွဲကာ အလွန်များပြားလှသော  သန့်စင်သည့် မူလချီများနှင့် ပြည့်လျှံသွားစေသည်။ ၎င်းမှာ မူလချီပင်လယ်ကြီးတစ်ခု

နီးပါးအဖြစ်သို့ဖွဲ့စည်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းရှစ်ဖုန့်က  ဤနေရာတစ်ခုလုံးအား

ကျင့်ကြံခြင်းအတွက် အလေးအမြတ်ထားရာနေရာ

တစ်ခုအဖြစ်သို့ပြောင်းလဲပစ်လိုက်သည်။

မူလချီများမှာ အလျှံအပယ်ပင်ဖြစ်သည်။  ကျင့်ကြံသူတစ်ယောက်သာ ဤနေရာ၌ ကျင့်ကြံမည်ဆိုလျှင်  ပြင်ပကမ္ဘာထက် ဆယ်ဆပို၍ အကျိုးသက်ရောက်မှုက ကောင်းမွန်လိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်က သိုလှောင်လက်စွပ်များအား သာမန်ကာလျှံကာစစ်ဆေးလိုက်သည်။ ဤအချိန်ထိတိုင်တောင် တိုက်ခိုက်မှုများအတွင်းမှသူ

ရရှိခဲ့သောအကျိုးအမြတ်များက အနည်းဆုံး ကမ္ဘာဦးကျောက်တုံး သန်းတစ်ရာခန့်ရှိလိမ့်မည်ဖြစ်သည်။

လုံမုန့် ဟုန်ယွဲ့နှင့် စံပယ်လေးတို့၏ မျက်နှာများမှာဖြည်းဖြည်းချင်း တုန်လှုပ်အံ့အားသင့်မှုမှ ပျော်ရွှင်မှုအဖြစ်သို့ပြောင်းလဲသွားသည်။ သူမတို့ရုတ်တရက် အသက်ကိုခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး   မှောင်ထုအတွင်း၌ လျှင်မြန်စွာပဲ တင်ပျဉ်ခွေထိုင်ချလိုက်သည်။ ဤများပြားလှသော သန့်စင်သည့်မူလချီများအား  ကျင့်ကြံခြင်းကိုပြုလုပ်ရန်အတွက် သူမတို့စတင်၍ စုပ်ယူလိုက်ကြသည်။  ဤသည်ကား ဘဝတွင်တစ်ကြိမ်တစ်ခါမျိုး

သာရရှိနိုင်သော ကျင့်ကြံမှု အခွင့်အရေးပင်ဖြစ်သည်။  သူမတို့အနေဖြင့်၎င်းအား လုံးဝဖြုန်းတီးခြင်းမပြုလုပ်ပစ်နိုင်ပေ။

ကမ္ဘာဦးကျောက်တုံးအားလုံး

ပေါက်ကွဲသွားပြီး  သန့်စင်သည့်မူလချီများအဖြစ်

သို့ပြောင်းလဲသွားပြီးသောအခါတွင်

ရှစ်ဖုန့်က ခေါင်းလှည့်လိုက်ပြီး  တင်ပျဉ်ခွေထိုင်ကာ

ကျင့်ကြံနေကြပြီဖြစ်သော မိန်းကလေးသုံးယောက်ကို

ကြည့်လိုက်သည်။ သူ့အနေဖြင့်သူမတို့အား နှောက်ယှက်ခြင်းမရှိပေ။

အတွေးတစ်ချက်ဖြင့် ရှစ်ဖုန့်၏ ကိုယ်က  သွေးနီရောင်အလင်းတစ်ခု

ဖျက်ခနဲလင်းလက်သွားသည်။ သူကအမှောင်ကမ္ဘာထဲမှ

ထွက်ခွာလာခဲ့ပြီး မူလဂူရှိရာသို့ ပြန်ရောက်လာသည်။

အတွေးတစ်ချက်ဖြင့် သူ့ဘယ်လက်အားမြှောက်လိုက်သည်။

လေထဲတွင်လွင့်မျောနေသော

သေးငယ်သည့် သွေးနီရောင်

ကျောက်ပြားက ရှစ်ဖုန့်လက်ဖဝါးထံသို့ပြန်

လည်၍ပျံသန်းလာခဲ့သည်။ ၎င်းက လက်ချောင်းတစ်ခုစာအရွယ်အစားရှိ‌သောသွေးနီရောင်အမှတ်အသား

တစ်ခုအဖြစ်သို့ပြန်လည်၍ ပြောင်းလဲသွားသည်။

ချက်ချင်းပဲ ရှစ်ဖုန့်အနေဖြင့်

ဤနေရာ၌ နေခြင်းမရှိတော့ပေ။  သူ၏ကိုယ်အား တစ်ချက်လှုပ်ရှား

လိုက်ပြီး  ဂူအပြင်ဘက်သို့ရွှတ်

ခနဲထွက်လိုက်သည်။ ထို့နောက်ကောင်းကင်ထဲသို့

ရွှတ်ခနဲတက်သွားပြီး ဟင်းလင်းပြင်ထဲသို့ရောက်ရှိသွားသည်။

သူကလေကိုထိုးခွင်းပြီး သွေးနီရောင်တောင်ထွတ်ရှိရာသို့ ပျံသန်းလိုက်သည်။

ရှစ်ဖုန့်သွေးနီရောင်ပင်လယ်

အတွင်းပျံသန်းနေပြီး  သွေးနီရောင်တောင်ထွတ်သို့

ရောက်ရှိကာနီးတွင်ကြည်လင်ပြီး

နှစ်လိုဖွယ်ကောင်းသော  အမျိုးသမီးတစ်ယောက်အသံက ရုတ်တရက်ထွက်ပေါ်လာသည်။

“ရှင်..စောင့်ပါအုံး”

ဤအသံအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်ကရပ်လိုက်ပြီး ညာဘက်သို့လှည့်၍ ကြည့်လိုက်သည်။  ညာဘက်ခြမ်းရှိသိပ်မဝေး

လှသောနေရာတွင်  ခရမ်းရောင်ပုံရိပ်တစ်ခုကို ရှစ်ဖုန့် မြင်တွေ့လိုက်ရသည်။ ၎င်းကလည်း လေကိုထိုးခွင်းပျံသန်းပြီး  သူ့ထံသို့ဦးတည်လာသည်။  မျက်စိတစ်မှိတ်အတွင်းသူ့

ရှေ့သို့ရောက်ရှိလာ၏ ။ထိုသူမှာ မင်းသမီးကျိယွင်ဖြစ်သည်။

ဤအချိန်၌ မင်းသမီးကျိယွင်

မှာသူမ၏ပုံမှန် အေးစက်မှုနှင့်

မာနကြီးသည့် အသွင်ကို ပြန်ရရှိနေပြီဖြစ်သည်။ သူမ၏ပုံစံက ရဲစွမ်းသတ္တိရှိပြီး ဖြုံလောက်စရာကောင်းသည့်ပုံပင်ဖြစ်သည်။ ဤအမျိုးသမီးအား တွေ့လိုက်

ရသောအခါတွင်  ရှစ်ဖုန့်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး

သူမအား မေးလိုက်သည်။

“ဘာကိစ္စရှိလို့လဲ”

မင်းသမီးကျိယွင်က ရှစ်ဖုန့်၏ မေးခွန်းအားမဖြေပေ။ထိုအစား သူမကရှစ်ဖုန့်ကိုမေးလိုက်သည်။

“ရှင်သွေးနီရောင်တွင်းပေါက်ဥမှင်

ကိုဖြတ်သန်းပီးတော့ ဒီနေရာကနေ ထွက်သွားဖို့အတွက် ပြင်ဆင်နေတာလား”

“အတိအကျပဲ”

ရှစ်ဖုန့် က ခေါင်းညိမ့်ပြီး ပြန်လည်ဖြေကြားလိုက်သည်။

“ရှင်အခုချိန် အပြင်ကိုထွက်သွားလို့မရနိုင်ဘူး..ခုဏက ပြင်ပကမ္ဘာကနေ ဒီနေရာကို ဝင်လာခဲ့တဲ့ ဖျောင်ရှဂိုဏ်းရဲ့ ကျင့်ကြံသူတစ်ယောက်ဆီကနေ ကျွန်မသိခဲ့ရတာရှိတယ်…

ရှင်လူတွေအများကြီးကိုသတ်ပစ်ခဲ့တယ်ဆိုတဲ့ အကြောင်းက အခု ပြင်ပကမ္ဘာမှာ

ပျံ့နှံ့နေပြီ ..ဖျောင်ရှဂိုဏ်း၊ ဟို့ယွင်ဂိုဏ်း၊ ထျန်းကျန့်မဟာမိတ်အဖွဲ့၊ လင်ရွှယ်ဂိုဏ်း၊ တုန်းဖန်းမိသားစု၊ ဟောင်မိသားစုနဲ့ ကျိမိသားစုတို့က အပြင်ဘက်မှာသတ်ဖြတ်ခြင်း

အစီအရင်တစ်ခုကိုပြင်ဆင်ထားကြတယ်တဲ့..သူတို့က ရှင်ထွက်လာတာကိုစောင့်နေကြတာ..”

“ရှင်သာအပြင်ကိုထွက်သွားရင် ရှင့်အတွက် သေကိန်းစိုက်ရောက်သွားလိမ့်မယ်”

မင်းသမီးကျိယွင်မှာစကားပြောရင်း သူမ၏ မျက်နှာထက်၌ စိုးရိမ်ပူပန်သော လက္ခဏာတစ်စွန်းတစ်ပေါ်လာသည်။ သူကလူအများကြီးအား စော်ကားခဲ့သူဖြစ်သည်။ အနာဂတ်၌ ရှစ်ဖုန့်အတွက် ထျန်းမြောင်အင်ပါယာ၌  နေထိုင်နိုင်ရန် နေရာရှိနေလိမ့်မည်မဟုတ်ပေ။

မင်းသမီးကျိယွင်၏ စကားအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်၏ နှုတ်ခမ်းက တွန့်ကွေးသွားပြီး အေးစက်သောအပြုံးတစ်ခုပေါ်လာသည်။ သူကပြောလိုက်သည်။

“ဒီလူတွေ တော်တော်လေး မြန်ကြတာပဲ…”

ထို့နောက်ရှစ်ဖုန့်က မင်းသမီးကျိယွင်အားမေးလိုက်သည်။

“အဲ့လူတွေက ကျင့်ကြံမှုနယ်ပယ် ဘယ်အဆင့်မှာရှိကြလဲ”

မင်းသမီးကျိယွင်ကပြောသည်။

“ကျွန်မသိရသလောက်တော့

ဖျောင်ရှဂိုဏ်းက ဒုခေါင်းဆောင်လင်ထျန်းရန်ဦး

ဆောင်လာတယ်..သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်က  ကြယ်ရှစ်ပွင့်ဘိုးဘေးနယ်ပယ် အဆင့်မှာရှိတယ်… ဟို့ယွင်ဂိုဏ်းနဲ့ ထျန်းကျန့်မဟာမိတ်အဖွဲ့ကလည်း သူတို့ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ မီးတိမ်တိုက်မိစ္ဆာနတ်ဘုရားနဲ့

ယွဲ့ချင်းထျန်း တို့ကိုယ်တိုင်ရောက်လာတယ်…

သူတို့ရဲကျင့်ကြံမှုနယ်ပယ်ကလဲ လင်ထျန်းရန်လို ကြယ်ရှစ်ပွင့်ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူတွေပဲ…လင်ရွှယ်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ဖြစ်သူ လင်ယိထျန်းနဲ့ ဒုခေါင်းဆောင်ယွဲ့

ဟန်ချင်တို့က ကြယ်ခုနှစ်ပွင့်ဘိုးဘေးနယ်ပယ်တွေ..

မိသားစုကြီးသုံးခုရဲ့ ကလန်ခေါင်းဆောင်တွေကလည်း ကြယ်ခုနှစ်ပွွင့် ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူတွေကြီးပဲ”

မင်းသမီးကျိယွင်မှာ ထိုအုပ်စုများ၏ နမည်များကိုပြောချိန်တွင် ထိုလူများ၏ နမည်များနှင့် ကျင့်ကြံမှုအဆင့်များက သူမကိုပင်  အလွန်အံ့အားသင့်စေသည်။  ဤလူအား ထျန်းမြောင်အင်ပါယာတွင်ရှိနေသော အစွမ်းထက်သည့် ကျင့်ကြံသူပေါင်းများစွာက သတ်ဖြတ်ချင်နေကြသည်။ အချိန်တိုလေးအတွင်း သူက အုပ်စုပေါင်းများစွာ၏ ကျင့်ကြံသူများအား စော်ကားခဲ့သည်ဖြစ်သည်။  ယင်းမှာ ထျန်းမြောင်အင်ပါယာတွင် ယခင်မှတစ်မှ ဖြစ်ပျက်ခဲ့ခြင်းမရှိခဲ့ဖူးသော  အရာတစ်ခုဖြစ်သည်။

ဤအထိန်းအကွတ်မဲ့သော လူကြောင့် ထျန်းမြောင်အင်ပါယာ၏ကောင်းကင်က  ပြိုလဲတော့မည်သကဲ့သို့ ဖြစ်တော့မည်ဖြစ်သည်။

“အဲ့လူတွေက သေချင်နေတယ်ဆိုတော့လည်း ငါကလာပေးရတာပေါ့  အကယ်၍

ဒီလူတွေက သေခြင်းတရားကို တောင့်တနေကြတယ်ဆိုရင်  ဒီသခင်လေးကလည်းသူတို့ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ စိတ်မရှိနေဘူး..”

ရှစ်ဖုန့်က အေးစက်စွာပြုံးနေဆဲဖြစ်သည်။ အကယ်၍ ယင်းကအတိတ်တုံးကဆိုလျှင် ဘိုးဘေးနယ်ပယ်

ကျင့်ကြံသူပေါင်းများစွာအား ရင်ဆိုင်ရန်အတွက် သူကြောက်ရွံ့မိလိမ့်မည်ဖြစ်သည်။ သို့သော်ယခုအချိန်၌ သူ့တွင် သွေးနီရောင်ကျောက်ပြားဟူသည့် ဝှက်ဖဲတစ်ချပ်ရှိနေသည်ဖြစ်၏။

ကျွမ်းကျင်သူပေါင်းများစွာဖြင့်ဆိုလျှင် အကယ်၍ သူသာ ၎င်းတို့အားသတ်ပြီး ၎င်းတို့၏ သေခြင်းစွမ်းအင်နှင့်သွေးတို့

အားဝါးမျိုနိုင်ခဲ့ပါက သူ့အနေဖြင့်သေချာပေါက် ကြယ်အချို့ အဆင့်တက်နိုင်လိမ့်မည်ဖြစ်သည်။ အကယ်၍ ဤသွေးနီရောင်ကျောက်ပြားအား  အသုံးပြုခဲ့ရလျှင်ပင် သူ့အတွက် အကျိုးယုတ်စေလိမ့်မည်မဟုတ်ပေ။ ၎င်းမှာထိုက်တန်သည်ဖြစ်သည်။

“ရှင်…ရှင်ဒီစိန်ခေါ်မှုကို လက်ခံမလို့လား”

ရှစ်ဖုန့်ပြောသည်အား ကြားရပြီး ရှစ်ဖုန့်၏မျက်နှာထက်ရှိ အေးစက်သောအပြုံးအား

မြင်တွေ့ရသောအခါတွင် မင်းသမီးကျိယွင်တစ်ယောက်

တုန်လှုပ်အံ့အားသင့်သွားခဲ့သည်။ သူမကသူအား များစွာပြောပြခဲ့သော်လည်း  ဤလူက လုံးဝအကြောက်အလန့်ရှိပုံမရပေ။ သူအနေဖြင့် ထွက်ပြေးတိမ်းရှောင် ခြင်း သို့မဟုတ် ပုန်းကွယ်ခြင်းကိုပင်

အလိုရှိပုံမရပေ။ ထိုအစား သူ့ကိုယ်သူယုံကြည်မှုများ

ဖြင့်ပြည့်နှက်နေသည်။

ထိုထက်ပိုသည်ကား သူက ထိုလူများအား သေချင်နေကြသည်ဟူ၍

ပင်ပြေလိုက်သေးသည်။

သူ့အတွင် ကျွမ်းကျင်သူပေါင်းများစွာအား တစ်ယောက်တည်းရင်ဆိုင်နိုင်

သည့်ခွန်အားမျိုးတကယ်ရှိနေနိုင်သည်လော။

မင်းသမီးကျိယွင်တစ်ယောက်စိတ်ထဲမှနေ၍ တီးတိုးရေရွတ်လိုက်သည်။ ဤလူအားသူမထပ်မံ၍ ဖောက်ထွင်းမြင်နိုင်ခြင်းမရှိ

တော့သည်ကိုသူမ

သဘောပေါက်လိုက်သည်။

“အင်း”

ရှစ်ဖုန့်က မင်းသမီးကျိယွင်

အားကြည့်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိစွာဖြင့် ဖြေလိုက်သည်။ ထွက်ပြေးခြင်းက သူ၏ စတိုင်မဟုတ်ပေ။ ထိုထက်ပိုသည်ကား  သူ့၌ အကြွင်းမဲ့စွမ်းအားရှိနေသည်။

ဤလူများကသူ့အားသတ်ချင်

နေကြသောကြောင့် သူကလည်းသူတို့၏ လမ်းကြောင်းအတိုင်း ပို့ဆောင်ပေးရမည်ဖြစ်သည်။

ထို့နောက်တွင် စိတ်ရှုပ်ထွေးနေသော မင်းသမီးကျိယွင်အားကြည့်လိုက်ပြီး သူကမေးလိုက်သည်။

“အိုး ဟုတ်သား…မင်းငါ့ကိုဘာ

လို့ဒါတွေလာပြောပြတာလဲ”

သူကသူမ၏ ချစ်သူအားသတ်ခဲ့သည်ဖြစ်သည်။ ထိုအချိန်ကသူမ၏နှလုံးကြေကွဲဖွယ်ငိုကြွေးအော်ဟစ်သံကိုသူကြားခဲ့ရသည်ဖြစ်သည်။  ဤအမျိုးသမီးအနေဖြင့်သူ့အားမုန်းတီး၍ သတ်ချင်စိတ်ဖြစ်နေသင့်သည်ဟ

ု တွေးမိသည်။ သိုသော် ရှစ်ဖုန့်သူမနှင့်မျက်နှာချင်း

ဆိုင်ချိန်တွင်သူမ၌ သူ့အပေါ်သို့  အမုန်းတရားခံစားချက်များရှိမ

နေသည်ကိုတွေ့ရသည်။ ယင်းကရှစ်ဖုန့်အား အနည်းငယ်ထူးဆန်းသည်ဟုခံစားရစေသည်။

ရှစ်ဖုန့်၏ မေးခွန်းအားရင်ဆိုင်ရချိန်တွင်  မင်းသမီးကျိယွင်တစ်ယောက်  ခေတ္တမျှ ပြောစရာစကားပျောက်ရှသွားသည်။  ထို့်နောက်တွင်သူမကရုတ်တရက်

ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ရှင့်ကိုယ်ရှင် ဂရုစိုက်ပါ”

သူမစကားဆုံးသွားပြီးသည့်နောက်တွင် မင်းသမီးကျိယွင်က ချက်ချင်းပဲလှည့်ထွက်လိုက်ပြီး

လေကိုထိုးခွင်း၍ လျှင်မြန်စွာထွက်ခွာသွားသည်။

တစ်ဟုန်ထိုးပျံသန်းထွက်ခွာသွားသော ခရမ်းရောင်ပုံရိပ်အားကြည့်ကာ ရှစ်ဖုန့်၏ထူးဆန်းသောခံစားချက်များက ပို၍တိုးမြင့်လာသည်။ ထို့နောက်သူ့လက်အားဆန့်ထုတ်၍ သူ့မျက်နှာအားထိကြည့်ကာ

တီးတိုးရေရွတ်လိုက်သည်။

“ငါမတော်တဆ ငါ့ရဲ့နတ်ဆိုးဆန်တဲ့ အရှိန်အဝါကို လှစ်ဟာပြမိပြီး

သူ့မနေနဲ့ ငါ့ကို ချစ်သွားအောင်လုပ်မိသွားတာ

များဖြစ်နိုင်မလား…သူမကိုတကယ့်ယောက်ျားကဘာဆိုတာများသိသွားစေတာလား”

ရှစ်ဖုန့်ကသူ့ဟာသူတီးတိုး

ရေရွတ်ပြီးခေါင်းခါယမ်းလိုက်သည်။ သူ့အနေဖြင့်ထိုအရာအား ဆက်လက်ပြီးမစဉ်းစားလိုချေ။ သူ့ကိုယ်အားထပ်မံ၍ လှုပ်ရှားလိုက်ပြီး  ဟင်းလင်းပြင်ထဲ၌ ရပ်နေသောသူ၏ကိုယ်က ထပ်မံ၍ တစ်ဟုန်ထိုးပျံသန်းလိုက်သည်။

သူက သွေးနီရောင်တောင်ထိပ်ပေါ်

သို့ဦးတည်ပျံသန်းလိုက်ပြီး  သွေးနီရောင်တောင်ထိပ်အထက်ရှိ သွေိးနီရောင်တွင်းပေါက်ဆီ

သို့ဦးတည်လိုက်သည်။

သွေးနီရောင်တောင်ထွတ်အထက်တွင် ကျင့်ကြံသူများက ပြင်ပကမ္ဘာသို့ထွက်ခွာရန်အတွက်  ဟင်းလင်းပြင်ထဲရှိသွေးနီရောင်

တွင်းပေါက်ဆီသို့ ဦးတည်ပျံသန်းနေကြသည်။ ရှေ့တွင်ရှိနေသော ပြင်ပကမ္ဘာဆီသို့ဝင်ရောက်သွား

ကြသောကျင့်ကြံသူအချို့လည်းရှိသည်။  ခုဏလေးတွင်ဝင်ရောက်လာ

သောကျင့်ကြံသူတစ်ယောက်က  အနက်ရောင်ပုံရိပ်တစ်ခုက

လေကိုထိုးခွင်း၍ ပျံသန်းလာနေသည်ကို မြင်တွေ့လိုက်ရသောအခါတွင်

အလျှင်အမြန်ပဲ သူအံ့အားသင့်သွားခဲ့သည်။

“အနက်ရောင်သေခြင်းနတ်ဘုရား…

အနက်ရောင်သေခြင်းနတ်ဘုရားဆိုတဲ့ နမည်ပြောင်နဲ့လူငယ်ပေါ်လာပြီ..

ငါခေါင်းဆောင်တွေကို မြန်မြန်ပဲ သတင်းပို့ဖို့လိုတယ်”

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters