← Chapters

တကိုယ်တော် ထွန်းထင်းတောက်ပခြင်း(၁)

Vol. 145 Ch. 2004

တကိုယ်တော် ထွန်းထင်းတောက်ပခြင်း(၁)

Vol. 145 Ch. 2004

အင်ပါယာစမ်းသပ်ကွင်းသည် ရှေးအချိန်များတည်းက ထူးခြားသောဟင်းလင်းပြင်၌ တည်ရှိခဲ့တာ ဖြစ်၏။ အင်ပါယာအတုကျင့်ကြံသူ တစ်ယောက်၏ နတ်ဘုရားအာရုံသည် ကောင်းကင်ထက်သို့ ထိုးတက်ပျံသန်းခြင်းအားဖြင့်သာ သူတို့က သည်နေရာသို့ ဝင်ရောက်နိုင်သည်။

အင်ပါယာအတုများသည် ကောင်းကင်ဘုံဘိုးဘေးက ဒီနေရာကို ထာဝရနတ်ဘုရားနယ်မြေကို တုပပြီး ဖန်တီးခဲ့တာကို သိကြသည်။ ဤသည်က ကောင်းကင်ဘုံသားနောက်မျိုးဆက်များကို ထာဝရနတ်ဘုရားနယ်မြေနှင့် အသားကျစေကာ မဟာအင်ပါယာများ ပိုမို ပေါ်လာစေမည့် အခွင့်အရေးကို မြင့်မားစေအောင် လုပ်ပေးသော နေရာတစ်ခုပင်။

ဟိုးလွန်ခဲ့သောနှစ်ပေါင်းမရေမတွက်နိုင်သည့် အချိန်တည်းက အင်ပါယာအတုများစွာသည် ဒီနေရာသို့ ရောက်လာပြီး သူတို့၏ခွန်အားကို သက်သေပြဖို့ အကြိမ်များစွာ ကြိုးစားကြပြီး ကောင်းကင်ဘုံကလန်တခွင်၌ ကျော်ကြားမှုရအောင် လုပ်ဆောင်ကြ၏။

အင်ပါယာစမ်းသပ်ကါင်းက မဟာအင်ပါယာငါးယောက်ပင် အတော်လေး အာရုံစိုက်သော နေရာတစ်ခုပင်။ သူတို့အောက်ရှိ အင်ပါယာအတု ကိုးဆယ်ရာခိုင်နှုန်းလောက်က နန်းတော်အတော်အတန်ကို ဖြတ်ကျော်ပြီးသူများပင်။

ပထမဆုံးနန်းတော်၏ အပြင်ဘက်ရှိ အင်ပါယာအတုရာချီ၏ အကြည့်ရှေ့တွင် ဝမ်လင်းသည် အလင်းတန်းတစ်ခုအဖြစ် ရောက်လာ၏။ သူသည် ပထမဆုံးနန်းတော်နှင့် နီးကပ်လာသည့်အခါ ထိုအလင်းက ပျောက်ကွယ်သွားပြီး သူက မြေပြင်ထက်သို့ ဆင်းသက်လာသည်။

သူသည် ပထမနန်းတော်၏ အပြင်ဘက် ဧရိယာသို့ ခြေချလိုက်သည့်အခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အကြည့်က သူ့ထံ ကျရောက်လာသည်။

ဝမ်လင်းသည် ဘေးပတ်လည်သို့ ကြည့်လိုက်ပြီး တည်ငြိမ်စွာ ရှိနေ၏။ သူက သည်အင်ပါယာအတုများထဲမှ တချို့နှင့် ဆုံခဲ့ဖူးပြီး ဖြစ်၏။ သို့သော် သူသည် အများစုကိုတော့ အရင်က မမြင်ဖူးခဲ့ပေ။ တကယ်တော့ သည်နှစ်များအတွင်း လူများသည် လာလိုက်သွားလိုက် မဟုတ်လား။ တချို့က ထွက်သွား၏။ တခြားသူတို့က ပြန်လာပြီး ကြိုးစားကြည့်ကြ၏။

ဝမ်လင်းကို သိကြသောသူများက ပြုံးပြကာ လက်နှစ်ဖက်ဆုပ်၍ သူ့ကို နှုတ်ဆက်ကြသည်။ ဝမ်လင်းကလည်း ပြုံး၍ ပြန်တုန့်ပြန်၏။ အင်ပါယာအတုများကြား ရန်ငြှိုးတစ်ခု မရှိပါက မောက်မာသည့်စရိုက်မရှိပါက သူတို့သည် မိတ်ဆွေများ ဖြစ်ကြတာ များပေ၏။

ဝမ်လင်း ပျောက်နေတာ ဆယ်စုနှစ်အနည်းငယ် ရှိသော်လည်း သူက နန်းတော်လေးခုကို တခါတည်း ဖြတ်သန်းနိုင်ခဲ့သူ ဖြစ်၍ တချို့အင်ပါယာအတုများက သူနှင့် မိတ်ဆွေဖြစ်ချင်ကြပေသည်။

သို့သော်လည်း နန်းတော်လေးခုကို ဖြတ်သန်းနိုင်ခြင်းက တချို့အင်ပါယာအတုများ၏ မျက်လုံးထဲ၌ လုံလောက်အောင် အထင်ကြီးစရာ မရှိချေ။

“လွန်ခဲ့တဲ့နှစ်အချို့က ဆံဖြူအင်ပါယာဟာ ပထမဆုံးနန်းတော်ကို ဝင်ရောက်ခဲ့ပြီး ကျရှုံးခဲ့တယ်လို့ ငါ ကြားခဲ့ရတယ်။ ဒါပေမဲ့ အဲ့နောက် သူက တခါတည်း နန်းတော်လေးခုကို ဖြတ်သန်းနိုင်ခဲ့တယ်။ သူက သာမန်မဟုတ်လောက်ဘူး…”

“နန်းတော်လေးခုလား။ နန်းတော်လေးခုဆိုတော့ရော ဘာဖြစ်သေးသလဲ။ ငါတို့ကြားမှာ နန်းတော်လေးခုကို မဖြတ်သန်းနိုင်တဲ့သူ ဘယ်သူရှိလဲ…”

“အမှန်ပဲ။ ဒီဆံဖြူအင်ပါယာအတုက အများဆုံးမှ ငါးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ရုံလောက်ပဲလို့ ငါကတော့ ထင်တယ်…”

ပတ်ဝန်းကျင်မှ အင်ပါယာအတုများက ဝမ်လင်းကို ကြည့်နေကြ၏။ သူတို့တစ်ယောက်ချင်းစီ၌ ကိုယ်ပိုင်အတွေးများ ရှိနေကြပေသည်။ သို့သော်လည်း အင်ပါယာအတုအဆင့်၌ သူတို့သည် ထိုအတွေးများကို သူတို့၏မျက်နှာထက်တွင် ထုတ်ပြလိမ့်မည် မဟုတ်ပေ။

အကွာအဝေးတစ်ခုတွင် အင်ပါယာအတုကျူးလင်းက ထိုင်နေပြီး သူက ဝမ်လင်းကို လှမ်းကြည့်၏။ တအောင့်အကြာတွင် သူက မျက်လုံးပြန်မှိတ်ကာ ဆက်မကြည့်တော့ပေ။

သူက အင်ပါယာအတုတိုင်းကို အထင်သေးခြင်းတော့ မဟုတ်ချေ။ သို့သော် သူ့အနေဖြင့် ဝမ်လင်းကို ခုနစ်ခုမြောက်နန်းတော်အား ဖြတ်သန်းနိုင်လိမ့်မည်ဟု မထင်ထားပေ။

ဝမ်လင်းက ချက်ခြင်းလိုလို အင်ပါယာအတုစမ်းသပ်ကွင်းသို့ မဝင်ရောက်သေးပေ။ သူက ပထမဆုံးနန်းတော်ရှေ့၌ ရပ်ကာ မော့ကြည့်နေ၏။ နန်းတော်တခုချင်းစီက တခြားတစ်ခုထက် ပိုမြင့်သော နေရာတွင် ရှိနေပြီး ကိုးခုမြောက်နန်းတော်ကတော့ ဝေဝေဝါးဝါးသာ အောက်ဘက်ကနေ လှမ်းတွေ့ရသည်။

သည်နှစ်များအတွင်း ဝမ်လင်းက အင်ပါယာစမ်းသပ်ကွင်း၌ နန်းတော် စုစုပေါင်း ဆယ့်ကိုးခု ရှိတာကို သိခဲ့၏။ ကိုးခုမြောက်နန်းတော်ကို ချိုးဖျက်နိုင်သော အင်ပါယာအတုများသည် အယောက်ခြောက်ဆယ်ပင် မပြည့်ပေ။ ထိုသို့ ချိုးဖျက်နိုင်ခဲ့သူများကတော့ အင်ပါယာအတုအဆင့်၌ ထိပ်ဆုံးတွင် ရှိနေသူများပင်။ ထိုသူတို့သည် နောက်ထပ် ဆယ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်သည်နှင့် ဩဇာအင်ပါယာအဆင့်သို့ ရောက်နိုင်လိမ့်မည် ဖြစ်၏။

ထိုအခါကျလျှင် အင်ပါယာစမ်းသပ်ကွင်း၌ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပေလိမ့်မည်။ တကယ်တော့ ဩဇာအင်ပါယာအဆင့်တစ်ယောက်ကို မျက်မြင်တွေ့ရခြင်းသည် ရှားပါးလှသည် မဟုတ်လား။

ဤသို့သော အဖြစ်က မဟာအင်ပါယာများကိုပင် ကိုယ်တိုင်လာရောက်ကာ ကြည့်ရှုစေနိုင်သည့်အထိ အာရုံစိုက်မိစေပေလိမ့်မည်။

သို့သော် ကောင်းကင်ဘုံကလန်၌ ဩဇာအင်ပါယာအဆင့်(၄၈)ယောက်သာ ရှိပေ၏။ နှစ်ပေါင်းများစွာ လွန်လာခဲ့သော်လည်း လေးဆယ့်ကိုးယောက်မြောက်လူ မပေါ်လာခဲ့သေးပေ။ ထိုသည်က ဒီဆယ်ခုမြောက်နန်းတော်က မည်မျှ ခက်ခဲသည်ကို ပြသနေပေသည်။

ဩဇာအင်ပါယာအဆင့်ကျင့်ကြံသူတွေကသာ ဆယ်ခုမြောက်နန်းတော်ပြီးသည့်နောက် ဆယ့်တစ်ခုမြောက်နန်းတော်ကို ချိုးဖျက်ဖို့ ကြိုးစားနိုင်ကြသည်။ သင်သည် ဆယ့်ကိုးခုမြောက်နန်းတော်ထိ ဖြတ်သန်းနိုင်ပါက မဟာအင်ပါယာတစ်ယောက် ဖြစ်လာဖို့ထိ အခွင့်အရေး ကြီးကြီးမားမား ရှိသည်ဟု ဆိုကြသည်။ ဆယ့်ကိုးခုမြောက်နန်းတော်ကို ချိုးဖျက်နိုင်သော ဩဇာအင်ပါယာတစ်ယောက်၏ တိုက်ပွဲစွမ်းအားသည် မဟာအင်ပါယာတစ်ယောက်သည်ပင် လက်လွတ်စပယ် သွားမရှုပ်နိုင်တော့ချေ။

သို့သော် ဆယ့်ကိုးခုမြောက်နန်းတော်ကို ချိုးဖျက်နိုင်သည့် ဩဇာအင်ပါယာကျင့်ကြံသူက တစ်ယောက်မျှ မရှိပေ။ အစွမ်းထက်ဆုံးဩဇာအင်ပါယာဖြစ်သူ၊ မန်တောက်သည်ပင် ဆယ့်ခြောက်ခုမြောက်နန်းတော်၌ ရပ်နေခဲ့ကာ မဖြတ်သန်းနိုင်သေးချေ။

နှစ်ပေါင်းတစ်သောင်းအတွင်း မည်သူကမျှ မန်တောက်ကို ဖိနှိပ်နိုင်ကြခြင်း မရှိသေးပေ။ ခုခါ၌ သူသည် နောင်တွင် မဟာအင်ပါယာတစ်ယောက် ဖြစ်လာနိုင်ချေ အရှိဆုံးသူ ဖြစ်၏။ ထို့ကြောင့် သူ့ကို အချို့က ကောင်းကင်ဘုံကလန်၏ ခြောက်စင်းမြောက်နေဟုလည်း ခေါ်ကြသည်။

သူ၏အမည်က မဟာအင်ပါယာများလောက် မကြီးမြတ်သော်လည်း သူက မဟာအင်ပါယာများအောက်၌ အကျော်ကြားဆုံးသူပင်။ အစွန်းရှစ်ပါးမဟာအင်ပါယာ(ကောင်းကင်ဘုံအင်ပါယာ)သည် မန်တောက်ကို သူ့လက်အောက်သို့ ဝင်ဖို့ တန်ကြေးကြီးကြီးမားမား ပေးကာ စွဲဆောင်ခဲ့ရပေ၏။ သူက မန်တောက်ကို တခြားအင်ပါယာအတု၊ သို့မဟုတ် ဩဇာအင်ပါယာများကဲ့သို့ မဆက်ဆံပေ။ အလေးပေးကာ ဆက်ဆံပေ၏။

“အင်ပါယာမြို့ကို သွားမယ့် ငါ့ရဲ့ ခရီးစဉ်မှာ ငါဟာ နာမည်ကျော်ဩဇာအင်ပါယာမန်တောက်နဲ့ တွေ့ချင်တွေ့ရလိမ့်မယ်။ အဲ့ပုဂ္ဂိုလ်ဟာ နံပါတ်တစ်ဩဇာအင်ပါယာ ဖြစ်တဲ့အတွက် သာမန်ထက်ထူးကဲမှာပဲ…”

ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။

“ဒီတစ်ကြိမ်…ငါက လူတိုင်းကို တချီတည်းနဲ့ တုန်လှုပ်သွားစေရမယ်…”  ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။ သူက တည်ငြိမ်စွာ ရှိနေသည်။ ခဏအကြာတွင် သူ မျက်လုံးပြန်ဖွင့်လာပြီး သူ၏မျက်လုံးတို့မှာ အရောင်တောက်နေသည်။ သူက ပထမဆုံးနန်းတော်ထံ ပျံသန်းလာပြီး အထက်သို့ မြန်မြန်ဆန်ဆန် ဦးတည်လေ၏။

သူ လေထဲသို့ ပျံတက်လာသည့်အခါ တချို့အင်ပါယာအတုများက မော့ကြည့်လာ၏။ သို့သော် အများစုကတော့ မျက်လုံးမှိတ်ထားဆဲဖြစ်ပြီး သိပ်ဂရုမစိုက်ကြပေ။

အင်ပါယာအတုကျူးလင်ကလည်း မျက်လုံးမှိတ်နေပြီး လှမ်း၍ မကြည့်ချေ။

လူတစ်ယောက်သည် နန်းတော်တစ်ခုကို တခါ ဖြတ်သန်းပြီးပါက ၎င်းကို တိုက်ရိုက် ဖြတ်သန်းသွားနိုင်ကာ ဖြတ်သန်းခဲ့ပြီးနန်းတော်ထံမှ ဖိအားဖြင့် ဖိနှိပ်ခြင်း ခံရတော့မည် မဟုတ်ပေ။

ဝမ်လင်းသည် ကောင်းကင်ထက်သို့ မြန်ဆန်စွာ ပျံသန်းလာပြီး ပထမဆုံးနန်းတော်လေးခုကို ဖြတ်သန်းလာ၏။ သူက ငါးခုမြောက်နန်းတော်တွင် ရပ်ကာ တုံ့နှေးမနေဘဲ ခြေလှမ်းသည်။

သူသည် အင်ပါယာစမ်းသပ်ကွင်း၏ ငါးခုမြောက်အဆင့်သို့ ဝင်ရောက်လာသည့်အခါ သူ့အမြင်က ဝေဝါးသွား၏။ တအောင့်အကြာတွင် သူ့အမြင်က ပြန်ကြည်လင်သွားကာ သူက ကြယ်အဖွဲ့အစည်းတစ်ခုအတွင်း၌ ရှိနေ၏။

“လေးခုမြောက်နန်းတော်မှာ ဂြိုဟ်ပေါင်း(၃၆)ခုနဲ့ ရွှေရောင်ဂြိုဟ်တစ်ခု ရှိတယ်။ အဲ့ရွှေရောင်ဂြိုဟ်ဟာ တခြားဂြိုဟ်တွေ စုပေါင်းအားနဲ့ ညီမျှလောက်တယ်။ အခု ဒီငါးခုမြောက်အဆင့်မှာရော ရွှေရောင်ဂြိုဟ်ဘယ်နှစ်ခု ရှိမလဲ ငါ သိချင်မိတယ်…”

ဝမ်လင်းက သူ့ရှေ့ရှိ ကြယ်အဖွဲ့အစည်းကို ကြည့်၏။ သူ၏မျက်လုံးသည် အရောင်တောက်လာသည်။

သူ့ရှေ့တွင် ဂြိုဟ်လေးဆယ့်ငါးခုက လှည့်ပတ်လမ်းကြောင်းပြောင်းကာ သူ့ထံ အဘက်ဘက်ကနေ တိုးဝင်လာ၏။

ယင်းတို့နီးကပ်လာစဉ် ဂြိုဟ်ငါးခုက ရုတ်တရက် ချက်ခြင်းလိုလို ရွှေရောင်သို့ ပြောင်းသည်။ ၎င်းဂြိုဟ်ငါးခုသည် ပြင်းထန်သောဖိအားကို ထုတ်လွှတ်လျက် ဝမ်လင်းထံ ပျံသန်းလာသည်။

“ငါးခုလား…”  ဝမ်လင်းက လေဟာနယ်ထဲ၌ ရပ်နေ၏။ သူ၏အမူအရာက တည်ငြိမ်နေသည်။ ဂြိုဟ်များက သူ့ထံ ပျံသန်းလာသည့်အခါ သူက ရုတ်တရက် ညာလက်ကို ပင့်မြှောက်သည်။ သူ၏ လေဟာနယ်အတိဒုက္ခကျင့်ကြံခြင်းစွမ်းအား ပေါက်ကွဲထွက်လာသည်။

“တစ်ခု၊နှစ်ခု၊ သုံးခု၊ ဆယ့်တစ်၊ ဆယ့်နှစ်၊ ဆယ့်သုံး…”  ဝမ်လင်းက လက်သီးတင်းတင်းဆုပ်၏။ သူ့လက်ပတ်လည်တွင် တဖျောက်ဖျောက်အသံများနှင့်အတူ မန္တာန်ဆယ့်သုံးခု ပေါ်လာသည်။ ထိုအခိုက်တွင် သူ၏ကျင့်ကြံခြင်းအော်ရာသည် လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။ သို့သော် ၎င်းက ဆက်လက်မြင့်တက်လာဆဲပင်။

“လေဟာနယ်အတိဒုက္ခအလယ်အဆင်နဲ့ဆို ငါ မန္တာန်ဘယ်နှစ်ခုကို ပေါင်းစပ်နိုင်မလဲ ကြည့်ကြတာပေါ့…”

ဝမ်လင်း၏ ကျင့်ကြံမှုအပြည့်အဝ ပေါက်ကွဲထွက်လာ၏။

“ဆယ့်လေးခုမြောက် မန္တာန်…” နောက်ထပ်မန္တာန်တစ်ခု ဝမ်လင်း၏လက်သီးတွင် ပေါ်လာသည်။ ထို့နောက် ဆယ့်ခုမြောက်မန္တာန်ထိ ဆက်တိုက် ပေါ်လာလေသည်။

မျက်စိတမှိတ်အတွင်း မန္တာန်ပေါင်းနှစ်ဆယ့်တစ်ခု ရှိလာသည်။

“ငါ့ ထင်မြင်ချက်အရ လေဟာနယ်အတိဒုက္ခအဆင့်တိုင်းဟာ မန္တာန်အားဖြင့် ပေါင်းစပ်နိုင်တာ ကိုးခုလောက် တိုးတက်လာနိုင်တယ်။ လေဟာနယ်အတိဒုက္ခအစောပိုင်းအတွက် ကိုးခုဟာ အကန့်အသတ်ပဲ။ အလယ်အဆင့်ကို ရောက်ရင် ဆယ့်ရှစ်ခု ဖြစ်သင့်တယ်။ ဒါပေမဲ့ ငါ့ရဲ့ သတ္တုနဲ့သစ်သားအနှစ်သာရကြောင့် ငါ့ကျင့်ကြံမှုအဆင့် နည်းနည်းတိုးတက်လာခဲ့ပြီး ငါဟာ လေးခုလောက် ပို သိပ်သည်းနိုင်သင့်တယ်။ မန္တာန်နှစ်ဆယ့်နှစ်ခု…”

ဂြိုဟ်လေးဆယ့်ငါးခုက သူ့ထံ နီးကပ်လာနေစဉ် ဝမ်လင်း၏မျက်လုံးက အရောင်တောက်နေ၏။

“နှစ်ဆယ့်နှစ်ခုမြောက် မန္တာန်…”  ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားကာ သူ့လက်သီးထံမှ တုန်ဟည်းသံ ဖြစ်ပေါ်လျက် နှစ်ဆယ့်နှစ်ခုမြောက်မန္တာန် ဖွဲ့စည်းပေါ်လာသည်။

သူ၏လက်သီးထံမှ တုန်လှုပ်ဖွယ်အော်ရာ ထွက်ပေါ်နေ၏။ ထိုလက်သီးချက်ဖြင့် အရာအားလုံးကို ဖျက်စီးပစ်နိုင်သည့်အလား။

“နောက်ထပ် ထပ်ပေါ်လာသင့်သေးတယ်…နှစ်ဆယ့်သုံးခုမြောက်မန္တာန်…”

ဝမ်လင်းသည် မာန်သွင်း၏။ သို့သော် သူက တိုးဝင်လာသော ဂြိုဟ်များကို ချက်ခြင်း မတိုက်ခိုက်သေးပေ။ သူက အထက်သို့ ခုန်တက်ကာ သူ့ညာလက်က ပြည့်ဖောင်းလာသည်။ ပြင်းထန်သောအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲရှိ မြန်မြန်ဆန်ဆန် စီးဆင်းနေသော သွေးအစား ဝင်ရောက်သွားသည့်ဟန် တူကာ သူ၏လက်သီးတွင် စုဝေး၍ ကျယ်လောင်စွာ မြည်ဟိန်းသံကို ဖန်တီးသည်။

ထိုတုန်ဟည်းသံနှင့်အတူ ဝမ်လင်း၏ဆံပင်တို့က ကခုန်နေသည့်နှယ်။ နှစ်ဆယ့်သုံးခုမြောက်မန္တာန်က သူ့လက်တွင် ဖွဲ့စည်းလာလျက် သူ၏မျက်လုံးတို့က တောက်ပနေ၏။

“မန္တာန်နှစ်ဆယ့်သုံးခုဟာ ငါ့ခုလက်ရှိ ကျင့်ကြံမှုမှာ အကန့်အသတ်ပဲ။ အပိုမန္တာန်ဟာ တန်လင်းရေကန်က ငါ့ရဲ့ တခြားအနှစ်သာရတွေကို နည်းနည်း ပိုအားကောင်းအောင် လုပ်ပေးခဲ့လို့ ပေါ်လာနိုင်ခဲ့တာ ဖြစ်လောက်တယ်…”

ဝမ်လင်းက ခေါင်းငုံ့လိုက်၏။ သူ၏အောက်တွင် ဂြိုဟ်လေးဆယ့်ငါးခုက သူ့ထံ ပျံသန်းလာ၏။ ထိုထဲမှ ရွှေရောင်ဂြိုဟ်ငါးခုက ပြင်းထန်သောဖိအားကို ပေးစွမ်းနေသည်။ ယင်းတို့သည် ခုခါ၌ ဝမ်လင်းနှင့် ပေထောင်ချီလောက်သာ လိုပေတော့သည်။

“ငါ့ရဲ့ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်တစ်ခုတည်းနဲ့ ငါးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ဖို့ လုံလောက်တယ်…”

ထိုအခါ သူ၏ဒြပ်စင်ငါးခုခန္ဓာကိုယ်သည် ထွက်ပေါ်လာ၏။ ဝမ်လင်းက တိုးဝင်လာသော ဂြိုဟ်များထံ လက်သီးချက် ပစ်သွင်းလိုက်လေတော့၏။

ထိုလက်သီးချက်၌ ဝမ်လင်း၏ဒြပ်စင်ငါးခုကိုယ်ပွား၏ လက်သီးချက်ကိုပါ ထည့်ပေါင်းပါက မန္တာန်ပေါင်းလေးဆယ့်ခြောက်ခု ပါဝင်၏။ ယင်းလက်သီးချက်က ဂြိုဟ်လေးဆယ့်ငါးခုထံ တိုးဝင်လာတော့သည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ လေဟာနယ်သည် ပျက်စီး၍ အဆုံးမဲ့ရွှေရောင်အလင်းက လေဟာနယ်ကို ထွင်းဖောက်သည်။ ရွှေရောင်အလင်းက ငါးခုမြောက်နန်းတော်ကို ထွင်းဖောက်ကာ ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ယင်းအလင်းကို အောက်ဘက်ရှိ အင်ပါယာအတုရာချီက ကောင်းစွာ တွေ့မြင်လေသည်။

All Chapters