အပိုင်း(၂၈၉)
Vol. 20 Ch. 289
ဟုန်ယွဲ့၏စကားတို့အားကြားရပြီး
ဟုန်ယွဲ့နှင့် စံပယ်လေးတို့မျက်နှာထက်ရှိ ဝမ်းနည်းမှုအား မြင်တွေ့ရသောအခါတွင် ရှစ်ဖုန့်အနေဖြင့် တစ်စုံတစ်ခုအား မြင်သွားပုံရပြီး သူတို့နှစ်ဦးလုံးအားပြောလိုက်သည်။
“မင်းတို့လက်ကိုပေး”
ရှစ်ဖုန့်ဘာကိုခန့်မှန်းမိသည်အား သိလိုက်ရသောအခါတွင် ဟုန်ယွဲ့က သူမ၏ညာလက်အားရှစ်ဖုန့်ထံသို့ ကမ်းပေးလိုက်သည်။
စံပယ်လေးကလဲ ဟုန်ယွဲ့ကဲ့သို့ သူမ၏ လက်အားရှစ်ဖုန့်ထံလှမ်းပေးလိုက်သည်။
ရှစ်ဖုန့်က အမျိုးသမီးနှစ်ယောက်၏ လက်ကောက်ဝတ်အားဆုပ်ကိုင််၍ စတင်အာရုံခံလိုက်သည်။ အမျိုးသမီးနှစ်ယောက်က ရှစ်ဖုန့်အား ကြည့်လိုက်သောအခါတွင် ရှစ်ဖုန့်၏ သရုပ်မှန်အားသူမတို့သိရှိနေ
ကြသောကြောင့် သူမတို့၏
မျက်နှာထက်တွင် မျှော်လင့်ချက်များဖြင့်ပြည့်နှက်နေ၏။ သူမတို့၏ သိမြင်နားလည်မှုတွင် ရှစ်ဖုန့်မှာ ကြီးမြတ်သော ငရဲဘုံကိုးခု ဧကရာဇ်၏ အဆက်အနွယ်တစ်ယောက်ဖြစ်ပြီး ထျန်းဟန်တိုက်ကြီးအတွင်းတွင် တစ္ဆေများအားထိန်းချုပ်ခြင်းပညာရပ်၌ ငရဲဘုံကိုးခုဧကရာဇ်နှင့် နှိုင်းယှဉ်နိုင်သောသူမည်
သူများရှိနိုင်ပါမည်နည်း။
ရှစ်ဖုန့်က ဖြည်းဖြည်းချင်းမျက်မှောင်ကြုတ်လိုက်ပြီး တည်ကြည်လေးနက်စွာပြောလိုက်သည်။
“မိခင်နှင့်ကလေး တစ္ဆေ
နာကြည်းချက်ကျိန်စာ”
မိခင်နှင်ကလေး တစ္ဆေနာကြည်းချက်မှာ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် သူမမီးဖွားကာနီးအချိန်တွင် အမျိုးမျိုးသောနည်းလမ်းများဖြင့် ညှင်းပန်းနှိပ်စက်ခံရပြီး ကလေးနှင့်မိခင်ဖြစ်သူတို့၏
ဝိညာဉ်များက မကျေမချမ်းမှုများက အထွတ်အထိပ်အဆင့်သို့ရောက်ရှိ
လာခဲ့ပြီးနောက် နက်ရှိုင်းသောနာကြည်းချက်များ
ဖြင့်တစ္ဆေဖြစ်လာကြခြင်းဖြစ်သည်။
ဟုန်ယွဲ့နှင့်စံပယ်လေးတို့၏
ကိုယ်အတွင်း၌ မိခင်နှင့်ကလေး တစ္ဆေနာကြည်းချက်ကျိန်စာအား ဆီးလ်ခတ်ထားသည်။ လျှို့ဝှက်ပညာရပ်ကြောင့် ကျိန်စာက နက်ရှိုင်းစွာအိပ်မောကျနေ
သည်ဖြစ်သော်လည်း မိခင်နှင့်ကလေး နားကြည်ချက်ကျိန်စာက တစ်ကြိိမ်နိုးထလာသည်နှင့် အမျိုးသမီးနှစ်ယောက်မှာ သူမတို့၏ကိုယ်တွင်း၌ရှိနေသော
တစ္ဆေ၏ တိုက်ခိုက်မှုအား မလွဲဧကန်ခံရလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်အနေဖြင့် မိန်းကလေးနှစ်ယောက်၏ ကိုယ်အတွင်းရှိ ကျိန်စာအား ဖယ်ရှားပေးနိုင်သော်လည်း လုပ်ဆောင်နေစဉ်အတွင်း မိခင်နှင့်ကလေးနားကြည်းချက်ကျိန်စာ နိုးထလာနိုင်ဖို့ အခွင့်အလမ်းက ပို၍များပြားလေသည်။ အမျိုးသမီးနှစ်ယောက်၏
ခန္ဓာကိုယ်များက နက်ရှိင်းသော မိခင်နှင့်ကလေးနာကြည်းချက်ကျိန်စာအား တောင့်ခံနိုင်ခြင်းရှိလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ရှစ်ဖုန့်အနေဖြင့် ဤအမျိုးသမီးနှစ်ယောက်၏ လုံခြုံမှုနှင့်ပက်သက်ပြီး ကပျက်ကချော် မပြုလုပ်ရဲပေ။
ယခုအချိန်၌ မိခင်နှင့်ကလေးနာကြည်း
ချက်ကျိန်စာအား မဖယ်ရှားနိုင်သေးသော်လည်း လျှို့ဝှက်နည်းစနစ်အားအသုံးပြုပီး မိခင်နှင့်ကလေးနာကြည်း
ချက်ကျိန်စာအား နိုးကြားခြင်းမရှိစေရန် အချိန်ဆွဲဆန့်ခြင်းကိုတော့
ရှစ်ဖုန့်လုပ်နိုင်သည်ဖြစ်သည်။
အမျိုးသမီးနှစ်ယောက်၏ လက်ကောက်ဝတ်အားကိုင်ထားသော သူ၏လက်တို့အားပြန်ရုတ်သိမ်းလိုက်ပြီး ရှဏ်ဖုန့်က သူ၏လက်တို့ဖြင့် မုဒြလက်ဟန်တစ်ခုကို ပုံဖော်လိုက်သည်။ထို့နောက် အမျိုးသမီးနှစ်ယောက်၏ နှလုံးနေရာအားခပ်ဖွဖွပုတ်လိုက်၏။ လက်ပုံရိပ်တို့က အမျိုးသမီးနှစ်ယောက်၏နှလုံး
နားသို့မရောက်ခင်အရင်ဆန်းကြယ်သောအဖြူရောင်အင်းစာလုံးနှစ်ခုက လွင့်မျောထွက်လာပြီး အမျိုးသမီးနှစ်ယောက်၏ နှလုံးထံသို့ တရွေ့ရွေ့သွားကာ
အမျိုးသးမီးနှစ်ယောက်၏ ကိုယ်အတွင်းသို့ဝင်ရောက်
ပုန်းကွယ်သွားသည်။
ထို့နောက်တွင်ရှစ်ဖုန့်က သူ၏လက်ပုံရိပ်တို့အားရုတ်သိမ်းလိုက်ပြီး အခြေအနေကိုကြည့်လိုက်သည်။ အမျိုးသမီးနှစ်ယောက်၏
မျက်နှာထက်တွင် မျှော်လင့်ချက်များဖြင့်ပြည့်နှက်နေပြီး ရှစ်ဖုန့်၏စကားအားစောင့်ဆိုင်းနေကြသည်။
“မင်းတို့တွေ အရမ်းကြီးပျော်နေဖို့မလိုအပ်သေးဘူး… ငါမင်းတို့ကိုယ်ထဲက မိခင်နဲ့ကလေးနာကြည်းချက်ကျိန်စာကို မဖယ်ရှားခဲ့ဘူး...အဲ့တာ
အိပ်မောကျနေတဲ့ အချိန်ကိုပဲ ငါဆွဲဆန့်ခဲ့တာ..ဒီသုံးလအတွင်းတော့ မိခင်နဲ့ကလေးကျိန်စာက နိုးထလာမှာမဟုတ်ဖူး..ဒီကိုလာခဲ့”
ရှစ်ဖုန့်က အမျိုးသမီးနှစ်ယောက်
အားပြောလိုက်သည်။
“အိုး”
ရှစ်ဖုန့်၏စကားတို့အားကြား
လိုက်ရသောအခါတွင်
အမျိုးသမီးနှစ်ယောက်က
ခေါင်းညိမ့်လိုက်ပြီး အနည်း
ငယ်စိတ်ပျက်သော အမူအယာများ သူမတို့၏မျက်နှာထက်တွင်ပေါ်လာသည်။ စံပယ်လေးက ဟုန်ယွဲ့အား နှစ်သိမ့်၍ပြောဆိုလိုက်သည်။
“စီနီယာအမ အပြင်ဘက်မှာသုံးလလောက်နေရတာကလည်းကောင်းတာပဲ…ညီမလေးတို့သုံးလတောင် အဲ့နေရာကိုပြန်ပြီးတော့သွား
စရာမလိုတော့ဘူး..သုံးလတောင်မှ…”
“အင်း”
ဟုန်ယွဲ့က ညင်သာစွာခေါင်း
ညိမ့်လိုက်သည်။
“ဟုတ်တယ်… တို့တွေ အဲ့နေရာကကိုသုံးလ
တောင်ပြန်သွားနေစရာမလို့တော့ဘူး” ၏
သူမတို့ဆရာဖြစ်သူ သေဆုံးသွားခဲ့ပြီးသည့်နောက်တွင် သူမတို့အနေဖြင့် ထိုနေရာ၌
ဘယ်သောအခါမှ ထပ်မံ၍ မနေချင်တော့ပေ။
“အဲ့နေရာက မင်းတို့ဂိုဏ်းလား..
မင်းတို့ ကို မိခင်နဲကလေးနာကြည်းချက်ကျိန်စာကို ထည့်သွင်းခဲ့တဲ့သူက မင်းတို့ဂိုဏ်းက တပည့်လား”
အမျိုးသမီးနှစ်ယောက်၏ စကားတို့အားကြားလိုက်
ရသောအခါတွင် ရှစ်ဖုန့်က
မေးလိုက်သည်။ ဤအမျိုးသမီးနှစ်ယောက်၏ ဂိုဏ်းအား ယင်ကွေဂိုဏ်းဟုခေါ်သည်ကို ရှစ်ဖုန့်မှတ်မိသည်ဖြစ်သည်။
“အင်း”
ဟုန်ယွဲ့နှင့်စံပယ်လေးတို့က တစ်ချိန်တည်းတွင်ခေါင်းညိမ့်လိုက်ကြပြီး ဟုန်ယွဲ့ကပြောလိုက်သည်။
“အဲ့တာက လက်ရှိ ကျွန်မတို့ယင်ကွေဂိုဏ်းရဲ့လက်ရှိ ဂိုဏ်းခေါင်းဆောင်ပဲ…လွန်ခဲ့တဲ့ ဆယ်စုနှစ်အချို့လောက်က
ကျွန်မတို့ရဲ့ ယင်ကွေဂိုဏ်းက ထျန်းရှဲ့ (ကောင်းကင်နတ်ဆိုး)ဂိုဏ်းရဲ့ လက်အောက်ခံဖြစ်လာခဲ့တယ်…
အဲ့နောက်မှာ ကျွန်မတို့ ယင်ကွေိဂိုဏ်းက သုံးနှစ်ကိုတစ်ခါ ကျွန်မတို့ဂိုဏ်းရဲ့ အမျိုးသမီးတပည့်တွေကို ထျန်းရှှဲ့ဂိုဏ်းခေါင်းဆောင်ထံကို လက်ဆောင်အဖြစ်ဆက်သရတယ်”
“ကျွန်မတို့ရဲ့ ဆရာအသက်ရှင်စဉ်အချိန်တုံးကဆိုရင် …ကွေ့ယင်ဂိုဏ်းက ကျွန်မတို့နဲ့ပက်သက်ပြီးဘာ
စိတ်ကူးစိတ်သန်းမှ ရှိမနေခဲ့ဘူး..ဒါပေမဲ့ ကျွန်မတို့ဆရာဖြစ်သူ သေဆုံးသွားပြီးတဲ့နောက်မှာ တစ်ချိန်က ကျွန်မတို့ဆရာကို မနာလိုမုန်း
တီးစိတ်ရှိတဲ့သူက ဂိုဏ်းခေါင်းဆောင်ဖြစ်လာခဲ့တယ်.. ဒီတော့သူက ကျွန်မတို့နှစ်ယောက်ကို ထျန်းရှဲ့ဂိုဏ်းကို နောက်ထပ်ဆက်သမဲ့ လက်ဆောင်ပဏ္ဏာအဖြစ်
ရွေးချယ်လိုက်တယ်”
“ကွေယင်ကျိက အရမ်းကိုဆိုးတဲ့သူပဲ”
ဟုန်ယွဲ့၏ စကားအားကြားလိုက်ရသောအခါတွင် စံပယ်လေးကသူမ၏
လက်သီးလေးအား
ကျစ်နေအောင်ဆုပ်ထား၍ ဒေါသတကြီးပြောလိုက်သည်။
ကွေယင်ကျိမှာ လက်ရှိသူမတို့
ယင်ကွေဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူဖြစ်သည်။
အမျိုးသမီးနှစ်ယောက်၏ ဇတ်ကြောင်းပြန်ခြင်းအား နားထောင်ပြီးသည့်နောက်တွင်
ရှစ်ဖုန့်က အမျိုးသမီးနှစ်ယောက်အား ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
“ဒီအချိန်အတောအတွင်း မင်းတို့တွေ ငါ့ရဲ့နေရာလွတ်ထဲမှာနေပြီး
တော့ကျင့်ကြံကြပေါ့… ငါက ဖျောင်ရှဂိုဏ်းကိုသွားဦးမယ်..
ဖျောင်ရှဂိုဏ်းရဲ့ ကိစ္စတွေပြီးသွားတဲ့နောက်ကြရင် ငါမင်းတို့နဲ့အတူ ယင်ကွေဂိုဏ်းကိုလိုက်ပေးမယ်.
ဘယ်လိုလဲ”
ရှစ်ဖုန့်၏ စကားအား နားထောင်ပြီးသည့်နောက်တွင် စံပယ်လေးကပြောလိုက်သည်။
“ကောင်းပါပြီ အကယ်၍ရှင်သာကျွန်မတို့နဲ့အတူ ယင်ကွေဂိုဏ်းကိုလိုက်လာမယ်ဆိုရင် ကွေယင်ကျိ တစ်ယောက်သေချာပေါက် ကျွန်မတို့ကိုထပ်ပြီးတော့ အခက်ကြုံအောင်လုပ်ရဲမှာမဟုတ်ဖူးလို့ ကျွန်မထင်တယ်”
“ကျေးဇူးတင်ပါတယ်”
ဟုန်ယွဲ့ကလည်း စံပယ်လေးနောက်မှလိုက်ပါ၍
ရှစ်ဖုန့်အား ကျေးဇူးတင်စကားဆိုလိုက်သည်။
အခုမှစတင်၍ အမျိုးသမီးနှစ်ယောက် က သူ့နားမှထွက်ခွာမသွားတော့
သည်ကိုတွေ့လိုက်ရသောအခါတွင်
ရှစ်ဖုန့်က သူ့ဘယ်လက်အားသူမတို့ထံသို့
ဆန့်ထုတ်လိုက်သည်။ သွေးနီရောင်ကျောက်ပြားအမှတ််အသားက ထပ်မံ၍လင်းလက်လာပြီး သူမတို့အား သွေးနီရောင်ကျောက်ပြားအတွင်းရှိ အမှောင်ထုနေရာဆီသို့ ထပ်မံ၍ စုပ်ယူသွားသည်။
ချက်ချင်းပဲ ရှစ်ဖုန့်၏ကိုယ်က ဟင်းလင်းပြင်ထဲသို့တည့်တည့်
ထိုးတက်သွားပြီး လေထဲတွင်ရပ်တန့်လိုက်သည်။
ဤအချိန်၌ အဝေးမှနေ၍ ပွဲကြည့်ပရိတ်သတ်လုပ်နေကြသော ကျင့်ကြံသူများမှာ ရှစ်ဖုန့်၏အကြည့်က သူတို့အပေါ်သို့သိမ်းကျုံး၍ ကျရောက်လာသည်ကိုတွေ့
လိုက်ရသောအခါတွင် ရုတ်ခြည်းပဲ သူတို့၏တစ်ကိုယ်လုံးအေးစက်တောင့်တင်သွားသလိုခံစားလိုက်ရသည်။ ကျင့်ကြံသူများ၏ နှလုံးသားထဲတွင် လက်ရှိရှစ်ဖုန့်က သွေးဆာပြီး ရက်စက်သောသူတစ်ယောက်အဖြစ်ရှုမြင်ထားသည်။ များပြားလှသောအင်အားစုများနှင့် ကျွမ်းကျင်သူများအား သူကတစ်ယောက်တည်းဖြင့်
သတ်ဖြတ်ပစ်ခဲ့သည်ဖြစ်သည်။
“သခင်”
“ကောင်လေးရှစ်”
ဤအချိန်၌ ချင်းဖျင်မြို့၏
ကောင်းကင်ထဲတွင် အလင်းတန်းနှစ်ခုပေါ်လာပြီး တစ်ခုက တောက်ပ၍ တစ်ခုက အနက်ရောင်ဖြစ်ကာ ရှစ်ဖုန့်ထံသို့ လေကိုထိုးခွင်းလာသည်။ မျက်စိတစ်မှိတ်အတွင်း၎င်းတို့က ရှစ်ဖုန့်ရှေ့သို့ရောက်ရှိလာ၏။ အလင်းရောင်များပျောက်
ကွယ်သွားချိန်တွင် ဝူရှောင်းယွင်
နှင့်ယွဲ့ဝူရှင်းတို့ ထွက်ပေါ်လာသည်။
ပုံရိပ်နှစ်ခုက ဤနေရာ၌ပေါ်လာသည်ကို မြင်တွေ့လိုက်ရသောအခါတွင် သူ၏နမည်က ဤနေ၌ ဖြစ်ပျက်ခဲ့မှုများကြောင့် ထျန်းမြောင်အင်ပါတစ်ခွင်ဖြတ်
သန်းပျံ့နှံ့သွားပြီဖြစ်သည်ကို ရှစ်ဖုန့်သိလိုက်သည်။
“သခင်…သခင်ကအရမ်းကို အစွမ်းထက်တာပဲ…အခုဆို ထျန်းမြောင်အင်ပါယာမှာ သခင့်နမည်ကို မသိတဲ့သူ ရှိတော့မှာတောင်မဟုတ်ဖူး…
တုန်းဖန်းမိသားစုရဲ့ ဝင့်ကြွားနေတဲ့ တုန်းဖန်းကျွင်းနဲ့ တုန်းဖန်းမိသားစုခေါင်းဆောင် တုန်းဖန်းပါတို့နှစ်ယောက်လုံး သခင့်ရဲ့လက်ထဲမှာသေသွားကြရတယ််”
ဝူရှောင်းယွင်က စကားပြောနေရင်း သူ၏မျက်နှာထက်တွင် စိတ်လှုပ်ရှားပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ အကယ်၍ရှစ်ဖုန့်သာသတိရတာ
မမှားယွင်းဘူးဆိုလျှင် ဝူရှောင်းယွင်၏အတိတ်မှနာကျင်မှုများက တုန်းဖန်းမိသားစုကြောင့် ဖြစ်ခဲ့ရပုံရသည်။
ထို့နောက်တွင် ယဲ့ဝူရှင်းက ခါးသီးစွာပြုံးလိုက်ပြီးပြောလိုက်သည်။
“ငါတို့တွေစတွေ့ခဲ့အချိန်တုံးကကို ပြန်ပြီးတွေးကြည့်လိုက်ရင် မင်းရဲ့တိုက်ပွဲစွမ်းအားက ငါ့နဲ့ တန်းတူလောက်ပဲရှိခဲ့တယ်…
အဲ့အချိန်တုံးက မင်းဟာ ယွင်လိုင်အင်ပါယာကို ဇောက်ထိုးမိုးမျှော်လုပ်ခဲ့ပြီး ငါက မင်းက ကောင်းကင်ဘုံကိုတော်တော်လေး ဆန့်ကျင်နေခဲ့ပြီလို့ထင်ခဲ့တာ.. ထျန်းမြောင်အင်ပါယာကိုရောက်
လာခဲ့ပြီးတဲ့နောက်မှာမင်းက မရပ်မနားပဲကြီးထွားလာလိမ့်အုံးမယ်လို့ ငါမမျှော်လင့်ထားခဲ့မိဘူး…
မင်းဘယ်နေရာကိုပဲသွားသွား
ပြဿနာတွေက ရှိနေအုံးမှာပဲ”
ယဲ့ဝူရှင်း၏ စကားတို့အား ကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
“ဒီနေရာဆိုတာက ကောင်းကင်ပြင်ကြီးအောက်ထဲက နေရာသေးသေးလေးပဲရှိသေးတယ်…
အနာဂတ်မှာ ပါရမီရှင်ဆိုတဲ့သူတွေ ပိုပြီးတော့တွေ့ရအုံးမှာ…သူတို့ကိုယ်သူတို့ပြိုင်ဘက်ကင်းပါရမီရှင်လို့ခေါ်တဲ့သူတွေ ပိုပြီးတော့ အထူးကျွမ်းကျင်ပါတဲ့ဆိုတဲ့သူတွေဟာ သူတို့အတွက်ဘာကကောင်းတယ်ဆိုတာကို မသိကြရင် ဒီသခင်လေးရဲ့လက်ထဲမှာပဲ သေကြရအုံးမှာပဲ”
ရှစ်ဖုန့်၏ ပင်ကိုယ်ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိသောမျက်နှာအားကြည့်၍ ယွဲ့ဝူရှင်းနှင့်ဝူရှောင်းယွင်တို့မှာ ကောင်းကင်ထက်မှ ကျွမ်းကျင်သူများ တဖြုတ်ဖြုတ်ကျဆင်းလာပြီး ဤလူငယ်သွားရာနေရာတိုင်းတွင် အလောင်းများတောင်လိုပုံ၍ သွေးများပင်လယ်လိုအိုင်ထွန်း
နေမည့်မြင်ကွင်းကို မြင်ယောင်မိလိုက်ကြသည်။
ဤသည်က လုံးဝရပ်တန့်နိုင်ခြင်းမရှိသော
အရှင်သခင်တစ်ပါးပင်ဖြစ်လေသည်။
ရှစ်ဖုန့်၏ဤကဲ့သို့အချင်း
အရာအားကြည့်၍ ဝူရှောင်းယွင်၏ကိုယ်အတွင်းမှ ဂနာမငြိမ်မှုများက နိုးကြွလာသည်။သူကပြောလိုက်သည်။
“သခင် ရှောင်းယွင် သခင့်ရဲ့နောက်ကို နောက်ဆုံးအထိလိုက်ပါဖို့ ဆန္ဒရှိပါတယ်..
ဒါပေမဲ့ ရှောင်းယောင်ရဲ့ ခွန်အားက အရမ်းကို အားနည်းလွန်းနေတယ်..”
ဝူရှောင်းယွင်တစ်ယောက် အစကစိတ်လှုပ်ရှားမှု
အပြည့်ဖြစ်နေခဲ့သော်လည်း
စကားပြောနေရင်း စိတ်ပျက်လက်ပျက်ဖြစ်သွားသော
အမူအယာက သူ၏မျက်နှာထက်တွင်ပေါ်လာခဲ့သည်။
“လူအိုကြီးဖြစ်တဲ့ ငါ့ရဲ့ပါရမီက အရမ်းမကောင်းပေမဲ့ ငါလည်း ပါရမီရှင်တွေိကို သတ်ဖြတ်ချင်ပေမဲ့ …အနာဂတ်မှာ မင်းရဲ့တိုက်ခိုက်တာတွေကိုပဲ ငါကြည့်ရတော့မယ်ထင်တယ် ကောင်လေး”
ယဲ့ဝူရှင်းမှာ အသက်ကြီးနေပြီဖြစ်သည်။ သူ၏မျက်နှာထက်တွင် စိတ်ပျက်လက်ပျက်ဖြစ်နေသော အမူအယာအားဖော်ပြထားခြင်းမရှိသော်လည်း သူ၏လေသံ၌တော့တစ်စွန်း
တစ်စပါဝင်နေလေသည်။
ဆက်ရန်…
ဘာသာပြန်သူ - ARISE