အပိုင်း(၂၈၆)
Vol. 20 Ch. 286
သွေးနီရောင်တွင်းပေါက်နားသို့ ရှစ်ဖုန့်ချဉ်းကပ်လာသောအခါတွင် များပြားလှသောကျင့်ကြံသူများက ဝင်ပေါက်၌ရပ်နေကြပြီး အကွာအဝေးတစ်ခုမှကြည့်
နေကြသည်ကိုသူ သတိပြုမိလိုက်သည်။ ၎င်းတို့က သူ့အားမြင်တွေ့သောအခါတွင် အလျှင်အမြန် သွေးရောင်အပေါက်ထဲသို့ ဝင်ရောက်သွားကြသည်။
အကယ်၍မင်းသမီးကျိယွင်သာသူ့အား သတိမပေးခဲ့ဘူးဆိုလျှင် ရှစ်ဖုန့်အနေဖြင့် ဂရုစိုက်မိလိမ့်မည်မဟုတ်ပေ။ သို့သော်သူမ၏သတိပေးမှုဖြင့် ထိုကျင့်ကြံသူများက ဂိုဏ်းကြီးများသို့မဟုတ် မိသားစုကြီးများမှ ပို့လွှတ်ထားသော သူလျှိုများဖြစ်ကြသည်ကို သူသိလိုက်သည်။ ယခု၎င်းတို့က သူ့အားမြင်တွေ့လိုက်ရသောအခါတွင် ၎င်းတို့အနေဖြင့် ဂိုဏ်းကြီးများနှင့် မိသားစုကြီးများအား ပြန်လည်၍သတင်းပို့ကြရမည်ဖြစ်ပြီး
ထိုမှသာ သူ့အားသတ်နိုင်ရန်အတွက် ပြင်ဆင်နိုင်လိမ့်မည်ဖြစ်သည်။
“ဟမ့်”
ရှစ်ဖုန့်အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏နှုတ်ခမ်းထောင့်က အထင်သေးသောအပြုံးတစ်ခု တွန့်ကွေးဖြစ်ပေါ်သွား၏။ သူ၏ကိုယ်အားလှုပ်ရှားလိုက်ပြီး သွေးနီရောင်တွင်းပေါက်အောက်
ခြေဘက်သို့ပျံသန်းလိုက်သည်။ ချက်ချင်းပဲ သူ၏ ကိုယ်က အပေါ်သို့ ပစ်လွှတ်သလိုထိုးတက်သွားပြီး ဧရာမသွေးနီရောင်တွင်းပေါက်ကြီးထံသို့ ဦးတည်လိုက်သည်။
ရှစ်ဖုန့်၏ကိုယ်က လျှင်မြန်စွာဖြင့် သွေးနီရောင်တွင်းပေါက်ထံသို့ ဖြတ်သန်းပျံသန်းသွားသည်။ နေရာကပြောင်းလဲသွားသကဲ့သို့
သူ၏ကိုယ်က ဇောက်ထိုးအနေအထားဖြစ်သွားသည်ကို ရှစ်ဖုန့်တွေ့လိုက်ရပြီး သူ၏အောက်သို့ထိုးဆင်းပျံသန်းနေသည်။
ထို့နောက် ရှစ်ဖုန့်၏ကိုယ်က သွေးနီရောင်တွင်းပေါက်ရှိရာမှာ
တစ်ဟုန်ထိုးထွက်လာသည်။သူ၏ရှေ့
တွင်ရှိနေသော ကမ္ဘာက ရုတ်တရက် ပြောင်းလဲသွားသည်ကို ရှစ်ဖုန့် မြင်တွေ့လိုက်ရသည်။ ဤအချိန်တွင် နောက်ဆုံး၌ သူ့နေဖြင့်
သွေးနီရောင်ကမ္ဘာအား နှုတ်ဆက် ထွက်ခွာလာနိုင်ခဲ့ပြီဖြစ်သည်။
သူ၏ကိုယ်အားတစ်ချက်ဆက်
ကနဲလှန်လိုက်ပြီး ရှစ်ဖုန့်က သူ၏ မူလပုံစံအနေအထားသို့ ပြန်လည်ရောက်ရှိသွားကာ လေထဲ၌ ဝင့်ကြွားစွာရပ်လိုက်သည်။
ရှစ်ဖုန့်၏မျက်လုံးအတွင်းရှိ
