← Chapters

အပိုင်း(၂၈၇)

Vol. 20 Ch. 287

အပိုင်း(၂၈၇)

Vol. 20 Ch. 287

ပြင်းထန်သော ဟာရီကိန်း

မုန်တိုင်းကြီးက ပေါ်လာခဲ့သည်။

“ရွှီး”

ငှက်တစ်ကောင်၏ စူးစူးဝါးဝါး

အော်ဟစ်သံက နောက်ဘက်မှပေါ်လာသည်။

အရာအားလုံးအား လောင်ကျွမ်းပစ်စေနိုင်သကဲ့သို့  ခြစ်ခြစ်တောက်ပူနေသော အပူချိန်ကို ထုတ်လွှတ်နေသည့် မီးတောက်ဖီးနစ်ငှက်တစ်ကောင် ပေါ်လာသည်။ ၎င်းက ၎င်း၏  မီးတောက်အတောင်

ပံများအား တဖျပ်ဖျပ်ခတ်၍ ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးဦးတည်လာ၏။

တစ်ချိန်တည်းမှာပင် မရေတွက်နိုင်သော ထက်ရှသည့်ဓားရိပ်များကရှစ်ဖုန့်ရှိရာ  ဟင်းလင်းပြင်ထဲတွင် လွတ်လပ်စွာစတင်၍ လှုပ်ရှားလာသည်။သိပ်သည်းပြင်းထန်သော မိုးသက်မုန်တိုင်းတို့ကဲ့သို့

၎င်းတို့အားလုံးက ရှစ်ဖုန့်ထံတိုးဝင်လာ၏။

ကြီးမားသည့် အနက်ရောင်ဆေဘာဓားချီတစ်ခုလည်း  ရှစ်ဖုန့်၏ အထက်တွင်ပေါ်လာသည်။  ၎င်းက ကောင်းကင်အားဖြတ်သန်းလာပြိဂ အောက်သို့ဒေါသမာန်ဟုန်ကြီး

စွာဖြင့်ခုတ်ပိုင်းချလိုက်သည်။

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း”

ထူထပ်သော ခရမ်းရောင်မိုးကြိုး လျှပ်စီးကြောင်းများကလည်း ကောင်းကင်ထဲတွင်ပေါ်လာသည်။

၎င်းတို့က ကမ္ဘာကြီးအားဖျက်ဆီး

ပစ်နိုင်သော ကောင်းကင်ဘုံ မိုးကြိုးများကဲ့သို့ပင်ဖြစ်သည်။

ကမ္ဘာကြီးအား ဖျက်ဆီးပစ်နိုင်စွမ်းရှိသော စွမ်းအားမျိုးဖြင့်  ၎င်းတို့က ရှစ်ဖုန့်ထံသို့ ပြင်းထန်စွာပေါက်ကွဲဦးတည်လာသည်။

ထပ်ပေါင်းရမည်ဆိုလျှင် များပြားလှသောလက်ဝါးရိပ်များ ၊ လက်သီးရိပ်များ၊ လက်ချောင်းရိပ်များ ၊

ဧရာမ မိုးသီးများ၊ ရေခဲပန်းဆွဲများ၊

မီးလုံးများ၊ မီးမြွေများ၊ မီးနဂါးများ အစရှိသည်တို့လည်း ပါလေသည်။

ပြင်းထန်ကြမ်းကြုတ်တောက်ပပြီး မျက်စိကျိန်းလောက်စရာ ကောင်းသော စွမ်းအင်များက ရှစ်ဖုန့်အား

ဦးတည်ချက်အနှံ့မှ  တရစပ်ထိုးနှက်တိုက်ခိုက်လာသည်။

အဝေးမှစောင့်ကြည့်နေကြသော ကျင့်ကြံသူများမှာ  ဤစွမ်းအားကြီး စွမ်းအင်များကြောင့် ရှစ်ဖုန့်အနေဖြင့် အပိုင်းပိုင်းပေါက်ကွဲထွက်သွား

တော့မည့်ပုံဖြစ်နေသည်ကို တွေ့မြင်နေကြရသည်။

“များပြားလှတဲ့ကျွမ်းကျင်သူတွေက သတ်ဖြတ်ခြင်းအစီအရင်တစ်ခုကို ပြင်ဆင်ပြီးတော့ အဲ့တာကိုစတင် အသက်သွင်းလိုက်တယ်..

များပြားတဲ့အစွမ်းထက်အင်အား

တွေနဲ့သာဆိုရင်  ကြယ်ကိုးပွင့်

ဘိုးဘေးနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်

အတွက်ဆိုရင်တောင်မှ ဒါက ခက်ခဲတဲ့ အချိန်တစ်ခုဖြစ်စေလိမ့်မယ်…”

ကျင့်ကြ့သူတစ်ယောက်က

ထိုဧရိယာ အတွင်းရှိ  စွမ်းအင်

အရှိန်အဝါတို့အား အာရုံခံမိသောအခါတွင် ထိတ်လန့်စွာဖြင့်ပြောလိုက်သည်။

“ဒီလူငယ်လေးက ကျွမ်းကျင်သူများစွာရဲ့လက်ထဲမှာ သေရတာ..သူရဲ့သေဆုံးခြင်းက ထိုက်တန်မှုရှိပါတယ်”

“ဒီလိုမျိုးအသက်အရွယ်

ဒီလိုမျိုးပါရမီရှင်နဲ့ လူငယ်တစ်

ယောက်အတွက် ဒါက နှမြောဖို့ကောင်းသလို သနားလဲသနားစရာပဲ..သူသာ ဆက်ပြီးကြီးထွားလာရင်သူက ကြီးမားတဲ့ ရိုက်ချက်တစ်ခုတောင်ဖြစ်လာနိုင်တယ်…

ဟူး… သူဒီမှာပဲသေရတော့မှာကတော့ စိတ်မကောင်းစရာပဲ”

ကျင့်ကြံသူတစ်ယောက်က

သူ၏ခေါင်းအားခါယမ်း၍ သက်ပြင်းချလိုက်သည်။

များပြားလှသောပြင်းထန်

သည့်စွမ်းအင်များအလယ်၌ရှိနေသော ရှစ်ဖုန့်မှာ ပြောင်းလဲမှုမရှိ

ရှိနေဆဲပင်ဖြစ်သည်။ သူ၏ဘယ်လက်ဖဝါးတွင် အနီရောင်အလင်းတစ်ခုတောက်ပလာသည်။ သေးငယ်သည့်ကြက်သွေးရောင် ကျောက်ပြားတစ်ခုက ရှစ်ဖုန့်၏ လက်ဖဝါးထံမှထွက်လာ၏။

မကြာမီးတွင် သွေးနီရောင်ကျောက်ပြား

တစ်ခုပေါ်လာပြီး ၎င်းက အရှိန်အဟုန်ဖြင့်ပြန့်ကားလာသည်။ ရှစ်ဖုန့်၏တစ်ကိုယ်လုံးက သွေးနီရောင်ကျေက်ပြားအတွင်း

သို့ဝင်ရောက်သွားပြီး  အရှိန်အဟုန်ဖြင့်ပြန့်ကားလာ

သည့်သွေးနီရောင် ကျောက်ပြား၏ သက်ရောက်မှုအောက်တွင်  လက်ရှိရှိနေကြသောကျင့်ကြံသူများမှာ တုန်လှုပ်အံ့အားသင့်ခြင်း

၊ကြက်သေသေခြ်ငးနှင့် မယုံကြည်နိုင်ခြင်းများဖြစ်သွားကြသည်။ ရုတ်တရက် စွမ်းအင်များမှာ

စက္ကူတစ်ရွက်ကဲ့သို့  ကွဲကြေသွားပြီး  တစ်ခုပြီးတစ်ခုပျောက်ကွယ်သွားသည်။

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ…

ငါတို့ရဲ့သိုင်းပညာရပ်တွေက ကျိုးပျက်သွားတယ်”

“ဒါက …..ဒါကဘယ်လိုအံ့ဖွယ်

လက်နက်အမျိုးအစားလဲ”

“ဂိုဏ်းဒုခေါင်းဆောင်  ဒါက..ဒါက…သွေးနီရောင်ကမ္ဘာထဲကနေ အဲ့လူရရှိခဲ့တဲ့ ပြိုင်ဘက်ကင်းရတနာပါ..”

ဖျောင်ရှဂိုဏ်း၏ အင်ပါယာနယ်ပယ်ကျင့်ကြံသူက  ပြန်ကားလာနေဆဲဖြစ်သော သွေးကျောက်ပြားအား ထိုးညွှန်ပြပြီးအော်ပြောလိုက်သည်။

ထို့နောက်တွင် သွေးနီရောင်

ကျောက်ပြားကြီးက  ရုတ်တရက် ကောင်းကင်ထဲသို့ထိုးတက်သွားသည်။ သွေးနီရောင်ကျောက်ပြား

အားပိတ်ဆို့ထားကြသည့်ကျင့်ကြံသူများမှာ  ဘိုးလင်းဘောလုံးများကဲ့သို့  နောက်သို့လွင့်ပျံထွက်ကုန်သည်။ သွေးနီရောင်ကျောက်ပြားမှာမူ

ဆက်လက်၍ ကြီးသည်ထက်ကြီးလာနေဆဲဖြစ်သည်။ ယခုအခါတွင် ၎င်းမှာ ဧရာမတောင်တစ်လုံးကဲ့သို့ဖြစ်နေသည်. မျက်စိတ်တစ်မှိတ်အတွင်း၎င်းက အောက်တွင်ရှိနေသော

ကျင့်ကြံသူများအားလုံးကို

လွှမ်းခြုံသွားသည်။

“ဒီ…ဒီစွမ်းအားက”

လင်ထျန်းရန်တစ်ယောက်

ရုတ်တရက်အော်ပြောလိုက်သည်။ သူကခေါင်းမော့လျက် မျက်လုံးတို့ကပြူးကျယ်နေသည်။ သူ၏မျက်လုံးတို့မှာသူငယ်

အိမ်အတွင်းမှခုန်ထွက်၍ ကျလာတော့မည်သကဲ့သို့ပင်ဖြစ်သည်။

လင်ထျန်းရန်သည်သာမကဘဲ ရှိနေကြသောကျင့်ကြံသူများ

အားလုံးမှာ  သွေးကျောက်ပြားထံမှလာသော

ဖိအားအားရုတ်တရက်ခံစား

ကြရသည်ဖြစ်သည်။ ၎င်းထံမှလာသောစွမ်းအားက သူတို့၏နှလုံးသားများကို တဆတ်ဆတ်တုန်သွားရန်ပြုလုပ်နေ၏။  သူတို့အနေဖြင့် ခုခံရန်အစွမ်းမဲ့နေကြသည်။ သူတို့၏ဘဝတွင်ဤကဲ့သို့သော စွမ်းအားမျိုးအား တစ်ခါမှမခံစားခဲ့ရဖူးပေ။ ၎င်းမှာအောက်ခြေမဲ့သော အသူတစ်ရာချောက်နက်ကြီး

ကဲ့သို့ပင်ဖြစ်သည်။  ဤစွမ်းအား၏ အောက်တွင် သူတို့အနေဖြင့် ပုရွတ်ဆိတ််လေးများကဲ့သို့ဖြစ်နေသည်။

“ဒါက အထင်ကရ  သူတော်စင်နယ်ပယ်ရဲ့စွမ်းအားမျိုးလား”

“မဟုတ်ဖူး ..အဲ့ထက်တောင် ပိုအစွမ်းထက်တယ်..ပြေးကြ”

“ဆုတ်ကြ”

တုန်လှုပ်ထိတ်လန့်နေကြသော

ကျင့်ကြံသူများမှာတစ်

ယောက်ပြီးတစ်ယောက် လျှင်မြန်စွာဖြင့်သူတို့၏

အသိများပြန်လည်ဝင်ရောက်

လာကြသည်။သူတို့က သူတို့၏ ခန္ဓာကိုယ်ရွေ့လျားမှုပညာရပ်များကို အသက်သွင်းလိုက်ကြပြီး  ဤနေရာမှ လျင်မြန်စွာ ထွက်ခွာသွားရန်ပြင်ဆင်လိုက်ကြသည်။ ၎င်းမှထုတ်လွှတ်နေသော ကြက်သွေးရောင်အလင်းက

နေရာတစ်ခုလုံးက နီရဲသွားစေသည်။

၎င်းက ကျင့်ကြံသူများ၏ ရွေ့လျားမှုပညာရပ်များ

ထက်ပို၍မြန်ဆန်ပြီး ရုတ်တရက်မြေပြင်ပေါ်သို့

ကျင်ဆင်းလာသည်။

“မဟုတ်ဖူး”

လျှင်မြန်စွာထွက်ပြေးနေကြ

သောကျင့်ကြံသူများမှာ ရုတ်တရက်  တုန်လှုပ်ဖို့ကောင်းသော စွမ်းအားတစ်ခုက ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသည်။ သူတို့၏ခေါင်းအားမော့ကြည့်

လိုက်ကြသောအခါတွင် ကြက်သွေးရောင်ကျောက်ပြားက  သူတို့ထံသို့တစ်ဟုန်ထိုးကျဆင်း

လာနေသည်ကို တွေ့လိုက်ရသည်။  ၎င်းတို့အနေဖြင့်အရမ်းကို

ကြောက်လန့်နေကြသောကြောင့် ၎င်းတို့၏မျက်နှာများက ရှုံ့မဲ့နေကြပြီး  အလိုမရှိသော အော်ဟစ်သံများထွက်ပေါ်လာသည်။

အမြဲတမ်း အပေါ်စီးကနေပြီး မရေတွက်နိုင်သောလူများ၏ သေခြင်းရှင်ခြင်းအားထိန်းချုပ်

နိုင်စွမ်းရှိကြသောဆရာ့ဆရာကြီးများမှာ ဤအချိန်၌ မည်သို့မျှတက်နိုင်ခြင်းမရှိဘဲ ပြင်းထန်စွာဖြင့်စိုးရိမ်ထိတ်လန့်

တုန်ယင်နေကြသည်။  ဤကဲ့သို့အားကောင်းလှသော

စွမ်းအားမျိုးက  ထျန်းမြောင်အင်ပါယာအတွင်း

တွင်ပေါ်လာခဲ့သည်ဖြစ်သည်။

ယနေ့ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်အားလုံးက လူပုဂ္ဂိုလ်အားလုံးအား  သူတို့အနေဖြင့် အိမ်မက်မက်နေသလိုခံစားရစေသည်ဖြစ်သည်။ သို့သော် သူတို့အိမ်မမက်နိုင်ခင်မှာပင် တောင်တစ်လုံးစာအရွယ်အစားရှိသော ဧရာမသွေးကျောက်ပြားကြီးက အော်သို့ဖိနှိပ်ကျဆင်းလာပြီး သူတို့ထဲကတစ်ယောက်စီတိုင်း

အားခြေမွလိုက်သည်။ ထို့်နောက်တွင်ရှစ်ဖုန့်အား

သတ်ရန်လာခဲ့ကြသော စွမ်းအားကြီးပုဂ္ဂိုလ်အားလုံးမှာ

မြေပြင်ပေါ်သို့ခြေမွခြင်ခံလိုက်ကြရသည်။

“ဝုန်း”

သွေးကျောက်ပြားကြီး လှုပ်ခတ်သွားသောအခါတွင် ကြီးမားသောမြေငလျှင်ကြီး

တစ်ခုပေါ်လာသကဲ့သို့ဖြစ်ပေါ်လာသည်။ မြေပြင်မှာပြင်းထန်စွာလှုပ်ခါသွားပြီး  သိပ်မဝေးလှသောနေရာတွင်

ရှိနေသည့်ချင်းဖျင်မြို့ပင်  ပြင်းထန်စွာလှုပ်ခါသွားရသည်။

မြေထဲမှာ ငယ်သံပါအော်အော်ဟစ်သံများ

ထွက်ပေါ်လာပြီး   ပြင်းထန်လှသောလှုပ်ခါမှုအော်က

တွင်အနီးဆုံးဖြစ်သော မြောက်ဘက်ဂိတ်မှာပြိုကျသွားသည်။

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း”

အချိန်တော်တော်ကြာကုန်ဆုံးသွားပြီးမှ မြေပြင်၏ တုန်ခါနေမှုမှာရပ်တန့်သွားခဲ့သည်။

အကွာအဝေးတစ်ခုတွင်ရှိနေကြသောကျင့်ကြံသူများက သူတို့၏အကြည့်များအား  အလွန်ကြီးမားသော  သွေးနီရောက်ကျောက်ပြားကြီးထံသို့ ကြည့်လိုက်ကြသောအခါတွင်  ထိုသေးနီရောင်ကျောက်ပြား၏ထိပ်ပေါ်၌ နှိုင်းယှဉ်၍ မရနိုင်သော သေးငယ်သည့် အနက်ရောင်ပုံရိပ်လေးတစ်ခုက

ရပ်နေသည်ကို ရှာဖွေတွေ့ရှိလိုက်ကြသည်။

အကွာအဝေးတစ်ခုရှိ ဟင်းလင်းပြင်ထဲတွင် ရပ်နေခဲ့ကြသော ကျင့်ကြံသူများမှာ ဤပုံရိပ်အား မြင်တွေ့လိုက်ရသောအခါတွင် ရုတ်တရက် တံတွေးကိုမျိုချမိလိုက်ကြသည်။  သူတို့က သူတို့၏ဘေးတွင်ရှိနေသော အဖော်ဖြစ်သူများအား မယုံကြည်နိုင်ခြင်းချီတုံချီချဖြစ်မှုတို့ဖြင့်  ကြည့်လိုက်ကြသည်။  သူတို့က အားနည်းဖျော့တော့စွာဖြင့်ပြောလိုက်သည်။

“ဒါ…ဒါ…ဒါ..ဒါက လင်ထျန်းရန်….မီးတိမ်တိုက် မိစ္ဆာနတ်ဘုရားနဲ့… ယွဲ့ချင်းထျန်း

ချင်ရှစ်ဟူနဲ့  ကလန်ကြီးသုံးခုရဲ့ ခေါင်းဆောင်တွေအားလုံး က…….ဒီပြိုင်ဘက်ကင်း ကျွမ်းကျင်သူတွေအားလုံး အသတ်တော့မခံရနိုင်ဘူးမလား”

သူအဖော်ဖြစ်သူ၏ စကားများအား ကြားလိုက်ရသောအခါတွင်  ထိုကျင့်ကြံသူကလည်း

တံတွေးကိုခက်ခက်ခဲခဲ မျိုချလိုက်ရသည်။

“သူတို့အားလုံးက  ငါတို့ထျန်းမြောင်အင်ပါယာရဲ့

အထွတ်အထိပ် ကျွမ်းကျင်သူတွေကြီးပဲ….သူတို့အားလုံးက သူတို့ကိုကိုယ်စားပြုတဲ့ပိုင်နက်နယ်မြေမှာ အရှင်သခင်တွေ…ပြီးတော့ အခု….သူတို့တွေတကယ်ကြီး…

တကယ်ကြီး သူတို့တွေ..ဒီလူငယ်လေးသတ်

တာကိုခံလိုက်ရတယ်… သူတို့တွေအသတ်ခံလိုက်ကြရတယ်…. ဒီလူတွေအားလုံးသေကုန်ပြီ…

အဲ့ဂိုဏ်းတွေနဲ့ ကလန်တွေက ပါရမီရှင်အများစုကလည်းသေသွားကြပြီ.. ငါ့တို့ထျန်းမြောင်အင်ပါယာရဲ့  အင်အားက ကြီးကြီးမားမား လျော့ကျသွားပြီ.. အတာထက်ပိုတာက  ဒါတွေအားလုံးဟာ ဒီလူငယ်လေးကြောင့် ဖြစ်ပျက်ခဲ့ရတာ..”

“အနာဂတ်မှာ ဘယ််လိုလုပ်ပြီး

တော့ငါတို့တွေ တစ်ခြားနိုင်ငံတွေရဲ့ ကျူးကျော်မှုကို ခုခံကြမလဲ…ယွဲ့ခွန်းအင်ပါယာက  အမြဲတမ်းငါတို့ယွင်လိုင်

အင်ပါယာအပေါ်မှာ အမြဲမျက်စိကျပြီးတော့ ငမ်းငမ်းတက် လိုချင်နေတာ”

“ထျန်းမြောင်အင်ပါယာက တကယ်ကြီးပြောင်းလဲသွားခဲ့ပြီ”

“ဒီလူငယ်…သူ့ရဲ့ကြီးထွားလာမှုကို ဘယ်သူမှ ထပ်ပြီးတော့ မတားဆီးနိုင်တော့ဘူး”

ထို့နောက်ချက်ချင်း သွေးနီရောင်ကျောက်ပြားထိပ်ရှိ အနက်ရောင်ပုံရီပ်ထံ

သို့ကြည့်နေကြသော ကျင့်ကြံသူများမှာ တုန်လှုပ်အံ့အားသင့်မှုနှင့်

ထိတ်လန့်မှုတို့ကို ပို၍ ခံစားလာကြရသည်။ သွေးနီရောင်ကျောက်ပြားပေါ်တွင်ရပ်နေသည့် အနက်ရောင်ပုံရိပ်က  ရုတ်တရက် အဖြူအလင်းလေးခုလင်း

လက်သွားသည်ကို သူတို့မြင်တွေ့လိုက်ကြရသည်။

ကြယ်ရှစ်ပွင့်ဘိုးဘေးနယ်ပယ် လေးယောက်ဖြစ်ကြသော လင်ထျန်းရန် ၊မီးတိမ်တိုက်မိစ္ဆာနတ်ဘုရား၊

ယွဲ့ချင်းထျန်းနှင့် ချင်ရှစ်ဟူ ကြယ်ခုနှစ်ပွင့်ဘိုးဘေးနယ်ပယ်

ငါးယောက်ဖြစ်ကြသော လင်ရွှယ်ဂိုဏ်းခေါင်းဆောင်၊ဒုခေါင်းဆောင်နှင့် ကလန်ကြီးသုံးခု၏ခေါင်းဆောင်များတို့အား သတ်ဖြတ်ပြီးသည့်နောက် ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူ အယောက်နှစ်ဆယ်နှင့် တစ်ရာကျော်သောမိသားစုနှင့်

ဂိုဏ်းအချို့မှအင်ပါယာနယ်ပယ်များ

ကိုထပ်ပေါင်း၍ ၎င်းတို့၏ သေခြင်းစွမ်းအင်များနှင့်သွေးတို့အား ဝါးမျိုပြီးသည့်နောက်တွင်

အဆင့်ချိုးဖျက်လုနီးပါးဖြစ်

နေခဲ့သည့်ရှစ်ဖုန့်မှာ တိုက်ရိုက်ပင် အဆင့်တက်လှမ်းသွားခဲ့သည်။သို့သော် တစ်ဆင့်တည်းမဟုတ်ပဲ ကြယ်လေးပွင့်ထိအဆင့်

တက်လှမ်းသွားခဲ့ပြီး   ကြယ်ငါးပွင့်ဘိုးဘေးနယ်ပယ်အဆင့်သို့ တိုက်ရိုက်ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။

ဆက်ရန်….

ဘာသာပြန်သူ- ARISE

All Chapters