အပိုင်း(၂၉၃)
Vol. 20 Ch. 293
“အကယ်၍များ နင်တို့အစေခံတွေ အရှိန်ကိုလျော့ရဲလျော့ချရဲကြည့် ငါ့ရဲ့ကျာပွတ်စာနဲ့တွေ့မယ်”
အပေါက်ဆိုးသည့် ဖက်တီးမကြီးက ခြံဝန်း၏အလယ်မှနေ၍ သရော်ပြုံးပြုံးလိုက်သကဲ့သို့ သူမ၏လက်ကောက်ဝတ်အတွင်းမှ အနက်ရောင် ကျာပွတ်ရှည်အား ဆွဲထုတ်လိုက်သည်။
“ဝှစ်ရှ်”ဆိုသောအသံနှင့်အတူ ကျာပွတ်အားပုတ်ခတ်လိုက်ပြီး မြေပြင်နှင့်ထိတွေသွားစေကာ “ဖန်း”ဟူသောအသံကို
ထွက်ပေါ်သွားစေသည်။
ယေဘုယျအားဖြင့် ထိုသက်လတ်ပိုင်းဖတ်တီးမကြီး၏
အမည်အား မည်သူမျှသိရှိခြင်းမရှိကြချေ။ ဖျောင်ရှဂိုဏ်း၏ အဆင့်မြင့်တပည့်များက သူမအား ဖက်တီးမကြီးဟုသာခေါ်သည်။ အစေခံများကလည်းသူမ၏နောက်ကွယ်၌ ဖက်တီးမကြီးဟုခေါ်ကြပြီး ရှေ့တွင်တော့ စီမံခန့်ခွဲသူဟုခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော်သူမက ဤအဆောင်အဦးရှိ အစေခံများအား
စီမံခန့်ခွဲ အုပ်ချုပ်ရသောကြောင့်ဖြစ်သည်။
ဖက်တီးမကြီးက တကယ့်ကို စီမံခန့်ခွဲသူဟူသော ဂုဏ်ပုဒ်နှင့် လိုက်ဖက်သည်ဖြစ်သည်။
ဤနေရာဤကမ္ဘာငယ်လေးတွင်သူမသည် အာဏာရှင်တစ်ယောက်ဖြစ်သည်။ ဤနေရာတွင်ရှိနေကြသောသူများအား အစေခံများနှင့်တောက်တိုမယ်
ရသမားများဟုခေါ်ကြသော်လည်း သူတို့ကတကယ်တမ်းတွင် ကျွန်များနှင့်ဘာမှခြားနားခြင်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် ဤလူများမှ ဂိုဏ်း၏စည်းကမ်းများချိုးဖျက်မိ၍ဖြစ်စေ၊
သူတို့၏ဒန်တန်များပျက်စီး
သွားသောကြောင့်ဖြစ်စေ၊ သို့မဟုတ် သူတို့က အရမ်းဆင်းရဲလှသောကြောင့် သူတို့ကိုယ်သူတို့စာချုပ်စာတမ်းဖြင့် ဖျောင်ရှဂိုဏ်းအားရောင်းချသောကြောင့်ဖြစ်စေ ရောက်ရှိလာကြသောသူများဖြစ်ကြသည်။ သူတို့၏သေခြင်းရှင်ခြင်းအားဖျောင်ရှဂိုဏ်းကလုံးဝထိန်းချုပ်ထားပြီး သူတို့အနေဖြင့် သူတို့၏ လက်ကျန်ဘဝသက်တမ်းတစ်လျှောက်လုံး လုံးဝ ထက်တွန့်တက်ပိုင်ခွင့်မရှိဘဲ အလုပ်များကိုသာကြိုးကြိုးစားစားဖြင့် လုပ်ကိုင်ကြရသည်ဖြစ်သည်။
သူတို့ ဤနေရာသို့ အပို့ခံရသည်နှင့် သူတို့အနေဖြင့်ဤ ဖက်တီးမကြီး၏ အမိန့်အောက်သို့ရောက်ရှိသွားသည်ဖြစ်သည်။ အကယ်၍သူတို့က ထွက်ပြေးရဲသောသတ္တိရှိကြပြီး လွတ်မြောက်ရန်အတွက် ကြိုးပမ်းအားထုတ်ခဲ့ကြလျှင် သူတို့အနေဖြင့်အမျိုးသမီးကြီး၏ ကျာပွတ်အောက်၌ သေသည်အထိ အဆုံးသတ်တိုင်ရိုက်နှက်ခြင်းကို ခံကြရလိမ့်မည်ဖြစ်သည်။
သူမအနေဖြင့်ဤအလုပ်များ
နေသောသူများအား ကြည့်ရခြင်းကို နှစ်သက်သည်။ ဤလူများအားသူ၏လက်ထဲရှိ
ကျာပွတ်အောက်၌ အမိန့်ပေးရသည်ကို နှစ်သက်သည်။ သူမအနေဖြင့် ဤအစေခံများအမှားအယွင်း
တစ်ခုခုလုပ်မည်ကိုပင် အမြင်ချင်ဆုံးဖြစ်သည်။ ထိုမှသာ သူမအနေဖြင့်သူတို့အား
ကျာပွတ်ဖြင့် ရက်ရက်စက်စက် ရိုက်နှက်နိုင်လိမ့်မည်ဖြစ်သည်။ မြေပြင်ကိုထိခတ်၍ ထွက်ပေါ်လာသည့် “ဖန်း”ဆိုသောအသံအစား သူမနေဖြင့် အသွေးအသားနှင့်ကျာပွတ်
ရှည်ထိခတ်သည့်အသံအား ပိုမို၍ ကြိုက်နှစ်သက်သည်ဖြစ်သည်။
“ဖန်း”
နောက်တစ်ကြိမ်ထပ်မံ၍ ဖက်တီးမကြီးက သူမ၏ကျာပွတ်ရှည်ကို အသုံးပြု ၍ မြေပြင်အားရိုက်ခတ်လိုက်သည်။
ဤအချိန်၌ သိပ်မဝေးလှသောနေရာတွင် ကြမ်းတမ်းသောအဝတ်အစား
အစုတ်အပြဲတို့ကိုဝတ်ဆင်ထားပြီး ညစ်ပတ်ပေရေသောမျက်နှာနှင့် သူဖုန်းစားလေးပုံစံဖြစ်နေသော
အသက်ခုနှစ်နှစ် ရှစ်နှစ်အရွယ် ကောင်မလေးတစ်ယောက်ရှိနေသည်။
သူမက ကြွေရောင် အိမ်သာသုံးဇလုံကို ပွေ့ထားပြီး လူအုပ်ထဲသို့ အလောတကြီး အလျှင်အမြန်ဝင်ပြေးလိုက်သည်။
သို့သော် ဖက်တီးမကြီး၏
မြေပြင်ပေါ်သို့ ရိုက်ခတ်လိုက်သည့် ကျာပွတ်သံကြောင့် ကောင်မလေးမှာ လန့်ဖျပ်သွားသည်။ သူမ၏သေးသွယ်သောကိုယ်လေးမှာ ရုတ်တရက် တုန်ယင်သွားပြီး
သူမ၏မျှခြေညီမှု ပျက်သွားကာ မြေပြင်ပေါ်သို့ဟက်ထိုးလဲကျသွားသည်။ သူမလက်ထဲရှိ ကြွေရောင်အိမ်
သာဇလုံမှာလည်း မြေပြင်ပေါ်သို့ “ဘန်း”ဆိုသော အသံနှင့်အတူ
လွတ်ကျသွားပြီး ကြွေထည်ဖြစ်သောကြောင့် အပိုင်းပိုင်းကွဲကြေသွားသည်။
“အား”
ကလေးမလေးက အလန့်တကြားအော်ဟစ်လိုက်ပြီး သူမ၏ညစ်ပေနေသောမျက်နှာလေးကို မော့ကြည့်လိုက်သည်။ သူမ၏မျက်နှာလေးထက်တွင်
စိတ်ရှုပ်ထွေးမှု ကူကယ်ရာမဲ့မှုများဖြင့် ပြည့်နှက်နေသည်။ ထို့နောက် ကြောက်ရွံထိတ်လန့်နေသော
သမင်လေးတစ်ကောင်ကဲ့သို့အ
လွန်အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။ဤအချိန်၌ သူမအနေဖြင့် မြေပြင်ပေါ်သို့လဲကျခြင်း
ကြောင့်ဖြစ်ပေါ်လာသော သူမကိုယ်ရှိနာကျင်မှုတို့အား ဂရုစိုက်နိုင်ခြင်းမရှိပေ။ထိုအစားသူမက ခြံဝန်းအတွင်းရှိ ဝဖိုင့်ဖိုင့်ပုံရိပ်အား ထိတ်လန့်မှုများဖြင့် ကြည့်လိုက်သည်။
ကြွေအိမ်သာဇလုံ ကျကွဲသွားသည့် ကြွပ်ဆပ်သော အသံကြောင့်
ခြံဝန်းတစ်ခုလုံးမှာ ရုတ်တရက် တိတ်ကျသွားသည်။
အားလုံး၏မျက်လုံးများက သနားချင့်စဖွယ်ကိုယ်လေး
ကိုကြည့်လိုက်ကြသည်။
ကြည့်နေသူများ၏အမူအယာများတွင် သနားမှုနှင့်ကရုဏာသက်မှု၊ စာနာမှုများပါဝင်နေသည်။နောက်ပိုင်းဖြစ်ပျက်လာမည့် အရာများအား သူတို့ အလိုအလျောက်သိကြသည်ဖြစ်သည်။
ဝဖိုင့်ဖိုင့်ပုံရိပ်ကြီး၏ မျက်နှာထက်တွင် လှောင်ပြောင်သရော်ပြုံးတစ်ခုနှင့် ပြည့်နှက်နေသည်။ သူမက မြေပြင်ပေါ်၌ လဲနေဆဲဖြစ်သောကလေးမလေးထံသို့ လျှောက်လှမ်းသွားလိုက်ပြီး သရော်၍ပြောလိုက်သည်။
“အိုး..ဒါက မိန်းကလေးရှစ်လင်မလား…. ဟီးဟီး ငါမှတ်မိပါသေးတယ် ညာလက်ရုံးအကြီးအကဲက နင့်ကိုဂိုဏ်းဆီခေါ်လာခဲ့တုံးကအချိန်ကို ငါက နင့်ကို ကောင်းကင်ဘုံရဲ့ အထောက်အပံ့ကို ရထားတဲ့ ကလေးတစ်ယောက်လို့ထင်ခဲ့လို့ ငါကိုယ်တိုင်တောင်နင့်အဝတ်
တွေကိုလျှော်ပေးခဲ့ရတယ်”
“ဒါပေမဲ့ နင်က အရမ်းစိတ်ပျက်ဖို့ ကောင်းနေလိမ့်မယ်လို့ ငါမမျှော်လင့်ထာခဲ့မိဘူး…ဂိုဏ်းကိုရောက်လာပြီး သိပ်မကြာခင်မှာပဲ နင့်ရဲ့ ကျင့်ကြံမှုက အမှိုက်ဖြစ်နေတာကို ရှာတွေ့သွားပြီး ငါ့နေရာကို နင့်ကိုပို့လိုက်တယ် ဘာလဲ..နင့်ကိုနင် မိန်းကလေး
ရှစ်လင်လို့ထင်နေ
သေးတယ်လို့တော့ ငါ့ကိုလာပြီးမပြောနဲ့နော်…
နင်တော်တော်လေးကို မပျော်မရွှင်ဖြစ်နေတယ်မလား…နင်ကဝုန်းဒိုင်းကြဲလွှတ်ပစ်ပြီးတော့ သခင်လေး ကူးရှင်းရဲ့ အနှစ်သက်ဆုံး ကြွေအိမ်သာဇလုံကို ဖျက်ဆီးပစ်ချင်တာလား”
“သ.သမီး အဲ့လိုမရည်ရွယ်ပါဘူး…
သမီးအဲ့လိုမဆိုလိုပါဘူး.. သမီးတောင်းပန်ပါတယ်ဒေါ်ဒေါ်…
ကျေးဇူးပြုပြီး သမီးကိုလွှတ်ပေးပါ…………..”
တစ်လှမ်းချင်း ချဉ်းကပ်လာနေသောခပ်ဝဝပုံရိပ်ကြီးနှင့်လက်ထဲရှိအနက်ရောင်ကျာပွတ်အားကြည့်ကာ ရှစ်လင်က အလျှင်အမြန် ဖက်တီးမကြီးအား သနားညှာတာပေးရန်တောင်းပန်လိုက်သည်။ သူမ၏ညစ်ပေနေသောမျက်နှာလေးထက်တွင် အားနည်းမှုနှင့်ကူကယ်ရာမဲ့မှုများဖြင့် ပြည့်နှက်နေသည်။
“နင့်ကိုလွှတ်ပေးရမယ်.. ဒေါ်ဒေါ်ဟုတ်လား”
ရှစ်လင်၏ အားနည်းလှသော
စကားလုံးများနှင့် သူမ၏ သနားစဖွယ်အသွင်အပြင်လေးကိုကြည့်၍ ဖက်တီးမကြီး၏ သရော်ပြုံးက ပို၍ နက်ရှိုင်းလာသည်။ သူမကပြောလိုက်သည်။
“သခင်လေးကူးရှင်းရဲ့ အိမ်သာကြွေဇလုံက ငါတို့အသက်တွေအားလုံးထက် ပိုပြီးအဖိုးတန်တယ်ဆိုတာကို နင်သိလား.နင်ကအရင်ဆုံးကျာ
ပွတ်ဒဏ်ကိုမခံပဲနဲ့များ ငါ့ကို လွှတ်ပေးဖို့အတွက် တောင်းဆိုရဲသေးတယ်လား”
“ဟမ့်”
ဖက်တီးမကြီးက ပြင်းပြင်းထန်ထန်ကို နှာခေါင်းရှုံ့လိုက်သည်။ သူမ၏ညာလက်အား လှုပ်ရှားလိုက်ပြီး အနက်ရောက်ကျာပွတ်က ရှစ်လင်၏ အားနည်းလှသော
ကိုယ်လေးပေါ်သို့ ရုတ်တရက် ကျဆင်းလာသည်။
“အား
တစ်စုံတစ်ယောက်က အလန့်တကြားအော်လိုက်ပြီး သူ၏မျက်လုံးများအား လက်တို့ဖြင့်ကာထားလိုက်သည်။ သူအနေဖြင့်ကြည့်ရှုရဲခြင်းမရှိသော်လည်း သူ၏စိတ်ထဲတွင်တော့ ကျာပွတ်ဒဏ်ကြောင့်ဖြစ်ပေါ်လာမည့် အသားများစုတ်ပြဲသွားသည့် မြင်ကွင်းက ပေါ်လာခဲ့ပြီးဖြစ်သည်။
“ဟ”
တစ်စုံတစ်ယောက်ကတော့ နှုတ်ခမ်းကတွန့်ကွေးစွာပြုံးနေပြီး အသားများစုတ်ပြဲထွက်သွားပြီး ရှစ်လင်၏ထွက်ပေါ်လာမည့်
ဝမ်းနည်းဖွယ်အော်ဟစ်သံကို
စောင့်ဆိုင်းနေ၏။ ဖက်တီးမကြီးကတော့ အရမ်းကို ပျော်ရွှင်နေမိသည်။
အမျိုးသမီးကြီးမှာ ကျေနပ်နေမိသည်။ ဤအပုပ်နံ့ထွက်နေသော
ကောင်မလေးအားဤနေရာသို့ပို့ဆောင်လိုက်စဉ်ကတည်းက သူမအားသင်ခန်းစာပေးရန် ဖက်တီးမကြီးအနေဖြင့် အခွင့်အရေးကို အမြဲရှာဖွေနေခဲ့သည်။ ထို့နေ့က
ဤကဲ့သို့သော အမှိုက်မျိုးက သူ့အား အဝတ်အစားများလျှောက်ဖွတ်ပေးရန် တကယ်ကြီးတောင်းဆိုရဲသည်။ သို့သော် ဤခြံဝန်းထဲတွင် လူများကလည်း
များပြားလှပြီး လုပ်စရာကိစ္စများကလည်း
နိစ္စဒူဝများပြားလှလေသည်။ ထို့ကြောင့်သူမအနေဖြင့် ဤအကြောင်းအားဖြည်းဖြည်း
ချင်းမေ့လျော့လာခဲ့သည်။ ဤအပုပ်နံ့ထွက်နေသောကောင်မလေးက သခင်လေးကူးရှင်း၏ အိမ်သာကြွေဇလုံးအားယနေ့
တွင်ခွဲပစ်ပြီးသူမအားပြန်လည်၍ အမှတ်ရစေရန်လုပ်ဆောင်လိမ့်မည်ဟု မည်သူကများထင်ပါမည်နည်း။ ယင်းကဒင်းလေးအား လူကြားထဲတွင်ရိုက်နှက်နိုင်ရန်
သူမအတွက် အကောင်းဆုံးသော အခွင့်အရေးတစ်ခုဖြစ်သည်။
“သူမကိုရိုက်မယ်”
“ဟမ်”
ထွက်ပေါ်လာမည့်ကျာပွတ်သံနှင့် ကောင်မလေး၏ ဝမ်းနည်းဖွယ်ငိုကြွေးသံအ
ကြောင်းတွေးနေစဉ် အနည်းငယ်ယစ်မူးနေသော ရုတ်တရက်အနည်းငယ် ဘဝင်မကျမှုကိုခံစားလိုက်ရသည်။ သူမစိတ်ကူးထားသည့် ထိုအသံများက လုံးဝထွက်ပေါ်၍ မလာသောကြောင့် ဖက်တီးမကြီးမှာ ရုတ်တရက်နိုးကြားလာသည်။ ဤအချိန်တွင် အနက်ရောင်အဝတ်အစားတို့အား ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က သူမ၏ရှေ့၌ ရုတ်တရက်ပေါ်လာသည်ကို သူမမြင်တွေ့လိုက်ရသည်။သူ၏မျက်နှာကအေးစက်နေပြီး သူ၏ညာလက်ကသူမရှစ်လင်ထံသို့ လွှဲယမ်းလိုက်သော ကျာပွတ်အား တင်းကျပ်စွာဆုပ်ကိုင်ထားသည်။
ရင်းနှီးကျွမ်းဝင်မှုမရှိသော သူမရှေ့ရှိလူငယ်အားကြည့်၍
ဖက်တီးမကြီးက ဖျောင်ရှဂိုဏ်း၏ လူငယ်သခင်လေးများကိုပြန်လည်၍ မှတ်မိစေရန်ကြိုးပမ်းလိုက်သည်။
အထူးသဖြင့် ပါရမီရှင်များဟု ခေါ်ကြသောသူများဖြစ်ကြသည်။သူမအနေဖြင့် ဤလူငယ်အား တကယ်တမ်း ယခင်ကတစ်ခါမှမြင်တွေ့ဖူးခြင်းမရှိသည်ကို အတည်ပြုပြီးနောက်မှသာ ဖက်တီးမကြီးက ရုတ်တရက် ဒေါသတကြီးအော်ဟစ်လိုက်သည်။
“နင်ကဘယ်သူလဲ…နင်ကများ
တစ်ခြားသူရဲ့ကိစ္စာကြားထဲကို ဝင်ရှုပ်ရဲတယ်လား…ဝင်စွတ်ဖတ်နေတဲ့ကောင် ဒါက ငါ့ဖျောင်ရှဂိုဏ်းနဲ့ ပက်သက်တဲ့ ကိစ္စပဲ”
ဖျောင်ရှဂိုဏ်းဟူသော စကားလုံးသုံးလုံးအားသူမ
ပြောသည့်အချိန်တွင် ဖက်တီးမကြီး၏ မျက်နှာထက်၌ မာနကြီးမှုများဖြင့် ပြည့်နှက်နေပြီး အေးစက်သောအပြုံးတစ်ခုကို
လည်းဆင်မြန်းထားသည်။
ဤပုဂ္ဂိုလ်က ပြင်ပမှလာ၍ အတွေ့ကြုံယူရန်ထွက်လာပြီး ဤနေရာအားဖြတ်သွားသော ကျင့်ကြံသူတစ်ယောက်ဖြစ်ရမည်ဖြစ်သည်။ တောင်ခြေ၌ ဤနယ်မြေက မည်သို့သောနယ်မြေမျိုးဖြစ်ပြီး မည်သူများနှင့်သက်ဆိုင်၍ မည်သို့သောစွမ်းအားမျိုးနှင့်
ဆက်နွယ်နေသည်အားသူမ
သိခြင်းဖြစ်လိမ့်မည်ဖြစ်သည်။
ဖျောင်ရှဂိုဏ်း ထျန်းမြောင်အင်ပါယာအတွင်း၌ ဤစကားလုံးသုံးလုံးအားကြားပြီးသည့်နောက်တွင် မည်သူကများ ဆက်လက်၍ ရိုင်းပျခြင်းကို ပြုလုပ်ရဲပါသနည်း
သို့သော်ဤစကားလုံးများအား ကြားပြီးသည့်နောက်တွင် ဤပုဂ္ဂိုလ်၏ မျက်နှာထက်ရှိ အမူအယာက ပို၍ပင် အေးစက်လာသည်ကို ဖက်တီးမကြီးမြင်တွေ့လိုက်ရသည်။ သို့သော်ကျာပွတ်ရှည်အားကိုင်ဆောင်ထားသည့်လက်က အနည်းငယ်တုန်ယင်သွားပြီး သူ၏တစ်ကိုယ်လုံးက စတင်၍တုန်ယင်လာလေသည်။
“တုန်ယင်နေတာပဲ”
ဖက်တီးမကြီးအနေဖြင့် ဤအနက်ရောင်ဝတ်လူငယ်၏ လက်လှုပ်ရှားမှုတို့အား အလိုအလျောက်သတိပြုမိသည်ဖြစ်သည်။
“တုန်ယင်နေတာ…ဟုတ်တယ် သူတုန်ယင်နေခဲ့တာ…သူကြောက်နေခဲ့တာပဲ..ဖျောင်ရှဂိုဏ်းဆိုတဲ့ စကားလုံးသုံးလုံးကို ကြားပြီးတဲ့နောက် သူကြောက်သွားတာပဲ ဖြစ်ရမယ်..ထျန်းမြောင်အင်ပါယာထဲမှာ ဖျောင်ရှဂိုဏ်းက တစ်စုံတစ်ယောက်ကိုစော်ကားမိပြီးတဲ့နောက် ဘယ်သူကများ မကြောက်တဲ့သူရှိလို့လဲ”
ဖက်တီးမကြီး၏ နှလုံးသားထဲတွင် ဖျောင်ရှဂိုဏ်းဆိုသည်မှာ သာလွန်သောတည်ရှိမှုတစ်ခုဖြစ်ပြီး
မည်သူကမှ ထိပါးစော်ကားခြင်းမပြုသင့်လို ထိပါးစော်ကားရဲခြင်းလည်း မရှိသင့်ပေ။
ဆက်ရန်….
ဘာသာပြန်သူ-ARISE