တန်လင်းရေကန်
Vol. 145 Ch. 2001
ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်ကြည့်လာ၏။ သူ့မျက်လုံးတို့မှာ ချင်းချင်းနီရဲနေကာ သူ့ဝတ်ရုံမှာလည်း ချွေးဖြင့် ရွှဲနစ်နေ၏။ သူ့မျက်နှာက ဖြူရောနေသည်။ သူ့ခန္ဓာကိုယ်အနှံ့ အားနည်းမှုခံစားချက်က ပျံ့လာ၏။
“သခင်…” လျှိုကျင်းပြောင်က မြန်မြန် လျှောက်လာ၏။ သူ၏မျက်လုံးထဲတွင် တုန်လှုပ်ကြောက်ရွှံ့မှုတို့ ပြည့်နေသည်။
“ငါ မျက်လုံး မှိတ်နေတာ ဘယ်လောက် ကြာလဲ…” ဝမ်လင်း၏အသက်ရှုသံက ကြမ်းနေ၏။ သူသည် ခက်ခက်ခဲခဲ အသက်ရှုရှိုက်နေရသည့်အလား။ အချိန်အတန်ကြာပြီးနောက်မှ သူက သူ အဆင်ပြေကြောင်း လျှိုကျင်းပြောင်ကို လက်မြှောက်ပြသည်။
လျှိုကျင်းပြောင်က ချီတုံချတုံ ဖြစ်ပြီးနောက် အမှန်တရားကို ပြောပြ၏။ “သခင်…သခင် မျက်လုံးမှိတ်လိုက်တဲ့အချိန်မှာ တည်ရှိမှု ရပ်တန့်သွားသလိုပဲ။ ကျနော် သခင့်ကို လှည့်ကြည့်လိုက်တော့ သခင် ပြန်နိုးထလာတာပါ…”
“ချက်ခြင်းလား…” ဝမ်လင်းက မင်သက်သွား၏။ သူက အိပ်မက်တာအိုကို အကြိမ်များစွာ အသုံးပြုခဲ့ဖူးပေသည်။ သူသည် အမြဲတမ်း အချိန်ကြာမြင့်စွာ နစ်မြုပ်နေခဲ့တာသာ ရှိပြီး လုံးဝ ချက်ခြင်းလိုလို မရှိခဲ့ဖူးချေ။ သူက လျှိုကျင်းပြောင်ကို ကြည့်ကာ စဉ်းစားနေ၏။
အိပ်မက်တာအိုထဲက ဝိုးတဝါးပုံရိပ်သည် ဝမ်လင်း၏စိတ်ထဲတွင် ပေါ်လာ၏။ သူက တဖက်လူ၏ ပုံပန်းသွင်ပြင်ကို မမြင်နိုင်ခဲ့ချေ။ သူက ဝိုးတဝါးသာ ထိုလူ၏ပုံပန်းသွင်ပြင် အပေါ်ယံကို မှတ်မိနိုင်၏။ သို့သော် သူ သေချာ စဉ်းစားကြည့်သည့်အခါ ၎င်းက ဝေဝါးလွန်းနေပြီး သူက ၎င်းနှင့် ပတ်သတ်ပြီး မှားယွင်းနေသည့်အလား။
သူက တစုံတစ်ယောက်သည် သူ၏မှတ်ဉာဏ်ကို ပြောင်းလဲပစ်ခဲ့သလိုမျိုး ခံစားမိရ၏။ သူ့စိတ်မှာ တုန်ယင်မိသည်။
“ငါ အိပ်မက်တာအိုထဲမှာ တွေ့မြင်ခဲ့ရတဲ့အရာဟာ အစစ်အမှန်သာ ဖြစ်ခဲ့ရင်…အဲ့လူဟာ ဘယ်သူ ဖြစ်မလဲ…”
ဝမ်လင်းသည် နိုးထလာပြီးနောက် နာကျင်မှုနှင့်စွမ်းအားမဲ့မှုကို ခံစားမိရ၏။ သူသည် အရင်တုန်းက ထိုကဲ့သို့သော ခံစားမှုမျိုးကို လုံးဝ မရခဲ့ဖူးချေ။ သူက သေခြင်းတရား၏ ပုံရိပ်ကို ခံစားမိကာ သုံးဘဝမန္တာန်သည်ပင် ကူညီမပေးနိုင်ဟု ခံစားမိခဲ့ရခြင်း ဖြစ်၏။ သူသာ သေဆုံးသွားခဲ့ပါက သူ အမှန်တကယ် သေသွားရလိမ့်မည်။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက တဖြည်းဖြည်း ပြန်ကောင်းမွန်လာ၏။ သူက နေရာတွင် ထိုင်ကာ တန်လင်းကလန်ကို ကြည့်နေပြီး သူ့မျက်လုံးက အရောင်တောက်လာသည်။
“တနေ့မှာ ငါ အဲ့လျှိုဝှက်ချက်ကို သိရလိမ့်မယ်…”
ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူက တန်လင်းရေကန်ထဲသို့ ခြေချလိုက်၏။ သူ ရေကန်ထဲသို့ ထိုင်ချလိုက်သည့်အခါ ရေက သူ့ခါးလောက်သာ ရှိချေ၏။ အေးစက်မှုလှိုင်းက သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်။
ရေကန်အတွင်း၌ ဝမ်လင်းက အသက်ဝဝရှိုက်သွင်းကာ တန်လင်းကလန်နှင့် ပတ်သတ်သည့် လျှို့ဝှက်ချက်ကို ဆက်တွေးမနေတော့ပေ။ သူက သူ့ကျင့်ကြံမှုကို လှည့်ပတ်လိုက်ပြီး ဒီရေကန်နှင့် ပေါင်းစပ်သွားသည့်အလား။
သူသည် အရင်တုန်းကလည်း ယင်းသို့ ခံစားမှုမျိုး ကြုံခဲ့ဖူးပြီး ဖြစ်၏။ သို့သော် ခုခါ၌ သူက အမှန်တကယ် ပေါင်းစပ်နေတာဖြစ်ပြီး ဝမ်လင်းက ရုတ်တရက် ထူးခြားသောအခြေအနေသို့ ဝင်ရောက်သွားလေသည်။
ထိုထူးခြားသောအခြေအနေက သူ နေသာသောညမန္တာန်ကို ဖန်တီးခဲ့ချိန်ကနှင့် အလားသဏ္ဍာန်တူ၏။ သို့ပေမည့်လည်း ခုခါ၌ သူသည် ရေကန်၏ အကူအညီဖြင့် ၎င်းအခြေအနေသို့ အတင်းအကြပ် ဝင်ရောက်ခဲ့တာ ဖြစ်သည်။
သည်အခြေအနေတွင် ဝမ်လင်းက စိတ်ရှုပ်ထွေးခြင်း၌ နစ်မြုပ်နေ၏။ ၎င်းက အချိန် ကြာမြင့်နိုင်သလို ခဏတဖြုတ်လည်း ဖြစ်နိုင်သည်။
ဝမ်လင်းက မျက်လုံးပြန်ဖွင့်လာ၏။ သူ့မျက်လုံးထဲတွင် စိတ်ရှုပ်မှုအငွေ့အသက် ရှိနေ၏။ သူက တအောင့်အကြာတွင် ပြန်ကောင်းမွန်လာပြီး သူ့အောက်မှ ရေကန်ထံ ငုံ့ကြည့်သည်။ ၎င်းရေကန်၏ ရေပမာဏသည် သုံးဆယ်ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားလေ၏။
ဝမ်လင်း မမေးခင်မှာပင် လျှိုကျင်းပြောင်က ပြောလာ၏။ “သခင်…သင် မျက်လုံးမှတ်ပြီး ပြန်ဖွင့်လာတဲ့ အချိန်ကာလဟာ အသက်သုံးရှိုက်စာ ကုန်လွန်သွားပါတယ်။
ဝမ်လင်းက ခေါင်းညိတ်ပြ၏။
“ကျရှုံးသွားတာလား။ ငါ ဒီအခြေအနေမှ အသက်သုံးရှိုက်စာပဲ နေနိုင်လိုက်တယ်။ ဒါပေမဲ့ ဘာမှ မရလိုက်ဘူး…” ဝမ်လင်းက မျက်မှောင်ကြုတ်၏။ သူသည် သူ့ခန္ဓာကိုယ်ထဲရှိ အနှစ်သာရများသည် အနည်းငယ် ပိုအားကောင်းလာတာကိုတော့ ခံစားမိ၏။ သို့သော် များများစားစား အားကောင်းလာခဲ့တာတော့ မဟုတ်ပေ။
“တန်လင်းကလန်ရဲ့ဘိုးဘေးက ဒီတန်လင်းရေကန်ဟာ ဒီမှာ ချိပ်ပိတ်ထားတဲ့ ပြင်ပကျင့်ကြံသူနဲ့ ဆက်နွှယ်နေတယ်လို့ ပြောခဲ့တယ်။ အဲ့ပြင်ပကျင့်ကြံသူ ပိုင်ဆိုင်တဲ့ အထူးအနှစ်သာရကို နားလည်ဖို့ အခွွင့်အရေး ရှိနိုင်မယ်လို့လည်း သူ ပြောခဲ့တယ်…”
“သူ့အနှစ်သာရက ဘာလဲဆိုတာတောင် ငါ မမြင်ခဲ့ရဘဲ ပထမဆုံးအကြိမ်မှာ ကျရှုံးခဲ့ရတယ်။ တန်လင်းကလန်ဘိုးဘေးဟာ လူတစ်ယောက်က တန်လင်းရေကန်ထဲ ဝင်ရောက်ဖို့ နှစ်ခါပဲ အခွင့်အရေး ရှိနိုင်တယ်လို့ ဆိုခဲ့တယ်။ တတိယအကြိမ်ဆို အဲ့လူဟာ သေသွားလိမ့်မယ်တဲ့…။ ဘာကြောင့် သေရမှာလဲ။ ငါသာ အဲ့အကြောင်းရင်းကို ရှာနိုင်ခဲ့ရင်…ငါ နောက်ထပ် နည်းနည်းထပ်ကြိုးစားကြည့်နိုင်မယ်…”
ဝမ်လင်းသည် ရေကန်ထဲ၌ ထိုင်ကာ မျက်လုံး ထပ်မှိတ်လိုက်သည်။
သူ မျက်လုံးမှိတ်လိုက်သည်နှင့် သူက ထူးခြားသောအခြေအနေတွင်းသို့ ထပ်မံ ဝင်ရောက်သွား၏။ သည်တကြိမ်၌ ဝမ်လင်းသည် စိတ်ရှုပ်ထွေးခြင်း အခြေအနေသို့ ဝင်ရောက်သွားဟန် တူသည်။ အရာအားလုံးသည် ဝေဝါးလာကာ သူ့စိတ်သည်ပင် နောက်ကြည်မိ၏။
သူက ထူးခြားသောအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်ကို ဝိုးတဝါး ခံစားမိရသည်။ သို့သော်လည်း သူက ၎င်းကို ခံစားမိနိုင်ရုံသာ ရှိပြီး မဖမ်းဆုပ်နိုင်ပေ။
အချိန်မည်မျှ ကြာသွားမှန်း မသိရပြီးနောက် စိတ်ရှုပ်ထွေးနေသော ဝမ်လင်းက ရုတ်တရက် သူ့ဘယ်မျက်လုံးထဲတွင် အလင်းတန်းတစ်ခုကို တွေ့မြင်လိုက်ရ၏။ ထိုအလင်းတန်းက အားပျော့လွန်း၏။ သေချာမကြည့်ပါက မြင်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုအလင်းသည် ဝမ်လင်းကို ချက်ခြင်း အာရုံစိုက်မိသွားစေသည်။ သို့သော် သူက ၎င်းကို သူ့ဘယ်မျက်လုံးထဲ၌သာ မြင်ရနိုင်သည်။ သူ့ညာမျက်လုံး၏ အမြင်ကမူ ဝေဝါးနေဆဲသာ။ သူသည် ညာမျက်လုံးဖြင့် ၎င်းကို မမြင်ရပေ။
ထိုထူးခြားသော ပြောင်းလဲမှုက ဝမ်လင်း၏စိတ်ကို တုန်ယင်မိစေသည်။ သို့သော် သူက သူ့ဘယ်မျက်လုံးထဲရှိ အလင်းအပေါ် အာရုံစိုက်နစ်ထားဆဲပင်။
သို့သော် ထိုအလင်းက ဝေးကွာလွန်းနေ၏။ သူ ၎င်းကို ကောင်းကောင်း မဖမ်းဆုပ်နိုင်ခင်မှာပင် ဒီထူးခြားသောအခြေအနေကနေ နိုးထလာခဲ့တော့သည်။
သူ မျက်လုံးပြန်ဖွင့်လာသည့်အခါ၌ လျှိုကျင်းပြောင်၏ စကားသံ သူ့နားထဲ ဝင်ရောက်လာသည်။
“သခင်…ဒီတကြိမ်တော့ အသက်ငါးရှိုက်စာ ကြာမြင့်ပါတယ်…”
ဝမ်လင်းက အကွာအဝေးတစ်ခုရှိ ကောင်းကင်ကို ကြည့်ကာ အချိန်အတန်ကြာ စဉ်းစားနေ၏။ သူ့ဘယ်မျက်လုံးတွင်း၌ အစောပိုင်းတုန်းက ရှိခဲ့သော အလင်းက သူ့စိတ်ထဲတွင် ရှိနေဆဲပင်။
“ငါ့ ဘယ်မျက်လုံးက မြင်နိုင်တယ်။ ဒါပေမဲ့ ငါ့ညာမျက်လုံးကတော့ မမြင်နိုင်ဘူး။ တန်လင်းရေကန်ဟာ ငါ စိတ်ကူးထားတာထက် ပို ခက်ခဲနေတာပဲ…”
ဝမ်လင်းက ရေကန်ကို ကြည့်လိုက်၏။ ခုခါ၌ ၎င်း၏ ရေပမာဏမှာ သုံးဆယ်ရာခိုင်နှုန်းထက် လျှော့နည်းနေခဲ့လေပြီ။
“ဒီရေကန်ရဲ့ ရေပမာဏဟာ အသုံးပြုတဲ့အခါ ထပ်ပြီး ပေါ်လာမလား ငါ သိချင်မိတယ်။ဒါ့အပြင် ငါက နှစ်ကြိမ်တိုင် ကြိုးစားခဲ့ပြီး နှစ်ကြိမ်လုံး ကျရှုံးခဲ့တယ်။ တတိယအကြိမ်မြောက် ကြိုးစားကြည့်ရင် ဘယ်လိုအန္တရာယ်မျိုး ရှိမလဲ ငါ သိချင်မိတယ်…”
ဝမ်လင်းက စဉ်းစားနေ၏။ ထို့နောက် သူ့ညာလက်ကို ဝေ့ယမ်းလိုက်လေသည်။ ရွှေအဆင့်ထိပ်သီးပင်လယ်နဂါးက ပျံသန်းထွက်လာပြီး သူ့ပတ်လည်၌ ဟိန်းသံပေ၏။ ၎င်းနဂါးက အရွယ်အစား များစွာ ကြုံ့သွားလေ၏။
ထိုပင်လယ်နဂါး ပေါ်လာသည့်အခါ ၎င်းက လျှိုကျင်းပြောင်ထံ ချက်ခြင်း ကြမ်းကြုတ်စွာ ကြည့်ပြီး ဟိန်းသံ ပြုသည်။
လျှိုကျင်းပြောင်က မင်သက်သွား၏။ ထိုပင်လယ်နဂါးကို ကြည့်ကာ သူသည် ပင့်သက်ရှိုက်မိသွား၏။ သို့သော် သူက မျက်လုံးကစားလိုက်ပြီး သူ့ပါးစပ်ထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ့စိတ်ထဲ၌ မည်သည့်အကြံပေါ်လာသည်ကိုမူ မသိရနိုင်ပါ။
ဝမ်လင်းက သူတို့ကို အာရုံစိုက်မနေပေ။ သူက ပင်လယ်နဂါးထံ တစ်ခုခုမှားယွင်းသည်ဟု ခံစားမိပါက သူ့အား ဆွဲထုတ်ပေးရန် နတ်ဘုရားအာရုံဖြင့် ပြောကြားထားလိုက်၏။ ထို့နောက် သူက မျက်လုံးမှိတ်ကာ သူ့ကိုယ်သူ တတိယအကြိမ်အဖြစ် ထူးခြားသောအခြေအနေသို့ ဝင်ရောက်စေသည်။
ထိုအခါ ရေအတွင်းရှိ ထူးခြားသောအားတစ်ခုက သူ၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာချိန်၌ တွန်းကန်အားတစ်ခု စုဝေးလာတော့သည်။ ၎င်းက ဟိန်းသံအဖြစ် ပြောင်း၍ သူ့စိတ်ထဲတွင် ပဲ့တင်ထပ်သည်။
ထိုဟိန်းသံက ကျယ်လောင်လွန်းပြီး ရူးသွပ်မှုနှင့် လက်သင့်မခံမှုတို့ ပါဝင်နေသည်။
“လျန်ယွမ်ကျွယ်…မင်းက စက်ဆုပ်ဖွယ် ကောင်းလိုက်တာ…” ထိုအသံက ဝမ်လင်း၏စိတ်ထဲတွင် ပဲ့တင်ထပ်၏။ ၎င်းအသံက သူ့ခန္ဓာကိုယ်ကိုပါ တုန်ယင်သွားစေသည်။ သူက ထိုအသံသည် သူ့စိတ်ကို ပျက်စီးစေတော့မလားဟု ခံစားမိသည်။
ထိုအသံ၏အောက်တွင် ဝမ်လင်းသည် သူ့ကိုယ်သူ ထူးခြားသောအခြေအနေ၌ ရှိနေနိုင်စွမ်း မရှိတော့သဖြင့် နားလည်ဆင်ခြင်မှုလည်း လုပ်၍ မရနိုင်တော့ချေ။
ထိုအခိုက်တွင် အပြင်ဘက်မှ အစွမ်းထက်အားတစ်ခု ထွက်ပေါ်လာ၏။ ဧရာမလက်သည်းတစ်ခုက ဝမ်လင်းကို ဖမ်းဆုပ်ကာ သူ့ခန္ဓာကိုယ်ကို တန်လင်းရေကန်ထဲကနေ ဆွဲထုတ်သွား၏။
ရေကန်ထဲမှ ထွက်လာသည့်နောက် ဝမ်လင်း၏စိတ်ထဲရှိ အသံသည် ပျောက်ကွယ်သွားသည်။ ဝမ်လင်းက မျက်လုံးဖွင့်လာပြီး ရေကန်ကို ကြည့်၏။ သူ၏အမူအရာက သုန်မှုန်နေပေသည်။
“ဒါဟာ အမှန်တကယ်ပဲ တတိယကြိမ်မြောက် နားလည်ဖို့ မဖြစ်နိုင်ဘူးပဲ။ ငါသာ တင်ကြိုပြီး မပြင်ဆင်ထားခဲ့ရင် တန်လင်းကလန်ရဲ့ဘိုးဘေးရဲ့ သတိပေးထားချက်သာ မရှိရင် ဒါက အန္တရာယ် မရှိစေရင်တောင် ငါ့အတွက် အားစိုက်ထုတ်ပြီးမှ ပြန်ထွက်ခွာနိုင်လိမ့်မယ်…”
ဝမ်လင်းက မျက်မှောင်ကြုတ်ကာ တန်လင်းကလန်၌ ကျန်နေသေးသော ရေပမာဏအနည်းငယ်ကို ကြည့်၍ စဉ်းစား၏။
“ပထမအကြိမ်၊ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်တို့ဟာ ဘာကြောင့် ကွာခြားမှု ရှိနေတာလဲ။ အဲ့အသံဟာ ရေကန်ထဲကနေ ငါ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့ ဆန်းကြယ်တဲ့အား တပတ်ပြည့်အောင် လှည့်ပတ်ပြီးတဲ့နောက်မှာ ထွက်ပေါ်လာတာပဲ။ ဒါက သော့ချက်ဖြစ်နိုင်မလား။ အဲ့အားက ရေကန်ထဲကို ငါ ဘယ်နှစ်ကြိမ် ဝင်ရောက်ခဲ့ပြီးလည်း ဆိုတာကို စစ်ဆေးကြည့်တဲ့အား ဖြစ်နိုင်လား…”
“ဒါ့အပြင် လျန်ယွမ်ကျွယ်ဆိုတဲ့နာမည်၊ လျန်ဆိုတဲ့ မိသားစုနာမည်။ ဒီနာမည်က အရူးရဲ့ဘိုးဘေး၊ ကောင်းကင်ဘုံဘိုးဘေးရဲ့ အမည်နာမ ဖြစ်နိုင်လောက်လား…”
ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူက ရေကန်ထံ ကြည့်လိုက်၏။ သူ စဉ်းစားနေရင်း ရေကန်ထဲရှိ ဆုံးရှုံးသွားသော ရေပမာဏသည် ဖြည်းဖြည်းချင်း ပြန်ပြည့်လာချေသည်။
“လျှိုကျင်းပြောင်…ရေထဲ ဆင်းပြီး ကြိုးစားကြည့်လိုက်…” ဝမ်လင်းသည် လျှိုကျင်းပြောင် တတိယအကြိမ်မြောက် ဆင်းသွားခဲ့လျှင်ပင် သူ့အနေဖြင့် ကာကွယ်ပေးနိုင်သည်ဟု ယုံကြည်ချက် ရှိပေသည်။ သူက လျှိုကျင်းပြောင်ကို အန္တရာယ်အား အာရုံစိုက်ရန်လည်း ပြောလိုက်သည်။
လျှိုကျင်းပြောင်က တွေဝေမနေဘဲ ရှေ့သို့လှမ်းကာ ရေကန်ထဲပ ထိုင်ချလိုက်၏။ အသက်လေးရှိုက်စာ ကြာပြီးနောက် သူက စိတ်ရှုပ်ထွေးဟန်ဖြင့် မျက်လုံးဖွင့်လာသည်။
“ကျနော် အလင်းတန်းတစ်ခုကို တွေ့မြင်ခဲ့ပါတယ်…” လျှိုကျင်းပြောင်က ခပ်တိုးတိုး ပြော၏။ ထို့နောက် သူက ထပ်မံ၍ မျက်လုံးမှိတ်သည်။ သည်တစ်ကြိမ်၌ သူက အသက်ငါးရှိုက်စာအချိန် ကုန်ဆုံးခဲ့သည်။ သူ မျက်လုံးပြန်ဖွင့်လာသည့်အခါ သူ့မျက်လုံးထဲ၌ ထင်ရှားသောအလင်းတစ်ခု ဖြတ်ခနဲ လင်းလက်သွား၏။ သို့သော်လည်း ၎င်းအလင်းက မြန်ဆန်စွာ ပြန်ပျောက်ကွယ်သွားချေသည်။
“ဒီအလင်းနဲ့ အတော့်ကို နီးကပ်နေခဲ့ပြီ။ဒါပေမဲ့ ဒါကို မဖမ်းဆုပ်နိုင်ခဲ့ဘူး…” လျှိုကျင်းပြောင်က အနည်းငယ် စဉ်းစားပြီးနောက် မျက်လုံး ထပ်မှိတ်လိုက်ပြန်သည်။ သူက ဝမ်လင်း၏အမိန့်အတိုင်း တတိယကြိမ်မြောက် ကြိုးစားကြည့်၏။
ဝမ်လင်းက လျှိုကျင်းပြောင်ကို အနီးကပ် စောင့်ကြည့်နေသည်။ အချိန် ဖြည်းဖြည်းချင်းကုန်လာ၏။ အသက်တရှိုက်စာ၊ နှစ်ရှိုက်စာ၊ သုံးရှိုက်စာ။ အသက်ဆယ်ရှိုက်စာ အချိန်သို့ ရောက်လာသည့်အခါ လျှိုကျင်းပြောင်၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်လာသည်။ ဝမ်လင်းက လျှိုကျင်းပြောင်ကို ရေကန်ထဲမှ တုံ့နှေးခြင်းမရှိ ဖယ်ရှားပေးလိုက်သည်။
တုန်ယင်နေလျက် လျှိုကျင်းပြောင်၏ဘယ်မျက်လုံးက တောက်ပနေတော့သည်။ ဝမ်လင်းက ၎င်းကို ကြည့်သည့်အခါ သူသည် နေမင်းကို ကြည့်သကဲ့သို့ ခံစားမိရသည်။
“ကျနော့်စိတ်ထဲမှာ အလင်းနဲ့အသံတစ်သံ ပဲ့တင်ထပ်ခဲ့ပါတယ်။ အဲ့အသံကတော့ ဒီအလင်းရဲ့ အမည်ငါ့ကို ပြောပါ။ ဒါဟာ အကြွင်းမဲ့စတင်ခြင်းပဲ။ အရာအားလုံးရဲ့အစပဲလို့ ဆိုပါတယ်။ ဒါပေမဲ့ ကျနော့်ရဲ့ကျင့်ကြံမှုက လုံလောက်အောင် မမြင့်မားတဲ့အတွက် ဒါကို ထပ်ပြီး မတောင့်ခံနိုင်ခင် နည်းနည်းပဲ နားလည်နိုင်ခဲ့ပါတယ်…”
လျှိုကျင်းပြောင်သည် အသက်ဝဝရှိုက်သွင်းပြီးနောက် ရေကန်ထံသို့ ကြည့်လိုက်သည်။
“သခင်…ကျနော့်အနေနဲ့ တတိယအကြိမ်မြောက် နားလည်နိုင်စွမ်း ရှိခဲ့တဲ့အကြောင်းရင်းဟာ ကျနော့်ရဲ့ လှည့်ဖြားခြင်းတာအိုကြောင့်ပါပဲ။ အဲ့အခိုက်မှာ ကျနော်က ကိုယ့်ကိုကိုယ် ဒီကန်ထဲ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့တာလို့ ပြောဆိုလှည့်ဖြားခဲ့တယ်။ အဲ့လိုနည်းနဲ့ ကျနော်က ရေကန်ကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့တာပါ…။ ကျနော် ပြန်လည်မွေးဖွားလာခြင်းကနေ နိုးထလာတဲ့နောက် ကျနော့်အနေနဲ့ လှည့်ဖြားခြင်းတာအိုကို တခြားသူတွေအပေါ်မှာလည်း လုပ်ပေးနိုင်တယ်။ သခင် ကြိုးစားကြည့်ချင်လား…”
လျှိုကျင်းပြောင်က တစ်ခုခုကို နားလည်ခဲ့ဟန် ပေါ်၏။ သူက ဝမ်လင်းကို လှမ်းကြည့်လိုက်သည်။
ဝမ်လင်းသည် ခဏတဖြုတ် စဉ်းစားကာ ခေါင်းခါယမ်းလိုက်သည်။ သူက လှည့်ဖြားခြင်းတာအိုကို အိပ်မက်တာအိုအတွင်း၌ အနည်းအကျဉ်း နားလည်သဘောပေါက်ခဲ့ဖူး၏။ သူက ထိုနည်းလမ်းကို သိသဖြင့် သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူ့အနေဖြင့် လျှိုကျင်းပြောင်၏ အကူအညီ မလိုအပ်ပေ။
ခြေတလှမ်းဖြင့်ပင် ဝမ်လင်းက သူ့ကိုယ်သူ လေးကြိမ်မြောက်အဖြစ် ရေကန်ထဲသို့ နစ်မြုပ်စေ၏။ ထူးခြားသောအားက သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည့်အခါ သူက လျည့်ဖြားခြင်းတာအိုကို အသုံးပြုကာ ဒီရေကို လှည့်ဖြား၍ သူ့ကိုယ်သူ ထူးခြားသောအခြေအနေန၌ အာရုံနစ်မြောဝင်စေသည်။
မကြာမီတွင် သူက သူ့ဘယ်မျက်လုံးထဲ၌ အလင်းကို တွေ့မြင်၏။ ထိုအလင်းက သူ့ထံ နီးကပ်သထက် နီးကပ်လာသည်။
ခပ်တိုးတိုးအသံတစ်သံ ဝမ်လင်း၏စိတ်ထဲ၌ မြည်လေ၏။ “ငါဟာ လောကကို ဖြတ်ပြီး လျှောက်လှမ်းခဲ့ပြီးပြီ။ နေထွက်တာကို အကြိမ်ပေါင်း သိန်းသန်းချီ စောင့်ကြည့်ခဲ့ဖူးပြီး အကြွင်းမဲ့အစပြုခြင်းအနှစ်သာရကို နားလည်သဘောပေါက်ခဲ့တယ်…”