အပိုင်း(၂၉၂)
Vol. 20 Ch. 292
ဖျောင်ရှတောင်သည် တစ်တောင်လုံး တိမ်တိုက်များ မြူများဖြင့် နှစ်ပတ်လည် ပိတ်ဖုံးနေသော တောင်တစ်ခုဖြစ်သည်။ ၎င်းအား တိမ်တိုက်နှင့်မြူခိုး
များကြားထဲ၌ အလွန်သိမ်
မွေ့နူးညံ့သော အရာတစ်ခုအဖြစ် ခပ်ယဲ့ယဲ့သာမြင်တွေ့ရသည်ဖြစ်သည်။ ထို့ကြောင့်လည်း ၎င်း၏အမည်နာမအားရှိခဲ့ခြင်းဖြစ်သည်။
နှစ်ထောင်များစွာအကြာကတည်းက ၎င်းအား ဖျောင်ရှ(လွင့်မျောဟင်းလင်းပြင်)
တောင်ဟု အမည်ခေါ်ဝေါ်ခဲ့ကြသည်။
ဖျောင်ရှတောင်တစ်ခုလုံးမှာ တိမ်စိုက်တိမ်တိုက်များအား
ထိုးဖောက်ဖြတ်သန်း၍ ကောင်းကင်နှင့်မြေကြီးအား ဆက်သွယ်ထားသကဲ့သို့ အလွန်မြင့်မားကြီးမားလေသည်။
ဖျောင်ရှတောင်မှ တောင်ထိပ်နှင့် မြူခိုးငွေ့တို့ကြားတွင် ခပ်မှိန်မှိန်လေးသာ မြင်တွေ့ရနိုင်သည်ဖြစ်သည်။ လူတစ်ယောက်အနေဖြင့် အောက်ခြေမှနေ၍ တောင်ထိပ်သို့ရောက်သည်အ
ထိတစ်လမ်းလုံးခြေဆန့်သွားမှသာလျှင် တောင်ထိပ်အားမြင်တွေ့နိုင်မည်ဖြစ်သည်။ ၎င်းတွင် ရှေးဦးအရှိန်အဝါတို့အား ထုတ်လွှတ်နေသော ရှေးဟောင်းအဆောက်အဦးများ ရှိသည်ဖြစ်သည်။ဤသည်မှတစ်ဆင့် လူတစ်ယောက်အနေဖြင့်
ဖျောင်ရှဂိုဏ်းက သေချာပေါက် ရှေးဟောင်းဂိုဏ်းတစ်ခုဖြစ်သည်ကို ကောက်ချက်ချနိုင်သည်ဖြစ်သည်။
၎င်းက ထျန်းမြောင်အင်ပါယာ၌ တည်ရှိနေခဲ့သည်မှာနှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီဖြစ်သည်။
ရှစ်ဖုန့်တစ်ယောက်လေကိုခွင်း၍
ပျံသန်းလာပြီး ဖျောင်ရှတောင်သို့ချဉ်းကပ်
လာသောအခါတွင် တောင်၏ဟင်းလင်းပြင်ထဲရှိ တောင်အားကာကွယ်သည့်အစီအရင်အား အာရုံခံမိလိုက်သည်။ ဤအစီအရင်က ထျန်းရှမြို့ရှိ အစီအရင်ထက်များစွာပို၍
အားကောင်းလေသည်။ ၎င်းတို့အား တစ်လေထဲတွင်ရူသွင်းနေရသော
အရာဟူ၍ ပြော၍မရနိုင်ပေ။
ရှစ်ဖုန့်ကရပ်တန့်လိုက်ပြီး ရှေ့သို့စိုက်ကြည့်လိုက်သည်။
“ဒီတောင်ရဲ့ကာကွယ်ရေးအစီအရင်က အနည်းဆုံး သူတော်စင်နယ်ပယ်အဆင့်မှာရှိတယ်”
ထို့နောက်ရှစ်ဖုန့်က ဆင်းသက်လိုက်သည်။
“ဘန်း”
