← Chapters

အပိုင်း(၂၉၅)

Vol. 20 Ch. 295

အပိုင်း(၂၉၅)

Vol. 20 Ch. 295

ရှစ်ဖုန့်က သူ၏လက်အားညင်သာစွာ ဆန့်ထုတ်လိုက်ပြီး  သူ၏ညီမဖြစ်သူမျက်နှာလေး

အား သုတ်ပေးလိုက်သည်။

သူမမျက်နှာထက်ရှိ မျက်ရည်စတို့နှင့် ညစ်ပေနေမှုတို့အား သူက သုတ်ပေးလိုက်သည်။

ရှစ်လင်က သူမခေါင်းလေးအား

မော့လိုက်ပြီး သူမ၏မျက်လုံးတို့က အနည်းငယ်ကျဉ်းမြောင်းသွားသည်။

ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့

ရှစ်ဖုန့်၏ ကြင်နာယုယမှုအောက်၌ ပျော်ရွှင်နေသည်။ ဤကဲ့သို့သောနွေးထွေးသည့်ခံစား

ချက်မျိုး က ပျောက်ဆုံးနေခဲ့သည်မှာအချိန်အ

ရမ်းအရမ်းကို ကြာမြင့်နေခဲ့ပြီဖြစ်သည်။ ဤအခိုက်အတန့်တွင်  အသေးလေးက သူမရှေ့တွင်ရှိနေသောသူအား တင်းကျပ်စွာပွေ့ဖက်ထားသည်။

သူမအနေဖြင့် သောကကင်းဝေးမှုကိုပင်ခံစားရသည်။  အတိတ်နေ့ရက်များတွင်ဖြစ်

ပျက်ခဲ့သောခါးသီးမှုများ၊နာကြည်း

ချက်များက ဖြည်းဖြည်းချင်းချော့မွေ့စွာဖြင့် အဝေးသို့ လွင့်ပျယ်သွားသည်။

ထို့နောက်မကြာခင်  ရှစ်လင်က  သူမ၏အရည်လဲ့နေသော

မျက်လုံးကြီးတို့အား ဖြည်းညှင်းစွာဖွင့်လိုက်သည်။

ငယ်ရွယ်ပြီး ရင်းနှီးကျွမ်းဝင်မှုရှိသော မျက်နှာအားကြည့်၍  သူမ၏  နှုတ်ခမ်းထောင့်လေးကပွင့်လာပြီး အပြုံးစတစ်ခု လှစ်ဟာ

ထွက်ပေါ်လာသည်။ သူမက ချိုသာစွာနှင့်ညင်သာစွာခေါ်လိုက်သည်။

“ကိုကြီး”

ရိုးရှင်းသောစကားလုံးတစ်ခု

ရိုးရှင်းသော ခေါ်ဝေါ်မှုတစ်

ခုဖြစ်သော်လည်း  ယင်း၌ ရှည်လျားသော နေ့ညများဖြင့်ပြည့်နှက်နေသည်ဖြစ်သည်။

“အခုကစပြီးတော့ ရှစ်လင်က ကိုကြီးနဲ့နေရမယ်..ကိုကြီးညီမလေးကို သိုင်းပညာသင်ကြားပေးမယ်”

ရှစ်ဖုန့်ကလည်းရှစ်လင်အား ညင်သာစွာပြောလိုက်သည်။

“ညီမလေး ကိုကြီးနဲ့အတူတူနေချင်ပေမဲ့ သိုင်းပညာကိုတော့ ထပ်ပြီး မသင်ချင်တော့ဘူး…သူတို့က ညီမလေးကိုသိုင်းပညာမှာ အမှိုက်လို့ပြောကြတယ်..ညီမလေးက သိုင်းလက်သင် နယ်ပယ် ကြယ်တစ်ပွင့်ကိုတောင်  မချိုးဖြတ်နိုင်ဘူး..”

ရှစ်လင်က  စူတူတူမျက်နှာပေးလေးလုပ်လိုက်သည်။

ထိုနေ့ရက်များနှင့် ထိုလှောင်

ပြောင်သရော်သော မတော်တရားမျက်နှာများနှင့် သူမအားလှောင်ပြောင်ကြသည်တို့အား တွေးမိသောအခါတွင်ျ နားကြည်းမှုများက သူမ၏နှလုံးသားအတွင်းတွင် စီးဆင်းထွက်လာခဲ့သည်။

“ဟမ့်”

ရှစ်လင်၏ စကားတို့အား ကြားရပြီး သူမ၏နာကြည်းချက်များအား ခံစားရသောအခါတွင် ရှစ်ဖုန့်က အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး ရှစ်လင်ကိုပြောလိုက်သည်။

“ငါတို့ရဲ့ ရှစ်လင်က အဆင့်အ

တန်းမြင့်မားတဲ့ သူတစ်ယောက်ပဲ….ဘယ်လိုလုပ်ပြီးတော့ အဲ့အမှိုက်သိုင်းပညာရပ်တွေက ညီမလေးအတွက်ထိုက်တန်မှာတဲ့လဲ… ငါတို့ရှစ်လင်လေးက သဘာဝ စိတ်ဝိညာဉ်ကိုယ်ခန္ဓာကို

ပိုင်ဆိုင်ထားတာ… ညီမလေးရဲ့

သိုင်းပါရမီက အဲ့အမှိုက်တွေအတွက်

အများကြီး ပိုကြီး အားကောင်းသန်မာတယ်.. သူတို့က ရေတွင်းအောက်ခြေက ဖားသူငယ်တွေပဲ အမြင်ကျဉ်းတဲ့အမှိုက်တွေ..သူတို့က ဘယ်လိုလုပ်ပြီးတော့ နားလည်နိုင်မှာလဲ”

ရှစ်ဖုန့်က ခုဏက ရှစ်လင်၏ ကာယခန္ဓကိုယ်အခြေအနေအား စစ်ဆေးခဲ့သည်။  ရှစ်လင်စတင်၍  ကျင့်ကြံခြင်းကို မပြုလုပ်ခင်က

သူ၎င်းအား သတိမထားမိခဲ့ပေ။

ယခုအခါမှသာ ဤမိန်းကလေး၌ မွေးရာပါ စိတ်ဝိညာဉ်ခန္ဓာကိုယ်အား  ပိုင်ဆိုင်ထားသည်ကို သူသိခဲ့ခြင်းဖြစ်သည်။သိုင်းလက်

သင်နယ်ပယ်သို့သူမမဝင်ရောက်နိုင်ရသည့် အကြောင်းပြချက်မှာ  မွေးရာပါစိတ်ဝိညာဉ်ခန္ဓကိုယ်က သိုင်းတာအိုလမ်းစဉ်သို့ဝင်ရောက်ရန်အတွက် များပြားလှသောစွမ်းအင်ပမာဏတို့အား လိုအပ်သောကြောင့်ဖြစ်လေသည်။ မွေးရာစိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခုက  သိုင်းတာအိုလမ်းစဉ်သို့ဝင်ရောက်သည်နှင့် ၎င်းက ကောင်းကင်သို့ ဆန်တက်၍သွားသလိုမျိုးဖြစ်

လိမ့်မည်ဖြစ်သည်။

မွေးရာပါ စိတ်ဝိညာဉ်ကိုယ်က ပြိုင်ဘက်ကင်းခန္ဓာကိုယ်တစ်မျိုးဖြစ်ပြီး  ကောင်းကင်ဘုံအားဆန့်ကျင်သာပါရမီကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ဖျောင်ရှဂိုဏ်းကဲ့သို့သော အမှိုက်မျိုးက ယင်းအား  မည်ကဲ့သို့နားလည်နိုင်ပါမည်နည်း။

ဖျောင်ရှတောင်ထိပ်ပေါ်တွင် ရာပေါင်းများစွာသောကျင့်ကြံသူများက   မြေကွက်ပေါ်ရှိအမှောင်အလင်းမှန်အား  ဆက်လက်၍ ကြည့်ရှုနေကြဆဲဖြစ်သည်။ ဤတပည့်များမှာ မွေးရာပါသဘာဝ စိတ်ဝိညာဉ်ခန္ဓာကိုယ်အကြောင်းအား

တစ်ခါမျှ ကြားဖူးခြင်းမရှိနေချေ။ သို့သော်ဝေ့ဖန့်နှင့် တုချီတို့ကတော့ တုန်လှုပ်အံ့အားသင့်နေမိကြသည်။ အခြားသောတပည့်များက   သဘာဝစိတ်ဝိညာဉ်ခန္ဓာကိုယ်အား