ကောင်းကင်ပြင်မှာ သွေးနီရောင်မဟုတ်တော့ပေ။ ၎င်းမှာရင်းနှီးမှုရှိသော အပြာရောင်ကောင်းကင်ပြင်နှင့် အဖြူရောင်တိမ်တိုက်များဖြစ်သည်။
နေမင်းက ကောင်းကင်ထက်တွင်မြင့်မား
စွာထွန်းလင်းနေ၏။၎င်းမှာနေ့လည်ခင်း
အချိန်ဖြစ်ပုံရသည်။
လေပြင်းတစ်ခုက တဖြူးဖြူးတိုက်ခတ်နေ၏။ ရှစ်ဖုန့်က အသက်ကိုခပ်ပြင်းပြင်းရှူသွင်း၍ ပြင်ကမ္ဘာ၏ လတ်ဆက်သောလေကို ရှူရှိုက်လိုက်သည်။
ရှစ်ဖုန့်၏ နှုတ်ခမ်းထောင့်က အပြုံးတစ်ခု ခပ်ယဲ့ယဲ့ တွန့်ကွေးသွားခဲ့သည်။ ရှစ်ဖုန့်၏အမူအယာက
ထူးခြားမှုမရှိသော်လည်း သူအနေဖြင့် လူအုပ်၏ အလယ်ဗဟိုသို့ ရောက်ရှိနေခဲ့ပြီးဖြစ်သည်။ အထက်အောက် ဘယ်ညာ ဦးတည်ချက်ပေါင်းစုံနှင့်ရှစ်ဖုန့် အစောပိုင်းကထွက်လာခဲ့သော သွေးနီရောင်တွင်းပေါက်ထက်တွင်ပင် ကြယ်ရှစ်ပွင့်ဘိုးဘေးနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်က
ဦးဆောင်၍အခြားသောကျင့်ကြံသူများက တစ်ဟုန်ထိုးရောက်လာပြီး သူ့အား ပိတ်ဆို့ထားသည်။ သတ်ဖြတ်ခြင်းအရှိန်အဝါလှိုင်းများက ရုတ်ခြည်းဦးတည်ချက်အနှံ့မှ ရှစ်ဖုန့်ထံသို့ တလိပ်လိပ်ဦးတည်လာသည်။
“ဘာလဲ..မင်းတို့က ဒီလိုမျိုး ဖွဲ့စည်းပုံအကြီးကြီးတောင်မှ ပြင်ဆင်ထားကြတာလား… မင်းတို့ငါ့ကိုစောင့်နေကြတာလား…”
ရှစ်ဖုန့်က နှုတ်ခမ်းထောင့်ထွင်ခပ်ယဲ့ယဲ့
အပြုံးကိုဆင်မြန်း၍ အေးအေးဆေးဆေးပဲပြောလိုက်သည်။
ဤအချိန်တွင် အနည်းဆုံး ကျင့်ကြံသူ တစ်ရာလေးဆယ့်ငါးယောက်ခန့်က သူ့အားဝိုင်းထားကြသည်။ ဤကျင့်ကြံသူများမှာ များပြားလှသောဂိုဏ်းများနှင့်ကလန်များထဲမှ လက်ရွေးစင်တကာ့ လက်ရွေးစင်
အကျဆုံးသော ကျင့်ကြံသူများဖြစ်ကြသည်။
၎င်းတို့ကြားထဲရှိ အနိမ့်သောကျင်ကြံမှုနယ်ပယ်မှာ ကြယ်တစ်ပွင့် အင်ပါယာနယ်ပယ်ဖြစ်သည်။
ဤနေရာတွင် ကြယ်တစ်ပွင့်ဘိုးဘေးနယ်ပယ်မှစ၍ ကြယ်ရှစ်ပွင့်ဘိုးဘေးနယ်ပယ်အထိ ဒေါသူပုန်ထနေကြသော ကျင့်ကြံသူ သုံးဆယ်ကျော်လည်းရှိနေသေးသည်ဖြစ်သည်။ ယင်းမှာ ထျန်းမြောင်အင်ပါယာအတွင်း များပြားလှသည့် ကျွမ်းကျင်သူများ စုစည်းနေခြင်းက ပထမဆုံးသော အကြိမ်ဖြစ်နိုင်လောက်သည်။ ထိုထက်ပိုသည်ကား ၎င်းတို့အားလုံးမှာ စွမ်းအားကြီးလှသော အင်အားစုများမှဖြစ်ကြသည်။
ပြီးတော့သူတို့အားလုံးဤနေရာ၌ စုစည်းနေကြရခြင်းမှာ အသက်ဆယ့်လေးဆယ့်ငါးနှစ်
အရွယ်သာရှိသော ကောင်လေးတစ်ယောက်အား သတ်ဖြတ်ရန်အတွက်ဖြစ်သည်။ ယနေ့ဖြစ်ပျက်သမျှအားလုံးက ထျန်းမြောင်အင်ပါယာ၏ သမိုင်းတွင် မှတ်တမ်းတင်ထားရန်အတွက်
လုံလောက်သည်ဖြစ်သည်။
“ဂိုဏ်းဒုခေါင်းဆောင် အဲ့တာသူပဲ.. သူကစီနီယာအမ ယွဲ့ရှင်းနဲ့ စီနီယာညီအကိုလင်နှစ်ယောက်
လုံးကိုသတ်ပစ်ခဲ့တာ..”
ရှစ်ဖုန့်နှင့်သိပ်မဝေးသောနေရာတွင် သွေးနီရောင်တွင်းပေါက်အတွင်း၌ အသက်ရှင်ကျန်ရစ်ခဲ့သည့် လူငယ်ကျင့်ကြံသူ အင်ပါယာနယ်ပယ်က လင်ထျန်းရန်ကို ပြောလိုက်သည်။
လင်ထျန်းရန်မှာ ထိုကျင့်ကြံသူလူငယ်၏စကားတို့အား ကြားရသောအခါတွင် ချက်ချင်းပဲ သူ၏ လက်သီးတို့ကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး သူ၏ တစ်ကိုယ်လုံးက တုန်ယင်နေသည်။ ဤအခိုက်အတန့်တွင် ရှစ်ဖုန့်အား အပိုင်းပိုင်း ဆုတ်ဖြဲပစ်ရန်သာ သူ့၌ ဆန္ဒရှိသည်။ သူ့သားများအားသတ်ဖြတ်ခဲ့ခြင်းအတွက်ဖြစ််ပေါ်လာသော ရန်လိုမှုတို့က အကြွင်းမဲ့ကို ညှိနှိုင်းကျေအေး၍ မရနိုင်ဖြစ်နေခဲ့ပြီဖြစ်သည်။ ထည့်ပြောနေစရာမလိုအောင်ပင် ရှစ်ဖုန့်က သူ၏ ချစ်လှစွာသောသားများအား သတ်ပစ်ခဲ့သည်။
“ငါမင်းကိုမေးပါရစေ”
ဤအချိန်တွင် ရှစ်ဖုန့်၏ သွေးနီရောင်တွင်းပေါက်အတွင်းမှ လွတ်မြောက်လာမှုကို အခွင့်အရေး ယူ၍ အနက်ရောင်ကျားတစ်ကောင်ကိုစီးနင်းကာ အခြားသောကျင့်ကြံသူများကိုဦးဆောင်ပြီး ရှစ်ဖုန့်၏ လွတ်မြောက်နိုင်သော လမ်းကြောင်းအား ပိတ်ဆို့ထားသောသက်လတ်ပိုင်း
အရွယ်လူတစ်ယောက်က ရှစ်ဖုန့်အား အပေါ်မှနေ၍ ငုံ့ကြည့်ပြီး အော်၍မေးလိုက်သည်။
“မင်းငါ့သား ချင်အောင်ကိုသတ်ခဲ့လား”
အနက်ရောင်ကျားအားစီးနင်း
ထားသည့်သူမှာ ထျန်းမြောင်အင်ပါယာ၏ စစ်သူကြီး ချင်ရှစ်ဟူမှလွဲ၍ အခြားသူမဟုတ်ပေ။
“ချင်အောင်လား….အိုး…အဲ့မှာ တကယ်ကြီးအဲ့လိုလူတစ်ယောက်ရှိခဲ့တယ်…သူကရွှေရောင်ဓားကိုကိုင်တဲ့ပုံပဲ…အဲ့ခွေးမတင်းယုက သူ့ဟာ စစ်သူကြီးဆိုလားဘာဆိုလား ရဲ့သားလို့မိတ်ဆက်ပေးတာတော့ ကျုပ်ကြားခဲ့တယ်..အိုးဟုတ်သား…ကျုပ် ချင်အောင်လို့ခေါ်တဲ့ တစ်ယောက်ကိုလည်းသတ်ခဲ့သေးတယ်…
.သူက စစ်သူကြီးဆိုလားဘာဆိုလား
ရဲ့သားလို့တော့ အခိုင်အမာပြောခဲ့တယ်..
အဲ့တာခင်ဗျားပဲဖြစ်မယ် ဟုတ်တယ်မလား.. ခင်ဗျားရဲ့ပုံစံကိုကြည့်ရတာ ..ခင်ဗျားတို့က တစ်ပုံစံတည်းပဲ..”
ရှစ်ဖုန့်က အေးအေးဆေးဆေးပင်ပြောလိုက်သည်။ ချင်ရှစ်ဟူအား သူကြည့်လိုက်သောအချိန်တွင် သူ၏နှုတ်ခမ်းထောင့်က သရော်ပြုံးတစ်ခုအဖြစ်တွန့်ကွေးသွားသည်။
“အကယ်၍အဲ့လိုသာဆိုရင်တော့ အရမ်းကိုသနားစရာပဲ…ဆံဖြူနေတဲ့သူက ဆံမည်းနဲ့လူတွေကိုလွှတ်ရတယ်လို့ ပြီးတော့လည်း တစ်ကြိမ်တည်းနဲ့နှစ်ယောက်တောင်”
“မင်း..မင်းဒီနေ့သေရမယ်..
မင်းကိုဘယ်သူကမှ ကယ်တင်
နိုင်မှာမဟုတ်ဖူး.”
ချင်ရှစ်ဟူ၏မျက်နှာက ကြမ်းကြုတ်ခက်ထန်နေသည်။
သူကအံကိုတင်းတင်းကြိတ်ပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။ ကြီးမားသောအနက်ရောင်
ဆေဘာဓားကြီးက သူ၏ လက်ထဲတွင်ပေါ်လာသည်။
“တင်းယုကိုသတ်ခဲ့တာအပြင် ကျန်းချွမ်နဲ့ ယဲ့ရှှီကျောက်တို့ကိုရော မင်းသတ်ခဲ့သေးလား..”
ဤအချိန်တွင် လင်ရွှယ်ဂိုဏ်း၏ ဒုဂိုဏ်းခေါင်းဆောင်ဖြစ်သူ
ယွဲ့ဟန်ချင်က မေးလိုက်သည်။
“ကျုပ်ကျန်းချွမ်ကိုသိတယ်..သူ့ကိုဒီသခင်လေးပဲသတ်ပစ်လိုက်တာ…ကျောက်ဆိုတာက …အနီရောင်ဝတ်ထားတဲ့ လိင်စိတ်ဖောက်ပြန်နေတဲ့ ကောင်မလား….သူ့ကိုလည်း ဒီသခင်လေးပဲသတ်ခဲ့တာ”
“ကောင်းတယ်..အရမ်းကိုကောင်းတယ်”
ယွဲ့ဟန်ချင်၏ မျက်လုံးတို့တွင်
သတ်ဖြတ်ခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။ သူကအံကိုတင်းတင်းကြိတ်၍ “ကောင်းတယ်..အရမ်းကိုကောင်းတယ်”
ဟုပြောလိုက်သည်။
“ငါ့ရဲ့ဟို့ယွင်းဂိုဏ်း….”
ဤအချိန်တွင်မီးတောက်များ ဖုံးလွှမ်းနေသော လူတစ်ယောက်က သူ့အားစကားပြောလာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ ရှစ်ဖုန့်က အလျှင်အမြန်ပဲ သူ့လက်ကို ဝေ့ယမ်းပြလိုက်ပြီး ကြားဖြတ်၍ ဟန့်တားလိုက်သည်။
“ခင်ဗျားတို့တွေ ဒီသခင်လေးကို တစ်ယောက်ချင်းလာပြီး မေးနေစရာမလိုဘူး..အဲ့မှာ လူဘယ်လောက်ထိုကိုသတ်ခဲ့
တယ်ဆိုတာကို ဒီသခင်လေးမမှတ်မိဘူး…
အချို့အောက်ဆွဲတွေဆိုရင် ဒီသခင်လေးသူတို့နမည်တွေတောင်မသိဘူး.
.ခင်ဗျားရဲ့ ဟို့ယွင်ဂိုဏ်းအတွက်တော့ ဒီသခင်လေး ခုနှစ်ယောက်လားရှစ်ယောက်
လားသတ်ခဲ့တာပဲ မှတ်မိတယ်..ပြီးတော့ ခင်ဗျားတို့တွေ..”
ရှစ်ဖုန့်ကစကားပြောနေရင်း ခဏလောက်ရပ်တန့်လိုက်၍ ပတ်ဝန်းကျင်တွင်ရှိနေသော ကျင့်ကြံသူများအား သူ၏မျက်လုံးတို့ဖြင့်သိမ်းကျုံး
ကြည့်လိုက်ပြီးနောက် အေးအေးဆေးဆေးပင်ဆက်လက်၍ ပြောလိုက်သည်။
“အကယ်၍ခင်ဗျားတို့တွေနဲ့ ပက်သက်ဆက်နွယ်နေတဲ့ သားတွေ၊သူငယ်ချင်းမိတ်ဆွေတွေ
ဒါမှမဟုတ် ညီအကိုတွေက အဲ့ထဲမှာ သေသွားရတယ်ဆိုရင် အဲ့တာက သူတို့တွေ ဒီသခင်လေးရဲ့ ဓားချက်အောက်မှာပဲသေသွား
တာဖြစ်လိမ့်မယ် အကယ်၍ အဲ့မှာဘာမတော်တဆမှုမှ မရှိခဲ့ရင်ပေါ့…. အကယ်၍ ခင်ဗျားတို့က သူတို့နဲ့တွေ့ဖို့ အလျှင်လိုနေကြတယ်ဆိုရင်လည်း ဒီသခင်လေးက ခင်ဗျားတို့ကို ခင်ဗျားတို့လမ်းကြောင်းအတိုင်း
အခုပို့ပေးမယ်”
ကြီးစိုးခြင်း၊ အထက်စီးဆန်ခြင်း၊
မောက်မာခြင်း။ ဤအချိန်၌ ရှစ်ဖုန့်၏ သဘောထားနှင့်လေသံတို့က သူ့အနေဖြင့် ကျင့်ကြံသူများအားတစ်ချိန်လုံးသူ၏ မျက်လုံးထဲတွင်ထည့်မထား
သကဲ့သို့ပင်ဖြစ်သည်။
ဤချင်းဖျင်မြို့အတွင်း ရုတ်ရုတ်သဲသဲဖြစ်မှုများမှာ များစွာသော ကြီးမြတ်သည့်ပုံရိပ်များနှင့် အင်အားစုကြီးများကစုစည်းနေကြခြင်းဖြစ်ပြီး ယင်းကပင်ကိုအားဖြင့်ဤသတင်းကိုရရှိသည့် မရေတွက်နိုင်သော ကျင့်ကြံသူများအား ဤနေရာသို့လာရောက်ရန်ဆွဲဆောင်နေသည်ဖြစ်သည်။ အကွာအဝေးတစ်ခုအတွင်းရှိ ပွဲကြည့်ပရိတ်သတ်လုပ်နေသော
ကျင့်ကြံသူတစ်ယောက်က ရှစ်ဖုန့်၏ စကားလုံးတို့အား ကြား
လိုက်ရသောအခါတွင် သူ့ဘေးရှိလူအား အလန့်တကြားပြောလိုက်သည်။
“ဒီလူက ဘယ်လိုသောက်ကျိုးနဲလူစားမျိုးတုံးဟ…
အားကောင်းတဲ့ကျင့်ကြံသူတွေအများကြီးနဲ့ ရင်ဆိုင်နေရတာတောင်မှ သူကအရမ်းကို မောက်မာရဲတယ်..ပြီးတော့လည်း များပြားလှတဲ့ လူငယ်ပါရမီရှင်တွေက သူသတ်တာကိုခံလိုက်ရတယ်”
“မင်းမသိဘူးလား.ခုဏလေးတင်
ငါကြားခဲ့တာ သူ့ရဲ့နမည်ပြောင်က အနက်ရောင်သေခြင်းနတ်ဘုရားတဲ့…
သွေးနီရောင်ကမ္ဘာထဲမှာသူနဲ့
တွေ့လိုက်တဲ့သူတိုင်းက ဘာခြွင်းချက်မှမရှိဘဲ သူ့ဓားအောက်မှသေဆုံးရတာချည်းပဲ…အဲ့သွေးနီရောင်ကမ္ဘာထဲမှာ နတ်ဆိုးသားရဲတွေက ကြောက်ဖို့မကောင်းဘူးလို့ပြောကြတယ်..
ဒါပေမဲ့မင်းသာ အနက်ရောင်သေခြင်းနတ်ဘုရား
နဲ့တွေ့ခဲ့ရင်တော့သူ့ဓားအောက်မှာ မင်းသေရလိမ့်မယ်တဲ့”
“ငါ့မှာ အနက်ရောင်သေခြင်းနတ်ဘုရားက လင်းယွဲ့ရှင်း၊ဝေ့ချန်၊တုန်းဖန်းကျွင်းနဲ့ အခြားပါရမီရှင်တွေကိုတိုက်ခိုက်တာကို ကိုယ်တိုင်မျက်မြင်တွေ့ခဲ့တဲ့ သွေးသောက်ညီအကိုတစ်ယောက်ရှိတယ်…
အနက်ရောင်သေခြင်းနတ်ဘုရားရဲ့ ပထမဓားချက်နောက်မှာ ပြင်းထန်တဲ့လေတွေက တဟူးဟူးတိုက်ခတ်လိုက်ပါလာတယ်…
ဒုတိယဓားချက်အောက်မှာ မိုးချုန်းသံတအုန်းအုန်းကလိုက်ပါလာတယ်… တတိယဓားချက်အောက်မှတော့ ကောင်းကင်နဲ့မြေကြီးပါ လိုက်ပါပြိုလဲလာပြီး အလောင်းတွေက နေရာအနှံ့မှာ ပြန့်ကျဲနေရောတဲ့”
ဖျောင်ရှဂိုဏ်း၏ ဒုခေါင်းဆောင်ဖြစ်သူ လင်ထျန်းရန်က ဒေါသတရားတို့ကြောင့်တုန်ခါနေသောသူ၏ ကိုယ်အားထိန်းချုပ်လိုက်သည်။ သူ၏လက်နှစ်ဖက်လုံးဖြင့် ဆီးလ်တစ်ခုအားပုံဖော်လိုက်ပြီး အော်ပြောလိုက်သည်။
“သတ်စမ်း..”
“သတ်.”
“သတ်”
“သတ်”
လင်ထျန်းရန်၏အော်သံထွက်
ပေါ်လာပြီးသည့်နောက်တွင် ကျင့်ကြံသူများ၏သတ်ဟူသော
အော်သံက ပို၍ပို၍ ထွက်ပေါ်လာသည်။ဤအချိန်၌ ရှစ်ဖုန့်အားဝိုင်းထားကြသော ရာကျော်သောကျင့်ကြံသူများက လက်နှစ်ဖက်လုံးဖြင့်ဆီးလ်တစ်ခုကို ပုံဖော်လိုက်ကြသည်။ သူတို့ပြင်ဆင်ထားခဲ့သောသတ်ဖြတ်ခြင်း အစီအရင်က ချက်ချင်းပဲ အသက်ဝင်လာသည်။
ရုတ်တရက် ပြင်းထန်သောဟာရီကိန်းမုန်
တိုင်းများစွာက ရှစ်ဖုန့် ၏ ရှေ့ဟင်းလင်းပြင်ထဲတွင်ပေါ်လာပြီး ရှစ်ဖုန့်ထံသို့ ပြင်းထန်စွာဖြင့် သိမ်းကျုံးဦးတည်လာသည်။
ဆက်ရန်…..
ဘာသာပြန်သူ-ARISE