“ဘန်း”ဟူသောအသံတစ်ခုနှင့်အတူ ရှစ်ဖုန့်၏ပုံရိပ်က ရုတ်တရက် ကောင်းကင်ထက်မှ မြေပြင်ပေါ်သို့ ကျဆင်းလာသည်။ ထို့နောက်သူက တိမ်တိုက်နှင့်မြူခိုးများကြီးရှိ
ခပ်မှိန်မှိန်မြင်တွေ့နေရသော ဖျောင်ရှတောင်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားလိုက်သည်။
လျှောက်လှမ်းနေရင်းဖျောင်
ရှတောင်ခြေမှထိပ်အထိ
ရှစ်ဖုန့်၏မြင်ကွင်းမှာ ကျယ်ပြန့်လာသည်။ သူကဖြည်းညှင်းစွာခေါင်းမော့လိုက်ပြီး နောက်ဆုံးတွင် တောင်ထိပ်ပေါ်သို့ အကြည့်ကျရောက်သွားသည်။
ဖျောင်ရှဂိုဏ်း၏ စွမ်းအားကြီး
အရှိန်အဝါများက တောင်ထိပ်ပေါ်၌ စုစည်းပြီးဖြစ်သည်ကို
သူအာရုံခံမိပြီးဖြစ်သည်။
ဖျောင်ရှတောင်ထိပ်အား သိပ်သည်းထူထပ်သော တိမ်တိုက်များနှင့်မြူခိုးများက ပိတ်ကာထားသည်။တောင်ထိပ်ရှိကွပ်လပ်တွင် အနည်းဆုံးလူလေးငါးရာခန့်ရှိနေသည်။
သူတို့ထဲရှိ အနိမ့်ဆုံးသောနယ်ပယ်မှာ ကြယ်တစ်ပွင့်စိတ်ဝိညာဉ်
နယ်ပယ်ဖြစ်သည်။ သူတို့က ကွပ်လပ်ထဲတွင်စီတန်း၍ရပ်နေကြသည်။
တစ်ယောက်ချင်းစီတိုင်းက လေးနက်တည်ကြည်မှုရှိနေကြပြီး အရေးကြီးသောအရာက သူတို့ထံသို့ အလည်လာနေသကဲ့သို့ဖြစ်နေသည်။
ယင်းမှာ ကြီးမားသောရန်သူတော်က သူတို့ထံသို့လာနေသည့်
အတွက်စိတ်လေးထင့်နေကြ
သကဲ့သို့ပင်ဖြစ်သည်။
ရှေ့ဆုံးတန်းတွင် ဂိုဏ်း၏
ကျင့်ကြံသူများအား မျက်နှာမူထားသော တည်ကြည်လေးနက်သည့်အသွင်ရှိသည့် လူနှစ်ယောက်ရှိနေသည်။
ဤလူနှစ်ယောက်မှာ ဖျောင်ရှဂိုဏ်း၏အကြီးအကဲ
နှစ်ယောက်ဖြစ်ကြသည်။ ဂိုဏ်းခေါင်းဆောင်ဖျောင်
ရွယ်ယွဲ့နှင့်ဒုခေါင်းဆောင်
လင်ထျန်းရန်မှလွဲ၍
သူတို့နှစ်ယောက်မှာ ဂိုဏ်းအတွင်းရှိ စွမ်းအားအကြီးဆုံးသော လူနှစ်ယောက်ဖြစ်လေသည်။ သူတို့နှစ်ဦးစလုံးက ကြယ်ခုနှစ်ပွင့် ဘိုးဘေးနယ်ပယ်များဖြစ်ကြသည်။
အဖြူရောင်ဆံပင်နှင့် လူအိုကြီးက ဖျောင်ရှဂိုဏ်း၏ ဘယ်လက်ရုံးအကြီးအကဲဖြစ်သူ တုချီဖြစ်သည်။
အခြားအသက်ကြီးကြီးအမျိုးသမီး၌ သူမ၏မျက်နှာထက်တွင် အရေးအကြောင်းများရှိသည်ဖြစ်သည်။
သူမက ဖျောင်ရှဂိုဏ်း၏ ညာလက်ရုံးအကြီးအကဲတစ်ယောက်ဖြစ်သည်။ သူမ၏ မိသားစုအမည်က ဝေ့ဖြစ်ပြီး သူမနမည်က ဖန့်ဖြစ်သည်။
ထိုအချိန်တုံးက ဤအမျိုးသမီကြီးမှာ ယွင်လိုင်အင်ပါယာသို့ဝင်ရောက်လာခဲ့စဉ် ရှစ်လင်နှင့်တွေ့ဆုံရန်အခွင့်
အရေးကြုံကြိုက်ခဲ့ပြီး သူမအားဖျောင်ရှဂိုဏ်းသို့ ခေါ်ဆောင်လာခဲ့သည်ဖြစ်သည်။ ထိုအချိန်ကလုံချန်မှာ
ယွင်လိုင်အင်ပါယာတွင်
နိုင်ငံငယ်လေးတစ်ခု၏ မင်းသားလေးတစ်ပါးအဖြစ်
သာရှိနေသေးသည်။ သူ့အနေဖြင့် မြင့်မားပြီး အရှိန်အဝါကြီးမားသောဖျောင်ရှဂိုဏ်း ၏ ညာလက်ရုံးဖြစ်သူပေးသည့်အမိန့်အား သေချာပေါက်ဆန့်ကျင်ရဲခြင်း မရှိခဲ့ချေ။
“ဂိုဏ်းခေါင်းဆောင်ရဲ့သတင်း
ကိုရောအခုထိမရသေးဘူးလား”
တုချီက ဝေ့ဖန့်အား ကြားနိုင်လောက်သော
အသံဖြင့်မေးလိုက်သည်။
“ဟူး”
ဝေ့ဖန့်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“အကယ်၍ ဂိုဏ်းခေါင်းဆောင်သာ ပြန်မလာသေးဘူးဆိုရင်..
ကျွန်မတို့ဖျောင်ရှဂိုဏ်းရဲ့ ဘိုးဘေးတွေရဲ့ နှစ်ထောင်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရမှုအားလုံးက ဖျက်ဆီးခံရလိမ့်မယ်..
ကောလဟာလတွေအရ အဲ့လူဟာ သွေးနီရောင်ကမ္ဘာထဲကနေ သွေးနီရောင်ကျောက်ပြား
အံ့ဖွယ်လက်နက်ကို ရရှိခဲ့တယ်တဲ့..သူ့ရဲ့ စွမ်းအား က အထင်ကရဖြစ်တဲ့ သူတော်စင်နယ်ပယ်အဆင့်ကိုရောက်ရှိနေခဲ့ပြီ..ကျွန်မတို့ရဲ့စွမ်းအားကြီးသက်သက်နဲ့ တောင်ရဲ့ကာကွယ်ရေးအစီအရင်က သူ့ကိုမတားဆီးနိုင်မှာကို ကျွန်မကြောက်မိတယ်”
“ဘာတွေပဲဖြစ်နေပါစေ အခုဒုခေါင်းဆောင်ဖြစ်သူကလည်း ကျဆုံးသွားခဲ့သလို ဂိုဏ်းရဲ့ မြေတောင်မြှောက်ပေးထားတဲ့ ပါရမီအထွန်းတောက်ဆုံးသောသူ သုံးယောက်ကလည်း အဲ့မိစ္ဆာရဲ့ သတ်တာကို ခံလိုက်ရပြီ..အခုဂိုဏ်းခေါင်း
ဆောင်ရဲ့သတင်းကလည်း
ဘာမှကိုမရသေးဘူး… ဂိုဏ်းမှာ အစွမ်းအထက်ဆုံးဘိုးဘေးနယ်ပယ်အဆင့်ဆိုလို့ မင်းနဲ့ငါပဲရှိတယ်… လက်ရှိပေးလာတဲ့ အခြေနေအတွက် ငါတို့တွေအနေနဲ့ မင်းနဲ့ငါ့ရဲ့အပေါ်မှာပဲ မှီခိုအားထားပြီး ဂိုဏ်းကိုဦးဆောင်ပြီးတော့
ထိန်းထားရမှာပဲ”
တုချီက စကားပြောရင်း ရုတ်တရက်ခေါင်းကိုလှည့်၍ အရေးကြောင်းများရှိသော
အမျိုးသမီးအိုကြီးအား ကြည့်လိုက်သည်။ သူကညင်သာစွာခေါ်လိုက်သည်။
“ဖန့်”
“ဟမ်”
တုချီ၏ နူးညံ့သော ခေါ်သံအားကြားလိုက်ရသောအခါတွင် ဝေ့ဖန့်ကလည်းသူမ၏ခေါင်းအားလှည့်လိုက်ပြီး လူအိုကြီးထံကြည့်လိုက်သည်။
သို့သော်သူမ၏ အရေးကြောင်းများရှိသော မျက်နှာထက်တွင် စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နှက်နေသည်။
“အကယ်၍ ဒီနေ့မှာ…”
တုချီစကားဆက်မပြောခင် ဝေ့ဖန့်က အရင်ဆုံးပြောလိုက်သည်။
“အကယ်၍ ရှင်နဲ့ကျွန်မသာ ဒီနေ့မှာမသေဘဲ ဖျောင်ရှဂိုဏ်းမပျက်စီးသွားခဲ့ရင်
ကျွန်မရှင့်ကို လက်ထပ်မယ်”
ဤသို့ပြောဆိုသော အချိန်တွင် ဝေ့ဖန်၏ အိုမင်းသော မျက်နှာထက်၌ တည်ကြည်လေးနက်မှုတို့နှင့် ပြည့်နှက်နေသည်။
အခြားတစ်ဖက်တွင် တုချီ၏အမူအယာကတော့ ဝေ့ဖန့်နှင့်လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းအနေဖြင့် ပျော်ရွှင်မှု စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။
“ဖန့်..မင်းအမှန်တကယ် ပြောနေတာလား”
“အင်း”
ဝေ့ဖန့်ကသူ၏ခေါင်းအား လေးနက်စွာညိမ့်လိုက်သည်။
“နှစ်ပေါင်းဘယ်လောက်
တောင်ကြာခဲ့ပြီလဲ.. ငါ တုချီ တစ်ယောက် ဝေ့ဖန်ဒီလိုမျိုးပြောလာတာကို နှစ်ပေါင်းများစွာစောင့်စားလာခဲ့ရတာ…နောက်ဆုံးတော့ ဒီနေ့မှာ ငါဟာ ဝေ့ဖန့်ရဲ့ ကတိသစ္စာပြုမှုကို ရရှိခဲ့ပြီ…ဟားဟားဟား”
တုချီတစ်ယောက် ကျယ်လောင်စွာဟက်ဟက်ပက်
ပက်ရယ်မောလိုက်သည်။ သူ၏မူလကတည်ကြည်လေး
နက်သောမျက်နှာ၌ ရုတ်ခြည်းစိတ်အားတက်ကြွမှုတို့ ဖြစ်ပေါ်လာသည်။ သူ့နေဖြင့် ရုတ်တရက် အသက်တစ်ဒါဇင်ခန့် ငယ်ရွယ်သွားသလိုမျိုးခံစားလိုက်ရသည်။ သူ၏တစ်ကိုယ်လုံးက စွမ်းအားများဖြင့် ပြည့်နှက်နေသည်ဟု ခံစားရသည်။
ယင်းမှာ လက်ရှိသူက
ရှစ်ဖုန့်နှင့်တွေ့လျှင်ပင် သူ၏ကိုယ်ပိုင်ခွန်အားဖြင့်
ရင်ဆိုင်နိုင်မည်သကဲ့သို့ပင်ဖြစ်သည်။
“ရှင်သန်မယ်…ငါတို့တွေရှင်သန်ရမယ်…
.ငါမင်းကိုလက်ထပ်ယူမယ်”
တုချီက စိတ်ပိုင်းဖြတ်ထားမှုများဖြင့်
ပြောလိုက်သည်။ သူကသူ့ခေါင်းအားမော့လိုက်ပြီး လေထဲတွင်လွင့်မျောနေသည့် ဧရာမှန်ကြီးတစ်ချက်ာအား ကြည့်လိုက်သည်။ မှန်ထဲတွင် အနက်ရောင်ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ဖျောင်ရှဂိုဏ်းနှင့်သိပ်မဝေး
လှသောမြေပြင်ပေါ်တွင်
လျှောက်လှမ်း၍လာနေသည်။ သူက ဖျောင်ရှတောင်နှင့် နီးသည်ထက်နီးကပ်လာနေပြီဖြစ်သည်။
ဤမှန်အား အမှောင်အလင်းမှန်ဟုခေါ်လေသည်။
၎င်းမှာ ဖျောင်ရှဂိုဏ်းအား
တည်ထောင်ခဲ့သော ဖျောင်ရှဂိုဏ်း၏ဘိုးဘေးဖြစ်သူမှ ချန်ရစ်ထားခဲ့သည့် ပစ္စည်းဖြစ်သည်။
ဤမှန်အား အသက်သွင်းလိုက်လျှင် လူတစ်ယောက်အနေဖြင့်
ဖျောင်ရှတောင်ဝန်းကျင်ရှိ အရာအားလုံးအား မြင်တွေ့နိုင်သည်ဖြစ်သည်။
တုချီနှင့် ဝေ့ဖန့်တို့မှာ ရှစ်ဖုန့် ထျန်းရှမို့သို့ ဝင်ရောက်ကတည်းက သတင်းအားရရှိထားပြီးသားဖြစ်သည်။
ရှစ်ဖုန့် ထျန်းရှမြို့သို့ ဝင်ရောက်လာသောအခါတွင် ရှစ်ဖုန့်ကဖျောင်ရှဂိုဏ်းအတွက်
လာခြင်းဖြစ်ကြောင်းကို သူတို့သိလိုက်သည်။ ဤပုဂ္ဂိုလ်ကသွေးဆာပြီးအကြင်နာမဲ့က ရက်စက်သည်ဟု သူတို့ ကြားထားခဲ့သည်။ သူ့အနေဖြင့် ဖျောင်ရှဂိုဏ်အား သုတ်သင်ပစ်ရန်အတွက်လာခြင်းပင် ဖြစ်ရမည်ဖြစ်သည်။
တုချီနှင့်ဝေ့ဖန့်တို့၏ ဦးဆောင်မှုအောက်တွင် စိတ်ဝိညာဉ်နယ်ပယ်သို့ရောက်ရှိပြီးသော ဖျောင်ရှဂိုဏ်း၏ အတွင်းစည်းတပည့်အားလုံးအား တောင်ထိပ်ပေါ်သို့ ဆင့်ခေါ်ထားခဲ့သည်။ သူတို့အနေဖြင့်အတူတကွပူး
ပေါင်းဆောင်ရွက်၍ တောင်၏ကာကွယ်ရေးအစီအရင်အား အသက်သွင်းပြီး ရှစ်ဖုန့်အားရင်ဆိုင်တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့ကြသည်။ တောင်ထိပ်ပေါ်သို့ ရောက်ရှိမလာခဲ့ကြသောတပည့်များမှာ ကျင့်ကြံမှုအဆင့်နိမ့်သော အပြင်စည်းတပည့်အချို့သာဖြစ်သည်။
ထိုလူများ၌ စွမ်းအားမှာအနည်းငယ်သာရှိလေသည်။ အကယ်၍၎င်းတို့လာခဲ့လျှင်တောင် ၎င်းတို့အနေဖြင့်ဘာမျှအသုံး
ဝင်မည်မဟုတ်ပေ။
လက်တလော၌ ဝေ့ဖန့်မှာနေ့တိုင်းနီးပါး ဂိုဏ်း၏အရေးကိစ္စများဖြင့် အလုပ်များပြားနေခဲ့သည်။သူမအနေဖြင့် ယွင်လိုင်အင်ပါယာမှသူမ
ခေါ်ဆောင်လာခဲ့သော ကောင်မလေးအား မေ့လျော့နေပြီဖြစ်သည်။သူမအနေဖြင့်လည်း ဤအသုံးမကျသောကလေးမလေးက ဘယ်နေရာကမှန်းမသိပေါ်လာသော ဤသတ်ဖြတ်ခြင်းကြယ်နှင့်
ဆက်ဆက်မှုရှိသည်ကို မချိတ်ဆက်မိပေ။
ဖျောင်ရှတောင်ခြေ၌ ရှေးဟောင်းအဆောက်အဦးတစ်လုံးရှိလေသည်။ ၎င်းအားအမြဲတမ်း ဖျောင်ရှဂိုဏ်း၏ အဆင့်နိမ့်အလုပ်သမားများ
အတွက်နေထိုင်ရာနေရာတစ်ခုအဖြစ် အသုံးပြုသည်ဖြစ်သည်။ ဤနေရာတွင်ရှိသောနေ့စဉ်ဘဝများက အမြဲပုံမှန်သာဖြစ်သည်။ ဖျောင်ရှဂိုဏ်း၏ အဆင့်မြင့်သောသူများက ဤလူများ၏သေခြင်းရှင်ခြင်း
နှင့်ပက်သက်ပြီး ဂရုစိုက်ခြင်းမရှိကြချေ။ အကယ်၍ အနက်ရောင်သေခြင်းနတ်ဘုရား ရောက်လာခဲ့လျှင်တောင် မည်သူမျှ ဤလူများအား လာရောက်၍ ထွက်ပြေးခြင်း သို့မဟုတ် တိမ်းရှောင်ခြင်းတို့ ပြုလုပ်ရန်အတွက် သတင်းလာပေးလိမ့်မည်မဟုတ်ပေ။
ခြံဝန်းအတွင်းတွင် အမျိုးမျိုးသော ပစ္စည်းများအား သူတို့၏ လက်အတွင်းတွင် ကိုင်ဆောင်ထားကြသော ပုံရိပ်များစွာရှိလေသည်။ အချို့က ဖျောင်ရှဂိုဏ်းမှာ အဆင့်အတန်းမြင့်မားသောတပည့်များ၏ အဝတ်အစားများဖြစ်ကြပြီး အချို့က နေ့စဉ်သုံးအသုံးအဆောင်များဖြစ်ကာ အချို့ကတော့ ၎င်းတို့နေ့စဉ်
အသုံးပြုကြသော အိမ်သာသုံးပစ္စည်းများဖြစ်ကြ
သည်။ဖျောင်ရှဂိုဏ်း၏တပည့်များအားလုံးက အဆင့်အတန်းမြင့်မားသောသူများဖြစ်ကြသည်။ ထိုပစ္စည်းများအား ပင်ကိုအားဖြင့် ဤအဆင့်နိမ့်သော အလုပ်သမားများကသာလျှင် ကိုင်တွယ်ပြီး သန့်ရှင်းရေးပြုလုပ်ကြရသည်ဖြစ်သည်။
ခြံဝန်းအတွင်းပုံရိပ်များကတစ်ခုပြီးတစ်ခု အလျင်အမြန်ဝင်ထွက်ပြေးလွှားနေကြပြီး တုတ်ခိုင်ပြီးဝဝဖိုင့်ဖိုင့်ရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးတစ်ယောက်က ဤဝင်လိုက်ထွက်လိုက်ဖြင့် တောက်တိုမယ်ရလုပ်နေကြသူများအား တိုက်ရိုက်အမိန့်ပေးညွှန်ကြားနေသည်။
“မြန်မြန်လေးလုပ်ကြစမ်း…
နင်တို့တွေလုပ်တာကြန့်ကြနေရင် သခင်လေးတွေနဲ့ သခင်မလေးတွေရဲ့ အချိန်တေွ နှောင့်နှေးစေတာပဲဖြစ်စေလိမ့်မယ်…
အကယ်၍ သခင်လေးတွေနဲ့သခင်မလေးတွေသာ ဒေါသထွက်သွားရင် နင်တို့မှာခေါင်းဆယ်လုံးရှိတာ
တောင်လောက်မှာမဟုတ်ဖူး..
ငါလည်းလောက်မှာမဟုတ်ဖူး”
ဆက်ရန်….
ဘာသာပြန်သူ-ARISE