တစ်ခါမှ မကြားဖူးကြသော်လည်း သူတို့ကတော့ဒဏ္ဍာရီလာ  ကြီးမြတ်သော ဧကရာဇ် လင်ဝူကိုကြားဖူးသည်ဖြစ်သည်။

ဒဏ္ဍာရီများ၌ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်လောက်က ထျန်းဟန်တိုက်ကြီးပေါ်တွင် ပြိုက်ဘက်ကင်းကျွမ်းကျင်သူ

တစ်ယောက်ပေါ်ထွက်လာခဲ့သည်။  အထင်ကရကျော်ဇောသော   ကြီးမြတ်သောဧကရာဇ်လင်ဝူက

မွေးရာပါ သဘာဝ စိတ်ဝိညာဉ်ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားခဲ့သည်။ ကြီးမြတ်

သောဧကရာဇ် လင်ဝူပြီးသည့်နောက်တွင်မည်သူကမျှ  ထျန်းဟန်တိုက်ကြီးအတွင်း

အခြားသော သဘာဝစိတ်ဝိညာဉ်ခန္ဓာကိုယ်

အကြောင်းအား ကြားရခြင်းမရှိတော့ချေ။ ဖျောင်ရှဂိုဏ်း၏ ဤအစေခံလေးက  ဒဏ္ဍာရီလာ သဘာဝ စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခုအား

ပိုင်ဆိုင်နေလိမ့်မည်ဟု မည်သူကများတွေးထင်မိပါမည်နည်း။

“ကောလဟာလတွေအရ အရင်ကြီးမြတ်သော ဧကရာဇ် လင်ဝူငယ်ငယ်တုံးကလည်း

သူ့ကို သိုင်းပညာမှာ အမှိုက်လို့ ခေါ်ခဲ့ကြတယ်တဲ့… နောက်ပိုင်းကျ သူကကောင်းကင်ထက်ကို ဆန်တက်သွားတယ်”

အမှောင်အလင်းမှန်ကိုကြည့်၍

မှန်အတွင်းရှိ စုတ်ပြဲနေသော အဝတ်အစားတို့နှင့်  ကလေးမလေးအားကြည့်ကာ  တုချီသက်ပြင်းချ၍ ပြောလိုက်သည်။

ဝေ့ဖန့်မှာ ဘာမှပြောကြားခြင်းမရှိသော်လည်း သူမမျက်နှာကတော့ လောက်မြိုက်နေသလိုခံစားနေရသည်။ ရှစ်ဖုန့်၏ စကားများကသူမ၏

ပါးနှစ်ဖက်အား ဖြတ်ရိုက်

သကဲ့သို့ပင်ဖြစ်သည်။

သူမကရှစ်လင်အား ယွင်လိုင်အင်ပါယာအတွင်းမှ

ကြိုက်နှစ်သက်၍ ခေါ်ဆောင်လာခဲ့သည်။ ထိုအချိန်၌  ဤမိန်းကလေး၌ စိတ်ဝိညာဉ်ချီများနှင့်ပြည့်နှက်နေပြီး ကျင့်ကြံခြင်းအတွက်သာမန်

ထက်ထူးခြားသောပါရမီတစ်ခုရှိ နေသည်ဟု သူမခံစားခဲ့ရသည်။ ထို့ကြောင့်လည်း

ဝေ့ဖန့်က ရှစ်လင်အား ဖျောင်ရှဂိုဏ်းထံသို့ ‌ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

တကယ်‌တော့ ထိုအချိန်က ဝေ့ဖန့်မှာ မာနကြီးမောက်မာခဲ့သည်။ ယွင်လိုင်အင်ပါယာကဲ့သို့သော

ဤကဲ့သို့နိုင်ငံသေးလေးတွင် သူမ၏ စကားလုံးများက ဥပဒေဖြစ်သည်ဟု သူမတွေးခဲ့သည်။ ပင်ကိုအားဖြင့်သူမသည် အခြားသူများ၏ သဘောတူညီများရှိသည် မရှိသည်အား  ဂရုစိုက်ခြင်းမရှိချေ။ ဤကလေးမလေးအား သူမနှင့်အတူဖျောင်ရှဂိုဏ်း

သို့လိုက်ပါခြင်းက  သူမအတွက် ရစ်ငှက်ဘဝမှ ဖီးနစ်ငှက်ဘဝသို့ ပြောင်းလဲသွားမည့် အခွင့်အရေးတစ်ခုဖြစ်သည်

ဟုပင်သူမခံစားရသည်။

ဖျောင်ရှဂိုဏ်းသို့ရောက်ရှိပြီးသည့်နောက်တွင် ဝေ့ဖန့်က ရှစ်လင်အား သူမ၏တပည့်မအဖြစ် မှတ်ယူခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ရှစ်လင်က အရမ်းကိုစိတ်

ပျက်ဖို့ကောင်းသည်ဟု  သူမခံစားခဲ့ရသည်။ အစကပါရမီရှင်ဖြစ်သည်ဟုထင်ခဲ့သောသူက  တကယ်တမ်းတွင်ကျင့်ကြံသူ

အမှိုက်တစ်ယောက်ဖြစ်နေသည်။ သုံးလတာကြာမြင့်ပြီးသည့်

နောက်တွင်ပင်သူမအနေဖြင့် သိုင်းလက်သင်နယ်ပယ်သို့ မဝင်ရောက်နိုင်သေးပေ။

ထို့ကြောင်လည်းဝေ့ဖန့်အနေဖြင့် ပင်ကိုအရ  ကျင့်ကြံခြင်းအမှိုက်တစ်ယောက်အပေါ်၌ အများကြီး အားထုတ်စိုက်

မှုမရှိခဲ့ခြင်းဖြစ်သည်။  သူမကအမှိုက်ဖြစ်နေသောကြောင့်

ရှစ်လင်အား ဝေ့ဖန့်က အစေခံတစ်ယောက်ဖြစ်စေခဲ့သည်။ ပင်ကိုအားဖြင့် ဝေ့ဖန့်တစ်ယောက် ဤကလေးမလေးက အစေခံဖြစ်ဖို့

ဆန္ဒရှိသည် မရှိသည်ကိုတွေးနေခဲ့ခြင်းမရှိခဲ့ပေ။

သို့သော်ယခုအခါတွင်တော့

ဤရွှံ့တုံးလေးက  တကယ်တမ်းတွင် တောက်ပခွင့်မရသော ရွှေတုံး

တစ်ခုဖြစ်နေမှန်း သူမမျှော်လင့်ထားမိခဲ့ပေ။ သူမ၌ တကယ့်ကို ဒဏ္ဍာရီလာ မွေးရာပါ သဘာဝ စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခု

ရှိနေခဲ့သည်ဖြစ်သည်။ ထိုထက်ပိုသည်ကား သူမ၌  ကောင်းကင်ဘုံအားဆန့်ကျင်နိုင်သည့် ပါရမီရှိသောအကိုတစ်ယောက်

လည်းရှိနေခြင်းဖြစ်သည်။ သူကယွင်လိုင်အင်ပါယာအား

ပြဿနာများဖြင့် မွှေနှောက်ခဲ့ပြီး ယခုလည်း ဖျောင်ရှဂိုဏ်း၏ သွေးဖြင့် ခြေဆေးမည်ဟု ခြိမ်းခြောက်နေသည်ဖြစ်သည်။

အကယ်၍သူမသာ  ဤအသေးလေးအား ခေါ်ဆောင်ခဲ့စဉ်က သူမအိမ်

သို့အာရုံစိုက်သွား

ရောက်လည်ပတ်၍  သူမ၏မိသားစုနှင့်မိတ်ဆွေများဖြစ်ခဲ့လျှင် ဖျောင်ရှဂိုဏ်း သည်အနာဂတ် ၌ အားကောင်းသော  အထောက်အပံ့တစ်ခုအားရရှိ

ကောင်းရရှိနိုင်ခဲ့လေသည်။ ထိုသတ်ဖြတ်ခြင်းနတ်ဆိုးက  သူတို့အားတွေ့မြင်ချိန်တွင် ဖျောင်ရှဂိုဏ်း၏မည်သူ့ကိုမျှ

သတ်ဖြတ်ခြင်းမရှိခဲ့ပဲ  အေးအေးဆေးဆေးပင်ရှင်သန်ခွင့်ပြုသည်လည်းဖြစ်ကောင်းဖြစ်နိုင်ခဲ့သည်။ ဒုဂိုဏ်းခေါင်းဆောင်လင်ထျန်းရန်၊ လင်ဟောင်၊လင်စာ၊လင်ယွဲ့ရှင်းနှင့် အခြားသောပါရမီရှင်များလည်း သေဆုံးချင်မှသေဆုံးပေလိမ့်မည်။

ထိုထက်ပိုသည်က   သဘာဝစိတ်ဝိညာဉ်ခန္ဓာကိုယ်နှင့်အတူ  အကယ်၍ သူမသာ အမြင်မ

ကျဉ်းမြောင်းခဲ့လျှင် သူမအနေဖြင့် ဤမိန်းကလေးအားခဏလောက် လေ့လာမှုပြုခဲ့ပြီး ဖျောင်ရှဂိုဏ်းအတွင်း သူမအား ကျကျနနကျင့်ကြံခြင်းကို ပြုလုပ်ခိုင်းခဲ့သည်။ထိုသို့သာဆို

လျှင်သူမအနေဖြင့်လည်း ဤမိန်းကလေး၏ သာမန်မဟုတ်ခြင်းအား သတိပြုမိလိမ့်မည်ဖြစ်ကောင်းဖြစ်နေနိုင်သည်။  အကယ်၍သူမသာ ရှစ်လင်အား

ကောင်းမွန်စွာ ဆက်ဆံခဲ့လျှင် ယနေ့ကျရောက်လာသည့် ဖျောင်ရှဂိုဏ်း၏ သေရေးရှင်ရေးဘေးကျပ်နံကျပ် အခြေအနေအား  ဖြေရှင်းပြီးသားဖြစ်ကောင်း

မဖြစ်နိုင်လိမ့်မည်ဖြစ်သည်။

အကယ်၍ဖျောင်ရှဂိုဏ်း၌သာ သဘာဝစိတ်ဝိညာဉ်ခန္ဓကိုယ်နှင့်

ကျင့်ကြံသူတစ်ယောက်ရှိနေခဲ့လျှင်  အနာဂတ်၌ ဖျောင်ရှဂိုဏ်း၏ စွမ်းအားက စိတ်ကူးကြည့်၍ပင်ရနိုင်လိမ့်မည်မဟုတ်ပေ။

ထိုသဘာဝစိတ်ဝိညာဉ် ခန္ဓာကိုယ်က သူမအတွက်ကျင့်ကြံခဲလျှင် ရှစ်လင်၏ဆရာတစ်ယောက်အနေဖြင့် သူမ၏ နေရာရာထူးအဆင့်အတန်းကလည်း  စိတ်ကူးကြည့်၍ပင် ရနိုင်လိမ့်မည်မဟုတ်ပေ။

သို့သော် ဤကမ္ဘာအတွင်း၌ ဖြစ်နိုင်သည်များနှင့် အကယ်၍များဆိုသည်က အများကြီးရှိမနေပေ။

ဖြည်းဖြည်းချင်းဝေ့ဖန့်၏ မျက်နှာက ကြမ်းကြုတ်ခက်ထန်လာသည်။  သူမက တုချီအား ပြင်းပြင်းထန်ထန်ပြော

ဆိုလိုက်သည်။

“ဒီတစ်အူတုံဆင်း မောင်နှမတွေ… အကယ်၍သူတို့ကိုသာ ဆက်ပြီးတော့ ကြီးထွားခွင့်ပြုလိုက်ရင်  ဖြစ်လာမဲ့ အကျိုးဆက်တေွက စိတ်ကူးကြည့်လို့တောင်ရနိုင်မှာမဟုတ်ဖူး….

ကျွန်မတို့ ဖျောင်ရှဂိုဏ်းက  အနာဂတ်မှာ စိတ်ကူးပုံဖော်ကြည့်လို့မရနိုင်တဲ့ ရန်သူမျိုးနဲ့  သေချာပေါက်ရင်ဆိုင်ရလိမ့်မယ်…. ဒီနေ့မှ သူတို့ကို ဆက်ပြီးတော့  အသက်ရှင်ခွင့်ပေးလို့မရဘူး”

ဝေ့ဖန့်၏ စကားများအား ကြားပြီးသည့်နောက်တွင်  တုချီက အသက်ခပ်ပြင်းပြင်းတစ်ချက်

ရှူရှိုက်လိုက်ပြီး ဖြည်းဖြည်းချင်းပြန်မှုတ်ထုတ်လိုက်သည်။

သူက ဝေ့ဖန့်ကို ဖြည်းညှင်းစွာပြောလိုက်သည်။

“အကယ်၍ ဒါကသာ အလုပ်မဖြစ်ခဲ့ဘူးဆိုရင်တော့ တို့တွေ အဲ့စွမ်းအားကို အသုံးပြုရလိမ့်မယ်”

