← Chapters

တကိုယ်တော် ထွန်းလင်းတောက်ပခြင်း(၄)

Vol. 145 Ch. 2007

တကိုယ်တော် ထွန်းလင်းတောက်ပခြင်း(၄)

Vol. 145 Ch. 2007

“ဒီကောင်လေးက သာမန်မဟုတ်ဘူးပဲ။ နှစ်ပေါင်းတစ်ရာ မပြည့်ခင်အတွင်းမှာ သူဟာ ကိုးခုမြောက်နန်းတော်ကိုပါ ဖြတ်သန်းနိုင်ခဲ့တယ်။ သူဟာ စည်းရုံးဖို့အတွက် ထိုက်တန်တယ်။ ရှိပါစေတော့…သူ ငါ့ကို တခါ ငြင်းဆိုခဲ့ဖူးပေမယ့်လည်း ဒီတစ်ကြိမ်တော့ ငါ့ကိုယ်ပွားတွေထဲကတစ်ယောက်နဲ့ သွားရောက်မယ်။ ဒါဆို သူက ငါ ဒီလိုလာခဲ့တာဟာ ဘယ်လောက်အရေးကြီးကြောင်း သိမှာပဲ…”

ရေတံခွန်အောက်တွင် ထိုင်နေရင်း မဟာအင်ပါယာတောက်ရီ၏အပြုံးက ပိုပီပြင်လာ၏။

မြောက်ပိုင်းကုန်းမြေရှိ ရေခဲပြင်၌ မဟာအင်ပါယာဝူဖန်က ရေခဲပြင်ကို ကြည့်လိုက်ပြီးနောက် မျက်လုံးမှိတ်လိုက်သည်။

“ဒီကောင်လေးဟာ တောင်တန်းပင်လယ်စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့ပြီး ကိုးခုမြောက်နန်းတော်ကိုလည်း ချိုးဖျက်နိုင်ခဲ့တယ်။ သူ့ရဲ့တိုက်ပွဲစွမ်းအားဟာ ဩဇာအင်ပါယာတစ်ယောက်နဲ့ အလားတူနေပြီ။ တောက်ရီက သူ့ကို တွေ့ဖူးတယ်။ ဒါပေမဲ့ တောက်ရီဟာ မောက်မာပြီး မာနကြီးတယ်။ သူဟာ သူ့နတ်ဘုရားအာရုံနဲ့ မသွားရောက်ပေမယ့်လည်း အများဆုံးမှ သူ့ကိုယ်ပွားကိုပဲ စေလွှတ်လိမ့်မယ်။ ဒီတစ်ကြိမ်မှာတော့ ငါက ငါ့မူရင်းခန္ဓာကိုယ်နဲ့ပဲ ကိုယ်တိုင်ကိုယ်ကျ သွားလိုက်တော့မယ်။ ဒီကောင်လေးက ဘယ်သူထံ ချည်းကပ်တာဟာ ပိုအရေးကြီးတယ်ဆိုတာကိုတော့ သိနိုင်လောက်မှာပါ…”

အင်ပါယာတောင်ပေါ်၌လည်း လှပသောအမျိုးသမီးက ပျော်ရွှင်ဟန်အပြုံးကို ထုတ်ဖော်နေ၏။ သူမသည် ဝမ်လင်း ကိုးခုမြောက်နန်းတော်ကို ချိုးဖျက်ခဲ့ချိန်၌ ဝမ်လင်းထက်ပင် ပိုပျော်နေသည့်အလား။

သို့သော် သူမဘေးရှိ အဘိုးအိုကမူ နွေဦးသစ်ရွက်ကို တချက်သာ လှမ်းကြည့်ပြီး အရေးစိုက်ဟန် မပြပေ။

ထိုအဘိုးအိုက ခေါင်းယမ်းကာ ပြောလိုက်သည်။ “ဒါဟာ ကိုးခုမြောက်နန်းတော်ပါပဲ။ အင်ပါယာအတုအထွတ်အထိပ်ပဲ ရှိသေးတယ်။ သူဟာ ဆယ်ခုမြောက်နန်းတော်ကို ချိုးဖျက်နိုင်တဲ့နောက် သူဟာ ဩဇာအင်ပါယာတစ်ယောက် ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ဆယ်ခုမြောက်နန်းတော်ဟာ ဩဇာအင်ပါယာရဲ့ အောက်ဆုံးအဆင့်ပဲ။ သူဟာ ဩဇာအင်ပါယာမန်တောက်နဲ့ ယှဉ်ဖို့တော့ အဝေးကြီး လိုသေးတယ်…”

မိန်းမလှက နောက်လှည့်ကာ ပြောလာ၏။ “ဆရာ…”

ထိုအဘိုးအိုက ခါးသီးဟန်ဖြင့် ပြန်ပြော၏။ “သူသာ ဆယ်ခုမြောက်နန်းတော်ကို ချိုးဖျက်နိုင်ရင် သူ ငါနဲ့ ပူးပေါင်းချင်လားလို့ သူ့ရှိ သွားမေးပေးမယ်…”

“အာ…အင်ပါယာစမ်းသပ်ကွင်းရဲ့ ပထမဆုံးနန်းတော်ကိုးခုဟာ အင်ပါယာအတုတွေအတွက်ပဲ။ ဆယ်ခုမြောက်နန်းတော်ကတော့ အင်ပါယာအတုနဲ့ဩဇာအင်ပါယာကြားက ကန့်သတ်စည်းဖြစ်တယ်။ ဆယ့်တစ်ခုမြောက်ကနေ စပြီးတော့ ကျင့်ကြံမှုအဆင့်နဲ့ တိုက်ပွဲစွမ်းအားအပြင် ကျင့်ကြံသူတစ်ယောက်ဟာ တာအိုအပေါ် နားလည်မှုနဲ့ ဉာဏ်အလင်း လိုအပ်လိမ့်မယ်…”

“အင်ပါယာစမ်းသပ်ကွင်းမှာ စမ်းသပ်မှု ဆိုတဲ့ စကားဟာ နောက်နန်းတော်ကိုးခုအတွက် သော့ချက်ပဲ။ နန်းတော်တိုင်းမှာ နင်ဟာ ကံကောင်းမှု ရနိုင်လိမ့်မယ်။ ပြီးတော့ ဒီဝမ်လင်းက…”

ထိုအဘိုးအိုက သူ့တပည့်မကို ကြည့်ကာ စကားပြောနေသည်အား ရပ်လိုက်၏။

အင်ပါယာအတုဟိုင်းဇီသည် စိတ်လှုပ်ရှားမှုတို့ ပြည့်နေ၏။ သူမက အသက်ဝဝရှိုက်သွင်းကာ မျက်လုံးမှိတ်ပြီးနောက် သူမ၏နတ်ဘုရားအာရုံသည် ကောင်းကင်ထက်သို့ ထိုးတက်သွားတော့သည်။

ဗဟိုကုန်းမြေ၏ အင်ပါယာမြို့တော်အတွင်း၌ ဗလာကင်းမဲ့သော ထည်ဝါခမ်းနားသည့် နန်းတော်တစ်ခု ရှိလေ၏။ ဝမ်လင်း ကိုးခုမြောက်နန်းတော်ကို ဖြတ်သန်းသည့် မြင်ကွင်း ပေါ်လာနေရင်း နန်းတော်တခွင် အေးတိအေးစက် ရယ်မောသံတစ်သံ ပဲ့တင်ထပ်လာသည်။

“ဒီလူဟာ တောက်ဖေ မမေ့ပစ်နိုင်တဲ့သူလား။ ငါ သူ့ကို လျှော့တွက်ခဲ့မိတာပဲ…”

အရှေ့ပိုင်းကုန်းမြေ၊ ခရမ်းယင်ကလန်၌ သက်လတ်ပိုင်းလူသည် သူ့ရှေ့ရှိ ကြေးမုံကို တကိုယ်တည်း ကြည့်နေ၏။ သူသည် အပြင်ဘက်မှ နာကျင်ထိတ်လန့်စွာ အော်ဟစ်သံများကို လုံးဝ လစ်လျူရှုကာ သူ၏မျက်လုံးသည် အရောင်တောက်နေလေ၏။

