← Chapters

အပိုင်း(၂၈၈)

Vol. 20 Ch. 288

အပိုင်း(၂၈၈)

Vol. 20 Ch. 288

ဤအချိန်၌ ရှစ်ဖုန့်က လူတော်တော်များများအား

သတ်ဖြတ်ခဲ့သည်။ ဤသည်မှာ ထျန်းမြောင်အင်ပါယာ၏

သမိုင်းတွင် တစ်ခါမှ ဖြစ်ပျက်ခဲ့ဖူးခြင်း မရှိခဲ့သော အရာဖြစ်သည်။

သွေးဆာလွန်းသော လူငယ်လေးတစ်ယောက်ကြောင့်  ထျန်းမြောင်အင်ပါယာ၏ အင်အားမှာ ဖျက်ဆီးခံလိုက်ရသည်။

မြေပြင်က ပြင်းထန်စွာလှုပ်

ခါနေဆဲဖြစ်သည်။ အကွာအဝေးတစ်ခုတွင် ခရမ်းရောင်ပုံရိပ်တစ်ခုက  အနက်ရောင်ပုံရိပ်ထံသို့ တုန်လှုပ်အံ့အားသင့်မှုအပြည့်ဖြင့် စိုက်ကြည့်နေဆဲဖြစ်သည်။

“သူ ….သူလုပ်ခဲ့တယ်…

သူတကယ်ကြီးလုပ်ခဲ့တယ်…အစွမ်းတဲ့ ကျင့်ကြံသူတွေအားလုံးသူသတ်တာကို ခံလိုက်ကြရတယ်….”

မင်းသမီးကျိယွင်၏အေးစက်လှပသော မျက်နှလေးက ဖြူဖျော့၍

တုန်လှုပ်မှုအဖြစ်သို့‌ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ထို့နောက်တွင် သူမခေါင်းကိုခါယမ်း၍ အတော်လေးစိတ်ပျက်မှုကို

ခံစားလိုက်ရသည်။ သူမနှင့်ရှစ်ဖုန့်

တို့ကြားရှိ ကွာခြားချက်က အရမ်းကိုကြီးမားသွားခဲ့ပြီဖြစ်သည်။

ကောင်းကင်ထဲရှိ အကွာအဝေးတစ်ခု၌ အဖြူရောင်ဝတ်ထားသော ပုံရိပ်များက လွင့်မျောရပ်တည်နေသည်။ ၎င်းတို့မှာ  ပုကလန်၏ ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့က ရင်းနှီးကျွမ်းဝင်မှုရှိသော ပုံရိပ်အားကြည့်နေမိကြသည်။ဤလူက သူတို့နှင့်  အပေါင်း

အဖော်ဖြစ်ခဲ့သည်ဖြစ်သည်။

သူတို့က သူ့အားထပ်မံ၍ကြည့်လိုက်

သောအခါတွင် သူတို့၏အမူအယာအသွင်အပြင်များက ယခင်နှင့်လုံးဝကွဲပြားသွားခဲ့ပြီဖြစ်သည်။

ပုယွင်ရွှမ်းမှာ စိတ်သက်သာရာရစွာဖြင့်သက်ပြင်း

ချလိုက်သည်။မှန်ကန်သောဆုံးဖြတ်ချက်ကိုသူလုပ်ဆောင်ခဲ့မိသည့်အတွက်သူဝမ်းသာမိသည်။ သူက သူ့နှလုံးသားအတွင်းရှိလောဘ

တရားကိုထိန်းချုပ်ခဲ့ပြီး  ကျော်ပြားအားလုယူရန်အတွက် မကြိုးစားခဲ့ချေ။  ထိုသို့မဟုတ်ခဲ့ပါက  ပုမိသားစု၏  လက်ရွေးစင်လူငယ်များအားလုံးမှာ သွေးနီရောင်ကမ္ဘာအတွင်း၌  ဤလူ၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရပြီးဖြစ်

လိမ့်မည်ဖြစ်သည်။ သူ၏ ဝိညာဉ်ကျောက်တုံးကွဲသွားသည်

ကိုသာသူ့ဖခင်ဖြစ်သူသိရှိခဲ့လျှင်

သူသည်လည်း ကလန်ကြီးသုံးခု၏ ခေါင်းဆောင်များနောက်သို့လိုက်ပါ၍ ဤလူအား တားဆီးရန်ကြိုးပမ်းလိမ့်မည်ဖြစ်သည်။ သူ့နေဖြင့် မိသားစုကြီးသုံးခုကဲ့သို့ပင် အဆုံးသတ်သွားရလိမ့်မည်ဖြစ်သည်။ ယနေ့ပြီးမြောက်ပြီးသည့်နောက်တွင် ထျန်းမြောင်အင်ပါယာ၌  မိသားစုကြီးလေးခုဟူ၍ ထပ်ပြီးရှိတော့မည်မဟုတ်ပေ။

စွမ်းအားကြီး မိသားစုကလန်တစ်ခုသာရှိလိမ့်မည်ဖြစ်ပြီး ယင်းက ပုကလန်ပင်ဖြစ်လေသည်။

ရှစ်ဖုန့်က သွေးနီရောင်ကျောက်ပြားပေါ်၌ ရပ်နေဆဲဖြစ်သည်။ ရုတ်တရက်  သွေိးနီရောင်ကျောက်ပြားက  စတင်၍ အရှိန်အဟုန်ဖြင့် ကျုံ့ဝင်လာသည်။ အဆုံးသတ်တွင် ၎င်းက သွေးနီရောင်အလင်းအဖြစ်သို့

ပြောင်းလဲသွားပြီး ရှစ်ဖုန့်၏ ဘယ်လက်ဖဝါးထံသို့ လှစ်ခနဲ ဝင်ရောက်သွားသည်။ သူ၏လက်ဖဝါး

ပေါ်တွင် သွေးနီရောင် ကျောက်ပြားအမှတ်အသားငယ်လေး တစ်ခုရှိနေသည်။

ရှစ်ဖုန့်က ကောင်းကင်ထဲတွင် တစ်ယောက်တည်းရပ်နေသည်။ ထို့နောက်သူက သူ၏လက်တို့ဖြင့် ဆီးလ်တစ်ခုကိုပုံဖော်လိုက်သည်။

ထို့နောက် အဖြူရောင်စကားလုံးတစ်ခုက ရှစ်ဖုန့်၏လက်မှ ဝဲပျံထွက်လာပြီး  ကောင်းကင်ထဲသို့လွင့်မျောတက်သွားသည်။ အဖြူရောင်စာလုံးက လွင့်မျောနေရင်းကြီးသည်ထက်ကြီး

လာသည်။နောက်ဆုံးတွင် ၎င်းက အိမ်တစ်လုံးစာအရွယ်အစားထိကြီး

မားသွားပြီး ကောင်းကင်ထဲ၌ ရပ်တန့်သွားသည်။

အချို့သောကျင့်ကြံသူများက

ကောင်းကင်ထဲရှိ အဖြူရောင်စာလုံးအား မြင်တွေ့လိုက်ရသောအခါတွင်  စိုက်ကြည့်၍ ကျယ်လောင်စွာဖတ်လိုက်သည်။

“ယွင်”

ထိုနောက်နောက်ထပ် အဖြူရောင်စာလုံးတစ်ခုက “ယွင်”ဟူသောစာလုံး၏အောက်

တွင်ပေါ်လာသည်။

“လိုင်”

“အင်ပါယာ”

“ရှစ်”

“ဖုန့်”

“ဒီနေရာကို”

“ဖျက်စီး”

အတူတကွပေါင်းစည်းဖတ်လိုက်

သောအခါတွင် “ယွင်လိုင်အင်ပါယာရဲ့

ရှစ်ဖုန့်က ဒီနေရာကိုဖျက်ဆီးလိမ့်မယ်”

ဟုထွက်လာသည်။

“ယွင်လိုင်အင်ပါယာ…ဒီလူက တကယ်ကြီး  ယွင်လိုင်အင်ပါယာကနေလာခဲ့တာပဲ… ဘုရားရေ…”

အဖြူရောင်စာတန်းအား မြင်တွေ့လိုက်ရသောအခါတွင်  ကျင့်ကြံသူတစ်ယောက်က အလျှင်အမြန် အလန့်တကြားအော်လိုက်ပြီး  သူ၏မျက်နှာထက်တွင်

တုန်လှုပ်အံ့အားသင့်မှု

မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

“ယွင်လိုင်အင်ပါယာက လူငယ်လေးတစ်ယောက် ထျန်းမြောင်အင်ပါယာက ကျွမ်းကျင်သူများစွာကို

သတ်ဖြတ်ပစ်နိုင်ခဲ့တယ်.. ဒါ….ဒါက အမှန်မဖြစ်နိုင်ဘူးမလား..

ယွင်လိုင်အင်ပါယာဆိုတာက အကျိုးမရှိတဲ့နေရာတစ်ခုပဲ….ငါကြားထားတာ သူတို့မှာဘိုးဘေးနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်လေးတောင်မရှိဘူးတဲ့”

“ယွင်လိုင်အင်ပါယာဆိုတာ ငါတို့ထျန်းမြောင်အင်ပါယာရဲ့

လက်အောက်ခံ အင်ပါယာလေးတစ်ခုပဲ… သူတို့ကနှစ်စဉ်နှစ်တိုင်း  ငါတို့ရဲ့ထျန်းမြောင်အင်ပါယာကို တန်စိုးလက်ဆောင်ပဏ္ဏာတွေ ဆက်သနေရတာ… “

ထျန်းမြောင်အင်ပါယာ၏ ကျင့်ကြံသူတစ်ယောက် ရှစ်ဖုန့်ဟု သူ့ကိုယ်သူခေါ်သော လူငယ်လေးက ယွင်လိုင်အင်ပါယာမှဖြစ်သည်ကို  လက်သင့်ခံနိုင်ရန်အတွက် ခက်ခဲနေသည်။ အကယ်၍ ရှစ်ဖုန့်ကသာ ထျန်းမြောင်အင်ပါယာထက်

အားကောင်းသော အင်ပါယာတစ်ခုမှ လာခဲ့သည်ဆိုလျှင် သူတို့အနေဖြင့်  ၎င်းအားလက်သင့်ခံနိုင်လိမ့်မည်ဖြစ်သည်။

“ယွင်လိုင်အင်ပါယာ ရှစ်ဖုန့်”

ကောင်းကင်ထဲတွင်ရှိနေသော အဖြူရောင်စာတန်းအားကြည့်၍  ပုယွင်ရွှမ်းရုတ်တရက် နိုးနိုးကြားကြားဖြစ်သွားသည်။ လွန်ခဲ့သောအချိန်တစ်ချို့တုံးက  ယွင်လိုင်အင်ပါယာမှနေ၍ ထျန်းမြောင်အင်ပါယာသို့လာ

ခဲ့သောကျင့်ကြံသူတစ်ယောက်က  ယွင်လိုင်အင်ပါယာ၌ အရှိန်အဟုန်ဖြင့် ကြီးထွားလာသော   လူငယ်လေးတစ်ယောက်

အကြောင်းသူ့အားပြောဖူးသည်ကို သူအမှတ်ရသွားသည်။  သူ၏နမည်ကလည်းရှစ်ဖုန့်ဖြစ်ပုံရ၏။ ပုယွင်ရွှမ်းအနေဖြင့် ဤနမည်အား ကြားဖူးသလိုဖြစ်နေသည်ကို မအံ့ဩတော့ပေ။ ၎င်းနမည်အားတစ်နေရာရာ၌ ကြားခဲ့ဖူးသည်ဟုသူခံစားခဲ့ရသည်ဖြစ်သည်။

အဲ့အချိန်တုံးက ပုယွင်ရွှမ်းအနေဖြင့် သိပ်အလေးအနက်မထားခဲ့ပေ။ ယွင်လိုင်အင်ပါယာမှ ကျင့်ကြံသူလေးတစ်ယောက် ဘာမှ ဒုက္ခမဖြစ်စေနိုင်ဟုသူယူဆခဲ့သည်။ သူကဇတ်လမ်းတစ်ခု၏ ဇတ်ကောင်သေးသေးလေး

တစ်ခုသာမှတ်ယူခဲ့သည်။ ဤဇတ်ကောင်သေးသေးလေးက ထျန်းမြောင်အင်ပါယာသို့ရောက်ရှိနေခဲ့ပြီး  ပို၍ကြီးမားသောလှုပ်ရှားမှုမျိုး

ကိုပင်လုပ်ဆောင်လိမ့်မည်ဟု  သူမမျှော်လင့်ထားခဲ့မိချေ။

“ငါသတိရပြီး ငါ့ရဲ့ဝမ်းကွဲဖြစ်သူ

ပုယွင်ထျန်းက ယွင်လိုင်အင်ပါယာမှာ လွန်ခဲ့တဲ့အချိန်အချို့က သေသွားခဲ့တာမလား”

ပုယွင်ရွှမ်းက  သူ့ဘေးတွင်ရှိသော

ပုမိသားစု၏ ကျင့်ကြံသူတစ်ယောက်အားမေးလိုက်သည်။

“ဟုတ်ပါတယ်”

ကျင့်ကြံသူက ပြန်ဖြေလိုက်သည်။ထို့နောက်

သူကပြောလိုက်သည်။

“သခင်လေးယွင်ထျန်းက ယွင်လိုင်အင်ပါယာမှာသေသွားခဲ့ရတာပါ..

ဒုခေါင်းဆောင်ဖြစ်သူက   ပုမိသားစုရဲ့ ကျင့်ကြံသူတွေကိုစုစည်းထားပြီးတော့ ယွင်လိုင်အင်ပါယာကို တိုက်ခိုက်ဖို့ ပြင်ဆင်နေပါတယ်…ကျွန်တော်တို့တွေ သွေးနီရောင်ကမ္ဘာထဲကို ရောက်နေချိန်ဘာတွေဖြစ်

ပျက်ခဲ့လဲဆိုတာကို  ကျွန်တော်သိချင်မိတယ်”

“မဟုတ်ဖူး”

ပုယွင်ရွှမ်းကပြောလိုက်သည်။

“ပုမိသားစုကို မြန်မြန်ပြန်ပြီးတော့

ငါ့အဖေကို အကုန်လုံးပြောပြလိုက်…ပြီးရင်  ယွင်ထျန်းကိုသတ်ခဲ့တာကို လက်စားချေဖို့လုပ်နေတဲ့ ဒုတိယဦးလေးကိုတားဖို့သူ့ကိုပြော….

ပုမိသားစုကို သုတ်သင်ခံရတာမျိုး မဖြစ်စေနဲ့”

“ဟုတ်ကဲ့”

ပုယွင်ရွှမ်း၏ အမိန့်အား ကြားလိုက်ရသောအခါတွင် ကျင့်ကြံသူက အလျင်အမြန်ပဲ ပျံသန်းထွက်သွားသည်။

ရှစ်ဖုန့်၏ ပုံရိပ်က ယခုအချိန်၌ အရမ်းမြင့်မားနေပြီး သူ့အနေဖြင့် ဤငတုံးများအားသတ်ဖြတ်ခြင်းကို ဖိအားအဖြစ်အသုံးချ၍

ဤကျိုးပျက်နေသော အင်ပါယာအားခြိမ်းခြောက်လိုသည်။ ဤကျိုးပျက်နေသော အင်ပါယာက လုံရှင်း၏ အင်ပါယာတော်ဝင်အမိန့်ပြန်တမ်းကို မီးရှို့ပစ်ပြီး ၎င်းအားသတ်ခဲ့ခြင်းအတွက် သူ့အားအလွတ်ပေးမည်မဟုတ်သည်ကို ရှစ်ဖုန့်သိသည်ဖြစ်သည်။ ထိုထက်ပိုသည်ကားထိုအိမ်ရှေ့စံဟုခေါ်သာ ကျင်းလွေဟူသည့်ငတိက လုံမုန့်အား မတော်တရော်တွေ လာပြီးတွေးနေခဲ့ခြင်းဖြစ်သည်။

ရှစ်ဖုန့်က ၎င်းတို့အား

ယွင်လိုင်အင်ပါယာသည်

အလွယ်တကူ အနိုင်ကျင့်၍ ရသောအရာတစ်ခုမဟုတ်ကြောင်း

၎င်းတို့အားသိစေလိုသည်။

အချိန်တစ်ချို့ကြာမြင့်ပြီးသည့်နောက်တွင်  မြေငလျှင်လှုပ်ခြင်းက နောက်ဆုံး၌ ရပ်တန့်သွားခဲ့သည်။မြေပြင်ပေါ်တွင် အတော်လေးကို သိသာမြင်သာသော

ဧရာမ အခြေမဲ့ အနက်ရောင်တွင်းကြီးတစ်ခုရှိနေသည်။

နောက်ဆယ်နှစ် သို့မဟုတ် နှစ်တစ်ရာလောက်ကြာမြင့်ပြီး

သည့်နောက်တွင်  ဤအနက်ရောင်တွင်းကြီးက ဒဏ္ဍာရီတစ်ခုဖြစ်လာပြီး  ထျန်းမြောင်အင်ပါယာ၏

မျိုးဆက်သစ်များအား လက်ဆင့်ကမ်းမည့်စိတ်

ကူးယဉ်ဆန်သော အရာတစ်ခုဖြစ်ကောင်းဖြစ်လာနိုင်သည်။

ရှစ်ဖုန့်၏ပုံရိပ်က လှုပ်ရှားလိုက်ပြီး   မြေပြင်ပေါ်သို့ဆင်းသက်လိုက်သည်။ ထို့နောက်အတွေးတစ်ချက်ဖြင့် သွေးနီရောင်ကျောက်ပြားအတွင်း၌ ကျင့်ကြံနေကြသော ဟုန်ယွဲ့နှင့်စံပယ်လေးတို့ ကလည်းမြေပြင်ထက်တွင်ပေါ်လာသည်။

ဟုန်ယွဲ့နှင့်စံပယ်လေးတို့က

အလျှံအပယ်ဖြစ်နေသောမူလစွမ်းအင်များက ရုတ်တရက်ပါးလျသွားသည်ကို အာရုံခံမိလိုက်သည်။ သူမတို့၏မျက်လုံးအား ဖြည်းညှင်းစွာဖွင့်လိုက်ပြီး   သူမတို့ရှေ့တွင်ရှိနေသောကမ္ဘာက ကြီးမားစွာပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။ မြေပြင်ပေါ်၌တင်ပျဉ်ခွေထိုင်နေသောသူမတို့၏ကိုယ်အား ဖြည်းညှင်းစွာထရပ်လိုက်သည်။ စံပယ်လေးကသူမခေါင်းအားခါယမ်း၍  ပတ်ဝန်းကျင်အားကြည့်ရှုလိုက်ပြီး အံ့အားသင့်စွာအော်လိုက်သည်။

“အား..ညီမလေးတို့ထွက်လာပြီး နောက်ဆုံးတော့ညီမလေးတို့ အဲ့နေရာကနေထွက်လာပြီ”

ရှစ်ဖုန့်က မိန်းကလေးနှစ်ယောက်

အားကြည့်၍ ခေါင်းညိမ့်လိုက်သည်။

သူကပြောလိုက်သည်။

“တို့တွေထွက်လာပြီ.. မင်းတို့နှစ်ယေက်ကရော..အခုကစပြီးတော့ဘာလုပ်ဖို့ အစီအစဉ်ရှိကြလဲ… မင်းတို့တွေ ငါ့နေရာလွတ်ထဲမှာဆက်ပြီး

တော့ကျင့်ကြံချင်လား ဒါမှမဟုတ် မင်းတို့လာခဲ့တဲ့ နေရာကိုပြန်

သွားချင်ကြလား.. ဒါပေမဲ့ မင်းတို့သာငါ့နောက်ကို လိုက်မယ်ဆိုရင် ဒီထက်ပိုပြီးဝေးတဲ့ သိုင်းလမ်းစဉ်ပေါ်ကို လျှောက်လှမ်းရလိမ့်မယ်”

ရှစ်ဖုန့်က ဘာကိုမှမဖုံးကွယ်ထားသလို ဘာကိုမှလည်း သင့်တော်သည်ဟုမပြောပေ။ အဘယ့်ကြောင့်ဆိုသောအမှန်တရားက သူပြောခဲ့သလိုသာဖြစ်နေသောကြောင့်ဖြစ်သည်။ သူတို့သာ ငရဲဘုံကိုးခုဧကရာဇ်၏ ဘေး၌ ကျင့်ကြံကြလျှင်  သူတို့အတွက် နောက်နယ်ပယ်အားခုချိုးဖျက်ရန် ခက်ခဲလိမ့်မည်မဟုတ်ပေ။ ယင်းမှာကျင့်ကြံသူများစွာ

အိမ်မက်မက်နေကြသော အရာတစ်ခုဖြစ်သည်။

“ကျွန်မတို့လည်းနေချင်ပါတယ်”

ဟုန်ယွဲ့ကခေါင်းညိမ့်လိုက်သည်။ ထို့နောက်သူမက စိုးရိမ်ပူပန်သော မျက်နှာဖြင့်သက်ပြင်းချ၍ ပြောလိုက်သည်။

“ဒါပေမဲ့.. စံပယ်လေးနဲ့ကျွန်မက အပြင်မှာအကြာကြီးနေလို့မရဘူး…မဟုတ်ရင် ..ကျွန်မတို့ အသက်တွေအတွက် အန္တရာယ်ရှိလိမ့်မယ်..”

ဟုန်ယွဲ့၏ စကားအားကြားလိုက်ရသောအခါတွင် ဟုန်ယွဲ့ကဲ့သို့  စံပယ်လေး၏လှပပြီး ချစ်ဖို့ကောင်းသော မျက်နှာလေးထက်တွင်လည်း ဝမ်းနည်းသောအမူအယာက တိတ်တဆိတ်ဖြစ်ပေါ်လာသည်။

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters