← Chapters

တကိုယ်တော်ထွန်းလင်း တောက်ပခြင်း(၅)

Vol. 145 Ch. 2008

တကိုယ်တော်ထွန်းလင်း တောက်ပခြင်း(၅)

Vol. 145 Ch. 2008

အင်ပါယာစမ်းသပ်ကွင်း၏ ကောင်းကင်ထက်တွင် နှစ်ပေါင်းတစ်သိန်း မတောက်ပခဲ့သော ဆယ်ခုမြောက်နန်းတော်ထံမှ လင်းထင်းသော ရွှေရောင်အလင်းသည် ပေါက်ကွဲထွက်လာ၏။ ထိုရွှေရောင်အလင်းက ပျံ့နှံ့ကာ အောက်ဘက်မှ ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် ပြည့်လျှံသည်။

ထိုရွှေရောင်အလင်း ပျံ့နှံ့လာနေရင်း ဧရာမပုံရိပ်တစ်ခု ပေါ်လာ၏။ ထိုပုံရိပ်က ဝမ်လင်း မဟုတ်ပေ။ သို့သော် အတိုင်းမသိထည်ဝါမြင့်မြတ်မှုတို့ ပြည့်နေသော ပုံရိပ်ပင်။

ထိုအရိပ်က ကြီးမားလှချေ၏။ ၎င်းသည် ဆယ်ခုမြောက်နန်းတော်ထံမှ ရွှေရောင်အလင်းကနေ ပေါ်လာခြင်း ဖြစ်ကာ မကြာမီတွင် ပိုထင်ထင်ရှားရှား ရှိလာ၏။

သူ၏ ရုပ်သွင်မှာ ချောမောလှပြီး ရှေးကျသောအော်ရာအပြင် သူ့ထံမှ ကောင်းကင်ဘုံသားအားလုံး သူ့အား ပူဇော်ချင်အောင် လုပ်နိုင်သည့် အရှိန်အဝါမျိုး ပေးစွမ်းနေ၏။

သူသည် ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ သူ့ခေါင်းပေါ်၌လည်း အင်ပါယာသရဖူကို ဆောင်းထားသည်။ သူသည် လောကကို အပေါ်စီးမှ ကြည့်ရှုနေသည့်နှယ်။

ထိုပုံရိပ်ပေါ်လာသည့်အခါ အင်ပါယာအတုကျင့်ကြံသူရှစ်ရာနှင့် ဩဇာအင်ပါယာလေးယောက်တို့သည် တုန်ယင်ကုန်သည်။

“ဒါဟာ အင်ပါယာစမ်းသပ်ကွင်းမှာ ကျန်ရစ်တဲ့ ကောင်းကင်ဘုံဘိုးဘေးရဲ့ အရိပ်ပဲ။ ဒီအရိပ်ဟာ ကောင်းကင်ဘုံဘိုးဘေးကနေ ကွဲထွက်လာခဲ့တာလို့ ဆိုနိုင်တယ်။ ကောင်းကင်ဘုံဘိုးဘေး သေသွားခဲ့ရင်တောင် ဒီအရိပ်ဟာ အင်ပါယာစမ်းသပ်ကွင်းနဲ့ ပေါင်းစပ်ပြီး တည်ရှိနေတုန်းပဲ…”

“ဆယ်ခုမြောက်နန်းတော်ဟာ အင်ပါယာအတုနဲ့ ဩဇာအင်ပါယာတွေကြားက ကန့်သတ်စည်းပဲ။ ဩဇာအင်ပါယာတိုင်းဟာ ကောင်းကင်ဘုံဘိုးဘေး ကိုယ်တိုင်ကိုယ်ကျ ဘွဲ့ထူးပေးထားခဲ့တာလို့ ဆိုကြတယ်။ ဒါက အမှန် ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး…”

