← Chapters

အပိုင်း(၂၉၀)

Vol. 20 Ch. 290

အပိုင်း(၂၉၀)

Vol. 20 Ch. 290

“သွားကြစို့ ဒီသခင်လေးက

ခင်ဗျားတို့ကို ကျင့်ကြံဖို့အတွက် မြင့်မြတ်တဲ့နေရတစ်ခုဆီကို

ခေါ်သွားပေးမယ်”

ရှစ်ဖုန့်က ဝူရှောင်းယွင်နှင့်

ယဲ့ဝူရှင်းတို့အား ပြောလိုက်ပြီးသည့်နောက်  သူ၏ဘယ်လက်ဖဝါးအား သူတို့ထံသို့ဆန့်ထုတ်လိုက်သည်။

သွေးနီရောင်အလင်းတစ်ခုက

လင်းလက်လာပြီး  ချက်ချင်းပဲသူတို့အား  သွေးကျောက်ပြားအတွင်းသို့ ဝင်ရောက်ခွင့်ပြုလိုက်သည်။

သူတို့နှစ်ဦးရှေ့တွင်ရှိနေသော

ကမ္ဘာမှာ ရုတ်တရက် အကန့်သတ်မဲ့ အမှောင်ထုအဖြစ်သိသို့

ပြောင်းလဲသွားခဲ့သည်။

“ဒါကဘယ်နေရာလဲ..”

ယဲ့ဝူရှင်းက  အလန့်တကြား

အော်လိုက်သည်။

“ဒီနေရာက အရမ်းကိုကြီးမားပြီး တော့ သန့်စင်တဲ့မူလချီစွမ်းအင်တွေကလည်း အရမ်းကို ပေါကြွယ်ဝတာပဲ…

ယဲ့ဝူရှင်းက ပြောလိုက်သည်။

ယဲ့ဝူရှင်း၏ အသံပျောက်ကွယ်သွားပြီး

သည့်နောက်တွင်  ဝူရှောင်းယွင်၏ အသံက ချက်ချင်းထွက်ပေါ်လာသည်။

“ဒါက သခင်ခုဏတုံးကပြောလိုက်တဲ့ ကျင့်ကြံဖို့အတွက် မြင့်မြတ်

တဲ့နေရာဆိုတာများ ဖြစ်နိုင်မလား…ကျုပ်သာဒီနေရာ မှာကျင့်ကြံမယ်ဆိုရင် ကျုပ်ရဲ့

ကျင့်ကြံမှုနှုန်းက  ပြင်ပကမ္ဘာမှာထက် အနည်းဆုံး  အကြိမ်သုံးဆယ်လောက် ပိုပြီးတော့ မြန်ဆန်နေလိမ့်မယ်”

ထို့နောက်မှသာ  ဤနေရာ၌ ကျင့်ကြံခြင်းအနေခြေအနေသို့ ဝင်ရောက်နေပြီးဖြစ်သော  တင်ပျဉ်ခွေထိုင်နေကြသည့် လှပသောပုံရိပ်လေးသုံခုအား သူ အာရုံစိုက်မိသွားသည်။

ထို့နောက်တွင် ရှစ်ဖုန့်၏ အနက်ရောင်ပုံရိပ်က  ဝူရှောင်းယွင်နှင့်ယဲ့ဝူရှင်းတို့၏ ရှေ့တွင်ပေါ်လာပြီး သူတို့အား ပြောလိုက်သည်။

“ဒါက ဒီသခင်လေးပိုင်ဆိုင်တဲ့လက်နက်ရဲ့ အတွင်းကမ္ဘာတစ်ခုပဲ  အခုကစပြီးတော့ ခင်ဗျားတို့ဒီမှာပဲ ကျင့်ကြံသင့်တယ်..ဒီသခင်လေးမှာ အချိန်ရှိလာရင်  ဒီကိုမကြာခဏ

လာပြီး တော့ သိုင်းပညာလမ်းညွှန်ပြသမှု

တွေကိုလုပ်ပေးမယ်”

“ဟားဟား ကောင်းတယ်”

ဤနေရာကရှစ်ဖုန့်ပိုင်ဆိုင်ထားသော လက်နက်၏ အတွင်းကမ္ဘာဖြစ်သည်အား သိလိုက်ရပြီး  ကျင့်ကြံဖို့အတွက် မြင့်မြတ်သောနေရဖြစ်နေသည်

သိရသောအခါတွင် ယဲ့ဝူရှင်းက ပျောက်ရွှင်စွာပြုံးလိုက်သည်။ယခုအချိန်၌ သူ့အားဤနေရာမှာထွက်သွား

ရန်မောင်းထုတ်ဖို့ပင် ခက်ခဲလိမ့်မည်ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် သခင်”

ဝူရှောင်းယွင်ကလည်း အလျှင်အမြန် ကျေးဇူးတင်စကားဆိုလိုက်သည်။

ထို့နောက် ရှစ်ဖုန့်က ထပ်မံ

၍ပြောလိုက်သည်။

“ရှောင်ယွင် မင်းကတော့ငါနဲ့အတူ ဒီကနေလိုက်ပြီးထွက်အုံး   ငါ့ကိုဖျောင်ရှဂိုဏ်းဆီကိုခေါ်သွားပေး… ဖျောင်ရှဂိုဏ်းကိစ္စပြီးရင်  ငါမင်းနဲ့အတူ တုန်းဖန်းမိသားစုဆီကို လိုက်ခဲ့ပေးမယ်..”

“ဟုတ်ကဲ့ သခင်”

ဝူရှောင်းယွင်က ရှစ်ဖုန့်၏ စကားအားပြန်လည်၍ တုံ့ပြန်

သောအခါတွင် သူ၏အသံက တုန်ယင်နေပြီး  သူ၏လက်သီးတို့ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားကာသူ့တစ်ကိုယ်လုံးကလည်းတုန်ခါနေသည်။  ရှစ်ဖုန့်ကသူနှင့်အတူ တုန်းဖန်းမိသားစုဆီသို့လိုက်ပါ

ခြင်းအဓိပ္ပါယ်အား သူပင်ကိုအရနားလည်သည်ဖြစ်သည်။ သူ့၏ဇနီးဖြစ်သူ သတ်ဖြတ်ခံရခြင်းအတွက်သူ၏ အမုန်းတရားများ၊ သူ့ဇနီးဖြစ်သူ၏ အမုန်းတရားများအား နောက်ဆုံး၌ ဖွင့်ထုတ်ပစ်နိုင်တော့မည်ဖြစ်သည်။

တုန်းဖန်းမိသားစုခေါင်းဆောင်

တုန်းဖန်းပါနှင့်  တုန်းဖန်းမိသားစု ၏ နံပါတ်တစ်ပါရမီရှင့် တုန်းဖန်းကျွင်းတို့နှစ်ယောက်လုံး

မှာသူ့သခင်၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်ဖြစ်သည်။ ထိုသူတောင်းစားလေးဖြစ်သော တုန်းဖန်းလီကိုမူ ထည့်၍ ပြောနေရန်လိုအပ်လိမ့်မည်မဟုတ်ပေ။

“ချင်အာ …မင်းရဲ့ ကြီးမားတဲ့အမုန်းတရားနားကြဉ်းမှုတွေ.

နောက်ဆုံးတော့ မင်းယောက်ျား မင်းအတွက်လက်စားချေပေးနိုင်တော့မယ်… သခင်နဲ့ဆိုရင် ..သခင်ဖြစ်သူ

သာဒီမှာရှိနေခဲ့ရင်  အဲ့သူတောင်းစားတုန်းဖန်းလီ

သေချာပေါက်ကိုသေလိမ့်မယ်..

အဲ့အချိန်ကြရင်  အဲ့သူတောင်းစားကို ငါ့ရဲ့လက်တွေနဲ့ကိုယ်တိုင်သတ်ရဖို့အတွက် သခင့်ကို ငါတောင်းဆိုမယ်”

ဝူရှောင်းယွင် ကဤစကားများအား သူ၏စိတ်အတွင်းမှနေ၍  ပြောလိုက်သည်။

ထို့နောက်ချက်ချင်း ရှစ်ဖုန့်နှင့်ဝူရှောင်းယွင်တို့၏ကိုယ်မှာသွေးနီရောင်အလင်းတစ်ခုဖျက်ခနဲ လင်းလက်သွားပြီး  နှစ်ယောက်သားရုတ်ခြည်း မှောင်မိုက်နေသောကမ္ဘာအတွင်းမှ ထွက်ခွာလာကာ  မူလမြေပြင်ထက်သို့ ပြန်လည်၍ ရောက်ရှိလာသည်။ ဟင်းလင်းပြင်ထဲ၌ မျောလွင့်ကာတည်ရှိနေဆဲဖြစ်သော သွေးနီရောင်ကျောက်ပြားလေးကလည်း ရှစ်ဖုန့်၏ ဘယ်လက်အတွင်းသို့ လှစ်ခနဲ ဝင်ရောက်လာပြီး သွေးကျောက်ပြားအမှတ်

အသားအဖြစ်ပြန်လည်၍ ပြောင်းလဲသွားသည်။

နှစ်ယောက်သား ချင်းဖျင်မြို့ထံသို့ လျှင်မြန်စွာပျံသန်းသွားလိုက်သည်။  ပျံသန်းနေရင်း ဝူရှောင်းယွင်က ရှစ်ဖုန့်အားပြောလိုက်သည်။

“သခင်ဒါက တကယ့်ကို ချင်းဖျင်မြို့ပဲ…အကယ်၍ ကျုပ်တို့သာ ဖျောင်ရှဂိုဏ်းကိုသွားချင်တယ်ဆိုရင် ကျုပ်တို့တွေ ပို့ဆောင်ရေးအစီအရင်ကို အသုံးပြုဖို့လိုအပ်တယ်…ထျန်းရှမြို့ကို မရောက်ခင်အထိဆိုရင် ကျုပ်တို့တွေ မြို့နှစ်ဆယ်ကို ဖြတ်ကျော်ရလိမ့်မယ်.. ဖျောင်ရှဂိုဏ်းက ထျန်းရှမြို့နဲ့သိပ်ပြီးတော့မဝေးဘူး”

ဖျောင်ရှဂိုဏ်း နောက်ဆုံးတွင်သူ့အနေဖြင့်

ထိုကလေးမရှစ်လင်အား မြင်တွေ့နိုင်တော့မည်ဖြစ်သည်။

ထိုနေရာ၌ ဤကလေးမ ကောင်းမွန်စွာရှိနေသည်လား အကယ်၍ အနိုင်များကျင့်ခံနေရသည်လား သို့မဟုတ်ပြဿတွေများ

ရှိနေမည်လားဆိုသည်ကို  သူမသိပေ။

ညီမဖြစ်သူအားစဉ်းစားမိသောအခါတွင် ရှစ်ဖုန့်က သူ၏ အမြန်နှုန်းကို မြှင့်တင်လိုက်သည်။  မကြာခင်တွင် နှစ်ယောက်သားချင်းဖျင်မြို့

ထဲသို့တိုက်ရိုက်ဆင်းသက်လိုက်ပြီး နောက် ကူးသန်းပို့ဆောင်ရေးအစီအရင်ပေါ်သို့ တိုက်ရိုက်ဆင်းသက်လိုက်သည်။

မူလက ချင်းဖျင်မြို့တော်၏ အထက်တွင် ကျင့်ကြံသူများအား ပျံသန်းခြင်းမှတားမြစ်ထားသည်ဖြစ်သည်။ သို့သော်  မြို့အပြင်ဘက်ရှိ ကြီးမားသောလှုပ်ရှားမှုကြီးနှင့် ငလျှင်က  မြို့တစ်ခုလုံးအား လုံးဝ နိုးကြားသွားစေခဲ့သည်။ အနက်ရောင်ပုံရိပ်က မြို့ထဲရှိလူတိုင်း၏အာရုံအား စွဲဆောင်ထားပြီးဖြစ်သည်။ ယခုရှစ်ဖုန့် ပျံသန်းလာသည့်အချိန်တွင် မည်သူမှ သူ့အား တားဆီးရဲခြင်းမရှိပေ။  အကယ်၍သူသာထျန်းမြောင်အင်ပါယာ၏  အင်ပါယာမြို့တော်သို့ပျံသန်းသွားလျှင်ပင် သူယခုအချိန်၌ ပျံသန်းသွား၍ရနိုင်သည်ဖြစ်သည်။

အစက ပို့ဆောင်ဆက်သွယ်ရေး အစီအရင်ပလ္လင်ထက်၌  ကျင့်ကြံသူဆယ်ယောက်ကျော်

ရပ်နေကြသည်။ သူတို့က ချင်းဖျင်မြို့မှထွက်ခွာ၍

အခြားသောမြို့များသို့  ထွက်ခွာသွားကြရန်ဖြစ်သည်။

ဤအချိန်၌  အနက်ရောင်ပုံရိပ်က

ရုတ်တရက် မြို့ပြင်၌ပေါ်လာသည်ကို တွေ့လိုက််ရသောအခါတွင် သူတို့အားလုံးတုန်လှုပ်သွားကြသည်။

“အား”

သူတို့က အလန့်တကြား

အော်ဟစ်လိုက်ကြပြီး  အလျှင်အမြန်ပဲ ဝံပုလွေတစ်ကောင်ကဲ့သို့  ပလ္လင်ထက်မှ ခုန်ချလိုက်ကြသည်။

ယေဘုယျအားဖြင့်  ကျင့်ကြံသူများမှာ  မြို့တိုင်းရှိ ကူးသန်းပို့ဆောင်ရေး

အစီအရင်အား အသုံးပြုရန်အတွက်

တန်းစီ၍ စောင့်ကြရသည်ဖြစ်သည်။ သို့သော်ယခုအချိန်၌ ချင်းဖျင်မြို့တွင်   ဤသတ်ဖြတ်ခြင်းမွန်းစတားအား မည်သူကများ  တန်းစီ၍ စောင့်ခိုင်းရဲပါမည်နည်း။

အကယ်၍သူတို့သာ သူ့အား ဒေါသထွက်မိစေခဲ့လျှင် သူတို့သာ သေဆုံးကြရမည်သာမကဘဲ  ဤသတ်ဖြတ်ခြင်းမွန်းစတားက

သွေးဆာပြီး  ရက်စက်တတ်သည်လည်းဖြစ်သည်။

ယင်းက မြို့တစ်ခုလုံးနှင့် အပြစ်မဲ့သောသူများအားလုံးကိုပင် ပါဝင်ပက်သက်ငြိစွန်းစေ၍  အစုအပြုံလိုက်သတ်ဖြတ်

သွားခြင်းကဲ့သို့သော

ယုတ်မာသည့် ကိစ္စများကို ပင်

လုပ်လိမ့်မည်ဟု ထင်မြင်ယူဆ၍ရသည်ဖြစ်သည်။

သိုသော်အခြားသောရှုထောင့်

တစ်ခုမှကြည့်မည်ဆိုလျှင်  သူတို့၏လိမ္မာပါးနပ်လှသော

လုပ်ဆောင်မှုကြောင့်  မထိုက်တန်လှသော ဘေးဒုက္ခကပ်ဆိုးအား ကျရောက်လာမှုမှ မြို့တစ်ခုလုံးအားကယ်

တင်နိုင်လိုက်သည်ဟု ယုံကြည်ကြသည့် ပလ္လင်ထက်မှာခုန်ဆင်းလိုက်ကြသော ကျင့်ကြံသူအချို့လည်း ရှိကြသည်ဖြစ်သည်။ ဤကဲ့သို့သောစကားလုံး

မျိုးဖြင့်ချွေးသိပ်ရမည်ဆိုလျှင် အချို့သောကျင့်ကြံသူများ

မှာသူတို့ကိုယ်သူတို့  ကမ္ဘာကြီးအား  ကယ်တင်ကြသောသူများအဖြစ် ယုံကြည်မိကြသည်။

“အ..အရှင်…အရှင်တို့ ဘယ်ကိုများ သွားမလို့ပါလဲ”

ကူးသန်းပို့ဆောင်ရေးအစီအရင်အား စောင့်ကြပ်နေသည့် မြို့စောင့်တပ်သားက ရှစ်ဖုန့်အားမြင်တွေ့လိုက်ရသောအခါတွင် အလျှင်အမြန်ရှေ့သို့ တက်လာလိုက်ပြီး   တုန်ယင်လျှင်ဖြင့် လေးစားစွာရှစ်ဖုန့်ကို မေးလိုက်သည်။

“ထျန်းကွမ်းမြို့ကို “

ဝူရှောင်းယွင်က ရင်ကိုကော့၍ အထက်စီးဆန်စွာဖြင့် မြို့စောင့်တပ်သားအားပြောလိုက်သည်။

“ဟုတ်..ဟုတ်ကဲ့ပါ  အရှင်”

မြို့စောင့်တပ်သားက အလျှင်အမြန်ပဲ ပြန်လည်တုံ့ပြန်လိုက်သည်။ ထို့နောက် သူက  ထျန်းကွမ်းမြို့သို့သွားရန်လိုအပ်သော ကမ္ဘာဦးကျောက်တုံးများအား  ဖြည့်တင်းလိုက်ပြီး ထျန်းကွမ်းမြို့၏ တည်နေရာဆုံမှတ်အားချိန်ညှိလိုက်သည်။ ထို့နောက်တွင်   ပင်လ္လင်ထက်ရှိ ကူးသန်းပို့ဆောင်ရေး အစီအရင်က အဖြူရောင်အလင်းတစ်ခု လင်းလက်တောက်ပလာပြီး   ရှစ်ဖုန့်နှင့် ဝူရှောင်းယွင်တို့ ရုတ်တရက် ပျောက်ကွယ်သွားကြသည်။

“အဲ့နှစ်ယောက်က ဘယ်သူတွေလဲ…ဘာလို့သူတို့တွေက

အရမ်းကို မာနကြီးအထက်စီးဆန်နေရတာလဲ…. မြို့စောင်တပ်သားကတောင်သူတို့ကို ပြန်ပြီးတော့လေးလေးစားစား

ဆက်ဆံနေရတယ်…အဲ့လူငယ်လေးက ချင်းဖျင်မြို့ရဲ့  အုပ်ချုပ်သူအကြီးအကဲရဲ့သားများလား”

ချင်းဖျင်မြို့သို့ အစောပိုင်းလေးတင်ကမှ

ရောက်ရှိလာကြသည့် အချို့သောကျင့်ကြံသူများက  မြို့စောင့်တပ်သား၏ ရှစ်ဖုန့်နှင့်ဝူရှောင်းယွင်တို့အ

ပေါ်တွင်ထားရှိသောသဘောထားအား မြင်တွေ့လိုက်ရသောအခါတွင် သူတို့၏ဘေးတွင်ရှိနေသောသူများအား သံသယဖြစ်မှုအပြည့်ဖြင့်မေး

လိုက်ကြသည်။အကယ်၍

၎င်းတို့ကသာ ချင်းဖျင်မြို့အုပ်ချုပ်သူ၏ သားဖြစ်နေခဲ့လျှင် သူတို့အနေဖြင့်

နောက်ပိုင်း၌ ၎င်းတို့အားသေချာမှတ်သား

ထားရလိမ့်မည်ဖြစ်သည်။ သူတို့အနေဖြင့် ချင်းဖျင်မြို့တွေက် အချိန်တစ်ခုထိ နေထိုင်ကြမည်ဖြစ်သောကြောင့်  သူတို့အား စော်ကားမိစေခြင်းမှရှောင်ကြဉ်ပြီး  သူတို့နှင့်ပနံသင့်မှုရနိုင်ရန်အတွက် မျက်နှာလိုမျက်နှာရလုပ်ရမည့်

အခွင့်အရေးကိုပင်ဆုပ်ကိုင်ရလိမ့်မည်ဖြစ်သည်။

“လခွီး….မင်းသေချင်နေတာလား”

ကျင့်ကြံက သူ့အဖော်ဖြစ်သူ၏ စကားအားကြားလိုက်ရသော အခါတွင် အလျှင်အမြန်ပဲ ပြောလိုက်သည်။

“သူက မြို့အုပ်ချုပ်သူရဲ့သားလို့ မင်းဘယ်လိုတောင်ပြောရဲတာလဲ…မင်းသေချင်လို့လား…သူဘယ်သူလဲဆိုတာကိုရောမင်းသိရဲ့လား… သူက ယွင်လိုင်အင်ပါယာက ရှစ်ဖုန့်ကွ”

“ရှစ်ဖုန့်..ယွင်လိုင်အင်ပါယာ…

ယွင်လိုင်အင်ပါယာဟုတ်လား…အဲ့တာက နိုင်ငံသေးသေးလေးမဟုတ်ဖူးလား… အဲ့တာထျန်းမြောင်အင်ပါယာရဲ့ လက်အောက်ခံ နိုင်ငံငယ်လေးတစ်ခုမဟုတ်လား…ဘာလို့ မြို့စောင့်တပ်တွေက နိုင်ငံသေးသေးလေးက ကျင့်ကြံသူလေးတစ်ယောက်ကို  အရမ်းလေးလေးစားစားနဲ့

ဆက်ဆံနေရတာလဲ”

ကျင့်ကြံသူက ပဟေဠိဖြစ်နေမိဆဲဖြစ်သည်။

“မင်းဘာသိလို့လဲ..ချင်းဖျင်မြို့မှာခုဏက ဘာတွေဖြစ်ပျက်သွားခဲ့တယ်ဆိုတာကို မင်းသိရဲ့လား… ဖျောင်ရှဂိုဏ်းရဲ့ဒုခေါင်းဆောင်…ဟို့ယွင်ဂိုဏ်းခေါင်းဆောင်…ထျန်းကျန့်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် …လင်ရွှယ်ဂိုဏ်းရဲ့ ခေါင်းဆောင်နဲ့ဒုခေါင်းဆောင်  …ထျန်းမြောင်အင်ပါယာရဲ့

ကလန်ကြီးသုံးခု ဖြစ်တဲ့ တုန်းဖန်း၊ဟော်နဲ့ကျိမိသားစ

ခေါင်းဆောင်တွေအားလုံးဟာ ခုဏလေးတင် ချင်းဖျင်မြို့ပြင်ဘက်မှာ အသတ်ခံလိုက်ကြရတယ်…. သူတို့ရဲ့ အစအနလေးတောင်မှ ကျန်ရစ်ခဲ့တာမရှိဘူး.. အဲ့အထွတ်အထိပ်ကျွမ်းကျင်သူတွေနဲ့ သူတို့ရဲ့ဂိုဏ်းတွေကလန်တွေက များပြားလှတဲ့ပါရမီရှင်တွေအားလုံးဟာ ဒီလူငယ်လေးသတ်တာကို ခံလိုက်ရတာ”

“ဘာ”

သူ့မိတ်ဆွေဖြစ်သူ၏ စကားများအားကြားလိုက်ရသောအခါတွင်  ကျင့်ကြံမှာ တုန်လှုပ်အံ့အားသင့်သွားပြီး ချွေးစေးများပင်  ထွက်လာသည်။ ထျန်းမြောင်အင်ပါယာ၌ ဤကဲ့သို့သော ကိစ္စကြီးဖြစ်ပျက်ခဲ့ခြင်းအား  သူသိရှိခဲ့ခြင်းမရှိပေ။ အထွတ်အထိပ်အဆင့်များစွာ

သေဆုံးခဲ့ကြပြီး  ဤကဲ့သို့သော ကြမ်းကြုတ်ရက်စက်သည့်သူကပေါ်လာခဲ့သည်။ ခုဏကသူ့အနေဖြင့်  ဤကြမ်းကြုတ်ရက်စက်သော ပုဂ္ဂိုလ်အား   ချင်းဖျင်မြို့အုပ်ချုပ်သူ၏သား

ဟုပင်ပြောမိခဲ့သည်။

“အကယ်၍ ထိုပုဂ္ဂိုလ်သာ

ကြားသွားခဲ့လျှင် အကယ်၍ ထိုလူကမကြားဘဲသူ့ပတ်ဝန်း

ကျင်တွင်ရှိနေသောသူကများ ထိုသတင်းအားကြားသွားခဲ့လျှင်….”

ဤအရာအားတွေးမိသောအခါတွင်  ကျင့်ကြံသူမှာပို၍ ထိန်းမနိုင်သိမ်းမရ လောက်အောင်ကြောက်စိတ်မွှန်သွားပြီး သူ့အနေဖြင့်ချင်းဖျင်မြို့၌  ထပ်မနေသင့်နေတာ့ဟု ခံစားရကာ

ချက်ချင်းပဲ ချင်းဖျင်မြို့မှာထွက်ခွာသွားရန်ဆုံးဖြတ်၍  ခဏလောက်တိမ်းရှောင်ပုန်းအောင်နိုင်မည့် သဲကန္တရာများ၊တောင်တန်းများ

သို့သွားရောက်၍ ပုန်းအောင်းကာ  အရာရာမှေးမိန်သွားသည်အထိ စောင့်ဆိုင်းချင်စိတ်ပင်ဖြစ်သွားရသည်။

ဆက်ရန်…

ဘာသာပြန်သူ- ARISE

All Chapters