← Chapters

အစနှင့်အဆုံး

Vol. 145 Ch. 2002

အစနှင့်အဆုံး

Vol. 145 Ch. 2002

ထိုအသံ  ဝမ်လင်း၏စိတ်ထဲ၌ ပဲ့တင်ထပ်လာရင်း သူ့ဘယ်မျက်လုံးနှင့် မြင်ရသော အလင်းက ပို၍ တောက်ပလာသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ထိုအလင်းဖြင့် ခြုံလွှမ်းထားသည့်နှယ်။

ဝမ်လင်းကို ထိုအလင်း ခြုံလွှမ်းနေစဉ် အကြွင်းမဲ့အစပြုခြင်းအပေါ် နားလည်သဘောပေါက်မှုက တဖြည်းဖြည်း မြင့်တက်လာ၏။

ယင်းက အမွေအနှစ်တစ်ခု မဟုတ်ပေ။ သို့သော် ပြီးပြည့်စုံသော အကြွင်းမဲ့အစပြုခြင်းအနှစ်သာရက ဝမ်လင်း၏ရှေ့တွင် ခင်းကျင်းပြသနေခြင်းတည်း။ ထိုအနှစ်သာရကို မည်၍မည်မျှ နားလည်သဘောပေါက်မှုကတော့ တန်လင်းရေကန်နှင့် လားလားမျှ မသက်ဆိုင်ဘဲ တစ်ဦးချင်းပေါ်၌သာ မူတည်ပေ၏။

တချို့လူများသည် ပထမတကြိမ်မှာပင် အလင်းကို တွေ့မြင်နိုင်ပြီး အကြွင်းမဲ့အစပြုခြင်းအနှစ်သာရအပေါ် နားလည်သဘောပေါက်မှုတစ်ခု ရသွားလိမ့်မည်။ သူတို့ ထွက်ခွာသွားသည့်နောက် ထိုအနှစ်သာရ၏ မျိုးစေ့က သူတို့၏စိတ်နှလုံးအတွင်း၌ ပေါ်လာကောင်း ပေါ်လာပေလိမ့်မည်။

တချို့လူများသည် ဝမ်လင်းကဲ့သို့ မည်သည့်အရာကိုမျှ မရဘဲ သူတို့၏ အနှစ်သာရများ၏ ခွန်အားကသာ အနည်းငယ် တိုးတက်လာတာသာ ရှိလိမ့်မည်။

သည်အခိုက်၌ ဝမ်လင်းသည်  ထူးခြားသောအခြေအနေ၌ နစ်မြုပ်နေကာ သူ့ပတ်လည်ရှိ အရာအားလုံးကို မေ့ပျောက်နေဟန် တူ၏။ သူ့ဘယ်မျက်လုံးထဲရှိ အမြင်အာရုံသည် ဝေဝါးလာသည်။ သို့သော် ဘယ်မျက်လုံးထဲ၌ အထူးအနှစ်သာရဖြစ်သည့် အကြွင်းမဲ့အစပြုခြင်းအနှစ်သာရ၏ အဆင့်များ ပါဝင်နေပေသည်။

သူသည် အချိန်ကို မေ့နေ၏။ သူ တန်လင်းရေကန်ထဲကနေ အတင်းအကြပ် နိုးထလာရသည့်အခါတွင် သူ့ဘယ်မျက်လုံးထဲရှိ အလင်းက အသက်တစ်ရှိုက်စာ ကြာမြင့်ပြီးနောက် ပျောက်ကွယ်သွားသည်။

“နောက်ထပ် နည်းနည်းလောက် လိုနေသေးတယ်…”  ဝမ်လင်း၏ မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ ထို့နောက် သူက မျက်လုံးမှိတ်ကာ ရေကန်အတွင်း၌ ငါးကြိမ်မြောက် ဆင်ခြင်နားလည်ဖို့ စတင်ပြန်သည်။

သူက သူ့ကိုယ်သူ အာရုံစူးနစ်ပြီး လှည့်ဖြားခြင်းတာအိုကို သုံး၍ ရေကန်၏ ထောက်လှမ်းမှုကို ရှောင်ကွင်းထား၏။ သည်တကြိမ်၌ ဝမ်လင်းသည် သူ့ဘယ်မျက်လုံးရှေ့၌ အဆုံးမဲ့အလင်းကို ချက်ခြင်း တွေ့မြင်ရလေ၏။