“သူဟာ ဆယ်ခုမြောက်နန်းတော်ကို ဖြတ်သန်းခဲ့ပြီး ကောင်းကင်ဘုံဘိုးဘေးရဲ့ အရိပ်လည်း ပေါ်လာခဲ့ပြီ။ ဒီဝမ်လင်းဟာ နဂါးဂိတ်တံခါးကို ဖြတ်သန်းနိုင်ခဲ့ပြီး ဖြစ်တယ်။ ခုချိန်ကစပြီး သူဟာ ငါတို့ အင်ပါယာအတုတွေနဲ့ တတန်းတည်း မဟုတ်တော့ဘူး…”

“ကောင်းကင်ဘုံဘိုးဘေး ကိုယ်တိုင် ဩဇာအင်ပါယာဂုဏ်ပုဒ်ကို တစ်စုံတစ်ယောက်ရှိ ပေးအပ်တဲ့ မြင်ကွင်းကို ငါ ကိုယ်တိုင်ကိုယ်ကျ မြင်ရပြီ။ ဒီအင်ပါယာစမ်းသပ်ကွင်းကို လာခဲ့တဲ့ ခရီးစဉ်က အချိန်ဖြုန်းမိတာ မဟုတ်တော့ဘူး…”

ထိုဧရာမ၊ရွှေရောင်ပုံရိပ် ပေါ်လာသည့်အခါ အောက်ဘက်မှ ကျင့်ကြံသူအားလုံးသည် တလေးတစားဟန်ပန်များ ဖြစ်လာကာ အားလုံးက ဦးညွှတ်ကြလေ၏။ သူတို့ကို မည်သူကမျှ အတင်းအကြပ် ဦးညွှတ်စေခြင်း မဟုတ်ပါ။ သို့သော် ဤသည်က ကျင့်ကြံသူအားလုံး၏ လေးစားမှု ပြသခြင်း မည်၏။

“ကောင်းကင်ဘုံဘိုးဘေးရဲ့ မျိုးဆက်ဖြစ်တဲ့ ကျုပ်တို့က ဘိုးဘေးကို နှုတ်ဆက်ပါတယ်…”

ကျင့်ကြံသူအားလုံး၏အသံက အင်ပါယာစမ်းသပ်ကွင်း၌ ပဲ့တင်ထပ်နေသည်။

အောက်ဘက်မှ ကျင့်ကြံသူအားလုံးက ဦးညွှတ်လိုက်ချိန်၌ ဆယ်ခုမြောက်နန်းတော်ထံမှ တောက်ပနေသော ရွှေရောင်အလင်းထံကနေ ပုံရိပ်တစ်ခု ပျံသန်းထွက်လာ၏။ ထိုပုံရိပ်က ဝမ်လင်းပင်။

ဝမ်လင်း၏မျက်နှာက အနည်းငယ် ဖြူရောနေ၏။ သူ ပေါ်လာသည့်အခါ သူသည် ချက်ခြင်းပင် သူ့ရှေ့ရှိ ရွှေရောင်ပုံရိပ်ကြီးကို တွေ့မြင်သည်။ ထိုအခါ သူ့စိတ်က တုန်ယင်မိသွား၏။ ဝမ်လင်းအနေဖြင့် ကောင်းကငဘုံဘိးဘေးကို အရင်က နှစ်ကြိမ် တွေ့မြင်ခဲ့ဖူးပေသည်။

ထိုပုံရိပ်၏ ရွှေရောင်မျက်လုံးတစုံသည် အဆုံးအဆမဲ့ ထည်ဝါမှုတို့ ပြည့်နေ၏။ ယင်းအကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်လာသည်။ ထိုအကြည့်ထဲ၌ အတိုင်းမသိစွမ်းအား ပါဝင်နေကာ ၎င်းက ဝမ်လင်း၏ လျှို့ဝှက်ချက်တိုင်းကို လုံးဝ ဖြတ်မြင်နေသည့်အလား ထင်ရသည်။

ဝမ်လင်း၏စိတ်နှလုံး တုန်ယင်မိသွား၏။ သူက သည်အကြောင့်အောက်၌ အဝတ်ဗလာဖြစ်သွားသကဲ့သို့ ခံစားမိရသည်။ ထိုအကြည့်ရှေ့တွင် သူ့လျှို့ဝှက်ချက်အားလုံး ဖော်ထုတ်ခံရတော့မလို သူ ခံစားမိရသည်။

ဝမ်လင်းသည် ဤသည်ကို လုံးဝ မမျှော်လင့်ထားခဲ့မိပေ။ သူ၏ဆရာဖြစ်သူ၊ ရွှမ်လောသည်ပင် ဝမ်လင်းက ကောင်းကင်ဘုံကလန်၌ ဒီအဆင့်ထိ ရောက်လာလိမ့်မည်ဟု ထင်ထားခဲ့လိမ့်မည် မဟုတ်ပါ။

ထို့အတွက်ကြောင့် ဝမ်လင်းက မည်သည့်ပြင်ဆင်မှုမျှ မလုပ်ထားခဲ့ပေ။ ထို့ကြောင့် သူ့လျှို့ဝှက်ချက်အားလုံး ဖော်ထုတ်ခံရတော့မည် ဖြစ်သည်။ ဝမ်လင်း၏စိတ်ထဲ၌ ဧရာမလက်တဖက် ပေါ်လာကာ သူ့မှတ်ဉာဏ်များကို ဖြတ်သန်းနေ၏။ မည်သည့်အရာမျှ ဖုံးကွယ်မထားနိုင်ချေ။

၎င်းက သူ မွေးဖွားခဲ့စဉ်မှစ၍ သူ၏မှတ်ဉာဏ်များကို စတင် ရှာဖွေတော့သည်။

ကောင်းကင်ဘုံကလန်တခုလုံး၌ ဩဇာအင်ပါယာမှာ စုစုပေါင်းမှ လေးဆယ့်ရှစ်ယောက်သာ ရှိပေ၏။ ကောင်းကင်ဘုံကလန်အတွက် ဩဇာအင်ပါယာများသည် အလွန်အရေးပါသည်။ သည်အဆင့်ကျင့်ကြံသူများက မဟာအင်ပါယာများနောက် ဒုတိယလိုက်သူများ မဟုတ်လား။

ကောင်းကင်ဘုံဘိုးဘေးကိုယ်တိုင်ပင် ထိုကျင့်ကြံသူများကို အာရုံစိုက်ပေ၏။ အတိတ်တုန်းက ကောင်းကင်ဘုံဘိုးဘေးသည် ရှေးကလန် သို့မဟုတ် ပြင်ပကျင့်ကြံသူများသည် သူတို့၏အော်ရာများကို ဖုံးကွယ်ကာ ဒီနေရာသို့ လာရောက်ပြီး ဩဇာအင်ပါယာဂုဏ်ပုဒ်ကို ရရှိအောင် ကြိုးစားလာနိုင်သည်ဟု စဉ်းစားထားခဲ့ပြီးသား ဖြစ်၏။

သူ့အနေဖြင့် ထိုသို့ ဖြစ်လာခွင့် အဘယ်သို့ ခွင့်ပြုနိုင်ပါ့မည်နည်း။ အင်ပါယာအတု တစ်ဘောက်ဆိုပါက အဆင်ပြေအုံးမည်။ သို့သော် ဩဇာအင်ပါယာတစ်ယောက်ကမူ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှ ကျင့်ကြံသူများသာ ဖြစ်ရပေမည်။

သူတို့သည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ မွေးဖွားကြီးပြင်းခဲ့သူများ ဖြစ်ရပေမည်။

ဩဇာအင်ပါယာအဆင့်သို့ တက်လှမ်းမည့် အင်ပါယာအတုတိုင်းက သည်အတွေ့အကြုံကို ဖြတ်သန်းရမည်သာ။ ရှိနှင့်ပြီးသော ဩဇာအင်ပါယာလေးဆယ့်ရှစ်ယောက်လုံးမှာလည်း ထိုသို့ ဖြတ်သန်းခဲ့ပြီးသူများပင်။

ဤသည်က စမ်းသပ်မှုတစ်ခု ဖြစ်၏။ ဒီအရိပ်က ဝမ်လင်းသည် ပြင်ပကျင့်ကြံသူတစ်ယောက်၊ သို့မဟုတ် ရှေးကျင့်ကြံသူတစ်ယောက် ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ပါက ထိုသတင်းသည် ကောင်းကင်ဘုံကလန်တခွင်လုံးသို့ ပျံ့သွားလိမ့်မည်သာ။ ထိုအခါကျလျှင် ဝမ်လင်းမဆိုနှင့်အုံး၊ မဟာအင်ပါယာတစ်ယောက်သည်ပင် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

ဒီကောင်းကင်ဘုံဘိုးဘေး၏ အရိပ်က တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။ သို့သော် သူ၏လျှို့ဝှက်ချက်သာ ဖော်ထုတ်ခံရပါက ဩဇာအင်ပါယာများ၊ သို့မဟုတ် မဟာအင်ပါယာများသည်ပင် သူ့ကို တိုက်ခိုက်လာကြမည် ဖြစ်၏။

ကောင်းကင်ဘုံဘိုးဘေး၏အရိပ် အကြည့်အောက်၌ ဝမ်လင်း၏မှတ်ဉာဏ်များသည် ရှာဖွေခံနေရလေပြီ။ ထိုအခါ သူ့စိတ်ဝိညာဉ်နှင့် ပေါင်းစပ်နေသော ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က ထပ်မံ ပေါ်လာပြီး တဖြည်းဖြည်း လှည့်လည်၏။ ညင်သာသောအလင်းတစ်ခုကို ထုတ်လွှတ်လာပြီး ဝမ်လင်းအား ဝန်းရံ၏။ ထိုပုတီးစေ့က ကောင်းကင်ဘုံဘိုးဘေးအရိပ် ကြည့်ရှုသည့်အခါ မှားယွင်းသောမှတ်ဉာဏ်များကို ဖန်တီးပေးသည်။

မည်သူကမျှ ကောင်းကင်ဘုံဘိုးဘေးအရိပ် တွေ့မြင်ခဲ့သည့် အချင်းအရာတို့ကို မသိနိုင်ကြပေ။ သို့သော် မကြာမီ၌ ဝမ်လင်းအပေါ် ကျရောက်နေသော ထိုအကြည့်က နူးညံ့လာ၏။

အချိန်အတန်ကြာပြီးနောက် အောက်ဘက်မှ ကျင့်ကြံသူအားလုံး စောင့်ကြည့်နေစဉ် ထိုအရိပ်က သူ့ဘယ်လက်ကို ဝေ့ယမ်းလိုက်သည်။ ထိုအခါ စာလိပ်တစ်ခုသည် မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာပြီး တော်ဝင်ပြန်တမ်းကဲ့သို့ ပွင့်ဟလာလေ၏။

ထိုစာလိပ်ပေါ်တွင် အမည်လေးဆယ့်ရှစ်ခု ရှိ၏။ တစ်ခုစီတိုင်းက လွန်စွာ တောက်ပသည်။ ယင်းအမည်များထံမှလည်း ဖိအားထွက်ပေါ်နေသေးသည်။

“ဩဇာအင်ပါယာစာရင်း…”

“ဒါဟာ ဒဏ္ဍာရီလာ ဩဇာအင်ပါယာစာရင်းပဲ…”

“ပြောကြတာက ဒီဩဇာအင်ပါယာတိုင်းဟာ ကောင်းကင်ဘုံဘိုးဘေး ကိုယ်တိုင်ကိုယ်ကျ ညွှန်ကြားခဲ့ပြီး သူတို့ရဲ့ အမည်တွေကို ဒီစာရင်းထဲ ပေါင်းထည့်ပေးခဲ့တာတဲ့။ ဒီစာရင်းဟာ တစုံတစ်ယောက်က ဆယ်ခုမြောက်နန်းတော်ကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ခဲ့ပြီးမှသာ ပေါ်ထွက်လာမှာ…”

“ဒါဟာ ဩဇာအင်ပါယာစာရင်းပဲ။  ဒီစာရင်းပေါ်က လူတိုင်းဟာ ကောင်းကင်ဘုံဘိုးဘေးရဲ့ အကာအကွယ်ကို လက်ခံရရှိကြတယ်။ သူတို့ဟာ ကောင်းကင်ဘုံကလန်ရဲ့ ဂုဏ်ကျက်သရေပဲ…”

ဩဇာအင်ပါယာလေးယောက်ကလွဲ၍ လူတိုင်းသည် ပင့်သက်ရှိုက်မိနေ၏။ သူတို့၏မျက်လုံးထဲတွင်လည်း လိုအင်ဆန္ဒများ တောက်လောင်နေသည်။ သူတို့က သူတို့၏အမည်များကို ထိုစာရင်းတွင် ပါဝင်ချင်ကြ၏။ သို့သော် သူတို့သည် အင်ပါယာအတုများ ဖြစ်နေလျှင်ပင် ဤသည်က မဖြစ်နိုင်ချေ။ ထိုစာရင်းက ဩဇာအင်ပါယာများအတွက်သာ ဖြစ်ချေ၏။

ကောင်းကင်ဘုံဘိုးဘေးအရိပ်က သူ့ဘယ်လက်ကို ပင့်မြှောက်လိုက်ရာ စုတ်တံတစ်ခု ပေါ်လာဟန်တူ၏။ ထိုစုတ်တံက ကောင်းကင်ဘုံစာလုံးဖြင့် ရေးခြစ်သည်။

“နံပါတ်လေးဆယ့်ကိုး၊ ဝမ်လင်း…”

ထို့နောက်တွင် ကောင်းကင်ဘုံဘိုးဘေး၏အရိပ်က အင်ပါယာစမ်းသပ်ကွင်းတစ်ခုလုံးကို လင်းထင်းသွားစေသော ရွှေရောင်အလင်းအဖြစ် လွင့်ပါးပျောက်ကွယ်သွားတော့သည်။

ကောင်းကင်ဘုံဘိုးဘေးအရိပ်‌ ပျောက်ကွယ်သွားသည့်နောက် လူတိုင်းသည် ငြိမ်သက်တိတ်ဆိတ်သွား၏။ ခဏအကြာတွင် သူတို့အားလုံးက ဦးညွှတ်ကြသည်။

“ဩဇာအင်ပါယာကို နှုတ်ဆက်ပါတယ်…”

အင်ပါယာအတုကျူးလင်းအပါအဝင် ဝမ်လင်း ကိုးခုမြောက်နှင့်ဆယ်ခုမြောက်နန်းတော်များကို ဖြတ်သန်းနိုင်မည့် အပေါ် သံသယရှိခဲ့သော သူများသည် ယခုအခါ၌ နှုတ်ဆက်လာကြလေ၏။

လူအုပ်အတွင်း၌ အလွန်လှသည့် အမျိုးသမီးတစ်ယောက်လည်း ရှိနေ၏။ သူမက ခုခါ၌ သူတို့ကြား အကွာအဝေးသည် ကြီးမားလွန်းသွားပြီဟု ခံစားမိနေရ၏။

ထိုရုတ်တရပ်ဆန်သော ပြောင်းလဲမှုက သူမကို ဖော်ပြ၍မရသည့် ပူဆွေးမှုမျိုးကို ခံစားမိစေခဲ့၏။

ဝမ်လင်းသည် မျက်လုံးမှိတ်ကာ ကောင်းကင်ထက်၌ ငြိမ်သက်စွာ စဉ်းစားနေ၏။ အချိန်အတန်ကြာပြီးနောက် သူက မျက်လုံးဖွင့်လာ၏။ သူသည် အစောလေးက သေရေးရှင်ရေးကို တွေ့ကြုံခဲ့ရသည် မဟုတ်လား။ ဒီအင်ပါယာစမ်းသပ်ကွင်းက ခုလောက်ထိ ဂယက်ထလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။

“ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က သူ့ဟာသူ ထွက်ပေါ်လာခဲ့ပြီး ငါ့ကို ကယ်ခဲ့တာပဲ။ ဒီအရာဟာ သူ့ရဲ့ကိုယ်ပိုင်စိတ်ဝိညာဉ် ရှိတဲ့ပုံ ရတယ်။ ဒါပေမဲ့ ဒီပုတီးစေ့က ဘာများ ဖြစ်မလဲ။ ဘယ်နေရာကနေ ရောက်လာခဲ့တာလဲ။ ဒါက ကောင်းကင်ဘုံဘိုးဘေးအရိပ်ကိုတောင် အရူးလုပ်နိုင်စွမ်း ရှိခဲ့တယ်…”

“ဆယ်ခုမြောက်နန်းတော်မှာ ရွှေရောင်ဂြိုဟ်ကိုးဆယ့်ကိုးခု ရှိနေခဲ့တယ်။ လူအနည်းငယ်ကသာ ဒါကို ဖြတ်ကျော်နိုင်ခဲ့တာ အံ့အားသင့်စရာ မရှိတော့ဘူး။ ဒီအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ ငါ ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ချပ်ဝတ်နဲ့ ချက်ခြင်း ပေါင်းစည်းခဲ့ရတယ်။

ဝမ်လင်းသည် စဉ်းစားနေစဉ် လူသုံးယောက်က ကောင်းကင်ထက်သို့ ပျံသန်းတက်လာကာ သူ့ဘေးတွင် ရပ်လိုက်ကြ၏။ သူတို့က ဩဇာအင်ပါယာများ ဖြစ်ကြသော နှင်းမိုး၊ တောက် နှင့် မန်တောက်တို့ ဖြစ်ကြသည်။

ဩဇာအင်ပါယာကလေးငယ်ကတော့ အောက်ဘက်တွင် တည်ငြိမ်စွာ ရှိနေ၏။ သူက ဝမ်လင်းကို ကြည့်နေသော်လည်း စကားတစ်ခွန်းမှ မဆိုပေ။

“ဂုဏ်ပြုပါတယ်…ရောင်းရင်းကျင့်ကြံသူဝမ်….။ ဟားဟား…ခုဆို ငါတို့ ကောင်းကင်ဘုံကလန်မှာ နောက်ထပ်ဩဇာအင်ပါယာတစ်ယောက် ရှိလာခဲ့ပြီ…”

“ကောင်းကင်ဘုံကလန်ရဲ့ ဩဇာအင်ပါယာတိုင်းက ဒီသတင်းကို သိဖို့ သိပ်ကြာလိမ့်မှာ မဟုတ်ဘူး။ ရောင်းရင်းဝမ်ကတော့ ချက်ခြင်း ကျော်ကြားလာလိမ့်မယ်။ မြောက်ပိုင်းကုန်းမြေမှာ အခွင့်အရေးတစ်ခု ရှိခဲ့ရင် ငါတို့ တာအိုဆွေးနွေးချင်သေးတယ်…”

“ရောင်းရင်းကျင့်ကြံသူဝမ်…ဩဇာအင်ပါယာအဆင့်ကို ဝင်ရောက်ပြီးတဲ့နောက် သင့်အနေနဲ့ မဟာအင်ပါယောတွေရဲ့ စည်းရုံးတာ ခံရတော့မှာကို ငါ စိုးမိတယ်။ ငါ့နာမည်က နှင်းမိုးပါ။ ငါဟာ မဟာအင်ပါယာဝူဖန်လက်အောက်ကပဲ။  ရောင်းရင်းကျင့်ကြံသူဝမ် ဘယ်နေရာကို သွားဖို့ ဆုံးဖြတ်မလဲ ငါ သိချင်မိတယ်…”

သူတို့သုံးယောက်က ပြုံး၍ ဝမ်လင်းကို နှုတ်ဆက်စကား ဆိုကြ၏။ ဝမ်လင်းကလည်း ပြန်ပြုံးပြကာ အပြန်အလှန် နှုတ်ဆက်၏။

“ဘယ်မဟာအင်ပါယာရှိ သွားမလဲတော့ ငါ ခုထိ မဆုံးဖြတ်ရသေးဘူး…”

ဝမ်လင်းက ထိုသို့ ပြောပြီးနောက် သူသည် တိမ်စိုင်များ ဖုံးအုပ်နေသော ဆယ့်တစ်ခုမြောက်နန်းတော်ထံ လှမ်းကြည့်လိုက်သည်။