“ဟုတ်တယ်..အကယ်၍ အဲ့တာက သာ တကယ်အလုပ်မဖြစ်ခဲ့ရင် ဒါကပဲ ဖျောင်ရှဂိုဏ်းအနာဂတ်အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်လိမ့်မယ်”

ဝေ့ဖန့်ကစကားပြောရင်း  မြေကွပ်လပ်အတွင်းရှိ ငါးရာသော ဖျောင်ရှဂိုဏ်း၏ တပည့်ဖြစ်သူတို့အား တစ်ချက်သိမ်းကျုံးကြည့်လိုက်ပြီး နောက် သက်ပြင်းရှည်တစ်ခုကို ချလိုက်သည်။

…………….

ခြံဝန်းအတွင်းတွင်  ရှစ်ဖုန့်က ရှစ်လင်၏ ခန္ဓာကိုယ်သေးသေလေးအား

ကောက်ချီမလိုက်ပြီး   သူ၏ညာဘက်ပခုံးထက်တွင် ထိုင်ခိုင်းလိုက်သည်။ ဤထျန်းဟန်တိုက်ပြီးထဲတွင်  ဤမိန်းကလေးတစ်ယောက်သာလျှင်  ငရဲဘုံကိုးခု ဧကရာဇ်၏ ပခုံးထက်၌ ထိုင်နိုင်သည့် ကံကြမ္မာကောင်းအား ပိုင်ဆိုင်ထားသူဖြစ်လေသည်။

ထို့နောက်တွင်  ရှစ်ဖုန့်က ဖြည်းဖြည်းချင်းလှည့်၍

သူ၏အကြည့်အား ခြံဝန်းအတွင်းရှိ  တောက်တိုမယ်ရသမားများထံသို့ သိမ်းကျုံးကြည့်လိုက်သည်။ ရှစ်ဖုန့်၏အကြည့်ကသူတို့ထံသို့ သိမ်းကျုံးကျရောက်လာသည်ကို သူတို့ တွေ့မြင်လိုက်ရသောအခါတွင်

အစောပိုင်းက ဖက်တီးမကြီးခံစားခဲ့ရသည့်  နှိုင်းယှဉ်ဖော်ပြ၍မရနိုင်သော

နာကျင်မှုနှင့် စိတ်မချမ်းမြေ့ဖွယ်အော်

ဟစ်မြည်တမ်းသံအား ပြန်လှည်၍ အမှတ်ရလိုက်ကြကာ သူတို့၏

ခန္ဓာကိုယ်များမှာ ချက်ချင်းတုန်ယင်သွားကြသည်။

“ဖန်း..ဖန်း..ဖန်း…ဖန်း..ဖန်း..”

လူအုပ်ကြီးမှာ ရှစ်ဖုန့်၏ ရှေ့မှောက်၌  ဒူးထောက်လိုက်ကြသည်။

“ဟင့်အင်း ကျေးဇူးပြုပြီး  ကျွန်ုပ်တို့ကိုမသတ်ပါနဲ့…. ကျွန်ုပ်တို့က ဖျောင်ရှဂိုဏ်းရဲ့ အစေခံသက်သက်တွေပါ…ညီမလေးရှစ်လင်  ငါကမင်းကို အမြဲတမ်း ဂရုစိုက်ခဲ့တာပါ…”

သက်လတ်ပိုင်းအရွယ်

လူကြီးတစ်ယောက်က   ရှစ်ဖုန့်အားစကားပြောလိုက်ရင်း တုန်ယင်နေသည်။

“ကိုကြီး ဒါက ဦးလေးလီလို့ခေါ်တယ်..

နောက်ဆုံးတစ်ခေါက်ညီမလေး လုံလုံလောက်လောက် မစားသောက်ရတုံးက ဦးလေးလီကပဲ သူ့ရဲ ရေနွေးငွေ့ပေါင်းဘန်းမုန့်ကို

ပေးခဲ့တာ”

ရှစ်လင်က သတ်လတ်ပိုင်းအရွယ် တောက်တိုမယ်ရသမားအား လက်ညိုးညွှန်ပြပြီး ရှစ်ဖုန့်

ကိုပြောလိုက်သည်။

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters