← Chapters

ကျွန်းဆီသို့ရောက်ရှိရန်နည်းလမ်း

Vol. 6 Ch. 78

ကျွန်းဆီသို့ရောက်ရှိရန်နည်းလမ်း

Vol. 6 Ch. 78

ချီဟောင်ရဲ့စကားကိုကြားလိုက်ရသည့်နောက်မှာ ဇူယွမ်ရဲ့အမူအယာကပြောင်းလဲသွားခြင်းမရှိခဲ့ပေမဲ့လည်း သူ့ရဲ့မျက်လုံးထဲမှ လူသတ်လိုတဲ့အငွေ့အသက်တွေ ရုတ်ချည်းထွက်ပေါ်လာခဲ့ရသည်။ ကျောက်စိမ်းသစ်သီးက သူ့အမေရဲ့သက်တမ်းကို ဆွဲ့ဆန့်နိုင်ဖို့အတွက် အရေးကြီးသည့်ရတနာတစ်ခုဖြစ်သည်။ သူက ဘယ်လိုနည်းလမ်းကိုပဲသုံးရသုံးရ ဒီပစ္စည်းကိုအခြားလူတစ်ယောက်က အဝေးသို့ယူဆောင်သွားမည်ကို သူ့အနေဖြင့်ခွင့်ပြုပေးလိမ့်မည်မဟုတ်ပေ။

ထိုအခိုက်အတန့်မှာပင် ဝေကန်းလန်က မှတ်ချက်ချလိုက်သည်... "မင်းသားလေး... ဒီရေကန်နဲ့ပတ်သက်လို့ တချို့အရာတွေက နည်းနည်းတော့ထူးဆန်းနေတယ်..."

ဇူယွမ်က ချီဟောင်ကိုကြည့်နေသည့် သူ့ရဲ့အကြည့်တွေကို ပြန်၍ရုပ်သိမ်းလိုက်၏။ သူသည်လည်း အလားတူပင် တစ်ခုခုလွဲမှားနေသည်ကို အာရုံခံနိုင်မိခဲ့သည်။ ထို့ကြောင့်ပင် များစွာသောလူတွေက သူတို့ထက်အရင် ဒီနေရာကိုရောက်ရှိနေခဲ့ပေမဲ့ ရေကန်ထဲကိုဝင်ရောက်ပြီး ကျောက်စိမ်းသစ်သီးကို ရယူဖို့မကြိုးစားရဲခဲ့ဘဲ ရေကန်၏ဘေးတွင်သာ စောင့်ဆိုင်းနေခဲ့ကြသည်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့အားလုံးတစ်ခုခုကို စိုးရိမ်ထိတ်လန့်နေသည်မှာ ထင်ရှားလှပေသည်။

ယောင်ယောင်က ရေကန်အထက်ရှိလေထုကို တစ်ချက်ကြည့်လိုက်ပြီးပြောသည်... "ရေကန်ရဲ့အထက်က ပျက်စီးနေတဲ့မူလမှော်စာလုံးနယ်နိမိတ်တစ်ခုပဲ..."

ဝေကန်းလန်က သဘောတူစွာပင်ခေါင်းညိတ်ပြခဲ့လိုက်သည်။ ပျက်စီးနေသည့်မူလမှော်စာလုံးနယ်နိမိတ်က သူ့လိုမျိုးလူကိုတောင်မှပင် ခြိမ်းခြောက်နိုင်စွမ်းရှိသည်လို့ ခံစားမိရသည့်အတွက် သူ့အနေဖြင့် မဆင်မခြင်ဝင်ရောက်သွားရဲခြင်းမရှိခဲ့ပေ။ ဒီနေရာကသေချာပေါက်ပင် တိုက်ပွဲဂိုလမ်ဂိုဏ်း၏ အနည်းငယ်အရေးပါသည့်နေရာတစ်ခု ဖြစ်ခဲ့ရပေမည်။

"ငါတို့တွေ ရေပေါ်ကိုဖြတ်ပြီး လမ်းလျှောက်သွားလို့ရနိုင်မလား..." ဇူယွမ်ကမေးလိုက်သည်။

ယောင်ယောင်က သူမရဲ့ခေါင်းကိုခါယမ်းပြလိုက်ပြီး... "ရေတွေက နည်းနည်းတော့ထူးဆန်းနေတယ်... ဒါကိုကြည့်ရတာ လူတစ်ယောက်ရဲ့မူလချီတွေက ပိုပြီးတော့သန်မာလေ အဲ့ဒီလူက အလွယ်တကူနစ်မြှုပ်သွားနိုင်လေပဲ..."

ဝေကန်းလန်တစ်ယောက် အနည်းငယ်အံ့အားသင့်သွားခဲ့ရသည်။ သူကလျင်မြန်စွာပင် သူ့ရဲ့လူတစ်ယောက်ကို စစ်ဆေးကြည့်ဖို့ ညွှန်ကြားလိုက်သည်။ သေချာပေါက်ပင် လူတစ်ယောက်ရဲ့မူလချီက ပိုပြီးသန်မာသည်နှင့်အမျှ ထိုလူကရေကန်ရဲ့အထာက်အပံ့ကိုရရှိနိုင်လိမ့်မည်မဟုတ်ဘဲ အလွယ်တကူနစ်မြှုပ်သွားနိုင်သည်ကို သူတို့တွေသိရှိလိုက်ရသည်။

"ချီစုဆောင်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်တောင်မှပဲ ရေပေါ်ကိုဖြတ်လျှောက်သွားဖို့က ခက်ခဲမှုရှိလိမ့်မယ်..." ဝေကန်းလန်က သက်ပြင်းချကာပြောလိုက်သည်။ သူ့လိုမျိုး မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်သာဆိုလျှင် ရေကန်အောက်ခြေထိရောက်အောင် တစ်ခါတည်းနစ်မြှုပ်သွားရပေလိမ့်မည်။

သူ့အနေဖြင့် ရေကန်အောက်ခြေမှ အန္တရာယ်အငွေ့အသက်ကို ခံစားနိုင်ပေသည်။ ဒါက ပျက်စီးနေသည့် မူလမှော်စာလုံးနယ်နိမိတ်က ရေကန်အတွင်းသို့ကျရောက်နေခဲ့ရခြင်းဖြစ်ကာ ဒီအရာကလွန်စွာမှပင် အန္တရာယ်များလှပေသည်။

ယောင်ယောင်ရဲ့နှုတ်ခမ်းက ဖြည်းညှင်းစွာဖွင့်ဟသွားခဲ့ရပြီး ပြောလိုက်၏... "ကြည့်ရတာ ဒီနေရာကမူလချီအသုံးပြုသူတွေ ဝင်ရောက်လို့ရတဲ့နေရာတစ်ခုမဟုတ်ဘူး... ဒါကကြိုတင်ကာကွယ်မှုပြုလုပ်ထားတဲ့နည်းလမ်းတစ်ခုနဲ့တူတယ်... ဒီလိုကြိုတင်ကာကွယ်ထားမှုမျိုးနဲ့ဆိုရင် သူတို့တွေက ကျောက်စိမ်းသစ်သီးကိုကာကွယ်ဖို့ လူအနည်းငယ်သာလိုအပ်လိမ့်မယ်..."

စုယုဝေက စူးစမ်းလိုစိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်... "မူလချီမရှိဘဲနဲ့ လူတစ်ယောက်က ရေကိုဘယ်လိုဖြတ်သွားနိုင်မှာလဲ..."

ဇူယွမ်ရဲ့မျက်လုံးတွေက အချိန်တစ်ခုကြာအောင် အတွေးထဲမှာနစ်မြောနေဟန်ရှိခဲ့ရပြီးနောက်မှာ သူကယောင်ယောင့်ဘက်ကိုလှည့်ကြည့်လိုက်ပြီး ဖြည်းညှင်းစွာပြောလိုက်၏... "စိတ်ဝိညာဉ်..."

စိတ်ဝိညာဉ်စွမ်းအားက မူလချီနဲ့ လုံးဝကိုကွဲပြားခြားနားမှုရှိပေသည်။ ထို့အပြင် ဇူယွမ်ကအစောပိုင်းမှာ မြူတွေကြားထဲ၌ စိတ်ဝိညာဉ်က ကောင်းစွာအလုပ်လုပ်နိုင်သည်ကို သူ့အနေဖြင့်ရှာတွေ့ခဲ့ရသည့်အတွက် ရေကန်ကိုရောက်ရှိခဲ့ပြီးနောက်မှာ နောက်တစ်ကြိမ်စမ်းကြည့်ရပေမည်။

"ငါကြိုးစားကြည့်မယ်..." ဇူယွမ်က ရှေ့ကိုလျှောက်လှမ်းသွားလိုက်ပြီး ခြေထောက်တစ်ဖက်ကို ရေပြင်ပေါ်သို့လှမ်းတက်လိုက်သလို သူ့ရဲ့မျက်ခုံးနှစ်ခုကြားမှ စိတ်ဝိညာဉ်ကလှုပ်ရှားလာခဲ့ရပြီး စိတ်ဝိညာဉ်စွမ်းအားထွက်ပေါ်လာခဲ့ရကာ သူ့ရဲ့ခြေထောက်တွေကို ဖုံးလွှမ်းစေခဲ့လိုက်သည်။ မူလကရေထဲကို ဖြည်းညှင်းစွာနစ်မြှုပ်သွားခဲ့ရသည့်ခန္ဓာကိုယ်က ချက်ချင်းပင်တည်ငြိမ်သွားခဲ့ရသည်။

"ထင်ထားတဲ့အတိုင်းပဲ... စိတ်ဝိညာဉ်စွမ်းအားကို ဒီနေရာမှာအသုံးပြုနိုင်တာပဲ..." ဇူယွမ်ရဲ့မျက်လုံးထဲမှာ အားရဝမ်းသာဖြစ်သွားတဲ့အရိပ်အယောင်တွေ ဖြတ်ပြေးသွားခဲ့သည်။

"ဒါဆို မင်းကစိတ်ဝိညာဉ်အပေါ်မှာ အမှီပြုထားခဲ့တာပေါ့..."

အနားမှာစောင့်ကြည့်နေသည့် ချီဟောင်ရဲ့မျက်ခုံးတွေက မြင့်တက်သွားခဲ့ရသည်။ ထို့နောက်မှာ သူ့ရဲ့လက်ကိုဝှေ့ယမ်းပြလိုက်သည့်အခါ သူ့နောက်မှလူတစ်ယောက်က ချက်ချင်းဆိုသလိုပင် ရှေ့ကိုလျှောက်လှမ်းထွက်ခွာလာခဲ့သည်။

ထိုလူ၏အသားအရေက အလွန်အမင်းဖြူဖျော့နေကာ သူ့ရဲ့နှုတ်ခမ်းတွေက ဓားသွားတစ်ခုအလား ပါးလျနေသည်။ သူ့ရဲ့ပတ်လည်ရှိမူလချီလှုပ်ရှားမှုက အားနည်းပေမဲ့ သူ့ရဲ့မျက်ခုံးနှစ်ခုကြားထဲမှာတော့ အလင်းရောင်တွေ အလွန်အမင်းတောက်ပနေလျက်ရှိပေသည်။

သူက စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ပင်ဖြစ်သည်။

"ဇောင်ချင်းဖန်... မင်းရဲ့ဆရာ ဆရာယင်က ဒီလူရှုပ်ရဲ့လုပ်ကြံခြင်းကိုခံခဲ့ရပြီးတော့ ဗိုလ်ချုပ်ကြီးဝေရဲ့အင်အားစုလက်ထဲကို ရောက်ရှိသွားခဲ့ရတယ်... ဒါကမင်းအတွက် လက်စားချေဖို့ အကောင်းဆုံးအခွင့်အရေးပဲ..." ချီဟောင်က ထိုလူကိုပြုံးပြကာ ပြောလိုက်သည်။

ချီဟောင်ရဲ့စကားကိုကြားလိုက်ရသည့်အခါ ဖြူဖျော့နေသည့်လူရဲ့မျက်လုံးထဲမှာ အေးစက်မှုတွေထွက်ပေါ်လာခဲ့ရသည်။ အဲ့ဒီနောက်မှာ သူကဇူယွမ့်ကိုကြည့်လိုက်ပြီး ပြောသည်... "ဒီလိုကလေးတစ်ယောက်က ဘယ်လိုလုပ်ငါ့ဆရာရဲ့ ပြိုင်ဘက်ဖြစ်နိုင်မှာလဲ..."

"သူကဇူအင်ပါယာရဲ့မင်းသားဖြစ်တဲ့အတွက် သူ့မှာနည်းလမ်းတွေအများကြီးရှိတယ်..." ချီဟောင်ကခပ်ဖွဖွပြုံးလိုက်ပြီး ဆက်ပြောသည်... "မင်းကသာ ကျောက်စိမ်းသစ်သီးကိုအရယူနိုင်ခဲ့မယ်ဆိုရင် ငါကမင်းဆရာရဲ့လုံခြုံရေးကို အာမခံပေးနိုင်ရုံတင်မကဘဲနဲ့ မင်းကနောက်ပိုင်းမှာ ချီအိမ်တော်ရဲ့အထူးဧည့်သည်တော်တစ်ယောက်ဖြစ်လာမှာဖြစ်သလို ငါတို့တွေကလည်း မင်းလိုအပ်တဲ့ကျင့်ကြံခြင်းအရင်းအမြစ်တွေအားလုံးကို ထောက်ပံ့ပေးမယ်..."

ဇောင်ချင်းဖန်လို့ခေါ်တဲ့လူရဲ့မျက်လုံးထဲမှာ ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် သူ့ရဲ့ခေါင်းကိုညိတ်ပြလိုက်ပြီး အေးစက်တဲ့အပြုံးတစ်ခုနဲ့အတူပြောလိုက်သည်... "မစိုးရိမ်ပါနဲ့... တကယ်လို့ငါတို့ကသာ စိတ်ဝိညာဉ်ချင်းယှဉ်ပြိုင်ရမယ်ဆိုရင် သူ့ကိုရင်ဆိုင်ဖို့က ငါ့အတွက်မခက်ခဲပါဘူး..."

သူ့ရဲ့လေသံက ယုံကြည်မှုတွေနဲ့ပြည့်နှက်နေပေသည်။ သူက ဆရာယင်ရဲ့လက်အောက်မှာ သုံးနှစ်ကြာလေ့ကျင့်ခဲ့ပြီးနောက်မှာ သူ့ရဲ့စိတ်ဝိညာဉ်က ဖွဲ့စည်းခြင်းအလယ်အဆင့်သို့ရောက်ရှိနေခဲ့ရပြီဖြစ်ကာ သူ့ရဲ့ဆရာတောင်မှပင် သူ့ရဲ့ပါရမီကို အမြဲတမ်းချီးကျူးနေခဲ့ရသည်။ ထို့ကြောင့်ပင် ဒီလိုငယ်ရွယ်သေးတဲ့ဇူယွမ်က သူ့ကိုစိတ်ဝိညာဉ်ချင်းယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ သူ့အနေဖြင့်မယုံကြည်ပေ။

ဒီစကားတွေကိုပြောပြီးနောက်မှာ ဇောင်ချင်းဖန်က ရှေ့ကိုပျံသန်းထွက်ခွာသွားကာ ရေကန်ပေါ်ကို ဆင်းသက်ခဲ့လိုက်သည်။

စိတ်ဝိညာဉ်စွမ်းအားတွေလှုပ်ရှားထွက်ပေါ်လာခဲ့ရသကဲ့သို့ ရေပြင်နဲ့ထိတွေ့နေတဲ့ သူ့ရဲ့ခြေဖဝါးတွေက ရေထဲကိုနစ်မြှုပ်သွားခဲ့ခြင်းမရှိပေ။

အထင်သေးတဲ့အပြုံးတစ်ခုက သူ့ရဲ့နှုတ်ခမ်းထက်မှာ တွဲခိုလာခဲ့ရပြီး သူကဇူယွမ်ရှိရာဆီကြည့်လိုက်သည်။

သူတို့နှစ်ယောက်က ရေပေါ်မှာရပ်နေစဉ်မှာပင် အခြားအင်အားစုတွေကလည်း တူညီစွာပင်နားလည်သဘောပေါက်လာခဲ့ကြသည်။ ထို့ကြောင့်ပင် ပြင်ဆင်မှုအချို့ပြုလုပ်ခဲ့ကြပြီးနောက်မှာ နောက်ထပ်လူဆယ်ယောက်ကျော်က ရေကန်ရဲ့မျက်နှာပြင်ထက်မှာ ထပ်မံ၍ထွက်ပေါ်လာခဲ့ရသလို သိသာစွာပင် သူတို့အားလုံးက စိတ်ဝိညာဉ်ကျင့်ကြံသူတွေချည်းသာဖြစ်ကြသည်။

ဝေကန်းလန်က ဇောင်ချင်းဖန်ရှိနေသည့်နေရာကိုတစ်ချက်ကြည့်လိုက်ပြီး မှတ်ချက်ချလိုက်သည်... "အဲ့ဒီလူရဲ့စိတ်ဝိညာဉ်က အားမနည်းဘူး..."

"ဒီနေရာမှာ စိတ်ဝိညာဉ်တစ်ခုတည်းကိုပဲ အသုံးပြုနိုင်မယ်ဆိုရင် ကျွန်မကသူ့ကိုကူညီပေးနိုင်တယ်..." ယောင်ယောင်ရဲ့တောက်ပတဲ့မျက်လုံးလေးတွေက လှုပ်ရှားသွားခဲ့ရသည်။ သူမရဲ့စိတ်ဝိညာဉ်အဆင့်နဲ့ဆိုရင် ဒီနေရာမှာရှိနေတဲ့ဘယ်သူကမှ သူမနဲ့ယှဉ်ပြိုင်နိုင်လိမ့်မည်မဟုတ်ပေ။

ဇူယွမ်က ဒါကိုကြားလိုက်ရပြီးနောက်မှာ အချိန်ခဏကြာအောင်တွေဝေသွားခဲ့ရပေမဲ့လည်း သူ့ရဲ့ခေါင်းကိုသာ ခါယမ်းပြခဲ့လိုက်သည်... "အခြေအနေက အရမ်းကိုရှုပ်ထွေးပြီးတော့ ဘယ်လိုအန္တရာယ်တွေရှိနေမလဲဆိုတာကို ဘယ်သူမှမသိနိုင်ဘူး... ဒါ့ကြောင့် နင်မသွားတာအကောင်းဆုံးပဲ..."

ယောင်ယောင်ရဲ့စိတ်ဝိညာဉ်က စွမ်းအားပြည့်ဝလှပေမဲ့လည်း သူမကမူလချီအသုံးပြုနိုင်ခြင်းမရှိသည့်အတွက် သူမရဲ့ခန္ဓာကိုယ်က အလွန်ပင်ထိခိုက်လွယ်ပေသည်။ အကယ်၍မမျှော်မှန်းထားသည့်အရာတွေသာ ဖြစ်သွားခဲ့မယ်ဆိုရင် ယောင်ယောင့်အနေနဲ့ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိသွားနိုင်ပေသည်။

ထို့အပြင် ယောင်ယောင်ရဲ့စိတ်ဝိညာဉ်ကသာ စွမ်းအားပြည့်ဝလှပေမဲ့ သူမရဲ့ခန္ဓာကိုယ်က လွန်စွာမှပင်အားနည်းလှသည်။

ဆရာကန်းယွမ်က ယောင်ယောင်ရဲ့လုံခြုံမှုအတွက် သူ့အပေါ်မှာယုံကြည်စွာအပ်နှံထားခဲ့သည်။ ထို့ကြောင့်ပင် သူ့အနေနဲ့ယောင်ယောင့်ကို ဒီလိုမျိုးအန္တရာယ်များလှတဲ့နေရာကို စေလွှတ်ရဲခြင်းမရှိပေ။

"အရင်ဆုံးစောင့်ကြည့်နေလိုက်ပါဦး... တကယ်လို့ငါသာတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ဗိုလ်ချုပ်ကြီးနဲ့နင်တို့က အနည်းဆုံးတော့ငါ့ကိုကယ်လို့ရတာပေါ့..." ဇူယွမ်ကပြောလိုက်သည်။

ယောင်ယောင်က ဇူယွမ်ရဲ့စကားကိုကြားလိုက်ရပြီးနောက်မှာ ငြင်းဆန်ခြင်းမရှိခဲ့ဘဲ သူမရဲ့နှင်းလိုဖြူဖွေးပြီးချွန်မြတဲ့မေးလေးကိုသာ အနည်းငယ်ဆတ်ပြလိုက်သည်။

ရေကန်ရဲ့အထက်မှာ ဇူယွမ်ကတည်ငြိမ်စွာဖြင့်ပင် ဇောင်ချင်းဖန်ကိုကြည့်လိုက်သည်။ ဇောင်ချင်းဖန်ရဲ့မျက်လုံးထဲက ရန်လိုမှုတွေကသိသာလှပေမဲ့ ဒီအရာကဇူယွမ့်ကို ဘာမှမပြုလုပ်နိုင်ခဲ့ပေ။ ဒီနေ့ကျောက်စိမ်းသစ်သီးကိုရရှိဖို့အတွက် သူ့ကိုဘယ်သူကမှ ရပ်တန့်လို့ရလိမ့်မည်မဟုတ်ပေ။

သူ့ရဲ့ခြေထောက်အောက်ရှိ ရေကန်ထဲမှရေတွေကလှုပ်ခတ်နေသကဲ့သို့ သူကအသက်ကိုပြင်းစွာရှူလိုက်ပြီး ရေကန်အလယ်ရှိ ကျွန်းငယ်လေးထံကြည့်လိုက်မိသည်။ ထို့နောက်မှာ သူကရှေ့ကိုခြေတစ်လှမ်း လှမ်းလိုက်ပြီး ရေကန်အလယ်သို့ရောက်အောင် သူ့ရဲ့ခြေလှမ်းတွေကို တစ်လှမ်းချင်းစတင်လိုက်သည်။

အခြားလူတွေကလည်း သတိကြီးစွာထားလျက် ရှေ့ကိုစတင်၍လျှောက်လှမ်းခဲ့ကြသည်။

ရေကန်ရဲ့ပတ်ပတ်လည်မှာရှိတဲ့လူအားလုံးက ရေပြင်ပေါ်မှာလမ်းလျှောက်နေသည့်လူတွေကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေကြပြီး အားလုံးကလုံးဝကို တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိကြသည်။

မိနစ်များစွာကြာပြီးနောက်မှာ ဇူယွမ်နဲ့ကျန်တဲ့လူတွေအားလုံး ကျွန်းငယ်လေးနဲ့ပေတစ်ရာအကွာကို တဖြည်းဖြည်းရောက်ရှိလာခဲ့ကြသည်။ ထိုအချိန်ထိတိုင်အောင် ရေကန်ကတည်ငြိမ်လျက်ပင်ရှိနေသေးကာ သူတို့အားလုံးမည်သည့်အနှောင့်အယှက်မှ မတွေ့ခဲ့ရသေးပေ။

ရေကန်ဘေးရှိလူအုပ်ကြီးက ဒီအခြင်းအရာကိုမြင်လိုက်ရသည့်အခါ သူတို့အားလုံးစိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်လိုက်မိကြသည်... "ဒါက ဒီလောက်တောင်ရိုးရှင်းတယ်လား..."

ဒီလိုဝေခွဲမရဖြစ်နေတဲ့အကြည့်တွေအောက်မှာ ဇူယွမ်နဲ့ကျန်တဲ့လူတွေအားလုံးက ကျွန်းငယ်လေးရဲ့ပေတစ်ရာအတွင်းကို ခြေလှမ်းခဲ့လိုက်သည်။

ဝှစ်...

ထိုအခိုက်အတန့်မှာပင် ကျွန်းငယ်လေးထံမှ အသံတစ်ခုထွက်ပေါ်လာခဲ့ရပြီး ကျွန်းရဲ့အလယ်တွင်ရှိသည့် ကျောက်စိမ်းသစ်ပင်ထံမှ တောက်ပတဲ့ကျောက်စိမ်းရောင်အလင်းတစ်ခု ပစ်လွှတ်လိုက်သည်ကို လူတိုင်းမြင်တွေ့လိုက်ရသည်။

ဖောက်...

ကျောက်စိမ်းရောင်အလင်းက ယိမ်းထိုးလှုပ်ရှားသွားခဲ့ရသကဲ့သို့ ၎င်းရဲ့အထဲမှနေ မြင်နိုင်ရုံမျှသာရှိတဲ့အလင်းစက်ပေါင်းများစွာပစ်လွင့်လာခဲ့ရသည်။ မုန်တိုင်းတစ်ခုကဲ့သို့ပင် ထိုအလင်းစက်တွေက ကျွန်းရဲ့ပတ်လည်ပေတစ်ရာနယ်နိမိတ်ထဲဝင်ရောက်လာသည့်လူတိုင်းကို စတင်ပြီးဝါးမျိုသွားခဲ့သည်။

"ဒါက စိတ်ဝိညာဉ်တိုက်ခိုက်မှုပဲ..."

ဇူယွမ်က မြင်နိုင်ရုံမျှသာရှိသည့် အလင်းစက်လေးတွေကိုသာ အာရုံစိုက်ထားလိုက်သည်။ ထိုအလင်းစက်တွေထဲမှာ စိတ်ဝိညာဉ်စွမ်းအားတွေ ပါဝင်နေပေသည်။

သူကအချိန်အတော်ကြာအောင် နှောင့်နှေးကြန့်ကြာရဲခြင်းမရှိခဲ့ဘဲ သူ့ရဲ့မျက်ခုံးနှစ်ခုကြားရှိစိတ်ဝိညာဉ်က စတင်လှုပ်ရှားလာခဲ့သည်။ တစ်ယောက်ယောက်ကသာကြည့်လိုက်မယ်ဆိုရင် မှုန်ဝါးဝါးအရိပ်တစ်ခုက ခြေချိတ်၍ထိုင်နေလျက်ရှိသည်ကို မြင်တွေ့ရပေလိမ့်မည်။ မမြင်နိုင်တဲ့လှိုင်းတစ်ခုက အပြင်ဘက်ကိုဖြန့်ကျက်ထွက်ပေါ်လာခဲ့သလို ဇူယွမ့်ရဲ့လက်တစ်ဖက်က သူ့ခါးမှာထိုးထားသည့် ကောင်းကင်ယွမ်စုတ်တံကို ဆွဲထုတ်ခဲ့လိုက်သည်။

စုတ်တံရဲ့ထိပ်ဖျားက လေထုကိုဖြတ်၍ လျင်မြန်စွာလှုပ်ရှားသွားခဲ့ရပြီး စုတ်ချက်တွေထွက်ပေါ်လာခဲ့ရသည်။

"အဆင့် ၁မူလမှော်စာလုံး... စိတ်ဝိညာဉ်အကာအကွယ်..."

မူလမှော်စာလုံးကပြီးပြည့်စုံသွားခဲ့ပြီးနောက်မှာ ချက်ချင်းပင် ဖောက်ထွင်းမြင်နိုင်သည့် အလင်းအရံအတားတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်။ အကာအကွယ်က အဓိကအားဖြင့်စိတ်ဝိညာဉ်စွမ်းအားတွေနဲ့သာ ဖွဲ့စည်းထားသည့်အတွက် အလင်းအကာအကွယ်ထံမှထွက်ပေါ်နေသည့် မူလချီလှိုင်းလုံးတွေက လွန်စွာမှပင်အားနည်းလှပေသည်။

ဖောက်... ဖောက်...

ကျောက်စိမ်းရောင်အလင်းတွေက ကောင်းကင်ထက်မှ မိုးသီးမိုးပေါက်အလားကျဆင်းလာခဲ့ပြီး အလင်းအကာအကွယ်အပေါ်ကျရောက်လာသည့်အခါ ၎င်းကိုပြင်းထန်စွာလှုပ်ခတ်သွားစေခဲ့သည်။

အား...

ကြောက်လန့်ဖွယ်ကောင်းသည့်အော်သံတွေ စတင်၍ထွက်ပေါ်လာခဲ့ရသည်။ များစွာသောကျင့်ကြံသူတွေက ကျဆင်းလာတဲ့အလင်းစက်တွေကို ကာကွယ်နိုင်ခြင်းမရှိခဲ့ဘဲ ချက်ချင်းဆိုသလိုပင် သူတို့ရဲ့ခန္ဓာကိုယ်မှာ ကျောက်စိမ်းရောင်အလင်းစက်တွေကြောင့် အပေါက်တွေနဲ့ပြည့်နှက်သွားခဲ့ရကာ ရေထဲကိုနစ်မြုပ်သွားခဲ့ရသည်။

အဆိုပါကျင့်ကြံသူတွေက ရေအိုင်ထဲကိုကျသွားခဲ့ရသကဲ့သို့ ရေအိုင်အတွင်းမှ ကြီးမားသည့်လှုပ်ရှားမှုတစ်ခုပေါက်ကွဲထွက်ပေါ်လာခဲ့ရသည်။ အဲ့ဒီနောက်မှာ သွေးရေတွေက လျင်မြန်စွာပင်မြင့်တက်လာခဲ့ပြီး ရေကန်မျက်နှာပြင်အနှံ့ ပျံ့နှံ့သွားခဲ့ရသည်။

ရေအိုင်ထဲသို့ပြုတ်ကျသွားခဲ့ရသည့်ကျင့်ကြံသူအားလုံးက ချက်ချင်းပင် အပိုင်းပိုင်းအစစဖြစ်သွားခဲ့ရသည်။

ဒီမြင်ကွင်းက ဇူယွမ်၊ ဇောင်ချင်းဖန်နဲ့ အခြားကံကောင်းထောက်မပြီး ကာကွယ်နိုင်ခဲ့သည့်ကျင့်ကြံသူတွေအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။ သူတို့အောက်ရှိရေတွေက အမှန်တကယ်ပင် အန္တရာယ်တွေနဲ့ပြည့်နှက်နေပြီး တစ်ယောက်ယောက်ကသာပြုတ်ကျသွားခဲ့မယ်ဆိုရင် သေချာပေါက်ပင် သေဆုံးရလိမ့်မည်ဖြစ်သည်။

ရေကန်အလယ်မှာရှိတဲ့ ကျွန်းငယ်လေးကိုရောက်ရှိပြီး ကျောက်စိမ်းသစ်သီးကိုရယူနိုင်ဖို့က သူတို့တွေထင်ထားသလောက်မလွယ်ကူပေ။

ဒီရှေးဟောင်းနယ်မြေက သေစေနိုင်တဲ့ထောင်ချောက်တွေနဲ့ ပြည့်နှက်လို့နေရပေသည်။

All Chapters