ဝမ်လင်း ဆယ့်တစ်ခုမြောက်နန်းတော်သို့ လှမ်းကြည့်လိုက်သည့်အခါ၌ ထိုဩဇာအင်ပါယာသုံးယောက်၏ အမူအရာသည် အလေးအနက် ဖြစ်လာကြသည်။

“ရောင်းရင်းကျင့်ကြံသူဝမ်…ဆယ့်တစ်ခုမြောက်နန်းတော်ကို ကြိုးစားကြည့်ချင်တာလား…”

“ဟုတ်တယ်…”  ဝမ်လင်းက ခေါင်းညိတ်ကာ ပြုံး၏။

ထိုအခါ ဝမ်လင်းကို လှမ်းကြည့်ပြီးနောက် ဩဇာအင်ပါဘာနှင်းမိုးက ချီတုံချတုံဟန်ဖြင့် ပြောလာသည်။

“ကျုပ်တို့သုံးယောက်တောင် ဆယ့်တစ်ခုမြောက်နန်းတော်ကို မဖြတ်သန်းနိုင်သေးပါဘူး။ ရောင်းရင်းကျင့်ကြံသူဝမ် ကြိုးစားကြည့်ချင်မှတော့ ငါ သိခဲ့တဲ့ အတွေ့အကြုံအချို့က သင့်ကို အကူအညီ ဖြစ်စေနိုင်လောက်မှာပါ…”

“အင်ပါယာအတုတွေအတွက် ဆယ်ခုမြောက်နန်းတော်ကို ဖြတ်သန်းနိုင်ဖို့ အခက်အခဲဟာ ပထမဆုံးနန်းတော်ကိုးခုထက် အများကြီး ပိုခက်ခဲတယ်။ ဒါပေမဲ့ သင် ကျရှုံးသွားခဲ့ရင်လည်း အန္တရာယ် ကြုံရလိမ့်မှာ မဟုတ်ဘူး။ ကျရှုံးခဲ့ရလည်း အန္တရာယ်ကြီးကြီးမားမား မရှိနိုင်ဘူး။ အများဆုံးမှ ဒဏ်ရာရရုံပဲ။ ဒါက သိပ်ပြီး မပြင်းထန်ပေမယ့် ရောင်းရင်းအနေနဲ့ ဂရုစိုက်ဖို့ လိုလိမ့်မယ်…”

“ဒါ့အပြင် ဆယ်ခုမြောက်နန်းတော်အထက်ဟာ အချိန်တိုအတွင်း ဖြတ်သန်းနိုင်ဖို့ ခက်ခဲလွန်းတယ်။ ဒါ့ကြောင့်လည်း ဩဇာအင်ပါယာတွေက ဒီကို ရောက်လာခဲကြတာ။ ကျုပ်တို့မှာ ရှစ်ဆယ်ရာခိုင်နှုန်းလောက် ယုံကြည်မှု မရှိရင် ကျုပ်တို့ဟာ လက်လွတ်စပယ် မကြိုးစားကြဘူး…”

“ကျုပ် သိသလောက်ဆို ရောင်းရင်းကျင့်ကြံသူဝမ် အပါအဝင် ဩဇာအင်ပါယာလေးဆယ့်ကိုးယောက်ထဲမှာ နှစ်ဆယ့်ခုနစ်ယောက်ဟာ ဆယ့်တစ်ခုမြောက်နန်းတော်မှာ ရပ်တန့်နေကြတာပဲ။ အဲ့နှစ်ဆယ့်ခုနစ်ယောက်အပြင် ဆယ့်သုံးယောက်ကတော့ ဆယ့်သုံးခုမြောက်နန်းတော်မှာ တန့်နေကြတယ်။ အောက်မှာ ရှိတဲ့ ရောင်းရင်းကျင့်ကြံသူကလေးငယ်ကတော့ ဆယ့်နှစ်ခုမြောက်နန်းတော်ကို ဖြတ်သန်းပြီးခဲ့ပြီလို ဆိုကြတယ်။ ဒါပေမဲ့ အမှန်တော့ သူဟာ ဆယ့်နှစ်ခုမြောက်နန်းတော်မှာ တန့်နေခဲ့တာပဲ…”

All Chapters