← Chapters

အပိုင်း (၂၉၁)

Vol. 20 Ch. 291

အပိုင်း (၂၉၁)

Vol. 20 Ch. 291

ရှစ်ဖုန့်နှင့်ဝူရှောင်းယွင်တို့က  ကူးသန်းပို့ဆောင်ရေး အစီအရင်အား အတူတကွ အသုံးပြုလိုက်ကြသည်။

သို့သော် အခြားမြို့များသို့သွားသည့်

နောက်တွင်လည်း  ရှစ်ဖုန့်ကသူ၏

သရုပ်မှန်အား ဖုံးကွယ်ထားခြင်းမရှိပေ။

ရှစ်ဖုန့်၏ နမည်က အခြားသောမြို့များအတွင်း၌လည်း  အကျော်အမော်ဖြစ်နေသည် ဖြစ်ကောင်းဖြစ်နိုင်သည်။   သို့သော်သူတို့အနေဖြင့်ရှစ်ဖုန့်အား

ယခင်က တစ်ခါမျှမြင်တွေ့ဖူးခြင်းမရှိကြချေ။

ကူးသန်းပို့ဆောင်ရေးအစီအရင်တွင်း

စုစုပေါင်း ဆယ့်နှစ်ခု လင်းလက်သွားပြီး နောက်ဆုံး၌ ရှစ်ဖုန့်နှင်ဝူရှောင်းယွင်တို့ နောက်ဆုံးသောမြို့ဖြစ်သော ထျန်းရှမြို့သို့ရောက်ရှိလာခဲ့သည်။

“သခင် ဒါက ထျန်းရှမြို့လို့ခေါ်ပါတယ်..”

ဝူရှောင်းယွင်က ထျန်းရှ မြို့အား

ထိုးညွှန်ပြပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။ထို့နောက် သူကပြောလိုက်သည်။

“ထျန်းရှမြို့ရဲ့ အရှေ့ဘက်ဂိတ်ရဲ့ မိုင်ငါးဆယ်ကွာတဲ့ အရှေ့ဘက်မှာ  ဖျောင်ရှတောင်ရှိပါတယ်”

“ကောင်းပြီ “

ရှစ်ဖုန့်က ‌ခေါင်းညိမ့်လိုက်သည်။

ထို့နောက် တွင်သူတို့နှစ်ယောက်သား  ကူးသန်းပို့ဆောင်ရေး

အစီအရင်ပလ္လင်ပေါ်မှာ အတူတကွဆင်းလိုက်ကြသည်။ ဤအချိန်တွင်သူတို့အနေဖြင့် အသေးလေးရှစ်လင်နှင့်

နီးသည်ထက်ပို၍ နီးလာခဲ့ပြီဖြစ်သည်။

ထို့နောက်  ရှစ်ဖုန့်က သူ၏ဘယ်လက်အားဖွင့်လှစ်လိုက်ပြီး  ဝူးရှောင်းယွင်ထံသို့ ထိုးညွှန်လိုက်သည်။  သွေးနီရောင်အလင်းတစ်ခုက ဖျက်ခနဲ လင်းလက်လာခြင်းနှင့်အတူ

ချက်ချင်းပဲ ဝူရှောင်းယွင်ပျောက်ကွယ်သွားသည်။  သူတို့ထျန်းရှ မြို့သို့ရောက်ရှိလာခဲ့

ပြီဖြစ်သောကြောင့် ရှစ်ဖုန့်က သူ့အား  အမှောင်နေရာလွတ်အတွင်း၌ ပြန်ပြီးကျင့်ကြံနေရန်

တောင်းဆိုလိုက်သည်။

ထို့နောက် ရှစ်ဖုန့် လှုပ်ရှားလိုက်ပြီး   ဟင်းလင်းပြင်ထဲသို့ တစ်ဟုန်ထိုးဦးတည်လိုက်သည်။

သို့သော် ဤအခိုက်အတန့်တွင်  ထျန်းရှမြို့အထက်ရှိ ကောင်းကင်ပြင်မှာပြောင်းလဲသွားသည်။

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း”

ရုတ်တရက် ကောင်းကင်မိုးချုန်းသံများ

ကမြည်ဟိန်းလာပြီး   ခရမ်းရောင်အလင်းက  ဖျက်ခနဲလင်းလက်လာကာ ကောင်းကင်နှင့်မြေပြင်တစ်ခွင်လုံးအား ထွန်းလင်းတောင်ပသွားစေသည်။  ထူထဲသောခရမ်းရောင်မိုးကြိုး

လျှပ်စီးကြောင်းများက ရှစ်ဖုန့်အား အလယ်ဗဟိုပြု၍  ကောင်းကင်ထက်မှ ကျဆင်းလာ၏။  ၎င်းတို့က ပြွတ်သိပ်ထူထဲနေပြီး

အားလုံးက ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးဝင်ရောက်လာကာ ခရမ်းရောင်မိုးကြိုးလျှပ်စီးပင်

လယ်တစ်ခုအဖြစ်သိပ်သည်းဖွဲ့စည်းသွားပြီး   ရှစ်ဖုန့်ထံသို့ မြည်ဟိန်းဦးတည်လာသည်။

“ဒီတော့ ဒီမြို့မှာ ခုခံရေးအစီအရင်တစ်ခုရှိတာပေါ့လေ”

ရှစ်ဖုန့်က ခေါင်းမော့ကြည့်လိုက်ပြီး

သူ၏ နှုတ်ခမ်းထောင့်၌  အထင်သေးသော အပြုံးတစ်ခုက တွန့်ကွေးဖြစ်ပေါ်လာသည်။ ပစ်ခတ်တိုက်ခိုက်လာသော ခုခံကာကွယ်ရေး အစီအရင်၏ မိုးကြိုးလျှပ်စီးစွမ်းအားက  ကြယ်တစ်ပွင့်ဘိုးဘေးနယ်ပယ်

အဆင့်နှင့်သာညီမျှမှုရှိသည်ဖြစ်သည်။ ရှစ်ဖုန့်အတွက်မူ ဤစွမ်းအားက

အလွယ်တကူ ဖျက်ဆီးပစ်၍ ရသည်သာဖြစ်သည်။

ထျန်းရှမြို့၏ ခုခံကာကွယ်ရေးအစီအရင် အသက်ဝင်လာခြင်းက မြို့တွင်းရှိလူများအားလုံးအား နိုးနိုးကြားကြားဖြစ်သွားစေသည်။  ဤအချိန်တွင် ဟင်းလင်းပြင်ထဲ၌ တစ်ယောက်တည်းရပ်နေသည့် အနက်ရောင်ပုံရိပ်တစ်ခုအား သူတို့မြင်တွေ့လိုက်ကြရသည်။ သူဘယ်လက်အားနောက်တွင်

ပစ်ထားပြီးညာလက်အားဓားပုံစံပြုလုပ်၍ ကောင်းကင်ထဲသို့ထိုးညွှန်ထားသည်။

“ဒီလူငယ်လေးက ဒီလိုမျိုးအသက်အရွယ်လေးနဲ့ ခုခံကာကွယ်ရေးအစီအရင်ရဲ့ မိုးကြိုးလျှပ်စီးပင်လယ်ကိုခုခံရဲတယ်…

သူ၏စွမ်းအားကသာမန်

ထက်ကိုလွန်ကဲထူးခြား

နေတာပဲဖြစ်ရမယ်.. သူက စွမ်းအားကြီးဒါမှမဟုတ်မိသား

စုကြီးတစ်ခုကလာတဲ့သူပဲဖစ်ရမယ်”

ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ထဲတွင်ရှိနေသော လူငယ်လေးအားကြည့်၍ ပြောလိုက်သည်။

“ကောင်းကင်ထက်မှပျံသန်းရဲပြီးတော့  ထျန်းရှမြို့ရဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ရဲတယ်ဆိုကတည်းက သေချာပေါက်ကို  သာမန်ပုဂ္ဂိုလ်တစ်ယောက်

မဟုတ်လောက်ဖူး”

“အနက်ရောင်ဝတ်ရုံနဲ့ လူငယ်..ဖြစ်နိုင်တာသူက…”

တစ်စုံတစ်ယောက်က ရုတ်တရက် တစ်စုံတစ်ခုအားတွေးမိသွားပြီး  အလန့်တကြားအော်ပြောလိုက်သည်။ ထို့နောက်တွင်သူ့ဘေး

တွင်ရှိနေသောသူကလည်း  အံ့အားသင့်စွာဖြင့်ဖြေလိုက်သည်။

“အနက်ရောင်သေခြင်းနတ်

ဘုရား.ယွင်လိုင်အင်ပါယာရဲ့ ရှစ်ဖုန့်”

ရှစ်ဖုန့်၏အမည်နာမက ထျန်းရှမြို့တွင်အလွန်လျှင်မြန်စွာဖြင့် ပျံ့နှံ့နေပြီးဖြစ်လိမ့်မည်ဟု မည်သူကများ  ထင်ပါမည်နည်း။ ထို့နောက် သူသောင်းဂဏန်းလောက်၏ အကြည့်များအောက်တွင်ပင်   ရှစ်ဖုန့်၏ဓားလက်ချောင်းက

ခရမ်းရောင် မိုးကြိုးလျှပ်စီးပင်လယ်နှင့် အပြင်းအထန်ထိပ်တိုက်တွေ့ဆုံမိပြီး  ကောင်းကင်ထက်၌ အဆက်မပြတ် ပေါက်ကွဲမှုများဖြစ်သွားစေ

သည်ကိုတွေ့လိုက်ကြရသည်။ ကြမ်းကြုတ်ပြင်းထန်သော

ခရမ်းရောင်မိုးကြိုးနှင့်

လျှပ်စီးပင်လယ်ကြီး အတူတကွ အပြင်းအထန်ပစ်ဆောင့်မိကြသည်။

ဟင်းလင်းပြင်ထဲရှိ ဤမြင်ကွင်းအားကြည့်နေကြသော လူအားလုံးမှာ  ရုတ်တက်ရ

တိတ်ကျသွားသည်။ လူအများအပြားမှာ အရမ်းကို ရင်ဖိုထိတ်လန့်သွားကြပြီး   အသက်ရှူရန်အတွက်သူတို့

၏နှလုံးကိုပင်ကိုင်ထားလိုက်ကြသည်။

ထို့နောက် စောင့်ကြည့်နေကြသောလူများ မျက်လုံးများအောက်တွင်ပင်   ရှစ်ဖုန့်၏ လက်ချောင်းအော်၌  မိုးကြိုးလျှပ်စီးပင်လယ်ကြီးက ဘာခြေရာလက်ရာမှ

ကျန်ရစ်နေခြင်းမရှိဘဲ ပျောက်ကွယ်သွားသည်ကို  တွေ့မြင်လိုက်ကြရသည်။  ခုဏကဖြစ်ပျက်ခဲ့မှုများက အိမ်မက်တစ်ခုမက်ခဲ့သည်ကဲ့သို့ပင်ဖြစ်သည်။ မှောင်မိုက်နေသော ကမ္ဘာက ထပ်မံ၍ ကြည်လင်လာပြီး  အပြာရောင်ကောင်းကင်နှင့် အဖြူရောင်တိမ်တိုက်တို့   လှစ်ဟာထွက်ပေါ်လာသည်။

ဟင်းလင်းပြင်ထဲတွင် ငယ်ရွယ်သောအနက်ရောင်ပုံရိပ်တစ်ခုသာ ဝင့်ကြွားစွာဖြင့်ရပ်တည်ကျန်ရစ်နေခဲ့ပြီး ယင်းက အစောပိုင်းက ဖြစ်ပျက်မှုတို့မှာ  တကယ်ဖြစ်ပျက်ခဲ့ခြင်း

ဖြစ်ကြောင်းကို သက်သေပြနေသည်။

“မမှားနိုင်ဘူး..သူပဲ..သူပဲဖြစ်ရမယ်.ရှစ်ဖုန့်.. သူကအရမ်းငယ်ပြီးတော့ အနက်ရောင်ကို ဝတ်ဆင်တယ် ….သူက အနက်ရောင်သေခြင်းနတ်ဘုရားပဲ ဖြစ်ရမယ်”

“သိပ်မကြာသေးခင်ကမှာ အနက်ရောင်သေခြင်းနတ်ဘုရားက  ဖျောင်ရှဂိုဏ်း၊ ဟို့ယွင်းဂိုဏ်း၊ ထျန်းကျန့်မဟာမိတ်အဖွဲ့၊ လင်ရွှယ်ဂိုဏ်း၊စစ်သူကြီးချင်ရှစ်ဟူနဲ့ ကလန်ကြီးသုံးခု က အထွတ်အထိပ်ကျွမ်းကျင်သူအားလုံးကို ချင်းဖျင်မြို့မှာသတ်ခဲ့တယ်လို့ငါကြားခဲ့တယ်….သူက ဖျောင်ရှတောင်ကိုသွားပြီးတော့  ဖျောင်ရှဂိုဏ်းကို ထျန်းမြောင်

အင်ပါယာကနေ အပြီးထိုင်ဖယ်ရှား ပစ်ချင်တာများဖြစ်နိုင်မလား”

“ဒါကစိတ်ဝင်စားဖို့ကောင်းလာပြီ..

ဖျောင်ရှဂိုဏ်းရဲ့ ဒုခေါင်းဆောင်ဖြစ်သူ လင်ထျန်းရန်က ဒီပုဂ္ဂိုလ်သတ်တာကိုခံခဲ့ရတယ်ဆိုပေမဲ့..

ဖျောင်ရှဂိုဏ်းရဲ့ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်က လင်ထျန်းရန်မဟုတ်ဖူး..ဖျောင်ရှဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သူ ဖျောင်ရွယ်ယွဲ့ကမှ ထျန်းမြောင်အင်ပါယာမှ အစွမ်းထက်ဆုံးသောသူပဲ…သူမက ထျန်းမြောင်အင်ပါယာရဲ့ တစ်ဦးတည်းသော ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ဖြစ်တယ်..

သူက ဒဏ္ဍာရီဆန်တဲ့  သူတော်စင်နယ်ပယ်ကို ဝင်ရောက်ဖို့ ခြေတစ်လှမ်းစာပဲလိုတော့တယ်”

“စောင့်ကြည့်ချင်တာလား..

မင်းကဒီပွဲကိုစောင့်ကြည့်ရဲသေး

တယ်လား….သူတို့လိုမျိုးကျွမ်း

ကျင်သူတွေကြားတိုက်ပွဲက နေ လျှံထွက်လာတဲ့ စွမ်းအားနည်းနည်းလေးကတင် ငါတို့လိုလူတွေကို ပြာကျသွားအောင်လုပ်နိုင်တယ်…

မင်းရဲ့အကန့်အသတ်ကိုမင်းသိပြီး ပျော်ရွှင်ဖို့သက်သက်နဲ့ မလုပ်မိစေဖို့  ငါမင်းကိုအကြံပေးလိုက်မယ်”

ဤအချိန်၌ ထျန်းရှမြို့တွင် တုန်လှုပ်အံ့အားသင့်မှုအဖြစ်ဆုံးနှင့် အထိတ်လန့်ဆုံးဖြစ်နေသည့်

သူမှာအခြားသူမဟုတ်ပဲ  လောလောဆယ်၌  ထျန်းရှမြို့၏ မြို့အရှင်သခင်အိမ်တော်၌ ပုန်းအောင်းနေသော  ထျန်းရှမြို့အရှင်သခင်ဖြစ်သူ ပေါ်တာအိုပင်ဖြစ်သည်။ ပေါ်တာအိုတစ်ယောက် ဟင်းလင်းပြင်ထဲသို့ ကြည့်လိုက်သောအခါတွင်  အနက်ရောင်ပုံရိပ်အားတွေ့မြင်လိုက်ရသည်။ သူအရမ်းတုန်လှုပ်သွားခဲ့ပြီး

ချွေးအေးများပင် ထွက်လာကာ

အသက်ရှူပင် ရုန်ခြည်းမြန်ဆန်လာသည်။

အကယ်၍တစ်စုံတစ်ယောက်က သာပေါ်တာအိုတစ်ယောက် ဤကဲ့သို့ဖြစ်ပျက်နေသည်ကို

မြင်သွားခဲ့လျှင် သူတို့အနေဖြင့်   လူများ မှားနေသလားဟုပင် တွေးမိကြလိမ့်မည်ဖြစ်သည်။

အမြဲတန်းမြင့်မားပြီးအရှိန်အဝါ

ကြီးစွာနေခဲ့သော မြို့

အရှင်သခင်ဖြစ်သူက  တကယ်ကြီး အရမ်းကိုစိုးရိမ်ပူပန် အထိတ်တလန့်ဖြစ််နေသည်။

ထျန်းရှမြို့၏ မြို့အရှင်သခင်တစ်ယောက်အနေဖြင့်  ပေါ်တာအိုရရှိထားသည့် သတင်းအရင်းအမြစ်များက  သာမန်ပုဂ္ဂိုလ်များထက်ပိုမို

ကောင်းမွန်စွာတိကျမှုရှိသည်ဖြစ်သည်။

ချင်းဖျင်မြို့တွင်ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်ကြီးအား သူသိရှိထားခဲ့ရုံသာမကဘဲ ချင်းဖျင်မြို့ရှိ သတ်ဖြတ်ခြင်းကြယ်၏ ပုံတူပန်းချီကိုပါသူရရှိထားခဲ့သည်ဖြစ်သည်။ ပုံတူပန်းချီအားကြည့်၍ ၎င်းအား

ဤပုဂ္ဂိုလ်နှင့်  နှိုင်းယှဉ်လိုက်သည်။ ဘယ်လိုဖြစ်ပြီး ပေါ်တာအိုအနေဖြင့် မတုန်လှုပ်မလှုပ်ရှားပဲ နေနိုင်ပါမည်နည်း။

ဤသတ်ဖြတ်ခြင်းကြယ်က  တကယ်ကြီး ထျန်းရှမြို့သို့ရောက်ရှိလာလိမ့်မည်ဟု  ပေါ်တာအို မမျှော်လင့်ထားခဲ့ပေ။ အကယ်၍ ဤသတ်ဖြတ်ခြင်းကြယ်လာ

မည်ဆိုသည်ာအား သူသာသိထားခဲ့လျှင် မြို့၏ခုခံကာကွယ်ရေးအစီအရင်

အားသူပိတ်ထားခဲ့မည်ဖြစ်ပြီး  သူ့အား ထျန်းရှမြို့ဝန်းကျင်၌ ဆယ်ရက်ကနေလဝက်လောက်အထိပင် ပျံသန်းခွင့်ပြုထားလိမ့်မည်ဖြစ်လေသည်။  သူစိတ်ကြိုက်သူပျံသန်းနိုင်စေမည်ဖြစ်၏။

မြို့၏ ခုခံကာကွယ်ရေးအစီအရင်က အလိုအလျောက် အသက်ဝင်ခဲ့သည်သာဖြစ်သော်လည်း ပေါ်တာအိုရရှိထားသော

သတင်းများအရ ဤသတ်ဖြတ်ခြင်း

ကြယ်မှာ သွေးဆာရက်စက်သည်ဟုဆို၏။

သူ၌ ကြမ်းကြုတ်ရက်စက်သော ပင်ကိုယ်စရိုက်ရှိသည်ဖြစ်ပြီး ဆိုးယုတ်သောအရာအားလုံးအား လုပ်ဆောင်သည်ဖြစ်သည်။ သူ့အားဒေါသထွက်စေခဲ့သော ချင်းဖျင်အပြင်ဘက်ရှိ ထိုအထွတ်အထိပ်ကျင့်ကြံသူများ

ပင်သူ၏တစ်ချက်တည်းသော လှုပ်ရှားမှုအောက်၌ သတ်ဖြတ်ခံခဲ့ရသည်။ အကယ်၍ သူ၏သတ်ဖြတ်ခြင်းအစီအရင်ကသာ ၎င်းအား ဒေါသထွက်သွားစေခဲ့လျှင် ယင်းက ဤသတ်ဖြတ်ခြင်းကြယ်အနေဖြင့် တစ်မြို့လုံးကိုပင် အစုလိုက်အပြုံလိုက်သတ်ဖြတ်

သွားနိုင်လေသည်။

အကယ်၍သူသာတစ်မြို့လုံးအားအစုလိုက်အပြုံလိုက်သတ်ဖြတ်ရာ၌ သာမန်လူများကိုသာ သတ်ဖြတ်သွားသည်ဆိုပါက ကိစ္စမရှိပေ။ သို့သော်  သူကတော့ကွဲပြားသည်ဖြစ်သည်။  သူက ထျန်းရှမြို့၏ဂုဏ်သရေရှိ မြို့အရှင်သခင်ဖြစ်ပြီး  အဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်သည်။ သူကမြို့တွင်းဧကရာဇ်တစ်ပါး

ကဲ့သို့ပင်ဖြစ်သည်။ သူ့တွင်ဂုဏ်သိက္ခာနှင့် ချမ်းသာကြွယ်ဝသောဘဝတစ်ခုရှိပြီး

လှပသော မိန်းမများလည်း အုပ်လိုက်ရှိသည်ဖြစ်သည်။ သူ့၌ အဆုံးမဲ့သောပျော်ရွှင်စရာ

များရှိနေသေးသည်။ထို့ကြောင့် သူမသေချင်သေးပေ။

ပေါ်တာအိုအမြဲတမ်း ဂုဏ်ယူဝင့်ကြွားရသောမြို့၏

ခုခံကာကွယ်ရေးအစီအရင်က ယခုအခါ၌  ပေါ်တာအိုအတွက် အကြီးမားဆုံးသောဝန်ထုပ်ဝန်ပိုး

တစ်ခုဖြစ်လာခဲ့ပြီဖြစ်သည်။ သူကဟင်းလင်းပြင်အား ရင်ဖိုစွာဖြင့်စိုက်ကြည့်၍

အနက်ရောင်ပုံရိပ်ထံသို့ စိုက်ကြည့်နေမိသည်။

ရုတ်ခြည်း ပေါ်တာအို၏နှလုံးမှာရုတ်တရက် တုန်ယင်သွားသည်။ ဟင်းလင်းပြင်ထဲ၌ ဝင့်ကြွားစွာရပ်နေသော

ရှစ်ဖုန့်၏ ပုံရိပ်က  လှုပ်ရှားလိုက်သည်ကိုသူ မြင်တွေ့လိုက်ရသည်။ ဤအချိန်၌ ထိုပုံရိပ်မှာတကယ်ကြီး မြို့အရှင်သခင်အိမ်တော်ရှိရာ

သို့ဦးတည်ပျံသန်းလာနေသည်။ ရှစ်ဖုန့်က မြို့အရှင်သခင်အိမ်တော်သို့ချဉ်းကပ်လာပြီး ရောက်တော့မည်အချိန်တွင်

တောင်တစ်လုံးက သူ့အပေါ်ဖိကျလာသကဲ့သို့ ပေါ်တာအိုခံစားလိုက်ရပြီး  သူအားအသက်ရှူမွန်းကျပ်

လုနီးပါးဖြစ်သွားစေသည်။

“မဟုတ်ဖူး”

ပေါ်တာအို အလိုမရှိစွာဖြင့်အော်ဟစ်လိုက်သည်။

သို့သော်ထို့နောက်တွင် ပေါ်တာအို၏မျက်နှာ၌  ထပ်မံ၍ တုန်လှုပ်အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။အနက်ရောင်ပုံရိပ်က မြို့အရှင်သခင် အိမ်ပေါ်သို့ရောက်သော်

လည်းရပ်တန့်ခြင်းမရှိသည်ကို သူမြင်တွေ့လိုက်ရသည်။ သူက မြို့အရှင်သခင်အိမ်တော်ထက်ရှိ ကောင်းကင်အားတိုက်ရိုက်ပင်

ထိုးခွင်းသွားပြီး မြို့အရှေ့ဘက်ဂိတ်ရှိရာသို့ ဆက်လက်၍ ထိုးခွင်းပျံသန်းသွားသည်။

“သူ…သူကငါ့ကိုသတ်ဖို့လာ

တာမဟုတ်ဖူးလား…”

ပေါ်တာအို ခေါင်းကိုမော့နေဆဲဖြစ်ပြီး  လှည့်လိုက်၍  သူနှင့်ဝေးသည်ထက်ဝေးကွာ

သွားသောအနက်ရောင်ပုံရိပ်အား တွေဝေစွာကြည့်နေမိသည်။ သူကသူ့ဟာသူတီးတိုးရေရွတ်လိုက်သည်။

ချက်ချင်းပဲ မွန်းကျပ်နေသောသူ၏အသွင်အပြင်က ရုတ်ခြည်းပြောင်းလဲသွားပြီး  သူအသွင်အပြင်လက္ခဏာက ခံ့ညားထည်ဝါလာကာ  ယခင်မြို့အရှင်သခင်တစ်ယောက်၏ ကိုယ်နေဟန်ထားများပြန်

လည်၍ဖြစ်ပေါ်လာသည်။

ရုတ်ခြည်းဆန်စွာဖြင့် အစောပိုင်းစိုးရိမ်ထိတ်လန့်

ကြောက်ရွံ့နေသော လူနှင့်ယခုလူက လူနှစ်ယောက်ကဲ့သို့ပင်ဖြစ်သွားသည်။

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters