← Chapters

ကလန်သေ

Vol. 145 Ch. 1998

ကလန်သေ

Vol. 145 Ch. 1998

စိမ်းစိမ်းစိုစိုတောင်တန်းများက သည်နေရာ၌ ဆက်မရှိတော့ပေ။ ၎င်းက တောင်ကတုံးပြောင် ဖြစ်လာချေသည်။

ရေများကလည်း မကြည်လင်တော့ဘဲ ရွှံ့ပုတ်အနံ့များ နံဟောင်လာ၏။

တိုက်ခတ်နေသော လေတွင်ပင် ဝမ်းနည်းမှုနှင့် ယိုယွင်းပျက်စီးမှုတို့ ပြည့်လာ၏။

ထို့အပြင် အဆောက်အဦများသည်လည်း ဖုန်မှုန်များနှင့် ပြည့်နှက်ကုန်၏။ ယင်းတို့က အသက်ဓာတ်ဆုံးရှုံးကာ ပြိုလဲပျက်စီးနေတော့သည်။

တောင်များပေါ်သို့ လမ်းဖောက်ထားသည့် ကျောက်လှေကားထစ်များမှာလည်း ပျက်စီးနေလေပြီ။

ဝမ်လင်း ကလန်ကို ဖြတ်လာခဲ့စဉ်က တွေ့မြင်ခဲ့သော တန်လင်းကလန်မှ တပည့်များသည် ရင်ပြင်၊ အဆောက်အဦ၊ ကျောက်လှေကားများ အနှံ့၌ အရိုးစုများအဖြစ် ပြန့်ကြဲကုန်လေ၏။ သူတို့၏ အသွေးအသားများ ပျက်စီးဆွေးမြေ့တာ ကြာခဲ့ပြီ ဖြစ်ပြီး အရိုးစုများသာ ကျန်ခဲ့တော့သည်။

အဆောက်အဦများအတွင်းရှိ ထိုင်နေသော တန်လင်းကလန်တပည့်များမှာလည်း အလားတူပင်။

တန်လင်းကလန်သည် ကလန်သေတစ်ခု ဖြစ်နေလေ၏။

အားကောင်းသော သေခြင်းအငွေ့အသက်အော်ရာသာ ဒီကလန်တွင် ပြည့်နှက်နေတော့သည်။

သို့သော် ထိုအားကောင်းသော သေခြင်းအော်ရာကို လွှမ်း၍ တည်ရှိနေသော အိပ်မက်တစ်ခု ရှိလေ၏။ ထိုအိပ်မက်က သည်နေရာတွင် သေဆုံးခဲ့ကြသော မရေမတွက်နိုင်သည့် လူများစွာ ပါဝင်သည်။ တန်လင်းကလန်မှ တပည့်များကိုယ်တိုင် သူတို့ သေဆုံးသွားခဲ့ကြပြီကို မသိကြသည့်အလား။

သူတို့က ထိုအိပ်မက်ထဲ၌ ဆက်လက် ကျင့်ကြံနေကြ၏။

ထို့ကြောင့်လည်း ဝမ်လင်းနှင့် လျှိုကျင်းပြောင်တို့ သည်နေရာတွင် ရပ်နေခဲ့စဉ်က တန်လင်းကလန်၏ တပည့်များက သူတို့ကို မမြင်ဘဲ ဒီအတိုင်း ဖြတ်သွားကြခြင်း ဖြစ်၏။ အမှန်က ဝမ်လင်းတို့ မတည်ရှိခြင်း မဟုတ်ပေ။ သူတို့ကသာ မတည်ရှိနေတာ ဖြစ်ချေ၏။

သူတို့ကို တစ္ဆေများဟုလည်း ခေါ်၍ မဆီလျှော်ပေ။ အကြောင်းမှာ ဝမ်လင်းက တစ္ဆေများကို မမြင်ရသောကြောင့် ဖြစ်၏။ ၎င်းမှာ သေဆုံးခြင်းကို မသိသော အိပ်မက်တစ်ခုမျှသာ။ ထိုအိပ်မက်ထဲ၌ အပြင်လူတစ်ယောက် ရောက်လာခဲ့လျှင်ပင် ၎င်းကို သတိပြုမိရန် ခက်ပေလိမ့်မည်။ သူတို့က အိပ်မက်အစိတ်အပိုင်း ဖြစ်ကာ ဒီအိပ်မက်နှင့် တသားတည်း ပေါင်းစပ်သွားသကဲ့သို့ပင်။

သည်နေရာမှာ ပျက်စီးနေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ ဝမ်လင်းအနေဖြင့် ၎င်းမှာ မည်မျှ ကြာမြင့်ခဲ့ပြီကို မသိပေ။ သို့သော် သူက လူများသည် ဤကလန်မှာ ကလန်သေတစ်ခု ဖြစ်နေသည်ကို သတိမပြုမိဘဲ ရောက်လာခဲ့တာကို နားလည်၏။ သူတို့က ဧည့်သည်များအဖြစ် နေထိုင်ပြီးနောက် ပြန်ထွက်သွားခဲ့ကြလိမ့်မည်။

သို့သော် ဒီနေရာကို ခုလိုမျိုး ဖြတ်မြင်သည်မှာ ဝမ်လင်းက ပထမဆုံး မဟုတ်လောက်ပေ။

အကြောင်းမှာ သူက တန်လင်းကလန်၏ ဗဟိုချက်၌ ဘုံကျောင်းကြီးတစ်ခု ရှိနေသည်ကို တွေ့မြင်ခဲ့ပြီး ယင်းနေရာ၌ အားကောင်းလှသော အသက်ဓာတ်နှင့်အတူ ဝမ်းနည်းခြင်းအငွေ့အသက်တို့ ပြည့်နှက်နေလေ၏။

ထိုအသက်ဓာတ်၌ ဝမ်းနည်းမှုနှင့်အထီးကျန်မှုတို့ ပြည့်နေသည်။ ဒီကလန်သည် မိသားစုနှင့်ဆွေမျိုးများ ဆုံးရှုံးသွားခဲ့သော ကလေးငယ်တစ်ယောက်နှင့် အလားတူ၏။ အပျက်အစီးပုံများကြား ငိုကြွေးခဲ့ပြီးနောက် ထိုကလေးငယ်က သည်နေရာကို တိတ်တဆိတ် စောင့်ကြပ်နေခဲ့သည့် ပုံစံမျိုးတည်း။

ဒီအထီးကျန်ခြင်းနှင့်ဝမ်းနည်းမှုအတွင်း အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့တာပင်။ ထိုအိပ်မက်ထဲ၌ တောင်တန်းတို့က စိမ်းစိုကာ ရေက ကြည်လင်နေ၏။ တန်လင်းကလန်၏ တပည့်များကလည်း လှုပ်ရှားသက်ဝင်စာ ရှိနေသည်။

ဝမ်လင်းသည် သူ့ဆန်းကြယ်အနှစ်သာရများကို နားမလည်ခင်က ဒီနေရာသို့ ရောက်လာခဲ့ပါက သူသည်လည်း ဒီအခြင်းအရာတို့ကို တွေ့မြင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် ဒီအခိုက်၌ သူက ၎င်းကို တွေ့မြင်ခဲ့ပြီး ဖြစ်၏။ သူက သက်ပြင်းချကာ မျက်လုံးမှိတ်လိုက်သည်။

လေများ တိုက်ခတ်နေချိန် သူ မျက်လုံး ပြန်ဖွင့်လာ၏။ ထိုအခါ တန်လင်းကလန်၏ သေခြင်းနှင့်ပျက်စီးခြင်းတို့ကလည်း ပျောက်ကွယ်သွားကာ မရေမတွက်နိုင်သော တပည့်များဖြင့် သက်ဝင်လှုပ်ရှားသည့် ကလန်တစ်ခု ပြန်ဖြစ်လာ၏။