“ငါ သူ့ကို စည်းရုံးရမယ်။ မဟာအင်ပါယာနောက်ဆုံးအကြိမ် ပြန်လည်မွေးဖွားတုန်းက သူမဟာ  စိတ်ဝိညာဉ်နှစ်ပိုင်းကွဲသွားခဲ့တယ်။ နှစ်ပေါင်းများစွာ ကြာတဲ့နောက် ဩဇာတိကမ္မ ကင်းမဲ့တဲ့အတွက်ကြောင့် အင်ပါယာအတုများစွာနဲ့ ဩဇာအင်ပါယာတွေဟာ ထွက်သွားခဲ့ကြတယ်။ ခုဆို မဟာအင်ပါယာဟာ ထပ်ပြီးတော့ ပြန်လည်မွေးဖွားတော့မှာ။ အဲ့လူကိုသာ စည်းရုံးနိုင်ခဲ့ရင် သူဟာ အစွမ်းထက်တဲ့အစောင့်အရှောက် ဖြစ်လာနိုင်မှာပဲ…”

တချိန်တည်းမှာ အင်ပါယာစမ်းသပ်ကွင်းအတွင်း၌ ဝမ်လင်း ကိုးခုမြောက်နန်းတော်ကို ကျော်ဖြတ်ခဲ့ပြီးနောက် အောက်ဘက်မှ လူတိုင်းက သူ့ကို အရိုအသေ ပေးလိုက်ကြ၏။ အင်ပါယာအတုကျင့်ကြံသူတစ်ရာနီးပါးသည် အလျင်အမြန် ထွက်ခွာသွားကာ သူတို့၏ခန္ဓာကိုယ်များနှင့် ပေါင်းစပ်၏။ သူတို့က ခပ်မြန်မြန်ပင် သူတို့၏ အချိတ်အဆက်များကို အသုံးပြုကာ ဒီနေရာတွင် ဖြစ်ပျက်ခဲ့သမျှကို သူတို့နှင့် သိကြသော အင်ပါယာအတုများထံ သတင်းပို့ပေးကြသည်။

တကယ်တော့ ကိုးခုမြောက်နန်းတော်ကို ကျော်ဖြတ်နိုင်သည့် တစုံတစ်ယောက်သည် ကောင်းကင်ဘုံကလန်၌ အတော့်ကိုအရေးပါလှပေ၏။ ၎င်းကို တော်ဝင်သောအဖြစ်အပျက်ဟုပင် သတ်မှတ်၍ ရနိုင်သည်။ တအောင့်အကြာတွင် ကောင်းကင်ဘုံကလန်မှ ပိုမိုများပြားသော အင်ပါယာအတုများသည် အင်ပါယာစမ်းသပ်ကွင်းသို့ ဝရောသုန်းကား ရောက်ရှိလာကြသည်။

ဝမ်လင်းက ကိုးခုမြောက်နန်းတော် တောက်ပနေစဉ် လှမ်းလျှောက်ထွက်လာ၏။ သူက လေထဲ၌ ထိုင်ချကာ ဆယ်ခုမြောက်နန်းတော်ထံသို့ ဆက်လက်၍ မဦးတည်ချေ။ သို့သော် သူက အလျှော့ပေးတာလည်း မဟုတ်ပါ။

အင်ပါယာစမ်းသပ်ကွင်းသည် ရွှေရောင်အလင်းတို့ဖြင့် ပြည့်နေ၏။ သည်သတင်းကို ကြားသိသော အင်ပါယာအတုအားလုံးသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကနေ ရောက်ရှိလာကြ၏။ သူတို့ကလည်း ရွှေရောင်အလင်းကို တွေ့မြင်သည်။ သူတို့သည် ကိုးခုမြောက်နန်းတော်မှ ထုတ်လွှတ်နေသော အဆုံးအစမဲ့ရွှေရောင်အလင်းနှင့် ယင်းအလင်းကြား၌ ထိုင်နေသော ပုံရိပ်ကို ကြည့်ရှုကြ၏။

သူတို့၏အမူအရာများသည် အလေးအနက် ဖြစ်နေကြ၏။ မျှော်လင့်ချက်အရိပ်အယောင်လည်း ပါဝင်နေသည်။

သည်အခိုက်တွင် ဒီနေရာရှီ အင်ပါယာအတုအားလုံးသည် လှောင်ပြောင်လိုမှု စိတ်ဆန္ဒ တစိုးတစိမျှ ရှိမနေကြတော့ပေ။ သူတို့က သန်မာမှုကို လေးစားပေ၏။ ကိုးခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်သူ မည်သူမဆိုသည် အင်ပါယာအတုများ၏ အထွတ်အထိပ် မဟုတ်လား။

အချိန် တဖြည်းဖြည်း ကုန်လာ၏။ ပိုမိုများပြားသော အင်ပါယာအတုများက ဒီနေရာသို့ ရောက်လာကြ၏။ အလင်းတန်းများသည် တည်နေရာရွှေ့ပြောင်းခြင်းအစိအရင်ထံသို့ အဆက်မပြတ်သည့်အလား ရောက်ရှိလာနေသည်။

မကြာမီတွင် အင်ပါယာအတုကျင့်ကြံသူ ခုနစ်ရာနီးပါးသည် ရောက်ရှိလာကြ၏။ သည်အရေအတွက်က ကောင်းကင်ဘုံကလန်၏ အင်ပါယာအတုအားလုံး၏ ခုနစ်ဆယ်ရာခိုင်နှုန်းလောက်ပင် ဖြစ်၏။

သတင်းများ ရရှိပြီးနောက် သည်နေရာသို့ အသည်းအသန် လာရောက်နေသော အင်ပါယာအတုများလည်း ရှိနေသေး၏။

“ဒီကိစ္စဟာ ပွက်လောရိုက်စေတာပဲ။ ပိုများပြားတဲ့လူတွေလည်း အင်ပါယာစမ်းသပ်ကွင်းကို လာနေကြပြီ…”

“သူ ဆယ်ခုမြောက်နန်းတော်ကို ဖြတ်သန်းပြီးတာနဲ့ သူဟာ ဩဇာအင်ပါယာတစ်ယောက် ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ဆယ်ခုမြောက်နန်းတော်ဟာ အရင်ကိုးခုပေါင်းထက် ပိုခက်ခဲတယ်။ မဟုတ်ရင် လေးဆယ့်ကိုးယောက်မြောက် ဩဇာအင်ပါယာဟာ နှစ်ပေါင်းတစ်သိန်းအတွင်း ပေါ်လာနေလောက်ပြီ မဟုတ်လား…”

အင်ပါယာအတု ကျင့်ကြံသူခုနစ်ရာကျော်က အင်ပါယာစမ်းသပ်ကွင်း အနှံ့အပြားတွင် ရှိနေကြ၏။ သူတို့က တစ်ယောက်နှင့်တစ်ယောက် စကားပြောဆိုနေပြီး ဝမ်လင်း၏အမည်နဲ့ မည်သို့ဖြစ်ပျက်ခဲ့တာကို မေးမြန်းနေကြသည်။

အင်ပါယာအတုခုနစ်ရာကျော်ကြား၌ အလွန်တည်ငြိမ်နေသော အုပ်စုတစ်စု ရှိကာ တခြားသူများနှင့် ကွာခြားလှပေသည်။ သူတို့သည် နေရာတွင် ရပ်နေရုံဖြင့် တခြားအင်ပါယာအတုများက သူတို့ကို အင်မတန်ယဉ်ကျေးစွာ ပြုမူကြလေ၏။

ထိုအုပ်စုတွင် လူအရေအတွက်မှာ မများလှပေ။ သူတို့အားလုံးက ကိုးခုမြောက်နန်းတော်ကို ဖြတ်သန်းခဲ့ပြီးသူများ ဖြစ်ကာ ဆယ်ခုမြောက်နန်းတော်တွင် ရပ်တန့်နေကြသူများပင်။ သူတို့အားလုံးက ဝမ်လင်းသည် သူတို့အားလုံး အိပ်မက်မက်ရသော ဆယ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်မည်လားဟု တွေ့မြင်လို၍ ရောက်လာကြခြင်းပင်။

“အစ်ကိုကျောက်၊ ဒီလူဟာ ဆယ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်လိမ့်မယ်လို့ ထင်လား…”

“ခက်ခဲလွန်းတယ်။ ငါတို့နှစ်ယောက်လုံးလည်း ဆယ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ဖို့ ကြိုးစားခဲ့ကြပြီး မဟုတ်လား။ သူ့မှာ ဆယ်ခုမြောက်နန်းတော်ကို ကျော်ဖြတ်ဖို့ ယုံကြည်မှု ရှိရင်တော့ သူဟာ အဲ့နေရာမှာ ကျင့်ကြံနေလိမ့်မှာ မဟုတ်လောက်ဘူးလေ…”

နောက်ထပ်အမွှေးတိုင်တစ်တိုင်ဝက်စက် အချိန် ကုန်လွန်သွားပြီး ဖြစ်၏။ ခုခါ၌ သည်နေရာတွင် အင်ပါယာအတုရှစ်ရာနီးပါး ရှိနေပြီ ဖြစ်သည်။ ထိုထဲမှ တစ်ဝက်ကျော်သည် သူတို့ လုပ်လက်စများကို ရပ်ကာ သည်အရေးကြီးသောအဖြစ်အပျက်ကို မျက်မြင်တွေ့ရဖို့အတွက် သူတို့၏နတ်ဘုရားအာရုံများဖြင့် အသည်းအသန် ရောက်လာကြသူများပင်။

သည်လူအုပ်အတွင်း၌ လှပသောအမျိုးသမီးတစ်ယောက်လည်း ရှိနေ၏။ သူမကတော့ အင်ပါယာအတုဟိုင်းဇီပင်။ သူမသည် အင်ပါယာတောင်ပေါ်ရှိ နွေဦးသစ်ရွက်ကနေ ဒီက မြင်ကွင်းကို မကြည့်ရှုချင်တော့ဘဲ ကိုယ်တိုင်ကိုယ်ကျ လာကြည့်ခြင်းပင်။ သူမက ကောင်းကင်ထက်ရှိ ရွှေရောင်အလင်းထံ မော့ကြည့်ကာ ပြုံးလိုက်သည်။

“သူက တောင်တန်းပင်လယ်ကနေ ထွက်လာခဲ့တဲ့နောက် ဆယ်နှစ်ကျော် ပျောက်သွားခဲ့တယ်။ အခု သူ ပြန်ပေါ်လာတဲ့နောက် ဒီလောက်အံ့အားသင့်ဖွယ် ကောင်းလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့မိဘူး…”

အင်ပါယာအတု ရှစ်ရာနီးပါးသည် ဝမ်လင်း ဆယ်ခုမြောက်နန်းတော်ထံ ဦးတည်ချိုးဖျက်မည်ကို စောင့်နေကြစဉ် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က အဆက်မပြတ် လင်းလက်နေ၏။ ဝတ်ရုံဖြူဖြင့် သက်လတ်ပိုင်းလူတစ်ယောက် လှမ်းထွက်လာသည်။ သူက အေးတိအေးစက်ဟန် ရှိကာ လူအုပ်ကို ကြည့်ပင် မကြည့်ပေ။ သူက လေထဲသို့ ခုန်တက်ကာ ဝမ်လင်းထံ လှမ်းကြည့်သည်။

“ဩဇာအင်ပါယာမိုးနှင်း…”

“ဩဇာအင်ပါယာတွေတောင် ဒီကို ရောက်လာကြတာလား…”

“ဩဇာအင်ပါယာမိုးနှင်းတစ်ယောက်တည်း မဟုတ်ဘူး။ ကြည့်လိုက်…ဩဇာအင်ပါယာတောက်ကော ရောက်နေပြီ…”

ဩဇာအင်ပါယာများ ထွက်ပေါ်လာမှုက သည်နေရာရှိ အင်ပါယာအတုအားလုံး၏ အာရုံကို စွဲဆောင်သွား၏။ ထိုဩဇာအင်ပါယာတောက်က အဘိုးအိုတစ်ယောက်ပင်။ သူက လေထဲသို့ ပျံတက်ကာ မျက်မှောင်ကြုတ်နေ၏။ သူသည် သက်လတ်ပိုင်းလူထံ လှမ်းကြည့်ကာ သူတို့က တစ်ယောက်နှင့်တစ်ယောက် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက်တွင် သူတို့နှစ်ယောက်လုံးသည် ကောင်းကင်ထက်သို့ ကြည့်သည်။

“ဩဇာအင်ပါယာမန်းရှောင်…”

“ပြီးတော့ ဩဇာအင်ပါယာကလေးငယ်ပဲ။ သူ့ပုံပန်းသွင်ပြင်က ကလေးနဲ့တူနေတဲ့အတွက် ဒါ့ကြောင့် သူပဲ ဖြစ်ရမယ်။ ပြောကြတာက သူဟာ ဆယ့်နှစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းခဲ့ပြီးပြီလို့ ဆိုတယ်…”

ဩဇာအင်ပါယာလေးယောက်သည် ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၌ ပေါ်လာကြလေ၏။ သူတို့က တစ်ယောက်နှင့်တစ်ယောက် စကားမဆိုကြပေ။ သူတို့သည် ကောင်းကင်ထက်သို့သာ ချက်ခြင်း မော့ကြည့်ကြသည်။

ထိုအခိုက်တွင် ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်သွားသည်။ အကြောင်းမှာ ကိုးခုမြောက်နန်းတော်မှ ရွှေရောင်အလင်းကြား၌ ထိုင်နေသော ဝမ်လင်းက ရုတ်တရက် ထရပ်လာသောကြောင့်ပင်။ သူ၏အပြုအမူက လူတိုင်း၏အာရုံကို စိုက်မိစေ၏။

ဝမ်လင်းက လူအုပ်ကြီးကို လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်၏။ သို့သော် မကြာမီတွင် သူက စိတ်အေးသွားသည်။ သူ၏ပန်းတိုင်ကလည်း ကျော်ကြားရန် အတွက် မဟုတ်လား။ ထို့ကြောင့် လူ ပိုများလေလေ အကျိုးသက်ရောက်မှုက ပိုကောင်းလေပင်။

အောက်ဘက်မှ ဝမ်လင်းကို အောက်ရုံစိုက်မိစေသော ဩဇာအင်ပါယာလေးယောက် ရှိနေ၏။ ဝမ်လင်းက သူတို့ကို လှမ်းကြည့်သည့်အခါ ထိုလေးယောက်ကလည်း သူ့ကို ပြန်ကြည့်ကြသည်။ သူတို့အားလုံးက တည်ငြိမ်နေကာ မည်သည့်စိတ်ခံစားချက်ကိုမျှ မပြပေ။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်လိုက်ပြီး ဆယ်ခုမြောက်နန်းတော်ထံ မော့ကြည့်သည်။ သူက ခြေတလှမ်းလှမ်းကာ ဆယ်ခုမြောက်နန်းတော်ထံ မြန်ဆန်စွာ ပျံသန်းကာ ပျောက်ကွယ်သွားတော့သည်။

“သူ ဆယ်ခုမြောက်နန်းတော်ကို ဖြတ်ကျော်ဖို့ ကြိုးစားနေတာပဲ…”

“ဆယ်ခုမြောက်နန်းတော်ဟာ နဂါးဂိတ်တံခါးလို့ ဖော်ကြူးကြတယ်။ သူ ဒါကို ဖြတ်သန်းနိုင်ခဲ့ရင် သူက ငါတို့ ကောင်းကင်ဘုံကလန်မှာ လေးဆယ့်ကိုးယောက်မြောက် ဩဇာအင်ပါယာ ဖြစ်လာလိမ့်မယ်…”

အောက်ဘက်ရှိ ကျင့်ကြံသူအားလုံးသည် စိတ်ပါဝင်စားစွာ စောင့်ကြည့်နေကြ၏။

သည်အခိုက်တွင် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရှိ မဟာအင်ပါယာများ ဖြစ်သည့် တောက်ရီ၊ ဝူဖန်နှင့် အင်ပါယာမြို့အတွင်းမှ အစွမ်းထက်တည်ရှိမှုတို့က သူတို့၏ ကိုယ်ပိုင်နည်းလမ်းများဖြင့် အင်ပါယာစမ်းသပ်ကွင်း၌ ဝမ်လင်း ဆယ်ခုမြောက်နန်းတော်ထံ ဦးတည်သည်ကို ကြည့်ရှုနေသည်။

ခရမ်းယင်ကလန်၌လည်း သက်လတ်ပိုင်းလူက အသက်ဝဝရှိုက်သွင်းကာ မျက်တောင်မခတ်နိုင် ဖြစ်ကာ သည်အင်ပါယာစမ်းသပ်ကွင်းရှိ မြင်ကွင်းကို ကြည့်ရှုနေ၏။

“သူ ဖြတ်သန်းနိုင်မှာလား…” လူတိုင်းနီးပါ၏ စိတ်ထဲ၌ ထိုအတွေး ပေါ်လာသည်။

အချိန် ကုန်လွန်လာ၏။ ဝမ်လင်း ဆယ်ခုမြောက်နန်းတော်သို့ ဝင်ရောက်သွားချိန်မှစ၍ အသက်ရှစ်ရှိုက်စာအချိန် ရောက်လာခဲ့လေပြီ။

ကိုးကြိမ်မြောက်၊ ဆယ်ကြိမ်မြောက် အသက်ရှိုက်စာကြာချိန်။

အကြည့်များအားလုံးက ဆယ်ခုမြောက်နန်းတော်၌သာ စုဝေးနေ၏။ သည်နန်းတော်ထံမှ ရွှေရောင်အလင်း မထုတ်လွှတ်သည်မှာ နှစ်ပေါင်းတစ်သိန်း ရှိခဲ့လေပြီ။

သို့ပေမည့် အတိတ်တုန်းက ၎င်းနန်းတော်ထံမှ ရွှေရောင်အလင်း ထုတ်လွှတ်တိုင်း ကောင်းကင်ဘုံကလန်၌ ဩဇာအင်ပါယာတစ်ယောက် ထပ်မံ ပေါ်ထွက်လာပြီဟု ဆိုလိုပေသည်။

ကောင်းကင်ဘုံကလန်၌ ဩဇာအင်ပါယာလေးဆယ့်ရှစ်ယောက် ရှိပေ၏။ နောက်တစ်ယောက် ပေါ်လာခြင်းက ကောင်းကင်ဘုံကလန်တခုလုံးအတွက် ရွှင်မြူးဖွယ်အဖြစ်ပင်။ ရှေးကလန်ကပင် သူတို့၏အမည်ကို သိကြလိမ့်မည် ဖြစ်၏။ ထိုကဲ့သို့ ကျင့်ကြံသူများက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေတစ်ခုလုံးတွင် အုတ်အော်သောင်းနင်း ဖြစ်သွားစေနိုင်သည်သာ။

ဆယ့်တစ်ကြိမ်၊ ဆယ့်နှစ်ကြိမ်….အကြိမ်နှစ်ဆယ်မြောက်အသက်ရှိုက်စာကြာချိန်။

“သူ ကျရှုံးသွားလောက်ပြီ…” အောက်ဘက်ရှိ တချို့အင်ပါယာအတုများက သက်ပြင်းချမိ၏။

သို့သော် ထိုအခိုက်တွင် ငြိမ်သပ်တိတ်ဆိတ်နေသော အင်ပါယာစမ်းသပ်ကွင်း၌ တုန်လှုပ်စွာ အော်သံများ ထွက်ပေါ်လာချေတော့သည်။

“ရွှေရောင်အလင်း။ ဒါက ရွှေရောင်အလင်းပဲ…”

“ဆယ်ခုမြောက်နန်းတော်ရဲ့ ရွှေရောင်အလင်းပဲ…”

“သူ…ဖြတ်သန်းနိုင်ခဲ့ပြီ…”

အသက်ရှိုက်စာအကြိမ်နှစ်ဆယ်ပြီးနောက် ဆယ်ခုမြောက်နန်းတော်ထံမှ ရွှေရောင်အလင်းသည် လူတိုင်း၏အကြည့်ရှေ့တွင် ထွက်ပေါ်လာခဲ့လေပြီ။

ဩဇာအင်ပါယာကျင့်ကြံသူလေးယောက်၏ အမူအရာများသည်ပင် အလေးအနက် ဖြစ်လာကြ၏။

All Chapters