“အကြွင်းမဲ့အစဆိုတာဟာ လေဟာနယ်ထဲကနေ မွေးဖွားလာခဲ့တာ။ ဟိုးလွန်ခဲ့တဲ့အချိန်၊ ကောင်းကင်ဘုံသားတွေရဲ့ အရင်က ရှေးလူတွေဟာ နေမင်းကို ကြည့်ပြီး ၎င်းရဲ့အပူဓာတ်ကို ရဖို့ ပူဇော်သမှု ပြုခဲ့ကြတယ်…”

“ဒါ့ကြောင့် အကြွင်းမဲ့အစရဲ့ စွမ်းအား ပေါ်လာခဲ့တာပဲ။ ဒီစွမ်းအားဟာ အလွန်ဆန်းကြယ်တယ်။ ရှေးလူတွေ နေကို ပထမဆုံးအကြိမ် ပူဇော်တဲ့အချိန်၊ နေမင်းဟာ ပထမဆုံးအကြိမ် ပေါ်လာတဲ့အခါမှာ ဒီအကြွင်းမဲ့အစဟာ ပေါ်ထွန်းလာခဲ့တာပဲ…”

“အကြွင်းမဲ့အစစွမ်းအားဟာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့တယ်။ အချိန်နဲ့အမျှ ဆန်းကြယ်တဲ့လူတွေ ပေါ်လာခဲ့တယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ နည်းလမ်းတွေဟာ ပြောင်းလဲလာခဲ့ပြီး အကြွင်းမဲ့အစရဲ့ ဥပဒေသ ပေါ်လာတဲ့အထိပဲ…”

“အကြွင်းမဲ့အစဥပဒေသဟာ နေမင်း မြင့်တက်လာစေနိုင်သလို နေဝင်တာကိုလည်း ဖြစ်စေနိုင်တယ်။ဒါပေမဲ့ ငါ လေ့လာကြည့်နေသလောက် ငါဟာ နေမင်းမြင့်တက်တာ၊ နေမင်း ငုပ်လျှိုးတာဟာ လူတစ်ယောက်ရဲ့ နှလုံးသားကြောင့်ပဲဆိုတာကို သိနားလည်လာခဲ့တယ်။ နှလုံးသားဟာ လှုပ်ရှားတဲ့အတွက်ကြောင့်၊ မြေကမ္ဘာဟာ လှုပ်ရှားရတယ်။ ကော်ငးကင်ဟာ လှုပ်ရှားရတယ်။ အဲ့ဒီနောက် မလှုပ်မရှားရှိတဲ့ နေမင်းဟာလည်း အပေါ်အောက် စတင်လှုပ်ရှားရတယ်…”

“ငါဟာ ဆက်လက် နားလည်ဆင်ခြင်ခဲ့ပြီး နေထွက်တာကို အကြိမ်များစွာ စောင့်ကြည့်နေခဲ့တယ်။ ငါဟာ နေမင်းမြင့်တက်လာတာရဲ့ ဇစ်မြစ်ကို နားလည်သဘောပေါက်ခဲ့တယ်…”

”ဒီအကြွင်းမဲ့အစဟာ အလင်းရဲ့ အပူဓာတ်အားလုံးရဲ့ ရင်းမြစ်ပဲ ဖြစ်တယ်…”

ဝမ်လင်းသ်ည ထိုအသံထဲ၌ အာရုံစူးနစ်ဝင်နေ၏။ သူသည် သူ့ဘယ်မျက်လုံးထဲရှိ အလင်းက သူ့အား လုံးဝ ခြုံလွှမ်းထားသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ထိုအလင်းထဲ၌ သူသည် နေထွက်လာတာကို အကြိမ်ပေါင်းသန်းချီ စောင့်ကြည့်နေရသည့်အလား။

ထိုအကြိမ်ပေါင်းသန်းချီအတွင်း ဝမ်လင်းက အော်ရာတစ်ခုကို ခံစားမိခဲ့၏။ ထိုအော်ရာသည် ရိုးစင်းမှန်ကန်သောတည်ရှိမှုတစ်ခု ဖြစ်၏။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက ငါးကြိမ်မြောက်ဆင်ခြင်မှုကနေ မျက်လုံးဖွင့်လာသည်။ သူ မျက်လုံး ပြန်ဖွင့်လာသည့်အခါ သူ့ဘယ်မျက်လုံးထဲရှိ အလင်းသည် အသက်ရှိုက်စာ ဆယ့်နှစ်ကြိမ်လောက် ကြာမြင့်ပြီးနောက်မှ တဖြည်းဖြည်း လွင့်ပျောက်သွားသည်။

လျှိုကျင်းပြောင်က ဝမ်လင်း၏ဘယ်မျက်လုံးတွင်းမှ အလင်းကို တွေ့မြင်သည့်အခါ သူ့စိတ်နှလုံးသည် တုန်ယင်သွားမိ၏။ သူက ၎င်းကို မကြည့်ဝံ့ ဖြစ်ရသည်။ ရွှေအဆင့်ထိပ်သီးပင်လယ်နဂါးသည်ပင် ထိုအလင်းကို ရှောင်ဖယ်မိနေသည်။

ဝမ်လင်း၏ဘယ်မျက်လုံးထဲ၌ အလင်းအောက်တွင် နေမင်း၏အကြမ်းထည်ပုံစံ ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာသည်။ သို့သော် ထိုအလင်း လွင့်ပြယ်သွားချိန်၌ ယင်းပုံစံက အသွင်သဏ္ဍန်မဖွဲ့စည်းနိုင် ဖြစ်ရသည်။

“ငါဟာ အကြွင်းမဲ့အစနဲ့ စိမ်းနေတဲ့သူတော့ မဟုတ်ဘူး။ အတိတ်တုန်းက လှိုဏ်ဂူလောကမှာတုန်းက ငါ နေသာသောညမန္တာန်ကို ဖန်တီးခဲ့တဲ့အခါမှာ ဒီမန္တာန်ထဲမှာ အကြွင်းမဲ့အစရဲ့ စွမ်းအား ပါဝင်ခဲ့တယ်။ အဲ့အချိန်ကစပြီး ငါ့နားလည်နိုင်စွမ်းဟာ တဖြည်းဖြည်း တိုးတက်လာခဲ့တယ်။ နောက်ပိုင်း ငါ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို ရောက်လာခဲ့တော့ ငါ့ရဲ့ နေသာသောညမှာ ယုံကြည်မှု ပါဝင်လာခဲ့တယ်…”

“ဒီအကြွင်းမဲ့အစဟာ အနှစ်သာရတစ်ခုကို ထုတ်လုပ်ပေးနိုင်လိမ့်မယ်လို့တော့ ငါ မမျှော်လင့်ထားခဲ့မိဘူး။ ဒီအနှစ်သာရဟာ ဒါကို လေးလေးနက်နက်နားလည်နိုင်မှ သဘောပေါက်မယ့်အရာပဲ။ အဲ့လိုသဘောပေါက်ရင် လက်ဝေ့ယမ်းရုံနဲ့ ဒီအနှစ်သာရကို အသုံးပြုနိုင်ပြီ…”

ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထို့နောက် သူ့ကိုယ်သူ တန်လင်းရေကန်နှင့် ခြောက်ကြိမ်မြောက် ပေါင်းစပ်စေလိုက်သည်။

အချိန် ကုန်လွန်လာ၏။ ဝမ်လင်းသည် တစ်ကြိမ်စီတိုင်း၌ ရေကန်နှင့် ပေါင်းစပ်နိုင်သည့် အချိန်ပမာဏ တိုးလာပေသည်။

ဒုတိယမြောက်နေ့ နံနက်ဆည်းဆာချိန်သို့ မရောက်ခင်၊ ကောင်းကင်က နက်မှောင်နေဆဲအခါတွင် ဝမ်လင်းက တန်လင်းရေကန်ထဲပ မျက်လုံးဖွင့်လာ၏။ သူ့ဘယ်မျက်လုံးထံမှ အဆုံးမဲ့အလင်း ထုတ်လွှတ်ကာ ၎င်းအတွင်း၌ နေတစင်း ပေါ်လာသည်။

ကောင်းကင်သည် မူလတုန်းက နက်မှောင်နေ၏။ နေမင်းက မပေါ်ထွက်လာသေးဘဲ နေထွက်ဖို့ အချိန်တချို့ လိုသေးသည်။ သို့သော်လည်း ဝမ်လင်း၏ ဘယ်မျက်လုံးမှ အလင်းသည် တောက်ပလာခဲ့ပေသည်။ ဝမ်လင်းသည် နေမင်းကို အစားထိုးကာ လောက၏ အမှောင်ထုကို နာရီဝက်လောက် တင်ကြို၍ ဖယ်ရှားပစ်လိုက်သည့်အလား။

“အကြွင်းမဲ့အစကို နားလည်သဘောပေါက်ခြင်းဟာ သင့်ကို နေထွက်လာတာကို ထိန်းချုပ်နိုင်ပြီး ညနဲ့နေကို ပြောင်းပစ်နိုင်စွမ်း ရှိစေလိမ့်မယ်။ ငါ့ရဲ့ နေသာသောညဟာ အရင်တုန်းက မန္တာန်တစ်ခုသာသာပဲ။ ဒါပေမဲ့ အခု အကြွင်းမဲ့အစကို နားလည်ပြီးတဲ့နောက် ဒီမန္တာန်ဟာ နေမင်းကို အစားထိုးနိုင်ပြီ…”

ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်၏။ သူ့ဘယ်မျက်လုံးမှ အလင်းသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံလွှမ်းလာသည်။

လျှိုကျင်းပြောင်နှင့် ပင်လယ်နဂါးတို့သည် နောက်ဆုတ်သွားခဲ့တာ ကြာမြင့်နေလေပြီ။ သူတို့က ဝမ်လင်းအနီး၌ မနေဝံ့ကြပေ။ အလင်းဖြင့် ဖုံးအုပ်နေသော ဝမ်လင်းသည် ကောင်းကင်ထက်သို့ ပျံသန်းတက်လာ၏။ သူသည် နေမင်းအလား မြင့်တက်လာသည့်နှယ်။

ထိုအခါ အမှောင်ထုသည် တလွှာချင်း လွင့်ပြယ်ရသည်။ ဝမ်လင်းကြောင့် ဖြစ်ပေါ် မြင့်တက်လာသော နေမင်း၏အောက်၌ မြေကမ္ဘာပေါ် ပက်ဖြန်းနေသော အမှောင်ထုသည် အရည်ပျော်ကြသွားသည့်အလား။

ဝမ်လင်း၏နေမင်းထံမှ နေအလင်းရောင်သည် တန်လင်းဘုံကျောင်းကို ခြုံလွှမ်းသည့်အခါ ဘုံကျောင်းအတွင်း၌ ထိုင်နေသော ဘိုးဘေးက မျက်လုံးဖွင့်လာ၏။ သူက ဘုံကျောင်းအပြင်ဘက်သို့ လှမ်းကြည့်ပြီး ငြိမ်သက်စွာ စဉ်းစားနေသည်။

“အမှောင်ထုကို ဖယ်ရှားတဲ့ ဒီအလင်းဟာ နေမင်းအစစ်အမှန်လား ဒါမှမဟုတ် မန္တာန်တစ်ခုလားကို ငါတောင် မပြောနိုင်တော့ဘူး။ အခု ငါ အကြွင်းမဲ့အစကို နားလည်သွားခဲ့ပြီ…”

သူ လေထဲသို့ မြင့်တက်လာစဉ် လောကသည် ပို၍ တောက်ပလာကာ အမှောင်ထုအားလုံး လွင့်ကွယ်သွားတော့သည်။

ထိုဖြစ်စဉ်သည် အမွှေးတိုင်တစ်တိုင်ထွန်းစာလောက်သာ ကြာမြင့်၏။ ထို့နောက် အစစ်အမှန်နေမင်းသည် အကွာအတေးတစ်ခု၌ ဖြည်းဖြည်းချင်း ပေါ်လာလေ၏။ ထိုစဉ် ကောင်းကင်ထက်တွင် နေနှစ်စင်း ထွန်းလင်းပေါ်လာချေသည်။

ဝမ်လင်းက လှည့်၍ သူ့နောက်ရှိ နေမင်းထံ ကြည့်သည်။ သူ၏မျက်လုံးက တောက်ပနေ၏။ သူက ကောင်းကင်ထက်သို့ မြင့်တက်လာသော နေမင်းကို စောင့်ကြည့်နေပြီးနောက် မျက်လုံး ပြန်မှိတ်သည်။

“ဒါဟာ အကြွင်းမဲ့အစအနှစ်သာရလား။ ငါ နားလည်သွားပြီ…”

ဝမ်လင်းပတ်လည်ရှိ အလင်းသည် လွင့်ပျောက်သွားကာ သူက မျက်လုံးမှိတ်ထားလေ၏။ သူသည် ကောင်းကင်ထက်တွင် တနေကုန် ရပ်နေသည်။

နေဝင်သွားပြီးနောက် ညအချိန်သို့ ရောက်လာသည့်အခါတွင်တော့ ဝမ်လင်း၏ခန္ဓာကိုယ်သည် ရေကန်ထဲသို့ တဖြည်းဖြည်း ပြန်နစ်မြုပ်သွားလေသည်။

“အကြွင်းမဲ့အစဟာ နေထွက်တာ၊ ဒီတော့ နောက်ထပ် နေဝင်တာကို ထိန်းချုပ်နိုင်တဲ့ အထူးအနှစ်သာရတစ်ခု ရှိလိမ့်အုံးမှာပဲ…”  ဝမ်လင်းသည် သူ့ကိုယ်သူ တန်လင်းကန်နှင့် ပေါင်းစည်းလိုက်ပြန်သည်။

သူသည် တန်လင်းရေကန်ကို အသုံးပြုသည့်အခါ သူ့ဘယ်မျက်လုံးက တောက်ပလွန်းနေ၏။ သို့သော် သူ့ညာမျက်လုံးထဲရှိ အမြင်အာရုံကမူ ဝေဝါးနေဆဲပင်။ မည်သည့်အရာကိုမျှ မတွေ့မြင်ပေ။

“ငါ့ဘယ်မျက်လုံးထဲမှာ မြင်ရတာဟာ နေထွက်တာဆို၊ ငါ့ညာမျက်လုံးဟာ ညအမှောင်ကို မြင်ရမယ်…”  မကြာမီတွင် ဝမ်လင်းသည် နိုးထလာ၏။ သို့သော် သူက လက်မလျှော့ပေ။ ထပ်ခါထပ်ခါ ကြိုးစားလေ၏။

ညနက်ပိုင်းသို့ မရောက်သေးချိန်၊ လောကတခွင်လုံး ငြိမ်သက်တိတ်ဆိတ်နေချိန်၌ ဝမ်လင်းသည် မျက်လုံးမှိတ်ကာ သူ့ကိုယ်သူ တန်လင်းကလန်ထဲ၌ နစ်မြုပ်ထားလေ၏။

သူ့ညာမျက်လုံးထဲရှိ အမြင်သည် ဆက်လက် ဝေဝါးခြင်း မရှိတော့ဘဲ တဖြည်းဖြည်း နက်မှောင်လာသည်။ ထိုနက်မှောင်မှုက သူ့ဘယ်မျက်လုံးနှင့် ပြဒါးတစ်လမ်း၊သံတစ်လမ်းပင်။

ထိုအခါ၌ ဝမ်လင်း၏စိတ်သည် နှစ်ပိုင်းကွဲသွားပုံ ရသည်။ တစ်ခုက နေထွက်လာသောအလင်းကို ကိုယ်စားပြုပြီး တခြားတစ်ခုက နေဝင်သည့်နောက် အမှောင်ထုကို ကိုယ်စားပြုလေသည်။

“ငါဟာ လေဟာနယ်ထဲကို ဖြတ်သန်းသွားလာခဲ့ပြီး နေဝင်တဲ့နောက် အမှောင်ထုကို တွေ့မြင်ခဲ့တယ်။ အကြွင်းမဲ့အစပြီးတဲ့နောက် အကြွင်းမဲ့အဆုံးဟာ ရောက်လာမယ်။ အကြွင်းမဲ့အဆုံးအနှစ်သာရဟာ အမှောင်ထုအားလုံးကို ကိုယ်စားပြုတယ်…”