“သွားကြစို့…”  ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောကာ ရှေ့သို့ လျှောက်လှမ်းလိုက်၏။ လျှိုကျင်းပြောင်က ဒီနေရာရှိ ပြောင်းလဲမှုကို မမြင်နိုင်ပေ။ သို့သော် သူက တခုခုမှားနေပြီဟု ခံစားမိ၏။ သူက ဝမ်လင်းနောက်မှ လိုက်ပါလာသည်။

ရှေ့သွားနေရင်း ဝမ်လင်းပတ်လည်တွင် လှိုင်းဂယက်များ ပေါ်လာ၏။ တခြားသူများက ထိုလှိုင်းဂယက်များကို မြင်နိုင်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဝမ်လင်းက သူ့ကိုယ်သူ ဒီအိပ်မက်၏ အစိတ်အပိုင်း ဖြစ်လာခွင့် ပြုလိုက်ခြင်းသာ။

သူနှင့်လျှိုကျင်းပြောင်တို့ ဆင်းသက်လာသည့်အခါ အလင်းတန်းနှစ်ခုက အကွာအဝေးတစ်ခုကနေ ပျံသန်းလာ၏။ ထိုအလင်းတန်းနှစ်ခုမှာ အမျိုးသားကျင့်ကြံသူနှင့် အမျိုးသမီးကျင့်ကြံသူတို့ ဖြစ်၏။

သူတို့နှစ်ယောက်က ငယ်ရွယ်လွန်းသေးသည်။ အမျိုးသားဖြစ်သူက ချောမောကာ လေးစားသမှု မြန်မြန်ဆန်ဆန် ပြသ၏။ သူ့ဘေးရှိ အမျိုးသမီးဖြစ်သူကလည်း လှပလွန်း၏။ သူက ဝမ်လင်းကို စူးစမ်းလိုဟန်အကြည့်ဖြင့် ကြည့်သည်။

“စီနီယာ၊ ဂျူနီယာက တန်လင်းဘုံကျောင်းကို  လာရောက်ဖို့အတွက် ဘိုးဘေးရဲ့အမိန့်အရ လာဖိတ်ခေါ်တာပါ…”  လူငယ်က ပြုံး၍ သူ့လက်နှစ်ဖက်ကို ဆုပ်၏။ သူ့စကားလုံးနှင့်အမူအရာတို့က လေးစားမှုကို ပြသနေပေသည်။

သူ့ဘေးရှိ အမျိုးသမီးဖြစ်သူကလည်း လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်၏။

ဝမ်လင်းက သူ့ရှေ့ရှိ တန်လင်းကလန်မှ တပည့်နှစ်ယောက်ကို ကြည့်၏။ သူက စိတ်ထဲ၌ သက်ပြင်းချမိကာ သူ့အမူအရာကလည်း ညင်သာသွားပြီး ခေါင်းညိတ်ပြလိုက်သည်။

တန်လင်းကလန်၏ တပည့်များ၏ လမ်းပြမှုအောက်၌ ဝမ်လင်းက တန်လင်းကလန်ဗဟိုချက်သို့ ပျံသန်းလာသည်။ တန်လင်းကလန်က ကြီးမားလှပေသည်။ လမ်းတစ်လျှောက်တွင် ဝမ်လင်းက လှုပ်ရှားသက်ဝင်နေသော တန်လင်းကလန်ကို တွေ့မြင်သည်။

သူက ကောင်းကင်ထက်တွင် ပျံသန်းနေသော ကြိုးကြာများကိုလည်း မြင်၏။ မြေပြင်ထက်တွင် ဆေးဝါးဖော်စပ်သည့် ခြံဝန်း၊ အဆောက်အဦတို့ကိုလည်း မြင်၏။ ထိုနေရာတွင် တပည့်များက ထိုင်နေကြကာ စကားစမြည် ပြောသူကပြော၊ ကျင့်ကြံသည့်သူက ကျင့်ကြံနေကြသည်။

လမ်းတလျှောက်၌ ဝမ်လင်းက သူ့ကို တွေ့ရှိသော တပည့်များက သူတို့ကိုယ်သူတို့ မိတ်ဆက်ကာ လက်နှစ်ဖက်ဆုပ်၍ သူ့အပေါ် လေးစားသမှု ပြကြပေ၏။

တန်လင်းကလန်မှ လူများက ညင်သာကာ ယှဉ်ကျေးလှပေသည်။ ဝမ်လင်းက သူတို့၏ အထူးဧည့်သည်တော် ဖြစ်နေသည့်အလား။

သူတို့ တန်လင်းဘုံကျောင်းသို့ နီးကပ်လာချိန်၌ အလင်းတန်းနှစ်ခု နီးကပ်လာပြန်၏။ ယင်းအလင်းတန်းနှစ်ခုက  ဝမ်လင်းရှေ့သို့ ရောက်လာချိန်၌ အားပါးတရရယ်သံ တစ်သံ ပဲ့တင်ထပ်လာသည်။

“တန်ကွမ်း၊ ရှောင်ယန်၊ မင်းတို့နှစ်ယောက် ထွက်သွားနိုင်ပြီ…”

ထိုရယ်သံ ပဲ့တင်ထပ်နေစဉ် အလင်းတန်းနှစ်ခုအတွင်းမှ ကျင့်ကြံသူနှစ်ယောက် ထွက်ပေါ်လာသည်။ ထိုသို့ စကားပြောလာသူက အဘိုးအိုတစ်ယောက်ပင်။ သူ့ဘေး၌ သက်လတ်ပိုင်းအမျိုးသားတစ်ယောက် ရှိနေပြီး ထိုသူက ပြုံး၍ ဝမ်လင်းကို လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်သည်။

သူတို့နှစ်ယောက်က ရွှေအဆင့်ထိပ်သီးများ ဖြစ်ကာ သာမန်မဟုတ်ကြပေ။ ထိုအဘိုးအိုက စိတ်လိုလက်ရ ရယ်မောကာ ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်၏။

“ကျုပ်နာမည်က ရှုထျန်းနင်ပါ။ တန်လင်းကလန်ရဲ့ အကြီးအကဲခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။ ကျုပ်က စီနီယာကို တန်လင်းဘုံကျောင်းရှိ လာရောက်ဖို့ ဘိုးဘေးအမိန့်အရ လာဖိတ်ကြားတာပါ…”

“ဂျူနီယာကတော့ ဟဲတောက်ပါ။ တန်လင်းကလန်ရဲ့ ကလန်ခေါင်းဆောင်ပါ။ စီနီယာ့ကို နှုတ်ဆက်ပါတယ်…”  သက်လတ်ပိုင်းလူက ပြုံး၍ ယဉ်ယဉ်ကျေးကျေး ဆိုသည်။

သူတို့နှစ်ယောက်ကို ကြည့်ကာ ဝမ်လင်း၏မျက်လုံးထဲ၌ စိတ်မကောင်းဟန်တို့ ပြည့်လာ၏။

ဝမ်လင်းက သက်ပြင်းချကာ ထိုနှစ်ယောက်ကို ပြောလိုက်၏။ “သွားကြစို့…”

ထိုရွှေအဆင့်ထိပ်သီးနှစ်ယောက်က ဝမ်လင်းကို တလေးတစား ခေါ်ဆောင်လာ၏။ သူတို့က တန်လင်းကလန်ဗဟိုချက်၊ တန်လင်းဘုံကျောင်းထံ ရောက်လာကြသည်။

ထိုအဘိုးအိုက ဝမ်လင်းကို လက်နှစ်ဖက်ဆုပ်ကာ တလေးတစား ပြောလာ၏။ “ဘိုးဘေး အထဲမှာ ရှိပါတယ်။ ငါတို့ကိုတော့ မဆင့်ခေါ်တဲ့အတွက် လိုက်မဝင်တော့ပါဘူး။ ဒါ့ကြောင့် စီနီယာ ကျေးဇူးပြုပြီး ကိုယ်တိုင်ဝင်ရောက်သွားလိုက်ပါ…”

ဝမ်လင်းသည် ခေါင်းညိတ်ကာ တန်လင်းဘုံကျောင်း၏ တံခါးကို ကြည့်၏။ အမှန်တော့ သူသည် ဒီအိပ်မက်ကို ဖြတ်မြင်ပြီးနောက် သူ ကိုယ်တိုင် ဒီကို ရောက်လာခဲ့ကာ ဝမ်းနည်းမှုတို့ ပြည့်နေသော ဘုံကျောင်းထံ အပျက်အစီးများကို ဖြတ်၍ လျှောက်လာ၏။

သူ့အတွက် အိပ်မက်ထဲမှ ပုံရိပ်ယောင်များနှင့် စကားပြောနေရန် မလိုအပ်ပေ။

သို့သော် သူက ထိုသို့ မပြောဘဲ မထွက်သွားချင်ပေ။ အကြောင်းမှာ သူက ဝမ်းနည်းမှုနှင့်အထီးကျန်မှုကို ခံစားမိ၍ပင်။ သူက တန်လင်းကလန်၏ဘိုးဘေးကို လေးစားမှု ရှိပေသည်။

“ကျင်းပြောင်…ငါ့ကို အပြင်မှာ စောင့်နေပါ…” ဝမ်လင်းက ထိုသို့ ပြောပြီးနောက် တန်လင်းဘုံကျောင်းထဲ လှမ်းဝင်လာသည်။

လျှိုကျင်းပြောင်က တရိုတသေ ခေါင်းညိတ်လိုက်ပြီး ဘေးပတ်လည်သို့ အလိုလို ကြည့်မိ၏။ သူက သည်နေရာမှာ တစ်ခုခုထူးခြားနေသည်ဟု ခံစားမိ၏။ သို့သော် မည်သို့မှားယွင်းနေသည်ကိုမူ သူ မပြောတတ် ဖြစ်သည်။

ဝမ်လင်းက တန်လင်းဘုံကျောင်းထံ ဖြည်းဖြည်းချင်း လျှောက်လာ၏။ သူ ဘုံကျောင်းအတွင်းသို့ ဝင်ရောက်လာသည့်အခါ အတွင်းဘက်မှ ဝမ်းနည်းအထီးကျန်ခြင်း ပြည့်နေသော အိုမင်းသည့်အသံတစ်သံ ထွက်ပေါ်လာ၏။

“ဝင်လာခဲ့ပါ…”

ထိုဘုံကျောင်းအတွင်း၌ ဝမ်လင်းရှေ့တွင် အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့၏ ရုပ်တုကြီးသုံးခု ရှိနေသည်။ သူတို့အားလုံးက အရှေ့အရပ်သို့ ပြုံး၍ ကြည့်နေပြီး ဝင့်ထည်သောအော်ရာကို ပေးစွမ်းသည်။ ထိုရုပ်တုများအောက်၌ မီးခိုးရောင်ဝတ်ရုံဖြင့် အဘိုးအိုတစ်ယောက် ထိုင်နေ၏။ သူ၏အမူအရာက နာကျင်ဟန် ပေါက်နေပြီး အတိုင်းမသိ ဝမ်းနည်းခြင်းနှင့် ပြည့်နှက်နေ၏။ ထိုဝမ်းနည်းမှုအပြင် သူ့ခန္ဓာကိုယ်အတွင်း၌ မြှုပ်နှံ့ထားသော အစွမ်းထက်အော်ရာတစ်ခု ရှိပေ၏။ ထိုအော်ရာက ဝမ်လင်း တွေ့ဆုံဖူးသော မည်သည့်အင်ပါယာအတုထက်မဆို သာလွန်သည်။

“ငါ ဒီမှာ ရောက်နေပြီ…”  ဝမ်လင်းက သက်ပြင်းချကာ ထိုအဘိုးအိုထံ လှမ်းလာ၏။ သူက ထိုင်ချကာ သူ့ညာလက်ကို ဝေ့ယမ်းပြီး အရက်အိုးတစ်လုံးကို ထုတ်ယူသည်။  “နည်းနည်းပါးပါး သောက်ချင်လား…”  ဝမ်လင်းက ထိုအဘိုးအိုထံ အရက်အိုး လှမ်းကမ်းလိုက်သည်။

ထိုအဘိုးအိုက ငြိမ်သက်စွာ စဉ်းစားသွား၏။ ထို့နောက် သူက အရက်အိုးကို လှမ်းယူကာ တမော့မော့သည်။

“ငါ မင်းရှိက အော်ရာကို ရင်းနှီးသလို ခံစားမိတယ်။ မင်း ဒီကို ရောက်လာတာ ပထမဆုံးအကြိမ် မဟုတ်လောက်ဘူး…”  ထိုအဘိုးအိုက ဝမ်လင်းကို မော့ကြည့်၏။

“ငါ အိပ်မက်ထဲမှာ ရောက်လာခဲ့ဖူးတယ်…”  ဝမ်လင်းက နောက်ထပ်အရက်အိုးတစ်လုံးကို ထုတ်ကာ မော့၏။

ထိုအဘိုးအိုက ဖြည်းဖြည်းချင်း ပြောလာ၏။ “ငါ ဒီမှာ ထိုင်နေခဲ့တာ ကြာလွန်းခဲ့လောက်ပြီ။ မင်း မင်းရဲ့ အိပ်မက်ထဲမှာ ဒီကို အမှန်တကယ် ရောက်လာခဲ့တာ ဖြစ်နိုင်ပါတယ်…”

ထိုအဘိုးအိုက တိုးညင်းစွာ မေးလိုက်၏။ “မင်းရဲ့ အိပ်မက်ထဲက တန်လင်းကလန်နဲ့ အခု တန်လင်းကလန်က တူတူပဲလား…”

“တူပါတယ်…”  ဝမ်လင်းက ထိုအဘိုးအိုကို ကြည့်သည့်အခါ သူ့အနေဖြင့် ထိုသူ၏ ဝမ်းနည်းခြင်းကို ခံစားမိနိုင်သည်။

“ကျေးဇူးတင်ပါတယ်…”  ထိုအဘိုးအိုက မျက်လုံးမှိတ်လိုက်၏။ မျက်ရည်စီးကြောင်းနှစ်ခု သူ့ပါးပေါ်သို့ ကျဆင်းလာသည်။ သူ၏ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ထိုသို့ မျက်ရည် မကျသင့်ပေ။ သို့သော် သူက ဝမ်လင်းထံမှ တူညီတယ် ဟူသော စကားကို ကြားသည့်အခါတွင်မူ မျက်ရည်ကျမိသွားခြင်းပင်။

“ငါ ဒီမှာ ထိုင်နေခဲ့တာ ကြာလွန်းခဲ့ပါပြီ။ မင်းဟာ ငါ့ကို ရင်းနှီးမှုအငွေ့အသက် ပေးတဲ့ တစ်ဦးတည်းသောသူပဲ။ ဒါက ငါ့အိမ်ပဲ။ ငါ ဟိုးလွန်ခဲ့တဲ့အချိန်တည်းက ထွက်သွားခဲ့ပြီး ငါ ဩဇာအင်ပါယာတစ်ယောက် ဖြစ်လာခဲ့တဲ့အချိန်၊ ငါဟာ အိမ်ပြန်လာခဲ့တော့ ငါ့ကလန်ဟာ ဒီလိုပုံစံ ပျက်စီးနေခဲ့ပြီလေ…”

ထိုအဘိုးအိုက မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးထဲတွင် နက်နက်နဲနဲနာကျင်မှုနှင့်ဝမ်းနည်းမှုတို့ ပြည့်နေသည်။

ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေသည်။

“တန်လင်းကလန်ကို ဒီလိုဖြစ်အောင် ဘယ်သူလုပ်ခဲ့လဲ ငါ မသိဘူး။ ငါ ရှာလည်း မရှာနိုင်ခဲ့ဘူး။ မဟာအင်ပါယာတွေတောင် မရှာနိုင်ခဲ့ကြဘူး။ ငါ ဒီမှာပဲ ငါ့မှတ်ဉာဏ်တွေနဲ့အတူ ထိုင်နေခဲ့ပြီး ဒီအိပ်မက်ကို ဖန်တီးခဲ့တာ။ ဒီအိပ်မက်ဟာ ငါနဲ့အတူ အဖော်ပြုပေးနေပြီး တန်လင်းကလန်ကို ဆက်ပြီး တည်ရိနေစေလိမ့်မယ် မဟုတ်လား။ ငါ သေတဲ့အထိပေါ့…” ထိုအဘိုးအိုသည် ခပ်တိုးတိုး ရေရွတ်နေရင်း သူ့အသံက ကြမ်းရှလာ၏။

ဝမ်လင်းက ထိုအဘိုးအိုကို ကြည့်ကာ စကားမဆိုပေ။

မည်သို့သော စိတ်ခံစားချက်မျိုးက လူတစ်ယောက်ကို အခုလို ဖြစ်စေသနည်း။ မည်သို့သော ဝမ်းနည်းမှုမျိုးက လူတစ်ယောက်ကို သူ့ကိုယ်သူ အိပ်မက်ထဲ၌ ရှိနေစေအောင် လှည့်ဖြားစေသနည်း။

“ဝမ်အာသာ ပြန်နိုးထမလာနိုင်ခဲ့ရင်၊ ပိုင်အာလည်း မျက်လုံးဖွင့်မလာနိုင်ခဲ့ရင်၊ ဟင်္သာပြဒါးဂြိုဟ်သာ ဖျက်စီးခံရင် ငါလည်း သူ့လိုမျိုး ဖြစ်သွားနိုင်လောက်တယ်…”

ထိုအဘိုးအိုက ရုတ်တရက် ပြောလာ၏။ သူ ပြောပြသည့်အကြောင်းရာက ဝမ်လင်း၏ စိတ်နှလုံးကို တုန်ယင်သွားစေသည်။  “ကောင်းကင်ဘုံရဲ့ ကံကောင်းမှုကို သော့ခတ်ပြီး မြေအောက်လောကကို ချိပ်ပိတ်မယ်။ စစ်မှန်တဲ့ တာအိုကို မအောင်မြင်တဲ့ သူတွေဟာ ခံစားမှု ပင်လယ်ထဲမှာ နစ်မြုပ်နေပြီး စစ်မှန်တဲ့တာအိုလမ်းကြောင်းကို ထာဝရ ဆုံးရှုံးရလိမ့်မယ်။ စစ်မှန်တဲ့တာအိုလမ်းကြောင်းကို လျှောက်လှမ်းပါ…”

“ဒီစကားလုံးတွေဟာ တန်လင်းကလန်ကို ဖျက်စီးခဲ့တဲ့သူက ငါ့တန်လင်းကလန်ရဲ့ သွေးနဲ့ ကျောက်ပြားပေါ်မှာ ရေးထွင်းခဲ့တာပဲ…”

All Chapters