ထိုတိုးညင်းသောအသံတစ်သံသည် ဝမ်လင်း၏စိတ်ထဲတွင် ထပ်ခါထပ်ခါ ပဲ့တင်ထပ်နေ၏။

အချိန် ကုန်လွန်လာသည်။ ဝမ်လင်းသည် တန်လင်းကန်၌ ရှိနေသည်မှာ သုံးလရှိခဲ့လေပြီ။ သည်သုံးလအတွင်း နေမင်းထွက်ပေါ်လာတိုင်း သူသည် ကောင်းကင်ထက်သို့ မြောက်တက်ကာ နေမင်းအဖြစ် ပြောင်း၍ အမှောင်ထုများကို ပယ်ဖျက်လွင့်ပြယ်စေသည်။ နေဝင်သွားချိန်၌ သူသည် ရေကန်ထဲ၌ ငြိမ်သက်စွာ ထိုင်ကာ အလင်းကို ဝါးမြိုသွားသော ညအမှောင်ကို ကြည့်ရှုသည်။

သုံးလတာအတွင်း နေဝင်နေထွက်အကြိမ်ပေါင်း ရာချီ ရှိခဲ့လေ၏။ တန်လင်းကလန်၏ ထူးခြားသော အာရုံခံစားမှုကြောင့် ဝမ်လင်းသည် အကြွင်းမဲ့အဆုံးအနှစ်သာရကိုလည်း နက်နက်နဲနဲ ဖြည်းဖြည်းချင်း နားလည်လာခဲ့သည်။

သို့သော် အကြွင်းမဲ့အစကဲ့သို့မဟုတ်ဘဲ သုံးလတာသည် သူ့အဖို့ အကြွင်းမဲ့အဆုံးအနှစ်သာရကို ပိုင်ဆိုင်ဖို့ လုံလောက်သည်ထက် ပိုနေ၏။ သုံးလတာပြီးနောက် သူ၏နားလည်မှုသည် ပို၍ နက်ရှိုင်းလာခဲ့သည်။

သို့သော် သူသည် အကြွင်းမဲ့အဆုံးအနှစ်သာရကို ဖမ်းဆုပ်ကာ အာရုံခံနေဆဲ ဖြစ်၏။

သူသည် ထွက်သွားဖို့ အလျင်မလိုပေ။ သူက ဒီနေရာတွင်နေကာ နေနှင့်ည၏ပြောင်းလဲမှုများကို လေ့လာစောင့်ကြည့်ဖို့ ဆုံးဖြတ်ထား၏။ တခါတရံ သူသည် နားလည်ဆင်ခြင်ဖို့အတွက် တန်လင်းကလန်နှင့် ပေါင်းစပ်သည်။

ထိုသို့ဖြင့် ရှစ်နှစ်တာကာလသည် ဖြတ်ခနဲအတွင်း ကုန်ဆုံးသွားလေသည်။

သည်ရှစ်နှစ်အတွင်း မည်သည့်ဧည့်သည်မျှ တန်လင်းကလန်ထံ ရောက်မလာခဲ့ဘဲ တန်လင်းကလန်၏ ဘိုးဘေးကလည်း ဝမ်လင်းကို မနှောက်ယှက်ပေ။ ဝမ်လင်းသည် ရှစ်နှစ်လုံး အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ခဲ့၏။

သည်ရှစ်နှစ်အတွင်း လျှိုကျင်းပြောင်သည် မည်သည့်နည်းလမ်းကို အသုံးပြုလိုက်မှန်း မသိရဘဲ ရွှေအဆင့်ထိပ်သီးပင်လယ်နဂါးနှင့် အပေးအယူ တည့်နေတော့၏။ ထိုနဂါးက လျှိုကျင်းပြောင်ကို ၎င်း၏ ကျောပေါ်သို့ပင် တက်ခွင့်ပြုကာ လောကကို ကြည့်မြင့်ခွင့် ပေးလေ၏။

ထိုရှစ်နှစ်ပြီးနောက် နောက်ထပ်ငါးနှစ်တာ ကုန်လွန်လာခဲ့ပြန်သည်။

All Chapters